14 January 2012

ရွှေဘိုထောင်မှလွတ်မြောက်လာသူ ၈၈မျိုးဆက်ကျောင်းသူ မမီးမီး(ခ) သင်းသင်းအေးနှင့် တွေ့ဆုံခြင်း


ယနေ့နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ၈၈မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများအား လာရောက်ကြိုဆိုခဲ့သောမမီးမီး(ခ) သင်းသင်းအေးကို ရန်ကုန်မြို့လေဆိပ်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။



မေး။ ။ အစ်မထောင်ကျခဲ့တဲ့ ပုဒ်မနဲ့ နေခဲ့ရတဲ့ နှစ်တွေအကြောင်းအရင်မေးပါရစေ။

ဖြေ။ ။၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှာ အဖမ်းခံ၇တယ်။ အမိန့်ချတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ သင်းဖွဲ့-၆ ရယ်၊ အီလက်ထရောနစ် ၃၃-က ၊ အီလက်ထရောနစ် ၃၃-က က လေးနှစ် အမှု တစ်မှု့ကို သီးခြားစီ (၁၅)နှစ် ရယ်၊ သင်းဖွဲ့ -၆က ၅နှစ်ရယ် အားလုံးပေါင်း ပြစ်ဒဏ် ၆၅နှစ် ခံခဲ့ရတယ်။



မေး။ ။ ထောင်တွင်းအတွေ့အကြုံလေးကိုလည်း သိပါရစေ။

ဖြေ။ ။ ရွေဘိုထောင်က ကျွန်မရောက်ဖူးတဲ့ထောင်တွေထဲမှာ ကျွန်တော်ဆိုရင် ရန်ကုန်၊ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊

အဲ့ဒီကနေ ကသာ အဲ့ဒီကနေ ရွေဘို၊ ရွေဘိုထောင်ရဲ့ထောင်ပိုင်ဦးစောထွဋ် သူ့သဘောထားနဲ့ စာနာတက်တဲ့စိတ်က ထောင်အားလုံးထက်စာလို့ရှိရင် ရွေဘိုထောင်မှာကျင့်သုံးနေတဲ့စည်းစနစ်က အကောင်ဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျဉ်းသူ/အကျဉ်းသားတွေအပေါ်လူသားချင်းစာနာမှုတွေ ပေးပြီး၊ အဓိကက ထောင်ထဲမှာ စိတ်ဒုက္ခက အဓိကပဲပေါ့၊ အဲ့ဒီ စိတ်ဒုက္ခတွေကို အရှင်းပျောက်မသွားတောင်မှ အတတ်နိုင်ဆုံး သက်သာအောင်ထောင်ပိုင်ကိုယ်တိုင် စည်းကမ်းတကျ လုပ်ပေးနေတာကိုမြင်ရတဲ့အတွက် အဲ့ဒါကြောင့်ထောင်တွေရဲ့ စီးဆင်းမှုမှာ ရွေဘိုထောင်ရဲ့ စီးဆင်းမှုက ပိုကောင်းပါတယ်၊ ထောင်ပိုင်လို လူမျိုးတွေလည်း အကျဉ်းဦးစီးမှာ အများကြီးလိုအပ်ပါတယ်၊



မေး။ ။ အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အမှန်တကယ်တော့ ဖမ်းထားတဲ့ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်တယ်။ ဒါပေမယ့် အခုဟာက အပြည့်အ၀လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သတ်မှတ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တစ်ချို့ထောင်တွေမှာကသီးခြားထားတဲ့အကျဉ်းသားတွေကျန်ခဲ့သေးတယ်လို့လဲသိရတယ်။

ရွှေဘိုထောင်မှာဆိုရင်လည်း ကိုးယောက်ကျန်ခဲ့တယ်။ သူတို့က မြေပေါ်နိုင်ငံရေးမဟုတ်ပဲ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ လုတွေလို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ တစ်ချိန်က အမှန်တရားလို့ သတ်မှတ်ပြီးလုပ်ခဲ့တယ် ခုချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အချိန် အကျဉ်းထောင်မှာ ဖောက်ခွဲရေးနှင့်ပတ်သတ်တာပဲဖြစ်ဖြစ် အဓိကက ကျောင်းသားတပ်မတော်ပေါ့နော်။ ABSDF နဲ့ပတ်သတ်တဲ့ရဲဘော်တွေ ကျန်ခဲ့ပါတယ်။ အဲလိုလူတွေကို ထပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။ထပ်ပြီးတော့လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။



မေး။ ။ လွတ်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့အစီစဉ်ရှိပါလား။

ဖြေ။ ။ နဂိုကတည်းက ၈၈ကျောင်းသားတွေကကျောင်းသားအဖြစ်နဲ့ပဲ ရပ်တည်ပြီးတော့ အယ်အန်ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို နောက်ကနေပြီးတော့ နဂိုကတည်းက ၀န်းရံပေးနေတာပါ။

အဲဒီ့အတိုင်းပဲ ဆက်လက်ပြီးတော့ရှိနေပါတယ်။



မေး။ ။အယ်အန်ဒီပါတီ ၀င်ဖို့လောက်ထိ ဖြစ်လာနိုင်လား။

ဖြေ။။ ။အဲဒီ့လောက်ထိတော့ မရှိပါဘူး။ ကျွန်မတို့ ကျောင်းသား Site ကပဲ ရပ်တည်ဖို့ ရှိပါတယ်။



မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတော့ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျဉ်း ကိုလည်းသုံးသပ်ပေးပါဦး။

ဖြေ။ ။ကိုယ်ပိုင်အမြင်ကတော့ ကိုယ်ပိုင်သုံးသပ်ချက်အရတော့ အခုလက်ရှိ ၈၈ကျောင်းသားတွေရဲ့ နဂိုရပ်တည်ချက်အရလည်း ကျောင်းသားအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအရင်ဆုံးဖော်ဆောင်ပြီးတော့

ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဘေးကနေလုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံးကို တတ်နိုင်သလောက် ကိုယ်စွမ်းအားရှိပါတယ်။ ၈၈မျိုးဆက်ကျောင်းသားအနေနဲ့လည်း လတ်တလောမှာ လိုအပ်တဲ့ဘက်ကနေပြီးတော့ ပြည်သူရဲ့ လိအပ်ချက်ကို မားမားမတ်မတ်ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်၊



မေး။ ။ သမ္မတနဲ့ဒေါ်စုတွေ့ဆုံဆွေးနွေးမှုကရော ဘယ်လိုမြင်လဲ၊ ဒီမိုကရေစီလမ်းကြောင်းအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်နိုင်မလားခင်ဗျ။

ဖြေ။ ။ ဖြစ်သင့်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တွေ့ဆုံတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ကြိုလည်းကြိုဆိုပါတယ်၊လက်လည်းလက်ခံပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် ရန်သူတွေလည်းမဟုတ်ပါဘူး၊ အဲ့လိုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစုံတရာ ကပဲဆောင်ရွက်လို့မရပါဘူး၊ အားလုံးလက်တွဲဆောင်ရွက်ပါမှ မြန်မာနိုင်ငံကြီးတိုးတက်မှာဖြစ်တဲ့အတွက် အခုလိုတွေ့ဆုံမှုကို ထောက်လည်းထောက်ခံပါတယ်၊ ဆက်လက်ပြီးတော့ ကောင်းကျိုးဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊



မေး။ ။ ဒီမိုကရေစီနိုင်ငံသစ်မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြုပြင်သင့်တဲ့ကဏ္ဍတွေ ရှိရင် အစ်မအမြင်လေးကို အကြံပေးပြောကြားပေးပါဦး

ဖြေ။ ။ မြန်မာနိုင်ငံကအခုမှ ဒီမိုကရေစီဆိုတာ လသားအဆင့်လောက်ပဲရှိသေးတယ်၊ တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးဟာ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနဲ့လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခုခေတ်မျိုးဆက်သစ်လူငယ်လေးတွေကို ပြောချင်တာကတော့ စာများများဖတ်ကြပါ၊ စာဖတ်မှ စာထဲက အမှန်တရားတွေ့မှသာလျင် ပတ်ဝန်းကျင်ရဲ့အမှားနဲ့အမှန် တိုင်းပြည်အတွက်ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ပညာရေးဆိုင်ရာမြှင်တင်မှုတွေ ကျမ်းမာရေးဆိုင်ရာမြှင့်တင်မှုတွေကို အဓိကထားလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ပါတီဝင်မဟုတ်ပဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အစ်မဘယ်လိုအကြံပြုပြောချင်ပါသလဲ။

ဖြေ။ ။ ပါတီဝင်မဟုတ်ပဲနိုင်ငံရေးလုပ်နေတဲ့သူတွေကတော့ အဓိကက လက်ရှိ အန်အယ်လ်ဒီက ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွတ်တော်ထဲကိုရောက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့ ဒီ နီးစပ်ရာတွေကနေ ကိုယ့်တိုင်းပြည်ရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကိုယ့်ရဲ့ နီးစပ်ရာကနေ လွတ်တော်ထဲကို ပြည်သူ့အသံ အမှန်အကန်ဆုံးရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။



မေး။ ။ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်က ဘယ်လောက်ရောက်နေပြီလဲခင်ဗျ။

ဖြေ။ ။ အခုရေစီးကြောင်းကိုကြည့်ရတာတော့ တော်တော်အားရပါတယ်၊ အရင်က တိုင်းပြည်မှာ လူတွေက အကြောက်တရားလွမ်းမိုးနေတယ်၊ အခုအချိန်မှာတော့ အကြောက်တရားတော်တော်များများကွယ်ပျောက်နေတာတွေ့နေရပါတယ်။ နောက်ပြည်သူတွေက အမှန်တရားဘက်မှာ လိုက်ပြီးတော့နိုင်ငံရေးသမားတွေနဲ့အတူ လိုက်ပါစီးဆင်းနေတာကို တွေ့ရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်အလားအလာက အရင်ကထက်စာရင်တော့ ပိုပြီးရောင်ခြည်ထွန်းလင်းတောက်ပလာတယ်လို့ ထင်ပါတယ်။



မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီစဉ်ရှိလား။

ဖြေ။ ။ အဲ့ဒါကတော့ ဆက်လုပ်ပေးရမှာပါ၊ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီ စစ်ကိုရရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အဖဖ်းခံရတဲ့သူ မရှိသင့်ပါဘူး၊ အဲ့ဒီအတွက်ကြောင့် အားလုံးပြန်လည်လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ၊



မေး။ ။ ကျင်းပနေတဲ့ လွတ်တော်အခင်းအကျင်းကိုရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ အရင့်အရင်လွတ်တော်တွေထက်စာရင် အခုဒီမိုကရေစီနိုင်ငံသစ်ရဲ့လွတ်တော်က ပွင့်လင်းတယ်၊လွတ်လပ်တယ်လို့ ထင်ပါတယ်၊



မေး။ ။ မီဒီယာရဲ့အခန်းကဏ္ဍကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကောင်းပါတယ်၊ မီဒီယာလွတ်လပ်ခွင့်တွေပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ မျက်စိရောနားရော အလင်းရောင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မီဒီယာလွတ်လပ်ခွင့်ပေးတာကို အများကြီးကြိုဆိုပါတယ်။



မေး။ ။ အစ်မအနေနဲ့ ပြည်သူကို အာမခံပေးနိုင်တာရှိရင်ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့အတွက်ကတော့ ထောင်ထဲမှာပဲနေနေ၊ အပြင်မှာပဲနေနေ မြန်မာပြည်သူတွေအတွက်ကတော့ ထာဝရရှင်သန်နေမှာပါ၊ ဆက်ပြီးတော့ မြန်မာနိုင်ငံတိုးတက်ဖို့နဲ့ ပြည်သူတွေအတွက် အစစအရာရာကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တတ်နိုင်သလောက်တတ်စွမ်းသလောက် ဆက်ပြီးတော့လုပ်သွားမှာပါ။

သတင်း..မြစ်မခ မီဒီယာ

သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပေးပို့ သော စာရင်းကိုအခြေခံ

နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပေးပို့ သော စာရင်းကိုအခြေခံ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နေပြည်တော်တွင် ပြောကြားလိုက်သည်။

NLD က ပေးပို့သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၆၀၄ ဦးရှိပြီး ၁၀၇ ဦးကို ကနဦး သုံးကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးပြီးဖြစ်ကြောင်း၊ ၅၁ ဦးမှာ စိစစ်နိုင်ခြင်း မရှိသေးဘဲ နောက်ဆုံး လွတ်ပေးရန် ၄၃၀ ဦး ကျန်ရှိနေသေးကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ၃၀၂ ဦးလွတ်ပေးခဲ့ပြီး ကျန်ရှိ ၁၂၈ ဦးမှာ ဖောက်ခွဲရေးကဲ့သို့သော အကြမ်းမှု ဆိုင်ရာ ပုဒ်မ များဖြင့် တရားစွဲဆိုဖမ်းဆီးထားသဖြင့် လွတ်ပေးနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ပေးခဲ့သော အကျဉ်းသားဦးရေမှာ ၆၅၁ ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး၊ ထောက်လှမ်းရေးဆိုင်ရာမှ ၁၀၀ ကျော်နှင့် ကျန်ရှိသော သူများမှာ အကောက်ခွန်ကဲ့သို့သော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ယခုကဲ့သို့ လွတ်ပေးခြင်းသည် မည်သူ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းချက်ကြောင့်မဟုတ် ဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ လွတ်ပေးသင့်လွတ်ပေးထိုက်သဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးမှ ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"အခုထိ KNU ကလည်း လွတ်ပေးပါလို့ မတောင်းဆိုသေးဘူး"ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကမ္ဘာကျော် တာလီဘန်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်စည်းရုံးခဲ့သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ၄င်းက ပြောကြားသည်။

သတင်း..... The Voice Weekly

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်ကြေညာ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

၎င်း ထုတ်ပြန်ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌသစ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ လစ်လပ်မဲဆန္ဒနယ်(၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ရန်ကုန်တိုင်း ဒေသကြီး၌ ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သုံးခွမဲဆန္ဒနယ်တွင် ဒေါ်စုစုလွင်၊ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်တွင် ဒေါ်ဖြူဖြူသင်း၊ လှည်းကူး မဲဆန္ဒနယ်တွင် ဦးဖြိုးမင်းသိန်း၊ မရမ်းကုန်းမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်မေဝင်းမြင့်မှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၌ တောင်ငူမဲဆန္ဒနယ်တွင် ဦးအောင်စိုးမြင့်၊ ထန်းတပင်မဲဆန္ဒနယ်တွင် ဦးစိန်ထွန်း၊ သနပ်ပင် မဲဆန္ဒနယ်တွင် ဦးမြင့်ဦး၊ လက်ပံတန်းမဲဆန္ဒနယ်တွင် ဦးကျော်မင်း ၊ အုတ်တွင်း၊ ထန်းတပင် မဲဆန္ဒနယ်တွင် ဦးမင်းဦး၊ ကဝ မဲဆန္ဒနယ်တွင် ဦးမျိုးခိုင်မှ လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ မန္တလေးတိုင်း ဒေသကြီး၌ မပာာအောင်မြေမဲဆန္ဒနယ်တွင် ဦးအုန်းကြိုင်၊ မိတ္ထီလာမဲဆန္ဒနယ်တွင် ဦးဝင်းထိန်မှလည်းကောင်း၊ မွန် ပြည်နယ်၌ မော်လမြိုင် မဲဆန္ဒနယ်တွင် ဒေါ်ခင်ဋ္ဌေးကြွယ်မှလည်းကောင်း၊ ရှမ်းပြည်နယ်၌ ကလောမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်သန်းငွေမှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်မဲဆန္ဒနယ်တွင် ဦးဝင်းမြင့်၊ မအူပင် မဲဆန္ဒနယ်တွင် ဦးစိန်ဝင်းပာန် (ခ)ဦးစိန်ဝင်း၊ မြောင်းမြမဲဆန္ဒနယ်တွင် ဦးမန်းကျော်နီ၊ ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်တွင် ဦးသိမ်းဆွေ၊ ရေကြည်မဲဆန္ဒနယ်တွင် ဒေါက်တာလှမြတ်သွေးတို့မှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း....yangon chronicle

ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေလဲဆိုပြီး ဘေးထိုင်ဘုပြောနေကြသူများအတွက်....


ကျမ တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပို၍ ပို၍ ယုံကြည်အားကိုး လာပါတယ်ရှင် ။သူရဲ့ ရဲရင်တဲ့ ဆုံးဖြတ်ချက်၊ဟာ မြန်မာပြည်သူပြည်သားများအတွက်ဆိုတာ ယနေ့ မှာ သက်သေပြလိုက်တာပါရှင်.။

ခွဲခွာပြီးနေနေရတဲ့ မိသားစု တွေ ပြန်လည် ဆုံဆည်နေရပြီး၊ပျော်ရွှင်ချမ်းမြေ့နေရပြီး၊ ကျမတို့ခေါင်းဆောင် ကို လည်း သူမ ရဲ့ သားများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်တာကို ကျမ မြတ်လေးငုံ လည်း မြင်ချင်ပါတယ်ရှင်.။

13 January 2012

ဒီကျောင်းသားတွေကိုဖမ်း ၊ပြင်းထန်တဲ့စစ်ကြောရေးတွေလုပ်ခဲ့၊ခုတော့လည်း သူကိုယ်တိုင် ဒီကျောင်းသားတွေနဲ့ ပြန်လည်လွတ်မြောက်လာတာပါလား။

ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပြန်လွတ်တဲ့အနက် ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်သူကို မေးထားပါတယ်(အသံဖိုင်)

88 Ko Aung Thu Interview by dvbradio

လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်
တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)
ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)
သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်
ဗန်းမော် ထောင်မှ အကုန်လွှတ်
ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်
သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်
ဖားအံ့ထောင်မှ အားလုံးလွှတ်
ကလေးထောင်
(၁) ဦးဂမ္ဘီရ

ကျောက်ဖြူထောင်
(၁) စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) စိုင်းညွန့်လွင်
- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ဂျင်မီ
(၂) မြအေး
(၃) ဇော်သက်ထွေး
(၄) ကျော်ကိုကို
(၅) ဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ဌေးကြွယ်
(၂) စည်သူမောင်
(၃) သန့်စင်မျိုး
(၄) အောင်ဇော်ဦး
(၅) ကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မြောင်းမြထောင်
(၁) စန္ဒာမင်း
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

မြင်းခြံထောင်
(၁) မသက်သက်အောင်

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင်
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်
(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)
နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

လွှတ်မြောက်သူများ အမည် စာရင်း
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၅၉ ဦးဇေယျ
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
ဆက်လျက်ဖော်ပြပေးပါမည်

လွတ်လာတယ်ဆိုတဲ့ လတ်တလောရလာတဲ့သတင်းပါခင်ဗျာ။အကျဉ်းထောင်အသီးသီးမှ လွတ်မြောက် လာသူများစာရင်း

၁ ကိုမင်းကိုနိုင်

၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)

၃ ဦးကိုကိုကြီး

၎ ဦးခွန်ထွန်းဦး

၅ ကိုဋ္ဌေးကြွယ်

၆ ဘန်ဒိတ်ထွန်း

၇ မမီးမီး

၈ ဦးဂမ္ဘီရ

၉ မနီလာသိန်း

၁၀ ကိုဥာလင်း

၁၁ မသက်သက်အောင်

၁၂ ကိုဇော်ဇော်မင်း

၁၃ ကိုဂျင်မီ

၁၄ ကိုမျိုးအောင်နိုင်

၁၅ ကိုသန်းတင်

၁၆ ကိုလှမျိုးနောင်

၁၇ ကိုသက်ဇော်

၁၈ အံ့ဖွယ်ကျော်

၁၉ ဒေါက်တာ မင်းထွန်း

၂၀ ကိုဇေယျာ

၂၁ ကိုမြအေး

၂၂ ကိုသန်းတင်

၂၃ ကိုသက်ဇော်

၂၄ ကိုပြုံးချို

၂၅ ကိုဇော်သက်ထွေး

၂၆ မန္ဒနာမင်း

၂၇ ဦးညီပု

၂၈ ဦးစိုးင်းညွှန့်လွင်

၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)

၃၀ မင်းဟန်

၃၁ မဟန်နီဦး

၃၂၊ သန်စင်အောင်

၃၃ ၊ကျော်ကျော်နိုင်

၃၄ နန္ဒစစ်အောင်

၃၅ ၊ပြည့်ဖြိုးအောင်

၃၆ ဦးဘမြင့် ဒေါ်မာမာဦး

၃၇ ကိုကျော်စွာဋ္ဌေး

၃၈ ဒေါက်တာဝင့်သူ၊

၃၉ ကရင် စောနေထူး

၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်

၄၁ ဦးစိုင်းလှအောင်

၄၂ ကိုကျော်ဝင်း

၄၃ ကိုသီဟသက်ဇင်

၄၄ ဦးထွန်းညို

၄၅၊ ဦးပြည်ကျော်

၄၆ ဒေါက်တာသက်လွင်

၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊

၄၈ ကိုပြည့်ဖြိုးလှိုင်၊

၄၉ ကိုအောင်အောင်ကျော်၊

၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊

၅၁ ဦးပုရစ်

၅၂ ၊စည်သူမောင်

၅၃ သန့်စင်မျိုး၊

၅၄ အောင်ဇော်ဦး

၅၅ ၊ကျော်ဝင်းဆန်း

၅၆ ၊မောင်မောင်လတ်

၅၇ ၊ဦးပြည်ကျော်

၅၈ ကို၊ကျော်မင်း

၆၀ စည်သူဇေယျ

၆၁။ကျော်ကိုကို

၆၂၊ ကိုမောင်ကံ၊

၆၃ ကိုဇော်မင်းဦး

၆၄ ၊ကိုဇော်ဝင်း

၆၅ ကိုအောင်ကျော်ကျော်

၆၆ ၊ကိုသူ၇စိုး

၆၇ ၊မန်းဇော်ထွေး

၆၈၊ ကြည်စိုး

၆၉၊ ဇေယျာအောင်၊

၇၀ ၊ကိုမျိုးမင်းသန်း

၇၁ ၊ဦးဝီရသူ

၇၂၊ ဒေါက်တာ တင်မင်းထွဋ်

၇၃ ၊ရဲမြတ်ဟိန်း

၇၄ ၊မျိုးကျော်ဇင်

၇၅ ၊ကိုအောင်သူ

၇၆၊ အောင်ကျော်ဦး

၇၇ ၊ကိုဝေလင်း

၇၈ ၊ကိုမြင့်စိုး

၇၉ ၊ကိုရဲမြင့်

၈၀ ၊မျိးမင်းဇော်

၈၁ ၊ကိုသီဟ

၈၂ ၊ကိုညွှန့်အောင်

၈၃ ၊ဦးအုန်းသန်း

၈၄ ၊ကိုကျော်ဇင်လင်း

၈၅၊ ဒေါ် ၀င်းမြမြ

၈၆ ၊မတင်တင်မြ

၈၇၊ ဦးဘမြင့်

၈၈၊ ဒေါက်တာဝင်းသူ

၈၉ ၊ဆရာဇော်

၉၀၊ အောင်အောင်ရှဲ

၉၁ ၊ဂျက်နက်ခိုင်

၉၂၊ကို ထွန်းထွန်းဦး

၉၃ ၊ကိုထွန်းထွန်းနိုင်

၉၄ ၊ကိုမြတ်ကို (GW)

ဆက်လျက်ဖော်ပြပေးပါမည်......

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း

ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။
မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ မသက်သက်အောင် လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။
လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် တွင်ပါဝင်သည်။
By-YPI

သရက်ထောင်ကလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)

MIN KO NAING IN THEAT SPEECH by dvbradio

ဖားအံထောင်မှ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ ဘလော့ခ်ဂါနေဘုန်းလတ်နှင့် ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)

NAY PHONE LATT INTERVIEWS by dvbradio

သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက် (အသံဖိုင်)

NilarThein by dvbradioအသံ

ခွန်ထွန်းဦး စိုင်းလှအောင်တို့ လွတ်တယ်လို့ သိရပါတယ်။ သူတို့ မိသားစုတွေနဲ့ မေးမြန်းထားတဲ့ ပူးတွဲ အသံဖိုင်

Sai Hla Aung and Khun Htun Oo released 13012012 Friday by Zaw Zaw

ဥပဒေအကျိုးဆောင် ဦးအောင်သိန်းနဲ့ မေးမြန်းချက်

U Ag thein 13jan 8am by dvbradio

ယနေ့ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စာရင်း

ဖားအံထောင် လွတ်စာရင်း

၁။ဥာဏ်လင်း၊
၂။နေမျိုးကျော်(နေဘုန်းလတ်)၊
၃။သန်စင်အောင်၊
၎။ကျော်ကျော်နိုင်၊
၅။နန္ဒစစ်အောင်၊
၆။ပြည့်ဖြိုးအောင်
တို့လွတ်ပါတယ်။

မြောင်းမြ ထောင် လွတ်စာရင်း

၁။စန္ဒာမင်း၊
၂။ကိုကံမြင့်၊
၃။ကပ်လန်ခွာ

တို့လွတ်ပါတယ်

၁။ဦးဂမ္ဘီရ၊
၂။ဦးစိုင်းညွန်လွင်၊
တို့လဲ လွတ်ပါတယ်။


မြစ်ကြီးနားထောင် လွတ်စာရင်း

၁။သီဟသက်ဇင်၊
၂။ကျော်ဝင်း၊
၃။ကြည်စိုး။
၎။ဇေယျာအောင်၊
၅။မျိုးမင်းသန်း၊
၆။ဦးဝီရသူ
တို့လွတ်ပါတယ်။

တောင်ကြီးထောင် လွတ်စာရင်း

၁။ ဂျင်မီ၊
၂။မြအေး၊
၃။ဇော်သက်ထွေး၊
၎။ကျော်ကိုကို၊
၅။ကိုမောင်ကံ၊
၆။ဇော်မင်းဦး၊
၇။ကိုဇော်ဝင်း၊
၈။ကိုအောင်ကျော်ကျော်၊
၉သူ၇စိုး။
၁၀မန်းဇော်ထွေး။

တို့အားလုံးလွတ်ကြပါတယ်။


ဘူးသီးတောင် ထောင် လွတ်စာရင်း

၁။ ဌေးကြွယ်
၂။စည်သူမောင်၊
၃။သန့်စင်မျိုး၊
၎။အောင်ဇော်ဦး၊
၅။ကျော်ဝင်းဆန်း၊
၆။မောင်မောင်လတ်၊
၇။ဦးပြည်ကျော်၊
၈။ကျော်မင်း
တို့လွတ်ပါတယ်။

ကျန်ရှိသောစာရင်းများအားဆက်လက်ဖော်ပြပေးပါမည်.။


နိုင်ငံရေး အကျဉ်းသား လွတ်မြောက် စာရင်း အားပြုစုပေးသော ကိုဇာဂနာ အားကျေးဇူးတင်ရှိပါသည်။

ဇန်န၀ါရီ ၁၁ ရက်နေ့ည ကေအန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲ (ရုပ်သံ)



မနက်ဖြန် လွတ်မြောက် လာမည့် အထဲ ပူတာအို ထောင်ထဲက ၆၅ နှစ် မတရားအကျဉ်းကျခံနေရတဲ့ ၈၈ ကျောင်းသား ကိုအောင်သူ တယောက်လည်း လွတ်မြောက်ပါစေ




ဝေးကွာနေကြသော မိသားစုတွေ ပြန်လည် တွေ့ဆုံကြရပါစေ.၊ သားသမီးတွေကလည်း မိဘကိုမျှော်နေကြတယ်၊ မိဘတွေကလည်း သားသမီးတွေကိုမျှော်နေကြတယ်၊ ဇနီးမယား နဲ့ခင်ပွန်းသည်တွေကလည်း မျှော်နေကြတယ်၊ တကယ်ပဲ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ကြပါစေ၊ မင်္ဂလာရှိတဲ့ မနက်ဖြန် မင်္ဂလာသတင်းတွေကြားရမယ့် မနက်ဖြန် အတွက် ကျမ မြတ်လေးငုံလည်း ပျော်ရွှင်နေမိပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုများ၏ ရင်ထဲကသံ

ကိုဇော်သက်ထွေး ၏ ဇနီးဖြစ်သူ မခိုင်ချိုဇော်ဝင်းတင်၏ အသံ

“ ထောင်ကိုတော့ စာရင်းမရောက်သေးဘူး ကြားတယ်၊ သတင်းတွေကတော့ ကြားနေရတာပဲ၊ သေချာတယ်၊ မကြိုတော့ဘူး၊ ကိုဂျင်မီ၊ ကိုမြအေးတို့ အတူရှိတယ်၊ အတူတူပြန်လာဖို့ နကိုထဲကပြောထားတာ၊ မသွားတော့ဘူး၊ ဒီတခါတော့ သေချာသလောက်ပြောတာပဲ” လို့ YPI ကိုပြောပါတယ်။

မသဇင် (ရွှေသံစဉ် ကိုဝင်းမော် ဇနီး)

“ အားလုံးနီးပါး ပါတယ်တဲ့၊ ဦးခင်ညွန့်တောင် ပါတယ်တဲ့၊ ည ၁၁ နာရီလောက်မှ ကျောက်ဖြူထောင်ကို ထပ်ဆက်ကြည့်ဦးမယ်”

ကိုချစ်ကိုလင်း (နိုင်ကျဉ်းဟောင်းနှင့် မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသူ မသက်သက်အောင် ခင်ပွန်း)

” အတိုင်းမသိဝမ်းသာတာပေါ့ဗျာ၊ ကျွန်တော့်ဇနီး တယောက်ထဲ တွက်မဟုတ်ပါဘူး၊ ရဲဘော်ရဲဘက်တွေ အားလုံးအတွက်ပါ၊ အတူတူပြန်ဆုံပြီး အလုပ်တွေ ပြန်လုပ်ဖို့ အတွက်အများကြီး ၀မ်းသာပါတယ်” လို့ သူတို့ ခံစားချက်ကို ပြောဆိုပါတယ်။

သတင်း.... YPI ။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မည်

အကျဉ်းသား ၆၅၁ ဦးအား နိုင်ငံတော်သမ္မတကြီး၏ အမိန့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်မှစတင်ကာ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် MRTV-4 ၏ ညနေ ၆ နာရီသတင်းတွင် ကြေငြာလိုက်သည်။

ယင်းအကျဉ်းသားများကို နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု ယင်းကြေငြာချက်တွင် ပါရှိသည်။

ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာရန် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အကျဉ်းကျနေရာ မှလွှတ်ပေးမည့် အကျဉ်းသားစာရင်းကို ယနေ့ညနေ ၆ နာရီအချိန်ခန့်က ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းဦးစီးဌာနသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှအကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်ပြောနိုင်တာကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေ၊ရဲဘက်စခန်းတွေကဘယ် အကျဉ်းသားကို လွှတ်ပါဆိုတဲ့ စာရင်းနဲ့အမိန့်စာတော့ ယခုအချိန်ထိ မရောက်သေးပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး အကျဉ်းထောင်အုပ်စုတာဝန်ခံ ဦးကျော်ခင်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီးမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်သည်ကို သိရှိသော်လည်း အကျဉ်းထောင် တွင်းရှိသည့် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းမှ လွတ်မြောက်လာမှသာလျှင် လွတ်မြောက်သည်ဟု ဆိုနိုင်မည် ဖြစ်ကြောင်း ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသူ လူရွှင်တော်၊ဒါရိုက်တာ ဦးဇာဂနာက ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ၃၅ဦးပါဝင်သည့် တတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၆၅၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သေးသည်။

ယနေ့ထုတ်ပြန်လိုက်သည့် စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး အကုန်လွတ်မြောက်မည်ဟု ကြားသိရသဖြင့် ဇန်နဝါရီလ ၁၃ ရက်တွင် ရွှေတိဂုံဘုရား၊အောင်မြေတွင် နိုင်ငံရေး အကျဉ်း သား လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သား ဦးကိုကိုကြီး(စမ်းချောင်း)ကဆိုသည်။

“အကုန်ပါမယ် ကြားတော့ ကျွန်တော်တို့ မနက်ဖြန် လုပ်မယ့် ကိစ္စကို ဖျက်ရတော့မှာပေါ့”ဟု ယင်းက ဆိုသည်။

သတင်း....Yangon Media Group

12 January 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်း


၂၀၁၂၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ထုတ်ပြန်ကြော်ငြာပါသည်။

၁။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဒေါ်စုစုလွင် သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ဒေါက်တာမျိုးအောင် ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၆။ဒေါက်တာ မေ၀င်းမြင့် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ပဲခူးတိုင်း

၁။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးမြင့်ဦး သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးကျော်မင်း လက်ပံတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးမင်းဦး ထန်းတပင်မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇)
၆။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)

မန္တလေးတိုင်း

၁။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးဝင်းထိန် မိထ္တီလာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

မွန်ပြည်နယ်

၁။ဒေါ်ခင်ဋ္ဌေးကြွယ် မော်လမြိုင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ရှမ်းပြည်နယ်

၁။ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိုင်းမြင့်မောင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)

ဧရာဝတီတိုင်း

၁။ ဦးဝင်းမြင့် ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးစိန်ဝင်းဟန်(ခ) ဦးစိန်ဝင်း မအူပင်မြို့နယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးသိမ်းဆွေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀။
၅။ဒေါက်တာ လှမြတ်သွေး ရေကြည်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

ကျန်လစ်လပ်နေရာများအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များကိုလည်း ဆက်လျက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း NLD မှ ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ကြေငြာပါသည်။

သတင်းများ ပြန်လည် ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

NLD အနာဂတ် အာမခံချက်ရှိရန် ဒေါ်အောင်ဆန်းစုကြည် လူငယ်များရှာဖွေ

(The Gulf Today မှ 11 January 2012 ရက်စွဲပါ Martin Petty ၏ Myanmar’s Suu Kyi looks for youths to rescue future ကို YC မှ ဘာသာ ပြန်ဆိုသည်)

NLD မှ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဦးဝင်းတင်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ယင်းတို့၏ ပါတီ တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ဖော်ပြခဲ့သည်။ သို့သော်ယခုအခါ NLD သည် ၎င်း၏ အနာဂတ်အာမခံချက် ရှိရေးအတွက် သွေးသစ်လောင်းရန် လိုအပ်နေပြီဖြစ်သည်။ နိုဘယ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ သော်လည်း ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုနှင့် သူမအပေါ် လေးစားမှုတစ်ခုတည်းနှင့်ပင် NLD သည် ပါလီမန်အတွက် အနိုင်ရရှိခဲ့သည်။ သို့သော် NLD ပါတီသည်လည်း ဒီမိုကရေစီတိုက်ပွဲအတွက် ကြာရှည်စွာ ဆင်နွှဲရရင်း ယင်း၏ ကဏ္ဍကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် NLD သည် မူဝါဒများ တိုးတက်ချမှတ်နိုင်ရန် ဆိုးဆိုးရွားရွားလိုအပ်လျက် ရှိပြီး သို့မှသာ မဲဆန္ဒပေးသူများကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဦးဝင်းတင်သည် ယခင်က စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့ချိန်က အတိုင်းပင် စိတ်ဓာတ်ထက်မြက်နေဆဲ ဖြစ်သည်။ သို့သော် ကာလရှည်ကြာကပင် ဒေါ်အောင်ဆန်းစုကြည်အား ကူညီပံ့ပိုးပေးခဲ့သော ဦးဝင်းတင်သည် အသက် (၈၂) နှစ် ရှိပြီဖြစ်ပြီး အခြား NLD ခေါင်းဆောင်များသည်လည်း အသက်အရွယ် မငယ်ကြတော့ပေ။

“ကျွန်တော်တို့ ပါတီဟာ အရမ်းအိုနေပါပြီ။ ဘယ်သူမှ ကျွန်တော်တို့လောက် ဖိနှိပ်မှုကို မခံစားဖူးကြပါဘူး။ ထောင်ထဲမှာ အကြာကြီးနေခဲ့ရသော အဆက်အသွယ်တွေ ပြတ်ကုန်ရော” ဟု ဦးဝင်းတင်က ပြောသည်။

အံ့ဩစရာကောင်းသည့်အချက်မှာ ယခင်စစ်အစိုးရသည် ယင်းအလိုရှိသော အစိုးရမျိုးထွက်ပေါ်စေရန် ၂ဝ၁ဝ ရွေးကောက်ပွဲကို အသေအချာ စီမံခဲ့သော်လည်း အစိုးရသစ်သည် ပြီးခဲ့သည့်နှစ်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးစကားပြောခြင်း၊ မီဒီယာဆင်ဆာများ ဖြေလျှော့ပေးခြင်းနှင့် ဆန္ဒပြခွင့်၊ အလုပ်သမားသမဂ္ဂများ ခွင့်ပြုခြင်း စသည်တို့ကို လျှင်မြန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲအနိုင်ရသော်လည်း အာဏာမပေးခဲ့သည့် စစ်တပ်နှင့် အနိုင်ရ NLD တို့သည် ရန်ကြွေးများရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်အစိုးရဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်အား သံသယ၏အကျိုးခံစားခွင့်ကို ပေးခဲ့ပြီး လက်ရှိ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် သဘောတူခဲ့သည်။ သူမသည် NLD တစ်ခုလုံးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် တောင်းဆိုခဲ့ပြီး အမျိုးသမီးများအား ခန့်ထားလိုကာ တိုင်းရင်းသားအုပ်စုများ၊ ပညာတတ်လူငယ်များအား NLD နုပျိုသစ်လွင်၍ အားကောင်းစေရန် ခန့်ထားလိုသည်။

NLD အတွက် လုပ်ဆောင်စရာ အလုပ်များစွာ ရှိနေပါသေးသည်။ ပါတီတွင် အရင်းအမြစ်များသည် အကန့်အသတ်နှင့်သာ ရှိနေပြီး ဌာနချုပ်ကလည်း ကျဉ်းမြောင်းကာ ခနော်နီခနော်နဲ့နိုင်လွန်းလှသည်။ ပါတီတွင် အဖွဲ့ဝင် မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။ Oxford မှ ပညာတတ် ဒေါ်အောင်ဆန်းစုကြည်သည် သံသယရှိနေသူများကို အနိုင်ယူပြရန် လိုအပ်နေသည်။ သူမ၏ ပါတီသည် ပါတီဝင်များ ရာနှင့်ချီ၍ ထောင်ချပစ်ခဲ့သည့် လူများနှင့် ဆက်ဆံရေး ပြုလုပ်၍ ညီညွတ်မှုရရှိရန် လိုအပ်နေသေးသည်။ ထိုသူများသည် တိုင်းပြည်၏ ပညာတတ်အလားအလာ ရှိသူများကို ပြည်ပသို့ ထွက်ပြေးစေခဲ့သေးသည်။

“ပါတီတွင်းမှာ ခြားနားနေတာတွေ ရှိနေပါသေးတယ်။ ကျွန်တော် ပုဂ္ဂလိကအမြင်အရ NLD ဟာ ပါလီမန်ကို ဝင်ဖို့ သဘောမတူသေးပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ကနဦးဝင်ပါထားချင်တယ်။ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ သူမက လက်ခံခဲ့ပါတယ်။ နိုင်ငံရေး ပြောင်းလဲဖို့တော့ မဖြစ်နိုင်သေးပါဘူး။” ဟု ဦးဝင်းတင်က ပြောသည်။ ယင်းသည် သက်တမ်းအရှည်ဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ပါတီတွင်းမှ ပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲသော တစ်ဦးတည်းသော NLD ပါတီဝင်ဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားသူအများစုကမူ အစိုးရသစ်အပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုမရှိသေးဘဲ သူမသည် ထောင်ချောက်အတွင်း သက်ဆင်း ရနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။ အစိုးရအပေါ် တရားဝင် အသိအမှတ်ပြုခံရရေး အတွက် သူမအား နယ်ရုပ်တစ်ရုပ် (Pawn) အဖြစ် အသုံးချလိမ့် မည်ဟုလည်း ထင်မြင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ဗိုလ်ချုပ်ဟောင်းများသည် အပေါ်ယံသာ လုပ်တတ်သည်ကို သဘောပေါက် သော်လည်း အလောင်းအစားသဖွယ် လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ဦးဝင်းတင်က ပြောသည်။ “မယုံကြည်ရတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ သူမက ဘာလို့စောင့်နေမှာလဲ လို့မေးပါတယ်။ တိုင်းပြည်အတွက် လုပ်ပေးနိုင်မယ့်အခွင့်အလမ်းရဲ့ လမ်းစလို့ သူမက မြင်ထားပါတယ်။ အန္တရာယ် ကြီးပေမယ့် လုပ်သင့်ပြီလို့ သူမက ယုံကြည်နေပါတယ်။” ဟု ယင်းက ပြောသည်။ အချို့သော ပြည်သူများက NLD ကို ပြန်လည် ဖြည့်ဆည်းခန့်ထားရန် သဘောတူပြီး ယခုမပြည့်စုံသော နိုင်ငံရေးစနစ်တွင် ပါဝင်ရန် သူမ၏ ဆုံးဖြတ်ချက်ကိုလည်း သဘောတူကြသည်။ အစိုးရတွင်း ဝင်၍ ပြောင်းလဲမှုများ အတွက် အလုပ်လုပ်ရန် ကိစ္စကိုလည်း သဘောတူကြသည်။

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်ပိုင်မဲတစ်ပြားဖြင့် ကိုယ်လိုချင်သော အစိုးရပုံစံကို ဖော်ထုတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ကိုယ်ပိုင်ဆိုင်သော မဲတစ်ပြားကို ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ကိုယ်ပိုင်မဲဖြင့် ကိုယ်လိုချင်သော အစိုးရတစ်ရပ်ကို ဖန်တီးရမည်ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲ တွင် ပြည်သူများအား ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ လူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်မှာပါ အဲ့တော့ ကျွန်မတို့ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရတစ်ခု ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်” ဟုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်းများ အတွက် မြစ်မခ မီဒီယာအားကျေးဇူးတင်ပါသည်.။

11 January 2012

ဗိုလ်ချုပ်အောင်ဆန်း ဇာတာ


ဗိုလ်ချုပ်အောင်ဆန်း ဇာတာ – ရေးသားသူ လှမိုး ပညာရေး ( မော်နီတာ ဂျာနယ်မှ )

မြန်မာနိုင်ငံ၏ အတိတ် သမိုင်း ရာဇ၀င် ကို ပြန်လည် လေ့လာ သောအခါ ခေတ် အဆက်ဆက် တွင် အုပ်ချုပ်ခဲ့သော ဘုရင်များ၊ အစိုးရ နှင့် ပြည်သူပြည်သား များသည် လောက သဘာဝ လောကဓာတ် ပညာနှင့် ဆက်စပ်၍ အတိတ်၊ တဘောင်၊ နိမိတ်၊ ဗေဒင် တို့ကို ယုံကြည် လက်ခံကြ ခဲ့ပါသည်။ ရာနှုန်းပြည့် မဟုတ် သော်လည်း ရာခိုင်နှုန်း တစ်ဝက်ကျော် (၆၀) ရာခိုင်နှုန်း လောက် ယုံကြည် လက်ခံသည်မှာ သေချာ ပါသည်။ လောကီပညာ ဟု ခေါ်သော ဗေဒင်၊ နက္ခတ် လက္ခဏာ တို့သည် အားလုံး တိကျစွာ မမှန်နိုင် သော်လည်း ထိုက်သင့် သလောက်တော့ မှန်ပါသည်။ အစွဲအလန်း ထား မယုံကြည်သင့် သော်လည်း မှန်ကန်သော ပညာရှင်၏ ဟောပြောချက် ကိုတော့ အလေးထား သင့်ပါသည်။

ကျွန်ုပ် စာရေးသူ သည် ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းကြောင်း နှင့် အဆိုအမိန့် များ၊ စာပေ လက်ရာများ ကို လေ့လာ သောအခါ နိုင်ငံကျော် ဗေဒင် ဆရာကြီး လျှပ်စစ် ဦးအုန်းသင် မှ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကာလက သတင်းစာ ဂျာနယ်များ တွင် ဗိုလ်ချုပ်၏ ဟောစာတမ်း ကို ရေးသား ပေးပို့ခဲ့ကြောင်း သိရှိ ရပါသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် လောကီပညာ နှင့် ပါတ်သက်၍ ယုံကြည်သင့် သလောက် ယုံကြည် ခဲ့သော်လည်း နိုင်ငံ လွတ်လပ်ရေး ရရှိရေး ကိုသာ အလေးထား ဦးစားပေး ဆောင်ရွက်နေရ၍ မိမိ၏ ဇာတာနှင့် ကံကြမ္မာကို အလေးမထား နိုင်ခဲ့ပေ။

ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တွင်“ဖေဖော်ဝါရီ (၁၃) ရက် ဖွားမြင်သော ကျွန်ုပ်သည် ကိုင်ရို နည်းပညာအရ (၁၃) ဂဏန်း ပိုင်ရှင် သည် ထင်ပေါ် ကျော်ကြားသော ခေါင်းဆောင် ဖြစ်သည်။ဟု သူကိုယ်တိုင် ရေးသား ထားသော အချက် တစ်ချက်သာ တွေ့ရပါသည်။ ဗိုလ်ချုပ်ကို မီခဲ့သော အသက် (၈၀) ကျော် လွတ်လပ်ရေး မော်ကွန်းဝင် ဆရာကြီး တစ်ဦး မှ မန္တလေး ရှိ ဆရာတော် တစ်ပါး သည် ဗိုလ်ချုပ်၏ ဇာတာသည် ဘုန်းကြီး သော်လည်း အသက်မရှည် နိုင်သော ဇာတာ ဖြစ်ကြောင်း ဟောဆို ခဲ့ဖူးကြောင်း သို့သော် ဗိုလ်ချုပ် အနေနှင့် ဘာသာရေး ကိစ္စ လုပ်ဆောင်ရန် စိတ်ဆန္ဒ ရှိသော်လည်း တိုင်းပြည် အခြေအနေ အရ နိုင်ငံရေး ကိုသာ စိတ်ဝင်စား အာရုံစိုက် ခဲ့ကြောင်း ပြောဆိုခဲ့ဖူး ပါသည်။

ယခု စာရေးသူ အနေဖြင့်“ဗိုလ်ချုပ်၏ဇာတာ” အဟော မူရင်း အတိုင်း ရေးသား ဖော်ပြပေး လိုက်ပါသည်။

(မှတ်ချက်) ဆရာကြီး ဦးမြင့်သွင် ၏ စလေ ဆရာကြီး ဦးပုည အဖွင့်ကျမ်းတွင် ရာသီစက်ဝိုင်း၌ (လ၁၂၃) ဟု ဖော်ပြထား၏။ မကာရလဂ်၊ မကာရစန်း၊ မကာရ ရာသီ ပိုင်ရှင် ဖြစ်ပါသည်။

မူရင်း ဟောစာတမ်း

သက္ကရာဇ် (၁၂၇၆) ခု၊ တပေါင်း လဆန်း (၁) ရက်၊ စနေနေ့ (၁၃၊ ၂၊ ၁၉၁၅) နံနက် (၅) နာရီ (၃၅) မိနစ် (၂၅) စက္ကန့် တွင် နတ်မောက်မြို့ ၌ ဖွားမြင်သည်။ နေကြတ်ပြီး တစ်ရက်ကျော် အကြာ၌ ဖွားမြင်သည်။ လက် ၉ – သံ ၄၈ တနင်္လာ ၉ – ၁၃ံ ၅၇” တနင်္လာ ထူလ ဒသာ နှစ်ကြွင်း၊ ၇ နှစ်၊ ၁၄ ရက်။

ဗိုလ်ချုပ် အောင်ဆန်း သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကို တည်ဆောက် ခဲ့သော မြန်မာနိုင်ငံသူ နိုင်ငံသား တို့၏ အထူး ယုံကြည် လေးစားခြင်း ကို ခံရသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ အပြုအမူ၊ အနေအထိုင်၊ စွမ်းရည် သတ္တိများ ထူးခြား သကဲ့သို့ မူလဇာတာ အခြေခံ မှာလည်း ထူးခြား လှသည်။


ထူးခြားပုံမှာ အားလုံးသော ဂြိုဟ်အပေါင်း တို့တွင် သောကြာဂြိုဟ် မှတစ်ပါး မြေဓာတ် ရာသီနှင့် လေဓာတ် ရာသီ လွှမ်းမိုးရာ ရာသီတို့တွင် ဂြိုဟ်များ ရပ်တည်နေခိုက် ကြုံစဉ် ဖွားမြင်လေရာ ဇာတာရှင်သည် ထိုရာသီတို့၏ သဘောတရား အတိုင်း မြေထု ကဲ့သို့ မပြောင်းလဲ တည်မြဲသည့် စိတ်ဓာတ်ဖြင့် တစ်သမတ်တည်း တစ်မျိုး တစ်စားတည်း သို့သာ အာရုံ စူးစိုက် ပြီးလျှင် မိမိ ကြံစည် ကြိုးစားရာ၌ အောင်မြင်သည် အထိ ရွပ်ရွပ်ချွံချွံ လုပ်ကိုင် ဆောင်ရွက်လေ့ ရှိခြင်း။ လေဓာတ် ရာသီတွင် ဂြိုဟ်များ ရပ်တည်ခဲ့သော သဘောအရမှာ လေသည် အစဉ်သဖြင့် လှုပ်ရှားနေ သကဲ့သို့ ဇာတာရှင်သည် မိမိ၏ ကြံစည်မှု တို့ကို လှုပ်ရှားနေ စေခဲ့လျှင် လပင် အိပ်နေစေကာမူ ကြံစည် စိတ်ကူးမှု တို့သည် ဆိတ်ငြိမ်နေသည် မရှိဘဲ မိမိ ကြိုးစားကြံစည်ရာတွင် မည်သို့မည်ပုံ လုပ်ရမည်ကို အစဉ်မပြတ် စဉ်းစား ကြံစည်နေသော အလေ့အထ၊ အမူအကျင့် များမှာကား မည်သူမျှ ယှဉ်ပြိုင်၍ မရလေအောင် အကြံကြီးလှသော ရှေ့ဆောင် လမ်းပြ နိုင်ငံရေး သမားကြီး တစ်ဦးပင် ဖြစ်လေသည်။

ဇာတာတိုင်း တို့၌ များလှစွာသော ဂြိုဟ်အပေါင်း တို့သည် လေရာသီ မှာသာ တည်နေလျက် လဂ်စန်း တို့မှာ မြေဓာတ် ရာသီ၌ တည်နေပါမူ ဇာတာရှင်သည် ရှေ့ဆောင် လမ်းပြ ဖြစ်သော နိုင်ငံ၏ အကျိုးကို သယ်ပိုး ဆောင်ရွက်လျက် ရှိသော နိုင်ငံရေး သမား ဖြစ်ရအံ့ ဟု ယူဆ ပြောအပ်၏။ တစ်နည်းအားဖြင့် ထိုကဲ့သို့ ဇာတာရှင်ကို ပညာသည်ကြီး (ပညာရှင်) များ ဟူ၍ လည်းကောင်း ရှေ့နေ ရှေ့ရပ် တရားသူကြီး ဟူ၍ လည်းကောင်း ဟောဆို ရပြန်လေသည်။

စကားပြော တိကျ ပြတ်သားခြင်း မှာ (၂) တန့် ကဋုမ္ပ ဘာဝနှင့် သက်ဆိုင်၍ (၀ါစာပတိ) ဂြိုဟ် ခေါ် ကြာသပတေး သည် ဗုဒ္ဓဟူး နှင့် အတူတကွ (၂) တန့် ဘာဝ ၌ ရပ်တည် နေကြပြီး ထိုဘာဝ သခင်ဂြိုဟ် ဥစ် န၀င်း ကို စီးနေခဲ့သော ဇာတာရှင်သည် စကားပြော ကောင်းသည် ဟု ရေးသား ထားရှိသည့်အချက် နှင့် ဗိုလ်ချုပ် ဇာတာ မှာ တူညီနေခြင်း ကို တွေ့ရှိရပေရာ ဗိုလ်ချုပ်ကို အမြင်အားဖြင့် စကားပြော နည်းသည်ဟု ထင်မှတ် ရစေကာမူ ပြောရန် ရှိလျှင် သူတစ်ပါး တို့ထက် ထူးခြား ရှည်လျားစွာ ပြောဆိုရမှ ကျေနပ်သူမျိုး ပင် ဖြစ်လေသည်။ ပြောလည်း ပြောခဲ၏။ ပြောဆိုသော စကားလုံး တို့၌ ပရိယာယ်မသုံး။ မှန်ကန် တိကျစွာဖြင့် တစ်ခါတရံ သုံးနှုန်းမှု တို့သည် သာမန် လူသားတို့၏ သုံးစွဲလေ့ ရှိသော စကားကို ပြတ်သားစွာ အသုံးပြုခြင်း ဖြင့် လူထုသည် ဗိုလ်ချုပ်အား ပိုမို စွဲလန်းသည် ကို တွေ့ရ၏။

အကြောင်းရင်းကား အခြားမဟုတ်။ ဗုဒ္ဓဟူးနှင့် ကြာသပတေး ဂြိုဟ်ပူး ယှဉ်ရာတွင် ရာဟုဂြိုဟ် ပါဝင် ပူးယှဉ်နေခြင်း ကြောင့် ဘွင်းဘွင်း နှင့် ရှင်းရှင်း ပြောဆို လေ့ရှိသည်ဟု ယူဆရ၏။ ဗိုလ်ချုပ် အောင်ဆန်းသည် (ဖဆပလ) အဖွဲ့ချုပ် မှာ ဥက္ကဋ္ဌ လုပ်ကိုင် နေဆဲ ကာလ ရာထူး လက်မခံ သေးမီ (၁၉၄၆) ခုနှစ်၊ ဇူလိုင် အတွင်းမှာ မြန်မာ့အလင်း သတင်းစာတိုက် သို့ လည်းကောင်း၊ သံတော်ဆင့် သတင်းစာတိုက် သို့ လည်းကောင်း၊ ဒီးဒုတ် ဂျာနယ် ဦးဘချို ထံသို့ လည်းကောင်း ဗိုလ်ချုပ် ထံသို့ ပါ အကျွန်ုပ် သည် ဗိုလ်ချုပ် အောင်ဆန်း ၏ ဟောစာတမ်းကြီး များမှာကား အဘယ်မျှ လောက် မှန်ကန်ခဲ့ကြောင်း အောက်တွင် ဖတ်ရှုပါဦး။

သတင်းစာ ဂျာနယ် တို့၌ ဖော်ပြပါ ရှိချက်များမှာ ဗုဒ္ဓဟူး နှင့် စနေဂြိုဟ် တို့သည် ရာသီချင်း လဲလှယ်ကြလျက် စနေဂြိုဟ်မှာ ဥစ်န၀င်း၊ ဗုဒ္ဓဟူး ဂြိုဟ် မှာ မြတ်သော န၀င်းတွင် စီးပြီး၊ ၀ါစာ ဌာနနှင့် အသိဉာဏ် ကို ပေးစွမ်းသော ဌာနများ တွင် ရပ်တည် နေကြရာ ဇာတာရှင်သည် စောင့်စည်း ခြိုးခြံခြင်း ဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ ကို ညှာတာ ငဲ့ကွက်လေ့ မရှိဘဲ တိုင်းပြည် လူထု၏ အကျိုးကို မဖြစ်မနေ စိတ်၊ ဇွဲကြီး လှစွာဖြင့် အများ၏ အကျိုးကို အောင်မြင်သည် အထိ ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်ထူး ပင်ဖြစ်သည်။

၎င်း အကြောင်းမှာ တနုဘာဝ ရှိ ဥစ်န၀င်း စီးလျက် ရှိသော စန်းကြောင့် ဖြစ်ပေသည်။ လဂ်သည် အလွန် အားရှိ၏။ ၃ တန့်၊ ၉ တန့် သခင်ဂြိုဟ်များ ဖြစ်ကြသော ဗုဒ္ဓဟူး နှင့် ကြာသပတေး သည် အံသာ နီးကပ်စွာ ပူးယှဉ်လျက် လက်တွင် ဥစ် အင်္ဂါ ပူးယှဉ်ပြီးလျှင် လဂ် သည်ပင် အင်္ဂါ န၀င်းတွင် စီးနေ ခဲ့ရကား ကမ္ဘာပေါ်တွင် ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရပေသည်။ န၀င်းစက်မှာ လက္ခဏာ သခင်ဂြိုဟ် ဥစ် န၀င်း စီးခြင်း နှင့် ဗုဒ္ဓဟူး စနေဂြိုဟ်တို့ ရာသီ ချင်း လဲလှယ် နေသောကြောင့် လူအပေါင်း တို့၏ ချစ်ကြည် လေးစားခြင်း ခံရခြင်းပင် ဖြစ်လေသည်။

စနေဂြိုဟ် မှတစ်ပါး အားလုံးသော ဂြိုဟ်တို့သည် အရှေ့ဘက် ရာသီတွင် ပေါ်ဆဲ ကြုံခြင်း၊ ၇ တန့်၊ ၁၁ တန့် သခင် ဂြိုဟ်များ သည် လဂ် ၏ ပထမဘာဝ တွင် ပူးယှဉ် ရပ်တည်နေခြင်း ကြောင့် ဇာတာရှင် အဖို့ ကျန်းမာရေး မှာ သန့်ရှင်းစွာ မကောင်း လှချေ။ ဦးခေါင်း ကို အစိုးရသော အင်္ဂါဂြိုဟ် မှာ ပါပဂြိုဟ်များ ပူးယှဉ်၍ နေခဲ့သည့် အတိုင်း ဦးခေါင်းကို မကြာခဏ ဥပါဒ်ပေး စေတတ်သောကြောင့် မူးဝေခြင်း၊ ဦးနှောက် သွေးလွန်ခြင်း စသော ရောဂါများ ဖြစ်ပေါ် တတ်လေသည်။

ဇာတာရှင် မှာကား အသက် အလတ်တန်းစားသာ ရှည်မည်။ ကောဇာ ကြာသပတေး ဂြိုဟ်ကြီး သည် တူရာသီ သို့ ရောက်ရှိပြီး (၁၃၀၀) ခု ၀ါခေါင် လပြည့်ကျော် (၃) ရက် မှ မူလ တနင်္ဂနွေနေ့ အံသာ (၁၂၀) အကွာ မြင်မည့် အချိန်က စပြီး ရှေ့အဖို့ ဗိုလ်ချုပ် အောင်ဆန်း သည် အထူးပင် ထင်ပေါ် ကျော်ကြား လျက် မြန်မာပြည် အဆင့်အတန်း မြင့်တက်ခြင်း ၏ ပထမအဆင့် လှေကားထစ် သို့ ရောက်ရှိပေအံ့ ဟု နက္ခတ် စက်ကို အခြေ ထားပြီး ရေးသား ဟောဆို ရပေသောကြောင့် ဟု သတင်းစာ ဂျာနယ် များတွင် ရေးသား ဖော်ပြပါရှိ ဟောဆိုခဲ့သည့် အတိုင်း ဟောထားသော အချိန်မှ (၄၄) ရက် အကွာ ဖြစ်သော (၁၃၀၈) ခု၊ သီတင်းကျွတ် လဆန်း (၃) ရက် (၂၈၊ ၉၊ ၁၉၄၆) ခုနှစ် နံနက် (၁၀) နာရီ အချိန် ၊ ဘုရင်ခံ ဆားဟူးဘတ်ရန့်ရှ် ၏ ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း သည် ကျမ်းသစ္စာ ဆိုပြီး မြန်မာနိုင်ငံမှ ပထမဆင့် တိုးတက်လျက် ကြားဖြတ် အစိုးရ ဖွဲ့စည်းကာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် စတင် ဆောင်ရွက် ခဲ့လေသည်။ သည်ဟောဆိုချက်သည်ကား တင်ကြို ဟောဆိုရာ၌ အတိအကျ မှန်ခဲ့၏။

ဇာတာရှင် ကား အသက် အလတ်တန်းစား ရှည်သည်ဟုဟောဆိုခဲ့ရာတွင် ထိုစာပိုဒ်ကိုမူကား သတင်းစာဂျာနယ်၊ အယ်ဒီတာများက ပြတ်ထား ခဲ့ပြီးနောက် အထက်ပါ ဟောစာတမ်းအတိုင်း ထည့်သွင်း ဖော်ပြကြလေသည်။

(ထိုစာပိုဒ်ကို ဖြတ်ထားခြင်း ၏ အကြောင်းရင်း မှာ တိုင်းသူပြည်သား တို့၏ အများဆုံး ယုံကြည် လေးစားခံရသော ခေါင်းဆောင်ကြီး အတွက် လူထု၏ စိတ်ဓာတ်ကို မထိခိုက် စေလို၍ ဖြတ်ထားကြောင်း သိရပေသည်။)

သက္ကရာဇ် (၁၃၀၉) ခု၊ ၀ါခေါင် လဆန်း (၂) ရက်၊ (၁၉၊ ၇၊ ၁၉၄၇) ခု၊ စနေနေ့ နံနက် (၁၀) နာရီ မိနစ် (၃၀) အချိန် တွင် အတွင်းဝန်များ ရုံးခန်း ၌ အမှုဆောင် ၀န်ကြီးများ အစည်းအဝေး ကျင်းပစဉ် ဗိုလ်ချုပ် နှင့် တကွ အပေါင်းပါ ၀န်ကြီး (၇) ဦးမှာ လူသတ်သမား တို့၏ လက်ဝယ် ၌ လုပ်ကြံမှု ခံရ၍ ကျဆုံး ရလေသည်။

နက္ခတ် ဗေဒင် ပညာရပ် အရမူ လက်တွင် ပါပဂြိုဟ် များနှင့် အင်္ဂါဂြိုဟ် ပူးယှဉ်လျက် မရဏ ဘာဝ သခင် တနင်္ဂနွေ သည် စနေနှင့် န၀င်း ဂြိုဟ်စီးခြင်း၊ အသက်နှင့် ဆိုင်ရာ ၆ တန့်၊ ၇ တန့်၊ ၈ တန့်တို့ ၏ ဘာဝသခင်ဂြိုဟ် များကို ရာဟုဂြိုဟ် ကြတ်နေခြင်း များသည်ကား ဂြိုဟ်၏ ကျမ်းလာ နှင့် သေခြင်း အကြောင်းတရား တို့သည် တိုက်ဆိုင် ကိုက်ညီနေသည် ကို တွေ့ရပေသည်။ ဗိုလ်ချုပ်သည် အသက်အားဖြင့် (၃၂) နှစ် (၅) လစေ့ ရောက်စဉ် ကြာသပတေး ထူလာ ကြာသပတေး ဂြိုဟ်ကြီး သည် မရဏဂြိုဟ် အစစ် ဖြစ်လျက် လဂ်၏ (၂) တန့်တွင် ရပ်တည် နေသော ဂြိုဟ်ဖြစ်ရာ ထိုဒသာ စားဆဲ ကာလ ကြုံရပြီး ကောဇာ ကြာသပတေး တူရာသီတွင် ရပ်တည်နေခိုက် ကြုံစဉ် မည်သူမျှ မလွဲမရှောင် နိုင်သော သေခြင်းတရား ကို လက်ခံလိုက် ရပေသတည်း။

လျှပ်စစ်ဗေဒင်ဦးအုန်းသင် အထက်ပါ ဟောစာတမ်း ကို မူရင်း ဖော်ပြချက် အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။ စနေနေ့မှာ မွေးဖွားသော ရာဇဖွား အာဇာနည် ခေါင်းဆောင် အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး ကျဆုံးသွားသော နေ့မှာ စနေနေ့ ဖြစ်ပြီး စနေဂြိုဟ် သက်ရောက်စဉ် ကာလနှင့် လည်း ကြုံကြိုက် နေပါသည်။ မည်သို့ပင် ဖြစ်စေကို ဟောစာတမ်း သည် သမိုင်းဝင် ဟောစာတမ်း တစ်စောင် ဖြစ်ခဲ့သည် ဟု ယူဆ ယုံကြည်မိ ပါတော့သည်။

သမိုင်းဝင် သိမှတ်ဖွယ်ရာ ကမ္ဘာကျော် ဇာတာရှင် ကြီးများ ၏ ဟောစာတမ်းမှ – ဗိုလ်ချုပ်အောင်ဆန်း ၏ဇာတာ

လှမျိုး(ပညာရေး)

လောင်းကစားဝိုင်းများပြုလုပ်ရန် စစ်တပ်သို့ ငွေအမြောက်အမြားပေးရ

သံတွဲမြို့အခြေစိုက် အမှတ် ၅၅ ခြေလျှင်တပ်ရင်းဝင်းအတွင်း ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းနိုင်ရန်အတွက် စစ်တပ်သို့ ငွေအမြောက်အမြားပေးခဲ့ရသည်ဟု ပွဲကန်ထရိုက်ဆွဲသူများ က ပြောသည်။

ယခုလ ၄ ရက်မှ စတင်ကာ အမှတ် ၂ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲမှ လေးရက်တိုင်ဖျော်ဖြေခဲ့သော ၎င်းပွဲတွင် လောင်းကစားဝိုင်းပေါင်း ၃၀ ကျော်အတွက် ကျပ်ငွေ သိန်းငါးဆယ် ပေးခဲ့ရသည်ဟု လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲသူများကပြောသည်။

ပွဲတော်အတွင်း လောင်းကစားဝိုင်းများပြုလုပ်ရန် ငွေကျပ်သိန်းသုံးဆယ်ဖြင့် တပ်ရင်းမှူးနှင့်ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး ပွဲပြုလုပ်ရန်ရက်ပိုင်းအလိုတွင် ၎င်းမှာခရီးထွက်သွားခဲ့သည်။ တပ်တွင်ကျန်ရှိသော အခြားအရာရှိများက လောင်းကစားဝိုင်းထည့်လိုလျှင် ငွေကျပ်သိန်းငါးဆယ်ပေးရမည်ဟုတောင်းဆိုကြောင်း
လောင်းကစားဝိုင်းများပြုလုပ်ရန် ကန်ထရိုက်ဆွဲသူများကပြောသည်။

လောင်းကစားပွဲအတွက် ကန်ထရိုက်ဆွဲသူတစ်ဦးက “ဗိုလ်မှူးတွေက အတင်းအကျပ်တောင်းတယ်။ မပေးရင်ပွဲဖျက်ပစ်မယ်ပြောလို့ ပေးလိုက်ရတယ်” ဟု ပြောသည်။

လောင်းကစားဝိုင်းတစ်ဝိုင်းစီမှ လေးရက်စာအတွက် ပွဲအကောက်ခွန်ငွေ ကျပ်တစ်သိန်း ခွဲကောက်ခံပြီး လောင်းကြေး အလျော်အစားအဖြစ် ငွေကျပ် ၅၀၀ မှ ၁၂ သိန်းအထိရှိခဲ့ကြောင်း ခြောက်ကောင်အံစားတုံးဆွဲ လောင်းကစားဒိုင်တစ်ဦးကပြောသည်။

ယင်းလောင်းကစားပွဲများတွင် သံတွဲမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင် ၀င်ရောက်လောင်းကစားနေသည်ဟု မျက်မြင်တွေ့ခဲ့သည့် သံတွဲမြို့ခံတစ်ဦးကပြောသည်။

၎င်းဖျော်ဖြေပွဲတွင် ခြောက်ကောင်အံစာတုံးဆွဲ၊ ဆယ်ကောင်အ၀ိုင်းလှည့်၊ မြှားပစ်၊ ကြွေအံပစ်နှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်သော လောင်းကစားဝိုင်း ၃၀ ကျော်ပါဝင်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှဖြစ်သည်ဟု သွားရောက်ခဲ့သူတစ်ဦး ကပြောသည်။

နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များ တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ပွင့်လင်းရာသီများတွင် လာရောက်ဖျော်ဖြေလေ့ ရှိသည်ဟု သံတွဲမြို့ခံများကပြောသည်။ ။


သတင်း.....Yangon Press International

မြန်မာစစ်တပ်က သမ္မတ၏ အပစ်ရပ်အမိန့်ကို ဖီဆန်ဟုဆို

(Monster and Critics မှ 10 January 2012 ရက်စွဲပါ Myanmar army accused of ignoring president’s ceasefire order ကို yangon chronicle မှဘာသာပြန်ဆိုသည်)

မြန်မာစစ်တပ်သည် ပြီးခဲ့သည့်လအတွင်းက သမ္မတက ကချင်တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အပစ်အခတ်ရပ်ရန် အမိန့်ထုတ် ထားသော်လည်း ပစ်ခတ်မှုများကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ခုက အင်္ဂါနေ့ (ယနေ့)တွင် ပြောကြားလိုက်သည်။

“ဒီဇင်ဘာလတုန်းက သမ္မတဦးသိန်းစိန်က စစ်တပ်ကို တိုက်ခိုက်မှုရပ်ဖို့ အမိန့်ထုတ်ထားပါတယ်” ဟု လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော Refugees International က ဆိုသည်။ “ဒါပေမဲ့ခုဒီစာကို ရေးနေတဲ့ထိ တိုက်ခိုက်မှုတွေ ဆက်နေတုန်းပါပဲ။ ဒါ ဘာကို ပြသလဲဆိုရင် အရပ်ဘက်အစိုးရအသွင် ကူးပြောင်းခြင်းကို စစ်တပ်က မလိုလားသေးဘူးဆိုတာကိုပါ။” ဟု ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ပြည်သူလူထု သုံးသောင်းကျော်မှာ အိုးအိမ်နေရာများ ရွှေ့ပြောင်းခဲ့ရပြီး လူမှုရေးဒုက္ခများပြင်းထန်စွာ ခံစားနေရကြောင်း အဆိုပါအဖွဲ့က သတိပေး ပြောကြားသည်။

သမ္မတဦးသိန်းစိန်က စစ်ရေးတိုက်ခိုက်မှုများရပ်ဆိုင်းရန် ဒီဇင်ဘာ ၁၃ ရက်က ညွှန်ကြားလိုက်ခြင်း ဖြစ်သော်လည်း တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေး ဟု Refugees International က ပြောသည်။ ကုလသမဂ္ဂက တင်ပြထားသော ကယ်ဆယ်ရေးအလှူငွေဒေါ်လာ ၆.၄ သန်းကို အလှူရှင်များက လျင်လျင်မြန်မြန် မပေးနိုင်ပါက ဒုက္ခသည်များ အနေဖြင့် လာမည့်လအနည်းငယ်ခန့်အတွင်း အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ယင်းတို့က ဆိုသည်။

လက်ရှိသမ္မတသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်လွှတ်ပေးခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတပ်မတော်(SSA-S)၊ China National Front စသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စာချုပ်များ ချုပ်ဆိုခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ လာမည့်ကြာသပတေးနေ့တွင်လည်း အစိုးရအဖွဲ့သည် ၆၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသားယူနီယံ (Karen National Union-KNU) နှင့် ငြိမ်းချမ်းရေး စတင်ဆွေးနွေးမည် ဖြစ်သည်။

ကရင်နီ (ကယား) ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူလူငယ်များပြားလာ

ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရသူများအနက် အသက် ၂၀ ၀န်းကျင် လူငယ် အများစုပါဝင်နေသည်ဟု အထက်တန်းရှေ့နေ တဦးက ပြောသည်။

“အခု အမှုတွေလိုက်နေရတဲ့အထဲမှာ မူးယစ်ဆေးဝါးကိစ္စတွေကြောင့်များတယ်၊ လူငယ်အုပ်စုတွေမှာ များတယ်၊ အသက်နှစ်ဆယ်ဝန်းကျင်တွေဖြစ်တယ် ” ဟု ပြောသည်။

သူ့အနေဖြင့် ယခုလက်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံနေရသည့် လူငယ်တဦး၏ အမှုကို လိုက်ပေးနေရသည်ဟုလည်း ပြောသည်။ ၎င်းက လူငယ်အများစုသည် လွိုင်ကော် တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/သားများဖြစ်ကြသည်ဟု လည်း ဆိုသည်။


ရဲများက မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရသော ကျောင်းသူကျောင်းသားများကိုလိုက်လံစစ်ဆေး လျှက်ရှိရာ ကျောင်းသားများ ထံမှ စိတ်ကြွဆေးပြားများ ၊ ရာဘဆေးများကို တွေ့ရသဖြင့်ကျောင်းသားများအား ဖမ်းဆီးထားကြခြင်းဖြစ်သည်။

“ရဲတွေ လိုက်စစ်ဆေးတဲ့အခါ လက်ထဲမှာ ဆေးတပြားနှစ်ပြားတွေ့ရပြီး ဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးသုံးသူတွေထဲမှာလည်း ရဲတွေက အများဆုံးပါတယ်။ ဆက်နွယ်နေတယ်။ သူတို့သိနေတာ ဘယ်ကလေးက ဘာတွေလုပ်နေလဲဆိုတာသိတယ် ” ဟု ပြောသည်။

လူငယ်များအကြား ဆေးသုံးစွဲမှု ပြန့်နှံ့နေခြင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး စီးပွားရှာသူ များပြားလာခြင်းကြောင့်ဖြစ်သည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

“လူငယ်တွေက စမ်းသပ်နေကြတာ ရဲတွေကလည်း အကိုင်းအဖျားတွေဘဲ လိုက်ဖမ်းနေတယ်။ ပင်စည်တွေကို ဖမ်းပါ။ လက်ညိုးထိုးလိုက်ရင် လွိုင်ကော်မြို့မှာ အရင်းအမြစ်တွေက အများကြီးဘဲ သူတို့မဖမ်းဘူး” ဟု ၎င်းမြို့ခံက ပြောသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာ ကျယ်ပြန့်လာသည့်နောက်တွင် တက္ကသိုလ်ကျောင်းသူ/သားများနှင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို စိုးရိမ်နေကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံလူမှုအဖွဲ့အစည်းများက မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပ ပြုလုပ်လာကြသည်။

ဖရူးဆိုမြို့နယ် မူဆိုကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ် မြို့မ အုပ်စု အတွင်းတွင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံ အဖွဲ့အစည်းများက ပူးပေါင်းကာ ပညာပေး ဟောပြောပွဲများ ကျင်းပကြသော်လည်း ယခုဟောပြောပွဲများဖြင့် လူငယ်များအား ထိရောက်စွာပညာပေးနိုင်ခြင်း မရှိသေးဟု မြို့ခံတဦးက ဝေဖန်သည်။

သတင်း.........Yangon Press International

10 January 2012

ကယား ပြည်နယ်သို့ လာရောက် လည်ပတ်သော ပြည်ပ ဧည့်များ လွိုင်ကော်မှ အပ အခြားမြို့ရွာ များသို့ သွားခွင့် မပြုထား

ကယားပြည်နယ်သို့ လာရောက် လည်ပတ်သော ပြည်ပနိုင်ငံသား ဧည့်များအား လွိုင်ကော်မြို့မှ အပ အခြား မြို့များနှင့် ဒေသများသို့ သွားရောက်ခွင့် အား တားမြစ် ထားကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ တားမြစ် ထားရခြင်းမှာ ပြည်ပ နိုင်ငံသား ဧည့်သည် များ၏ လုံခြုံရေး အတွက်ကြောင့် ဖြစ်ပြီး လွိုင်ကော်မြို့ မှအပ အခြား မြို့ရွာများသို့ မိမိတို့ သဘောဖြင့် တားမြစ် ထား သည့်ကြားမှ သွားရောက်၍ တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ် ခဲ့ပါက ဖြစ်ပေါ်လာသော ပြဿနာ များအား ဖြေရှင်း ပေးရန် အခက်အခဲများ ရှိသည့် အ တွက် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

ထို့အပြင် ကယားပြည်နယ်သို့ ပြည်ပ နိုင်ငံသားများ အနေဖြင့် လာရောက် လည်ပတ်မည် ဆိုပါက ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာန တို့၏ ခွင့်ပြုချက် ပါမှသာ လာရောက် လည်ပတ်နိုင်မည် ဖြစ်သည့်အပြင် ခွင့်ပြုချက် တောင်းခံစာ၌ ဒေသ လုံခြုံရေး အရ ခရီးသွားလာ ခွင့်ပြုသော ဒေသမှ အပ အခြား မြို့ရွာများသို့ သွားရောက်ခွင့် မပြုဟူသော ဝန်ခံကတိကို ဖြည့်စွက်ရကြောင်း ၄င်းက ရှင်း ပြသည်။

ကယားပြည်နယ်သို့ လာရောက် လည်ပတ်သူ အမေရိကန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ”ကယားပြည်နယ်ဟာ ငြိမ်းချမ်းရေး ရတဲ့နယ်မြေ ဖြစ်နေပြီ။ မည်သည့်နေရာ ကိုမဆို သွားရောက် လည်ပတ်ခွင့် ရှိတယ်ဆိုပြီး အွန်လိုင်းမှာ တွေ့ရတဲ့အတွက် ကျွန်တော်တို့က ပဒေါင် လူမျိုးတွေနဲ့ ငွေတောင်ဆည်ကို တွေ့မြင်ချင်တဲ့ အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ကနေ လာခဲ့တာ။ ဒီကိုရောက်တော့ လွိုင်ကော်မြို့ပေါ်ပဲ သွားခွင့်ပြုတယ်။ ငွေတောင်ဆည်ကိုလည်း သွားခွင့် မပြုတဲ့အပြင် ပဒေါင် လူမျိုး တွေနေတဲ့ ရွာတွေကိုလည်း သွားခွင့်မပြုဘူး။ ဒီခရီးစဉ် အတွက် ကုန်ကျငွေက မြန်မာငွေ ၁၅ သိန်းလောက် ကုန်ပေမယ့် ကျွန်တော်တို့ အတွက် ဘာမှအကျိုး မရှိခဲ့ ဘူး။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး မြန်မာနိုင်ငံကို လာချင်တဲ့ ကျွန်တော် တို့နိုင်ငံသားတွေ အများကြီးပဲ။ အခုလိုမျိုး ခရီး သွားလာခွင့် ကန့်သတ်ချက် ထားတာတွေကတော့ တကယ့်ကို စိတ်ပျက်စရာပဲ”ဟု ဆိုသည်။

သတင်း.. Popular Myanma

ရွေးကောက်ပွဲ အောင်နိုင်ရေး ရန်ပုံငွေ ပြက္ခဒိန် ။ ၀ယ်ယူ အားပေးခြင်းဖြင့် ကူညီဝန်းရံပါ ။



ကို Ah Bayah အားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်လျှောက်လွှာ တစ်သန်းခန့်ရောင်းချပေးခဲ့ရ

၂၀၁၂ခုနှစ် ဇန်န၀ါရီရီလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့ပြီး ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ ရောင်းချပေး ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါနေ့ နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် အန်အယ်လ်ဒီ ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့မှ ဆိုင်းဘုတ်တင်ဖွင့်လှစ်ပေးခဲ့ပြီး အန်အယ်လ်ဒီပါတီဝင် ဖြစ်လို သူများအတွက် ပါတီဝင်လျှောက်လွှာများကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပါတီလျှောက်လွှာကို ရုံးချုပ်က တစ်သန်း ထုတ်တယ်၊ အဲ့ဒါကို ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တွေကို ပြန်ရောင်းပေးတယ်၊ အဲ့ဒီမြို့နယ်မှာရှိတဲ့ မည်သူမဆို အဖွဲ့ဝင်တွေဆီကနေ ဖောင်ဝယ်ဖြည့်ပြီး ပါတီဝင်အဖြစ် လျှောက်ထားလို့ရပါတယ် “ဟု အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းက ပြောသည်။

ပါတီဝင်လျှောက်လွှာတစ်စောင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မိမိမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များထံတွင် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

“လျှောက်လွှာတွေကို စိတ်ဝင်စားပြီး ပါတီဝင်ဖြစ်လိုတဲ့ မည်သူမဆို တစ်စောင်တစ်ရာနဲ့ ၀ယ်ဖြည့်ပြီး တင်နိုင် ပါတယ်၊ အန်အယ်လ်ဒီပါတီ ရုံးချုပ်မဟုတ်ရင်တောင် ကိုယ့်မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေဆီမှာ ၀ယ်လို့ ရပါတယ် ”ဟု ပါတီလျှောက်လွှာရောင်းချနေသူတစ်ဦးက ပြောသည်။

ပါတီဝင်လျှောက်လွှာဖြည့်ပြီးသူများအနေဖြင့် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (သို့မဟုတ်) သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်ထံသို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။

မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်.။

09 January 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ( ပုံစံ )




ကို Ah Bayah အားကျေးဇူးတင်ပါသည်.။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အာဏာပြိုင်

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များဖြစ်ကြသည့် အင်းစိန်မှုခင်းတပ်ဖွဲ့နှင့် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့သည် ယင်းတို့၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ယင်း ဖြစ်ရပ်တို့၏အစမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်မောင်းနှင်လာသေ မော်တော်ယာဉ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာပြည်)၏ ဒုတိယမှုခင်းတပ်ဖွဲ့မှူးတို့ စီးနင်းလာသည့် မော်တော်ယာဉ်တို့ တိုက်မိရာမှ ဖြစ်ကြောင်း သိရသည်။

“တပ်ချုပ်ကြီးရဲ့မြေးကားနဲ့ တိုက်မိတယ်ဆိုပေမယ့် ကျွန်တော်တို့က ရဲမှူးကြီးကို ယာဉ်တိုက်မှုနဲ့ အရေးမယူပါဘူး။ ကားမှန်မှာ စတစ်ကာ ကပ်မှုနဲ့ပဲ အရေးယူလိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူလိုက်တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ ဆိုးလွန်းပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီးအား ယင်းသို့ အရေးယူခြင်းကြောင့် မှုခင်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများအား ပြစ်ချက်ရှာဖွေ၍ ဖမ်းဆီးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ယာဉ်ထိန်းနယ်မြေ(၁)မှ တပ်ဖွဲ့ဝင်လေးဦးနှင့် အခြားယာဉ်ထိန်းနယ်မြေမှ တပ်ဖွဲ့ဝင်သုံးဦးတို့မှာ တိုင်ကြားစာရောက်ရှိသည် ဆိုသည့် တိုင်တန်းချက်ဖြင့် ဒီဇင်ဘာ တတိယရက်သတ္တပတ်က ဖမ်းဆီးခံခဲ့ရကြာင်း သိရသည်။

“အင်းစိန်မှုခင်းတပ်ဖွဲ့က ယာဉ်ထိန်းကိုဖမ်းတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က သူ့လူတွေထိလို့ဆိုပြီး မြို့နယ်ရဲတွေ၊ တိုင်းရဲတွေ၊ ရဲထောက်လှမ်းရေးတွေ ဆိုင်ကယ်ရှိရင် ဖမ်းတယ်။ ဖြစ်ပုံက ဂျာအေးသူ့အမေရိုက်နေသလိုပဲ”ဟု ပန်းဘဲတန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သတင်း....Transparency Myanmar

NLD ပါတီဝင်လျှောက်လွှာများကို တစ်စောင်တစ်ရာနှုန်းဖြင့်ရောင်းချမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးပါတီအဖြစ်ပါတီမှတ်ပုံတင်ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မ
ရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် လာမည့် ဇန်န၀ါရီလ ၉ ရက်နေ့မှစတင်ကာ NLD ပါတီဝင် လျှောက်လွှာများကို မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဆိုသည်။

မကြာခင်ရက်ပိုင်းအတွင်း ဖြန့်ဝေမည့် ပါတီဝင်လျှောက်လွှာများတွင် ထူးခြားသော ဖြည့်စွက်ဖော်ပြစရာများ ပါဝင်မည်မဟုတ်ကြောင်း၊ ကိုယ်ရေးရာဇဝင် အကျဉ်းကဲ့သို့သော အကြောင်းအခြင်းရာများသာ ပါဝင်မည် ဖြစ်ကြောင်းကို ယင်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ အမြတ်မယူဘဲ၊ စာရွက်ဖိုးနဲ့ ရိုက်နှိပ်ခကိုသာ ယူမှာပါ။တစ်စောင်ကို တစ်ရာနဲ့ရောင်းမှာပါ”ဟု ယင်းကဆက်လက် ပြောကြားသည်။

NLD ပါတီဝင်အဟောင်းများသည် အသစ်တည်ထောင်လိုက်သည့် ပါတီတွင် ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ကာ ပါတီဝင် လျှောက်လွှာ များကို ပထမဆုံးအနေဖြင့် တစ်သန်းနီးပါး ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

“ပါတီတည်ထောင်သူတွေကလွဲရင် အကုန်ပြန်လျှောက်ရမှာပါ”ဟု ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည့် သမိုင်းဝင် ဆုံးဖြတ်ချက်အား ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် ချမှတ်ခဲ့သည်။


သတင်း...Transparency Myanmar

သမ္မတဦးသိန်းစိန်ထံ ရွှေသံစဉ် နဲ့ အလင်္ကာ တို့၏ ဂီတမှူး နိုင်ငံရေးအကျဉ်းသားကိုဝင်းမော် ရဲ့ သမီးအိတ်ဖွင့်ပေးစာ

Untitled

နိုင်ငံရေးအကျဉ်းသားဟောင်း များ စုပေါင်း၍ အဖြူရောင်တနင်္ဂနွေ လှုပ်ရှားမှု






ကျန်ရှိနေသေးတဲ့ မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် အားလုံးစုပေါင်းပါဝင်သည့် လှုပ်ရှားမှုကို ဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ မှာ စတင်လိုက်ပါတယ်။ ကနဦးအနေနဲ့ တာမွေ မြို့ နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ပေါင်း ၁၅ စု တို့ ရဲ့ အိမ်တွေကို စိတ်ဓာတ်ရေးရာ အရ သွားရောက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က ပြောပါတယ်။

ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ လှုပ်ရှားမှုတွေကို စတင်ခဲ့တာလို့ သိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများက စတင်စေ့ဆော်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ၂၀၀၇ ဗကသ ကျောင်းသားများ၊မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)၊အလုပ်သမား၊ လယ်သမားကွန်ယက် အဖွဲ့ များ ၊နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်၊နိုင်ငံရေးအကျဉ်းသားမိသားစုများကူညီစောင့်ရှောက်ရေး အဖွဲ့ စတဲ့ အဖွဲ့ ပေါင်းစုံ ကွန်ယက်ပေါင်းစုံ အပါအ၀င် စိတ်ပါဝင်စားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သွားအားပေးတဲ့ လူဦးရေ ကတော့ သုံးဆယ်လောက် ရှိတယ်တယ်လို့ သိရပါတယ်။

ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမီမီလွင်ကတော့ အခု လှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံ စီမံကိန်းလှုပ်ရှားမှုကဲ့သို့ ပင် အလွာအသီးသီးမှ လူပုဂ္ဂိုလ်များ၊စာပေ အနုပညာရှင်များ၊လူတန်းစား အားလုံးပါဝင်သည့် တနိုင်ငံလုံးအတိုင်းအတာ အထိ ကျယ်ပြန့် သည် လှုပ်ရှားမှု အဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို အားပေးသည့်လှုပ်ရှားမှုအပြင် အခြား ၀တ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင်ပုံပါသည့် တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိကြောင်း ပြောပါတယ်။

အီတလီနိုင်ငံက လာရောက်လေ့လာတဲ့ လွှတ်တော်အမတ် မစ္စတာ ဂျိုးဆက်မလ်ပလီ နဲ့ လည်း မဟန်နီဦး၏ အိမ်တွင် တွေ့ ဆုံစဉ် ကိုမင်းကိုနိုင်ပုံပါသော တီရှပ်ကို လက်ဆောင်ပေးခဲ့သဖြင့် မစ္စတာ ဂျိုးဆက်က အထူးကျေနပ်အားရ ကျေးဇူးတင်ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုကိုအီတလီနိုင်ငံတွင် ပိုမိုလုပ်ဆောင်သွားဖို့ ပြောခဲ့ပါတယ်။ယခုကဲ့သို အလားတူလှုပ်ရှားမှုတွေကို ၂၀၀၇ တွင် အဖမ်းဆီးမခံရမီက ကိုမင်းကိုနိုင် ဦးဆောင်ပြီး အခြား၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကဦးဆောင်ပြီး လုပ်ခဲ့ပါသေးတယ်။ အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှု(White Sunday Campaign)၊ပြည်သူတို့ ရဲ့ ရင်ဖွင့်သံ(Open Heart Campaign)စတာ တွေဟာ ပြည်သူတွေကြားမှာ ပြန့် နှံ့ ခဲ့ဖူးပါတယ်။

ဒီကနေ့ လှုပ်ရှားမှုကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ခဲ့တာ မရှိပေမယ့် အချို့ နိုင်ငံရေးအကျဉ်းသားမိသားစုအိမ်တွေကိုတော့ ယူနီဖောင်းဝတ်နဲ့ ရဲများ၊အခြားအရာရှိများက သွားရောက် မေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ...။Burma VJ Media Network

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ၊


သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်သွားရောက်တွေ့ဆုံစဉ်

သခင်သိန်းဖေ၏နေအိမ်တွင်သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်


နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယနေ့သခင်သိန်းဖေ၏နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီးဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)၊ဦးအုန်းကျော်တို့နှင့်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆွေး
နွေးခဲ့ပါသည်။

ညနေပိုင်းတွင်သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်လည်းသွားရောက်ကာအကျဉ်းသားများလွတ်မြောက်ရေး
အတွက်ဆွေးနွေးခဲကြပါသည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာမိန့်ဟာ လွတ်ငြိမ်းချမ်း သာလို့မခေါ်ထိုက်ပါဘူး ဆိုပြီးပြောပါသည်။

နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးတဲ့အတွက်နိုင်ငံရေးအဓိပ္ပါယ်ကိုစဉ်းစားလို့မရဘူးဟုဆိုပါတယ်၊ငြိမ်းချမ်း
စွာ လုပ်ပါ့မယ်ဆိုတဲ့လူတွေကို တချီတမောင်းတော့ချလိုက်အုံးမယ် ဆိုတဲ့စိတ် ခံစားချက်ဖြစ် တယ်လို့ဆိုပါတယ်။

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ်
ရပ်စဲရေး၊ပြည်သူ လူထုရဲ့ ၀န်ထုတ်ဝန်ပိုးတွေကိုအမြန်ဆုံးလျှော့ချရေးဆိုတဲ့စံသုံးချက်ကို ယနေ့ကာလမှာ အဓိကထားပြီးလုပ်ဆောင်ရန်ပြောကြားလိုက်ကြောင်းသိရပါတယ်။

သတင်း၊ဓာတ်ပုံ၊ .....Redstar Burma

ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ အချိန်တွင် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု စတင်

“နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။

ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။

သတင်း...Yangon Press International

“လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အငြိမ့်” - အပိုင်း (၁) မှ (၁၄) အထိ

08 January 2012

သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်

မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME(လက်ထောက်အင်ဂျင်နီယာ)ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအားအကြမ်းဖက် အုပ်ချုပ်နေပါတယ်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊ခြေထောက်ဖြင့် ကန်ခြင်းများကြိမ်ဖန်များစွာ ပြုလုပ်အုပ်ချုပ်နေပါတယ်။တစ်နေ့သောအချိန်မှာ (ဥပမာတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့ပါတယ်)မန္တလေးဘူတာကြီးမှ ရထားတစ်စင်း ရန်ကုန်ဘက်သို့ အချိန်မှန်မထွက်နိုင်ခဲ့ပါ။

စက်ခေါင်းပိုင်းဆိုင်ရာအားနည်းချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကိုဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါတယ်။အဲဒီအဖြစ်အပျက်လည်းသိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်မှာ တာဝန်ကျနေသောအလုပ်ကြပ်အပါအ၀င် (၅)ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါတယ်။

သူထိုးကြိတ်ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်းမချိန်ဆဘဲ အရင်ဆုံး လက်ရောက်ကျူးလွန်စော်ကားခဲ့ပါတယ်။ ထို (၅)ဦးထဲမှတစ်ဦး (ဌာနစိတ်အလိုက် အဆက်အသွယ်လုပ်ပေးရသူ)မှာ နှာခေါင်းသွေးများဖြာထွက်သည် အထိ ဖြစ်ခဲ့တယ်။

အဲဒီ AME ဆိုသူဟာ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတစ်ကြိမ်မဟုတ်ပါ။နှာခေါင်းသွေးထွက်သွားခဲ့သူ တစ်ဦးထဲပင် (၅)ကြိမ်ခန့် ပြုလုပ်ခဲ့ပါတယ်။စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးတယ်။သူဟာ ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလားမသိ ပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။

ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီးအနိုင်ကျင့်ဖို့ဘယ်ဝန်ကြီးက မှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့လုပ်ရပ်များသာဖြစ်ပါတယ်။ ၀န်ထမ်းငယ်များမှာ အကြောက်တရားများရှိနေကြပါတယ်။ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား စတဲ့ ပူပန်မှုတွေကနေကြောက် ရွံ့မှုအဖြစ်သို့ ရောက်ရှိသွားစေခဲ့တာပါ။

ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကမှာ ဒီလိုအဖြစ် အပျက်မျိုး ထပ်မံမကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များမကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါတယ်။ ဥပဒေရှိပါတယ်။ မဟုတ်ရင် မမှန်ရင်ဥပဒေနဲ့ ပြန်လည် တုံ့ပြန်နိုင်ပါတယ်။ နောက်တစ်ခု မီဒီယာတွေ ရှိပါတယ်လို့။

မီးရထားဝန်ထမ်းတစ်ဦး

သတင်းပေးပို့ပေးသော ကိုညိုကြီးအားကျေးဇူးတင်ရှိပါသည်.။

ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးအတွက် NLD ပါတီမှ သိန်း ၅၀၀ကျော်အသုံးပြုမည်

ပြည်ထောင်စုတိုင်းရင်းသားများ၏ ပညာရေးကိုထောက်ပံ့ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကျပ်ငွေသိန်း ၅၀၀ကျော် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တောင်စု တိုင်းရင်းသားများအတွက် ပညာရေးရန်ပုံငွေပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက အထက်ပါ အတိုင်း ပြောကြားသည်။

“သွားလှူမဲ့ နေရာတွေအတွက် ဒီငွေတွေဟာ မလောက်သေးဘူးဆိုရင် ဒေါ်စုဆီမှာအလှူခံသွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သိန်း ၅၀၀ကျော် ပညာရေးရန်ပုံငွေများ ရရှိရန်အတွက် ပြည်တောင်စုတိုင်းရင်းသားများအတွက် ပညာရေး ရန်ပုံငွေပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အထက်ပါကော်မတီက ပြည်နယ်ခုနှစ်ခုသို့ သွားရောက်ကွင်းဆင်းလေ့လာပြီး အမှန်တကယ် လိုအပ်နေသော စာသင်ကျောင်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။

ယင်းသို့ သွားရောက်လှူဒါန်းရာတွင်လည်း ကုန်ကျမည့်စရိတ်များကို ရန်ပုံငွေထဲမှ အသုံးပြုသွားမည် မဟုတ်ကြောင်း NLD မှ ဦးဝင်းတင်က ပြောကြားသည်။

NLD ပါတီသည် ပုံမှန်အားဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမေ့အိမ်ပညာဒါနလုပ်ငန်း များ ပြုလုပ်ပေးနေရာ မှ ယခုကဲ့သို့ ပထမဆုံးအကြိမ် တိုးချဲ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

သတင်း....Transparency Myanmar