ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတက္ကသိုလ်တွင် ဇန်န၀ါရီ ၁၁/၁၂ ရက်နေ့၌
ကျင်းပမည်ဖြစ်သော ဘွဲ့နှင်းသဘင်အခမ်းအနားအား တက်ရောက်မည့်
ကျောင်းသား/ကျောင်းသူများမှာ ဓာတ်ပုံကြေးပေးသွင်း ရာတွင်
တစ်ဦးကို တစ်သောင်း ခုနှစ်ထောင်ကျပ် ပေးသွင်းနေရကြောင်း သိရသည်။ မယူမနေရ
ဗီဒီယိုခွေဖိုးဟုဆိုကာ ကျောင်းသားတစ်ယောက်လျှင်
နှစ်ထောင်ကျပ်ကောက်ခံနေသည်ဟုလည်း သိရသည်။
“ ကျွန်တော်က
ဒီနှစ်ဘွဲ့တက်ယူမှာ၊ ခု ဓာတ်ပုံကြေးက တစ်ယောက်ကို တစ်သောင်း
ခုနှစ်ထောင် သွင်းရတယ်၊ မယူမနေရ သဘောမျိုး ဘောင်ချာဖြတ်ပေးနေတာ၊
အစမ်းနေ့နဲ့ဖိုင်နယ်ကို ဗီဒီယိုခွေ ဘိုးက နှစ်ထောင်တဲ့၊ ကျွန်တော့်အမတွေ
အစဉ်အဆက် ဘွဲ့ယူလာတာ အဲလောက် မဟုတ်ဘူး၊ ဖြတ်ပြီးရင် ဘယ်လိုအကြောင်းနဲ့မှ
ပိုက်ဆံပြန်ထုတ်မပေးဘူးလို့ ရေးထားတယ်၊ ဓာတ်ပုံတွေကို ရှေ့လ ၅
ရက်နေ့ကနေပြီး ၉ ရက်နေ့အထိပဲ ထုတ်ယူခွင့်ရှိတယ်တဲ၊့ အများစုက နယ်ကနေလာပြီး
ထုတ်ရမှာ အဆင်မပြေလောက်ဘူး၊ ပြီးတော့ တစ်ခါမှ မကြားဖူးဘူး၊
ဒင်နာကြေးဆိုပြီး တစ်ယောက်ကို ၁၅၀၀/ကျပ် ကောက်သေးတယ်၊ ဒါက ကျောင်းနဲ့
စီးပွားရေးသမားတွေပေါင်းပြီး လုပ်စားတာ၊ လွန်လွန်းအားကြီးလာပြီ၊
ကျွန်တော်အခု ပညာရေးဝန်ကြီးဌာနကို တိုင်မယ်၊ ဖုန်နံပတ်ရှာနေလို့၊
ကျောင်းသားတွေကို ဧဓမြတိုက်နေတာပဲ ” ဟု ဘွဲ့နှင်းသဘင်တက်ရောက်မည့်
ကျောင်းသားတစ်ဦးက ရင်ဖွင့်ပြောပြသည်။
သတင်း... Hinthata HumanRights
08 January 2014
07 January 2014
အဖွဲ.ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် သို့ ရောက်ရှိ








စစ်ကိုင်းတိုင်းဒေသကြီးကလေး မြို.လေဆိပ်သို.၆.၁.၂၀၁၄နေ. (၂း၄၀)တွင် အဖွဲ.ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ လာရာ ကလေးမြီု.သူ/ သားရဟန်းရှင်လူ လးမြို.မှ ဒီချုပ်ဗဟိုအလုပ်အ မှု.ဆောင် ဦးဟံသာ၊ဦးထွန်းထွန်းဟိန်၊ စစ်ကိုင်းတိုင်းဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်(အမျိုးသားလွတ်တော်ကိုယ်စားလှယ်)နှင် .အလုပ်အမှု.ဆောင်များ၊ပြည်သူ.လွတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်၊ မြိုနယ်ဥက္ကဋ္ဌများနှင်.အမှု့ဆောင်များ၊တိုင်းရင်း သားများ၊ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ချင်းလူ မှု.ရေးကွန်ရက်အဖွဲအစည်းများ၊၈၈ပွင်လင်း(ကလေးခရိုင်) အထက်ချင်းတွင်းလူငယ်ကွန်ရက် ၊နှင့် အသင်း အဖွဲ့ များ၊ပြည်သူများမှလေဆိပ်အထွက်မှနေ၍တည်းခိုမည့်ဟိုတယ်သိုသွားရာဗိုလ်ချုပ် လမ်းမကြီး တလျှောက်ေ သာင်းသောင်းဖြဖြကြိုဆိုကြပါသည်။
ဟိုတယ်သို.ရောက်ရှိပြီးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှပြည်သူ များအားနုတ်ခွန်းဆက်စကားပြောကြား နုတ်ဆက်ပြီး၊ညနေ(၄း၀၀) နာရီတွင်စစ်ကိုင်းတိုင်း ဗဟိုကော်မတီအဖွဲဝင်များ၊တို င်းအလုပ် အမှု့ဆောင်များ၊တွေ .ဆုံဆွေးနွေးသည်။
ညနေ(၅း၀၀) စစ်ကိုင်းတိုင်းလူငယ်ညီလာခံ
သတင်း.. National League for Democracy
06 January 2014
၈၈မျိုးဆက်နှင့် အခြားလူမှုအဖွဲ့အစည်း၅၈ ဖွဲ့ ပူးပေါင်းလုပ်ဆောင်သော လူ့အခွင့်အရေး နှင့် မညီမျှသည့် ၊ မတရားသည့် အခြေခံဥပဒေ ကို ဆန့်ကျင်သော ဆန္ဒဖော်ထုတ်ပွဲ မဟာဗန္ဒုလပန်းခြံလမ်းထောင့် မြို.တော်ခန်းမရှေ. (ယနေ့ညနေ ၃ နာရီမှ ၅ နာရီအထိ)
"ဒီအခမ်းအနား ဘာကြောင့် ကျင်းပရသလဲ ဆိုရင် မြန်မာဘောလုံးအသင်းလို မဖြစ်ဖို့၊ မြန်မာဘောလုံးအသင်း ဘာဖြစ်လဲ အားလုံးသိပြီးသား၊ ဘာဖြစ်လို့လဲ စဉ်းစားကြည့်တဲ့ အခါကျတော့ နိုင်ငံခြားသား နည်းပြတစ်ယောက်ကိုပဲ လက်ငြိုးထိုးတယ်၊ သူ့ကိုပုံချတယ်၊ အဲ့ဒါ မလုံလောက်ပါဘူး။ တာဝန်ရှိတဲ့သူတွေက တာဝန်ခံဖို့ လိုပါတယ်။ နိုင်ငံခြားသား ဒိုင်လူကြီး တစ်ယောက်ထဲက ခြယ်လှယ်သွားတယ်လို့ စွပ်စွဲဖို့ မလုံလောက် ပါဘူး။ နောက်ထပ် နောက်ထပ် တာဝန်ရှိသူတွေ အများကြီးရှိပါ သေးတယ်"
ကိုမင်းကိုနိုင်
၅-၁-၂၀၁၄
Subscribe to:
Posts (Atom)