08 May 2010

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားလူငယ်(ပြည်ထောင်စုမြန်မာ နိုင်ငံတော်)ပါတီ၏အလံတံဆိပ်များကိုကန့်ကွက်ခြင်း

Against Flag

မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာတွေ ကပ်ခဲ့တဲ့ Mr. Garrett နဲ့အင်တာဗျုး (ပထမပိုင်း)..

ငြိမ်းချမ်းရေးစတစ်ကာ ကပ်ခြင်းရဲ့နောက်ကွယ်မှာ ဘယ်လိုအတွေးအခေါ်တွေများရှိပါသလဲ။

မြန်မာနိုင်ငံအတွင်းနဲ့အပြင်ကပ်ရခြင်း ရည်ရွယ်ချက်ခြင်းမတူပါဘူး။ ပြည်ပမှာတော့ မြန်မာနိုင်ငံရဲ့လွတ်လပ်ခွင့် နဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ထောက်ခံဖို့နဲ့ အားပေးဖို့အတွက် လုပ်ခဲ့ပါတယ်။ ဥပမာ မြန်မာအလုပ်သမားတစ် ယောက်ဟာ မဲဆောက်မြို့မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ငြိမ်းချမ်းရေးပိုစတာကပ်တာကိုမြင်တာနဲ့ ဒီဆိုင်ဟာ မြန်မာ့ အရေးကို ထောက်ခံကြောင်း သိနိုင်ပါတယ်။

ပြည်တွင်းမှာကျတော့ ငြိမ်းချမ်းရေးစတစ်ကာကပ်တာတွေဟာ မြန်မာပြည်တွင်းအကြောင်းကို ပြောင်းလဲစေဖို့ အတွက် မြန်မာပြည်သားတွေလုပ်ကိုင်လိုစိတ်တွေကို လှုံ့ဆော်နှိုးဆွပေးဖို့ဖြစ်ပါတယ်။ ဒီစတစ်ကာလေးတွေ ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးအတွက် ဆက်လက်ရုန်းကန်ကြိုးစားဖို့ သတိပေးသလို ဖြစ်စေတဲ့အပြင် မျှော်လင့်ချက်တွေ အများကြီး ရှိပါသေးတယ် ဆိုတာကိုလည်း ဖော်ညွှန်းပါတယ်။

စတစ်ကာတွေလိုက်ကပ်တဲ့အခါ သင်ကိုယ်တိုင်ကပ်ခဲ့တာလား။ တခြားသူ တစ်ဦးတစ်ယောက်ယောက် ပါပါ သေးလား။

မြန်မာနိုင်ငံ အတွင်းမှာတုန်းကတော့ ကျနော်တစ်ယောက်တည်း လိုက်လံကပ်ခဲ့တာပါ။ ဖြန့်ခဲ့တာပါ။ ကျနော်ရဲ့ မြန်မာနိုင်ငံသား သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အန္တရာယ်မဖြစ်စေလိုဘူးလေ။

ဒီလို သွားရောက် လုပ်ကိုင်ဖို့ အတွေးမှာ သင်ရဲ့အတွေးလား၊ တခြားတစ်ယောက်ယောက်ရဲ့ အစီအစဉ်လား။

ပြည်တွင်းမှာ ငြိမ်းချမ်းရေးစတစ်ကာတွေ ဖြန့်ဖို့အတွက် The Best Friends စာကြည့်တိုက်ရဲ့ ဦးဆောင်သူများ ဖြစ်ကြတဲ့ အရှင်သောပါက၊ အရှင်ဣဿရိယ (မင်းသုည) တို့နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ခရီးသွားခြင်းဟာ အလွန်သိမ်မွေ့သော ကိစ္စတရပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ ငွေတွေဟာ စစ်အာဏာရှင်တွေဆီကို တစ်နည်းနည်းနဲ့ ရောက်သွားမှာတဲ့လေ။ ဒါကြောင့် စစ်ကျွန်လက် အောက်ခံစားနေရတဲ့ပြည်သူတွေနဲ့အတူ ကျနော်ရှိနေပါတယ်ဆိုတာကို တနည်းနည်းနဲ့ ပြနိုင်မှသာ မြန်မာနိုင်ငံ ကို အလည် သွားထိုက်တယ်လို့လည်း ကျနော်ခံစားရပါတယ်။

ကျနော်တို့မှာ အခြားအိုင်ဒီယာ တွေလည်းရှိပါတယ်။ ဒါပေမယ့် စတစ်ကာလှုပ်ရှားမှုဟာ ဘေးကင်းတာရယ်၊ မြန်မာ့နိုင်ငံရေးနဲ့ တိုက်ရိုက် ပတ်သတ်မယ်ထင်လို့ ဒီလှုပ်ရှားမှုကို ရွေးလိုက်တာပါ။ ကျနော့်လုပ်ငန်း အောင်မြင်တယ် လို့တော့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၇ ရက် ခရီးစဉ်မှာ ၂၃ ရက်နေ့ထိ တိုင်အောင် ကျနော်ပြည်နှင် မခံရခဲ့လို့ပါပဲ။

သင့်အနေနဲ့ ငြိမ်းချမ်းရေးစတစ်ကာတွေကို ဘယ်လိုနေရာ၊ ဘယ်မြို့တွေမှာ ကပ်ခဲ့ပါသလဲ။
Mr. Garrett ကသူ Favorite အဖြစ်ဆုံး ပုံပါဆိုပြီး ပေးပို့လာပါတယ်
ကျနော့်အနေနဲ့ စတစ်ကာတွေကို အနည်းဆုံး မြို့၁၅မြို့ ထက်မနည်းကပ်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ တိုင်းရင်း သားဒေသ ၃ နေရာနဲ့ ခရိုင် ၄ နေရာကို ရောက်ခဲ့ပါတယ်။ ကျနော် ကချင်ပြည်နယ်ကို သွားဖို့ကြိုးစားခဲ့ပေမယ့် နှင်လွှတ်ခြင်းခံခဲ့ရပါတယ်။ ကျနော် စတစ်ကာကပ်ခဲ့တဲ့နေရာတွေကတော့ အမျိုးမျိုးပါဘဲ။ ကျနော်ကပ်သင့် ကပ်ထိုက်တယ်ထင်တဲ့နေရာတွေမှာ ကပ်ခဲ့ပါတယ်။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်စတဲ့ အများနဲ့သက်ဆိုင်ရာနေရာတွေမှာ ကပ်ခဲ့တယ်။ မြို့လည်ခေါင်က ဓါတ်မီးတိုင်တွေ၊ စစ်ဝါဒဖြန့်ဆိုင်းဘုတ်တွေ စတဲ့နေရာတွေမှာ ကပ်ခဲ့တာများပါတယ်။ တခါတလေ စတစ်ကာ အခွံကိုမခွာတော့ဘဲ အလှူခံပုံးထဲကို ထည့်ခဲ့ရတာတွေတောင်ရှိပါတယ်။ တခါတလေစာအုပ်တွေအောက်မှာ ထားပေးခဲ့ပါတယ်။ ကျနော့်ရဲ့ စတစ်ကာတိုင်းကို လူအများမြင်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။

တခါဘဲ ကျနော်ကပ်ပြီးပြီးချင်း စတွေ့တဲ့လူက ဖယ်ရှားခဲ့တယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးစတစ်ကာလေးကို အနည်းဆုံး သူတစ်ယောက်တော့ မြင်လိုက်ရတာပေါ့လို့ဘဲ ကျနော်ခံယူလိုက်ပါတယ်။

စတစ်ကာနဲ့ပတ်သတ်ပြီး လူတွေရဲ့တုန့်ပြန်မှုတွေကို သင်တွေ့ခဲ့ရလား။ သင့်အနေနဲ့ကော သင့်ရဲ့လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်ပြီး တစ်စုံတစ်ဦးကို ရှင်းပြခဲ့တာတွေရှိခဲ့လား။

ကျနော် စိတ်ချယုံကြည်ရတယ်လို့ထင်ရတဲ့သူတွေကိုတော့ ပြောပြခဲ့ပါတယ်။ ကျနော်နဲ့ ကြုံခဲ့တဲ့သူတိုင်းကိုတော့ စတစ်ကာတွေပေးခဲ့ပါတယ်။ လူအများကတော့ သူတို့သဘောထားကို ထုတ်ဖော်မပြပါဘူး။ တချို့လူတွေက တော့ ကျနော် ဒုက္ခရောက်နိုင်ကြောင်း သတိပေးတာတွေရှိပါတယ်။ ကျနော့်လုံခြုံရေးကို ဂရုစိုက်ဖို့လည်း တိုက် တွန်းတာတွေရှိပါတယ်။ သူတို့အရမ်းအံ့သြကြတယ်။ ဒါပေမယ့် သဘောကျ ကျေနပ်ကြတယ်။ နိုင်ငံခြားသား တစ်ဦးက သူတို့အရေးကိုထောက်ခံပြီး စွန့်စားလုပ်ကိုင်နေလို့ဖြစ်မှာပေါ့လေ။ တစ်ချို့လူတွေကတော့ ပြောပါ တယ်။ သူတို့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးကို လုပ်ချင်ပါတယ်လို့၊ ဒါပေမယ့် သူတို့မိသားစုအရေးကို ထိ ခိုက်မှာစိုးလို့ မလုပ်ရဲသေးတာလို့ ပြောကြတယ်။

ကျနော်တွေ့ခဲ့သမျှ လူတွေထဲမှာ ငြိမ်းချမ်းရေးစတစ်ကာနဲ့ပတ်သတ်ပြီး အပျက်သဘော (Negative) အမြင်ရှိ တာမတွေ့ခဲ့ရပါဘူး။
ကျနော့်အတွေ့အကြုံအရတော့ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့သူတွေက တော့ မြန်မာစစ်အာဏာရှင်တွေပါဘဲ။ Mr. Garrett

အလင်းဆက်... ဘာသာပြန် ဆိုပါတယ်။
Mr. Garrett ပေးပို့လာတဲ့ သူရဲ့ interview English မူရင်းကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။
* What is the idea behind the peace stickers?
  • What is the idea behind the peace stickers?

The goals for the peace stickers are different depending on whether they are distributed inside or outside of Burma. Outside Burma, the stickers are used to offer support and encouragement for those struggling for a free and peaceful Burma. They are also commonly displayed in areas where Burmese exiles and refugees are living, where hopefully the stickers work to foster a sense of community and security. For example, if a Burmese migrant sees a sticker displayed at a shop in Mae Sot, he or she will know the staff of the shop is supportive of the common Burmese cause. Inside Burma, the stickers are meant to work as an inspiration for people to continue to do anything they can to bring about positive change in Burma. They remind people that the struggle for peace and freedom in Burma continues, and that there is still much hope.

- Did you spread the stickers on your own or with somebody else?

While I was in Burma I only spread the stickers when I was alone. I did not want to endanger any of my Burmese friends or acquaintances.


- Was it your idea to go and do this or was it somebody else's plan?

The idea to spread the stickers inside Burma came about through discussions I had with Ashin Sopaka and King Zero, two of the founders of The Best Friend Education Project, prior to my trip. Tourism in Burma is a sensitive issue, as inevitably some of the money a traveller spends goes to the military regime. I did not feel it was responsible for me to travel in Burma without doing something to express solidarity with the Burmese who are struggling under military rule. We had a few other ideas, but the stickers seemed like the best plan – safer than distributing something directly related to politics or calling for an end to the regime’s rule. The goal was to spread a relatively quiet wish for peace and freedom in Burma so that I would be able to avoid detection as long as possible, and be able to spread the stickers in many cities throughout the country. In this sense, my ‘mission’ was a success – I wasn’t deported until day 23 of my planned 27-day trip!


- Where did you put the stickers, what sort of places, which towns?

I managed to spread stickers in at least fifteen cities. I made it to three of the ethnic states and four of the divisions. The only additional place that I had planned to get to, but was unable to because of the deportation, was Kachin State. The types of places I put the stickers varied depending on how brazen I felt I could be. Tea shops and restaurants were a common place I felt it was safe to put up a few stickers. Also in bathrooms. Several times I was able to get a sticker up in a very public place – on a lightpost in a downtown area, or even stuck on to a military sign or billboard. Other times I didn’t even bother to peel the sticker from the backing. I would just drop a sticker or two into a donation box, or leave one to be found later under a book. Of course I hope every sticker will be seen by many people, but even if a sticker is immediately removed by the first person who sees it, at least that one person will have seen it.


- Did you see any reactions of people to the stickers? Did you speak to anybody about your activities?

I did speak to some people I felt I could trust, and I did give stickers directly to certain individuals I encountered. Many people did not interpret the stickers as controversial political statements, and were not concerned about their display. Many others reminded me of the personal risk I was taking by putting up the stickers, and urged me to be careful for my own safety. I think they may have been surprised, but very pleased, that a foreigner was willing to take a risk in support of Burmese well-being. I was told by a few people that they also would like to do something pro-active in opposition to military rule, but did not dare do so for fear of their family’s well-being.

Not one Burmese person I met had a negative opinion about the stickers or my actions, and in fact many people thanked me for my efforts. In my experience, the only people who are opposed to a wish for peace in Burma are the Burmese authorities.


- What is your opinion about some of the reactions people have had to your actions and subsequent deportation, e.g. on Facebook: that as a 'farang' the only punishment you got is to be deported, but that Burmese people in this situation would be directly sent to jail?

Well, that comment is exactly correct. As a foreigner, I automatically had some protection in Burma. I knew I was taking a risk, but that the risk to myself was much less than the risk would be for a Burmese person. That’s why I feel it is even more important for outsiders to do what they can to help and express solidarity with those inside Burma who are directly suffering under the regime. The Burmese themselves face grave danger and punishment if they express or do anything that could be interpreted as dissent (or ‘incorrect opinions’) against the military regime. A famous quote from Aung San Suu Kyi could apply here: “Please use your liberty to promote ours.” ဘာသာပြန် အလင်းဆက်...

ရာသီဥတုဒဏ်ကြောင့် ပဲခူးမြို့သူမြို့သားများ ရေရှားပါမှုအတွက် ရေအလှူပေးနေရ




ယခုနှစ်နွေရာသီမှာ ယခင်နှစ်များနဲ့ မတူပဲ အပူချိန်ပြင်းထန်မှုကြောင့် ပဲခူးတိုင်းမှာ ရေတွင်း ရေကန်များတွင် ရေများခန်းကာ သောက် သုံးရေ ရှားပါးနေရကြောင်း ပဲခူး ဒေသခံများက ပြောပြတယ်။ ဒီလိုအခြေအနေမျိုးဟာ ၂၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး ရေရှားပါးမှု ဒဏ်ကို ပဲခူးတိုင်းအတွင်းက ရွာပေါင်း ၃၀ နီးပါး ခံစားနေရတယ်လို့ သိရပါတယ်။

အခု ရေရှားပါးမှုဒဏ်ကို ခံစားနေရတဲ့ ပဲခူးတိုင်းအတွင်းက ရွာတွေကတော့ ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန် ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများ အပါအ၀င် ရွာပေါင်း ၃၀ ခန့် ဖြစ်တယ်ဆိုတာ သိရါပတယ်။

အခုလို ကျေးရွာတွေမှာ ရေရှားပါးမှု အခြေအနေကြေင့် ပဲခူးမြို့ရှိ အလှူရှင်များက တနေ့ ရေကားဘောက်ဆာနဲ့ တနေ့အစီး ၂၀၊ ၃၀ လောက်ပို့ပေးနေရပါတယ်။

နေ့သစ်

ဒေ၀ါလီခံရဖွယ် သတင်းကြောင့် လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် အလုအယက်ငွေထုတ်


ရွေးကောက်ပွဲနောက်ပိုင်းဖျက်သိမ်းရဖွယ်ရှိမည့် ကောလဟာလသတင်းကြောင့် ယခုရက်ပိုင်းအတွင်းလားရှိုးမြို့ နအဖပိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် မြို့သူမြို့သားများ အလုအယက်ငွေထုတ်ယူနေကြကြောင်း စုံစမ်းသိရှိရသည်။

“မေလ ၁ ရက်နေ့ကတည်းက ဘဏ်မှာ ငွေစုထားတဲ့သူတွေ ရာဂဏန်းလောက်ရှိမယ် ငွေတွေထုတ် ယူဖို့ဘဏ်ရှေ့မှာ တန်းစီပြီး နေကြတယ်။ နေ့တိုင်းအယောက် နှစ်ရာကျော်သုံးရာလောက်ရှိမယ်” - ဟု လားရှိုးမြို့ ခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

ရပ်ကွက်(၂)၊ ဘူတာလမ်း၊ အမျိုးသမီးသူနာပြုကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ အဆိုပါ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန မြန်မာ့စီးပွါးရေးဘဏ်တွင် သန်းပေါင်းဆယ်နှင့် ရာနှင့်ချီငွေအပ်နှံထားသူများလည်းရှိသည်ဟု ဆို၏။ အပ်နှံထားသော ငွေအား လုံးကိုမူ ထုတ်ယူခွင့်မပြုပဲ အနည်းဆုံး ဆယ်ရာခိုင်နှုန်းထက်မနည်း ဆက် လက်ထားရှိရမည်ဟု သိရပါသည်။

အချို့နေ့များဆိုလျှင် လျှပ်စစ်မီးပျက်တောက်သဖြင့် ငွေထုတ်ယူနိုင်ခြင်းမရှိဘဲ တရက်လုံးတန်းစီပြီးမှ လက်ဗလာဖြင့် ပြန်သွားကြရသည့်နေ့ လည်းရှိပါသည်။

“ရွေးကောက်ပွဲပြီးလို့ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ဒီဘဏ်ဟာ ဒေ၀ါလီခံရချင်လည်းခံရပြီးလဲ ပြိုသွားနိုင်တယ်၊ ပြောင်းလဲချင်ရင်လည်းပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ကောဠာဟဠထွက်နေတော့ မြို့သူမြို့သားတွေ စိတ်မချလို့ သွားထုတ် ကြတာ” - ဟု ထိုသူကဆက်လက်ပြောပြပါသည်။

လားရှိုးမြို့သူမြို့သားများအဖို့် လွန်ခဲ့သော ဧပြီ ၂၀ ရက်နေ့ကတည်းက ထိုအကြောင်း တီးတိုးပြောဆိုလာ နေကြသည်ဟု သိရပါသည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်၌လည်း ပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် အာရှဓနဘဏ်၊ မြန်မာ့ကျုံယံဘဏ်နှင့်အခြားနာမည်ကြီး ဘဏ် ၃-၄ ခုလည်း ဖျက်သိမ်းခံလိုက်ရသောကြောင့် လူထုအကြား ဤကဲ့သို့စိုးရိမ်မှုမျိုးမကြာခဏဖြစ်ပေါ်လာ ရခြင်းဖြစ် သည်။


ရင်းမြစ် ....သျှမ်းသံတော်ဆင့်

နအဖ စစ်အစိုးရ ဒီလိုဘဲပြောဆိုပြောနေရတဲ့သနားစရာ သိန်းစိုးဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  အစည်းအဝေးကြီးပါရှင်။



နအဖ စစ်အစိုးရ ဒီလိုဘဲပြောဆိုပြောနေရတဲ့သနားစရာ သိန်းစိုးဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  အစည်းအဝေးကိုလာတက်တဲ့လူတွေကလဲ ကွန်ပြူတာကြီးတွေ
ရှေ့ချပြီး စာအုပ်တွေမှာလိုက်မှတ်သားနေကြပုံကလဲ ဟားသတခုပါဘဲ။

နအဖ စစ်အာဏာရှင် ခေတ်မှာ မတတ်လဲ တတ်သယောင်တွေလုပ်နေရတဲ့လူတွေကိုကြီးပြီး
သနားမိပါတယ်။ကွန်ပြူတာတွေကိုမထိနဲ့ မကိုင်နဲ့ ကြည့်ဘဲကြည့်နော်ဆိုပြီး ပြောထားပုံဘဲ၊
ရွေးကောက်ပွဲ ကော်မရှင်သာ ပြောနေတာပါ .ရွေးပြီးသာဆိုတာလဲသိနေကြပါတယ်.။

၂၀၁၀ ရဲ့ ရွေးကောက်ပွဲကြီးကို မတရားသဖြင့် ကျင်းပဘို့အတွက် မတရားသောနည်းလမ်းတွေကို
အစွမ်းကုန် စပြီးပြုလုပ်နေပါပြီး.။စာရွက် ထဲမှာအဆင့်သင် ပါတဲ့ စာကို ဖတ်ပြီးအစည်းအဝေးကို
ပြီးဆုံးသွားပါပြီးလို့ကြေညာလိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြီးအား
MRTV ကနေ လိမ်ညာပြီးပြောဆိုသွားသေားစကားများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်ရှင်.။

MRTV သတင်းအား ဟံသာဝတီ သတင်းဌာန မှပြန်လည်ဖော်ပြ ပေးထားပါသည်.။

07 May 2010

ကဲ မြန်မာပြည်သူလူထုများသတင်းစာရှင်းလင်းပွဲမှာ နအဖရဲချူပ် ခင်ရီ ရွှီးလုံးတွေနဲ့  ပြောတဲ့ ရဲတွေ နေ့ မအား ညမအား အလုပ်လုပ်ကြရတယ်ဆိုတာ -ဒါမျိုးတွေပါလားရှင်။



ပြန်လည်ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ်ရခိုင်အမျိုးသမီးတဦးကိုစစ်တွေမြို့နယ်ပါဒလိပ်ကျေးရွာအခြေစိုက်နအဖစစ်တပ်ခမရ ၂၃၂ မှ ဗိုလ်တဦးက မုဒိမ်းကျင့်ခဲ့ကြောင်း



ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။

မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။ဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများကို စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်မှ အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။

ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။

န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။

ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။

“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။


စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။


တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။

ရင်းမြစ်..နိရဉ္စရာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ကျင်းပတဲ့ အခမ်းအနား ရုပ်သံမှတ်တမ်း

နှစ်စဉ် ဇွန်လမှာသာ ကျင်းပလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် မွေးနေ့ပွဲအကြိုနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို ပညာသင်ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားများကို မေလ (၅) ရက်နေ့မှာ NLD ဌာနချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။ ဒီလို အခမ်းအနားတွေ ကျင်းပခွင့်နဲ့ တရားဝင်ပါတီ တခုအဖြစ် ရပ်တည်ခွင့် မရှိတော့ရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ လူထု အကျိုးပြုလုပ်ငန်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ခွင့်ရအောင် ကြိုးပမ်းသွားမယ်လို့ NLD ခေါင်းဆောင်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ်သိန်း ၄၀ ကျော် စက်ရေတွင်း ၂ တွင်း လှူဒါန်း

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ စက်ရေတွင်း ၂ တွင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယခုလ ၅ ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့သည်။

မော်ကျွန်းမြို့နယ်ရှိ ဗြန့်ကြီမြစ်ကျိုးနှင့် မြောင်းသာ ကျေးရွာတို့တွင် သောက်ရေသန့်အတွက် လိုအပ်နေသဖြင့် စက်ရေတွင်း ၂ တွင်းအား သက်ဆိုင်ရာ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တူးဖော်ကာ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“တတွင်းကို သိန်း ၂၀ ကျော် ကျတဲ့ စက်ရေတွင်း ၂ တွင်းနဲ့အတူ ထိန်းသိမ်းဖို့ ရေကန်၊ မောင်းတင်ဖို့ ရေစုပ်စက်တို့ကို တပါထဲ လှူဒါန်းခဲ့တာပါ” ဟု NLD နာဂစ်ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အခမ်းအနားသို့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် နာဂစ်ကော်မတီဝင်များဖြစ်သော ဦးကြည်ဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်လဲ့လဲ့၊ ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ကျောင်းထိုင် ဆရာတော်များ၊ ဒေသခံ ဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

စက်ရေတွင်း အလှူကို ဘိုကလေးမြို့နယ်ရှိ ရပ်ဖရုံနှင့် အောင်တေဇ ကျေးရွာများတွင်လည်း မကြာမီ သွားရောက်လှူဒါန်းရန် NLD က စီစဉ်ထားသည်။

“မကြာခင်မှာလည်း ဘိုကလေးမြို့နယ်မှာ ထပ်လှူဖို့ ရှိပါတယ်။ တခြားရွာတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ လိုအပ်ချက်ကြီးမားတဲ့ ရွာတွေလောက်ကိုပဲ လှူဒါန်းနိုင်သေးတာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကျန်းမာရေးအတွက် အရေးကြီးသော သောက်ရေသန့် ရရှိရေးကို အကောင်အထည် ဖော်နေသော်လည်း အခြား ကဏ္ဍများဖြစ်သည့် ပညာရေးအတွက် ကျောင်းများနှင့် စိုက်ပျိုးလုပ်ငန်းများအတွက် အရင်းအနှီးများ လိုအပ်နေသေးကြောင်း NLD က ပြောသည်။

နာဂစ်သင့်ဒေသ လေဘေးဒုက္ခသည်များ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁၄၀၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်း ဘိုကလေးနှင့် မော်ကျွန်းမြို့နယ်များတွင် NLD က စက်ရေတွင်း ၆ တွင်း လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။

NLD နာဂစ်ကူညီရေး ကော်မတီသည် ကော်မတီလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ယမန်နေ့ နေ့လည်ပိုင်းတွင် နောက်ဆုံးတင်ပြမှုများ ပြုလုပ်ခဲ့သည်။

ဦးအုန်းကြိုင်က “ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရေတွင်းတူးဖော် လှူဒါန်းတာတွေ ပြီးသွားတဲ့အကြောင်း၊ နောက် လက်စသတ်ဖို့ကျန်တဲ့ ကိစ္စတခုနှစ်ခုကို လက်စသတ်မယ့်အကြောင်း တင်ပြပြီး သဘောတူညီမှု ရယူခဲ့တာပါ” ဟု ပြောသည်။

သောက်သုံးရေ ရရှိမှုနှင့် ပတ်သက်ပြီး ဘိုကလေးမြို့ပေါ်တွင် သောက်ရေကန် ၇ ကန်ရှိပြီး မကြာမီ ကုန်ခန်းမည်ဟု သိရသည်။

“ဒီနှစ် နေလည်း အရမ်းပူတယ်။ ရေက တော်တော်ခန်းနေပြီ။ ဒီလနဲ့ ရှေ့လမှာ မိုးမရွာရင် ရေပြတ်ပြီ။ အခုရှိနေတဲ့ ရေတွေက မနှစ်က မိုးရေတွေကို လှောင်ထားတာလေ” ဟု ဘိုကလေးမြို့ အမှတ် ၄ ရက်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ရွာတွေမှာဆိုလည်း ရေတွေခန်းနေပြီ။ တချို့ရွာဆို တခြားရွာသွားပြီး ရေခပ်ရတာတွေ ရှိတယ်။ အဝီစိတွင်းတူးလည်း သုံးဖို့တော့ ရတယ်။ ငန်နေလို့ ပြုတ်ပြီး သောက်တော့လည်း အဆီတွေ ကွက်နေတယ်လေ” ဟု ပြောသည်။

ယခုအခါ ကျေးရွာများရှိ ရေခန်းသည့် ရေကန်အချို့တွင် ရွာသားများက ကန်ပြုပြင်ခြင်းများ ဆောင်ရွက်၍ မိုးရေလှောင်ရန် ပြင်ဆင်နေမှုများ ရှိနေကြောင်း သိရသည်။


ရင်းမြစ်...မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ၏နိုင်ငံရေးပါတီအဖြစ်ရပ်တည်မှုနောက်ဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရ နောက်ဆုံးရက်မဟုတ်ပါ




NLD ပါတီဝင်များ ရုံးတွင်း စာရွက်စာတမ်းများ သိမ်းဆည်းနေစဉ်။ မေ ၆၊ ၂၀၁၀။

06 May 2010

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ဒီကနေ့ နောက်ဆုံး ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ ရန်ကုန်မြို့က NLD ပါတီ ရုံးချုပ်နဲ့ နယ်ရုံးတွေကို ဆက်လက် ဖွင့်လှစ်ထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ အစိုးရက NLD ပါတီကို ဖျက်သိမ်းလိုက်မယ် ဆိုရင် ပါတီအနေနဲ့ အနာဂတ်မှာ ဘယ်လို ဆက်လက် ရပ်တည်မှာပါလဲ၊ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆိုရင် တည်ရှိဆဲ ပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ ထပ်မံ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်တာကြောင့် ထပ်မံ မှတ်ပုံမတင်ခဲ့ပါဘူး။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် ပါတီရဲ့ တရားဝင် တည်ရှိမှုဟာ ဒီကနေ့ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်က စတင်ပြီး NLD ပါတီ ရုံးချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှု ပုံစံတွေကို စတင် ပြောင်းလဲတော့မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ပြောပါတယ်။

“ဌာနချုပ်ရုံးကိုတော့ မနက်ဖြန် ပုံမှန်အတိုင်းပဲ ဆက်ပြီးတော့ ဖွင့်ထားမှာပါ။ ကျနော်တို့ အဖွဲ့ဝင်တွေလည်း လာနေကြမှာပါ။ အရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ အတိုင်းပဲ၊ မနက်ဖြန်ကစပြီး နိုင်ငံရေးဆန်သော လုပ်ငန်းတွေကတော့ ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။ အစည်းအဝေး လုပ်တာတို့၊ သဘောထား ကြေညာတာတို့၊ ထုတ်ပြန်ကြေညာချက် လုပ်တာတို့ အဲဒါတွေ ရှိမှာ မဟုတ်တော့ပါဘူး။ သို့သော်လည်း ကျနော်တို့ဘာသာ စုံပြီး စကားပြောနေကြတာတို့၊ ဘာလုပ်ရရင် ကောင်းမလဲ ဆွေးနွေးနေတာတွေကတော့ ရှိကောင်း ရှိမှာပေါ့ဗျာ။”

ဒီကနေ့မှာလည်း NLD ရုံးချုပ်ကို ပုံမှန် ဖွင့်လှစ်ခဲ့ပြီး နာဂစ် လုပ်ငန်းကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီ အဖြစ်က ဖျက်သိမ်းခံရရင်လည်း လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းတွေကို အစုအစည်းမပျက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဘက်က အခြေအနေကိုတော့ တိုင်းစည်းရုံးရေး ကော်မတီဝင် တဦးဖြစ်တဲ့ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က မြို့နယ်တွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ အဲဒါက သက်ဆိုင်ရာ မြို့နယ် အနေအထားပေါ် မူတည်ပြီးတော့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဆိုပြီး ညှိနှိုင်းဆွေးနွေးချက် ရှိတယ်။ ကျနော်တို့ကတော့ ဘာလေးလုပ်ပါ၊ ညာလေးလုပ်ပါလို့တော့ ပြောမထားဘူး၊ ကိုယ့်နယ်မြေ ဒေသပေါ်မှာ မူတည်ပြီး ကိုယ်လုပ်နိုင်တဲ့ ခွင်ပေါ်မှာ မူတည်ပြီး လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့။ အဲတော့ မြို့နယ်တွေကလည်း ပြောကြပါတယ်၊ တချို့ကတော့ သာရေး၊ နာရေး ကိစ္စတွေမှာ ပိုမိုဆောင်ရွက်မယ်လို့ ပြောတယ်။ တိုင်းကတော့ နိုင်ငံရေး အကျဉ်းသား ထောင်ကျမိသားစုများရဲ့ လူမှုထောက်ကူပြု လုပ်ငန်းတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”

မန္တလေးက မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ ပါတီရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကိုမျိုးနိုင်က ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဘက်က ဆက်လက် ဆောင်ရွက်သွားမယ့် အခြေအနေကို မြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲ မ၀င်တာဘဲ ရှိတယ်၊ ပါတီအနေနဲ့ရော ဒီအင်အားစု အနေနဲ့ရော မပျက်ပြယ်အောင် ကျနော်တို့ မိတ္ထီလာမြို့နယ် အနေနဲ့ ၂၃ ရက်နေ့တိုင်း လစဉ် ပုံမှန် အစည်းအဝေးရှိတယ်။ ကျနော်တို့ အနေနဲ့ အစည်းအဝေးရယ်လို့တော့ လုပ်လို့မရဘူး၊ ဆုံးဖြတ်ချက်တွေ ချလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ တွေ့ဆုံပွဲပေါ့၊ လာနေကြအတိုင်းပဲ လာကြပါ၊ စကားဝိုင်းပုံစံမျိုးပဲ ဖြစ်ဖြစ်၊ တွေ့ဆုံပွဲ ပုံစံမျိုးပဲဖြစ်ဖြစ်၊ အစည်းအဝေးတော့ မဟုတ်ဘူး၊ အာဂျင်ဒါ မပါဘူး၊ ဆုံးဖြတ်ချက် မချဘူး။ ဒါပေမဲ့ ကျနော်တို့ အမြဲတမ်း ဒီလိုပဲ ထိတွေ့နေမယ်။

“ကျနော်တို့က လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ဆက်လက်ပြီး အမည်မခံဘဲနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ဒီအတိုင်းချည်း ပါတီလည်း မရှိတော့ဘူး၊ ဘာမှလုပ်စရာ မရှိတော့ဘူးဆိုပြီး ထိုင်သွားမှာ မဟုတ်ဘူး။”

ပါတီ တရားဝင် ရပ်တည်ခွင့် မရရင်တောင် ပါတီဝင်တွေ ဆက်လက် စုစည်းဖို့နဲ့ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုတွေကို မိတ္ထီလာမြို့နယ်မှာသာမက နီးစပ်ရာ သာစည်၊ ၀မ်းတွင်း၊ မလှိုင် စတဲ့ မြို့တွေမှာပါ ဆက်စပ် အကောင်အထည် ဖော်သွားမယ်လို့ ဆက်ပြောပါတယ်။

မတ္တရာမြို့နယ်မှာတော့ ပါတီရဲ့ တရားဝင် ရပ်တည်မှုဟာ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်တာကြောင့် ဒီနေ့ ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မတ္တရာမြို့နယ်က NLD ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။

“ကျနော်တို့က ၆ ရက်နေ့မှာ မှတ်ပုံမတင်ဘူးဆိုရင်၊ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီး ရုံးကတော့ ဒီနေ့ လုပ်လိုက်တဲ့ သဘောပဲ ရှိတယ်။ ရုံးပိတ်တယ်ဆိုတာ ဒီနေ့ ဆိုင်းဘုတ် ချလိုက်တယ်။ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ဆက်လုပ်မယ်။ လက်မြှောက် အညံ့ခံ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က ဒီအပေါ်မှာ ဘယ်နည်းနဲ့ ဆက်သွားရမလဲ၊ လူမှုရေးလုပ်ငန်း လုပ်လို့ရမလား၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ဗဟိုက ညွှန်ကြားလာရင်၊ အခြေအနေ တခုအပေါ်မှာ မူတည်ပြီး ညွှန်ကြားလာရင် ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာ အကုန် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။”

မတ္တရာမြို့နယ် အတွင်းက တောင်ပြုံးကျေးရွာမှာလည်း မနေ့က ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။
မြစ်ကြီးနားနဲ့ ရေနံချောင်း မြို့တွေမှာတော့ ဒီနေ့အထိ ရုံးတွေကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနေ့အချိန်ထိတော့ ဗဟိုနဲ့ အခြားမြို့ကြီး အတော်များများမှာ ပါတီဆိုင်းဘုတ် ဖြုတ်ဖို့အတွက် အာဏာပိုင်တွေဘက်က ဖိအားပေးတာ မရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ တည်ရှိဆဲ ပါတီတွေဟာ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ရင် ပါတီရပ်တည်ခွင့် ပျက်ပြယ်မယ့်သဘော ရှိနေတာကြောင့် ဒါကို တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးက မနေ့က အဲဒီ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

http://www.voanews.com/

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအတွက်ပါတီ ရပ်တည်ခြင်းနောက်ဆုံးနေ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရနောက်ဆုံးရက်မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် စစ်အစိုးရ ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသစ်အရ ဒီကနေ့ မေလ ၆ ရက်နေ့ဟာ ပါတီတရားဝင် တည်ရှိခြင်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။



NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် ၂ဝဝ၆ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရှိရစဉ်။ (Photo: AFP)

ဒါကြောင့် ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာ ဖွင့်ထားတဲ့ ပါတီဌာနချုပ်ကို ပါတီခေါင်းဆောင် အတော်များများလာကြသလို ပါတီဝင်တွေ၊ လူငယ်အဖွဲ့ဝင်တွေ၊ နယ်ရုံးခွဲတွေက အဖွဲ့ဝင်တွေ အတော်များများလည်း စုရုံးခဲ့ကြပါတယ်။

အဲဒီ စုရုံးပွဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ဝင်တွေကို အနာဂတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှာကြား ပြောဆိုခဲ့သလို၊ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဒီကနေ့ဟာ ပါတီ တရားဝင်ရပ်တည်ခြင်း နောက်ဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရ နောက်ဆုံးရက်မဟုတ်ဘဲ မနက်ဖြန်တွေ များစွာရှိသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပွဲမှာ တက်ရောက်လာသူတွေထဲက တချို့ မျက်ရည်ကျကြသလို လူငယ်တွေကလည်း ရှစ်လေးလုံး လူထုအရေးတော်ပုံကာလက နာမည်ကျော် ကမ္ဘာမကြေဘူး သီချင်းကို သီဆိုကြတဲ့အကြောင်း ဦးဝင်းတင်ကပြောပါတယ်။

ဒီမြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် ပြောဆိုတာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

ရင်းမြစ် RFA

မင်းသား ခန့်စည်သူ တယောက် ပြည်သူများအတွက်(ခန့်စေတနာ)ဆေးခန်းကိုဖွင့်လှစ်တော့ပါမည်..။


အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကား နဲ့ အကယ်ဒမီ ရွှေစင်ရုပ်တုဆု ပိုင်ဆိုင်ထားတဲ့ မင်းသား ခန့်စည်သူဟာ သင်္ဃန်းကျွန်း မြိုနယ်မှာ အခမဲ့ ဆေးခန်းလေး တစ်ခု ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော် ပထမက ဒီဆေးခန်းကို တောင်ဥက္ကလာပ မြို့နယ်မှာ ဖွင့်မယ်လို့ စဉ်းစားထားတာ တောင်ဥက္ကလာပမှာက လူချမ်းသာတွေ နေတာများလို့ အခြေခံ လူတန်းစားတွေ နေတာ များတဲ့ သင်္ဃန်းကျွန်း ဘက်မှာ ဖွင့်မယ်လို့ စဉ်းစား ထားတယ်လို့ ခန့်စည်သူက ပြောပါတယ်။ သရုပ်ဆောင် ခန့်စည်သူဟာ ဆေးခန်းရဲ့ အမည်ကို ခန့်စေတနာလို့ အမည် ပေးထားပြီး လူတန်းစား မျိုးစုံ လာရောက် ကုသ နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တယ်လို့ သူက ပြောပါတယ်။ ကျွန်တော် ဆေးခန်းကို လာရောက်ကုသတဲ့ နေရာမှာ စာရွက် စာတမ်းတွေ ငွေတွေ ဘာတွေ ပေးစရာ မလိုပါဘူး ရောဂါသာ သယ်လာခဲ့ပါ။ ပျောက်အောင် ကုသ ပေးပါမယ်လို့ ခန့်စည်သူက ပြောပါတယ်။ ခန့်စေတနာ ဆေးခန်းမှာ တိုင်းရင်းဆေးနဲ့ မကုသဘဲ အင်္ဂလိပ်ဆေးနဲ့သာ အဓိက ကုသ ပေးမှာ ဖြစ်ပြီး ဆရာဝန် ဆရာမများက လူနာများကို အလှည့်ကျ ကုသ ပေးမှာ ဖြစ်ပါတယ်။ ခန့် စေတနာ ဆေးခန်းကို နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ရန် ရည်ရွယ် ထားပြီး လတ်တလောတွင် သင်္ဃန်းကျွန်း မြို့နယ် အတွင်း ဆေးခန်း ဖွင့်လှစ်ရန် မြေနေရာ ရှာဖွေ နေတယ်လို့ ခန့်စည်သူက ဆိုကြောင်း True News Journal တွင် ဖော်ပြ ထားသည်။

နောက်တခုက ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာဒါနပြုနေတဲ့ စေတနာရှင် ခန့်စည်သူ ပါ။

သင်္ဃန်းကျွန်းက ဓမ္မဝိဟာရ စာသင်တိုက်မှာ စာသင်ကျောင်း ဆောက်ပြီးကလေးတွေကို
ကျောင်းထားပေးထားတယ်ဆို။

အခုက နှစ်ထပ်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဲဒါဆောက်ထားတာ၊ မြန်မြန်ပြီး လုပ်နေတယ်။ ဒီနှစ် ပညာသင်နှစ်က မမီလိုက်ဘူး။ မမီလိုက်တော့ ကလေးတွေတော့ စာသင်ပေးဖို့ လက်ခံ လက်ခံပြီးတော့ ဘုန်းကြီးကျောင်းထဲမှာပဲ နေရာခွဲပြီး စာသင် နှစ်ထပ်ကျောင်းပြီးသွားရင် ကျောင်းထ သူ့အတန်းနဲ့သူ ခွဲပြီးသင်မှာ၊ အခုလောလောဆယ်တော့ အယောက်(၅ဝ)ကျော်၊ ကျောင်းဆောက်ပြီး အယောက် (၃ဝဝ)လောက်တော့ မှန်းထားတယ်။ ဘာသာစုံ၊ လူမျိုးမရွေးဘာသာစုံ၊ ဗမာ၊ အစ္စလာမ်၊ ခရစ် ဟိန္ဒူလည်းရှိမယ်။ အကုန်လက်ခံတယ်။ ထမင်းတစ်နပ်ကျွေးမယ်၊ အဖြူအစိမ်းဆင်မယ်၊ ပြီးရင်စ စာရေးကိရိယာ အစုံ Free ဝယ်ပေးထားမယ်။


ဘယ်နှစ်တန်းကနေ၊ ဘယ်နှစ်တန်းအထိ ထားပေးတာလဲ။
သူငယ်တန်းကနေ (၄)တန်း အထိပါ။ ကျောင်းသား အားလုံး (၃ဝဝ)ကျော်ဆံ့လား။ (၃ဝဝ)ကျော်ဆံ့တယ် အခုဆရာမ ငှားပေးထားတယ်၊ အဲဒီဘုန်းကြီးကျောင်းမှာ ရှိတဲ့ တချို့ဘုန်းကြီး ဘွဲ့ရဘုန်းကြီးတွေ ရှိတယ်။ တချို့ဘုန်းကြီးကျောင်းသားတွေကလည်း မြန်မာစာနဲ့ ဘာတို့နဲ့ ဘွဲ့ရထ ကျောင်းဆရာတွေကလည်း ရှိတယ်။ ပညာဒါနတွေ လုပ်ပေးနေတယ်။

ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲ မှတ်တမ်း အပိုင်း (၁)

ဟံသာဝတီ သတင်းဋ္ဌာန မှဖော်ပြပေးထားပါသည်.။


06 May 2010

မြန်မာနိုင်ငံမှာ မတရားမှုတွေကို လုပ်တိုင်းဖြစ်နေကြသော နအဖစစ်အစိုးရရဲ့ ထင်တိုင်းကျဲနေသော ဥပဒေများ



ကိုယ်စီးတဲ့ မြင်း အထီးမှန်း မသိ အမမှန်း မသိဆိုတဲ့ စကားအတိုင်း ရှေ့ က ကွန်ပျူတာ မော်နီတာ ဖန်သားမျက်နှာပြင်မှာ ပေါ်လာတဲ့ ညွှန်ကြားချက်အတိုင်း ပြောနေရတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သိန်းစိုးက နအဖ၀န်ကြီးချုပ် သိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီ (ကြံ့ ဖွတ်) ကို ပါတီထောင်ခွင့် ပေးလိုက်ပါပြီတဲ့။


ပါတီစုံဒီမိုကရေစီစနစ်ကို မယုံကြည် လက်မခံခဲ့လို့  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို ဗြောင်ကျကျ လစ်လျူရှူပြီး ပြည်သူအများစုက ရွေးချယ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ၁၉၉၀ ခုနှစ်ကတည်းကနေ အာဏာမလွှဲပေးဘဲနေနေတဲ့ နအဖအာဏာရူးအဖွဲ့ ရဲ့  လက်ရှိ ၀န်ကြီးချူပ် သိန်းစိန်က ဦးဆောင်လိုက်တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီ (ကြံ့ ဖွတ်) ကို ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံတဲ့ပါတီလို့  လုံးဝ သတ်မှတ်လို့  မရဖူးဆိုတာ သိသာပါတယ်။ ဒါကို သိန်းစိုးက နိုင်ငံရေးပါတီမှတ်ပုံတင်တာ ပါတီတည်ထောင်ခွင့်ပေးလိုက်တာဟာ နအဖရဲ့ ဟန်ပြ ရွေးကောက်ပွဲကော်မရှင်မှန်းသိအောင် ဖင်လှန်ပြလိုတာဘဲ ဖြစ်ပါတယ်။ သိန်းစိုးပြောတာ ကြံ့ ဖွတ်ပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနဲ့  ညီညွတ်လို့ ပါတဲ့ဗျာ။



စစ်တပ်ရာထူးတွေကနေ နှုတ်ထွက်ပြလိုက်ပြီး အရပ်ဝတ်လဲဟန်ပြလိုက်တဲ့ သိန်းစိန်နဲ့  ဗိုလ်ချူပ်တစ်စုဟာ လက်ရှိမှာ ၀န်ကြီးချုပ်ရာထူး ၀န်ကြီးရာထူးတွေနဲ့  ရှိနေတာမို့  နိုင်ငံ့ဝန်ထမ်းရာထူးနေရာတွေကို (မတရားသဖြင့်) ရယူနေဆဲ ဖြစ်တာကြောင့် နအဖတွကိုယ်တိုင်ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အမှတ် (၄) အပိုဒ်ခွဲ (ဃ) ပါ အချက်ဖြစ်တဲ့ (ပါတီတည်ထောင်လိုသူများသည်) နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း (ဆိုတဲ့ အချက်နဲ့  ကိုက်ညီရမည်) - ဆိုတဲ့ အချက်နဲ့  လုံးဝကြီး ညှိနေပါတယ်။ ဒါကြောင့် ယူနီဖောင်းချွတ် သိန်းစိန်နဲ့  ဒီ ၀န်ကြီးတွေဟာ နိုင်ငံရေးပါတီထောင်ခွင့် လုံးဝ မရှိဖူး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနဲ့  မညီညွတ်ဖူးဆိုတာ သိန်းစိုး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က သိသိကြီးနဲ့  ခွင့်ပြုလိုက်တာဟာ ဥပဒေတွေ နည်းဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်ပြလိုက်တာ ဖြစ်ပါတယ်။ နအဖသိန်းစိန်နဲ့  ၀န်ကြီးတစ်သိုက်ဟာလည်း ဥပဒေတွေ နည်းဥပဒေတွေကို လက်တစ်လုံးခြား လှည့်တာတောင် မဟုတ်တော့ဘဲ လုံးဝလိုက်နာမှုမရှိဘဲ ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်ပြလိုက်တာဘဲ ဖြစ်ပါတယ်။

ဒီအတွက် နအဖလက်ပါးစေအဖွဲ့ ဖြစ်တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီ (ကြံ့ ဖွတ်) ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံတဲ့ပါတီမဟတ်သလို သိန်းစိန်နဲ့  ၀န်ကြီးတစ်သိုက်ဟာလည်း နိုင်ငံ့ဝန်ထမ်းရာထူးနေရာတွေကို (မတရားသဖြင့်) ရယူထားနေဆဲဖြစ်တာကြောင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့  လုံးဝအသိအမှတ် မပြုနိုင်ပါဖူး။




နအဖလက်ပါးစေ သိန်းစိုးခေါင်းဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ သူတို့ ရဲ့  အာဏာရူးလက်ပါးစေပါတီတစ်ခုဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုကြတော့ ကန့် ကွက်နိုင်ကြောင်း အများသိစေရန် သတင်းစာတွေထဲမှာ ကြေညာခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယခု နအဖ၀န်ကြီးချူပ် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီ (ကြံ့ ဖွတ်) ကိုလည်း ကန့် ကွက်နိုင်ကြောင်း အများသိစေရန် သတင်းစာတွေထဲကနေ မီဒီယာတွေကနေ ကြေညာပေးရဲ မပေးရဲကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။



သိန်းစိုးနဲ့  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်တွေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ နည်းဥပဒေတွေကို ကိုယ်တိုင်ကိုယ်ကျ ချိုးဖောက်နေပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နည်းဥပဒေတွေကို ဖောက်ဖျက်ပြီး သခင်အာဏာရူးတွေကို ပါတီထောင်ခွင့်ပေးနေပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေ နည်းဥပဒေတွေကို အချက်အလက်တွေ ရှေ့ တစ်မျိုး နောက်တစ်မျိုး ညီညွတ်မှု မရှိဘဲ လွဲချော်စွာနဲ့  အကွက်ဆင် ထုတ်ပြန်တဲ့ အာဏာတင်ရူးရုံမက စိတ်ပါမမှန်တဲ့ အာဏာရူးကြီး သန်းရွှေကိုယ်တိုင်လည်း ကိုယ်ထုတ်တဲ့ ဥပဒေ ရှေ့ ကဖုံး နောက်ကပေါ်၊ အမြှီးအမောက်မတည့် အပြောကတော့ ချိုမိုင်မိုင် လုပ်တော့ သောက်တစ်လွဲဖြစ်နေတာ အဲ့ဒီဥပဒေတွေ ပြန်ဖတ်ကြည့်ပါဦးလို့  ပြောလိုက်ရပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

အမေရိကန်နိုင်ငံသား ခရီးသည် Mr Garrett Kostin ရဲ့  ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာများ။

မြန်မာနိုင်ငံကနေ ဗီဇာသက်တမ်းမပြည့်သေးဘဲ နအဖရဲ့  အတင်းအဓမ္မ နှင်ထုတ်ခြင်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ခရီးသည် Mr Garrett Kostin ရဲ့  ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာတွေကို သူလှည့်ပတ်ခဲ့တဲ့ နေရာများဖြစ်တဲ့ ဖားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင် အစရှိတဲ့နေရာတွေမှာ အောက်ပါအတိုင်း တွေ့ မြင်ရပါတယ်။ မန္တလေးလေဆိပ်တွင်းမှာလည်း ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာတွေ ကပ်ခဲ့ကြောင်း သိရှိရပါတယ်။




မြန်မာပြည် ငြိမ်းချမ်းသာယာရေး၊ ပြည်သူပြည်သားများ အေးချမ်းသာယာရေးတို့ ကို ရည်စူးပြီး ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာ ကပ်ခဲ့တဲ့ Mr Garrett Kostin ရဲ့  ဆောင်ရွက်မှုကိုတော့ လေးစားမှတ်တမ်းတင်အပ်ပါတယ်။

မြန်မာပြည်မှာ ငြိမ်းချမ်းရေးချိုးငှက် အမှတ်တံဆိပ် စတစ်ကာ ကပ်တာ (ငြိမ်းချမ်းရေးချိုးငှက်) မတွေ့ ရဲ မမြင်ရဲတဲ့ နအဖအာဏာရူးတွေကတော့ ခွေးတံဆိပ် ဖွတ်တံဆိပ်တွေ ကပ်ရင်တော့ အားရ၀မ်းသာ ဖြစ်ကြမယ် ထင်ပါတယ်။

ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.

နအဖ လက်ကိုင်တုတ်တွေကတော့ မရိုးနိုင်သော စကားလုံးတွေနဲ့ နအဖပိုင် ယနေ့ထုတ်ကြေးမုံသတင်းညာတွင်အတိုက်အခံတွေကို မဟုတ်မဟပ်လုပ်ဇတ်ခင်းပြီပြောဆိုနေပြန်ပေါ့....

(ကလှစ်နှိပ်ပြီဖတ်နိုင်ပါသည်)








အမေများနေ့သို့ ......(Happy Mother's Day)



အမေများနေ့တွင် မိခင် အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ..

photo...ကရင်လေးဒေါနမြေ

ယနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးတွင်အကျဉ်းကျနိုင်ငံရေးသမားများ၏သားသမီးများအားပညာသင်စရိတ်နဝမအကြိမ်မြောက်ထောက်ပံ့မှုပြုလုပ်သည့်ဓာတ်ပုံသတင်း

object width="594" height="402">


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့(အကြို)အဖြစ်န၀မအကြိမ်မြောက်မြန်မာနိုင်ငံ၏အကျဉ်းထောင်ထဲတွင်
စစ်အာဏာပိုင်များကမတရားအကျဉ်းချခံထားရသောနိုင်ငံရေးသမားများ၏ သား/သမီးများအား
ပညာရေးထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြပါသည်။


ဓာတ်ပုံ။ ။ AP

ပြီးခဲ့တဲ့ဧပြီလ(၂၉)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားစွဲဆိုခဲ့တဲ့ အမှု၂မှုကို ယနေ့တရားရုံးချုပ်မှ လက်မခံပဲ ပယ်ချ...

ပြီးခဲတဲ့ဧပြီလ ၂၉ရက်နေ့က ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ နဲ့၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့ တရားစွဲဆိုခဲ့တဲ့ အမှု၂မှုကို ယနေ့တရားရုံးချုပ်မှ လက်မခံပဲ ပယ်ချလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ဒီနေ့ညနေ ၄နာရီလောက်က ဗဟိုတရားရုံးချုပ်က ညွန်ကြားရေးမှုးက ဖုန်းဆက်ခေါ်လို့ သွားတွေ့ပါတယ်။ ပြီးခဲတဲ့ဧပြီလ ၂၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးတင်ခဲ့တဲ့ အမှု ၂မှုကို လက်မခံဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ဘာကြောင့်လို့လဲ ဆိုတော့ ဒါတွေဟာ ဥပဒေကြောင်းအရ ပယ်ဖျက်ပြီးလို့ လက်မခံနိုင်ဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ရပ်တည်မှုနဲ ပတ်သတ်ပြီးတော့ ပြည်သူ့ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၁(ခ)အရ အဲ့ဒီရလာဒ်တွေကို ပယ်ဖျက်ပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေပုဒ်မ (၂၅)အရ သတ်မှတ်ရက် ရက်ပေါင်း(၆၀)အတွင်း ထပ်မံမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် အဲဒါတွေကို ညွှန်ပြပြီးတော့ ကန့်ကွက်တာပါ။ သူတို့ ဖုန်းဆက်ခေါ်လို့ အန်ကယ်တို့ သွားတွေ့တာပါဟု ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တွေက အမှု၂ခုကို လက်မှတ်ထိုးပြီး တင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင် ပြန်လည်မတင်ရန် အများသဘောတူ ဆုံးဖြတ်ချက်ချထားပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေအရ မနက်ဖြန်မှာ ရက်ပေါင်း ၆၀ပြည့်ပါမယ်။

သတင်း... ဒီမိုဝေယံ..

05 May 2010

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဖျာပုံတပ်ရင်း (၉၈)မှ ဗိုလ်ကြီးကျော်မျိုးခိုင်၏ ကျေးရွာသူ၊ ရွာသားတွေ အပေါ်အနိုင်ကျင့် ဗိုလ်ကျမှုများ...

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဒီလိုကာကွယ်ပေးနေတာပါ

ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာတွင် စစ်သားစုဆောင်းရေးကို အကြောင်းပြု၍ ဖျာပုံတပ်ရင်း(၉၈)က ဗိုလ်ကြီးကျော်မျိုးခိုင်မှ ကျေးရွာသူရွာသားများအား ရိုင်းစိုင်းသော စကားများသုံးခြင်း၊ ဒဏ်ပေးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်းမှ သတင်းပေးပို့လာပါတယ်။

" ကိုဒီမိုရေ ပြီးခဲတဲ့ ၃ရက်လောက်က ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာမှာစစ်သား စုဆောင်းရေး အတွက်ဆိုပြီး ဖျာပုံတပ်ရင်း(၉၈)က ဗိုလ်ကြီးကျော်မျိုးခိုင်နဲ့... တပ်ကြပ်တစ်ယောက်၊ တပ်သားတစ်ယောက်တို့ဟာ ပိုးအိမ်တန်း၊ ကျုံခရိုင်၊ ဝဲကြီး၊ နောင်တော်ကြီး၊ ဂဇောင်း၊ ရဲစု၊ ပတုတ်၊ ငါးမိုင်၊ တမာန်၊ ပုလဲ၊ မမိုးကျေးရွာ ၁၁ရွာမှာ ရယကရုံးကို ရွာသူ၊ရွာသားတွေ ကိုခေါ်ပြီး စစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် စစ်သား စုဆောင်းရေးလုပ်နေပါတယ်။ မဖြစ်မနေ ဝင်ကြရမယ်။ အနည်းဆုံး တစ်ရွာကို ၅ယောက်နှုန်းနဲ့ ဝင်ရမယ်၊ မဝင်ဘူးဆိုရင် ရွာသူကြီးမှာ တာဝန်ရှိတယ်ဆိုပြီး အတင်းအကြပ် စုဆောင်းခိုင်းပါတယ်။
ရွာပေါင်း ၁၁ရွာက ရွာသူ ရွာသားတွေကလည်း ဘယ်သူမှ ဝင်ချင်တဲ့သူမရှိကြဘူး။ အဲ့လိုဝင်မယ်တဲ့ မရှိတဲ့ အခါကျတော့ အဲ့ဒီဗိုလ်ကြီးကျော်မျိုးခိုင်က ဒေါသတွေ ဖြစ်ပြီးရွာမှာ ရှိတဲ့ကလေးလူကြီး အားလုံးကို ရယကရုံးခေါ်ပြီး သူက ရယကရုံးနေရိပ်ထဲမှာ ရွာသူရွာသားတွေက နေပူ ကွင်းပြင်ထဲမှာ ငုတ်တုတ်နေရပြီး မိန့်ခွန်းတွေ ခြွေတယ်။ ဒဏ်ပေးထားတာပေါ့။ မနက်(၈)နာရီထဲကနေပြီး ခေါ်လိုက်တာ နေ့လည်(၃)နာရီထိပဲ။ ရွာသူရွာသားတွေ အလုပ်ပျက် အကိုင်ပျက်ပေါ့။ ရိုးသားတဲ့ ရွာသားတွေကို ပြောတဲ့စကားက ပခုံးကအပွင့်ကိုမှ အားမနာ အင်မတန်ရိုင်းစိုင်း တဲ့အသုံးနူန်းတွေသုံးတယ်။ မင်းတို့တွေ ယောင်္ကျားတွေ မဟုတ်ဘူး မိန်းမတွေပဲ ဖြစ်သင့်တယ် ဆိုပြီး ပြောပါတယ်။ ကြီးသူ ငယ်သူမရှောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပါတယ်။

မနေ့က နောက်ဆုံးထပ်သိရတာက အဲ့ဒီရွာ(၁၁)ရွာက တစ်ရွာကို ၅သောင်းနှုန်းနဲ့ ပေးရမယ်ဆိုပြီး ရွာသူကြီးတွေကို ပြောသွားပါတယ်တဲ့။ ရွာသားတွေရှေ့မှာ မပြောပဲရွာသူကြီးတွေကို ပြောသွားတာပါ။ ရွာသူကြီးတွေလည်း ဘာတတ်နိုင်မှာတုန်း ရွာသူရွာသားတွေကိုပဲ တတ်နိုင်သလောက် စုဆောင်းပေးဖို့ ပြောရတာပဲပေါ့။ နောက်ဆုံးမပေးနိုင်ရင် ကျေးရွာဥက္ကဋ္ဌတို့ ရွာသူကြီးတွေ ဆီက ကြက်ဝက်တွေ အတင်းယူတော့မှာလေ။ အဲ့ဒီတော့ ရိုးသားတဲ့ ရွာသူရွာသားတွေမှာ အလုပ်အကိုင်လည်းပျက်၊ နေပူထဲမှာ ငုတ်တုတ်ဒဏ်ပေးခံရ ဆူပူကြိမ်းမောင်းတာလဲ ခံရ၊ နောက်ဆုံး ရွာသူရွာသားတွေ ရှိစုမယ့်စု ငွေလေးနဲ့ ဆိုက်ပေးရတော့မှာပါ။ ဒါကတော့ ဦးဇင်းသိတဲ့ ရွာ(၁၁)ရွာပါပဲ။ ကျန်တဲ့ ရွာတွေမှာလည်း ဒီလိုပဲစစ်သားစုဆောင်းရေး ဆိုပြီးလုပ်အတင်းအကြပ် လုပ်နေတယ်ကြားပါတယ်။ ဒကာတို့ သတင်းမီဒီယာ တွေကနေပြီး ဒီမတရားမှုကို ဆက်လက်ဖြန့်ဝေ ပေးစေလိုပါတယ်။
ဆက်သွယ် ပေးပို့လာသူ အရှင်ဓမ္မရာဇာ အားကျေးဇူးတင်ပါသည်။

မာဖီးယား ဂိုဏ်းချုပ်ကြီး
တိုင်းပြည်မှာ ဒီလိုမတရားမှုတွေက နေရာတိုင်းမှာပါ... အပွင့်ကြီးတဲ့လူက ကြီးတဲ့အလျှောက်။ သေးတဲ့လူကလည်း သေးတဲ့အလျှောက် လက်နက်ရှိတယ် အာဏာရှိတယ်ဆိုပြီး ဗိုလ်ကျစိုးမိုးနေတာတွေပါ။ အကြီးစားလက်နက်ကိုင် နအဖမာဖီယားဂိုဏ်းကြီး တိုင်းပြည်မှာ ထင်တိုင်းကြဲနေကြတာ... တွေပါ....။ အဖိနှိပ်ခံ ပြည်သူလူထုတွေကတော့ ခံပြီးရင်ခံနေရတာပါပဲ။ ဘယ်ခေတ်ဘယ်အခါကနဲ့မတူ သူခိုး၊ဒါးမြထက် ဆိုးတဲ့ရန်သူ ကတော့ နအဖစစ်အာဏာရှင်တွေပါပဲ....

သတင်း... ဒီမိုဝေယံ

မြန်မာပြည်က ပြည်သူ အသံကာတွန်း


ရခိုင်ပြည်နယ် မြောက်ပိုင်းဘူးသီးတောင်မြို့နယ်မှ တောင်ပေါ်တိုင်းရင်းသားများကိုပေါ်တာများအဖြစ် အခြေစိုက်နအဖစစ်တပ်မှခေါ်ယူခိုင်းစေခြင်း

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။



“စစ်တပ်တွေက ရွာတွေကို အဖွဲ့လိုက် အထမ်းသမားတွေ အတင်း တောင်းပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားဈေးက ရိက္ခာတွေကို ဒိုးတန်း တောင်ကို ဖြတ်ပြီး ၀ါးနက်ရုံစခန်းနဲ့ နဟုံးနဟန်း ရှေ့တန်း စခန်းတွေကို ပို့ပေးရပါတယ်။ ခရီးက အသွားအပြန်က ၂ ရက် ကြာပါတယ်။ တခါတခါ ပိုက်ဆံ တကျပ်မှ မရပါ။ တခါတခါ တလေကျတော့လည်း စစ်ဗိုလ်တွေက တယောက်ကို ၁၀၀ ကျပ် အဲသလိုမျိုးပေးတာ ရှိပါတယ်။ တနေ့လုပ်အားခ ကျပ် ၁၀၀၀ ရှိတဲ့ နေရာမှာ ကျပ် ၁၀၀ ရလို့ကတော့ ဘာမှ ထူးတာ မဟုတ်ပါဘူး။”



ဝါးနက်ရုံ စခန်းနှင့် နဟုံးနဟန်း ရှေ့တန်း စခန်းများ နအဖ စစ်တပ်၏ အမာခံ ခြေကုတ် ရှေ့တန်း စခန်းများ ဖြစ်ပြီး ဘူးသီတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေသော စခန်းများ ဖြစ်ကြသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် အဓိက နေထိုင်သော ရခိုင်မျိုးနွယ်စုများမှာ ဒိုင်းနက်နှင့် မြို လူမျိုးများ ဖြစ်ကြပြီး သူတို့ကို စစ်တပ် အတွက် ရိက္ခာများ သယ်ယူရာတွင် အမြဲ ခိုင်းစေနေကြောင်း သူက ပြောသည်။



“အခုက မိုးရာသီ လာတော့မယ်ဆိုတော့ စစ်တပ်က ရိက္ခာတွေကို အလုံအရင်းနဲ့ ရှေ့တန်းစခန်း တွေကို တင်ပို့နေပါတယ်။ မိုးရာသီဆိုရင် စိုင်းတင် ချောင်းက ရေစီးသန်တဲ့ အတွက် အဲဒီ ချောင်းကို ဖြတ်ပီး ရှေ့တန်း စခန်းတွေကို ရိက္ခာတွေ တင်ပို့လို့ မရဘူး။ ဒါကြောင့် စစ်တပ်က ကျေးရွာတွေ အလိုက် လူတွေကို ဆင့်ခေါ်ပီး ရိက္ခာတွေကို အခု ရှေ့တန်း စခန်းတွေကို ပို့ပေးနေတာ ဖြစ်ပါတယ်။”



ယခု စစ်တပ်မှ ရိက္ခာသယ်ရန် ပေါ်တာ အထမ်းသမားများ ခေါ်ယူ ခံနေကြရသော ကျေးရွာများမှာ ပန်းကုံးမ၊ ချောင်းရှည်၊ ပေါက်ကျပ်ဝ၊ စအုန်းခါး၊ ဘိုလီဖြူ၊ ပဲသတူ၊ ဂုတ်ပ်ီနှင့် သရဂူကျေးရွာများ ဖြစ်ကြသည်ဟု သူက ပြောသည်။



“ယခု လက်ရှိ ၀ါးနက်ရုံစခန်းမှာ စခန်းထိုင်နေတာကတော့ ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်း ဖြစ်ပါတယ်။ များမကြာမီ ရက်ပိုင်းအတွင်း ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ တပ်ရင်း အလဲအလှယ် လုပ်ရင်လည်း ကျွန်တော်တို့ ဒေသခံတွေကို ပိုက်ဆံ တပြားမှ မပေးဘဲ အထုတ်အပိုးတွေကို သယ်ခိုင်းပါတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း သယ်ခိုင်းပါတယ်” ဟု သူက ဆက်ပြောသည်။



ယခုကဲသို့ ကျေးရွာသားများကို စစ်တပ်မှ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြုနေသဖြင့် ဒိုင်းနက်နှင့် မြိုလူမျိုး အများစုမှာ မိုးရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း တောင်ယာ လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

သတင်းရင်းမြစ်.....(နိရဉ္စရာ)

မလေးရှား UNHCR ဘာလဲ ဘယ်လဲ????

Photobucket“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။

ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသား လူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ “ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ” ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။
ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိ တစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့် မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသား အချင်းချင်း ခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများ ဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက် လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထား သေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ် လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီ ဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများ အပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံးအတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀

ပေးပို့ပေးလာသူအား ကျေးဇူးတင်ပါသည်။

မြန်မာပြည်က (မထသ)လိုင်းကားတွေရဲ့ယာဉ်နောက်လိုက်(စပယ်ယာ)များကို ယာဉ်စီးခ ပိုငွေပြန်မအမ်းပါကယာဉ်နောက်လိုက်များ ကားလိုက်ခွင့် ရာသက်ပန်ပိတ်ပင်မည် ..

ခရီးသည်တင်ယာဉ်နောက်လိုက်များအနေဖြင့် ယာဉ်စီးခအပိုငွေ ပြန်မအမ်းပါက ကားလိုက်ခွင့် ရာသက်ပန်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ(ဗဟို)ရုံးချုပ်မှ သိရသည်။ ခရီးသည်နှင့် ခရီးသည်တင်ယာဉ်နောက်လိုက်များ မကြာခဏဖြစ်ပွားနေသော ကားခအကြွေမအမ်းခြင်းနှင့်ပတ်သက်၍ ယခင်နှစ်များကတည်းက သက်ဆိုင်ရာဘဏ် များတွင် အကြွေများလဲလှယ်ပေးပြီး ယာဉ်အလိုက် ငွေအကြွေများအား ခွဲတမ်းဖြင့်ချထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရီးသည်နှင့် (မထသ)ယာဉ် လိုင်း၏ ယာဉ်နောက်လိုက်စပယ်ယာများ အကြား အကြွေမရှိသဖြင့် အပိုပြန်အမ်း ငွေအမ်းခြင်းများကို မကြာခဏဖြစ်လေ့ရှိ ကြောင်း၊ အချို့သော စပယ်ယာများမှာ အကြွေရှိသော်လည်း အကြွေမရှိခြင်းကို အကြောင်းပြကာ ကိုယ်ကျိုးအတွက်မအမ်း သည့်အကြောင်းများရှိနေကြောင်း၊ ထို့ အတွက်ကြောင့် မထသမှ သက်ဆိုင်ရာ ဘဏ်များတွင် အပတ်စဉ်ပုံမှန်အကြွေများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် အကြွေ များကို ခွဲတန်းချထားပေးထားကြောင်း၊ ယင်းသို့ ပြန်အမ်းငွေရှိလျက်သားနှင့်မအမ်း လျှင် တွေ့ရှိပါက ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


''ဟိုးယခင်နှစ်တွေကတည်းက သူတို့ ယာဉ်လိုင်းတွေအတွက် အပတ်စဉ် ပုံမှန်အကြွေတွေကို သက်ဆိုင်ရာ ဘဏ် တွေမှာ ကျွန်တော်တို့ကလဲလှယ်ပြီး ယာဉ် လိုင်းအလိုက် အကြွေတွေကို ၅၀၊ ၁၀၀၊ ၂၀၀အထိခွဲတမ်းချပြီး လဲပေးထားပါတယ်။ အချို့စပယ်ယာတွေကျတော့ တကယ်မရှိ လို့ မအမ်းတာဖြစ်နိုင်ပါတယ်။ အချို့ စပယ်ယာတွေက ရှိရှိနဲ့ အကြွေရှားတာကို အကြောင်းပြပြီး မအမ်းကြဘူးဆိုတာလဲ ကျွန်တော်တို့သိပါတယ်။ အဲဒီအတွက် သူတို့ကို သတိပေးထားပါတယ်။ ကျွန်တော် တို့အနေနဲ့ ယာဉ်လိုင်းတွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စပယ်ယာတွေနဲ့တွေ့ဆုံ တဲ့အချိန်တွေမှာလဲ ပြောပြထားပါတယ်။ ကျွန်တော်တို့ လှည့်ကင်းတွေနဲ့ တွေ့လို့ ဒီလိုအဖြစ်အပျက်မျိုး ကြုံတွေ့ရင် ထိထိ ရောက်ရောက် အရေးယူသွားပါမယ်။ လို အပ်လျှင် ရာသက်ပန် ကားလိုက်ခွင့်ပိတ် မှာပါ''ဟု ရန်ကုန်တိုင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


လိုင်းကားစီး၍ လိုရာခရီးသွား နေရသော ခရီးသည်များအနေဖြင့် အကြွေ မရှိသောကြောင့် ထိုပြဿနာနှင့် နေ့စဉ် နီးပါး ရင်ဆိုင်နေရကြောင်း၊ အေ<ကများကို တတ်နိုင်သမျှ ဆောင်ထားကြောင်း၊ အပြော အဆိုကြမ်းတမ်းသော စပယ်ယာအချို့နှင့် တွေ့ပါက ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်ရကြောင်း၊ အေ<ကရှိလျက် ပြန်မအမ်း သော ပြဿနာများကို မကြာခဏရင်ဆိုင် နေရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။


''ကျွန်မက ယုဇနပလာဇာမှာ အလုပ်လုပ်ပါတယ်။ တာမွေကနေ ယုဇန ပလာဇာကို နေ့စဉ်လိုင်းကားစီးပြီးသွားရ တယ်။ အဲဒီလို လိုင်းကာစီးတဲ့အခါ မကြာ ခဏပြဿနာတက်လေ့ရှိတယ်။ ကားခက ကျပ် ၅၀ပါ၊ တစ်ခါတလေကျရင် ကိုယ့်မှာ ကျပ် ၅၀အကြွေရှိရင် ပေးလိုက်တာပဲ။ အကြွေမရှိတဲ့ နေ့ကတော့ ကျပ် ၁၀၀တန် တို့၊ ၂၀၀တန်တို့ ပေးမိတာပေါ့နော်။ အဲဒီ လိုကျရင် တချို့စပယ်ယာတွေက အကြွေ ပြန်အမ်းငွေတောင်းရင် စိတ်တိုကြတယ်။ အချို့စပယ်ယာတွေကျတော့လဲ ရှိရင် ပြန် အမ်းပါတယ်။ အချို့ကျတော့လဲ ရှိရှိကြီးနဲ့ မအမ်းဘူး။ တစ်ခါတလေ အတန်ကြီးပေး လိုက်ရင် အကြွေမရှိရင် မအမ်းဘူးနော် ဆိုပြီး ပြောသေးတယ်။ ကိုယ်က ကျပ် ၅၀၊ ၁၀၀ပြန်လိုချင်လို့ ပြောတာမဟုတ်ပါဘူး။


အချို့စပယ်ယာတွေက တော်တော်ရိုင်းလို့ ပါ''ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ယခင်နှစ်တွေကတည်းက ယခု အချိန်ထိ မထသ(ဗဟို)မှ အပတ်စဉ်ငွေ ကြေးများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် ခွဲတမ်းချပေးထားကြောင်း၊ ယာဉ်လိုင်းများ မှ ယာဉ်မောင်းနှင့် စပယ်ယာတို့အား တွေ့ ဆုံချိန်များတွင် ခရီးသည်တွေအတွက် အဓိကထားပြီး ၀န်ဆောင်မှုပေးရန်မှာထား ကြောင်း၊ မော်တော်ယာဉ်လိုင်းများ ပြေး ဆွဲနေသော လမ်းကြောင်းများ၌လည်း မထသ (လှည့်ကင်း)များချထားကြောင်း၊ ယာဉ် မောင်းများကိုလည်း ယာဉ်ကြောမပိတ်ဆို့ စေရန်နှင့် စည်းကမ်းတကျ မောင်းရန်၊ အန္တရာယ်ကင်းရှင်းရေးအတွက် မှာကြား ထားကြောင်း ယာဉ်မောင်းများကို စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးရေးများ လုပ်ပေးပြီး အောင် မှသာလျှင် ယာဉ်မောင်းခွင့်ပြုကြောင်း သိရ သည်။

သတင်း...YMG

ပြည်ပသွား မြန်မာခရီးသည် တစ်ဦးလျှင် ရွှေတစ်ကျပ်သားထက် ပိုသယ်ခွင့်မပြုတော့

ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် တစ်ဦး လျှင် တစ်ကျပ်သားထက်မပိုသည့် ရွှေထည် ပစ္စည်းကိုသာယူဆောင်ခွင့်ပြုပြီး ကျောက် ကွင်းထားသည့် မည်သည့်လက်ဝတ်ရတနာ ကိုမျှ ပြည်ပသို့ ယူဆောင်ခွင့်မပြုကြောင်း ပြည်ပမှပြန်ရောက်လာသည့် မြန်မာခရီးသည် တစ်ဦးထံမှ သိရသည်။


အဆိုပါညွှန်ကြားချက်ကို အကောက် ခွန်ဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာ ခြင်း မရှိသူများအား နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၉၂)ဖြင့် လည်းကောင်း၊ကျောက်မျက် ရတနာဥပဒေပုဒ်မ (၃၉)အရလည်းကောင်း အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။


''ထိုင်းက အမျိုးတွေဆီသွားတော့ နီလာဝမ်းဆက်တစ်စုံ၊ စိန်လော့ကက်သီး နှစ်ခု စုစုပေါင်းတစ်ကျပ်ခွဲသားရှိတဲ့ ဆွဲကြိုး နဲ့ ဟန်းချိန်းကို အိတ်ထဲထည့်ပြီး သွားတာ လေဆိပ်ရောက်တော့ လုပ်စရာရှိတာတွေ လုပ်နေတုန်း ခဏနေတော့ အကောက်ခွန် မှ တာဝန်ရှိသူတွေက ပြည်ပသွားမယ့်သူ တွေ ရွှေတစ်ကျပ်သားထက်ယူခွင့်မရှိဘူး။ ကျောက်ပါတဲ့လက်ဝတ်ရတနာတွေကိုလဲ ယူခွင့်မရှိဘူးဆိုတာနဲ့ လေဆိပ်လိုက်ပို့တဲ့ မိဘတွေဆီမှာပဲ အပ်ထားခဲ့ရတယ်''ဟု ပြည်ပ သို့ ထွက်ခွာခဲ့သည့်ခရီးသည်တစ်ဦးက ပြော သည်။


မြန်မာနိုင်ငံမှ အကြောင်းအမျိုး မျိုးဖြင့် ပြည်ပသို့ ထွက်ခွာသည့် မြန်မာ နိုင်ငံသားခရီးသည်အချို့သည် ကျောက် မျက်ရတနာ၊ လက်ဝတ်ရတနာများအား ပြည်ပသို့ထုတ်ယူသယ်ဆောင်သွားကြသဖြင့် လေဆိပ်မှတာဝန်ရှိသူများအနေဖြင့် အထူး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း အကောက် ခွန်ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။


''ဒီကြေညာချက်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက် ခွာရဲ့ အချက်အချာကျတဲ့နေရာမှာ အများ ပြည်သူမြင်သာအောင် ကြေညာထားပါ တယ်။ ဒီနှစ်အစောပိုင်းက ထုတ်ပြန်ကြေ ညာခဲ့တာပါ။ ပြည်ပထွက်ခွာတဲ့ မြန်မာ နိုင်ငံသားတိုင်း တစ်ဦးကို သတ်မှတ်ထား တဲ့ ရွှေတစ်ကျပ်သားထက်ယူခွင့်မရှိဘူး။ ဘယ်ကျောက်မျိုးကိုမဆို ပြည်ပကို ယူဆောင် ခွင့်မပြုပါဘူး''ဟု ယင်းက ထပ်မံပြော သည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်ပထွက်ခွာနေရာတွင် နိုင်ငံ ခြားသားများပစ္စည်းယူဆောင်ခွင့်နှင့် ပတ် သက်သည့် ကြေညာချက်များကိုလည်း ကြေညာထားကြောင်း သိရသည်။


သတင်းYMG

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် အဖွဲ့ချုပ်ပါတီဝင်များဆွမ်းဆန်စိမ်း ကောင်းမှုကုသိုလ်ပြုလုပ်










ဓာတ်ပုံ..AP

04 May 2010

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုစာစောင်..

09NDFBulletin2010

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ ...

Global Day of aCtion 27 May_burmese Translation
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှ မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

နာဂစ်(၂)နှစ်ပြည့် အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဆွမ်းကပ်အမျှဝေပွဲကျင်းပပြုလုပ်

နာဂစ်စ် လေမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဘိုကလေးမြို့တွင် ပုဂ္ဂလိက အလှူရှင်များကို စောင့်မျှော်နေကြသော လေဘေးဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတဲ့ အခမ်းအနားတရပ်ကို အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်၊၊

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ကမကထပြုပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ကုသိုလ်ကောင်းမှု ပြုခဲ့တဲ့အကြောင်း နာဂစ်ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပြပါတယ်၊၊ အခမ်းအနားမှာ နာဂစ် ကူညီရေးကော်မတီရဲ့ မုန်တိုင်းသင့်ဒေသတွေမှာ အကူအညီပေး လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံတွေ ပြသထားတယ်လို့ ဆိုပါတယ်၊၊

ဒီကနေ့မှာပဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတဲ့ ရုံးခန်းမှာ သံဃာတော် ၅ ပါးနဲ့ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခဲ့တယ်လို့ အဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်၊၊

“ဒီဇင်ဘာလ ခရစ္စမတ်နေ့က စပြီးလုပ်တာပေါ့။ ပြီးသွားတော့ ဒီအခန်းလေးကို ဒေါ်စု ရုံးပြန်တက်ရင် ထိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ကျမတို့ကတော့ ဆုံးဖြတ်ထားပြီးသားပဲ။ ဒေါ်စုအတွက် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဒီအခန်းကို သော့ပိတ်ပြီးတော့ ထားခဲ့မယ်၊ အထဲမှာ ဒေါ်စုအတွက် ရည်ရွယ်ထားတဲ့ ပစ္စည်းအားလုံးကိုလည်း ဘာမှမသယ်ဘဲ ဒီအတိုင်း ထားခဲ့မှာဖြစ်ပါတယ်။ ဖွင့်ပွဲတော့မဟုတ်ပေမယ့် လူကတော့ မရှိသေးဘူးပေါ့နော်၊ ဒါမျိုး ရည်ရွယ်ပြီးတော့ပေါ့။ အစတုန်းကတော့ ဒေါ်စုရဲ့ မွေးနေ့မှာမှ လုပ်ဖို့၊ မွေးနေ့မှာကျတော့ အဲန်အယ်လ်ဒီအနေနဲ့ တရားဝင်ရပ်တည်မှု မရှိတော့တဲ့အခါ ဒီနေ့ တခါတည်း ကြိုတင်ပြီးတော့ လုပ်လိုက်တာပါ”

ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ အမျိုးသမီးအဖွဲ့ဝင်တွေက စီစဉ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်၊၊

အလားတူပဲ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကွယ်လွန်သွားခဲ့သူတွေအတွက် ရည်စူးပြီး ဆွမ်း ဆက်ကပ်လှူဒါန်းပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဝပ်ဆိုင်းမွန်လို့ အမည်ရတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

မုန်တိုင်း တိုက်ခိုက်ခံရပြီး ၂ နှစ်ပြည့်ခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်း ဒေသတချို့မှာ အိုးအိမ် အတည်တကျ မရှိသေးသူတွေ အများအပြား ကျန်နေသေးပြီး သောက်သုံးရေ အခက်အခဲတွေလည်း ရှိနေသလို ကျန်းမာရေးလိုအပ်ချက်တွေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။


ဒီလိုဖြစ်နေရတာဟာ မုန်တိုင်းသင့် ပြည်သူတွေဆီ ပြည်တွင်းပြည်ပက ထောက်ပံ့တဲ့အကူအညီတွေ အပြည့်အ၀ မရောက်ရှိလို့ ဖြစ်ပြီး လက်ရှိစစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ရာမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ နန်းယဉ်စမ်က ပြောပါတယ်။

“နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဒီ အသက် ဆက်ရှိနေတဲ့လူတွေ၊ ဒုက္ခရောက်နေတဲ့ လူတွေကို ချက်ချင်းအကူအညီ ပေးဖို့က အဓိကကတော့ အစိုးရက တာဝန်ယူရမှာပေါ့၊ ဒါပေမယ့် တကယ့်တကယ် ပြန်ကြည့်မယ်ဆိုရင် အစိုးရက ဘာမှ အကူအညီပေးတဲ့ လုပ်ငန်းတွေ လုပ်မနေဘူး။ လုပ်တဲ့လူတွေကိုတောင်မှ လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘူး။ ပြည်ပကနေပြီးတော့မှ ပေးသွားတဲ့ အကူအညီ ငွေတွေဆိုလည်း အစိုးရကနေတဆင့် ဖြတ်နေတော့ အကူအညီ ငွေတွေဆိုတာ တကယ် ဒုက္ခရောက်နေတဲ့ လူတွေဆီကို မရောက်လို့ ဒီပြဿနာတွေက အခုထိ ဖြစ်နေဆဲ ဖြစ်တယ်”


နာဂစ်မုန်တိုင်း နှစ်ပတ်လည်အလှူပွဲကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်တဲ့ Friends of Burma အဖွဲ့က ဦးဆောင် စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။



ရင်းမြစ်..RFA