25 June 2011

NTDV ရုပ်သံဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မြင်ကွင်းရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က မနီလာ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ အခမ်းအနား....

ပြည်တွင်းမှ ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်

ဒါလားဟေ့ မြန်မာ အမျိုးသမီး တို့မယုံဘူး လို့တောင်ပြောလိုက်ချင်တယ်ရှင်.။



ကဲ.. ဒီလိုပြောလို့ မြန်မာ့ယဉ်ကျေးမှုနဲ့မညီ ၀တ်ဆင်ကြတယ်ဆိုတော့ ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊

လာမရောပါနဲ့၊၊
တစ်ခြားစီပါ အဓိပါယ်ချင်း၊၊

သို့သော် ခေတ်နဲ့အညီဝတ်စားတာကို မတားမြစ်ပါဘူး။
ဘယ်ဥပဒေကမှလည်းမပိတ်ပင်ပါဘူး..
ခေတ်နဲ့တော့ညီပါ..

ခေတ်ဆန်ချင်လည်းဆန်ပါ..
လူမြင်မကောင်းအောင်တော့မလုပ်ကြပါနဲ့ပေါ့..

လူမြင်ကောင်းတယ်ပဲထား..မြန်မာ့ယဉ်ကျေးမှုကတော့ ပျက်ပြားသွားမှာပါ..
နောက်ဆိုရင် ထမီဆိုတာတောင် ဘယ်လိုမှန်းသိမှာမဟုတ်တော့ပါဘူး..
အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊

အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာအထိုးခံရပါတယ်၊၊
အဲလောက်ထိ နဂိုခေတ်ကမိန်းကလေးများ အိနြေ္ဒသိက္ခာနဲ့ပြည့်စုံတာပါ..
ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊

တစ်ချို့ဆို ပေါင်အထက်မှာဝတ်တယ် ၊၊
သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြ လုပ်နေကြတာလဲ ပါပါတယ်၊၊

ယောင်္ကျားလေးများကလဲ ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊
၊တွေ့သမျ­ှမိန်းကလေးတွေကို ကိုယ့်မြန်မာအမျိုးသမီး လေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင် လောကထဲက ဆွဲထုတ်ရမဲ့အစား၊ ပိုပြီးနစ်အောင် နှစ်နေတဲ့ သူတွေက တစ်ပုံကြီးပါ၊၊

တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားကြီးတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ် ။

သိပ်ပြီးအောက်တန်းကျပါတယ်၊၊လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ် ဖို့ကောင်းတယ်၊၊

တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်..
ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီး ပြောတယ်။

လူတစ်ယောက်ချက်တာကိုဘေးကနေနားထောင်နေတာ သူတို့မှာအွန်လိုင်းကနေ မိန်းမတွေကော ကလေးတွေတောင် လေနဲ့ရနေကြပါပီ။

နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို လေယဉ်မောင်းနေတဲ့ ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊

တစ်ချို့ဆိုရင် အဲ့ဒီ INTERNET ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊
လက်တွေ့ နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နင့်ကို ကြိုက်တဲ့အချိန်ဖွင့်၊ အမြဲတမ်း အွန်လိုင်းပဲ၊၊

ပြီးရင် စကားကို အကောင်းမပြောဘူး၊၊

တချို့ဆို Q တယ်လို့ခေတ်စကားနဲ့ပြောလို့ရပါတယ်..
ကောင်လေးတွေဆိုလည်း ကောင်မလေးတွေကို လိုက်Q နေကြပါတယ်..
ကောင်မလေးတွေဆိုရင်လည်း အဲဒီQ တာကိုပဲခံနေကြပါတယ်.. ဘယ်လိုလုပ်ကြမလဲ ၊၊

၊အချိန်တွေ ၊ အင်အားတွေ ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ ၊၊
ရှက်သင့် ကြပါပြီ ၊ ပြင်သင့်ကြပါပြီ ၊

တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကို အစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံထဲမှာ နစ်နေတာတွေ အများကြီးပါ၊၊
အဲ့လိုလူမျိုးတွေကို မြန်မာအမျိုးကောင်းသားသမီးတွေရှောင်သင့်ပါတယ် ..
မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ ။ အဲ့လိုပြောစားလာတဲ့ ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ။

ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ ....
တော်တော်သဘောကျကြပါတယ် ၊၊

တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ လည်း အင်တာနက်မှာ မမြင်ချင်အဆုံးပါပဲ..

တော်တော် အရှက်နဲတဲ့ မိန်းမတွေပါ VZOကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံ လုပ်ပြပါတယ် ...
ဒါတွေက ယောင်္ကျားလေးတွေကိုယ်တိုင် ၀န်ခံကြတာပါ..
တချို့ မိန်းကလေးတွေရဲ့ အရှက်နည်းမှုတွေကို ဝေဖန်ကြတာပါ..

အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ ဒီလိုခေတ်ကြီးထဲမှာကိုယ်ကိုယ်တိုင် သမီးမိန်းကလေးမွေးဘို့ တော်တော်လေး ကိုစဉ်းစားနေရတာပေါ့..

အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှောင်ကြဉ်ပါ ၊၊
အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော့ မြန်မာ အမျိုးသမီးကောင်း များစွာ၊အမျိုးသားကောင်း များစွာ ရှိပါသည်၊၊

မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုမြှင့်တင်ဖို့ အတွက်က ဒီလိုဟာမျိုးတွေနဲ့မပတ်သက်မိဖို့ လိုပါတယ်...

်forward မေလ်းမှ ဖတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။

ပလက်ဖောင်းဈေးသည်အဖြစ် ဘာကြောင့်သူတို့ ရပ်တည်နေကြရတာလဲ ၊ အုပ်ချုပ်သူလူတစုက ပြည်သူတွေအတွက် အလုပ်အကိုင်တွေ မဖန်တီးပေးနိုင်ခဲ့လို့ပေါ့..


ကြီးမားကျယ်ပြန့်တဲ့ မြို့ကြီး လူဦးရေ ခြောက်သန်းကျော်။ ပြောင်းရွှေ့လာရောက် နေထိုင်သူတွေပါ ပေါင်းရင် ရှစ်သန်းလောက်ရှိပြီ ထင်ရဲ့။ အနှီမြို့ကြီးတွင် ဈေးဝယ်ဈေးသည်တွေ အများကြီးရှိတာ မဆန်းပါဘူး။ မြို့လယ်ခေါင် ပလက်ဖောင်းတွေဟာ ဈေးရောင်ဌာန ဖြစ်နေသည်။
''ဆရာ ပလက်ဖောင်း ဈေးရောင်းတာကို မကြိုက်ဘူးလား''ကျွန်တော် တပည့် ချွန်တွန်းသည် ကျွန်တော့်အား တွန်းပို့နေသည်။ သို့သော် ဒီကောင့်ကို မဖြေရင်တော့ သိက္ခာကျပေရော့မည်။
''ချွန်တွန်း၊ မင်းတို့ကို ချောက်ချနေတာလား''
''မဟုတ်ပါဘူး။ ဆရာရယ် ဆရာတို့ ဂျာနယ်လစ်တွေရဲ့ သဘောထားကို သိချင်လို့ပါ''
''တို့သဘောထားကတော့ အမှန်ကို လိုလားတာပေါ့။ မင်းကို ငါမေးမယ်။ လမ်းဘေး ပလက်ဖောင်းဟာ လူသွားဖို့လား ဈေးရောင်းဖို့လား''
''ဈေးရောင်းဖို့''
''ဘာ''
''ဈေးရောင်းဖို့ မဟုတ်ဘူးလို့ ပြောဖို့ပါ။ ဆရာက ဒေါသကြီးပဲ''
''မင်းက လူသွားဖို့လို ဖြေရင် ပြီးရော။ တိုကျိုမှာက ပလက်ဖောင်းမှာ စက်ဘီး စီးလို့ရအောင် လုပ်ထားပေးတယ်။ စက်ဘီးလာရင် ဘရိတ်က ကျိကျိနဲ့ အသံမြည်တယ်။ ဒီအခါ လူတွေက ဘေးကပ်ပေးရတယ်''
''ပလက်ဖောင်းပေါ်ကဆင်း ပေးရသေးလား ဆရာ''
''ငါပြောပြီးပြီကော ပလက်ဖောင်း ဆိုတာ လူလျှောက်ဖို့''
''ဟာ ဆရာက အခုပဲ၊ စက်ဘီးသွားလို့ ရတယ်ဆို''
''အေးလေ နေရာ လုပ်ပေးထားတာကိုး''
''ဒါဆိုလည်း ဆရာရယ်၊ လမ်းဘေး ပလက်ဖောင်းမှာ လူလည်းလျှောက် ဈေးလည်းရောင်းဖို့ လုပ်ပေးရင် မကောင်းဘူးလား''
''ချွန်တွန်း၊ မင်းပညာရှိပဲ။ ကာတွန်း ဆရာတစ်ယောက်တော့ ရေးဖူးတယ်။ ခုဈေးရောင်း ပလက်ဖောင်း တွေတော့ လုံလောက်နေပြီ။ လူတွေ လမ်းလျှောက်ဖို့ ပလက်ဖောင်းတွေပဲ လုပ်ပေးဖို့ လိုသတဲ့''
''ဟုတ်ကဲ့ဆရာ။ လူတွေကလည်း အမျိုးမျိုး နည်းလမ်းရှာတယ်နဲ့ တူတယ်''
''အေးကွ၊ ရန်ကုန်ကလူတွေက လမ်းကျကျပဲ လျှောက်တော့တယ်''
''အင်းဒါကတော့ ပလက်ဖောင်းတွေဟာ လူလျှောက်လို့ အဆင်မပြေလောက်အောင် မညီမညာ ဖြစ်နေတာလည်း ပါတယ်။ နောက် အကျင့်ပါသွားပြီလေ၊ Mindset ဖြစ်သွားတာပေါ့''
''ခုပလက်ဖောင်းပေါ်က ဈေးသည်တွေ ဖယ်ရှားတာ ဆရာ ဘယ်လို သဘောထားလဲလို့ ဆရာ့ကိုမေးတာ ဆရာ ဝေ့လည်ကြောင်ပတ်ပဲ ဖြေတယ်''
''ငါဖြေပါ့မယ်ကွာ။ အချက်သုံးချက် ပါဝင်တယ်။ နံပါတ်တစ်က ပလက်ဖောင်း ကိစ္စ''
''ဟုတ်ကဲ့ဆရာ''
''ပလက်ဖောင်းတွေကို လူတွေလျှောက်ဖို့ သင့်တော်အောင် လုပ်ထားတာ မြင့်နေတယ်။ ရွဲ့နေစောင်းနေ၊ အပေါက်တွေနဲ့ လမ်းတွေ့တဲ့ အခါ ခြေတစ်လှမ်းစာမက တက်လိုက်ဆင်းလိုက် လုပ်နေတာမျိုး ဆိုရင် အဆင်မပြေဘူးပေါ့။ ဒါကတော့ ဖြည်းဖြည်း လုပ်လို့ရတယ်။


နောက်တစ်ချက်က ပလက်ဖောင်းကို မည်သူမှ အချိန်ပြည့် အခိုင်အမာ အဆောက်အဦ မဆောက်ဖို့ လိုတယ်။ အပြစ်ပြောနေတာ မဟုတ်ဘူး။ စဉ်းစားလို့ ရဖို့ပါ။ ပလက်ဖောင်းကို ပြည်သူတွေ သွားလာနိုင်အောင် ဆောင်ရွက်တဲ့ ရည်ရွယ်ချက် ထားဖို့ပါပဲ။


လက်တွန်းလှည်းတွေ စက်ဘီးတွေနဲ့ ပိတ်ဆို့ထားလို့ မရဘူး။ ပလက်ဖောင်းဘေး ကားရပ်ရင် ဒီပလက်ဖောင်းတွေ မြင့်နေရင် ကားတံခါး မလွတ်တာမျိုးကို သတိထားရမယ်။ အချုပ်ကတော့ ပလက်ဖောင်း ဆိုတာ လမ်းကို မပျက်စီးအောင် ထိန်းတဲ့ ပုခုန်းသား ဖြစ်ရသလို လမ်းလျှောက်ပြီးသွားတဲ့ လူတွေ သွားလာရေး အတွက် အဆင်ပြေရေးကို အလေးပေးတာမျိုး ဖြစ်ရတယ်''
''ဟုတ်ကဲ့ဆရာ၊ ပလက်ဖောင်းတွေမှာ ဂျပန်လို စက်ဘီးတွေ သွားလို့ရအောင် လုပ်ပေးရင် ပိုကောင်းတာပေါ့နော်''
''အေးကွ၊ ဒါက အဆင့်ဆင့် လာမှာပေါ့။ နောက်တစ်ချက် ပြောချင်တယ်။ အဲဒါက ဈေးသည်တွေ ကိစ္စပါ။ ဈေးသည်တွေက သူတို့ စားဝတ်နေရေး အတွက် ဈေးရောင်းတာ သမာအာဇီဝါပါ။ ဒါပေမယ့် လူတွေသွားတဲ့ ပလက်ဖောင်းမှာ ဘာလို့ လာရောင်းလဲ သိလား''
''လူတွေ ခလုတ်တိုက်မိတဲ့နေရာမှာရောင်းရင် ပိုရောင်းရတာပေါ့ ဆရာ''
''ဒါက အများ ယူဆချက်ပါ။ Mindset ဖြစ်နေတဲ့ ကိစ္စပါ။ တကယ်တော့ နေရာသတ်မှတ်ပြီး လူလယ်လို့လွယ် ကားရပ်လို့လွယ်တဲ့ နေရာမှာ ဈေးရောင်းရပါတယ်။ နိုင်ငံ အတော်များများမှာ Warehouse ဆိုတဲ့ ကုန်လှောင်ရုံတွေမှာ ဈေးရောင်းတာတွေ ရှိသလို Outlet Mall ဆိုပြီး မြို့ပြင် ခပ်လှမ်းလှမ်းမှာ ရောင်းတဲ့ ဈေးဆိုင်တွေ ရှိတယ်။ ဈေးသက်သာတယ်။ အသုံးတည့်တယ် ဆိုရင် လာဝယ်ကြတာပဲ။ ဒီမှာလည်း ရွှေပုစွန်ဆို သာကေတမှာ သွားစားတယ်။ ခိုင်ခိုင်ကျော်ဆို တောင်ဥက္ကလာထိ သွားစား တာပဲ။ Junction 8 တို့ Ocean တို့ကိုလည်း သွားတယ်။ ကျွန်တော်က သဘောကို ပြောပြတာပါ။ ဈေးသည်တွေကို ညနေဖက် ရုံးရှိတဲ့ ပန်းဆိုးတန်း အောက်လမ်းလို နေရာတွေ ဗိုလ်တစ်ထောင်လမ်းလို နေရာတွေမှာ ညဈေးတန်းလို လုပ်ရောင်းခိုင်းရင် လူတွေ ၀ယ်လာကြမှာပါ။ ဒါက ကျွန်တော် ဉာဏ်မီသလောက် ပြောတာပါ။ တိုင်တိုင်ပင်ပင် လုပ်ရင် ဒီထက်ကောင်းတဲ့ အကြံဉာဏ်တွေ အများကြီး ပေါ်လာမှာပါ။ လမ်းဘေး ဈေးရောင်းသူတွေ အတွက် ကျန်းမာရေး၊ လူမှုရေး ငွေကြေး အထောက်အပံ့တွေ အတွက်လည်း ကျွန်တော်တို့ စဉ်းစားရမှာပါ''
''ဟုတ်တယ်ဆရာ၊ အခု လမ်းဘေး ဈေးမရောင်းရလို့ ကလေးတွေ ကျောင်းမအပ်နိုင်ဘူးလို့ ဆိုတဲ့သူတွေ ရှိတယ်။ တကယ် ဟုတ်မဟုတ်တော့ မသိဘူးဆရာ''
''ပညာရေးဝန်ကြီးက မူလတန်း ပညာရေး မသင်မနေရ ပြုလုပ်တော့မယ်။ လတ်တလော ကျောင်းဝင်ကြေးတွေလည်း မပေးရသလောက် နည်းအောင် ကောက်ခံနေတယ်။ ဒါပေမယ့် တကယ်ဆင်းရဲရင် သူတို့မှာ တကယ် အခက်အခဲ ရှိတယ်''
''ဒါအစိုးရမှာ တာဝန် ရှိတယ်''
''ဟေ့ကောင် ချွန်တွန်း၊ မင်းက အပြုသဘောမျိုး ပြောနေတာလား၊ ကပျက်ယပျက် လုပ်နေတာလား''
''ကျွန်တော် တကယ့် စေတနာနဲ့ ပြောတာပါ''
''အေး အစိုးရမှာ တာဝန်ရှိသလို တို့တတွေမှာလည်း တာဝန်ရှိတယ်ကွ၊ အားလုံး ကူညီဆောင်ရွက်မှာပဲ''
''ဆရာကောဆရာ''
''ငါကတော့ လူတွေ သဘောပေါက်အောင် ကြိုးစားရေးနေရတာပဲ။ စာရေးဆရာတို့ ဂျာနယ်လစ်တို့ ဆိုတာ စတုတ္ထမဏ္ဍိုင်ကွ''
''ဟုတ်ကဲ့ဆရာ၊ ဒီမဏ္ဍိုင်လည်း ခိုင်မှ''
''ခွေးကောင်''

ရေးသားသူ..ဒေါက်တာခင်မောင်ညို

တရုတ်ထိလျှင် မချိအောင်နာတဲ့ မြန်မာအစိုးရ

ကချင်အဖွဲ့နဲ့ အစိုးရ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ဒီလ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကချင်အဖွဲ့တွေက ခြိမ်းခြောက်မှုတွေ၊ စတင်ပစ်ခတ်တာတွေ လုပ်လာလို့ အစိုးရတပ်တွေက မလွှဲသာ မရှောင်သာ ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းထားတာ တွေ့ရတယ်။ ဘာတွေများ ခြိမ်းခြောက်လို့လဲဆိုတော့ တာပိန်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးက တရုတ်နိုင်ငံသား ဝန်ထမ်းတွေ နဲ့ မလိခမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်တောင်တွေကို မိုင်းခွဲနေတဲ့ တရုတ်တွေကို ခြိမ်းခြောက်ဟန့်တားလို့ ဖြစ်ပါသတဲ့။


ဒါကြောင့် ကချင်စစ်တပ် ဟာ မိမိနိုင်ငံရဲ့ အရေးကြီးစီမံကိန်းတွေကို နှောင့်ယှက် ဖျက်ဆီးတဲ့အတွက် အစိုးရတပ်တွေက ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။ တာပိန်မြစ်ရေအားလျှပ်စစ်တွေက မိမိနိုင်ငံနဲ့ လူမျိုးအတွက် အရေးပါတဲ့ စီမံကိန်းကြီးဆိုတော့ အဲဒီ ရေအားလျှပ်စစ်တွေက ကချင်လူထုအတွက် လား၊ တရုတ်ပြည်အတွက်လား၊ တရုတ်ပြည်ကိုရောင်းလို့ အဲ့ဒီကရတဲ့ငွေတွေကရော ကချင်လူထုအတွက် ဘယ်ကဏ္ဍတွေမှာ သုံးနေတယ်ဆိုတာ စာရင်း ဇယားနဲ့ အတိအကျပြောနိုင်ရင်တော့ အစိုးရရဲ့ဖြေ ရှင်းချက်ဟာ ယုတ္တိရှိကောင်းရှိပါလိမ့်မယ်။ ပြီးတော့ မလိခဘက်မှာ ကျောက်တောင်တွေ မိုင်းခွဲယူတဲ့ တရုတ်တွေအကြောင်းဆက်ရရင် လမ်းဖောက်ဖို့၊ စီမံကိန်းမှာသုံးဖို့ ကျောက်တွေထုတ် နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် စည်းမဲ့ကမ်းမဲ့ထုတ်နေလို့ ကချင်စစ်တပ်က တားဆီးတာလားဆိုတာ အရင်စုံစမ်းဖို့လိုပါတယ်။


တရုတ်ကုမ္ပဏီတွေဟာ အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေမှာ စည်းမဲ့ကမ်းမဲ့လုပ်တတ်တာ နာမည်ကြီးပါတယ်။ ဒါကြောင့် ကချင်လူထုရဲ့မြေကို ကချင်လူထုက ပိုပြီးမြတ်နိုးတာဖြစ်လို့ ကချင်စစ်တပ်အနေနဲ့ တားဆီးတယ်ဆိုရင် အံသြစရာမဟုတ်ပါ။ အစတည်းက အစိုးရက ဒီလို ကိစ္စတွေကို ကြိုတင်စဉ်းစားထားပြီး ပြည်သူလူထုကိုလည်း နားလည်အောင် သတင်းထုတ်ပြန်ထားသင့်ပါတယ်။ အခုတော့ စီမံကိန်းကရတဲ့ အကျိုးအမြတ် ဟာ အစိုးရထိပ်တန်းပုဂ္ဂိုလ်အချို့နဲ့ သူတို့ရဲ့ လက်ဝေခံတွေဆီကိုသာ စီးဝင်သွားပြီး ကချင်ပြည်နယ်ကတော့ ပျက်စီးပြီး ကျန်ခဲ့မယ့်ပုံစံ ဖြစ်နေပါတယ်။


သတင်းစာထဲမှာ ထပ်ပြီးရှင်းလင်းထားတာက အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ် (၇) ရပ်ကို မကြိုက်နှစ် သက်တဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတဲ့အကြောင်း၊ ဖွဲ့စည်းပုံပါ အချက်တွေကို ပြင်ချင်တယ် ဆိုရင် ရွေးကောက်ပွဲဝင်ပြီး ပြင်ဆင်ဖို့လိုကြောင်း ရေးထားတာကိုတွေ့ရပါတယ်။ ဒီလိုဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လုံလောက်တဲ့ ကချင်ကိုယ်စားလှယ် အရေအတွက်ရအောင် ခွင့်ပြုထားခြင်းရှိပါသလားဆိုတာ အရင်မေးရပါမယ်။ ဒေါက်တာတူးဂျာ ရွေးကောက်ပွဲ ဝင်ခွင့်မရခဲ့တာ၊ ဒေါ်ဘောက်ဂျာနဲ့ ကိုမာခါး တို့ သိသိကြီးနဲ့ မဲလိမ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက် မရနိုင်ဘူးဆိုတာ သိသာစေပါတယ်။


မြန်မာနိုင်ငံသားမို့လို့ ကချင်ပြည်နယ်ကိုချစ်တာမှန်ပေမယ့် အမှန်တကယ်နေထိုင်တဲ့ ကချင်လူမျိုးလောက်တော့ ကချင်မြေကို ချစ်နိုင်မယ်မထင်ပါဘူး။ တကယ်တော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဆိုတာကိုက ပြန်လည်သုံးသပ်ဖို့ ကောင်းပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မိမိနိုင်ငံရဲ့ အမျိုးသားတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုရင် ငြင်းပယ် ပိုင်ခွင့်ရှိတယ်ဆိုတာ သိရပါမယ်။ ဧရာ ဝတီပျောက်ရင် တမျိုးသားလုံးပျောက်မှာဖြစ်သလို ကချင်ပြည်နယ်ရဲ့ သဘာဝအလှအပတွေဟာ တရုတ်တွေ ဂုတ်သွေးစုပ်လို့ ပျက်စီးတာမျိုးကို အစိုးရ အနေနဲ့ ပြန်လည်သုံးသပ်သင့်ပါတယ်။


အခုတော့ အစိုးရက တရုတ်နိုင်ငံသားတွေကို ကချင်တွေက တိုက်ခိုက်လို့ပါလို့ အကြောင်းပြရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်တပ်တွေ ဝင်လာရင် မခက်ပါလား။ ဒီလိုဆိုရင် သူများလူမျိုးအတွက်နဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်သတ်တဲ့ အစိုးရရယ်လို့ နာမည်ပျက်တော့မယ်။ တရုတ်ပေးတဲ့လက်နက်နဲ့ ကိုယ့်လူမျိုးကို ပြန်သတ်တဲ့ အစိုးရလောက် ညံ့ဖျင်းတဲ့အစိုးရမျိုး မဖြစ်စေလိုတာရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့ဆိုရင် ကိုယ့်အမျိုးသားအချင်းချင်း သွေးရင်းတွေလို သဘောထားပြီး အမေကျော် ဒွေးတော်လွမ်းတာတွေ ရှောင်ကြဖို့ အစိုးရကို တိုက်တွန်းလိုက်ချင်ပါတယ်။


Forward mail မှပြန်လည်မျှဝေလိုက်ပါသည်။

မန္တလေး ဗုံးပေါက်ကွဲ (ရုပ်သံ )

ဇွန်လပညာသင်နှစ်တွင်မြန်မာနိုင်ငံ အလံသစ် ဘယ်က ခိုးယူသုံးစွဲထားသည့်အကြောင်း ကျောင်းသင်ခန်းစာများ တွင်ထည့်သွင်းသင်ကြားမည်


ပညာရေး ၀န်ကြီးဌာန က လာမည့် ပညာသင်နှစ်တွင် မြန်မာနိုင်ငံ၏ အလံသစ် အကြောင်း ပါဝင်သည့် သင်ခန်းစာများကို ထည့်သွင်း သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကို ဒုတိယတန်း မြန်မာစာတွင် ပါဝင်သော တို့အလံ သင်ခန်းစာ နှင့် တတိယတန်းလူမှုရေး ဘာသာတွင် ပါဝင်သည့် ပြဋ္ဌာန်း စာအုပ်များတွင် ပြင်ဆင် ပြောင်းလဲ ထည့်သွင်း ထားခြင်း ဖြစ်ကြောင်းသိရသည်။

24 June 2011

မြန်မာပြည်မှာ သိန်းစိန် ဗုံးတွေတော်တော်ပေါ နေပါလား ...

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေနဲ့  တွေ့ ဖို့ အတွက် ခရီးထွက်မယ်လို့  ပြောဆိုပြီး ခရီးစတင်ဖို့  လုပ်အလာ၊ သိန်းစိန်တို့  တိုင်းရင်းသားအင်အားစုတွေအပေါ် မတရားထိုးစစ်ဆင်ပြီး တိုက်တာ လူသိထင်ရှားဖြစ်သွားပြီး စစ်ရေးအရရော သတင်းရေးရာအရရော မယှဉ်ပြိုင်နိုင်တဲ့အချိန်မှာ ထုံးစံအတိုင်း ကောက်ကျစ်ယုတ်မာသောနည်းများနဲ့  လုပ်ကြံဖန်တီးဖို့ လုပ်အလာ၊ တပ်မတော်သားတွေကိုလည်း ဒီဗုံးပေါက်ကွဲမှုအကြောင်းပြပြီး စိတ်ဓါတ်ရေးရာအရ ပြန်လည်စည်းရုံးဖို့ ကလည်း လုပ်အလာ၊ လုံခြုံရေးကို အကြောက်ကြီးကြောက်ပြီး ရဲတွေ ထောက်လှမ်းရေးတွေ ကြံ့ ဖွတ်တွေ ခြေချင်းလိမ်နေအောင် ဖြစ်နေတဲ့ နေပြည်တော်လို မန္တလေးလို ပြင်ဦးလွင်လို မြို့ ကြီးတွေမှာ ဗုံးတွေ တစ်လုံးပြီး တစ်လုံးပေါက်နေတယ်ဆိုတော့ “တရားခံ ဘယ်သူလည်း ဟေ့ ပြော” ဆိုတဲ့ သီချင်းပါ စာသားလိုဘဲ သိသိကြီးနဲ့  မေးရပါတော့တယ်။



ယခင် ယခင်ကလည်း ဗုံးပေါက်ပြီဟေ့ဆိုရင် ABSDF လုပ်တာ KNU လုပ်တာ စသဖြင့် စွပ်စွဲလေ့ရှိသလိုဘဲ၊ အခုလည်း လတ်တလော ဗုံးပေါက်မှုတွေအတွက် ကချင်လူမျိုး နှစ်ယောက်က ကားအစိမ်းရောင်တစ်စီး အပြာရောင်တစ်စီးနဲ့  လာပြီး ဖေါက်ခဲ့သလို သံသယဖြစ်ဖွယ်ရှိသလိုလိုနဲ့ နအဖလက်ပါးစေ ရဲတွေထံက လေသံထွက်နေပါတယ်။

သန်းရွှေတို့  သိန်းစိန်တို့ များ သေမှာ ကြောက်တတ်လွန်းလို့  လုံခြုံရေးတွေ အထပ်ထပ်ချ၊ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်၊ မှတ်ပုံတင်စစ်လိုက် ဧည့်စာရင်းတိုင်ခိုင်းလိုက် စီစီတီဗွီတွေ ထောင်ထားလိုက်နဲ့  မထင်ရင်မထင်သလို ခေါ်ယူမေးမြန်းစစ်ဆေးနေတာတွေလုပ်နေကြတဲ့ ဒီလိုအချက်အခြာကျတဲ့ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့ ကြီးတွေမှာ ရှေ့ ဆင့်နောက်ဆင့် ပေါက်ပေါက်နေတဲ့ ဗုံးတွေကတော့ “စစ်” မှ “စစ်” ၊ ပေါက်လိုက်တဲ့ ဗုံးကလည်း “ရဲ” မှ “ရဲ” ဖြစ်နေပါပြီ။

ဒီလောက် ပေါက်လိုက်တဲ့ ဗုံး “တရားခံ ဘယ်သူလည်း ဟေ့ ပြော” လို့  မေးရပါတော့တယ်။

ဗုံးတွေ တစ်လုံးပြီး တစ်လုံးပေါက်နေတယ်ဆိုတော့ “တရားခံ ဘယ်သူလည်း ဟေ့ ပြော” ဆိုတဲ့ သီချင်းပါ စာသားလိုဘဲ သိသိကြီးနဲ့  မေးရပါတော့တယ်။

(ဒီဗုံးပေါက်မှုတွေဟာ တိုင်းရင်းသားအင်အားစုတွေနဲ့  ဒီမိုကရေစီအင်အားစုတွေကို စွပ်စွဲပြောဆိုပြီး ၀ါဒဖြန့် ချီရေး လုပ်ဖို့  ကြံစည်ဖန်တီးသလို၊ တစ်ဘက်ကလည်း အထူးသတိထားရမှာကတော့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူနဲ့ ဆုံတွေ့ ဖို့ ခရီးမထွက်ရဲအောင် ခြိမ်းခြောက်တာလား ဒါမှမဟုတ် ပြည်သူလူထုဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ဒီပဲယင်းထက် ပိုဆိုးမယ့် လုပ်ကြံမှုကို လုပ်ဆောင်ဖို့  ဗုံးပေါက်ကွဲမှုတွေနဲ့  အစပျိုးထားတာလားဆိုတာကို သတိလက်လွတ်မဖြစ်ကြဖို့ အတွက်တော့ သတိဆို ပိုတယ်မရှိဆိုသလို သိထား သတိထားကြဖို့  လိုပါတယ် )။

နစ်နေမန်း

မျက်စေ့မမြင်သူကြားများထဲက ခံစားချက်တွေကို ရသမြောက်အောင် ရေးဖွဲ့ ထားတဲ့ စာရေးဆရာ မြတ်ကျူအိမ်ရဲ့ လုံးချင်းဖြန့်မည်



မျက်မမြင် တစ်ယောက် ကြုံတွေ့ရတဲ့ ဘ၀အတွေ့အကြုံတွေ၊ မျက်လုံး မြင်သူ နဲ့ မမြင်သူကြားက ခံစားချက်တွေကို ရသမြောက်အောင် ရေးဖွဲ့ ထားတဲ့ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)က စာရေးဆရာ မြတ်ကျူအိမ် ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ကို ဇွန်လကုန်လောက်မှာ ဖြန့်ချိပါတော့ မယ်။

"ကျွန်တော်ငယ်ငယ်က အကြောင်းတွေကို အခြေခံပြီး မျက်မမြင်တစ် ယောက်ရဲ့ သဘောထားအမြင်ကို ဇာတ်လမ်းဆင်ပြီး ရေးဖွဲ့ထားတာ။ ကျွန်တော့ ရဲ့ ခံစားချက်က ၇၀ ရာခိုင်နှုန်းလောက် နီးနီးပါတယ်။ မျက်မမြင်တွေကိုလည်း သာမန်လူတစ်ယောက်လိုမြင်ဖို့၊ မျက်စိ မမြင် တာကလွဲပြီး ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက အမြင်ရှိသူ တွေနဲ့အတူတူပဲဆိုတာ နားလည်ပေး ကြဖို့ ပရိသတ်တွေကို အသိပေး ချင်တာပါ"လို့ သူ့စာအုပ်အကြောင်းကို ဆရာမြတ်ကျူအိမ်က ပြောပြ ပါတယ်။

"မြို့မှာသိပ်ကိစ္စမရှိပေမယ့် တောရွာတွေမှာက မျက်မမြင်တစ်ယောက် ဆို အိမ်ထဲမှာပဲထား။ သူများပေးတာယူ ကျွေးတာစားရတဲ့သူ။ ဘာမှမလုပ်တတ် တော့တဲ့ပုံစံကိုပဲ မြင်ကြတယ်။ ကြိုး တားပြီး စကြ နောက်ကြတာမျိုးတွေ လည်းရှိတယ်။ ပျော်ချင်လို့ စနောက် တယ်ဆိုပေမယ့် မျက်မမြင်တွေဘက်က ဘယ်လိုခံစားရတယ်ဆိုတာ သူတို့ မသိ ကြဘူး"လို့လည်း ဒီစာအုပ်ကိုဖန်တီးဖြစ် တဲ့သူ့ရဲ့ခံစားချက်တစ်ခုကို ပြောပါတယ်။

စာအုပ်အမည်ကို 'ကြေကွဲပုံရိပ် လွမ်းစိတ်မပြေ'လို့ အမည်ပေးထားပြီး စာမျက်နှာ ၁၈၀ ခန့်ပါရှိမယ်လို့ သိရပါ တယ်။ ထုတ်ဝေပေး တာကတော့ အနန္တာ ပုံနှိပ်တိုက်ပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် စာရေးဆရာ က နှစ်ပေါင်းများစွာ မျက်မမြင်စာရေး လာတာမို့ သူ့အတွက် ပုံမှန်စာရေးရ တာအခက်အခဲမရှိပေမယ့် စာအုပ် တစ်အုပ်လုံးပြီးမြောက်ဖို့ ရေးရတဲ့အခါမှာတော့ အခက်အခဲတွေအများ ကီး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

"ကျွန်တော်ရေးထားတာကို၊ပြန်ဖတ် ပြပြီးတော့ သူတို့ကအမြင်လို လက်ရေး နဲ့အချောပြန်ကူးရေးရတယ်။ သူတို့ကို ဖတ်ပြတဲ့အခါ ကိုယ်ဖတ်ပြတာမှားမှာ စိုးတော့ ကိုယ်ကအချောပြီးအောင် ရေး ပြီးမှဖတ်ပြတယ်။ ပြန်ကူးတဲ့အခါမှာ လည်း တောက်လျှောက်အပြီး ပြန်ကူး ရေးလို့မရဘူး။ မြင်တဲ့သူငယ်ချင်းတွေ က အားတဲ့အချိန် လာရေးပေးတယ်။ ဒါကြောင့် မြင်တဲ့သူငယ်ချင်းတွေ အားတဲ့အချိန် ရေးလို့ရအောင် မျက်မမြင် သူငယ်ချင်းနှစ်ယောက် သုံးယောက် လောက်ကို စာမူတွေခွဲပေးထားရတယ်" လို့ ပြောပြပါတယ်။

ရေးသားချိန်နှစ်လပဲ ကြာခဲ့ပေမယ့် မမြင်လိုရေးထားတဲ့စာကိုအမြင်လို လက်ရေးနဲ့ ပြန်ကူးရေးရတဲ့အတွက်အချောသပ်ပြီးစီးဖို့ သုံးလ ခန့်ကြာခဲ့ သလို စာတွေကို စာမျက်နှာတစ်ဖက် တည်း မရေးဘဲ နှစ်ဖက်ရေးမိတာကြောင့် မင်တွေပေါက်ပြီး အစအဆုံး ပြန်ကူး လိုက် ရတာကတော့ မှတ်မှတ်ရရပါပဲလို့ ဆရာ မြတ်ကျူအိမ်က ပြောပါတယ်။

၁၉၉၈၊ ၉၉ ခုနှစ်လောက်ကတည်းက ၀တ္ထုတိုတွေစရေးဖြစ်ခဲ့တယ်လို့ဆိုပြီး ၁၉၉၈ ခုနှစ်မှာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးဝတ္ထုတို ပြိုင်ပွဲမှာ ပထမ ဆုရခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၆ ခုနှစ် မှာ မဂ္ဂဇင်းတွေကို စာမူတွေစပို့ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ 'သခင့်သွေးစက်မြေ သို့ သက်၏' ဆိုတဲ့ကဗျာနဲ့ 'မြန်မာ့တမန်' ခရစ်ယာန်ဘာသာရေးမဂ္ဂဇင်းမှာ ဖော်ပြ ခံခဲ့ရတယ်လို့ ပြောပါတယ်။

မြန်မာ့တမန်၊ ဣတ္ထိယ၊ သတင်း ကောင်း အစရှိတဲ့ ခရစ်ယာန်ဘာသာ ရေးမဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေ၊ ကဗျာ တွေပါဝင်ရေးသားနေ ပြီး မျက်စိအလင်း ရှိတဲ့လူတွေအကြောင်း ရေးဖွဲ့ထားတဲ့ ဒုတိယမြောက်လုံးချင်း စာအုပ်ကိုလည်း ဒီနှစ်ကုန်အပြီးလောက်မှာ ထွက်ရှိ နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မျက်မမြင်ကျောင်းက ဆရာတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက 'မောင်ထွေး'လို့ခေါ်ကြတဲ့ ဆရာမြတ်ကျူအိမ် ဟာ ပဲခူးတိုင်းဒေသ ကြီး၊ ဝေါမြို့နယ်၊ ဆပ်သွားကုန်းကျေးရွာဇာတိဖြစ်ပြီး၊ သုံးနှစ်သားအရွယ်မှာ ၀က်သက်ပေါက် ကာ အဖျားကြီးရာမှ မျက်လုံးကို ထိခိုက် ခဲ့ပြီး အမြင်ကွယ်ပျောက်ခဲ့ရသူဖြစ်ပါတယ်။
"တစ်ရွာလုံးမှာ မျက်မမြင်က ကိုယ်တစ်ယောက်တည်း။ ရွာကလူတွေရဲ့ တစ်ယောက်တစ်မျိုး စနောက်တဲ့ဒဏ်ကို ခံရပါများလာတဲ့ အခါ အားငယ်တဲ့ စိတ်တွေဝင်ပြီး ရွာမှာနေရတာ စိတ်ကျဉ်း ကျပ်လာပြီး မပျော်မရွှင်ဖြစ်ခဲ့ရတယ်"လို့ သူ့ငယ်စဉ်ကအကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။

ဆယ်နှစ်သားလောက်မှာမှ ခ၀ဲခြံ မျက်မမြင်ကျောင်းကို ရောက်ရှိကာ သူငယ်တန်းပညာကို စတင်သင်ကြား ခဲ့ရပြီး မျက်မမြင်ကျောင်း မှာ ဘ၀တူ သူငယ်ချင်းတွေ အများကြီးတွေ့ရတဲ့ အခါ အားငယ်စိတ်တွေ ပျောက်ပြီး ပျော်လာတယ်လို့ ဆိုပါတယ်။

"ငယ်ငယ်ကတည်းက စာရေးရတာ ကိုဝါသနာပါတယ်။ ဒါပေမယ့် ကိုယ် နေရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သိပ်မဖွံ့ဖြိုးတော့ တစ်နေ့ကျဒီလို ဖြစ်ရ မယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိခဲ့ဘူး။ ဒီ လောက်ထိ လုပ်ဖြစ်လိမ့်မယ်လို့လည်း ကြိုမတွေးထားဘူး။ ဒီရောက်တော့ စာသင်ရတော့ မျက်စိပွင့်နားပွင့်ဖြစ်လာ တယ်"လို့လည်း လက်ရှိသူ့ဘ၀ကို ကျေနပ်စွာ ဆိုပါတယ်။

လတ်တလောမှာ မျက်မမြင်ကျောင်း မှာပဲ တယ်လီဖုန်းအော်ပရေတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီး ၁၀ တန်း စာမေးဖြေဖို့ စာပေ လေ့လာနေတာမို့ "ဘွဲ့တစ်ခုလောက်တော့ ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ စာပေ လောကမှာလည်း ကိုယ်ပိုင်မဂ္ဂဇင်းလေး တစ်ခု လုပ်ချင်တယ်" လို့ သူ့ရည်မှန်းချက် ကို ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။


မြန်မာတိုင်းဂျာနယ် မှပြန်လည် မျှဝေလိုက်ပါတယ်။

21 June 2011

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနား (ကိုရီးယား )

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနား ( ကိုရီးယား )





လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

မနေ့ညနေပိုင်းက အမေစု အိမ်ခြံဝင်းအတွင်းမှာ ပြုလုပ်တဲ့ မွေးနေ့ပွဲ အခမ်းအနား (ဓာတ်ပုံ)

19.6.2011, (6:30 p.m), အမေ့ခြံထဲ အမေ့မွေးနေ့ မှတ်မှတ်ရရ ကြည်နူးစရာ ပုံရိပ်များ
အမေနဲ့ သားတို့ရဲ့ ကြည်နှူးစရာ မြင်ကွင်း...
ဓာတ်ပုံများအတွက် အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။


19 June 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ယနေ့ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှာစကား (ဗွီဒီယိုမှတ်တမ်း)။



ဘဘဦးတင်ဦး မိန်ခွန်းအသံဖိုင်....
UTO-19June by demowaiyan

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်
Daw Suu speech 19-June by demowaiyan
အသံဖိုင်များ ဒေါင်းလုပ်လုပ်ချင်ရင်... Click

ဒီနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွေးနေ့ရှင် ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ အမှတ်တရ နုတ်ဆက်စကား



ဘယ်ဘာသာပဲ ကိုးကွယ် - ဘာလူမျိုးပဲဖြစ်ဖြစ် - ဘာစကားပဲပြောပြော တကယ့်ကို စေတနာအပြည့်နဲ့  တောင်းပေးတဲ့ ဆု ဟာ အတိုင်းအတာ တခုထိ ထိရောက်မှုရှိတယ်လို့  ကျမ ယုံပါတယ်.. ဘာလို့ လဲဆိုတော့ ကျမက မေတ္တာ စေတနာရဲ့  စွမ်းပကားကို အင်မတန် ယုံလို့ ပါပဲ ..

အရင်နှစ်တွေမှာဆုတောင်းပေးတဲ့သူတွေ အခုနှစ် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်တယ် ပြောရင်းနဲ့  ဒီဆုတောင်းပေးချက်တွေဟာ ကျမကို အင်မတန် အထောက်အကူပေးတယ်လို့  ပြောချင်ပါတယ်..

facebook.com/dvb.entertainment မှ ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်.။

သြစတေးလျနိုင်ငံ မယ်လ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲ အခမ်းအနား (ဓာတ်ပုံ)

Happy Birthday ပါ ဖွားဖွားစု !!!

Happy Birthday ပါ ဖွားဖွားစု !!!

ဒီနေ့(18th June) အမေ့အိမ် ပညာဒါနကျောင်းလေးမှာ ပညာသင်ယူနေကြတဲ့ အတန်းစုံက ကလေးငယ်တွေအားလုံး စုပေါင်းပြီး သူတို့ ချစ်တဲ့ ဖွားဖွားစုရဲ့ (66) နှစ်မြောက်မွေးနေ့ အကြို ဆုတောင်ပွဲ လေးတစ်ခုကို ပျော်ရွှင်စွာ ကျင်းပပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ.....

ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူကြောင့် ဒီအမေ့အိမ်ကျောင်းလေးပေါ်ပေါက်လာရပုံကို ဆရာ ဦးအေးဘိုက ကလေးများကို ရှင်းလင်းပြောပြပြီး၊ ကဗျာဆရာကြီ ဦးတင်မိုးရဲ့ '' မွေးနေ့ မင်္ဂလာ '' ကဗျာကို ဆရာ ဒေါ်စံပါယ်က ကလေးများနဲ့ အတူသံပြိုင် ရွတ်ဆိုပြီး ဖွားဖွားစု အတွက် မွေးနေ့ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါတယ်။ ''Happy Birthday ဖွားဖွားစု'' သီချင်းကိုတော့ ဆရာ ဥာဏ်ဝင်းအောင် က ဂီတာတီးပေးပြီး ကလေးများနဲ့ ဆရာ ဆရာမများအားလုံး ပါဝင်သီဆိုပြီး Birthday cake ကို တပျော်တပါး လှီးခဲ့ကြပါတယ်၊ နောက်ဆုံး အစီအစဉ် အနေနဲ့ ကလေးများကို မုန့်နဲ့ လက်ဆောင်ပစ္စည်းလေးများ ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။

ထူခြားမှုတစ်ခုကတော့ UAE နိုင်ငံမှ ကိုနေမိုးဝင်း နှင့် သူငယ်ချင်းတစ်စုက အမေစုမွေးနေ့ အမှတ်တရ ကောင်းမူပြုသည့် အနေဖြစ် အလှူငွေ ကျပ် ၃၀၀၀၀၀ိ/ (သုံးသိန်း)ကို ကိုယ်တိုင်ကိုယ်ကြ လာရောက် လှူဒါန်းပြီး ကလေးများနဲ့ အတူ အမေ့မွေးနေ့ ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

မနက်ဖြန်(19th June)မှာ ကျရောက်မယ့် အမေ့မွေးနေ့မှာလည်း ကလေးများအားလုံးရဲ့ ရင်ထဲက စကားလုံးလေးတွေကို သူတို့ကိုယ်တိုင် မညီမညာ လက်ရေးလေးတွေနဲ့ ရေးသားထားတဲ့ ''အမေ့အိမ်မှ ဆုတောင်းသံ'' စာအုပ်ကို အမေ့စုထံ မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်မှာ ဖြစ်ပါတယ်။ အမေ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ.....။

အမေ့ရဲ့ သားသမီးနှင့် မြေးများ
အမေ့အိမ် ပညာဒါနကျောင်း
လှိုင်သာယာ

အမေ့ အတ္တ




ကိုယ့်ကိုကိုယ်ထက်

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ……။



ကိုယ့်သား ကိုယ့်သမီး ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ…….။



ကိုယ့်လင့် ကိုယ့်သား

ကိုယ့် မယား ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ………..။



ကိုယ့်ဆွေကိုယ့်မျိုး

ကိုယ့်အကျိုး ထက်ရော

ဘယ်သူက ဘယ်သူ့ကို

ပိုချစ်ဖူးလို့လဲ……။



ဘယ်သူတွေ

ဘယ်လိုဖြေဖြေ

အမေ့ အဖြေကတော့

ရှင်းတယ်………….။



အတွေးအတောတွေနဲ့

မရေးမပြောပဲ လက်တွေ့ဖြေတာ…….။



ငါ့လင် ငါ့သား ငါ့စီးပွားထက်

ငါ့တိုင်း ငါ့ပြေ(ပြည်) ငါ့ရေမြေနဲ့

ငါ့ပြည်သူတွေကို ငါပိုချစ်တယ်……။



အဲ့ဒါ … …

ငါ့ကို ငါချစ်တဲ့

ငါ့ အတ္တပါပဲ…တဲ့။



နန်းရှင်

06/17/11

၆၆နှစ်မြောက် အမေစုမွေးနေ့ကို ဂုဏ်ပြုရေးသားပါသည်။

ဒေါ်အောင်ဆန်းစုကြည်

AYARWADY (ရာဇ၀င်များရဲ့ သတို့သမီး)