24 September 2011

ငါးဘာသာ ဂုဏ်ထူးရှင် မောင်ထွန်းလင်း ဇော် ပညာရေး အတွက် အကူအညီလို


၂၀၁၀-၂၀၁၁ အခြေခံပညာ အထက်တန်း စာမေးပွဲတွင် ကန့်ဘလူ မြို့နယ်၊ ချပ်သင်းတိုက်နယ်၊ နှောကုန်း ကျေးရွာမှ အဖဦးမြတ်စိန်၏ သား မောင်ထွန်းလင်းဇော် မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်စာစစ်ဋ္ဌာနမှ ခုံအမှတ် စဋ္ဌ-၆၁၉ ဖြင့်ဖြေဆိုခဲ့ရာ (၅)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သော်လည်း တက္ကသိုလ် ပညာ ဆက်လက် သင်ယူရေးအတွက် အခက် အခဲရှိသဖြင့် ပညာရေး အကူအညီ လိုအပ်လျက် ရှိကြောင်း သိရသည်။ ဖခင်မှာ မြေဧက အနည်း အကျဉ်းသာ ရှိသော တောင်သူများဖြစ် သည်။

အခြေခံပညာ အထက်တန်း ပညာကို ဆွေမျိုးများ၏ အကူအညီ ဖြင့် တန့်ဆည်မြို့အထကမှာ သင်ကြားခဲ့ရာ အင်္ဂလိပ်စာ ၇၅မှတ်၊ သင်္ချာ ၈၂မှတ်၊ ဓာတုဗေဒ ၈၉မှတ်၊ ရူပဗေဒ ၈၉မှတ်၊ ဇီဝဗေဒ ၈၂မှတ်၊ မြန် မာစာ ၇၂မှတ်ရရှိခဲ့ပြီး စုစုပေါင်း ၄၈၉မှတ် ရရှိကာ(၅)ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သည်။ မိဘများမှာ ဝင်ငွေနည်း တောင်သူ လယ်သမား များဖြစ်သည့်အပြင် ညီဖြစ်သူ မိုးဇော်ထွန်း (၈)တန်း၊ ညီမလေးချောစု နိုင်(မူလတန်း)တို့၏ ပညာ သင်ကြားရေးပါ တာဝန် ယူနေရသဖြင့် ၄င်း၏ တက္ကသိုလ် ပညာသင် စရိတ်အတွက် ပြည့်စုံ လုံလောက်မှု မရှိသဖြင့် ယခု ကဲ့သို့ ပညာသင်စရိတ် အကူအညီ တောင်းခံရခြင်းဖြစ်သည်။ "

ဒီကလေး ဆေးတက္ကသိုလ်ဦးစားပေး၊ သွား/ဆေးဒုတိယဦးစား ပေးလျှောက်ထားတာ။ ဆေးတက္ကသိုလ် တက်ခွင့်ရရင် မကွေးမှာတက် ရမှာ။ ဘယ်လိုမှ ရှေ့ဆက်သင်ဖို့မလွယ်ဘူး။ အကူအညီမရှိဘူးဆိုရင် စာတော်ပေမယ့် စာပေးစာယူနဲ့ပဲ ပြီးမှာ။ ရွာအေနေနဲ့ စာတော်တဲ့သူ မြေတောင် မြှောက်ပေးမယ့် ပညာရေး ဖောင်ဒေးရှင်းတို့၊ ပညာဒါနပြုသူ တွေတို့ကို ဘုန်းကြီးအနေနဲ့ဖြေရှင်း ကူညီပေးကြပါလို့ တိုက်တွန်းနှိုးဆော် ချင်ပါတယ်"ဟု ချပ်သင်းရွာ ရေဝန်းကျောင်းတိုက် ဆရာတော် ဦးဇောတ (အရှင်ဇောတ၊ ချပ်သင်း)ကမိန့်သည်။ မောင်ထွန်းလင်းဇော်၏ ပညာသင်ကြားရေး ကူညီထောက်ပံ့လိုသူ များ ချပ်သင်းကျေးရွာ၊ ရေဝန်းကျောင်းတိုက် ဆရာတော်၊ ဦးဇောတ ဖုန်း ဝ၉-၄၇၀၆၆၀၄၄ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

သတင်း....SHADE Journal

ဧရာဝတီမြစ်ကို ထာဝရရှင်သန်စေလိုသူများ နှင့် နာရေးကူညီမူအသင်း (ရန်ကုန်) တို့မှာ ပူးပေါင်းစီစဉ်၍ “လူငယ်နှင့် ဧရာဝတီ” ခေါင်းစဉ်


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (IRRAWADDY FOREVER) တို့ပူးပေါင်း စီစဉ်၍ “လူငယ်နှင့် ဧရာဝတီ” ခေါင်းစဉ်အမည်ဖြင့် အခမ်းအနားတစ်ခုပြုလုပ်ခဲ့သည်။

နံနက် ၁၀ ၌စတင်မည်ဟု ကြေညာခဲ့သော်လည်း အခမ်းအနား တက်ရောက်သူဦးရေမှာ များပြားခဲ့သောကြောင့် နေရာထိုင်ခင်းများ ပြန်လည်ပြင်ဆင်ပေးရသည့်အတွက် နာရီဝက်နီးပါး နောက်ကျပြီးမှ အခမ်းအနားအား စတင်ခဲ့သည်။

အဆိုပါပွဲအား နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ပင်ကျင်းပခဲ့ပြီး ပွဲအားလက်ခံကျင်းပပေးသော ဦးကျော်သူမှ အဖွင့်မိန့်ခွန်းအား ၅ မိနစ်ခန့် ပြောကြား၍ အခမ်းအနားကို စတင်ခဲ့သည်။

ထို့နောက် ဧရာဝတီနှင့်ပတ်သတ်သော ဥပဒေရေးရာများအား ဦးမျိုးမြင့်မှ စာတမ်းဖတ်ကြားခဲ့ပြီးနောက် ကဗျာဆရာများနှင့် အဆိုတော်များမှ ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများ၊ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြကာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များဖြစ်ကြသော ဦးအုန်း၊ ဒေါ်ဒေဝီသန့်စင်တို့မှလည်း ဧရာဝတီနှင့် ပတ်သတ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဟောပြောခဲ့ကြသည်။ ထို့ပြင် သတင်းစာဆရာလူထုစိန်ဝင်း၏ အမှာစကားကိုလည်း ပရိုဂျက်တာဖြင့် ပြသခဲ့သည်။

ယင်းအခမ်းအနားတွင် ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများရွတ်ဆိုကြရွတ်ဆိုကြရာ၌ ကဗျာဆရာ လင်းသဏ်ညီက တေးဆိုနှင့် တေးရေးဆရာ ထူးအိမ်သင်၏ “ရာဇဝင်များရဲ့သတို့သမီး” သီချင်းစာသားအား ကဗျာအဖြစ်ပြန်လည်ဆိုခဲ့ပုံအား ပြောပြခဲ့သည်။

“ဒီသီချင်းက ဧရာဝတီနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်တွေများကြီးပါတယ် ကျွန်တော်က အဲဒီအတွက် ဒီသီချင်းထဲက ကျွန်တော် ဆဒ္ဒရှိတဲ့ အပိုဒ်လေးကို ကဗျာအဖြစ်ပြန်ဆိုထားတာပါ။ ကျွန်တော့်အနေနဲ့လည်း ဧရာဝတီမြစ်ကြီးကိုလည်း လက်ရှိအတိုင်းပဲ စီးဆင်းစေချင်တဲ့ဆဒ္ဒ ရှိတယ်” ဟု ကဗျာဆရာ လင်းသဏ်ညီက ပြောသည်။

အဆိုပါပွဲ၌ နာရေးကူညီမှုအသင်း စတင်ထူထောင်သူ ဦးကျော်သူမှလည်း ၎င်းရေးစပ်ထားသော ဧရာဝတီနှင့်ပတ်သတ်သော ကဗျာတစ်ပုဒ်အား သက်ဆိုင်သောရုပ်ပုံများဖြင့် ပရိုဂျက်တာ ပိတ်ကားပေါ်၌ လာရောက်သောဧည့်ပရိတ်သတ်များအား ဖွင့်ပြခဲ့သည်။

“တော်တော်များများကတော့ ‘ဧရာဝတီ’ ကို ‘မိခင်ဧရာဝတီ’ ဆိုပြီးတော့ တင်စားထားတယ်။ ကျွန်တော်ကတော့ ‘ဖခင်ဧရာဝတီ’ ဆိုပြီးတော့တင်စားထားပါတယ်။ ဒါကလည်း ကျွန်တော် ‘နိုင်းနိုင်းစနေ’ ရဲ့ ဘလော့ဝတ္တုကို အမှတ်တမဲ့ဖတ်ပြီးတဲ့အချိန်မှ ဒီအကြောင်းအရာက ခေါင်းထဲဝင်လာတာပါ” ဟု ဦးကျော်သူက ပြောပြခဲ့သည်။

သတင်း...ရန်နိုင်၊ ဥာဏ်ဥာဏ်(မြစ်မခ)

ကျနော်ဆွဲဖွင့်မိသောတံခါးများကပြောသော သမ္မတ ဦးသိန်းစိန်မိန့်ခွန်းထဲက စကားများ

23 September 2011

ဆင်းရဲနွမ်းပါးပြည်သူများအတွက်ဒေါ်အောင်ဆန်းစုကြည်က အောင်ဆန်းပင်လုံစာဖတ်ခန်း ဖွင့်လှစ်ပေးခဲ့










လူငယ်များ၏ ပညာရေး တစ်ဆင့်ထက်တစ်ဆင့် တိုးပွားနိုင်ရေးနှင့် အင်မတန်ဆင်းရဲနွမ်းပါးသော မိသားစုဝင် သားသမီးများ၏ ပညာသင်နိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမ၊ ဇ/ မြောက်ရပ်ကွက်၊ တိုက်အမှတ် (C/ ၂၄၈) ၊ အခန်း (A-3) တွင် အောင်ဆန်းပင်လုံစာဖတ်ခန်းဖွင့်လှစ်ပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

`ကျွန်မတို့ နိုင်ငံမှာ ပြည်သူတွေ ဗဟုသတ ကြွယ်ဝမှ တိုးတက်နိုင်မှာပါ။ ဗဟုသုတ ကြွယ်ဝလေလေ တိုင်းပြည်ချမ်းသာဖို့ ငြိမ်းချမ်းဖို့ အခွင့်ရေးတွေများလေလေဖြစ်ပါတယ်။ ဒါကြောင့်မို့နိုင်ငံသူနိုင်ငံသားတွေကို ဗဟုသုတရှာစေချင်တာပါ အထူးသဖြင့်လူငယ်တွေကိုရှာစေချင်ပါတယ်။ လူကြီးတွေမရှာနိုင်လို့ပြောတာ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်းလူငယ်တွေက အချိန်ပိုရှိလိုပါ။

ပညာရှာနေတဲ့အရွယ်ဆိုတော့ ပညာရှာဖို့အခွင့်အရေးတွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့် မို့လူငယ်တွေဟာ ကျွန်မတို့ စာဖတ်ခန်းကို အသုံးပြုပြီးတော့ ဗဟုသုတရှာစေချင်ပါတယ်´ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အောင်ဆန်းပင်လုံ စာဖတ်ခန်းဖွင့်လှစ်ပွဲတွင်ပြောသည်။

စာဖတ်ခန်းဖွင့်နိုင်ခြင်းမှာ ပြည်သူများမှ ၀ိုင်းဝန်းထောက်ပံ့ပေးမူများကြောင့် ယင်းကဲ့သို့ စာဖတ်ခန်းများ ဖွင့်လှစ်လာနိုင်ခြင်းဖြစ်ကြောင်း၊ နောက်လည်းဆက်လျက်ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ပါကြောင်းကိုလည်း
ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လျက်ပြောသည်။

သင်္ဃန်ကျွန်းမြို့နယ် NLD ဥက္ကဌ ဦးကြည်မြမှလည်း `ဒီစာဖတ်ခန်းလေးဖွင့်ဖြစ်တာဟာ ပဲခူး၊ သနပ်ပင်တို့မှ အောင်ဆန်းဂျာမွန်ဆိုပြီးစာဖတ်ခန်းလေးတွေကို ဒေါ်အောင်ဆန်းစုကြည်ဖွင့်တဲ့အခါမှာ ကျွန်တော်တို့မြို့နယ် က ကလေးတွေလည်းပါသွားပါတယ်။ အဲလိုဖွင့်တာလေးကို သူတို့လေးတွေအား ကျတယ်တဲ့။ အဲဒါနဲ့ ကလေးတွေက စာဖတ်ခန်းလေးဖွင့်ချင်တယ် ဆိုပြီး ကျွန်တော်တို့စီကိုတင်ပြတယ်။ လူငယ်နှင့် လူကြီးပေါင်းပြီးတောင့် ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်လိုက်တဲ့အတွက် အခုလို တစ်လအတွင်း စာဖတ်ခန်းလေးဖွင့်ဖြစ်လာကြောင်းကို ပြောပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးမှလည်း `ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်အားလုံးရဲ့ ပညာရေးကို တစ်ဆင့်ထက်တစ်ဆင့် တိုးပွားပြီး အားကောင်းလာရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ နောက် အင်မတန်မှ ဆင်းရဲနွမ်းပါးတဲ့မိသားစုဝင်တွေရဲ့ သားသမီးတွေဟာ ပညာကို လုံးဝမသင်ရမှာ သင်ရနိုင်အောင်လို့ဆိုပြီးတော့ လူငယ်တွေကို တက်ကြွလာအောင် အားပေးခဲ့တယ်´ ဟု အောင်ဆန်း ပင်လုံစာဖတ်ခန်းဖွင့်လှစ်ပွဲ တွင် ပြောခဲ့သည်။

အဆိုပါ စာဖတ်ခန်းဖွင့်ပွဲသို့ လာရောက်ကြည့်ရှုသူ ပြည်သူလူထုပေါင်း ၂ ထောင်ကျော်ခန့်ရှိကြောင်း သိရှိရသည်။

သင်္ဃန်ကျွန်းမြို့နယ် NLD ဥက္ကဌ ဦးကြည်မြမှလည်း စာဖတ်ခန်းလေးဖွင့်ဖြစ်လာခြင်ကိုလည်းကောင်း ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးမှ အမှာစကားပြောကြား၍လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြား၍ လည်းကောင်း အစီစဉ် ၉ ချက်ဖြစ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

သတင်း..အောင်ကိုကိုလတ်(မြစ်မခ)။

ဓာတ်ပုံ..NLD ၊ မြစ်မခ.။

Chatham House 2011 ဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားရွေးချယ်...။

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)


ဒေါ်မွန်မွန်ရင် (ဂဠုန်ဦးစော၏မြေး)

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"

(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။



မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်အား ကို Min Kyaw Khine (facebook)မှပြန်လည်မျှဝေလိုက်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာတချို့တွေ့ဆုံ







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘ ၂၂ ရက်နေ့နံနက် ၁၁ နာရီ က အဖွဲ့ချုပ် ဌာနချုပ် ရုံးမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြတ်ထွဋ် နဲ့ အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နံနက် ၁၁ နာရီ ၃၀ မှာ ပေါ်ပြုလာ ဂျာနယ် အယ်ဒီတာ အဖွဲ့နဲ့ ဂျာမနီ သတင်းစာ တစောင် မှ နိုင်ငံရေး သတင်းထောက် စတီဗင်ကလိုင်းတို့ကို သီးခြားစီ လက်ခံတွေ့ဆုံ ခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ...NLD

မြန်မာ အုပ်ချုပ်သူများ ပြောင်းလဲမှုအတွက် အလေးအနက်ရှိသလော

(21 September 2011 ရက်စွဲပါ The Nation မှ Are rulers of Burma serious about change ? ကို Y C မှဘာသာပြန်သည်)

ပထမဦးစွာပြောရလျှင် နေးရှင်း၏ Supalak Ganjanak hundee သည် မြန်မာနိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်နေသော တိုးတက်မှုများသည် ပါရာဒိုင်းပြောင်းလဲခြင်းသို့ ဦးတည်နေခြင်း ရှိ မရှိ လေ့လာလျက်ရှိသည် ဆိုသော အကြောင်းပင်ဖြစ်သည်။

မြန်မာအစိုးရသစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးဝါဒီများ ပြသနေသော လက္ခဏာများသည် ဒီမိုကရေစီနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် အမှန်တကယ်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည်လျက်ရှိသည်။

အပြင်လူများအနေဖြင့် မြန်မာနိုင်ငံတွင် တစ်ခုခုဖြစ်ပျက်နေပြီကို သိရှိမြင်တွေ့နေရသည်။ သို့သော် အဆိုပါ အဖြစ်အပျက်များ စစ်မှန်ရန် လိုအပ်သည် ဟု ရှုမြင်နေကြသည်။

“မြန်မာနိုင်ငံကိုစောင့်ကြည့်နေတဲ့လူတွေက အဆုံးတွေ အစတွေကို သိကြပါတယ်။ မျှော်လင့်ချက်တွေလည်း စိတ်ပျက်ဖွယ် ဖြစ်လာပါတယ်။ အရာရာ အခုလောက်နဲ့တင်ရပ်ပြီး နောက်ပြန်လှည့်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းလိုတာကတော့ သံသယ တွေ မှားတယ်ဆိုတာ သက်သေပြဖို့ လိုတာပါပဲ” ဟု မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) က ရန်ကုန်တွင် ၎င်း၏ ခရီးစဉ်အပြီး၌ ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့သည် ယခု မြန်မာနိုင်ငံနှင့် ဆက်ဆံနေခြင်းမှာ အစိုးရသစ်သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးကို အရေးတကြီးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်သောကြောင့် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ၎င်းအာဏာရလာကတည်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အပေါင်းလက္ခဏာ ဆောင်သော အရာများစွာ လုပ်ဆောင်ခဲ့သည်။ ထိုအထဲတွင် အရေးအပါဆုံး လုပ်ဆောင်မှုတစ်ခုမှာ ပြီးခဲ့သည့်လက နေပြည်တော်တွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်သည်။

အပြင်လူများကမူ ၎င်းတို့ မည်သည့်အကြောင်းအရာများ ပြောကြသည်ကို အတိအကျ မသိရှိသော်လည်း၊ သံတမန်သတင်းရပ်ကွက်ကမူ သာမန် ပြောရိုးပြောစဉ် စကားများမဟုတ်ဟု မျှော်လင့်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍနှင့် NLD ၏ အခန်းကဏ္ဍများ ဖြစ်ဖွယ် ရှိကြောင်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် နိုဝင်ဘာရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များနှင့် ကင်းကွာသွားခဲ့ခြင်း မရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့မှ အကြီးတန်းကိုယ်စားလှယ်များသည် အစိုးရ တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်အားလည်း အချိန် ပေး တွေ့ဆုံခဲ့ကြသည်။

အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ယမန်နေ့က ပြောကြားရာတွင် အဖွဲ့ကြီးအနေဖြင့် မြန်မာက တောင်းဆိုထားသော 2014 တွင် အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ပေးအပ်ရေး မပေးအပ်ရေး မဆုံးဖြတ်မီ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို အလေး ထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ Marty က ၎င်းသည် ရှေ့လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ အဖွဲ့ကြီး၏ ဥက္ကဋ္ဌနေရာအတွက် ဖြစ်နိုင် မဖြစ်နိုင် လေ့လာမည် ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒပြင်းပြလျက်ရှိခြင်းကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပိုမိုလုပ်ဆောင်ရန် အားပေးရေးအတွက် မက်လုံးပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းအပြင်၊ တိုင်းပြည်သည် ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်နေကြောင်း ပြသသည့် လုပ်ဆောင်မှုများ ရှိခဲ့သည်။ ထိုလုပ်ဆောင်မှုများတွင် ကျပ်ငွေ မာမှုကြောင့် ဖြစ်ပေါ်နေသော စီးပွားရေး အခက်အခဲများကို ကိုင်တွယ်သည့်အနေဖြင့် စီးပွားရေးအရ ကန့်သတ် ထားမှု အများအပြားကို ဖြေလျှော့ပေးခဲ့ခြင်းလည်း ပါဝင်သည်။

အစိုးရသစ်သည် စီးပွားရေးပညာရှင်များ၏ စကားကို နားထောင်ပြီး၊ ယဲ့ယဲ့သာ ကျန်ရှိသော စီးပွားရေးကို ကယ်တင်ရန် စီးပွားရေးဆိုင်ရာ ကုစား မှုများ ပြုလုပ်ခဲ့ရာ ယခင်ကကဲ့သို့ စီးပွားရေးကြိုးကိုင်သူများဟု ယူဆသူများကို ဖမ်းဆီးခြင်းများ မရှိတော့ပေ။

မီဒီယာများကို စောင့်ကြည့်သည့်အဖွဲ့ဖြစ်သည့် Committee to Protect Journalists မှ အစီရင်ခံစာ မထုတ်ပြန်မီ အစိုးရသစ်သည် ပိတ်ထား သည့် အင်တာနက် ဝက်ဆိုဒ်အများအပြားကို ဖွင့်ပေးခဲ့သည်။ အဆိုပါ ကော်မတီက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မီဒီယာကန့်သတ်မှု အများဆုံးနိုင်ငံ များ တွင် ပါဝင်ကြောင်းဖော်ပြခဲ့သည်။

အပြင်လူများအနေဖြင့် နေပြည်တော်မှအမြင်တွင် ရှုတ်ထွေးစေမည့် လက္ခဏာများကိုလည်းတွေ့ရမည် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီများ နှင့် သဘောထားတင်းမာသူများကြားတွင် အာဏာခွဲဝေမှုမှာလည်း အတည်တကျ မရှိသေးကြောင်း စောင့်ကြည့်လေ့လာသူများနှင့် သံတမန်များက ပြောကြသည်။

ပြုပြင်ပြောင်းလဲလိုသူများ၏ ခေါင်းဆောင်ဟု မှတ်ယူရမည့် သမ္မတဦးသိန်းစိန်သည် ၎င်း၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ဦးသိန်းစိန်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နှင့် ဘက်တစ်ဖက်တည်းဟု ဆိုရမည်ဖြစ်သော်လည်း ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သည့် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အုပ်စု၏ တန်ပြန်မှု ရှိနေသေးသည်။

အရေးကိစ္စ အတော်များများတွင် အမြင်မတူမှုများ ရှိခဲ့ရာ ဥပမာ မြစ်ဆုံရေကာတာကိစ္စတွင် ဦးသိန်းစိန်သည် ပတ်ဝန်းကျင်ဆိုင်ရာ သက် ရောက်မှုများကြောင့် ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော် ၎င်းနှင့် ဆန့်ကျင်ဖက်အဖွဲ့က ထောက်ခံကြောင်း ဧရာဝတီအွန်လိုင်းအဆိုအရ သိရှိရသည်။

၎င်းတို့ နှစ်ဦးနှစ်ဖက်ရန်ဖြစ်နေမှုသည် ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ အစပြုမှုအားထိခိုက်မည်ကို သံတမန် များက စိုးရိမ်ပူပန်လျက် ရှိသည်။ လက်ရှိတွင် ဦးသိန်းစိန်အတွက် အပူတပြင်း လုပ်ဆောင်ရမည့် ကိစ္စမှာ စီးပွားရေးပင်ဖြစ်သည်။ ၎င်းအနေဖြင့် စီးပွားရေး အခက်အခဲများကို မကျော်လွှားနိုင်မချင်း၊ ဆူပူမှုများဖြစ်နိုင်သည့် အလားအလာများ ရှိပြီး စစ်တပ်မှ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ယခင် အခြေအနေ ပြန်ရောက်မည်ကို စိုးရိမ်ရကြောင်း သံတမန်များက ပြောကြသည်။

22 September 2011

ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုနေကြသူများ








ယခုလ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိGallery 65 တွင် The Sketch of A River Art Exhibition အမည်ရှိပန်းချီ၊ ကာတွန်း၊ ဓါတ်ပုံ ၊ လက်ရာများပါဝင်သော အနုပညာလက်ရာပြပွဲတစ်ခုကို
ကျင်းပခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ရောက်သူနှစ်ထောင်နီးပါးရှိသည်။

အဆိုပါ အနုပညာလက်ရာပြပွဲတွင်ဧရာဝတီမြစ်ဧ။် အလှအပများ ၊ အကျည်းတန်လာတော့မည့် အနရာယ်များ ကိုပါထည့်သွင်းဖော်ညွှန်းထားသည့် လက်ရာများစွာအပါအ၀င် ကဗျာဆရာတချို့ကလည်းဧရာဝတီကိုဖွဲ့ဆိုသော ကဗျာများကို ရွတ်ဆိုပေးခဲ့ကြသည်။

ပြပွဲတွင် အနုပညာရှင် စုစုပေါင်း ၅၄ ဦင်္းဧ။်လက်ရာပေါင်း ၁၄၂ ခုကို တွေ့မြင်ရပြီး နာမည်ကြီးအနုပညာရှင်များအပါအ၀င် တက်သစ်စ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာများလည်းပါဝင်ခဲ့ကြသည်။ အဆိုပါပြပွဲတွင် လာရောက်ကြည့်ရှုအားပေးသူများဧ။် ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆို သံများကို ဖော်ပြပေးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်)

ဒီလို အားလုံးလာရောက်ကြတဲ့အတွက်အင်မတန်ဝမ်းသာပါတယ်။ ပြပွဲတစ်ခုမှာတင်မဟုတ်ဘဲနဲ့ တကယ် ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်ထိန်းသိမ်းေ၇းအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကိုအခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေးအခန်းကဏ္ဍဟာ များလာနိုင်ပါတယ် ကျမတို့ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို အခြေခံပြီး ပြည်ထောင်စုညီညွှတ်ရေးကိုလုပ်ဆောင်ဖို့ ကျမအနေနဲ့ဆုတောင်းပါတယ်။အားလုံးအနေနဲ့လည်းဖြည့်ဆည်းပေးပါ။

ဒေါ်သန်းသန်းနု ( ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေမှူး)

ဒီပြပွဲကိုကြည့်ရတာ ကြည်နူးဖွယ်ရာတွေ ကိုတွေ့ရသလို ၀မ်းနည်းစရာတွေလည်းရှိတယ်ပုံတစ်ပုံမှာဆိုရင် ရှုခင်းက အခုမမြင်ရတော့ဘူးတဲ့။ အဲဒီပုံကလွန်ခဲ့တဲ့လေးငါးနှစ်က လောက်ရိုက်ထားတာ ။ အခုဆိုရင် အဲဒီပုံမှာ
ရေကာတာဆောက်ဖို့အလုပ် သမားတွေနေတဲ့နေရာတွေတွေ့ရသလိုသူတို့စွန့်ပစ်ထားတဲ့အမှိုက်ပုံပါရိုက်ပြ
ထားတာ။

ကျမတို့ငယ်ငယ်ကမြစ်ဆုံရောက်ဖူတယ် ရှုခင်းတွေက အရမ်းသာယာ သလို ရေကလည်း အရမ်းကြည်တယ်။ အဲဒီအခြေအနေနဲ့ခုနဲ့ကတခြား စီဖြစ်သွားပြီဧရာဝတီဟာမြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်လို့အင်မတန်
အရေးကြိးတဲ့အတွက်အခုလိုအနုပညာရှင်တွေ စုစည်းတင်ပြတာ အရမ်းကျေးဇူးတင်တယ်။ဝန်ကြီးပြောသွားတာ ကပိုလျှံတယ်ပြောတယ် ။ တကယ်တော့ ပြည်ပကို သာပို့ဖို့မလိုအပ်ဘူးဆိုရင် မြစ်ဆုံဆည် ဟာ ဆောက်စရာမလိုဘုး။ခုတော့ဆက်လုပ်မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဒီကရတဲ့အကျိုးအမြတ်ကလည်းမြန်မာတစ်နိုင်ငံလုံးတင် မဟုတ်ဘူး။ပြည်နယ် ကဒေသခံတွေ အတွက်တောင်အကျိုးကျေးဇူးမခံစားရဘူးဆိုတော့ဝမ်းနည်းစရာကောင်းတယ။်ဒါမဖြစ်သင့်ဘူး။

ဦးအုန်း(သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်)

ဒီပွဲကတော့ ဘာပွဲမှ နဲ့မတူဘူး အလွန်ထူးခြားကောင်းမွန်ပါတယ်။မြစ်ဆုံကိစ္စကတော့ မလုပ်ဘူးဆိုရင်တော့ အန်ကယ်သဘောအကျဆုံးပေါ့။ တကယ်တော့ရေကာတာတစ်ခုဟာ ပေ ၅၀ အထိဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘာမှမထိခိုက်ဘူး။တကယ်လို့ ပေ ၅၀ ထက်ပိုပြီး ပေ ၁၀၀ ၊ ၂၀၀ ကတော့ သဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ မြစ်ကြောင်းထိန်းသိမ်း ဖို့ဆိုတာလည်း ရေကာတာရဲ့အထက်ငါးမိုင်အောက်ငါးမိုင်ဆိုတာ တကယ်တော့မလုံလောက် ဘူး။ မြစ်ကြောင်းတစ်လျှောက်လုံး ကိုထိန်းရမယ်။ မြစ်ကျိုးတွေတစ်လျှောက်လည်း စက်ရုံတွေ ကို control လုပ်ရမှာဖြစ်သလို စွန့်ပစ်ပစည်းတွေကိုလည်းမစွန့်ခင်မှာ အနရာယ်ကင်းပါတယ်ဆိုတာမျိုး လည်းရှိသင့်တယ်။

အခုမြစ်ဆုံရေကာတာဆောက်ဖို့ ရွာတွေရွှေ့ပြောင်းရတဲံအတွက်အဲဒီဒေသမှာ လူမှုရေးပြသနာတွေ လည်းဖြစ်တယ်။ သူတို့ရဲ့ဘုရားကျောင်း တို့ဘာတို့ရွှေ့ပြောင်းရတာမျိုးကျတော့လည်းဘာသာရေး နဲ့ဆိုင်တဲ့social problem တွေပေါ့ ။ ဒါကြောင့် အစိုးရဟာ ပြည်သူ လူထုကျေနပ်အောင် လုပ်ပေးရမယ်။ ဒါဟာအစိုးရရဲ့တာဝန်ပဲ။


ရဲတိုက်(သရုပ်ဆောင်)

ကျနော့်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။


အနဂ္ဂ (အဆိုတော်)

တကယ်တော့ ကျွန်တော်တို့ ဖန်တီးနေတဲ့အနုပညာဆိုတာ သဘာဝတရားနဲ့ဆက်စပ်နေတယ်။ဒီတော့ ကျွန်တော်တို့အားလုံးလက်တွဲမဖြုတ်ဘဲ နားလည်မှုတွေဆက်ရှိသွားမှာပါ။

အနုပညာဟာ နားလည်မှု ၊ခံစားချက် နဲ့ အသိစိတ်တွေပေါင်းပြီးလုပ်ရတာမို့ကျွန်တော်တို့ လက်တွဲမဖြုတ်ပါဘူး။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး သိတာ နားလည် လာတာ၎နှစ်လောက် ပဲရှိသေးတယ်။ခုဆို ပလတ်စတစ်သုံးတာလျှော့တယ်။

လက်ဆောင်ပေးရင်လည်း ပလတ်စတစ် ကိုရှောင်တယ်။ လောလော ဆယ်တော့ အပင်တော့မစိုက်နိုင်သေးပေမယ့် အပင်ကို မနှောက်ယှက်ဘူး။

သတင်းစာတွေထဲကပြောနေတဲံပြည်သူ့အသံဆိုတာ ဒီကနေသွားမှာပါ။ ကမ္ဘာပေါ်မှာ လက်ရှိဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံတော်တော်မျူားများက အစိုးရတိုင်းဟာကတိတွေပေးတတ်ကြတယ်။

အဲဒီ ကတိတွေ နဲ့ပဲရွေးကောက်ပွဲအတွက်မဲဆွယ်ကြတယ်။တကယ်လုပ်ပေးမယ်ဆိုပြီးပေါ့။ ဒီတော့ ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့အဲဒီကတိတွေထဲမှာ မနစ်မွန်းဖို့လိုတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ်
ကတိတွေပေးပြီးမနှစ်သိမ့်ဖို့လိုတယ်။


မေသင်္ကြန်ဟိန်(မြစ်မခ မီဒီယာ၊ အယ်ဒီတာ)

Gallery 65 က ဓါတ်ပုံပြပွဲကိုသွားတော့ ကျမ အားတက်လာခဲ့တယ်။ ဧရာဝတီကို ချစ်တဲ့သူ ဘယ်လောက်များသလဲ၊ကယ်တင်ဖို့ တောင်းဆိုနေတဲ့သူ ဘယ်လောက်များနေသလဲဆိုတာ။ ဒါတောင် ရန်ကုန်တမြို့တည်းမှာ ရှိတဲ့သူတွေထဲကတချို့တ၀က်ပဲ လာနိုင်ကြသးတယ်။ယုံကြည်ပါတယ် သန်း ၆၀ ကျော်သော ပြည်သူတွေကလည်း ဧရာဝတီကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြမှာပါ။

ဦးမြင့်သိန်း( ပြပွဲလာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦး)

ဧရာဝတီပေါ်ကိုလူတိုင်းလုပ်ကိုင်စားသောက်တဲ့သူတွေဟာ အလွန်းများတဲ့အတွက်ဧရာဝတီကို သဘာဝအတိုင်း ဆက်စီးစေချင်တယ်။ဧရာဝတီကို လူသားတွေအတွက် အကျိုးရှိတဲ့ စီးဆင်းနေမှုကို အဟန့်အတားဖြစ်စေ တဲ့ကိတ်စမှန်သမျှကို ကန့်ကွက်တယ်။


ပြည်သူတဦး

ဒီပွဲကိုလာကြည့်ဖြစ်တာ အင်မတန်အားရတယ်။ အနုပညာလက်ရာတွေကလည်းထူးခြားကောင်းမွန်သလို လူထုလူတန်းစားတော်တော်များများလာကြည့်တာတွေ့ရတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အ
ပါအ၀င်နိုင်ငံရေးပါတီတွေလည်းလာကြတာတွေ့ရတော့ အင်မတန်ထူးခြားမွန်မြတ်တဲ့ပွဲလို့ခံယူမိတယ်။ ခုဆိုရင် အရင်က နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့မှတ်ယူထားတဲံသူတွေတောင် ဧရာဝတီနဲ့ပတ်သတ်လာရင် ကဲကဲဆတ်တုန့်ပြန်နေကြပြီ။ကျမဆိုရင် ကျောင်းသားတွေဆီကကော သူငယ်ချင်းလုပ်ဖော်ကိုင် ဖက်တွေ ဆီကကောဧရာဝတီကို ချစ်မြတ်နိုးချင် ကာကွယ်ချင်တဲ့စကားသံတွေ ကြားနေရတယ်ဘာပဲပြောပြော ဧရာဝတီကိစ္စ ဟာ ပြည်သူတိုင်းမှာ တစ်ဦးတစ်ယောက်တိုင်းမှာတာဝန်ရှိပါတယ်။

သတင်း... ပိုင်ပိုင်(မြစ်မခ)
ဓာတ်ပုံ..... NLD၊နှင့် မြစ်မခ

မန္တလေး စိမ်းရောင်စိုမှ စီစဉ်သော မန္တလေး-ရှိန်းမကား ( ဧရာဝတီ ခရီးစဉ် )

မန္တလေး စိမ်းရောင်စိုမှ စီစဉ်သော မန္တလေး-ရှိန်းမကား ( ဧရာဝတီခရီးစဉ် ) ကို(၁၁-၉-၁၁) နံက် ၊၆နာရီတွင် မရမ်းခြံဆိပ်မှ ပင်မမော်တော်ကြီးနှင့် ရုပ်/သံ ရိုက်ကူးရေးနှင့် မီဒီယာများ ပါဝင်သော မော်တော်ငယ် တစ်စီး ဖြင့် ထွက်ခွာခဲ့သည်။

နံက် ၄း၃၀ ခန့်တွင် လိုက်ပါမည့်သူများ မှ ဧရာဝတီ အတွက် လက်မှတ် ရေးထိုးကြသည်။ ထို့ကြောင့် နံက် ၆နာရီမှ ခရီးစတင်ခဲ့သည်။

ဖိတ်ကြားထားသော ပညာရှင်များ၊ စာပေ အသိုင်းအဝိုင်း နှင့်မီဒီယာ များလိုက်ပါ လျက် ဧရာဝတီ မြစ်ကြောင်းပေါ်တွင် ဧရာဝတီနှင့် စပ်လျဉ်းသော စာတမ်းများ၊ ကဗျာများ၊ကို ဖတ်ကြားခဲ့ပါသည်။

မန္တလေး၊ရန်ကုန်၊မြစ်ကြီးနား၊ရွှေဘို၊ ပြင်ဦးလွင်၊ရှိန်းမကား၊မိတ္ထီလာ စသည်ဖြင့် ပရဟိတ အဖွဲ့ပေါင်း ၂၆ ဖွဲ့ လိုက်ပါခဲ့ပါသည်။ အပိုင်းများဖြင့်တင်ပေးသွားပါမည်။

ကိုဝိုင်ဝိုင်ကေ
၂၂-၉-၁၁

နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ်အား ပါဝင်ပေးကြပါရန်။


နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ်အား မနက်ဖြန် စက်တင်ဘာလ (၂၃) ရက်နေ့  မနက် (၁၀) နာရီမှာ အချိန်မှာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျွန်တော်တို့ ရဲ့  အသက်သွေးကြော ဧရာဝတီကို ချစ်မြတ်နိုးကြသူများ ပူးပေါင်းပါဝင်ကြဖို့  အထူးဖိတ်ခေါ်အပ်ပါတယ်။

“လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ် ကျင်းမည့်နေရာကတော့ နာရေးကူညီမှုအသင်း၊ အမှတ် ၁၃ (က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့ နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

ယခုဖိတ်စာအားလည်း မြစ်ကြီး ဧရာဝတီကို ချစ်မြတ်နိုးသူ မည်သူကိုမဆို လက်ဆင့်ကမ်းဖိတ်ကြားနိုင်ပါတယ်။

တာချီလိတ်မြို့မှ ဥပဒေကို အလွဲသုံးစား လုပ်သော လွှတ်တော်အမတ် တစ်ဦး

ကျတော်တို့တာချီလိတ်မြို့တွင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် များရှိကြပါသည်။

တစ်ချို့ဆိုလျှင်ဆိုင်ကယ်ခိုးမှုဖြင့်ထောင်ထွက်များရှိကြသလို တစ်ချို့ဆိုလျှင်လည်းပြည်သူ့ စစ်ခေါင်းဆောင်မှ အသွင်ပြောင်း လာသော အမတ်များလည်း ရှိကြပါသည်။

မူးမတ်ဆိုသည်မှာပြည်သူတို့၏ရင်တွင်းမှခံစားချက်များကိုကိုယ်စားပြုပြီးကြီးမှူး၍သမာသမတ်ကျအောင် လွှတ်တော်တွင် ပြည်သူ့ကိုယ်စား တင်ပြနိုင်ရန် ပြည်သူတို့ဘက်မှ ရပ်တည်ပေးသော သူများဖြစ်ပါသည်။

သည်လိုမှမဟုတ်ဘဲ တစ်ကျပ်မပြည့်သည့်မူးမတ်များဖြစ်နေမယ်ဆိုရင်တော့ တိုင်းရင်းသား ပြည်သူများအတွက် နစ်နာ လှပါသည်၊တိုင်းပြည်အတွက်လည်းအကျိုးမရှိနိုင်ပါခင်ဗျာ.။

ယခုဆိုလျှင်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးဝှီဆင်မိုး(လားဟူ) ဆိုလျှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပါသည်။

တာချီလိတ်မြို့ရဲ့သြဇာအာဏာအရှိန်အ၀ါရှိသူတစ်ဦးလည်းဟုတ်ပါသည်၊လွယ်တော် ခမ်းအုပ်စု ၊ရေပူ စမ်းပြည် သူ့ စစ်ခေါင်းဆောင်တာဝန်ကိုပူးတွဲ တာဝန်ယူထားသူ ဆိုလျှင်မှားမည် မဟုတ်ပါ။

ဒေသအာဏာပိုင်များနှင့်ပလဲနံပသင့်သူဖြစ်ပြီး မြို့တွင်းသို့ဝင်ရောက်လာမည်ဆိုပါက ၄င်း၏ပြည်သူစစ် ရဲဘော်များမှ လုံခြုံရေးအပြည် ပွိုင့်ကားဖြင့် လက်နက်အပြည့်အစုံနှင့် ဟန်ရေးပြလည်းတတ်သူဖြစ်ပြီး သူ၏အနီးကပ်လုံခြုံရေး အရာရှိများကတော့ ယခင်ထောက်လှမ်းရေး ပြုတ်များကို လက်သတ်မွေး လူမိုက်ငှားထားခြင်း ဖြစ်ပါသည်။

သူသည်ဂေါက်ဖ်ရိုက်ဝါသနာကြီးသူဖြစ်ပြီး စစ်ဗျူဟာမှူး၊စစ်တိုင်းမှူးများနှင့်လည်း အဆင်ပြေသူ ဖြစ်ပြီး ငွေကြေး ချမ်းသာသူ တစ်ယောက်ဖြစ်ပါသည်၊ဘာကြောင့်ချမ်းသာသည်ကိုနောက်မှဖော်ပြပါတော့မည်။

တာချီလိတ်မြို့တွင်လွှတ်တော်အမတ် ဆိုပြီး ဦးဝှီဆင်မိုးရဲ့ကားမှန်သမျှ၊ ၄င်း၏တပည့်များဖြစ်သည့် လားဟူပြည်သူ့စစ်ကားများအား ဂိတ်ဝင်/ထွက်များတွင် မည်သည့်အဖွဲ့ အစည်းကမှ စစ်ဆေးခွင့်မရှိဟု စစ်ဗျုဟာမှနှတ်မိန့်ဖြင့်ညွှန်ကြား ထားလေသည်။

သည့်အတွက်ကြောင့်ဘ၀င်လေဟပ်ပြီးဂိတ်ဝင်ထွက်တိုင်းတွင် သူကြီးနဲ့ပေါင်းပြီးဆယ်အိမ်ခေါင်းများကို လုံးဝ(လုံးဝ)ဂရုမစိုက်ဘဲ မာန်တက်နေလေတော့သည်၊ ၂၀၁၁ခုနှစ်ဇူလိုင်လပိုင်းတွင်တာချီလိတ်- မယ်ဆိုင်ချစ်ကြည်ရေး တံတား(၁)မှ အင်ဒိုးနီးရှားနိုင်ငံသား နှစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးအား TBC အတွင်းရေးမှူး၊ ဦးဘိုလေးမှ တရားမ၀င် တင်ဆောင်လာပြီး တာဝန်ရှိသူများအား သတင်းမပို့ဘဲ တိတ်တဆိတ် ခေါ်ဆောင် လာခဲ့ပါသည်။

တာချီလိတ်မြို့တွင် ဦးဝှီဆင်မိုး၏တူဖြစ်သူ ပြည်သူစစ်တစ်ဦးမှ ၄င်းနိုင်ငံခြားသားများ အားကြိုဆို၍ တာချီလိတ်မြို့မှ တဆင့်လွယ်တော် ခမ်းဂိတ်အားဖြတ်သန်းကာ မိုင်းဆတ်ဘက်အထွက်တွင် ရှိသည့် ဦးဝှီဆင်မိုး ၏ရာဘာခြံသို့ကိုယ်ကျိုးစီးပွားရေး အတွက်ခေါ်ဆောင် သွားလေသည်။

တာချီလိတ်မြို့သို့ဝင်ရောက်လာသောနိုင်ငံခြားသားများသည် အထက်မှခွင့်ပြုချက် တစ်စုံ တစ်ရာမရဘဲ လွယ်တော်ခမ်းဂိတ်အား ဖြတ်ကျော်ခြင်းမပြုရန် ဥပဒေ တစ်ရပ်ထုတ်ပြန် ထားပါသည်။

ထို့ကြောင့် ဦးဝှီဆင်မိုး၏တူဖြစ်သူမောင်းနှင်ထွက်ခွာသွားသောမော်တော်ယာဉ်အား လွယ်တော်ခမ်းဂိတ်တွင် တာဝန်ကျနေသော ၊ပြည်သူ့ရဲ၊ အကောက်ခွန်၊ လ၀ကနှင့်တပ်တို့မှ မသင်္ကာသဖြင့်အပြန်တွင် ရပ်တန့်စစ်ဆေးရာ ကားပေါ်တွင် တရားမ၀င်နိုင်ငံခြားသား (၄)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လ၀က အက်ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် အဆင့် အဆင့်သတင်းပို့ခဲ့ကြသော်လည်း တာချီလိတ်မြို့ စစ်ဗျူဟာ(အခြေချ)မှ၊ စစ်ဦးစီးမှူး (ဒုတိယတန်း) မှလွယ်တော် ခမ်းဂိတ်ရှိ တာဝန်ကျဝန်ထမ်းများ အား '' မင်းတို့က.. ဘယ်သူ့အမိန့်နဲ့ ဖမ်းဆီးတာလဲ.. အကုန်လုံးပြုတ်သွား ချင်လား.. ခုချက်ခြင်းလွှတ်ပေး လိုက်ပါ..'' ဆိုပြီး ဆဲဆိုပြန်သေး၏၊ ။

ကဲ ဥပဒေအထက်မှမည်သူမှမရှိ စေရဆိုတဲ့ အစိုးရသစ် လက်ထက်က ကြွေးကြော်သံကြီး ဘယ်ပျောက်သွား ပါလိမ့်။

သို့တည်း မဟုတ် စစ်အစိုးရ ရဲ့အရှိန်လေးတွေ က ကုန်းဆင်များလွန်းလို့အရှိန် မထိန်းနိုင် သေးဘူးထင်ပါရဲ့ဗျာ၊
ပြည်သူ့ကိုယ်စားလှယ်လွှတ်တော် အမတ်ပေါက်စ မောင်ဝှီဆင်မိုးလေးကလည်းအာဏာတောင် မရသေးဘူး သည်လောက် အာဏာတွေရှိနေရင် ကျတော်တို့ ပြည်သူတွေအတွက် ရင်လေးရချည်ရဲ့။

သမာသမတ်မကျဘဲအမတ်တစ်ဦးကဥပဒေကိုမလေးစားဘဲ လက်ရှိတာဝန် ထမ်းဆောင်နေသော ၀န်ထမ်းတွေကိုမှ ဂရုမစိုက်ရင် ပြည်သူတွေ ဆိုရင် ပိုဆိုးပေါ့ဗျာ။

လားဟူပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်ဆိုတော့ တာချီ လိတ်မြို့မှာ သူတို့ကြိုက်တာ လုပ်စမ်းအားလုံးအဆင်ပြေကြပါသည်။

သည်လို အမှုမျိုးကိုမှအရေး ယူမခံရရင်နောက်နှောင် ဘယ်သူကို့မှဂရုစိုက်နေစရာ မလိုတော့ဘူးပေါ့ဗျာ..၊တာချီ
လိတ်မြို့မှပြည်သူစစ်များနှင့်ပြည်သူစစ်ခေါင်းဆောင် များသည်စစ်တိုင်းမှူး စစ်ဗျူဟာမှူးများထက်ချမ်းသာ၏၊ ၊ တိုင်းပြည်ကိုချစ်၍ ပြည်သူစစ်လုပ်နေခြင်း မဟုတ်။

လက်နက်ကလေးကိုင်ပြီးမဟုတ်တာလုပ်စားချင်ကြချင်းသာဖြစ်သည်၊ကျတော်တို့ပြည်သူများသည်ဥပဒေကို
လေး စားလိုက်နာသော၊ ပြည်သူဘက်မှမားမား မတ်မတ်ကြီးမှူး၍ ရပ်တည်ပေးနိုင်သော စံပြအမတ်များကိုသာ မျှော်လင့်ပါသည် ကြောင်း တာဝန်ရှိသူများအား တင်ပြလိုက်ရပါသည်ခင်ဗျာ။

......................................................................................................................

အာဏာပိုင်လက်စွဲတော် TBC စကားပြန် ဘိုလေး

တာချီလိတ်မြို့တွင် TBC စကားပြန် ဦးဘိုလေးကတော့ အာဏာပိုင်တွေနဲ့ပေါင်းပြီး လုပ်စား နေတာကြာပါပြီ။

မသိရင် TBC ဥက္ကဌ လိုလို အတွင်းရေးမှူးလိုလိုနဲ့ လူတွေကို ဆက်ဆံတတ်ပါ တယ်..၊အမှန်ကတော့ သူက စကားပြန်အဆင့်ပဲရှိတာပါ။ ကားတွေမှာလည်း TBC တံဆိပ်တပ်ထားပြီး တစ်ဘက်နိုင်ငံကို ထင်သလိုသွားလို့ရပါတယ်။

သူ့ကားဆို ဘယ်သူမှ မစစ်ဘူး၊ မဟုတ်တာကို အကုန်လုပ်တဲ့လူကျ မစစ်ကြဘူး ။ရိုးရိုးသားသားသွားတဲ့ ကားတွေကျတော့ စစ်သလားမမေးနဲ့။

မူးယစ်ဆေး၊ လက်နက် ၊လူ ကြိုက်တာကို သူ့ကားနဲ့ သယ်ပြီး အရောင်းအဝယ်လုပ်နေတာ လူတိုင်းအသိပါ။

ဗျူဟာမှူးကလည်း မကင်းလို့ပဲ အရေးမယူတာပေါ့၊အရင်က စားစရာတောင်မရှိတဲ့လူတစ်ယောက်က နေ့ချင်း ညချင်း ကြီးပွားသွားတာကတော့ တာချီလိတ်မှာ မူးယစ်ဆေးနဲ့ လက်နက် အရောင်းအဝယ်လုပ်ငန်းပဲ ရှိတာပါ။
ချင်းရိုင်းသွားမယ်၊ ချင်းမိုင်သွားမယ်ဆို သူကခွင့်ပြုမှ ရတာတဲ့.။ သူက မှာထားတယ်ဆိုပဲ သူခွင့်ပြုမှ လုပ်ပေးရမယ်လို့လေ။ ဆေးသွားကုမယ့်လူနာတွေ၊ အလည်အပတ်သွားမယ့်သူတွေက သူ့ကိုသွားပြီး အောက်ကျခံ နေရပါတယ်။

ဗျူဟာမှူးဆိုတာ ငါ့အိပ်ကပ်ထဲထည့်ထားတာ၊ တိုင်းမှူးလည်း ငါပိုင်တယ် ။အမြဲတမ်းပြော နေကြစကားတွေပါ။
တစ်ခုခုဖြစ်ရင် တာချီလိတ်မှာ ဘိုလေးအကြောင်း မသိဘူးလား၊ သေသွားချင်လားဆိုပြီး ပြောတတ်ပါတယ်၊သူ့မှာ က လက်နက်ရှိလို့နေမှာပေါ့၊သူက ဝလက်နက်ကိုင်တွေနဲ့ပေါင်းပြီး လက်နက်၊ မူးယစ်ဆေး အကုန်လုပ်တာပဲ။

တစ်ခုဆို TBC က ဘိုလေးပါဆိုပြီး TBC နဲ့ ကိုင်ပေါက်တတ်တယ်။TBC မှာ စကားပြန်တောင် ဒီလောက်ချမ်းသာပြီး အာဏာရှိနေတယ် ဆိုရင် ကျန်တဲ့သူတွေကိုတော့ မပြောလိုတော့ပါဘူး.။

ဒါကြောင့် ဒီလိုလူမျိုးကို လက်စွဲတော် အဖြစ် သုံးနေတဲ့ တိုင်းမှူး၊ ဗျူဟာမှူးတို့ကို အရမ်းအံ့သြပါတယ်၊မကင်းလို့လား၊ ယောက်ဖမို့လို့လား၊ ဆွေမျိုးမို့လို့လားဆိုတာ စဉ်းစားမိ ပါတယ်၊ တာချီလိတ်မှာ အကျင့်စာရိတ္တ ကောင်းပြီး ထိုင်းလို ရေးတတ် ပြောတတ်သူတွေအများကြီးပါ။

ဘာမဟုတ်တဲ့ စကားပြန်က အာဏာပြနေတာ တော်တော်ရင်နာဖို့ ကောင်းပါတယ်။အရေးမယူ တဲ့ တာဝန်ရှိသူတွေ၊ ပေါင်းသင်းနေတဲ့ အာဏာပိုင်တွေကိုတော့ ပိုပြီးအံ့သြပါတယ်။အရေးယူလို့ရမယ့် သူများဖတ်မိရင် အရေးယူပေးကြပါဗျို့။

(လေးစားလျှက်ပါ။)
ပေးပို့ သူ-- တာချီလိတ်သားတစ်ဦး

CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်မြို့ကနေ တိုက်ရိုက် စကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ ကောက်နှုတ်ချက် တချို့ကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ CGI ခေါ် Clinton Global Initiative ညီလာခံ ခန်းမထဲကနေ Moderator လုပ်သူ ချာလီ ရို့စ်နဲ့အတူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့က မေးခွန်းတွေမေး မှတ်ချက်တွေ ပြောခဲ့ကြတာပါ။ မေးမြန်းပြောဆိုကြတဲ့ အကြောင်းအရာ မျိုးစုံထဲမှာ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခု ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ ဆိုတာကို သူ အကျယ်ချုပ်က လွတ်လာတဲ့ နေ့မှာပဲ သတိပြုမိတဲ့အကြောင်း၊ သူ့ကိုလာပြီး ကြိုဆို နှုတ်ဆက်ကြသူတွေထဲမှာ လူငယ်တွေ အများအပြား ပါလာတာကို တွေ့ရပြီး အဲဒါက အရင်ကနဲ့ မတူဘဲ လူထုကြားမှာ အပြောင်းအလဲတွေ ဖြစ်လာနေပြီ ဆိုတာကို ပြတဲ့အကြောင်း၊ သူ့အနေနဲ့ မြန်မာအစိုးရပိုင်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိပြီး အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်နေရပါပြီလို့ ပြောချင်တဲ့အကြောင်း၊ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီး တရပ်ကို လူတိုင်း မြင်ချင်ကြတယ်ဆိုတာ မိမိနားလည်တယ်၊ ဒါပေမဲ့ အခုအခြေအနေကတော့ အပြောင်းအလဲတွေ ပေါ်လာမယ့် အစရဲ့ အစလို့ပဲ ဆိုချင်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေခဲ့ပါတယ်။

နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေ ဘာကို လိုလားတယ်ဆိုတာ နားထောင်ဖို့ လိုတဲ့အကြောင်း၊ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) တို့ အနေနဲ့လည်း တရုတ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ် ဆိုတာနဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အစိုးရချင်း ပြေလည်ဖို့အပြင် ပြည်သူတွေ အချင်းချင်းကြား နားလည်မှုတွေ၊ ပြေလည်မှုတွေရှိဖို့ အရေးကြီးတယ် ဆိုတာ လည်း ပြောချင်တဲ့ အကြောင်း မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက် အနေနဲ့ကတော့ လူငယ်တွေအတွက် ပညာရေးစနစ် မြှင့်တင်ဖို့၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအ၀ိုင်းတခု ပေါ်ထွန်းလာဖို့ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။


သတင်း...VOA။

အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် အသံကို အာဆီယံ နားထောင်မည်

(Kompas မှ 20 September 2011 ရက်စွဲပါ Jimmy Hitipeuw ရေးသားသော Indonesia : ASEAN to listen to Suu Kyi as Myanmar seeks chair ကို yangonchronicle မှဘာသာ ပြန်ဆိုသည်)

၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံအား ဖိတ်ခေါ်ခြင်းပြုမပြုဆိုသည်မှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အရပ်ဖက်အဖွဲ့အစည်းများ (Civil Society) ၏ အမြင်က လွှမ်းမိုးလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက် သည်။

နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က AP သို့ပြောကြားရာတွင် ၎င်းသည် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံသည် လမ်းကြောင်းပေါ်တွင် ရှိနေခြင်း ရှိမရှိ အကဲဖြတ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လက်ရှိအင်ဒိုနီးရှား တာဝန်ယူနေသော အဖွဲ့ဝင် (၁ဝ) နိုင်ငံ ပါဝင်သော အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာအား တာဝန် ယူရန် အလွန်အမင်းစိတ်အားထက်သန်နေကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန် ပြုလုပ်ရန် အရေးကြီးသော အခွင့် အရေးဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတင်မကပါဘူး၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံကိုပါ နားထောင်ဖို့ ကျွန်တော် ဆန္ဒပြင်းပြနေပါတယ်” ဟု Natalegawa က ပြောသည်။

မြန်မာပြည်အသစ်အတွက် မျှော်လင့်နေဆဲ

(20 September 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော still hoping for a new Burma ကို yangonchronicle မှဘာသာ ပြန်ဆိုသည်)

အာရှ၏ ဒီမိုကရေစီ စံပြုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်း မြင်သည် ဆိုခြင်းသည် အားတက်ဖွယ်ဖြစ်သည်။ သို့သော် တိုင်းသူပြည်သားများ အနေဖြင့် တကယ့် လွတ်လပ်ခြင်းများ ရရှိရန် အဝေးကြီးလိုသေးကြောင်း အနောက်နိုင်ငံ သတင်းထောက်တစ်ဦးနှင့် တွေ့ဆုံရာတွင် သူမက ပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကာလရှည်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်ပြီးနောက် အမှန်တကယ် လွတ်လပ်သွားပြီဟု ယုံကြည်ရသည်။ သူမ၏ ကြေညာချက်များနှင့် ပြောစကားများတွင် သူမသည် လက်ရှိတွင် အကောင်းမြင် လမ်းကြောင်းပေါ်၌ ရှိနေကြောင်း ပြဆိုနေသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ခန့်စစ်အာဏာရှင်စနစ် ရှိနေခဲ့သည်။ တစ်စုံတစ်ဦးအနေဖြင့် တကယ့် ပြုပြင်ပြောင်းလဲရေး အတွက် အစပြု သည့် အနေဖြင့် ပြည်သူများအလိုကျ ပြုံးပြနေသည်ကို မှားယွင်း အကဲဖြတ်မှုများ မဖြစ်စေလိုပေ။ အခြားနည်းလမ်းများ အသုံးပြုရမည့်အစား စစ်တပ်က တာဝန်ယူလာမည်အရေး ရှိနေသည်။

၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံအား စစ်တပ်မှ လုံးဝ ချုပ်ကိုင်ခဲ့သည်။ ထိုစဉ်က တိုင်းပြည်သည် အရှေ့တောင် အာရှတွင် အားလုံးထက် သာ သည်။ လွတ်လပ်ရေးရပြီးခြင်း၊ လွတ်လပ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှုရှိနေခြင်းထို့ကြောင့် နှစ်ဆယ်ရာစု နှောင်းပိုင်းတွင် ဒေသတွင်း၌ မြန်မာနိုင်ငံက ဦးဆောင်လိမ့်မည်ဟု ရှင်းလင်းစွာ တွေ့နေရသည်။ သို့သော် ဖြစ်မလာပါ။ အလုပ်အကြောင်း နားမလည်သော အကျင့်ပျက်ခြစားသည့် ဗိုလ်ချုပ်များ ပါဝင်သော အစိုးရသည် တိုင်းပြည်ကို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ကြသည်။ စစ်တပ်သည် စီးပွားရေးကို လုယူချုပ်ကိုင်ခဲ့ပြီး၊ စစ်အရာရှိများနှင့် အခွင့်ထူးခံများကို အဆင့်တိုင်းတွင် ထည့်သွင်းခဲ့သည်။

သို့သော် ယူနီဖောင်းဝတ်များက အစပိုင်းတွင် ၄င်းတို့သည် ဆိုရှယ်လစ်စနစ်ကို လုပ်ဆောင်နေကြကြောင်း ရှင်းလင်းခဲ့ကြသည်။ တဖြည်း ဖြည်း ရှင်းလင်းလာသည့်အချက်မှာ လူမှုစီးပွားအကျိုးအမြတ်များအားလုံးသည် စစ်တပ်နှင့် ၄င်းတို့သစ္စာခံသူ မိတ်ဆွေများအတွက်သာ ဖြစ်သည်ဟူ သော အချက်ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေခွင့်၊ လူထုစုဝေးခွင့်၊ ဆက်သွယ်ရေး၊ ဆန့်ကျင်ရေး၊ စုပေါင်းတင်ပြခွင့်နှင့် အခြားလွတ်လပ်ခွင့်များ ဖယ်ရှားခံခဲ့ရ သည်။ ယနေ့တိုင် မြန်မာ အနည်းငယ်ခန့်ကသာ တယ်လီဖုန်း၊ သတင်းထုတ်လွှင့်မှု၊ သတင်းစာ(သို့) အင်တာနက်တို့ကို ခွင့်ပြုထားသည်။ အင်တာ နက်တို့ကို ခွင့်ပြုထားသည်။ အင်တာနက် ဆက်သွယ်မှုများကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး၊ မငြိမ်မသက် ဖြစ်သည့် လက္ခဏာများ ပေါ်ပေါက်လာ ပါက အစိုးရဆက်သွယ်ရေးစနစ်များကို ပိတ်ပစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈ဝ ခုနှစ်များကာလ အလယ်ခန့်တွင် ပေါ်လာခဲ့ပြီး စစ်တပ်၏ အကျင့်ပျက် ခြစားမှုများကို အသံပြု ဆန့်ကျင် ခဲ့သည်။ ပြည်သူများအပေါ် သွေးထွက်သံယို နှိပ်စက်သော ကိစ္စအားပုံမှန်ပြုလုပ်နေသော စစ်တပ်၏ လုပ်ဆောင်မှုများကို ရဲရင့်သော အမျိုးသမီးတစ်ဦးမှ တားဆီးနေခဲ့သည်။ သူမသည် အစိုးရ၏ ဇတ်လမ်းဆင် လုပ်ကြံသော ဇတ်လမ်းများဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရသည်အထိ ခံစားခဲ့ရသည်။ သူမ သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီးကတည်းက သူမ၏ ဘဝအချိန်အတော်များများမှာ နေအိမ်အကျယ်ချုပ်ဖြင့်ကုန်ဆုံးခဲ့ရပြီး၊ တစ်ခါတရံ စွဲချက် တင်ခြင်း မရှိဘဲ ထိန်းသိမ်းခံခဲ့ရသည်များပင် ရှိသည်။

ပြီးခဲ့သည့်လက သူမအား သမ္မတသစ် ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့ကြသည်။ အကောင်းမြင် ဝါဒီများက သူမ၏ ယုံကြည်မှုဖြစ် သော ပြီးခဲ့သည့်ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအသစ်နှင့် စစ်တပ် မျိုးဆက်သစ်များသည် မြန်မာနိုင်ငံပြင်းထန်သော ဖိနှိုပ်မှုအောက်မှ လွတ်မြောက်ရန် အခွင့် အလမ်းဟု မြင်သည် ဆိုသည်ကို သဘောကျကြသည်။ စစ်တပ်၏ ဖိနှိပ်မှု ပြင်းထန်လွန်းခြင်းကြောင့် ဗြိတိသျှ ကိုလိုနီကပင် ပျော့ပြောင်းသလို ဖြစ်ခဲ့ရ သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သူမနှင့်ဦးသိန်းစိန်သည် အနာဂတ်ရည်မှန်းချက် အချို့ကို အမြင်ချင်း တူသည်ဟု ထင်ကြောင်း ဆိုခဲ့သည်။ မည်သည့်အချက်များ တူကြောင်း ပြောကြားခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အာရပ်ကမ္ဘာနွေဦး တော်လှန်ရေးကဲ့သို့ ကြမ်းတမ်းသော တော်လှန်ရေးမျိုးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

လုံးဝ မသဲကွဲသေးသော အချက်မှာ မြန်မာနိုင်ငံသည် ၄င်း၏ အမှောင်ဆုံးအချိန်များ မှ တောက်ပသော နေ့ရက်များဆီသို့ မည်သို့ ရုန်းထွက် လာမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ အစိုးရသစ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ လေးစားမှုမှာ အားတက်စရာပင် ဖြစ်သည်။ သို့သော်မြန်မာ ဒီမိုကရက်များသည် ရှေ့ဆက်ရန် စိတ်အား ထက်သန်ခြင်း သို့မဟုတ် အသင့်ရှိနေခြင်း၊ တိုင်းပြည်ကို ချုပ်ကိုင်ထားသော ယူနီဖောင်းဝတ်များအား ဆန့်ကျင်လျက် လက်ရှိ အဖြေမထွက်သော အခြေအနေကို စိန်ခေါ်မည့် လက္ခဏာများ မတွေ့ရသေးပေ။

ရဲထောက်လှမ်းရေးများသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဋ္ဌာနချုပ် ရှေ့တွင် တပ်စွဲထားပြီး၊ လာသမျှ လူကို ဓါတ်ပုံရိုက်နေဆဲ ဖြစ် သည်။

မြန်မာနိုင်ငံမှာ အထက်ပါရဲများစောင့်သည့် တိုင်းပြည်အခြေအနေ (Police State) မှ ရှေ့မဆက်နိုင်သေးပါ။ ယခုတိုင် မရှင်းလင်းသေးသည့် အချက်မှာ တိုင်းပြည်သည် ဖိနှိပ်သောအစိုးရလက်အောက်မှ မည်သို့ ရုံးထွက်နိုင်မည်နည်း ဆိုသည်ပင် ဖြစ်သည်။

နိုင်ငံတော်အလံသစ် ပြည်သူများ မလေးစား

၂၀၁၀ ရွေးကောက်ပွဲအပြီး၌ အစိုးရသစ် ပေါ်ထွက် လာပြီးနောက် ပြောင်းလဲ လိုက်သည့် နိုင်ငံတော်အလံသစ်အား ပြည်သူများ လေးစား လိုက်နာမှု မရှိကြောင်း သိရသည်။

ယခင် ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ ပိတ်ကားထက်တွင် နိုင်ငံတော်အလံပောာင်းကို ပြသ၍ နိုင်ငံတော် သီချင်းဖွင့်ပါက အလေးပြုသူ များပြား လှသော်လည်း ယခုအခါ ရုပ်ရှင်ရုံများ တွင် နိုင်ငံတော်အလံသစ်ပြသ၍ နိုင်ငံတော် သီချင်းဖွင့်ပါက အချို့သူများသာ အလေးပြုကြကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ရုပ်ရှင်ရုံများတွင် လူအနည်းစုသာ အလေးပြုသည့်အတွက် ရုပ်ရှင်ရုံတာဝန်ရှိသူ များက နိုင်ငံတော်သီချင်းအား ခတ္တခဏသာဖွင့်ပြီး ရုပ်ရှင်ကားကို စတင်ပြသရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီတွင် ဘုရင်အား အရိုအသေပြုသည့်သီချင်း ဖွင့်ပါက ရုပ်ရှင်လာရောက်ကြည့်ရှုသည့် သူများသည် သီချင်းဖွင့်ထားစဉ် တစ်လျောက်လုံးတွင် မတ်တပ်ရပ်အလေးပြုကြကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်သီချင်းအား မနက် ၇ နာရီအချိန်တွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

သတင်း...:ပြည်သူ့ခေတ်

21 September 2011

ရန်ကုန်မြို့ တော်စည်ပင်သာယာ ၏ မြို့နေလူထုအပေါ်ဆိုးရွားသောလုပ်ရပ်


ရန်ကုန်မြို့ မြို့ နယ် အချို့ တွင် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေပေးဝေရေးဌာနမှပို့လွှတ်နေသော ရေသည် ယခုရက်ပိုင်းအတွင်းပြည်သူအများ သုံးစွဲပါက ကျန်းမာရေးဆိုးရွားစွာထိခိုက်စေမည့် ရေများကို ပိုလွှတ်လျှက် ရှိပါသည်။

လူနေတိုက်ခန်းများမှရေစုတ်တင်လိုက်လျှင်ပုံများတွင်မြင်တွေ့ရသည့် အတိုင်းသံချေးရောင်နှင့်နွံနှစ် များပေါင်း စပ်နေသော ရေများကျလာပါသည်။ ယခုကဲ့သို့  ဖြစ်နေသည်မှာ ၂ရက်ခန့်ရှိနေပြီဖြစ်ပြီး ၊ နောက်ထပ်မည့်မျှကြာမြင့်ဦးမည့် မသိပါ ။၎င်းရေများ အား ဖယ်ထုတ်သန့်စင်ရန်အတွက် ရေ ဖောက်ထုတ် ရာတွင်ရေနှင့်ထိမိသောခြေ၊လက်အစရှိသည့်နေရာများသည်ယားယံလာခြင်း၊ အနီစက်များဖြစ်ပေါ် လာခြင်း များကိုခံစားရပါသည်။

ရန်ကုန်မြို့နေလူထုသည်ဂျိုးဖြူရေကိုသာအဓိကသုံးစွဲနေကြသည့်အတွက် ရေပေးဝေရေးဌာနမှ ရေဆိုးရေညစ်
များကိုပြည်သူ အများသုံးစွဲရာသို့ပို့လွှတ်ခြင်းသည် အလွန်ဆိုးရွားပြီး လူသားခြင်းစာနာမှု့ မရှိသော လုပ်ရပ်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ဌာန၏ဆောင်ပုဒ်များဖြစ်သော “ဒါ..သင့်မြို့တော် သန့်ရှင်းသာယာလှပရမည်”“မြို့တော်သာယာလှပရေးအတွက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပါ”စသည့်ဆောင်ပုဒ်
များရှိသော်လည်း အပေါ်ယံလူမြင်ကောင်းရုံဖြင့် မဖြစ်နိုင်ပါ။

ယခုကဲ့သို့မြို့တော် စည်ပင်သာယာရေးမှ မြို့ခံလူထုအပေါ်လူမဆန်သောလုပ်ရပ်သည် ဌာနကောင်းတခု၏ အင်္ဂါရပ်များနှင့် မလျှော်ညီပါ။မြို့နေပြည်သူများ၏အမြင်အရ ရန်ကုန်မြို့တော်စည်ပင်သာယာဌာနသည်စည်ပင် ခွန်၊ဆိုင်းဘုတ်ခွန်၊ အမှိုက်ခွန် အစရှိသည့်အခွန်အခကောက်ခံရေးများတွင်သာ အားကြိုးမာန် တက်ဆောင်ရွက်လျှက်ရှိပြီးမြို့နေလူထု အပေါ် စေတနာမှန်မှန်ဖြင့်ပြည်သူ့အကျိုးပြုနေခြင်းမရှိပါ ။

မြို့တော်စည်ပင်သာယာလှပစေရေး၊အဆင့်အတန်းမြင့်သောမြို့တော် အဂါင်္ရပ်များနှင့်ညီစေရန်မြို့နေလူထုနှင့်
အမှန်တကယ်လက်တွဲ ဆောင်ရွက် လိုပါက မိမိဌာနရှိညစ်နွမ်းစုတ်ပြတ်နေသောစနစ် များနှင့် မြိုခံလူထုအပေါ်ထားရှိသည့်စိတ်ဓါတ်များအား ဦးစွာပြင်ဆင်ဖာထေး သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနှင့်ပါတ်သက်သည့် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထားကြေငြာချက်

MYITSONE REV3

စစ်ထောက်လှမ်းရေးဟောင်းများ ခြေရှုပ်နေပြီလား

မကြာသေးမီက အကျဉ်းထောင်တွင် အကျဉ်းကျနေသော ယခင်စစ်ထောက်လှမ်းရေးဟောင်း အဆင့်မြင့်အရာရှိများကို စစ်အစိုးရသစ်မှ လွှတ်ပေးခဲ့သည်ကို မှတ်မိကြမည်ထင်ပါသည်။ ဗိုလ်မှူးကြီးအဆင့်တွေပါ။ ဘယ်သူတွေလဲဆိုတာ နာမည်တွေ မမှတ်မိတော့။ နာမည်တွေ မမှတ်မိဘူးပြောလို့ မှတ်ဥာဏ်ကလဲ နည်းလိုက်တာလို့ အပြစ်တင် မစောပါနဲ့။ ကိုယ့်ဘက်ကလူ၊ ဒီမိုကရေစီရေးဘက်က လူမဟုတ်ရင် နာမည်တွေကို အရေးအရာလုပ်ပြီး မှတ်မနေနိုင်လို့ မမှတ်မိတာပါ။ (ဘက်ပြောင်းပြီလို့ တရားဝင်ထုတ် ကြေငြာသူတွေကို မှတ်ထားပါမယ်)။ ဗိုလ်မှူးကြီး စန်းပွင့် ဆိုလား….? အင်း…… တယောက်တော့ မှတ်မိသလိုဘဲ။ သူတို့ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့်လက်ရင်းကြီးများဖြစ်ကြတဲ့ အဆင့်မြင့် စစ်ထောက်လှမ်းရေး အရာရှိကြီးများ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ဆရာသမား ဗိုလ်ခင်ညွန့် ဘယ်အခြေအနေ ဘယ်အနေအထား ရောက်နေသလဲ တိတိကျကျ မသိပေမဲ့ မကြာသေးမီက ပြန်လွှတ်ပေးလိုက်တဲ့ စစ်ထောက်လှမ်းရေး အရာရှိကြီးများကတော့ ယခုကြံ့ဖွတ်အစိုးရသစ်နဲ့ အပေးအယူလုပ်ပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ဘဲ ယူဆရပါတယ်။

၂၀၀၄ ခုနှစ်က ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးအုပ်စုနဲ့ ဗိုလ်ခင်ညွန့်တို့ရဲ့ အာဏာလွန်ဆွဲပွဲမှာ ကျရှုံးခဲ့သူက ဗိုလ်ခင်ညွန့်အုပ်စု ဖြစ်ခဲ့တယ်။ နပိုလီယံပြောခဲ့ဘူးတာက အင်အားအကြီးဆုံး စစ်တပ်ရဲ့ဘက်က ဘုရားသခင်က ရပ်တည်တယ်တဲ့။ မြန်မာစစ်တပ်ထဲမှာလဲ နပိုလီယံပြောတဲ့ စကားလို အင်အားကြီးသူဘက်က အနိုင်ရ၊ အင်အားမရှိသူများ ဖြုတ်ထုတ်သတ်ခံရတာတွေများခဲ့လို့ နပိုလီယံရဲ့စကားမှန်တယ် ပြောရမယ်။ လူအင်အားများတဲ့ လက်နက်ကြီးသမား ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး အတွဲအုပ်စုက ပစ္စတိုသမား ဗိုလ်ခင်ညွန့်ရဲ့အုပ်စုကို အနိုင်ရပြီး ဖြုတ်၊ ထုတ်၊ သတ် လုပ်သွားခဲ့တာလေ။ ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးတွေ အဂတိလိုက်စားပါတယ်ဆိုပြီး အတူတူနဲ့ အနူနူချင်း အပြုတ်နှံလိုက်တာနဲ့ စစ်ထောက်လှမ်းရေးမှန်သမျှ နေ့ချင်းညချင်း ပါဝါအာဏာ တပြားဘိုးမှ မရှိကြတော့ဘဲ ထောင်နန်းစံခဲ့ကြရတယ်။ ဘုရားသခင်ဟာ အင်အားနည်းတဲ့ ဗိုလ်ခင်ညွန့်ဘက်က မရပ်တည်ခဲ့ဘူး ပြောရမယ်ထင်တယ်။ တချို့ဆိုရင် အပျောက်ရှင်းခံခဲ့ကြရတယ်လို့တောင် ယူဆရတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က ရွာတရွာဟာ အစဉ်အလာအရ စစ်တပ်နဲ့ နီးစပ်လို့ စစ်မှုထမ်းကြတယ်။ စစ်ထောက်လှမ်းရေး (အခြားအဆင့်) ၃ ယောက်ရှိတယ်။ သူတို့ကို ၂၀၀၄ ခုနှစ် ဗိုလ်ခင်ညွန့်ကို အရေးယူ ထိန်းသိမ်းစဉ် ဗိုလ်သန်းရွှေအုပ်စုက (ခဏလိုက်ခဲ့ပါ) ဆိုပြီး လာခေါ်သွားကြတာ ဒီကနေ့ထိ အိမ်ပြန်မရောက်ကြပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ရှိမလားဆိုတော့လဲ အိမ်က ဇနီးမယားတွေဆီ ဘယ်အကျဉ်းထောင်ကမှ အကြောင်းမကြားဘူး။ လူကြုံသတင်းစကားကလေးတောင် မရဘူးလို့ဆိုပါတယ်။

အခုအချိန်မှာတော့ သမ္မတ ကိုသိန်းစိန်ဟာ ဘယ်သူက ဘာပြောပြော နိုင်ငံရဲ့ အုပ်ချုပ်ရေး အဓိက တာဝန်ရှိသူဖြစ်လာခဲ့ပါပြီ။ ဘယ်သူက ဘာပြောပြောဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကို မဲဘယ်လို ညစ်ပြီးနိုင်နိုင် အဲဒီမဲကိစ္စ အသားလေးထားလို့ ပြောတာပါ။ ကိုသိန်းစိန်ဟာ သမ္မတဖြစ်ပြီး မကြာမီမှာဘဲ ယခင်စစ်ထောက်လှမ်းရေးက အဆင့်မြင့် ဗိုလ်မှူးကြီး သုံးဦးကို ပြန်လွှတ်ပေးခဲ့တယ်။ သူတို့ဟာ ရှောင်လင်ကျောင်း တကျောင်းထဲထွက်တွေဆိုတော့ လုပ်ဖေါ်ကိုင် ဘက်ဟောင်းတွေ။ ပြန်သုံးချင်လည်းရ။ မသုံးချင်လည်းနေ။ အခုဆိုရင် ပြန်လွတ်လာတဲ့ စစ်ထောက်လှမ်းရေးဟောင်း အရာရှိကြီးတွေက သမ္မတ ကိုသိန်းစိန် အစိုးရအဖွဲ့အတွက် အလုပ်တွေ ပြန်လုပ်ပေးနေပြီ (သို့) အကြံပေးတွေဖြစ်နေကြပြီလို့ ထင်မြင်ယူဆရပါတယ်။

သမ္မတ ကိုသိန်းစိန်အဖို့လည်း အရပ်သားနာမည်ခံပြီး အစိုးရသစ်မှာ သမ္မတ လုပ်လုပ်ဆိုလို့ လုပ်နေရပေမဲ့ တကယ်လုပ်ကြည့်တော့ အရပ်သားလုပ်ရတာ မလွယ်လှဘူး မဟုတ်လား။ အရပ်သားဆိုတာ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်ညှိ၊ အပေးအယူမျှမျှတတနဲ့ သူမနိုင်ကိုယ်မရှုံး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဆိုသလို အ၀ိုင်းပုံစံ သွားရတာ။ စစ်တပ်ထဲနေသလို ဗိုလ်တွေချည်းနိုင် ငယ်သားတွေရှုံး၊ ဒေါင်လိုက်စနစ်နဲ့ သွားရတာ မဟုတ်ဘူး။ ဒီလိုနဲ့ စစ်ထွက်စ ကိုသိန်းစိန်တယောက် အရပ်သား သမ္မတဘ၀နဲ့ အစိုးရသစ်ကို ဦးဆောင်ပြီး ဘာလုပ်ပြရမှန်း မသိဖြစ်နေတဲ့အထဲ အစိုးရအသစ်တခုဟာ ရက်ပေါင်း (၁၀၀) အတွင်း ကိုယ်ချမှတ်တဲ့ မူဝါဒတွေကို အစပျိုးလုပ်ပြဘို့ လိုပြီလို့ ပြည်တွင်းက အော်၊ ပြည်ပက အော်၊ ပိတ်ဆို့ထားတဲ့ အစိုးရကြီးတွေက အော်။ အဲဒီလို အော်ကြ၊ ပြောကြလွန်းလို့ လုပ်ပြချင်ပေမဲ့ သမ္မတအနေနဲ့ ဘာလုပ်ပြသင့်တယ်ဆိုတာ အကြံကောင်းပေးမဲ့သူ လိုအပ်တယ်လေ။ အစိုးရသစ်ထဲက အရပ်သားစစ်စစ်တွေ သွားတိုင်ပင်ရင်လဲ ယုံရတာ မဟုတ်တော့ အာဏာတည်မြဲရေး ဇာတ်ဆွဲရာမှာ ညစ်နည်းနဲ့ လိမ်နည်း စွယ်စုံကျော်ထင် ထောက်လှမ်းရေးဟောင်းများကို အားကိုးပုံရပါတယ်။

ဒီလိုနဲ့ ထောက်လှမ်းရေးဟောင်းကြီးတွေဟာ ထောင်ကလွတ်လာပြီး သမ္မတ ကိုသိန်းစိန်အနားမှာ တီးတိုးတီးတိုး သဖန်းပိုး အကြံပေးတွေ ဖြစ်နေကြပြီလို့ ယူဆရတယ်။ ထောက်လှမ်းရေး အရာရှိဟောင်းကြီးတွေ ပြန်ထွက်လာပြီးမှ သမ္မတဟာ ဗြုန်းဗြုန်းဒိုင်းဒိုင်း -အလန့်တကြားကို အလုပ်တွေ လုပ်ပြတော့တာဘဲ။ ရှေ့ခရီးမှာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို မျှော်မှန်းကြည့်မယ်ဆိုရင် ယခင်စစ်ထောက်လှမ်းရေးများ လုပ်လေ့လုပ်ထရှိတဲ့ နည်းနာနိသယများကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။
စစ်ထောက်လှမ်းရေးတွေ လုပ်လေ့ရှိခဲ့တာတွေက အကြမ်းအားဖြင့်တော့—

- အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
- ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ
- ပြည်ပရောက် အတိုက်အခံ ပြန်ခေါ်ရန်လက်ကမ်းခြင်း
- ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေး၍ စည်းရုံးသိမ်းသွင်းခြင်း
- အတိုက်အခံအဖွဲ့အစည်းများကို ၂ ခြမ်းကွဲအောင် သွေးခွဲခြင်း
- ဖမ်းသူ ဖမ်း၊ လွှတ်သူ လွှတ် လှည့်စားခြင်း
- ဘက်ပြောင်း လူမွေးခြင်း
- လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်ခြေရှိလျှင် လူစည်ကားရာ နေရာများတွင် ဗုံးခွဲပြီး နိုင်ငံရေးသမားများအား စွပ်စွဲဖမ်းဆီးခြင်း
- ပြည်သူလူထု တွေဝေစေမည့် ကောလာဟလများ လွှင့်ထုတ်ခြင်း စတာတွေဟာ စစ်ထောက်လှမ်းရေးဟောင်းတွေ လုပ်လေ့လုပ်ထရှိခဲ့တာ တွေပါပဲ။

တခြားတခြား စစ်ရေးဆိုင်ရာ ကိစ္စတွေကတော့ ဒီထက်ပိုမို နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနိုင်ပေမဲ့ အများပြည်သူ အတိုက်အခံများနဲ့ ပတ်သက်တာတွေကတော့ အကြမ်းဖျဉ်း ဒီလောက်ပဲလို့ ထင်ပါတယ်။
၂၀၀၄ ခုနှစ် ဗိုလ်ခင်ညွန့်အုပ်စု ပြုတ်သွားပြီးနောက် အထက်ပါ လုပ်ငန်းစဉ်များထဲက ဗုံးခွဲတာနဲ့ တတိယအုပ်စု လူမွေးသလို ရွေးကောက်ပွဲဖြစ် မြောက်ရေး လူမွေးနိုင်ခဲ့တာကလွဲရင် ကျန်တဲ့လုပ်ငန်များ ရပ်နားသလောက် ဖြစ်သွားခဲ့တာ သတိပြုမိကြမယ် ထင်ပါတယ်။ ဒါကလဲ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်သိန်းစိန် စစ်အုပ်စုရဲ့ ထောက်လှမ်းရေး လက်သစ်တွေဟာ ဦးနေ၀င်းလက်ထက်ကတည်းက ဆင်းသက်လာပြီး အတွေ့အကြုံများတဲ့ မူလလက်ဟောင်း ဗိုလ်ခင်ညွန့် လူတွေလောက် ထောက်လှမ်းရေးက တာဝန်ယူလုပ်နေတဲ့ အပိုင်းတွေကို မကျွမ်းကျင်လို့လဲ ဖြစ်နိုင်ပါတယ်။

အခုဆိုရင် ထောက်လှမ်းရေး အရာရှိဟောင်းကြီးများ ပြန်လွတ်လာပြီးနောက် သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အနီးစပ်ဆုံး လုပ်ငန်းစဉ်များ၊ လုပ်နည်းလုပ်ဟန်များကို သမ္မတ ကိုသိန်းစိန်ရဲ့ အစိုးရသစ်က လုပ်လာတာတွေ တွေ့နေရပါတယ်။ အဲဒါတွေထဲက အထင်ရှားဆုံး ဖြစ်စဉ်များကတော့ –

• အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

အလွန်မျက်နှာပြောင်သော ဗိုလ်သန်းအောင်က ကေအိုင်အို၊ ကေအိုင်အေ ဆွေးနွေးပွဲများ လုပ်သွားပါတယ်။ ကေအိုင်အေက မေးတဲ့ ကေအိုင်အို ကေအိုင်အေအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ဖြေမသွားပါဘူး။ ပင်လုံကိစ္စ မဖြေပါ။ ပါးစပ်ကတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့။ ငြိမ်းချမ်းရေးတောင်မှ ရိုးရိုးငြိမ်းချမ်းရေး မဟုတ်ဘူး။ ရှယ်ငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးဆိုဘဲ။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သိန်းစိန်နှင့် ဆွေးနွေးပွဲ။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ပင့်ခေါ်ပြီး ဆွေးနွေးပွဲ လုပ်တယ်။ ၀န်ကြီးဝန်ကလေးများနှင့် လက်ဖက်ရည်သောက်ပြစေတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ပြီးတက်စေတယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်တာ မဟုတ်ပါ) ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အမြဲတန်း စေ့စပ်ဆွေးနွေးရေးကို လမ်းဖွင့်တဲ့ မူဝါဒကို ကိုင်စွဲထားတာမို့ ဆွေးနွေးမယ်ဆိုရင် တယောက်ထဲဘဲ ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ မငြင်းဆန်ဘဲတက်တာ မှန်ပါတယ်။ ဒါပေမဲ့ သမ္မတ ကိုသိန်းစိန်ဘက်ကတော့ အမြဲဖွင့် ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စေ့စပ်ဆွေးနွေးရေး တံခါးဝကို သွေးရိုး သားရိုးမဟုတ်ဘဲ ၀င်လိုက်ထွက်လိုက် ဟန်ပြ လုပ်နေတာ ဖြစ်ဘို့များပါတယ်။

ယခင်ကလည်း ဗိုလ်သန်းရွှေနဲ့ ထမင်းစားပွဲတက်ဖို့ ဖိတ်ခဲ့ဘူးပြီး ဗိုလ်ခင်ညွန့် လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဘူးပါတယ်။ သမိုင်းစာမျက်နှာ အသစ်တောင်ဖွင့်နိုင်ပြီလို့ ကြီးကြီးကျယ်ကျယ် ပြောခဲ့ပါသေးတယ်။ နောက်တော့လည်း နိုင်ငံရေးအရ ဘာမှ အမေးတယ်တယ် အမယ်ရရ ဖြစ်လာတာ မတွေ့ရပါဘူး။ တိုင်းသူပြည်သားနဲ့ ကမ္ဘာပေါ်က စောင့်ကြည့်နေတဲ့ အစိုးရများကို လှည့်စားယုံမျှ လုပ်ပြသွားခဲ့တာချည်းပါဘဲ။

- ပြည်ပရောက် အတိုက်အခံတွေကို လွတ်ငြိမ်းပြန်ခေါ်ခြင်းကလည်း ဦးနေ၀င်းရဲ့လက်ကျ ဗိုလ်ခင်ညွန့်နှင့်တပည့်များ လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေး စီမံချက်တွေထဲက တခုပါ။ ဦးနေ၀င်းလက်ထက်ကတည်းက လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ၀န်ကြီးချုပ်ဟောင်း ဦးနုတိုင်းပြည်က ထွက်သွားပြီးနောက် စာရေးဆရာ ဦးသိန်းဖေမြင့်က (ပြန်လမ်းမရှိသော ဦးနု) လို့ ပြောဆိုရေးသားခဲ့ပေမဲ့ ဦနေ၀င်းက သဘောထားတွေ ကြီးလေဟန်နဲ့ ပြန်ဖိတ်ခေါ်ခဲ့ဘူးပါတယ်။ ဒီလိုနည်းတွေကို ဦနေ၀င်းဆီက ဗိုလ်ခင်ညွန့်နဲ့ သူ့လူတွေ အမွေရပေမဲ့ စစ်ရေးသက်သက် လုပ်နေသူတွေ အမွေရခဲ့ပုံ မရဘူး။

- အရေးကြီး နေ့ရက်များတွင် ပြည်သူလူထု နိုင်ငံရေး အရုဏ်ပျက်ပြားစေရန် အလုပ်ရှုပ်နေစေခြင်းများ။

မှတ်မှတ်သားသား ပြောရရင် ဒီနှစ် ၈၈၈၈ နေ့ မတိုင်ခင် ၂ ပတ်ခန့်ကြိုတင်ပြီး ရန်ကုန်မြို့ရှိ လူနေထူထပ်သော မြို့နယ်များမှာ အိမ်တိုင်း မိသားစုတိုင်းကို မှတ်ပုံတင်လုပ်ပေးတဲ့ စီမံကိန်းလုပ်သွားခဲ့ပါတယ်။ ၁၀ နှစ်ပြည့်မှတ်ပုံတင် (၁၈) နှစ်ပြည့် မှတ်ပုံတင် လွယ်လင့်တကူရမယ်ဆိုတော့ ဖေါင်ယူရ၊ ဖေါင်ဖြည့်ရ၊ ဓါတ်ပုံရိုက်ရ၊ သွေးအမျိုးအစား ခွဲရ၊ ထောက်ခံစာ တောင်းရ၊ မြို့နယ်တိုင်း အိမ်တိုင်း ၀ုန်းဒိုင်းကျဲ အလုပ်ရှုပ်သွားကြပါတယ်။ အလုပ်များပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေဆီ ပြည်သူတွေ အရုဏ်မရောက်အောင် လုပ်တဲ့ ရည်ရွယ်ချက်ပါဘဲ။ (၈၊ ၈၊ ၁၁ နေ့) သာဓုကျောင်းမှာ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အမှတ်တရပွဲလုပ်ခဲ့တယ်။ အဲဒီနေ့ ၀န်းကျင်နေ့တွေမှာ လ.၀.က က ရပ်ကွက်ရုံးတိုင်းမှာ ဘီလူးသူရဲ စီးသလို (လာခဲ့၊ ဒီနေ့နောက်ဆုံး၊ မနက်ဖန်ဆို မရတော့ဘူး) နဲ့။ လူတွေကို ခြောက်လုံးမြှောက်လုံးများနဲ့ လှည့်စားသွားတယ်။ ရှစ်လေးလုံးနေ့ပြီးတာနဲ့ မှတ်ပုံတင်လုပ်ပေးတဲ့ကိစ္စ သွေးအေးသွားပြန်တယ်။ နောက်ထပ်လာမဲ့ အရေးကြီးနေ့တနေ့မှာ ထိုပရောဂျက်ကို ဆက်မည်။

ဘုန်းမော်နှစ်ပတ်လည်နေ့၊ ရှစ်လေးလုံးနေ့၊ အာဏာသိမ်းနေ့မျိုးတွေမှာ လူထုကို ၂ ပတ်လောက်ကြိုတင် အလုပ်ရှုပ်ခိုင်းထားပြီး နိုင်ငံရေးစိတ်မ၀င်စားအောင် လှည့်ဖျားထားတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီပရောဂျက်များကို ဗိုလ်ခင်ညွန့်အုပ်စုက အတော်အလေးထား လုပ်ခဲ့ပေမဲ့ ဗိုလ်ခင်ညွန့် ပြုတ်သွားပြီး သာမန်မျှသာ လုပ်ပါတော့တယ်။ ဒီနှစ် (၈၊ ၈၊ ၁၁) နေ့မတိုင်ခင် တကျော့ပြန်ပြီး ပရောဂျက်ကြီးပုံစံချ လုပ်ခဲ့တာကို တွေ့ရပါတယ်။

• ဘာသာရေးလူမျိုးရေး အဓိကရုဏ်းများ

ဗိုလ်ခင်ညွန့်ရှိစဉ်က မူဆလင်၊ မြန်မာ ဘာသာရေး အဓိကရုဏ်းများ နှစ်စဉ်လိုလို ဖြစ်လေ့ရှိပါတယ်။ ဘယ်မြို့မှာတော့ ကိုရင်ကလေးကို မူဆလင်ကုလားက ရိုက်လိုက်လို့။ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးကို ဘယ်အစ္စလာမ်ဘာသာဝင်က စော်ကားလိုက်လို့ စသဖြင့်သတင်းတုတွေ ဖြန့်ပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ လုပ်လေ့ရှိပါတယ်။ သတိနဲ့ စောင့်ကြည့်နေခဲ့တာ။ အခု- ဟင်္သာတမြို့က မူဆလင်၊ မြန်မာ အဓိကရုဏ်းဆိုတာ ပြန်ပြီးစကြားလာရတယ်။ စစ်ထောက်လှမ်းရေးဟောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် လက်သပ်မွေးတွေ ရှိတယ်။ (သတိထားဘွယ်)

• ဟင်္သာတမှာ အဓိကရုဏ်း မဖြစ်ခင် ကချင်ပြည်နယ်က ရှမ်းရွာတွေမှာ ကချင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ ကပ်သွားတယ်လို့ ကြားရပါတယ်။ ကချင်တပ်များနဲ့ တိုက်ပွဲတွေ ဖြစ်နေစဉ် ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းရွာများနဲ့ သွေးခွဲချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းများဟာ ၂၀၀၄ ခု နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေ မရှိချိန်မှစပြီး မကြားရတာ ကြာပြီဖြစ်ပါတယ်။ အခုမှ ပြန်ကြားရတာ ဖြစ်ပါတယ်။

နောက်တမျိုးကတော့ ပြည်သူလူထုထဲက အတော်အတန် ထင်ရှားသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးပြီး စည်းရုံးသိမ်းသွင်းတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကလည်း ဘုန်းတော်ကြီးတွေ သီလရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ မြို့တမြို့က ထင်ရှားသူတွေကို ကြံဖန်ပြီး ဆုတံဆိပ်တွေ နှစ်စဉ် လူမထပ်အောင် ပေးမည်။ ဦးနေ၀င်းဟာ အုပ်စုဖွဲ့ပြီး သူအတင်းပြောကြမည့် သူများကို ဆုတံဆိပ်မျိုးစုံ ဖန်တီးပေးထားတတ်တယ်။ ဒီအတိုင်း ဗိုလ်ခင်ညွန့်ကောင်းစားစဉ်က ယောင်္ကျားက သူများထည့်သော အစုရှယ်ယာများဖြင့် စီးပွားရှာပြီး မိန်းမက ကိုယ့်ကလေးကို ကျောင်းပို့ ကျောင်းကြိုလုပ်သူတွေတောင် မဏိဇောတြဘွဲ့တို့ သီရီသုဓမ္မသိင်္ဂီ ဘွဲ့တွေရကြတယ်။ ဗိုလ်ခင်ညွန့်တယောက် မြို့တကာ လျှောက်သွားပြီး သူနဲ့ အလျင်းသင့်သမျှလူကို ဆုတံဆိပ်တွေ ပေးသွားတာ။ ပေးမှာပေါ့ ဆုတံဆိပ်ပေးရတာ ဘာကုန်ကျတာမှတ်လို့ ဘီယာဗူးခွံလွတ်တွေ နို့ဆီဗူးခွံတွေကို ဖြတ်ညှပ်ပြီး အပေါ်က ပိုးစအုပ်ထားတဲ့ ဆုတခုရဲ့ ပေါက်ဈေးက လက်ဘက်ရည် တခွက်ဖိုးတောင်မကျ။ တ၀က်ဖိုးလောက်နဲ့ ရနေတာ။ လူတချို့ကလည်း ဒီဆုတံဆိပ်မျိုးကို လိုချင်ကြတယ်။ ဘာဖြစ်လို့ လိုချင်ကြသလဲဆိုတော့ နအဖပေးတဲ့ သူဌေးဘွဲ့ ရပြီးရင် လူတွေဆီက ချေးလို့ ငှားလို့ ပိုကောင်းပါသတဲ့။

ဒီနေ့ သမ္မတ ကိုသိန်းစိန် လက်ထက်မှာ ဆုတံဆိပ်နာမည် အသစ်ထွင်ပြီး အင်း အင်း ဘယ်သူတွေကို ပေးဦးမလဲ မသိ၊(ဥုံ ဖွ လွဲပါစေ ဖယ်ပါစေ တို့ အမ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမပေးပါစေနဲ့)ပြည်သူ အများ သိထားဖို့က အစိုးရတခုက ဆုတံဆိပ်တွေ များများပေးလေ အညာအဖြီးများလေ မဟုတ်တာတွေ များများလုပ်နေလေ ဆိုတာပါပဲ။

ပြည်သူလူထု ထိတ်လန့် တုန်လှုပ်စေမည့် ကြံကြံဖန်ဖန် ကောလာဟလ လွင့်ထုတ်မှုတွေလဲ လုပ်နိုင်ပါသေးတယ်။ လုယက်မှုတွေ၊ မြို့လယ်ကောင်ဓားပြတိုက်မှုတွေ၊ ဓားထောက်ပြီး ရွှေလုပြီး လူသတ်သွားတယ် ဆိုတာမျိုးတွေကို တကယ်လည်း လုပ်နိုင်သလို ဖြစ်တာထက်ပိုပြီးလဲ သတင်းလွှင့်ထုတ်နိုင်ပါတယ်။ ထောင်ထဲက တကယ်မိုက်တဲ့ လူမိုက်ကို မွေးပြီး တချိ နှစ်ချီ လွတ်ပေးလုပ်ခိုင်းမယ်။ ပြီးတော့ သတင်းကို ချဲ့ကားလွှင့်ထုတ်၊ တိုင်းရေး ပြည်ရေး ရှုပ်ထွေးနေချိန်တွေမှာ လူထုကို ထိတ်လန့်တုန်လှုပ်စရာ အရုဏ်ပြောင်း ဇာတ်လမ်းတွေ ဆင်၊ ပသျှုးခေါင်းဖြတ်ပေါ်လို့၊ ကလေးငယ်လေးတွေကို ၀င်လုနေတယ်။ ဘယ်ရွာမှာ ကလေးဘယ်နှစ်ယောက်ပါ သွားပြီဆိုတဲ့ ကောလဟလမျိုးတွေလဲ ကြားရနိုင်ပါတယ်။

အားလုံးကို ခြုံပြီး ပြောရရင် အခုတလော အရေးတကြီးဆွေးနွေးနေကြရတဲ့ အကြောင်းအရာ အတော်များများဟာ သမ္မတ ကိုသိန်းစိန် အစိုးရအဖွဲ့ထဲမှာ လွတ်မြောက် ထောက်လှမ်းရေး အရာရှိဟောင်းကြီးတချို့ ခြေရှုပ်နေပြီလို့ ပြောချင်ပါတယ်။ သူတို့လှည့်တာနဲ့ လည်ထွက် မသွားကြဖို့ပါ။

တိုင်ရေးပြည်ရေး ပေါက်နဲ့ ကျေး-တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတဲ့ မြန်မာစကားရှိပါတယ်။

မင်းရေးကျယ် မကျယ်တော့ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ လူဖြစ်ခဲ့သူမဟုတ်လို့ မပြောနိုင်ပါ။

၁၉၆၂ ခုနှစ်ကစလို့ စစ်တပ်အစိုးရများ အုပ်ချုပ်တဲ့ စစ်အာဏာရှင်များခေတ်မှာတော့ အာဏာရှင် ဦးနေ၀င်းရဲ့ ညစ်ဥာဏ်တွေနဲ့ လမ်းညွှန်ခြင်းခံထားရတဲ့ စစ်ထောက်လှမ်းရေးဟောင်းများဟာ နိုင်ငံရေးမှာ အလွန်ညစ်ပြီး အလွန်ရှုပ်တဲ့ လူရှုပ်တွေဆိုတာ ပြောစရာလိုမယ် မထင်ပါ။

(ရှုပ်သာ ရှုပ်တယ် သူတို့မှာလည်း နည်းလမ်းများများစားစား ရှိတာတော့ မဟုတ်ပါဘူး။ မြန်မာထောက်လှမ်းရေးဆိုတာ တိုးတိုးတိတ်တိတ် ထောက်လှမ်းတာ ကျွမ်းကျင်မှုနဲ့ အလုပ်ဖြစ်တာမဟုတ်။ ပြည်သူတွေအပေါ် အာဏာနဲ့ ခြိမ်းခြောက်တဲ့ နည်းနဲ့ အနိုင်ယူနေသူများသာ ဖြစ်တယ်။)
တခုတော့ ရှိပါတယ်။ သမ္မတ ကိုသိန်းစိန် အစိုးရအနေနဲ့ ထောက် လှမ်းရေးဟောင်းကြီးများကို ပြန်သုံးတာဟာ ချောင်ထိုးပြီး ပြစ်ထားတဲ့ ဘက်ထရီအိုးဟောင်းကို recharge လုပ် ပြန်သုံးသလို အဟောင်းပြန်သုံးမို့ သိပ်တော့ အားရှိမယ် မထင်မိပါ။

ပြီးတော့ အနိုင်ရ စစ်အုပ်စုနဲ့ အရှုံးရ စစ်အုပ်စုနှစ်ခုဟာ အိုးစားကွဲပြီးသားမို့ အိုးခြမ်းပဲ့ နှစ်ခြမ်း ကော်ကပ်ပြန်စပ်သည့် တိုင်တိုင်၂၀၀၄ ခု မတိုင်ခင်ကာလများလို တသားတည်း တစပ်တည်းတော့ ဘယ်လိုမှ ဖြစ်နိုင်တော့မယ် မဟုတ်ပါ။ ထောက်လှမ်းရေးဟောင်းကြီးများ ကလည်း ကေးဝဋ္ဋ်ပုဏ္ဏား နဖူးက အမာရွတ်စမ်းသလို ရထားတဲ့ အမာရွတ်လေးတော့ ပြန်မစမ်းဘဲ နေမယ်လို့ မထင်မိပါ။

ဒီမိုကရေစီရေး ဆောင်ရွက်နေသူ အတိုက်အခံဘက်ကတော့ သမ္မတ ကိုသိန်းစိန်နောက်မှာ ခြေရှုပ်လာတယ်လို့ ယူဆရတဲ့ Recycle ထောက်လှမ်းရေးများရဲ့ အကြံများကို မမေ့မလျော့ မပေါ့သောသတိနဲ့ နေထိုင်သင့်တယ်လို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဘ၀တွေ လွှင့်စင်အောင်လုပ်ပြစ်ခြင်းဘေးမှ ကင်းဝေးခြင်း စစ်အစိုးရရဲ့ သနပ်အိုးထဲ ဇောက်ထိုးကျခြင်းဘေးအပေါင်းမှ ကင်းဝေးလျက် မိမိတို့ လိုလာအပ် တောင့်တအပ် ဆန္ဒရှိအပ် လုံလစိုက်ထုတ်အပ်သော ဒီမိုကရေစီ ရရာရကြောင်း အကျင့်ကောင်းအကျင့်မြတ်များကို အားထုတ် ကြိုးပမ်းနိုင်ကြပါစေ။

အားလုံး ကိုလေးစားသော
မမခင်

ရိုးမ (၃) တွင်ဖော်ပြထားသော ဆောင်းပါးအားပြန်လည်မျှဝေပေးလိုက်ပါသည်.။

၂၀၁၂ အာဆီယံ- အမေရိကန်ဆွေးနွေးပွဲ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံတာဝန်ယူမည်

၂၀၁၂ ခုနှစ်တွင်ပြုလုပ်မည့် အာဆီယံ- အမေရိကန် ဆွေးနွေးပွဲ၏ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ သီးခြားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ အာဆီယံ- အမေရိကန် ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူ ဆောင်ရွက် ရာတွင် အမေရိကန်ဘက်မှ ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ရနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက Mr. Derek Mitchell အား ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၅ မိုင်အတွင်း သွားလာခွင့် ကန့်သတ်ထားရာ ယခုအခါ အဆိုပါကန့်သတ်ချက်အား ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း Mr. Derek Mitchell က ပြောကြားသည်။

သတင်း : ENVOY

20 September 2011

‘နိုင်ငံတွေမှာ လူ့အခွင့်အရေးမရှိဘဲနဲ့ တည်ငြိမ်မှုဆိုတာ မရှိနိုင်ဘူး’

လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြနှင့်တွေ့ဆုံခြင်း


လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို အရင်သိချင်ပါတယ်။

နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတွေ တိုးပွားအောင်ဆောင်ရွက်ရမယ်။ လူ့အခွင့်အရေးတွေ ဖောက်ဖျက်နေတယ်လို့ တိုင်ကြားသိရှိရလို့ရှိရင် ဒါကို ကျွန်တော်တို့က စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဒါအဓိက တာဝန်ပေါ့။

လုပ်ပိုင်ခွင့် ဆိုတာတော့ လွတ်လွတ်လပ်လပ်နဲ့ လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုပြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အတိုင်းအတာ အထိလွတ်လပ်မလဲပေါ့နော်။ ပထမဆုံးအရေးကြီးတဲ့အချက်က အဖွဲ့ဝင် ၁၅ ဦးနဲ့တွေ့ဆုံပြီး မျက်နှာစုံညီ အစည်းအဝေးကျင်းပဖို့ပဲဖြစ်ပါတယ်။ ဒီအထဲမှာဆိုရင် ချင်း၊ ကချင်၊ ရှမ်းစတဲ့ ပြည်နယ်ဘက် ကနဲ့ ဝန်ထမ်းတွေလည်း ပါပါတယ်။ ပါတော့ သူတို့ကိုအကြောင်းကြား စုစည်းပြီး ပထမဆုံး အစည်းအဝေးကျင်းပဖို့လိုတယ်။ အခုမှ ပထမဆုံး တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံအဆောက် အအုံ(ရုံး)လိုတာပေါ့။ ဝန်ထမ်းတွေ ခန့်အပ်ရမယ်။

လူ့အခွင့်အရေးရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်မရောက်ခင် ဒီဟာတွေ ကျွန်တော် တို့ အရင်လုပ်ရပါဦးမယ်။ ရုံးရှိမှ ကျွန်တော်တို့လုပ်ငန်းက စလို့ရမှာပါ။ နောက်တစ်ပတ်ထဲမှာ တွေ့နိုင်အောင်တော့ ဖိတ်ကြားထား ပါတယ်။

အဲဒီတော့လုပ်ပိုင်ခွင့်ဆိုတာ ဘာတုံး၊ ဒါကိုပထမဆုံးနားလည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လူ့အခွင့်အရေးတွေကာကွယ်ဖို့၊ လုပ်ကိုင်ဖို့ဆိုတာက ယေဘုယျဆန် ပါတယ်။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်တာက ပါရီအခြေခံမူလို့ခေါ်တဲ့ (Paris Principle) ပေါ်မှာ အခြေခံပြီးတော့ တတ်အားသရွေ့ လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ သူ့ရဲ့ မူတွေထဲမှာ ကျွန်တော်တို့ လွတ်လပ်ရမယ်။ အားလုံးကို လွတ်လပ်ရမယ်။ ရုံးကိုလည်း ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နဲ့ ဖွဲ့စည်းပိုင်ခွင့်ရှိရမယ်။ သူတို့ရဲ့ လွှမ်းမိုးမှု အောက်မှာ မရှိရဘူးဆိုတဲ့ သဘော။ ဒါကြောင့်မို့ ကျွန်တော်တို့က ချပေးတာတော့ နိုင်ငံတော်က ချပေးတာပေါ့နော်။ ဘာလို့လဲဆိုတော့ Legal basicရှိဖို့ လိုသေးတာပေါ့။ ဒါကို သမ္မတကြီးက ချပေးလိုက်တယ်။

နောက်တစ်ခုက ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားစာတွေရရှိလာရင် ဒီတိုင်ကြားစာတွေကို စစ်ဆေး စိစစ်ပြီးတဲ့အခါမှာ အရေးယူဖို့ သက်ဆိုင် ရာဝန်ကြီးဌာနတွေကို တင်ပြဆောင်ရွက်ပိုင်ခွင့်ရှိတယ်။ ဒါအရေးကြီးဆုံးပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိလူ့အခွင့်အရေး အခြေအနေအပေါ်ဘယ်လိုမြင်ပါသလဲ။

လူ့အခွင့်အရေး အခြေအနေက နှစ်မျိုးရှိတယ်။ ကျွန်တော်ဒီမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အထူးသဖြင့် အနောက် နိုင်ငံများ၊ နောက်တစ်ခုက ပြည်ပရောက် အဖွဲ့အစည်းများက လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်ဆိုပြီး စွပ်စွဲနေကြတယ်။ ဒီအစိုးရပိုင်းကျတော့လည်း လူ့အခွင့်အရေးက တိုးမြှင့်ကာကွယ် ဆောင်ရွက်နေတယ်ဆိုပြီး ပြောပါတယ်။ အဲဒီတော့အမြင်နှစ်ခုဖြစ်နေတာပေါ့။ စွပ်စွဲတဲ့အပိုင်း၊ ကာကွယ်ဖို့ဆောင်ရွက်နေတဲ့အပိုင်း၊ အဲဒါတွေတွေ့ရ တယ်။ အဲဒီတော့ လူ့ အခွင့်အရေးကို မြှင့်တင်ပေးမယ်ဆိုရင် ဒီအမြင်နှစ်ခုကို ညှိနှိုင်းပြီး ပေါင်းစပ်ပေးလို့ရပါတယ်။ စွပ်စွဲတဲ့လူကလည်း စွပ်စွဲနေပြီ။ အကြောင်းအမျိုးမျိုး ကြောင့်ပေါ့လေ။ ကင်တားနား ကိုယ် တိုင် လာသွားတဲ့အခါမှာ မြန်မာပြည် မှာတော့ ဒီတစ်ခါအခြေအနေတွေတိုး တက်နေတာတွေ့ရတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိနေတယ်လို့ သူကပြောသွားပါတယ်။ လူ့အခွင့်အရေးဆိုတာ သိပ်ကိုကျယ်ပြန့်တဲ့အခါကျတော့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆို စွပ်စွဲတာ လွန်ကဲနေရင်လည်း အမှန်မပေါ်နိုင်ပါဘူး။

မှန်မှန်ကန်ကန်စွပ်စွဲတဲ့အနေအထားကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကော်မရှင်ကို ဖွဲ့လိုက်တယ်လို့ပဲထင်ပါတယ်။ ကျွန်တော်တို့ လူမျိုးက စွပ်စွဲရင် လက်မခံဘူး။

ကျွန်တော့် ကိုယ်ပိုင်အမြင်မှာ ကျွန်တော်တို့လူမျိုးတွေက စိတ် ဓာတ်တော့ခိုင်မာကြတဲ့ လူမျိုးတွေ လို့မြင်တယ်။ တစ်ဖက်မှာလည်း စာနာရမယ်။ ယဉ်ကျေးရမယ်။ ထောက် ထားရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ အပြည့်အဝရှိကြတယ်။ အဲဒီတော့ ကျွန်တော်က ခင်ဗျားမေးတဲ့ Human right နဲ့ပတ်သက်ရင် သာမန် အားဖြင့် သိပ်မပြောဘူး။ အေးအေး ဆေးဆေးနေတတ်တဲ့ အလေ့အထရှိ တယ်။ စွပ်စွဲတဲ့သူကလည်း အရမ်း စွပ်စွဲတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ခံတော့မခံဘူးဗျ။ ပြန်ပြောတဲ့ အလေ့အထလည်းမရှိဘူး။ ဒါပေမယ် လို့ လုပ်ချင်မှတော့လုပ်မှာ။ မတရား လာပြီးစွပ်စွဲနေတာ ဘာလို့လုပ်ရမှာ တုံးဆိုတာမျိုး၊ ဒီလိုတော့ရှိပါတယ်။

ပြောသွားတဲ့အထဲမှာ အမြင်ကွဲ နေတာတွေရှိတယ်ပေါ့။ အမြင် တူအောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုး တက်အောင်လုပ်ဖို့ ဘယ်လိုစီစဉ် ထားလဲ။

အမြင်ကွဲတယ်ဆိုတဲ့ အပိုင်းမှာ အဓိကအားဖြင့် ပြောရရင်အတွင်းနဲ့ အပြင်ပြောပါစို့၊ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့နောက်ပိုင်းမှာ ဒါတွေက ပိုပြီးပြင်းထန်လာတယ်။ လူ့အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတဲ့ အနောက်တိုင်းရဲ့ အမြင်တွေဟာ ပိုပြီးပြင်းထန်လာတဲ့အခါမှာ စွပ်စွဲမှုတွေဟာလည်း ပိုပြီးပြင်းထန်လာတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲမှုတွေဖြစ်သွားပြီးတဲ့အခါမှာ အခက်အခဲတွေကြုံကြရတယ်။ မကျေနပ်မှု တွေပေါ့လေ။ ကျွန်တော့် ကိုယ်ပိုင် အမြင်မှာ ပြည်တွင်းမှာတော့ ဒီ လောက်ကြီး ထုတ်ဖော်ပြောတာမရှိ ဘူးဗျ။ ဥပမာ ခင်ဗျားက ငါ လူ့ အခွင့်အရေးချိုးဖောက်ခံနေရ တယ် လို့ပြောတာများရှိသလား၊ မရှိဘူးလို့ ကျွန်တော်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ။ ကျွန်တော်တို့ ဒီအတွေးအခေါ်တွေနဲ့ ကြီးပြင်းလာတာမဟုတ်ဘူးဗျ။ ”ကျွန်တော် တို့ဆီမှာ လူ့အခွင့်အရေး အနေနဲ့ သိကောင်းသိမယ်။ ချိုးဖောက်မှုတွေ ဒီလောက်မရှိလို့ များလားမသိဘူး၊ သိပ်မပြောခဲ့ဘူး။ လူ့အခွင့်အရေးကို မပြောကြဘူး။ Human rightကို မပြောဘူး။ Human Responsibilityကိုပဲပြောတယ်။ ဆိုဗီယက်ပြိုကွဲ၊ ဘာလင်တံတိုင်းကြီး ကျဆင်းသွားပြီး နောက်ပိုင်းမှာတော့ ဒါက ရှေ့တန်းကိုရောက်လာတဲ့ အနေ အထားမျိုး ရှိပါတယ်။

နိုင်ငံတွေမှာ လူ့အခွင့်အရေး မရှိဘဲနဲ့ တည်ငြိမ်မှုဆိုတာ မရှိနိုင်ဘူး။ တည်ငြိမ်မှုဆိုတာ လူ့အခွင့် အရေးနဲ့ ဆက်စပ်နေတယ်။ အဲဒီတော့ လူ့အခွင့်အရေးကို ဖော်ထုတ် ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ စနစ်ချင်းမတူကြတာလည်း အ ကြောင်းတစ်ခုလို့ ယူဆပါတယ်။ အဲ ဒီမှာ ထိုးနှက်ဝေဖန်ခြင်းခံရတဲ့ တစ် ခုကို ရောက်သွားတယ်။ လူ့အခွင့် အရေး ချိုးဖောက်တာကို ပြောရရင်တော့ မကျေနပ်တဲ့သူက သူ့စားဝတ်နေရေးအဆင်မပြေရင် မကျေနပ်ဘူးပြောတယ်။ လူ့အခွင့်အရေးနဲ့ပြောတာတော့ သိပ်ပြောတာ ကျွန်တော်မကြားဖူးဘူး။ လူ့အခွင့်အရေးက သိပ်ပြီး ရှေ့တန်းကို ရောက်လာတဲ့အခါမှာတော့ စားဝတ်နေရေး အဆင်မပြေမကျေနပ်ရင် အခြေခံ လူ့အခွင့် အရေး ချိုးဖောက်တဲ့ သဘော ဖြစ်လာတယ်။

အဲဒီတော့ ကျွန်တော်တို့ တာဝန်က ပြည်သူလူထုကို လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်ရမယ်လို့ ကျွန်တော်မြင်တယ်။ လူ့အခွင့်အရေး အခြေခံမူတွေဆို တာ ဘာတုံး။ ၁၉၄၈ ပါရီမြို့ ကုလသမဂ္ဂ ညီလာခံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်တော့ မြန်မာနိုင်ငံက အရင်ဦးဆုံး မဲပေးခဲ့တာ။ မြန်မာက ထောက်ခံမဲပေးခဲ့တာ ၁၉၄၈ ဇန်နဝါရီလမှာ ကျွန်တော်တို့ လွတ်လပ်ရေးရတယ်။ ဧပြီလမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့တယ်။ အဲဒီတော့ လူ့အခွင့် အရေးတွေကို လိုက်နာရမယ့်အမြင်ဟာ ကျွန်တော်တို့ဆီမှာ အဲဒီကတည်းကရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ထိုးနှက်ဝေဖန်ခြင်းခံရတဲ့ အခါမှာ အားနည်း လာတယ်။ ဒါကို ဆက်ပြီး မီးမောင်းထိုး အကောင် အထည်ဖော်တဲ့အပိုင်းမှာ အားနည်း ခဲ့လို့လားမသိဘူး ထိုးနှက်ခံရတဲ့ အနေအထားမျိုးမှာ ဖြစ်လာတယ်။

အဲဒီတော့ ခင်ဗျားမေးတဲ့ မေးခွန်းကို ပြန်ဖြေရရင် ဟုတ်တယ်။ ထိုးနှက်ဝေဖန်ချက်တွေ၊ စွပ်စွဲချက် တွေရှိနေတယ်။ နိုင်ငံအတွင်းမှာ လည်း တတ်အားသရွေ့တော့ လုပ် ပေးတယ်ဆိုပေမယ့်ချိုးဖောက်မှုတွေ ရှိနေနိုင်တယ်။ ကျွန်တော်တို့ မသိနိုင်ဘူး။ ဥပမာအနေနဲ့ မြန်မာပြည်နယ်စပ်မှာ တိုက်ပွဲတွေဖြစ်လို့ လူ့အခွင့်အရေးချိုးဖောက် ခံရတယ်ဆိုတာ ကြားနေရတယ်။ ကျွန်တော်တို့ ဒါကို မသိနိုင်ဘူး။ စွပ်စွဲတာနဲ့တော့ ဒါကို ဘာမှမလုပ်နိုင်ဘူး။ အခြေအမြစ်ရှိမရှိ ဒါကို ကျွန်တော်တို့က စုံစမ်းမှာ။ နောက် တစ်ခါ စီမံဆောင်ရွက်ပါလို့ ကျွန်တော်တို့ကို ပြောလာတဲ့အခါမှာ ဒါဟာ ထူးခြား ချက်တစ်ရပ်လို့ ကျွန်တော်မြင် တယ်။

ဒီကော်မရှင်ကိုတကယ်လို့ လုပ်ငန်းစပြီဆိုရင် ထပ်ပြီးတိုးချဲ့ ဖွဲ့စည်းသွားဖို့ အစီအစဉ်ရှိလား။ ဥပမာ ပြည်သူလူထုသိတဲ့၊ ယုံကြည်ရတဲ့အနုပညာရှင်တွေ၊ တခြားပညာရှင် တွေနဲ့ပိုပြီး ယုံကြည်မှုတည်ဆောက်နိုင်အောင်ပေါ့။

ခင်ဗျား ဒီမေးခွန်းကို မေးတော့ ကျွန်တော် အံ့သြသွားတယ်ဗျာ။ ပြည်ပသတင်းတွေ အများဆုံး နားထောင်လားမသိဘူး။ မနေ့တစ်နေ့ ကမှ ဖွဲ့လိုက်တာကို ပြန်ပြီးဖွဲ့စည်း ဖို့ဆိုတာက ယုံကြည်မှုအားနည်းနေလို့လားလို့ ထင်စရာရှိတယ်။ ကမ္ဘာမှာကို လူ့အခွင့်အရေးကော်မရှင်၊ အစိုးရ၊ အသင်းအဖွဲ့၊ ပြည်သူ လူထုအားလုံး ပူးပေါင်းလုပ်ကြ တယ်။ ဒီမှာလည်း အကုန်လုံးပူး ပေါင်းရမယ်။ ခင်ဗျားတို့ မီဒီယာကလည်း Pro-modeလုပ်ရမှာပေါ့ ဗျာ။

အဲဒီတော့ ဖွဲ့တာကတော့ သမ္မတကြီးကနေပြီးတော့ ခန့်အပ်လိုက်တယ်ဆိုတဲ့သဘော။ စဖွဲ့တဲ့အ ခါမှာ အကုန်တော့လည်း မလုပ်နိုင် သေးဘူးပေါ့။ သတ်မှတ်ထားတဲ့ မူ မှာကိုက ကိုယ့်နိုင်ငံရဲ့ မူနဲ့ကိုက်ညီအောင် လုပ်နိုင်တယ်ဆိုတဲ့ အခါကျတော့။ အဲဒီတော့ ဒီဖွဲ့စည်းပုံကို ကျွန်တော်သုံးသပ်ပြီး ပြောရမယ် ဆိုရင် ကျွန်တော်က ခင်ဗျားကိုသာ ပြောရတာ။ ဝေဖန်မှုတွေက သိပ် များနေတော့ အစိုးရဝန်ထမ်းတွေပဲ ဗျာ အစိုးရအကြောင်း ကာကွယ် ပြောနေဦးမှာပဲဆိုပြီး အခုလို စွပ် စွဲချက်တွေနဲ့ ဒီလူတွေက ပြည်သူ လူထုကို ကာကွယ်နိုင်ပါ့မလား၊ အစိုးရကိုပဲ ကာကွယ်နေမှာလား ဆို တဲ့ စွပ်စွဲချက်တွေရောပေါ့။

ပြောရ ရင်တော့ စောလွန်းတာပေါ့ဗျာ။ ဒါပေမဲ့ တိုးချဲ့ဖွဲ့စည်းဖို့ဆိုတာတော့ စဉ်းစားစရာရှိပါတယ်။ အခုမှ စဖွဲ့တာဆိုတော့ အကောင်းဆုံးကို သမ္မတကြီးက စဉ်းစားပြီးတော့ လုပ်လိုက်တယ်လို့ပဲ ကျွန်တော်ဒီလို စဉ်းစားမိပါတယ်။ အခု ဖွဲ့လိုက် တော့လည်း တိုင်းရင်းသားလူမျိုးစုပါဝင်တာ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံဟာလည်း တိုင်းရင်းသား ညီညွတ်မှုကို ဦးထိပ်ထားတယ်။ သံတမန်တွေပါတယ်ဗျာ။ အခြားသက် ဆိုင်ရာကဏ္ဍ ပညာရှင်တွေပါတယ်ဗျာ။

ဆိုလိုတာက တိုင်းရင်းသား ပေါင်းစုံပါတယ်။ အခြားပညာ ရှင်တွေပါတယ်။ ဒီအတွက် အများပြည်သူ ယုံကြည်မယ်လို့ ဆိုတဲ့သဘောပေါ့။

ဒါပေါ့။ ကျွန်တော်တော့ အဲဒီလိုပဲမြင်တယ်။ ဒါပေမဲ့ ယုံကြည်မှု ရအောင်ဆောင်ရွက်ပေးဖို့ ကျွန် တော်တို့ဘက်က လိုပါတယ်။ ဒါက ဘယ်ကရမလဲဆိုတော့ အခုတော့ ဘယ်သူမှမသိသေးဘူးပေါ့။ ကျွန် တော်တို့ ရုံးတွေဖွင့်ပြီး ကျယ်ကျယ် ပြန့်ပြန့်သိအောင်လုပ်၊ ပြည်သူလူထု ယုံကြည်သိရှိဖို့ လုပ်ဆောင်ရမှာ အရေးကြီးပါတယ်။

ကော်မရှင်မှာပါတဲ့သူတွေအနေ နဲ့ အရင်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင် ပတ်သက်ခဲ့ဖူးလဲ။

ကျွန်တော်တို့ပေါ့၊ သံတမန် လောကမှာ လူ့အခွင့်အရေးနဲ့ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ် ခဲ့တယ်။ ဒါတင်မဟုတ်ဘူး။ ကျွန် တော်တို့ နိုင်ငံခြားရေးရာဌာနမှာဆို အခြေခံ နိုင်ငံတကာရေးရာဆိုပြီး သင်တန်းဖွင့်တာ အားလုံး ၂၆ ခု လောက်ပြီးသွားပါပြီ။ ဒါက တက္ကသိုလ်က ဘွဲ့ရတွေ၊ တခြားအဖွဲ့ အစည်းတွေပေါ့။ အဲဒီမှာ အတော် ရေပန်းစားပါတယ်ဗျာ။ အဲဒီမှာ ကျွန်တော်က လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေပို့ချပါတယ်။ ဒုတိယ ဥက္ကဋ္ဌဦးကျော်တင့်ဆွေဆိုရင်လည်း အာဆီယံလူ့အခွင့်အရေး အတွက် ကာကွယ်တိုးမြှင့်ရေးအဖွဲ့မှာ ပါပါတယ်။ အဲဒီအထဲမှာ ဦးညွန့်ဆွေဆိုရင်လည်း ဆောင်ရွက်နေတဲ့ အပိုင်းတွေရှိပါတယ်။ သူတို့တွေ ပါဝင်မှုဟာ ကျွန်တော်တို့အဖွဲ့ အတွက်အများကြီးအကျိုးပြုပါတယ်။

ပြောခဲ့သလိုဆိုရင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိမယ်။ ဒါဆိုရင် အစိုးရပိုင်းဆိုင်ရာက လူ့အခွင့်အရေးချိုးဖောက် လာတယ်ဆိုရင်ရော။

တိုင်ကြားမှုရှိလာတယ်ဆိုရင်တော့၊ ခိုင်မာတဲ့တိုင်ကြားမှုရှိလာတယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ စိစစ်ပြီးတဲ့အခါမှာ တကယ် ဖောက်ဖျက်နေတာရှိတယ်ဆိုရင် ပြု ပြင်ဖို့ တင်ပြနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အကောင်အထည်ဖော်တာက အစိုးရပိုင်းပဲဖြစ်မယ်လေ။ ကျွန်တော်တို့ လုပ်လို့မရဘူး။ ဒါ လေးကို နားလည်ဖို့လိုပါတယ်။ အစိုးရသာ အာဏာရှိတာလေ။ ဒီလိုဖြစ်နေတယ် ပြုပြင်ဖို့ဆိုပြီး ကျွန်တော်တို့အနေနဲ့ တိုက်တွန်း မယ်။ အကြံပြုမယ်ပေါ့။ ကျွန်တော်က ကုလသမဂ္ဂမှာ သံအမတ်လုပ် ခဲ့တော့ အဲဒီအတွေ့အကြုံလေးနဲ့ ပြောပြမယ်။ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေက ဘာမှချုပ်နှောင်မှုလည်းမရှိဘူးလို့ ဝေဖန်ကြတယ်။ ဒါက နိုင်ငံတကာစနစ်ကို မသိတဲ့လူလို့ပဲ ကျွန်တော်ထင်တယ်။

လုံခြုံရေးကောင်စီက ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆုံးဖြတ်လိုက် လို့ရှိရင် အားလုံးလိုက်နာရတယ်။ ကုလသမဂ္ဂညီလာခံရဲ့ ဆုံးဖြတ်ချက်ကတော့ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိဘူး။ ဒါကြောင့် အလကားလို့ပြောနေကြတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း ဒီလိုပဲ။ ကျွန်တော်တို့ တင်ပြမယ်။ ဥပမာတစ်ခုပြောမယ်။ ကုလသမဂ္ဂမှာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိတယ်။ နိုင်ငံပေါင်း ၁ဝဝ ကျော်က ခင်ဗျားကို ပြင်တော့လေ။ ပြောင်းတော့လေလို့ ပြောနေရင် ခင်ဗျားငြင်းနိုင်မလား။ အဲဒီ ဖိအား က ပိုတောင်ပြင်းထန်ပါတယ်လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ ကျွန်တော် တို့ ဒီလိုလုပ်တာလည်း အချည်းနှီးတော့ မဟုတ်ပါဘူးလို့ ထင်ပါတယ်။

နိုင်ငံတကာမှာရော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို အစိုးရက ဖွဲ့ပေးတာလား၊ သီးခြား လွတ်လပ်တဲ့အဖွဲ့အနေနဲ့လား၊ ကျွန်တော်တို့ အာဆီယံရဲ့ အခြေ အနေရော ပြောပြပါဦး။

ဖွဲ့စည်းတာကတော့ Paris Principle မှာပဲ အခြေခံတာကိုး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်း ပြီးဖွဲ့တာရှိတယ်။ ဒါမှမဟုတ် လွှတ် တော်ဥပဒေကြောင်းအရ ပြဋ္ဌာန်း တာရှိချင်ရှိမယ်။ ကျွန်တော်တို့ လေ့လာလို့ရတာဆိုရင် အင်ဒိုနီးရှားနိုင်ငံ မှာဆိုရင် သမ္မတရဲ့ အကြံပြုချက်နဲ့ လုပ်လိုက်တယ်။ ကြာလာတော့ လွှတ်တော်က ပြဋ္ဌာန်းပြီး ၆ နှစ် ကြာတော့ ဥပဒေနဲ့ပြဋ္ဌာန်းလုပ် တယ်။ ကျွန်တော်တို့လည်း ပထမ ဆုံးလုပ်တာဆိုတော့ သမ္မတရဲ့ ဖွဲ့ စည်းပေးမှုနဲ့ လုပ်တာ။ နောင်တော့ အတွေ့အကြုံရလာရင် ဒီထက် ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ သွားရမှာပေါ့။ အာဆီယံမှာတော့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာရှိတယ်။ ကျွန် တော်တို့က ၅ နိုင်ငံမြောက် ဖြစ်လာမှာပေါ့။ စတင်ဖွဲ့စည်းတာဆိုတော့ အကောင်းဆုံးဖြစ်အောင်တော့လုပ် သွားမှာပေါ့။

မိုးမြင့်မြတ် (Popular News)