30 May 2013

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း..

မောင်ပြည့်စုံ၏ ပြတ်ရှ၊ ဒဏ်ရာများ
 
 ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား
အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း


အားကစားနှင့် ကာယပညာကြီးကြပ်မှု
 ကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်
28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ
ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည်။

 ပွဲပြီးချိန်တွင် ကွင်းအပြင်မှ အော်ဟစ်အားပေးသည်ဆိုကာ မောင်ပြည့်စုံအား ခရမ်းမြို့နယ်
ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ
လက်သီးဖြင့်ထိုးခြင်း၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် မောင်ပြည့်စုံမှာ ခရမ်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ
ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည်။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း၊ လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး၊ မတရားသဖြင့်
နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည်။ အဆိုပါ လူမှုရေး ဆောင်ရွက်နေသည်ဟု အမည်ခံထားသည့် ကြက်ခြေနီဆိုသူများမှ ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ
ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် မိမိအများအကျိုးပြု ပြည်သူလူထုအတွက်ဟု ခံယူထားသော ပြည်သူ့ ကြက်ခြေနီဆိုသူများမှ ပြည်သူတဦးအား နိုင်ထက်စီနင်း လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်မှုအား ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင်၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ
ရမ်းကားသော ကြက်ခြေနီများအား စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
 
မရမ်းကားတဲ့ ခရမ်းသား

28 May 2013

ဦးသန့်နေအိမ်ပြတိုက်မကြာမီဖွင့်မည်

ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းဦးသန့်မိသားစု  နေထိုင်ခဲ့သော ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ ပန်းဝါလမ်း၊ အမှတ် (၃) အဆောက်အဦကို ဦးသန့်နေ အိမ်ပြတိုက်ဖွင့်လှစ်ရန် ရည်ရွယ် ၍ ဦးသန့်၏သမီးဖြစ်သူဒေါ်အေး   အေးသန့်ဦးဆောင်ပြင်ဆင်မွမ်းမံ လျက်ရှိရာ ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်   လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း က ဦးသန့်၏မြေးဖြစ်သူဦးသန့်မြင့်  ဦးအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဦးသန့်မိသားစု  နေထိုင်ခဲ့သော နေအိမ်ကို အများပြည်သူကြည့်ရှုလေ့လာ   အသုံးပြုနိုင်ရန် မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ၍ ပြတိုက်ပြုလုပ်ခွင့်  ကို လျှောက်ထားတင်ပြခဲ့ရာ နိုင်ငံ  တော်သမ္မတကခွင့်ပြုခဲ့ပြီး ၂၀၁၃ ဧပြီ (၆) ရက် ညနေပိုင်းတွင် ပြတိုက်အကြိုဖွင့်ပွဲအခမ်းအနား  ကျင်းပခဲ့ပြီးဖြစ်သည်။

“ဦးသန့်နေအိမ်ပြတိုက်ကို အလှူငွေတွေနဲ့ ပြုပြင်မွမ်းမံနေ တာဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့လည်း ပန်းဝါလမ်း ထိပ်ကနေဦးသန့်အိမ်ရောက်တဲ့ အထိ လျှပ်စစ်ဓာတ်မီးတိုင် (၁၅) တိုင်နဲ့ လျှပ်စစ်မီးရဖို့ကို လျှပ်စစ်  ၀န်ကြီးဌာနရန်ကုန်စရိတ်နဲ့သွယ် တန်းပေးပါတယ်။ အဲဒီကုန်ကျ စရိတ်က သိန်း (၁၅၀) နဲ့ (၂၀၀) ကြားကုန်တယ်လို့ကြားသိရပါ တယ်။  လျှပ်စစ်ဝန်ကြီးဌာအနေ နဲ့ အခုလိုဆောင်ရွက်ပေးတဲ့အတွက်   ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်   ရပါတယ်။ ကျွန်တော်တို့အနေနဲ့  သာမန်အတွင်းပိုင်းလျှပ်စစ်မီးဆက်  သွယ်တာပါဝါမီတာ၊ ရိုးရိုးမီတာ  တို့ကို သိန်း (၃၀) (၄၀) အကုန် ခံဆောင်ရွက်ရပါတယ်။ ရေသွယ်  တာလည်း ကိုယ့်စရိတ်နဲ့ ကိုယ် ဆောင်ရွက်ပါတယ်။ ကျန်တဲ့ပြင်  ဆင်မှုတွေကို ဒေါ်အေးအေးသန့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဦးသန့်နေအိမ်ပြတိုက်ကြီးတဲ့ အဖွဲ့ကလိုအပ်သည်များကို ဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိက ဘဏ်များနဲ့ ပုဂ္ဂလိကအလှူရှင်များ  က စေတနာထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြပါတယ်။ မှန်းထားတာကတော့ အကြီးစား  ပြင်ဆင်မှုတွေပြီးရင်တော့ ပွင့်လင်း  ရာသီမှာ အမြဲဖွင့်ဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကိုဘယ်ရက်တွေ မှာဖွင့်မယ်။ လာရောက်လေ့လာ နိုင်ဖို့နိုင်ငံခြားသား၊ နိုင်ငံသားများ  အတွက် သင့်တော်တဲ့ ၀င်ကြေး  နှုန်းထားများ သတ်မှတ်ပြီး ပြတိုက်  မှူး၊ လုံခြုံရေးဝန်ထမ်းများနဲ့ စနစ်   တကျဖွင့်မှာပါ။ နေအိမ်ရဲ့ အခန်း တိုင်းမှာ ဦးသန့်ဘ၀ဖြစ်စဉ်အား လုံးကို Awdio Visual များတပ်ဆင်  ပြီး အလိုအလျောက်ရှင်းလင်းပြ သလေ့လာနိုင်ဖို့စီစဉ်ထားမှာပါ”ဟု  ဦးသန့်နေအိမ်ပြတိုက်ကြီးကြပ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး  ဦးသိန်းရွှေကရှင်းပြခဲ့သည်။






ရင်းမြစ်... Hot News Weekly