14 February 2013

ရန်ကုန်တောင်ပိုင်းခရိုင်သို့နော်ဝေးကျောင်းသားများ၏လေ့လာရေးခရီး

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂနှင့်နော်ဝေးနိုင်ငံေ ကျာင်းသားအဖွဲ့အစည်းတို့ချိတ် ဆက်၍နှစ်နိုင်ငံကျောင်းသား များ ပူးပေါင်းဆောင်ရွက်မှုအဖြစ်နော် ဝေးနိုင်ငံကျောင်းသားများနှင့် ဗကသများ အဖွဲ့ချုပ်မှကျောင်းသား/ သူများပူးပေါင်းလှုပ်ရှားမှုများပြုလုပ်ခဲ့ကြရာ(၁.၂.၂၀၁၃)ရက်ေ န့တွင် ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသားများ သမဂ္ဂ၏ ရုံးခန်ြး ဖစ်သော အိုးဝေစာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်းသို့လေ့လာရေးရောက်ရှိခဲ့ကြရာရန်ကုန်တောင် ပိုင်းခရိုင်ကျောင်းသား  သမဂ္ဂကျော င်းသား များမှမြန်မာရိုးရာအစားအစာများဖြင့်ဧည့်ခံခဲ့ကြပြီးအိုးဝေစာကြည့်တိုက် နှင့်ပညာဒါန စတင်ဖြစ်ပေါ်လာပုံ နှင့်လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံများကိုရှင်းလင်းခဲ့ကြပြီး လာရောက်လေ့ လာကြသောနော်ဝေးကျောင်းသားများ မှန၀မတန်းနှင့်တက္ကသိုလ်ဝင်တန်း ပညာဒါနကျောင်းသား   များ၏ပညာရေးအခြေအနေများနှင့်အရေးပေါ်သွေးလှူဒါန်းမှုများအားပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။  ထို့နောက်ကျောက်တန်းမြို့ နယ်ရေလယ်ဘုရား၊သန်လျင်မြို့ နယ်သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်  မြတ်ကြီးနှင့်ဝန်ကြီးပဒေသရာဇာနှင့်နတ်ရှင်နောင်ဂူတို့ အား ဗကသများအဖွဲ့ ချုပ်မှ လိုက်လံပို့ဆောင်ခဲ့ပါသည်။  တက္ကသိုလ်ဝင်တန်းကျောင်းသား၊ကျောင်းသူ( ၈ )ဦး ၊န၀မတန်းကျောင်းသား ၊ကျောင်းသူ( ၇ )ဦးအားကျောင်း    အိပ်ကျောင်းစားအဖြစ် လက်ခံ သင်ကြားပေးနေပြီး ဆင်းရဲနွမ်းပါးပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု အ    ဖြစ်ဆေးဝါးကုသစရိုက်နှင့်အရေးပေါ် အခမဲ့သွေးလှူဒါန်းခြင်းများ၊သန်လျင်မြို့ နယ်သူမြို့နယ်သားများ အသိပညာ  ဗဟုသုတတိုးပွားလာရေးအတွက်စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်ခြင်းများကိုပြုလုပ်ပေးနေပါသည်။    

အမှူဆောင်အဖွဲ့ 
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

13 February 2013

ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ


ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ
=======================

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။
ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။

(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်
တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည်
ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ
ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ ”ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍
တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေး
အတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများ
ဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြား
ပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချ
ပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။

ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

မောင်လွင်ဟိန်းကို
Myawady News

11 February 2013

ပင်လုံ စာချုပ်

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  - ပြည်ထောင်စုနေ့ ။









စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။

(၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  - ပြည်ထောင်စုနေ့ )။









ဗိုလ်ချူပ်အောင်ဆန်း ပြောတဲ့ ညီညွတ်ရေး။







ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ပြထားတယ်။ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့  ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်မှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့  တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။

အဲဒီတော့က ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့  အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့ အကျိုး၊ တူညီတဲ့ အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့ အကျိုး၊ တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။

ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲါးမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။

နစ်နေမန်း