27 November 2010

ကုလ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံ









ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် အား သူမ နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ် တွင် လာရောက် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိပါသည်.။

မစ္စတာ ဂန်ဘာရီ နေရာအား မစ္စတာ ဗီဂျေး နမ်ဘီးယာ မှ တာဝန်ကို လွှဲယူပြီး ယခု မြန်မာပြည် အား မစ္စတာ နမ်ဘီယာမှာ (၃)ရက်ကြာ ပထမဆုံးခရီးစဉ် အနေ ဖြင့် လာရောက်ခဲ့ပါသည်။


ဓာတ်ပုံ... AP
.......................................................................................
ဗွီဒီယို ဖိုင် ပါ

ကျမတို့ ကျောင်းသားတွေကို ညအချိန်မတော်မှ မေးစရာရှိလို့ဆိုပြီး ခေါ်ခေါ်နေတဲ့ ဦးခင်ညွှန့်တစ်ယောက် ခုတော့ သူကိုယ်တိုင်ညအချိန်မတော်မှာခေါ်တာခံနေရပြီးရော်..

kn 2

မျှဝေ ပေးပို့ ပေးသော စစ်မုန်းသူ အားကျေးဇူးတင်ရှိပါသည်.။
..................................................................................................
ဗွီဒီယို ဖိုင်ပါ.။



ယနေ့တွင် တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။

ယင်းသို့ ဒေသခံပြည်သူများ ထွက်ပြေးရခြင်းမှာ နအဖတပ်နှင့် BGF တပ်ဖွဲ့များ တက်လာမည့် လမ်းကြောင်းတလျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ်တပ်ဖွဲ့ဝင်တို့ တပ်အင်အား အများအပြားဖြင့် စောင့်ကြိုထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ယခုလို မိမိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားသော ဖလူးရွာသားများသည် ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာတွင် ခိုလှုံနေကြပြီး လောလောဆယ်တွင် ထိုင်းဘက်ခြမ်းရှိ လူမှုကူညီရေးအဖွဲ့တို့မှ လိုအပ် သည်များကို စီစဉ်ဆောင်ရွက်ပေးသည်ဟု မော်လီချိုင်းရွာသားများက ပြောသည်။

ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်းတွင် မြ၀တီတောင်ဘက်ခြမ်း၊ မဲ့ထော်သလေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ အနည်း ငယ်ကြားခဲ့ရသော်လည်း မည်သို့ဖြစ်ပွားသည်ကို မသိရှိရကြောင်း မြ၀တီမြို့ခံအချို့က ပြောဆိုနေကြသည်။

သတင်း..KIC

26 November 2010

ငါးမင်းဆွေလား ဖားမင်းဆွေလား သူ့ရဲ့ လုပ်ရပ်ကို ထောက်ခံပြောဆိုတဲ့ နအဖကြေးမုံအွန်လိုင်းက အမှားအယွင်းတွေ ရေးသား။


ငါးမင်းဆွေ လုပ်ရပ်ကို မြှောက်ပင့်ပြီး ရေးသားတဲ့ နအဖ ၀ါဒဖြန့် ချီရေး ကြေးမုံအွန်လိုင်းက ရေးသားချက် (http://www.kyaymon.info/2010/11/coward-dawsu.html) ထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားရေးသားထားပါတယ်။ ကြေးမုံအွန်လိုင်းဟာ နအဖရဲ့  ၀ါဒဖြန့် ဖို့ သက်သက် ဖန်တီးတာမို့  ရေးထားချက်တွေဟာလည်း မမှန်မကန်တွေ ရေးထားတယ်ဆိုတာ သိပ်သိသာပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် နဲ့ ပတ်သက်ပြီး နေ၀င်းအာဏာရူးရဲ့  လုပ်ရပ်ကို ကန့် ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့  လှုပ်ရှားမှုဖြစ်တဲ့ ၁၉၇၄ ခုနှစ် ဦးသန့်  အရေးအခင်းကို ခုနှစ်မှားပြီး ၁၉၇၅ ဦးသန့် အရေးအခင်းဆိုပြီး မှားယွင်းစွာ ဖေါ်ပြထားတာ တွေ့ မြင်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးမှာ မနေ့ မနက်က ငါးမင်းဆွေဆိုသူရဲ့  လုပ်ရပ်ဟာ နအဖတွေက နောက်ကွယ်ကနေ စီစဉ်ခိုင်းစေတယ်လို့  ပြည်သူများရဲ့  ပြောဆိုသံတွေ ကြားသိရပါတယ်။

ပညာရှိအဆိုအမိန့်များနှင့်ကာတွန်းရေးပါသည်.(အော်ပီကျယ်)

APK TET KYAN

မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၄ မိနစ် ၃၆ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၁၅၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) တစ်နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

၂၅ရက်နေ့ရ အဖွဲ့ချုပ်သတင်းများ..

ဘဘဦးဝင်းတင်၊ ဦးသုဝေ၊
ကျွန်တော်တို့ လူထုခေါင်းဆောင် ၂၅ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံ.. AP)
Align Centerဘဘဦးဝင်းတင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနုတို့ အဖွဲ့ချုပ် ရုံးရှေ့မှာ တွေ့ရစဉ် (AP)

၂၅ရက်နေ့မနက် ၁၀နာရီခွဲခန့်က ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဗိုလ်ကြီးဝင်းထိန်တို့အား ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အဖွဲ့ဝင်၈ဦးမှ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..

ဒီနေ့ အန်ကယ်တို့ ၁၀နာရီခွဲလောက်မှာ ဆွေးနွေးပါတယ်... အဓိကက အန်ကယ်တို့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်..။ ဦးသုဝေတို့ကလည်း အကြံပေးပါတယ်.. ဒုတိယပင်လုံ ကိုလည်း သူတို့ အပြည့်အဝ ထောက်ခံပါတယ်.. သို့သော်လည်းပဲ ဒါဟာအင်မတန် သိမ်မွေ့တဲ့ အတွက် လုပ်ငန်းလုပ်တဲ့ အခါမှာ သတိထားဖို့ အကြံပေးပါတယ်..။ ဦးသုဝေနဲ့ အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဦးညွန့်လှိုင်၊ နေဖူးဘဆွေနဲ့ နောက် ၂ယောက်ပါတယ်..ဟု ပြောဆိုသွားပါတယ်..။


(thanksgiving day) ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ခရစ်ယာန်အသင်းတော်မှ လာရောက်ဆုတောင်းပေးခဲ့

နိုဝင်ဘာ ၂၅ရက်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ thanksgiving day (ကျေးဇူးတော်နေ့) အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် ထိုနေ့မနက် မနက်(၈)နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အင်းစိန်ရွာမ ခရစ်ယာန်အသင်းတော်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့ လာရောက်၍ (၁)နာရီခန့် ဝတ်ပြုဆုတောင်း ပေးခဲ့ကြောင်း သိရှိရပါသည်..။

မနက်ဖြန် ၂၆ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား INGO (INTERNATIONAL NON GOVERMENT OGANIZATION) အဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံဖို့ ရှိကြောင်း သိရှိရပါတယ်..။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်တို့နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမိုးကောင်းတို့နဲ့ တွေဆုံခဲ့တယ်လို့ သိရှိရပါတယ်..။

သတင်း.. ဒီမိုဝေယံ

ကေအိုင်အိုရုံးပိတ်ရန် ဗဟိုကညွှန်ကြားပြီးနောက်နယ်စပ်လမ်းတချို့ပိတ်ဆိုမှုသတင်းနှင့် ထိုင်းနယ်စပ် သတင်းရုပ်သံ

ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ NLD လူမှု အထောက်အကူပြုအဖွဲ့က ကူညီ စောင့်ရှောက်ပေးထားတဲ့ HIV ရောဂါဝေဒနာရှင်တွေ ဂေဟာမှာ ဆက်နေခွင့် ရသွားခဲ့

တာဝန်ခံ စောင့်ရှောက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ကိုရာဇာက ဝေဒနာရှင်တွေ ဆက်လက်နေထိုင်နိုင်ဖို့ ဧည့်စာရင်း တိုင်ကြားတဲ့စာကို သက်ဆိုင်ရာက တပတ်စာ လူ ၈၀ နေထိုင်ခွင့် ပေးလိုက်ပြီး ကန့်သတ်ချက်တွေလည်း မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီ ဂေဟာကို ပြီးခဲ့တဲ့ အပတ်က ဒေါ်အောင်ဆန်းစုကြည် လာကြည့်သွားပြီးချိန်မှာ မြို့နယ် အာဏာပိုင်တွေက ဝေဒနာရှင်တွကို ဒီနေရာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့အထိပဲ နေထိုင်ခွင့်ပေးမယ်လို့ ပြောထားခဲ့ပါတယ်။ ဧည့်စာရင်း သွားတိုင်တာကိုလဲ ထပ်ပြီး ခွင့်မပြုပဲ နေခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ညမှာပဲ ဧည့်စာရင်း သွားတိုင်တော့ လက်ခံလိုက်တဲ့အကြောင်းနဲ့ ရပ်ကွက်အာဏာပိုင်တွေက ဖေါ်ဖေါ်ရွေရွေနဲ့ပဲ သူ့ကို တောင်းပန်စကား ပြောတဲ့အကြောင်း ကိုရာဇာက ပြောပါတယ်။

HIV ရောဂါသည်တွေကို ရပ်ကွက်ထဲမှာ အခုလို စုပြုံလက်ခံထားခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်နိုင်တယ်လို့ သက်ဆိုင်ရာက ပြောနေတာတွေကလည်း တကယ်တော့ မိမိတို့အနေနဲ့ ၈ နှစ်ကျော် ဒီလူမမာတွေကို ကူညီစောင့်ရှောက် ကုသပေးနေတဲ့အတွေ့အကြုံရ ဆေးရုံတင်ဖို့ လိုတဲ့သူဆိုရင် ဆေးရုံကိုပဲ တင်ပေးပို့ ပေးခဲ့တဲ့အကြောင်း လက်ရှိဝေဒနာရှင်တွေရဲ့ ရောဂါအခြေအနေက ပတ်ဝန်းကျင်ကို ဘယ်လိုမှ ကူးစက်နိုင်တဲ့အနေအထားမဟုတ်တဲ့အကြောင်းကို ကိုရာဇာက ပြောပါတယ်။

NLD လူမှုအထောက်အကူ အဖွဲ့တွေအနေနဲ့ HIV ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်တဲ့နေရာမှာ ဝေဒနာရှင်တွေ ပြန်လည်ကောင်းမွန်လာလို့ သူတို့ ဘဝ ပြန်လည်ထူထောင်ရေး လုပ်ချင်တယ်ဆိုရင် အလှူရှင်တွေနဲ့ ချိပ်ဆက်ပေးပြီး လုပ်ငန်းတွေ ထူထောင်ပေးခဲ့တာလည်း ရှိပါတယ်လို့ ကိုရာဇာက ဘီဘီစီကို ပြောပါတယ်။

သတင်း....ဘီဘီစီ

ကာတွန်း အော်ပီကျယ် ၏ တတိယ အစု

Apk Cartoon 3

25 November 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးများလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်နယ်/တိုင်းအမျိုးသမီးအဖွဲ့ဝင်များတွေ့ဆုံ သတင်းဓာတ်ပုံ

















အဖွဲ့ချုပ်ဗဟိုဌာနချုပ် တွင် နိုဝင်ဘာ ၂၄ ရက်နေ့က ပြည်နယ်တိုင်း အမျိုးသမီး အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစည်းဝေပွဲပြုလုပ်ခဲ့သည်။အစည်းအဝေးသို့ ကယားပြည်နယ်မှလွဲ၍ ပြည်နယ်တိုင်း ၁၃ ခုမှ အမျိုးသမီးအဖွဲ့ဝင်း၂၀၀ ခန့်တတ်ရောက်နိုင်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲမှ အနှစ်ချုပ်ဆုံးဖြက်ချက်များ-

- မြန်မာအမျိုးသမီးထု တရပ်လုံး အနေနှင့် နိုင်ငံရေးတွင်ပိုမိုတတ်ကြွစွာ ပါဝင်လာရေး စည်းရုံးလုပ်ဆောင်သွားကြရန်။

- လူမူရေးလုပ်ငန်းများကို ပြည်နယ်တိုင်း၊ မြို့နယ်ရပ်ကျေး အလိုက်ပိုမို ထိရောက်စွာ
လုပ်ဆောင်သွားကြရန်။


- ဒုတိယပင်လုံညီလာခံ ဖြစ်ပေါ်ရေးကိုအမျိုးသမီးထုမှ ၀ိုင်းဝန်းကြိုးပမ်းသွားကြရန်။

သတင်းရရှိပါသည်.။

သတင်း..မြတ်လေးငုံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဂျာနယ်များကိုစည်းကမ်းချက် ၁၀ ချက် ထပ်မံထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ပြည်တွင်းထုတ် အပတ်စဉ်စာစောင် (သို့မဟုတ်) ဂျာနယ်များအား နိုဝင်ဘာလ ၂၁ ရက်စွဲဖြင့် စည်းကမ်းချက် ၁၀ ချက် ထပ်မံထုတ်ပြန် အသိပေးလိုက်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ဂျာနယ်မျက်နှာဖုံး၊ အချပ်ပိုများ ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ဖူးပြီး ယခုထပ်မံ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစည်းကမ်းချက် ၁၀ ချက်မှာ-
(၁) ရှေ့မျက်နှာဖုံးတွင် ပုံနှိပ်ဖော်ပြမည့် ဂျာနယ်၏ Logo ပုံစံနှင့် အရွယ်အစားသည် ဂျာနယ်ထုတ်ဝေရန် ဌာနသို့ စတင်တင်ပြစဉ်က ခွင့်ပြုပေးထားခဲ့သည့် Logo ပုံစံနှင့် အရွယ်အစားအတိုင်းသာ ပုံနှိပ်ဖော်ပြရမည်။

(၂) ဂျာနယ်တွင် မည်သည့်အတွင်း စာမျက်နှာတွင်မဆို ရှေ့မျက်နှာဖုံးပါ Logo ပုံစံနှင့် အရွယ်အစားအား နောက်ထပ်အဖုံးပုံစံ တစ်ခုသဖွယ် ဖော်ပြခြင်း မပြုရ။

(၃) ရှေ့မျက်နှာဖုံးအား အတည်ပြုပြီးပါက ထပ်မံတင်ပြခွင့်မရှိ။ သို့ရာတွင် ဖြုတ်ပယ်ခံရပါက ၄င်းနေရာတွင် အစားထိုးရန် တစ်ကြိမ်ထပ်မံ တင်ပြခွင့်ပြုမည်။

(၄) အချပ်ပိုတွင် ဖော်ပြမည့် Logo နှင့် ဂျာနယ် Size သည် မူလဂျာနယ်ပါ Logo အရွယ်အစားထက် ထက်ဝက်သေးငယ်ရမည်။

(၅) အချပ်ပို (သို့မဟုတ်) Supplementary စာသားကို Logo ၏ အောက်ဘယ် (သို့မဟုတ်) ညာတွင် ထင်ရှားပီသစွာ ပုံနှိပ်ဖော်ပြရမည်။

(၆) ဌာနက ခွင့်ပြုထားပြီးဖြစ်သော သတင်း၊ ဆောင်းပါးနှင့် ဓါတ်ပုံများကိုသာ အချပ်ပိုတွင် ဖော်ပြရမည်။

(၇) အချပ်ပို စာမျက်နှာကို A, B, C, D ……… အက္ခရာစဉ်ဖြင့်သာ ဖော်ပြရမည်။

(၈) အချပ်ပိုစာမျက်နှာကို အများဆုံး ၈ မျက်နှာထိသာ ခွင့်ပြုသည်။

(၉) ဂျာနယ်မူကြမ်းတွင် စာမျက်နှာအဖုံးတွင် ဖော်ပြရန် ခွင့်မပြုထားသော သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံများကို အချပ်ပိုစာမျက်နှာ၏ ပထမစာမျက်နှာတွင် ထည့်သွင်း ဖော်ပြခြင်းမပြုရ။ အချပ်ပို၏ အတွင်းစာမျက်နှာတွင်သာ ဖော်ပြရမည်။

(၁၀) အချပ်ပို ထည့်သွင်းလိုပါက သက်ဆိုင်ရာဂျာနယ်က မည်သည့်အတွက်ကြောင့် ထည့်သွင်းလိုခြင်းနှင့် မည်သို့ ထည့်သွင်းဖော်ပြမည်ကို ဌာနသို့ ဦးစွာ တင်ပြခွင့်ပြုချက် ရယူရမည်။

လောလောဆယ်အားဖြင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ် ၇ စောင်ကို ထုတ်ဝေခွင့် ၁ ပတ် ရပ်ဆိုင်းထားပြီး အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ်တစ်စောင်ကိုမူ ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းထားသည်။ ယင်းကဲ့သို့ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်းခံရသည့် ဂျာနယ်အရေအတွက်မှာ မိမိ၏ စာပေသက်တမ်းတစ်လျှောက် အများဆုံးဖြစ်ကြောင်း ဝါရင့်စာနယ်ဇင်း ဆရာတစ်ဦးက ပြောပြခဲ့ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)မှ ယနေ့ ဆက်သွယ်မေးမြန်းချက် အသံဖိုင်..









လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ AI မေးမြန်းချက် အသံဖိုင်ပါ..

ယနေ့ မြန်မာစံတော်ချိန် ၅နာရီခွဲက အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International(AI)မလေးရှားနှင့် သြစတြေးလျဋ္ဌာနတို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းတိုက်ရိုက် ဆက်သွယ်မေးမြန်းခဲ့ပါတယ်..။ AI မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ဖိလစ်ပိုင်တို့မှ မေးမြန်းချက်တို့အား ဖြေကြားခဲ့ပါတယ်..။ ဒီလိုဆက်သွယ် မေးမြန်းခွင့်ရကြတဲ့အတွက် AI အဖွဲ့ဝင် နိုင်ငံခြားသားများဟာ ဝမ်းသာအားရ ကျေနပ်ခဲ့ကြပြီး မျက်ရည်များပင် ကျခဲ့ကြသည်ဟု သိရှိရပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ခုနှစ် ဂျူလိုင်လက Amnesty International's Ambassador of Conscience ဆုကို ရရှိခဲ့ပြီး အဆိုပါ (Ambassador of Conscience)ဆုဟာ လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေကို ပေးအပ်တဲ့ AI ရဲ့ အမြင့်ဆုံးဘွဲ့ဖြစ်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည် အရင်က U2, Peter Gabriel, Nelson Mandela and Mary Robinson တို့သာ ရရှိခဲ့ဘူးပါတယ်..။

ပေးပို့ပေးတဲ့ Amnesty International မှလူငယ်များအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

Burmese children were mostly being trafficked due to civil war

24 November 2010

မိခင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သားငယ် မောင်ထိန်လင်းရွှေတိဂုံဘုရားတွင် ဝတ်ပြုဆုတောင်းသတင်းဓာတ်ပုံ




























ဓာတ်ပုံ...AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး/လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်းလူငယ်များတွေ့ဆုံပွဲ (ရုပ်သံ)



မျှဝေ ပေးသော ကိုဒေါင်းမာန်ဟုန် အား ကျေးဇူးတင်ရှိပါသည်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သားငယ်ဖြစ်သူ ကိုထိန်လင်းနှင့် မနက်ဖြန် ၂၄ရက်နေ့ မနက်(၇)နာရီမှာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်မည်..။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ဟာ မနက်ဖြန် မနက်(၇)နာရီမှာ မြန်မာပြည်ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်မည် ကြည်ညိုမည် ဖြစ်ကြောင်း သိရှိရပါတယ်..။

(UNDP) ဋ္ဌာနေကိုယ်စားလှယ် အကြီးအကဲ Mr Bishow Parajuli

ယနေ့မနက် ၁၀နာရီမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်ဆိုင်ရာ (UNDP) ဋ္ဌာနေကိုယ်စားလှယ် အကြီးအကဲ Mr Bishow Parajuli အားလက်ခံတွေ့ဆုံ စကားပြောဆိုခဲ့ပါတယ်..။ ယနေ့နိုင်ငံအသီးသီးမှ ဆက်သွယ်မေးမြန်းချက် အင်တာဗျူးများအား ပြန်လည် ဖြေကြားခဲ့ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရခြင်း မဟုတ်ကြောင်းပြောဆို..

ယနေ့ အင်တာနက် သတင်းစာမျက်နှာများမှာ ပါရှိတဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း လက်ကိုဖုန်းဖြတ်တောက်ခံရခြင်း သတင်းအား မေးမြန်းကြည့်ရာမှာ လတ်တလော နေ့စဉ်ရက်ဆက် အရေးကြီး ကိစ္စများ လုပ်ဆောင် နေရသဖြင့် မအားမလပ်သောကြောင့် ဘီလ်ဆောင်ရန် အချိန်မရသဖြင့် ဖုန်းပိတ်ထားသည်ကို မသိရှိလိုက်ခြင်း ဖြစ်ကြောင်း.... ယနေ့သွားရောက် ဘီလ်ဆောင်ပြီး ဖြစ်တဲ့အတွက် မနက်ဖြန်မှာ ပြန်လည် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

သတင်း... ဒီမိုဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတရားဝင် ရပ်တည်ခွင့်နှင့် စပ်လျဉ်း၍ ဘဘဦးဝင်းတင်အားဆက်သွယ်မေးမြန်းချက်(ရုပ်/သံ)


မျှဝေ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

မိခင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် မောင်ထိန်လင်း တို့၏ ပျော်ရွှင် ကြည်နှုးနေကြသော ရုပ်သံ မြင်ကွင်း



23 November 2010

မိခင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် မောင်ထိန်လင်း တို့၏ ပျော်ရွှင် ကြည်နှုးနေကြသော သတင်းဓာတ်ပုံမြင်ကွင်း


သား အားခြေလှမ်း သွက်သွက် ဖြင့် သွားရောက်ကြိုဆို နေသော မိခင်


သား အားတွေ့မြင်ခွင့်ရတဲ့ မိခင် ရဲ့ ပျော်ရွှင်နေသော ပုံရိပ် အခြေအနေအကြောင်းတရားတွေကြောင့်မတွေ့ ရသော မိခင်များနှင့် သားများ လည်းအမြန်ဆုံးပြန်လည် တွေ့ကြရပါစေ.။

မိခင် ရဲ့ နွေးထွေးမှု ပုံရိပ်

မိခင် နှင့် သား

ကျမတို့ ခေါင်းဆောင် နှင့် သားငယ်



မိခင်တယောက်ရဲ့ သားကို ကြိုဆိုနေတဲ့ အပြုံး ဝေးကွာနေကြတဲ့ သားအမိတွေလည်း အမြန်ဆုံးပြန်လည်ဆုံတွေ့ကြပါစေ.။

မိခင် ရဲ့ လက်ကို ဒီလို မတွဲရတာ (၁၀)နှစ် ကျော်သွားခဲ့ရသော မောင်ထိန်လင်း


သားငယ် ကို ပြန်လည်တွေ့ ရလို့ ဝမ်းသာကြည်နှုး နေသော ကျမတို့ ခေါင်းဆောင်


မိခင်ရဲ့ အပြုံးကို ကြေနပ် ပီတိ ဖြစ်နေရှာသော မောင်ထိန်လင်း


သားငယ် လက်မောင်းက တက်တူးလေးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ ပါဘဲ..။



သားအမိ နှစ်ယောက် ရဲ့ ကြည်နှုးမှု ပုံရိပ်


မိခင် ရဲ့ လက်ကို အားရ ဝမ်းသာ ဂုဏ်ယူ စွာနဲ့ တွဲလာခဲ့သော မောင်ထိန်လင်း

ဓာတ်ပုံ...AP