29 August 2010

ထွက်ပေါ်နေသောသတင်းများအားအာဏာပိုင်များဖြေရှင်းခြင်းမရှိတဲ့ နအဖခေါင်းဆောင်ကြီးသန်းရွှေကနေစစ်ရာထူးနှုတ်ထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ သူရမြင့်အောင်


ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်) ပြောခဲ့သလိုပါဘဲ။“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဆိုတဲ့စကား ဟာ သိပ်တန်းဘိုးရှိသလို ခုချိန်မှာ သိပ်ကိုမှန်ကန်ပါတယ်။ခုလည်း၂၀၁၀ နိုဝင်ဘာလ(၇)ရက်နေ့မှာပြုလုပ်မယ်မြန်မာပြည်သူများအပေါ်မတရားတဲ့ ရွေးကောက်ပွဲအတွက်အာဏာပိုင်တွေပြင်ဆင်မှုတွေစတင်အကောင်အထည်ဖော်ပြီးလုပ်ဆောင်နေပြီးဆိုတာ
ဧကန်မလွှဲ ပါ.။

ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတာကို ဦးထိပ်မထားဖူး၊ နိုင်ငံတော်၌ တရားမျှတခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရား ပိုမိုထွန်းကားလာစေရေးအတွက် ပြည်သူများ၏ ဘ၀လွတ်လပ်မှု လုံခြုံမှု အာမခံချက်ရရှိရေးတို့ အတွက် အစဉ်ရှေ့ ရှူ ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ ရည်မှန်းချက်တာဝန်ကို ဖောက်ဖျက်မယ်ဆိုရင် သူရမြင့်အောင်ဟာလည်း နအဖခေါင်းဆောင်ကြီး သန်းရွှေလိုဘဲ ဒီပုတ်ထဲက ဒီပဲဘဲ ဖြစ်မှာပါ။

ရဟန်းရှင်လူကျောင်းသားပြည်သူတွေကိုဆက်လက်ဖိနှိပ်ချူပ်ချယ်ပြီးညှင်းပန်းနှိပ်စက်သတ်ဖြတ်နေဦးမယ်ဆို ရင်လည်း သူရမြင့်အောင်ဟာ နောက်ထပ်အာဏာရှင်လက်သစ်တစ်ယောက်အဖြစ်မှလွဲလို့  မြန်မာနိုင်ငံနဲ့  ပြည်သူတွေအတွက် ကောင်းကျိုးရှိမှာ မဟုတ်ပါဖူး။