 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးဈေးရောင်း ပွဲနှင့် ဂီတဖျော်ဖြေ ပွဲ ဒုတိယမြောက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်းကို လေလံတင်ခဲ့ရာ ည ၁ နာရီ ၁၀ မိနစ်တွင် အမည်မဖော်လိုသူတစ်ဦးက ကျပ်သိန်းပေါင်း ၆၃၀ အမြင့်ဆုံးပေးကာလေလံအောင်သွားခဲ့ပါသည်။
ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလက အင်္ဂလန်နိုင်ငံတွင် 
သားများနှင့်အတူ နေထိုင်စဉ်က သားအတွက်ထိုးပေးခဲ့တဲ့ သိုမွေးအင်္ကျီကို ယခု 
၂၆ရက်နေ့တွင် ပညာရန်ပုံငွေအတွက် သားများက ပို့ပေးလိုက်တာဖြစ်ပါတယ်။ 
 
 ဟဲဟိုးမတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။
ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။
အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာ သို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက် ရှိပါသည်။
ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များ ကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
အဲပုဂံလေကြောင်းလိုင်း အနေဖြင့် လိုအပ်သော တာဝန်ယူမှုအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း အသိပေးကြေငြာအပ်ပါသည်။