ယခင်အစိုးရလက်ထက်၌
 တရုတ်ပိုင်ကုမ္ပဏီများမှ ချုပ်ဆိုထားခဲ့သော 
စာချုပ်များတွင်နိုင်ငံ၏ပုံရိပ်ဖြစ်သော ဧရာဝတီမြစ်စုံစီမံကိန်းအပါအဝင် 
အခြားစီမံကိန်းများအတွက် သပ်သပ်ရပ်ရပ်ဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သော 
နည်းလမ်းများကို ရှာဖွေ၍ ရှေ့ဆက်မတိုးသင့်တော့ကြောင်းနှင့် နိုင်ငံရှိ 
ပြည်သူများအား ထိခိုက်နိုင်သော မည်သည့်စီမံကိန်းကိုမဆို 
ကန့်ကွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ 
ကိုပြုံးချိုက အောက်တိုဘာလ ၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊
 တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော 
ဧရာဝတီကိုကယ်တင်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုပွဲ၌ ပြောကြားခဲ့ 
ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ယူနေသော 
လုပ်ငန်းရှင်များအား ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်ကြောင်းနှင့် ယခု 
အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း၌ 
မြစ်စုံစီမံကိန်းအား ပြုလုပ်ခြင်းမပြုရန် ရပ်ဆိုင်းထားသောလည်း ထာဝရရပ် 
ဆိုင်းသွားရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံမှာမရှိမဖြစ်တဲ့၊
 တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့၊ နိုင်ငံရဲ့ပုံရိပ်ကြီး 
ဧရာဝတီကိုဖျတ်စီးဖို့ မကြိုးစားပါနဲ့၊ အရင်အစိုးရလက်ထက်က အမဲစက်တွေကို 
ရအောင်ဟန့်တားမယ်၊ တရုတ်တွေလည်း အရင်အစိုးရလက်ထက်ကစာချုပ်တွေနဲ့ ပတ်သက်ပြီး
 သပ်သပ်ရပ်ရပ် နောက်ပြန်လှည့်မည့် နည်းလမ်းတွေကို ရှာထားဖို့လိုမယ်၊ 
နောက်စာချုပ်တွေချုပ်တဲ့အခါမှာလည်း နိုင်ငံမှာရှိတဲ့ 
ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်မယ့် ကိစ္စတွေပါဝင်လာ မယ့်အပြင် 
နိုင်ငံတကာစံနှုန်းတွေနဲ့ပါ ချုပ်ဆိုစေရမယ်” ဟု ကိုပြုံးချိုက ပြောသည်။
၈၈
 မျိုးဆက်ကျောင်းသာများအနေဖြင့် မြစ်စုံစီမံကိန်းအား နိုင်ငံတော်သမ္မတကြီးမှ
 ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် ၎င်း၏သမ္မတသက် တမ်းတစ်လျှောက်တွင် 
ဆိုင်းငံထားမည်ဟုကြေညာခဲ့သော်လည်း ထာဝရရပ်ဆိုင်းသွားစေရန်အတွက် 
တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုအား နားလည်စာ နာတက်သူများ၏ 
ပူးပေါင်းပါဝင်မှုကိုလိုလားကြောင်းနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် 
ဦးထွန်းလွင်က “ကျနော်အသက်ကြီးပြီ ကြောက်လည်း ကြောက်တက်ပါတယ်၊ ဒါပေမယ့် 
ဒီဧရာဝတီ မြစ်စုံစီမံကိန်းကို လုံးဝသဘောမတူဘူး”ဟု ငြင်းဆိုခဲ့ကြောင်း 
ညွှန်းဆိုခဲ့သည်။
“နိုင်ငံတကာမှာ
 မြန်မာလို့ပြောနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ 
ပြည်သူတွေရဲ့ပုံရိပ်ကိုမြှင့်ဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို 
မြင့်ချင်တယ်လို့ ပြောနေ ပြီး မြန်မာပြည်သူတွေမွဲနေရင်တော့ မကောင်းပါဘူး”ဟု
 မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် 
သဘောတူလက်မှတ် ထိုးခဲ့သော ယခင်အစိုးရအား ထပ်မံပြောဆိုပြီး“မြစ်ကြီးရှိနေမှ 
ကျနော်တို့ မိသားစုဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေအပြင် မှီခိုနေတဲ့ 
လူသန်းပေါင်းများစွာ ထမင်းစားရမှာပါ”ဟု ဆိုသည်။
တရုတ်နိုင်ငံ၏
 အကြီးဆုံးရေကာတာဆောက်လုပ်ရေးကုမ္ပဏီ CPI ၏ဥက္ကဌ လီချီဂျိုနှင့် 
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်တို့ သည် 
တရုတ်နိုင်ငံပီကင်းမြို့ရှိ ပြည်သူ့ခန်းမ တွင် 
မြစ်ဆုံရေကာတာဆောက်လုပ်ရန်အတွက် အတည်ပြုစာချွန်လွှာ 
လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် 
အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။
မြစ်ဆုံရေကာတာ
 စီမံကိန်းအား ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထက် ၂၅ မိုင်အကွာတွင် 
တည်ဆောက်မည်ဖြစ်ပြီး ရေကာတာအမျိုးအစားမှာ ကျောက်ကွန်ကရစ်၊ အမြင့်ပေ 
၅၀၀နှင့်အရှည် ၂၉၀ မီတာရှည်လျားကြောင်း၊ ၎င်းရေကာတာမှ လျှပ်စစ်မီဂါဝပ် 
(၆၀၀၀)အား ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါလျှပ်စစ်ဓက်အားများအား 
တရုတ်နိုင်ငံအား ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ 
သန်းပေါင်း(၅၀၀)ခန့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါမြစ်ဆုံစီမံကိန်းပြုလုပ်ပါက
 ရေလွှမ်းမိုးမည့်ဧရိယာမှာ စင်္ကာပူနိုင်ငံ၏အကျယ်အန်းနှင့်ညီမျှမည်ဖြစ်ပြီး 
ဟတ်တာ ၄၈၀၀၀ ခန့်ရှိမည်ဖြစ် ကြောင်းနှင့် ရေဝပ်ဧရိယာအတွင်း 
ကျေးရွာပေါင်း(၄၉)ရွာ၊ လူဦးရေ (၁၈၀၀၀) ခန့် နေရာရွှေ့ပြောင်းရမည့်အပြင် 
မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင် လျက်ရှိသော လူသန်းပေါင်းများစွာအတွက်
 အခက်အခဲများဒုက္ခများဖြစ်စေနိုင်ကြောင်း 
သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ ဝိုင်းမှ 
သိရသည်။
သတင်း....    yangonchronicle
 
