05 June 2010

မြန်မာပြည်သူများ၏ ရင်ဖွင့်သံ ရုပ်သံမြင်ကွင်း





မြန်မာပြည်တွင်းသတင်း ရုပ်သံမြင်ကွင်း





မြန်မာစစ်အစိုးရ၏ လျှို့ဝှက်နျူကလီးယား စီမံကိန်းအကြောင်း သတင်းမှတ်တမ်းကို မြန်မာပြည်မှာ အတော်လေးစိတ်ဝင်တစားနဲ့စောင့်ကြည့်ခဲ့

ဒီကနေ့ ဇွန်လ ၄ ရက်နေ့ အယ်လ်ဂျာဇီးယား ရုပ်သံကနေ ထုတ်လွှင့်ပြသသွားတဲ့ မြန်မာစစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း သတင်းမှတ်တမ်းကို မြန်မာပြည်မှာ အတော်လေး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြသလို ဒီသတင်းဟာလည်း လူထုအကြားမှာ အပြောများဆုံး သတင်းတပုဒ် ဖြစ်နေပါတယ်။ မြန်မာပြည်မှာ အခုလို နျူကလီးယား လက်နှက်ဆိုင်ရာ ထုတ်လုပ်ဖို့ ကြိုးပမ်းချက်တွေဟာ အမှန်တကယ်သာ ဖြစ်နေခဲ့ပြီဆိုရင် အတော်လေး အန္တရာယ်ကြီးတဲ့ နိုင်ငံတခု ဖြစ်လာမယ်လို့လည်း သုံးသပ်ကြတာတွေ ရှိပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

အယ်လ်ဂျာဇီးယား ရုပ်သံကနေ ဒီကနေ့ ပြသခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ လျို့ဝှက် နျူကလီးယား စီမံကိန်း အကြောင်း သတင်းမှတ်တမ်းကို ကြည့်ဖို့ မြန်မာလူထု အချင်းချင်းကြား တယ်လီဖုန်းတွေနဲ့ လှမ်းသတိပေးတာမျိုးတွေ၊ မီးမလာရင်တောင်မှ မီးစက်မောင်းပြီး တီဗွီဖွင့် စောင့်ကြည့်တာမျိုးတွေနဲ့အတူ အယ်လ်ဂျာဇီးယား ရုပ်သံက လိုင်းရှိတဲ့အိမ်တွေမှာ သွားရောက် စောင့်ကြည့်တာမျိုးတွေထိ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

တခါ ဒီသတင်းဟာ လူထုကြားမှာ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်နေပြီး ဒီအခြေအနေတွေနောက်မှာ ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ၊ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေအပေါ်မှာပါ စိုးရိမ်ပူပန်မှုတွေနဲ့ ပြောဆိုနေကြပါတယ်။ အရင်က နော်ဝေ အခြေစိုက် DVB သတင်းဌာနက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက် ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ သတင်းမှတ်တမ်းတိုမျိုး ပြသတာရှိပေမဲ့ အခုလို မှတ်တမ်းရှည်တခု ထွက်လာတာကတော့ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဒီသတင်းမှတ်တမ်းကို ကြည့်လိုက်ရတဲ့ ပြည်တွင်းသတင်းသမား တဦးကတော့ သတင်းအရင်းအမြစ်က တခုထဲကဖြစ်နေသေးမို့ အားနည်းနေတယ်လို့ သုံးသပ်နိုင်ပေမဲ့ မြန်မာလူထုကြားမှာ ဒီသတင်းဟာ အတော်လေး လက်ခံနေပြီ ဖြစ်တဲ့ သတင်းတပုဒ် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကတော့ တခုတော့ ရှိတာပေါ့ဗျာ။ ဒီဟာက ဘယ်လောက် ခိုင်ခိုင်မာမာလဲ။ ရရှိထားတဲ့သတင်းက ဘယ်လောက် မှန်မလဲ။ ဘယ်လောက် ခိုင်မာမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အစောပိုင်းကလဲ ဒီလိုသတင်းလေးတွေက ပြတ်တောင်းပြတ်တောင်း မကြာခဏ ကြားနေရတယ်။ တီဗွီမှာလဲ တွေ့နေရတာပါပဲ။ အခုဟာကတော့ တကယ့်ကို ပိုပြီးတော့ ပြည့်စုံတဲ့ report တခုကို ရတယ်လို့တော့ ပြောနိုင်တာပေါ့လေ။ သို့သော်လဲ ဒီလို မြန်မာပြည်သူလူထု အကြားမှာတော့ ဒီ နျူကလီးယားကိစ္စက ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ တယောက်နဲ့တယောက် သတင်းဖလှယ်တယ်၊ ဟိုဟာကြားတယ် ဒီဟာကြားတယ် ဆိုတာမျိုးတွေနဲ့ ပြောနေကြတာပေါ့လေ။ သို့သော် အခုလိုမျိုး တိတိကျကျ ခိုင်ခိုင်မာမာ သိရတယ်ဆိုတော့ မြန်မာပြည်သူလုထုကတော့ ဒါ ဖြစ်နိုင်ချေရှိတယ်လို့ အများစုကတော့ လက်ခံကြတယ်။”

တခါ ပြည်တွင်းသတင်းသမားတွေကြားမှာလည်း အခုလို သတင်းမျိုးတွေ ကြားသိရတာရှိပေမယ့် လူထုသိအောင် ရေးသားဖော်ပြခွင့် မရှိဘူးလို့လည်း ပြောပြပါတယ်။

“ဒီလိုမျိုး လုပ်ငန်းတွေနဲ့ပတ်သက်နေတယ်။ တချို့ဝန်ထမ်းတွေ သွားရတာရှိတယ်။ သွားခဲ့ဖူးတဲ့ ၀န်ထမ်းတယောက်နဲ့ စကား ပြောဖူးတယ်။ သူ သွားခဲ့ရတာကတော့ မြိုင်ဒေသပေါ့။ မြိုင်ဒေသကို သွားတဲ့အခါမှာ ရေက အဲဒီဒေသမှာမထွက်ဘူး။ ၈ မိုင်လောက် ဝေးတဲ့ဒေသ ကနေပြီးတော့ ရေကို ပိုက်နဲ့ပို့ရတယ်။ စက်နဲ့တွန်းပြီး ပို့ရတဲ့အခါကျတော့ တခါတရံမှာ အဲဒီလို စက်နဲ့အဆင်မပြေတဲ့ အခါတွေမှာ ရေကို ချိုးဖို့နေနေသာသာ သောက်ရေတောင်မှာ တော်တော် ခက်ခက်ခဲခဲ ရှိတယ်လို့ အဲဒီဝန်ထမ်းက ပြောဖူးတယ်။ ဒါနဲ့ ကျနော်က အဲဒီလောက် ခက်ခဲတဲ့ဒေသမှာ ဘယ်နှယ့်ကြောင့် စက်ရုံသွားတည်တာလဲလို့ မေးတဲ့အခါကျတော့ သူက - ဟာဗျာတဲ့ ဒါက နျူကလီးယား စက်ရုံရဲ့ အပိုင်းအစတွေ အစိတ်အပိုင်းတွေလို့ သိရတယ်တဲ့။ အဲဒီတော့ ကျနော်တို့ မသွားခင် ဘယ်သူ့ကိုမှ မပြောပါဘူး။ ဟိုရောက်ရင် ဘယ်သူ့ကိုမှ မဆက်သွယ်ပါဘူး။ မိသားစုကိုတောင် မဆက်သွယ်ပါဘူးလို့ ၀န်ခံကတိတွေ ထိုးရတယ်တဲ့။ ဒါ ပထမဆုံး တခေါက်ပေါ့။ ဒါပေမဲ့ နောက်တခေါက်ကျတော့ အဲဒီလိုမျိုး ၀န်ခံကတိတွေ မထိုးခိုင်းတော့ဘူးတဲ့။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ Google Earth ကနေ အဲဒါတွေကို တွေ့သွားပြီ၊ သိသွားပြီ ဖြစ်တဲ့အတွက်တဲ့ နောက်အခေါက်တွေမှာတော့ ကန့်သတ်ချုပ်ချယ်မှုတွေ မလုပ်တော့ဘူး ဆိုပြီးတော့ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ၀န်ထမ်းတယောက်နဲ့ စကားပြောဖူးတယ်။ အဲဒီလိုဟာမျိုးတွေ ကြုံရတာတွေ ရှိတယ်ပေါ့လေ။”

ပြည်တွင်းသတင်းသမားတဦး ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက်တွေကို ထုတ်လုပ်ဖို့ လတ်တလော ချက်ချင်း ဖြစ်မလာနိုင်သေးပေမဲ့ ဒီလို သတင်းမျိုးထွက်လာတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ အခြေအနေ ဖြစ်တယ်လို့ စာရေးဆရာ ဦးအောင်သင်းက ပြောပါတယ်။

“တိုင်းပြည်အတွက် အန္တရာယ် တော်တော်ကြီးတယ်လို့ ထင်ပါတယ်။ ကာကွယ်ရေးဘက်က ကြည့်ရင်တော့ မသိဘူးပေါ့လေ။ နျူကလီးယား လက်နက်ဆိုတာဟာ ဘာနဲ့တူလဲဆိုတော့ အရိုးမပါတဲ့ဓါးကို ကိုင်ရသလိုပဲ။ ကိုင်တဲ့သူရဲ့ လက်ကို ခြတတ်တယ်။ ကျနော် အဲဒီလို နားလည်မိတယ်။ ကမ္ဘာ့ တုံ့ပြန်မှုက ကြီးလာလိမ့်မယ်လို့ ကျနော် ထင်တယ်။ အဲဒီဥစ္စာ၊ အခု အဲဒီဟာနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်တွင်းမှာ တော်တော်ကို အနှောက်အယှက်ဖြစ်တယ်။ ကျနော်ကတော့ အဲဒီဟာကို အန္တရာယ် ကြီးတယ်လို့ထင်တယ်။”

စာရေးဆရာ ဦးအောင်သင်း ပြောပြခဲ့တာပါ။ နော်ဝေ အခြေစိုက် DVB သတင်းဌာနနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံတို့ ပူးတွဲပြီး ဒီကနေ့ ထုတ်လွင့်ပြသခဲ့တဲ့ မိနစ် (၃၀) ကြာ သတင်းမှတ်တမ်းမှာ စစ်အစိုးရရဲ့ နျူကလီးယား လျို့ဝှက်အကြောင်းတွေကို ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေနဲ့ ပြသခဲ့ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) ရဲ့ အရာရှိဟောင်း ရောဘတ် ကယ်လီ ကလည်း ဒီအထောက်အထားတွေအရ ဆိုရင်တော့ မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက်ထုတ်လုပ်ဖို့ စီစဉ်နေတာ သေချာနေတယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

ရင်းမြစ်...VOA

Nuclear Activities in Burma (short version)



Nuclear Activities in Burma

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်သူတဦးက အိမ်ချုပ် တရက် ကျခံမည်


တရက်တာ အကျယ်ချုပ် ကျခံစဉ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လာရောက် လေ့လာသူ မည်သူ့ကို မဆို မုန့်ဟင်းခါးဖြင့် ဧည့်ခံမည်ဟု Alix Clarke က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ ကျရောက်တော့မည့် ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အမေရိကန် အမျိုးသမီး တဦးက ဝါရှင်တန်ပြည်နယ်၊ Vashon ကျွန်း ရှိ သူ၏ နေအိမ်တွင် လာမည့် တနင်္ဂနွေနေ့ တနေ့လုံး ၂၄ နာရီ အကျယ်ချုပ် ကျခံမည်ဟု ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လေ့လာလိုသူ အမေရိကန်များကို ထိုနေ့တွင် သူ၏ နေအိမ်သို့ လာရောက်ရန်လည်း Alix Clarke က ဖိတ်ခေါ်ထားသည်ဟု အပတ်စဉ်ထုတ် ဒေသခံသတင်းစာ Beachcomber တွင် ရေးထားသည်။

လေ့လာလိုသူများအတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အပါအဝင် လေ့လာဖွယ်ကို ပြင်ဆင်ထားပြီး မြန်မာပြည်စစ်ရာဇ၀တ်မှုများကို နိုင်ငံတကာအဆင့် ဒဏ်ခတ်ရာတွင် သမတ အိုဘားမား အစိုးရက ဦးဆောင်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

သူ နှင့် ခင်ပွန်းသည် Bob Blauvelt တို့က မြန်မာ့ အစားအစာ ဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာ လက်ဘက်ရည်၊ မွေးနေ့ကိတ် တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဟု သိရသည်။

မြန်မာ့အရေးကို နိုင်ငံတကာတွင် အာရုံစိုက်လာကြစေရန် သူ့ကဲ့သို့ တရက်တာ နေအိမ်အကျယ်ချုပ် ကျခံခြင်းမျိုးကို ကမ္ဘာအရပ်ရပ်တွင် ပြုလုပ်ကြဖွယ် ရှိသည်ဟု Clarke က ပြောသည်။ သူသည် ယခင်ကလည်း ဤသို့ မိမိကိုယ်မိမိ အကျယ်ချုပ် ကျခံဖူးသည်ဟု ဆိုသည်။ ဤသို့ အကျယ်ချုပ် ကျခံခြင်းမှာ သင်္ကေတ တခုသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရမှုနှင့် နှိုင်းယဉ်နိုင်မည် မဟုတ်ဟု သူက ဆိုသည်။

“ရှင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပြီး ကျမတို့ လွတ်လပ်အောင် ကူညီပါလို့ ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးကို ပြောလေ့ရှိပါတယ်။ ဒီလို တိုက်တွန်းတာကို ကျမလည်း ကြားမိပါတယ်။ ဒါကြောင့်လည်း ကျမက မြန်မာ့အရေးကို အာရုံစိုက် လုပ်ဆောင်နေတာပါ” ဟု တရက်တာ အကျယ်ချုပ်ကျခံမည့်သူက ပြောပြသည်။

၎င်းတို့ ဇနီးမောင်နှံသည် ရန်ကုန်တွင် ၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာပြည်မှ ပြန်လည် ထွက်ခွာကြသူများ ဖြစ်သည်။

Clarke သည် အမေရိကန် သံရုံး အစီအစဉ်ဖြင့် ရန်ကုန်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် တာဝန်ယူခဲ့သည်။

Blauvelt သည် ရန်ကုန်ရှိ International School of Yangon အမည်ရှိ ကျောင်းတွင် လုပ်ကိုင်ခဲ့သည်။

တရက်တာ အချုပ်အနှောင်ခံမည့် အမျိုးသမီးက အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို နှစ်သက်သူ မဟုတ်ပေ။ သူ၏ သတင်းကို ဖော်ပြပေးသည့် Beachcomber သတင်းစာ အင်တာနက်စာမျက်နှာတွင် အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုကြောင့် မြန်မာပြည်သူများ ထိခိုက်စေသည်ဟု သူက မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။

မိုးမခက Clarke ကို ယနေ့ ဆက်သွယ် မေးမြန်းရာ တနင်္ဂနွေနေ့တွင် အကျယ်ချုပ် ကျခံရန် အသင့်ဖြစ်နေပြီဟု ပြောသည်။

မြန်မာပြည်အနှံ့မှ ဒုက္ခသည်များ ၀ါရှင်တန် ပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည်ဟုလည်း ပြောပြသည်။

ရင်းမြစ် ...မိုးမခ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လှုပ်ရှားမှုသတင်းများ.(May 2010)

NLD News Bulletin May 2010 Final

04 June 2010

မျိုးဆက်သစ်တို့ကွင်းဆင်းပြီ



ကွင်းဆင်းပြီ

၃ - ၆ - ၂၀၁၀

၂/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား အသစ် (၃၀) ဦးတို့အား ၂၇.၅.၂၀၁၀ (ကြာသပတေး)နေ့တွင် စာတွေ့သင်တန်း သင်တန်းဆင်းပြီးနောက် ၃.၆.၂၀၁၀ (ကြာသပတေး)နေ့တွင် ဈာပနလမ်းကြောင်း သယ်ယူပို့ဆောင် ခြင်းအား ကွင်းဆင်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်စဉ် အရပ်ရပ်ကို လိုက်လံလေ့လာ သင်ယူစေခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်ရှိ နာရေးအိမ်သို့ နာရေးအလောင်းအား သွားရောက် သယ်ဆောင်ရာတွင် သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးပုံ၊ နာရေး (ကာယကံရှင်)ကို ညင်သာရိုသေ နွေးထွေးစွာ ဆက်ဆံပြောဆိုပုံ၊ စာရွက်စာတမ်းများစုံ မစုံ စစ်ဆေးပုံ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အခမဲ့ ကူညီဆောင်ရွက်ပေးမှု အတိုင်းအတာအား နာရေး (ကာယကံရှင်)တို့ကို သဘောပေါက် နားလည်မှုရှိသည်အထိ ရှင်းပြပုံ၊ အအေးခန်း ထားရှိပါက ရေဝေးသုဿန် အအေးခန်းတွင် ဆောင်ရွက်ရမည့် အချက်အလက်များအား အသင်းမှ တာဝန်ရှိသူတို့မှ လိုက်လံ အသေးစိတ် ရှင်းလင်းပြသခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်သန်ကာ ဆက်လက်ပြီး မျိုးဆက်သစ် လူမှုရေးသမားများကို မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ပါသည်.။

မြန်မာ ညူလက်နက်စီမံကိန်း အထောက်အထားများ နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ (IAEA)သို့ လွှဲပြောင်းပေးအပ်



လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်း (AP Photo/Democratic Voice of Burma)


ဗိုလ်မှုး စိုင်းသိန်းဝင်း ညူကလီယား စက်ရုံ တစ်ခု အနား တွင် ဓာတ်ပုံရိုက်ကူးထားစဉ် (ဓာတ်ပုံ-ဒီမိုကရတ်တစ် မြန်မာ့အသံ)


ရင်းမြစ်..freedomnewsgroup


....................................................................................................................................................................

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ





ရင်းမြစ်..VOA

မြန်မာပြည်က အသေးစားလုပ်ငန်းများ အခက်တွေ့ ရင်ဖွင့်ရုပ်သံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါဟာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။

တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

သတင်း...ဒီမိုဝေယံ

နအဖ စစ်အာဏာပိုင်ဒုဗိုလ်မှူးကြီးမြတ်ဟိန်းရဲ့ ယောက်ဖဆိုသူပီတာညွှန့်မောင်၏ မသမာသည့်လုပ်ရပ်..

နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့  ယောက်ဖတော်သူ ပီတာညွှန့် မောင်ဆိုသူဟာ မြန်မာဟာမိုနီဆားဗစ်ဆက် ကုမ္ပဏီရဲ့  ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး ပြည်ပအလုပ်အကိုင်လိုင်စင်ကို ရထားတာကို အကြောင်းပြုပြီး အလုပ်သင်တန်းသားတွေခေါ်ယူကာ ဂျပန်နိုင်ငံမှာ အလုပ်ရမယ်ဆိုကာ တစ်ဦးကို အာမခံငွေ သိန်း (၃၀) တောင်းယူနေပါတယ်။



အခုဆိုရင် အလုပ်လုပ်လိုသူ (၁၃) ယောက်ဆီက တစ်ဦးကို သိန်း ၃၀ ဆီ တောင်းယူထားပါတယ်။ တကယ်ဆိုရင် ဒါဟာ တရားမ၀င်သော ငွေကြေးတောင်းခံမှု ဖြစ်ပြီးတော့ ယောက်ဖဖြစ်သူ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့  အရှိန်အ၀ါနဲ့  အလုပ်သမားစုဆောင်းပြီး မတရားသောနည်းလမ်းများနဲ့  အလုပ်လုပ်လိုသူတွေထံက ငွေညှစ်ကာ အကျပ်ကိုင် ချူပ်ကိုင်ထားတာ ဖြစ်သလို ရရှိလာတဲ့ အာမခံငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် ပြန်လည် လှည့်သုံးနေတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး ဒီ အာမခံငွေတွေ ပြန်မပေးနိုင်အောင်လည်း လုပ်ဆောင်နေပါတယ်။






ဒီလုပ်ရပ်ဟာ တရားမ၀င်သလို နိုင်ငံတကာအလုပ်သမားရေးရာဥပဒေများကိုလည်း ချိုးဖောက်နေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အစိုးရနဲ့  ကမ္ဘာ့အလုပ်သမားအဖွဲ့ ချူပ် (ILO) ကို တိုင်ကြားသင့်ပါတယ်။

နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့  ယောက်ဖတော်သူ ပီတာညွှန့် မောင်ရဲ့  မြန်မာဟာမိုနီကုမ္ပဏီရဲ့ လိပ်စာက Harmony Trading Co., Ltd. Address : No.255,G/Flr,40th St,Upper Block, KYAUKTADA, YANGON Phone : (01) 24-0856 Email : ayekarit@cybertech.net.mm ဖြစ်ပြီး၊ ဂျပန်နိုင်ငံက JITCO လို့ ခေါ်တဲ့ Japan International Training Cooperation (http://www.jitco.or.jp/english/engagement_sending_out/govern_my.html) Organization နဲ့  တွဲဘက်လုပ်နေတာ ဖြစ်ပါတယ်။

ပေးပို့ ပေးသော သူငယ်ချင်း အားကျေးဇူးတင်ရှိပါသည်.။

03 June 2010

ရန်ကုန်ုမြို့တော်ဝန်ဦးအောင်သိန်းလင်း သမီးနဲ့  သမက် စင်ကာပူ တွင်အရေးပေါ်ဆေးဝါးကုသမှုခံယူနေရ..

နေပြည်တော် အမြန်လမ်းမှာ ကားမှောက်ခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ နအဖ ရန်ကုန်မြို့ တော်ဝန်ရဲ့  သမီးဖြစ်သူ ခင်ဆွေရီနဲ့  သားမက် ဖြစ်သူဗိုလ်ကြီးဇော်ဇော်နိုင် တို့မှာ စင်ကာပူ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေတယ်လို့  သိရပါတယ်။ ဦးအောင်သိန်းလင်းရဲ့  နောက်ထပ်မြေးဖြစ်သူတစ်ဦးနဲ့  ဂျပန်မှာ စာသင်နေတဲ့ သမီးအမည်ခံ တူမလည်း စင်ကာပူမှာ ရောက်နေကြပါတယ်။ စင်ကာပူမှာ သူတို့  အားလုံးရဲ့  နေထိုင်စရိတ်နဲ့  ဆေးကုသမှုစရိတ်တွေကို မက်စ်ကုမ္ပဏီ (Max) ဇော်ဇော်ကနေ စပွန်စာပေး အကုန်အကျခံပါကြောင်း သတင်းရရှိပါသည်.။

ဦးသန်းရွှေရဲ့  မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် မွေးနေ ဆိုပါလားရှင် အော်သူတို့များကျတော့လဲ ပိုက်ဆံတွေဘယ်ကရကြပါလိမ်နော်..

တိုင်းပြည်နဲ့  လူမျိုး ဆင်းရဲငတ်ပြတ် ဒုက္ခရောက်နေချိန်မှာတော့ ငွေကို ရေလိုသုံးပြီး အပျော်အပါးနဲ့ အချိန်ကုန်နေတဲ့ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် မွေးနေ့  ပုံတွေပါ။






ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ကဲစိတ်မကောင်းစရာသတင်း လာပြန်ပြီနောက်တစ်ဈေးမုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး မီးလောင်းတဲ့သတင်း

မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် ယနေ့ (၃-၆-၂၀၁၀) နံနက် (၃)နာရီကျော်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ ဈေးပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ နံနက် (၂း၄၅) နာရီခန့်တွင် လျှပ်စစ်မီးလာကြောင်း၊ အဆိုပါမီးလာပြီးမကြာမီ ဖောင်းကနဲအသံကြားပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။မီးလောင်ကျွမ်းမှုကို ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်လျက်ရှိကြောင်း၊ နံနက် (၈)နာရီခန့်တွင် မီးညွန့်ကျိုးသွားကြောင်း၊ ယခုအထိ (နံနက် ၉း၄၅ နာရီအထိ) မီးငြိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။သတင်းဖြစ်စဉ်အသေးစိတ်နှင့် ထပ်မံရရှိသော သတင်းအချက်အလက်များကို မုံရွာမြို့ရှိ Weekly Eleven သတင်းထောက်နှင့်ချိတ်ဆက်၍ ဆက်လက်ဖော်ပြပေးသွားမည်ဟု၎င်းဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။





ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့်လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့ ပို့စကဒ်များ







Beyond Rangoon - Burma







............................................................................................................................................................

Inside the secret city - Burma

စစ်တပ်သို့အသွင်းခံအသက်(၁၈)နှစ်အောက်လူငယ်များအား မိဘထံပြန်လည်အပ်နှံနိုင်မှုတစ်နှစ်အတွင်းဦးရေ၁၀၀ရှိ(မိဘများမှပိုက်ဆံနှင့်ရွေးထုတ်သွား သောလူငယ်များသာ)

တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော် အတွင်းသို့ ရောက်ရှိသွားသော အသက် (၁၈) နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ သတင်းရရှိသည်။


" အယောက် ၁၀၀ မြောက် ဖြစ်တဲ့ ကလေးတစ်ဦးကို မေလ ၂၆ ရက် နေ့က အုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံနိုင်ခဲ့ပါတယ်"ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်(လ်)က မေလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။


မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်ကို သဘောတူညီခဲ့ပြီး ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် CRC စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်လာပြီးနောက် ကလေးသူငယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ တွင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အသက်(၁၈)နှစ်အောက် ကလေး သူငယ်များအား တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်းများကို ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း သိရကြောင်းnews-eleven တွင်ဖော်ပြပါရှိပါသည်.။

လူမှောင်ခိုကူးသည့် လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် နိုင်ငံခြားသားတစ်ဦး၏ ငွေကြေးနှင့် ထူထောင်ထားသည့် ကုမ္ပဏီတစ်ခုအား ဖျက်သိမ်း

လူမှောင်ခိုးကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် ပြည်ဝင်ခွင့် တောင်းခံလာသည့် နိုင်ငံခြားသား တစ်ဦးအား ပြည်ဝင်ခွင့်တားဆီးခဲ့ပြီး အဆိုပါ နိုင်ငံခြားသား၏ ငွေကြေးဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီအား ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးတွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်နှစ် လယ်ပိုင်းခန့် က စင်ကာပူနိုင်ငံသား တစ်ဦးသည် မြန်မာနိုင်ငံတွင် ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် ကုမ္ပဏီရှိသည့်အတွက် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဆောင်ရွက်ရန် လုပ်ငန်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ကြောင်း သိရသည်။


အဆိုပါ စင်ကာပူနိုင်ငံသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကုမ္ပဏီ ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ မသိနားမလည်သော မြန်မာအမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိနေကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။


အဆိုပါ စင်ကာပူနိုင်ငံသား နှင့် ယင်း၏ငွေကြေးဖြင့် ဖွဲ့စည်း ထူထောင်ထားသော ကုမ္ပဏီအား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြောင်း ကြားမှုအရ ပြည်ထဲရေးဝန်ကြီးဌာန က စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စစ် ဆေးပေါ်ပေါက်ချက်များအရ အဆို ပါ စင်ကာပူနိုင်ငံသားပိုင် ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနက ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် တည်ရှိကြောင်း သိရကြောင်း.news-eleven. ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။

ချောက်ရေနံမြေမှ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်း တို့ရဲ့လိမ်လည်မှု....


စွမ်းအင်ဝန်ကြီးဋ္ဌာနချောက်ရေနံမြေမှာရှိတဲ့မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှအထွေထွေမန်နေဂျာ. (ဒု)ဗိုလ်မှုးကြီးကျာ်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့နှစ်ဦးရဲ့ မသိနားမလည်တဲ့တောင်သူတွေကို လိမ်လှည် လှည့်ဖျားပြီး ငွေတွေ ယူသွားတဲ့အကြောင်း ရေးသား ပေးပို့လာတာကို ပြန်လည် တင်ပြလိုက်ပါတယ်။

ချောက်ရေနံမြေရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှ အကြီးဆုံးတာဝန်ရှိသူဖြစ်တဲ့ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့ နှစ်ဦးပေါင်းပြီး စွမ်းအင်ဝန်ကြီးဋ္ဌာနမှာ အလုပ်သမားတွေ လိုအပ်တယ်... အလုပ်ခန့်မယ်။ မိန်ကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် ဝန်ထမ်းအဖြစ်ခန့်အပ်မယ်.... ဆိုပြီး.... အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ တောင်သူများအား အထွေထွေမာန်နေဂျာ (ဒု)ဗိုလ်မှုးကြီးကျော်ဝင်းမှ ဒေါ်မြမြသိန်းအား လိုက်လံ စည်းရုံးခိုင်းပါတယ်။ တလလစာငွေ ၈သောင်းနဲ့ ၁သိန်းကြားမှာ..ရမယ်.... အထွေထွေ မာန်နေဂျာမှ ဝန်ထမ်းအဖြစ် ခန့်အပ်ပေးမယ့် အတွက်ကြောင့် တစ်ဦးကို ၅သိန်းပေးရမယ်။ ဝန်ကြီးနဲ့ လူကြီးတွေကို ပေးရမှာ ဖြစ်ကြောင်း ဒေါ်မြမြသိန်းမှ ယုံကြည်အောင် လိုက်လံ စည်းရုံးပါတယ်။

မသိနားမလည်တဲ့ ရိုးသားတဲ့ ရွာသူရွာသား (၆)ဦးမှ ဝန်ထမ်းကိုယ်တိုင် လာရောက်စည်းရုံးတဲ့ အတွက်ကြောင့် ယုံကြည်ပြီး နှမ်းတွေရောင်း၊ ပဲတွေရောင်း၊ ယာတွေရောင်းပြီး ရှိစုမယ့်စု ငွေ(၅)သိန်းစီကို ဝန်ထမ်းအဖြစ် ခန့်အပ်ခံရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးအပ်လိုက်ကြပါတယ်။ နေ့ရွှေ့၊ ညရွှေ့ အလုပ်လဲမရ အချိန်တွေ ကြာလာတာနဲ့ အမျှ ဘာသတင်းမှ မကြားရတဲ့ အတွက် ငွေပေးထားတဲ့ တောင်သူ (၆)ဦးမှ မြို့ပေါ်တက်ပြီး အလုပ်ရမရ မေးမြန်း စုံစမ်းရာမှာ ထို(ဒု)ဗိုလ်မှုးကြီးကျော်ဝင်းနဲ့စာရေးမမြမြသိန်းတို့မှ မောက်မာရိုင်းစိုင်းစိုင်း စကားများဖြင့် ဆဲရေးတိုင်းတာပြီး မောင်းထုတ်ပါတယ်။ တောင်သူတွေမှာ ရှိစုမယ့်စု ငွေလည်းဆုံးရှုံး ၊ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြောခံရ သက်ဆိုင်ရာကို တိုင်ချင်ပေမယ့်လည်း (ဒု)ဗိုလ်မှုးကြီးဆိုတဲ့ အရှိန်အဝါနဲ့ ယူနီဖောင်းကို ကြောက်ရွံပြီး တရားစွဲဖို့လည်းမလွယ် ... မြို့ပေါ်တစ်ခေါက် တစ်ခေါက်တက်ဖို့လည်း စားရိတ်စားက မတတ်နိုင် ဖြစ်နေကြောင်း.. ဆုံးရှုံးသွားတယ့် ငွေအတွက်ကော ..နောက်လူတွေလည်း ဒီလိုအဖြစ်မခံရအောင် အသိပေးစေလိုကြောင်း. ... ယခုအဖြစ်အပျက်ကို သက်ဆိုင်ရာမှ မေးမြန်းစုံစမ်း ဖြေရှင်းပေးစေလိုကြောင်း လိမ်လည်ခံရသူ တောင်သူများမှ အရှင်ဓမ္မရာဇာမှ တစ်ဆင့် ရေးသားပေးပို့လာပါတယ်။

မျှဝေ ပေးပို့ လာသူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် ရန်ကုန်မြို့ ခရီးစဉ် မှတ်တမ်း(ရုပ်သံမှတ်တမ်း)



ဟံသာဝတီ မှပြန်လည်ဖော်ပြပါသည်.။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှန်ကန်သော ပေးဆပ်မှုတို့ကြောင့် ဗညားဒလရပ်ကွက်တွင် သောက်သုံးရေ ထွက်ပေါ်လာခြင်း







ဗညားဒလလည်း ရေထွက်ပြီ

အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။

ယင်း ဗညားဒလရပ်ကွက်တွင် ယခင်က သောက်သုံးရေ တူးဖော် မရခဲ့ပါ။ ယခု ပြည်တွင်း ပြည်ပ ရေအလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှန်ကန်သော ပေးဆပ်မှုတို့ကြောင့် ဗညားဒလရပ်ကွက်တွင် သောက်သုံးရေ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ယခု ထွက်ပေါ်လာသော အ၀ီစိရေသည် ဓာတုဓါတ်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ၊ လူတို့ သောက်သုံးရန် သင့်/မသင့် တို့ကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်ထား ပြီးဖြစ်ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

02 June 2010

ရန်ကုန်မြို့တွင်း မီးပွိုင့်အချို့ မီးစက်များအသုံးပြု၍ အချက်ပြဆောင်ရွက်နေ

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်အချို့တွင် မီးစက်များအသုံးပြု၍ အချက်ပြမီး ပြသဆောင်ရွက်မှုများ ရှိသည်ဟု သတင်းရရှိသည်။

    မြို့တွင်း အချက်အချာကျသော မီးပွိုင့်အချို့တွင် အချက်ပြစနစ် ချွတ်ယွင်းမှုကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရာတွင် အခက်အခဲ အနှောင့်အယှက် မဖြစ်ပေါ်စေရန် အတွက် အဆိုပါ ပွိုင့်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက မီးစက်များအသုံးပြု၍ အချက်ပြမီးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်ဟု သိရသည်။

"ဟိုရက်တွေက  နေကအရမ်းပူပြင်းတော့ အချက်ပြမီးအလုပ်မလုပ်တော့ တဲ့အချိန်တွေမှာ ယာဉ်ထိန်းတပ်ဖွဲ့တွေအနေနဲ့ တော်တော်လေး အခက်အခဲဖြစ်ခဲ့ရပါတယ်။ ရာသီဥတုပူပြင်းလွန်းတဲ့ ဒဏ်နဲ့မော်တော်ယာဉ်တွေကို စက်ကိရိယာအစား အချက်ပြဆောင်ရွက်ရတာကတော့ မလွယ်ကူလှပါဘူး။ မီးပွိုင့်အချက်ပြမီး ဆိုတာကလည်း ယာဉ်ကြောအလိုက်  အချိန်ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် အချက်ပြမီးစနစ်ကို ကြည့်ပြီးမောင်းနှင်တာ၊ လိုက်နာနိုင်တာကတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် တချို့ပွိုင့်က ယာဉ်ထိန်းတွေကတော့ မီးစက်ငယ်လေးတွေ အသုံးပြုပြီး မီးပွိုင့်အချက်ပြစနစ်နဲ့ပဲ ဆောင်ရွက်ကြပါတယ်" ဟု ယာဉ်ထိန်းတပ်ဖွဲ့ ၀င်တစ်ဦးက ပြောပြသွားခဲ့သည်။

    လျှပ်စစ်မီး ပြတ်တောက်ချိန်၌ ယင်းသို့ မီးစက်ငယ်များအသုံးပြု၍ အချက်ပြမီးစနစ် ဆောင်ရွက်နေခြင်း ကို သိမ်ဖြူငါးခွဆုံ မီးပွိုင့်လမ်းဆုံနှင့် သုဝဏ္ဏလမ်းဆုံတို့တွင် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရသည်ဟု သတင်းရရှိသည်။

    ရန်ကုန်မြို့တော်တွင် အချက်ပြ မီးပွိုင့်ပေါင်း ၁၃၀ ခန့်ရှိသည်ဟု သိရှိရကြောင်းWeekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်သည့် ပြည်ပ ခရီးသွားအချို့ ခွင့်ပြု နယ်မြေကျော်လွန် သွားလာခြင်း အပြင် ပျောက်ဆုံးခြင်းပါ ရှိလာ၍ ခရီးသွား ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်း ကြေညာ

နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ပြည်ပခရီးသွားအချို့ ခွင့်ပြုနယ်မြေကျော်လွန်သွားလာခြင်းအပြင် ဧည့်လမ်းညွှန်မပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်း ပါရှိလာ၍ ခရီးသွားကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မန္တလေးတိုင်း မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ခရီးသွားလာရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ပြည်ပ ခရီးသွားများအား နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ် ခရီးတစ်ခုကို စီစဉ်ပေးခဲ့ရာ ယင်းခရီးစဉ်တွင် ပါဝင်သည့် ပြည်ပခရီးသွားအချို့မှာ ခွင့်ပြုနယ်မြေကို ကျော်လွန်သွားလာမှုများ ရှိခဲ့သည့်အပြင် ယင်းခရီးသွား ကုမ္ပဏီမှပင် ပြည်ပ ခရီးသွားတစ်ဦးအား နယ်စပ်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးစဉ်တစ်ခု စီစဉ်ပေးခဲ့ရာတွင် ဧည့်လမ်းညွှန် မပါရှိပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်းပါ ရှိလာ၍ အဆိုပါ ခရီးသွားလာရေးကုမ္ပဏီအား သက်ဆိုင်ရာမှ ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက် စာရင်း ကြေညာခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလာရေး ကုမ္ပဏီ တစ်ခုသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လအတွင်းက သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး ပြည်ပခရီးသွားတစ်ဦးအား တရုတ်- မြန်မာနယ်စပ် မူဆယ် ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာနိုင်ရန် တာဝန်ခံ စီစဉ်ပေးခဲ့ကြောင်း သိရသည်။ 

 အဆိုပါ ပြည်ပခရီးသွားအား ဧည့်လမ်းညွှန် မထားရှိပေးဘဲ မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ပြည်ပခရီးသွားမှာ တည်းခိုသည့်ဟိုတယ်မှ နိုင်ငံပြင်ပသို့ ထွက်ခွာသွားခြင်းရှိ၊ မရှိကိုလည်း စုံစမ်းမှုများ ပြုလုပ်၍ မရခဲ့ကြောင်းလည်း သိရသည်။ ယင်းအပြင် အဆိုပါ ခရီးသွားလာရေးကုမ္ပဏီသည် ၂၀၀၉ ခုနှစ် ဇူလိုင်လက တရုတ်လူမျိုး ပြည်ပခရီးများအား မြန်မာ-တရုတ်နယ်စပ် (ဆင်ဖြူဂိတ်)မှ တရုတ်နယ်ခြားခွင့်ပြုချက် border pass ဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်ရန်ခရီးစဉ်အား တာဝန်ခံ စီစဉ်ပေးခဲ့ပြန်ရာ အဆိုပါ ခရီးစဉ်တွင် ပါဝင်သည့် ခရီးသွားတချို့မှာ ခွင့်ပြုနယ်မြေ ကျော်လွန်သွားလာသည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည့်အပြင် အမှန်တကယ် ပြည်ပ ခရီးသွား များ ဝင်ရောက်ခြင်း မရှိခဲ့သည့် ပန်ခမ်းဂိတ်တွင် ဝင်ရောက်ခွင့် Entry Permit- EP လိမ်လည် ရယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အကြောင်းကြားချက်များအရ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယင်းခရီး သွားလာရေး ကုမ္ပဏီအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက ကုမ္ပဏီဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အ မြင်


အ မြင်



`လေစိမ်းတွေ တိုက်နေပြီ အိမ်ထဲဝင်တော့` ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ အိမ်ထဲပြေးဝင်သွားတဲ့ သုံးနှစ်အရွယ်ကလေးငယ်ရဲ့`လေ`ဆိုတာကို မြင်တဲ့အမြင်။

`သမီးလေးအတွက် လေပူဖောင်း`ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ လက်ထဲ ရောက်လာတဲ့ လေပူဖောင်းလေး နိမ့်တုံမြင့်တုံ ဖြစ်နေတာကို ကြည့်ပြီးပျော်နေတဲ့ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

ကျောက်သင်ပုန်းပေါ်က လေထုသိပ်သည်းဆနဲ့ လေဖိအားဆိုင်ရာ ဖော်မြူလာတွေကို လိုက်လံမှတ်သားနေတဲ့ အသက်ဆယ့်လေးနှစ်အရွယ် ကျောင်းသူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

လေထုစွမ်းအင် ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်ထဲက wind turbine တွေအနီးမှာ ရပ်နေတဲ့ အင်ဂျင်နီယာတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

လေထုစွမ်းအင်နဲ့ သက်ဆိုင်တဲ့ ဘောဂဗေဒ လေ့လာဆန်းစစ်ချက်တွေကို တက္ကသိုလ်ရုံးခန်းထဲမှာ ငုတ်တုပ်ထိုင်လုပ်နေတဲ့ ပညာရှင်တယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

အနုမြူစွမ်းအင်နဲ့ လေထုစွမ်းအင်ဆိုင်ရာ မူဝါဒပရိုပိုဆာတွေကိုင်ရင်း ပြင်းခုန်ဆွေးနွေးနေကြတဲ့ ပါလီမန်ထဲက အမတ်မင်းတွေရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

`ပူလိုက်တာကွာ လေအေးအေးလေးတိုက်ရင် ကောင်းမှာပဲ`ဆိုတဲ့ အပူပိုင်းဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

`လေတွေကလဲ တိုက်လိုက်တာဟယ်။ သစ်ပင်တွေလဲရင်တော့ ဒုက္ခပါပဲ`ဆိုတဲ့ လေတိုက်နှုန်းမြင့်မားရာ ဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

လေပေါက်မပါတဲ့ အလုံပိတ်ကားထဲမှာ ပိတ်မိနေတဲ့ လူတယောက်ရဲ့ `လေ`ဆိုတာကို မျှော်လင့်တောင့်တမှု။

လေမုန်တိုင်းဒဏ်ကို အလူးအလဲ ခံနေရတဲ့ လူတယောက်ရဲ့ `လေ`တိုက်နှုန်းတွေ လျော့နည်းစေလိုမှု။

တကယ်တော့ လူတိုင်း၊ လူတိုင်းမှာ အသက်အရွယ်အရ၊ ပညာအရည်အချင်းအရ၊ အတွေးအခေါ် အဆင့်အတန်းအရ၊ ရှုမြင်တဲ့ ရှုထောင့်မျိုးစုံအရ မတူညီတဲ့ အမြင်တွေ ဆိုတာ ရှိကြစမြဲပါ။

လောကကြီးဆိုတာ မတူညီတဲ့အမြင်၊ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ လိုအင်ဆန္ဒ၊ မတူညီတဲ့ အသက်အရွယ်၊ မတူညီတဲ့ ပညာအဆင့်အတန်း၊ မတူညီတဲ့ အသက်မွေးဝမ်းကျောင်း အစရှိတဲ့ မတူညီကွဲပြားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။

ဒီလို ကွဲပြားမှုတွေအကြားမှာ `ငါနဲ့မတူ၊ ငါ့ရန်သူ`ဆိုတဲ့ စကားပုံကို လက်စွဲပြီး ကိုယ်တွေးသလို မတွေးရင် တွေ့သမျှလူနဲ့ငြင်းခုန်၊ ကိုယ့်အမြင်နဲ့ ထပ်တူမကျသူတွေကို စွပ်စွဲရန်တွေ့၊ တဘက်လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပုပ်ချရင်း ဝေလေလေနဲ့ အချိန်မဖြုန်းသင့်ကြပါ။ ဆိုလိုရင်းနဲ့ စိတ်ထားအရင်းခံကို မမြင်ပဲ ငါထောက်ခံတဲ့ ကိစ္စကို သူမထောက်ခံတာနဲ့၊ ငါမထောက်ခံတဲ့ ကိစ္စကို သူထောက်ခံတာနဲ့ ပုဂ္ဂိုလ်ရေးအရ ဆဲဆို စွပ်စွဲပုတ်ခတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေဟာ လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်မှုမှာ အဓိကကျတဲ့ `မတူညီမှုတွေအကြားမှာ အတူတကွ ယှဉ်တွဲနေထိုင်မှု` ကို ထိခိုက်စေပါတယ်။

လူ့အဖွဲ့အစည်းတခုရဲ့ မြင့်မားတိုးတက်မှုကို နှောင့်နှေးထိခိုက်စေတဲ့ နောက်ထပ် အတွေးအခေါ်တခုကတော့ လက်တွေ့လုပ်ငန်းတာဝန် ထမ်းဆောင်နေသူများရဲ့ သဘောတရားရေးရာ လေ့လာသူများကို အဆိုးမြင်အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ သဘောတရားတွေ၊ သီအိုရီတွေဆိုတာကလဲ လေ့လာသူတွေက ထင်ရာမြင်ရာ တွေးပြီး ရေးချင်ရာ ရေးနေကြတာ မဟုတ်ပါ။ လေ့လာသုတေသနပြုပြီးမှ ရေးသားကြတာ ဖြစ်ပါတယ်။ အဲဒီမှာမှ အတွေးအခေါ်အရ၊ အမြင်အရ၊ ပြောင်းလဲမှုအခြေအနေတွေအရ မတူညီတဲ့ ရှုထောင့်တွေပေါ် မူတည်ပြီး ဖောက်ထွက်တွေးတောရင်း သဘောတရားအသစ်တွေပါ ထပ်မံ ပေါက်ဖွားလာတာတွေလဲ ရှိတတ်ပါတယ်။ ကမ္ဘာ့သမိုင်းသစ်ကို သွေးနဲ့ ရေးထားခဲ့တဲ့ အရင်းရှင်တော်လှန်ရေးကြီးရဲ့ အမြုတေဟာ လန်ဒန်မှာ စာတွေထိုင်ဖတ်၊ ထိုင်ရေးနေခဲ့တဲ့ Karl Marx ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ အရင်းကျမ်းကြောင့်လို့ ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုပါပဲ။ လီနင်ဆိုတဲ့ တော်လှန်ရေးခေါင်းဆောင် ရှိရုံနဲ့လဲ တော်လှန်ရေး ကြီးဟာ ပြီးပြည့်စုံခဲ့တာ မဟုတ်ပါဘူး။ လူထုရဲ့ စိတ်နှလုံးကို နှိုးဆွပေးနိုင်မယ့် စာရေးဆရာ ဂေါ်ကီကလဲ သူ့နေရာနဲ့သူ တာဝန်ကျေခဲ့တာ ဖြစ်ပါတယ်။ Karl Marx တို့၊ ဂေါ်ကီတို့ကလဲ တော်လှန်ရေးခေါင်းဆောင်နေရာကို မတောင်းဆိုခဲ့သလို လီနင်ကလဲ မဆီမဆိုင် Karl Marx ကို လက်တွေ့မပါတဲ့ သဘောတရားရေးသမားကြီးလို့ ပြောနေခဲ့တာ မဟုတ်ပါဘူး။ သဘောတရားထဲက သူလိုအပ်မယ်ထင်တဲ့ လက်တွေ့လုပ်ငန်းစဉ်တွေကို သူ့ဘာသာသူ ရွေးချယ်ထုတ်နှုတ်ပြီး ချမှတ်သွားခဲ့ပါတယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ခဲ့ကြတာပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် သဘောတရားမပါတဲ့ လက်တွေ့နဲ့ လက်တွေ့မပါတဲ့ သဘောတရားနှစ်မျိုးစလုံးဟာ အောင်ပွဲနဲ့ လွဲတတ်တယ် ဆိုတာကတော့ အသေအချာပါပဲ။

ဒါကြောင့် သဘောတရားနဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ဖို့ လိုအပ်လှပါတယ်။ ဒီနေရာမှာလဲ သဘောတရားတိုင်းဟာ လက်တွေ့နဲ့ နီးစပ်ချင်မှ နီးစပ်မှာပါ။ အချိန်ကာလ၊ နေရာဒေသနဲ့ မကိုက်ညီတာတွေလဲ ရှိတတ်စမြဲပါ။ လက်တွေ့နဲ့ ကိုက်ညီမယ့် လုပ်နည်းလုပ်ဟန်တွေကို ရွေးချယ် ထုတ်နှုတ် အသုံးပြုတတ်ဖို့က လက်တွေ့သမားဆိုသူများအတွက် အလွန် အရေးကြီးပါတယ်။

ဒီလိုမဟုတ်ပဲ စာတွေ့၊ လက်တွေ့ဆိုပြီး ခွဲခြားဆက်ဆံနေကြလို့ကတော့ အချင်းချင်း အငြင်းပွားရင်း တစ်နဲ့ တစ်ပေါင်းပြီး နှစ်ဖြစ်ရမယ့်အစား တစ်နဲ့ တစ် ဆန့်ကျင်ဘက်တွေ့ပြီး သုညဖြစ်သွားတာပဲ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။

မတူညီကွဲပြားတဲ့ အမြင်တွေ၊ ခံယူချက်တွေကို တခုတည်းဖြစ်အောင် အတင်းအကြပ် လိုက်လံစည်းရုံးတာ၊ အုပ်စုဖွဲ့ပြီး သင်းကွဲကို လိုက်လံတိုက်ခိုက်တာတွေဟာ အရည်မရ၊ အဖတ်မရ အလုပ်တွေပဲ ဖြစ်ပါတယ်။ မတူညီမှုထဲကနေ ဘုံအကျိုးစီးပွားကို ရှာဖွေ ဖော်ထုတ်ခြင်း၊ အပေးအယူပြု ညှိနှိုင်းခြင်း၊ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ခြင်း တို့နဲ့သာ တိုးတက်တဲ့ လူ့ဘောင်သစ်၊ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း။

ခင်မမမျိုး (၁၊ ၆၊ ၂၀၁၀)

ရွှေခမောက်စာစောင် အမှတ်စဉ်(၁၁၆)

 Shwekhamauk Bull 116

အာဏာပိုင်များကအရက်ကြေငြာများကိုပြုလုပ်ခွင့်မရှိကြောင်းကြေငြာထားသော် ဘီယာ၊၀ီစကီ၊ဒရိုင်းဂျင်စသည့်အဖျော်ယမကာကုမ္ပဏီကြီးများသည် စတင်၍ဈေးကွက်မြှင့်တင်နေ

Red Cat ၀ီစကီ ကြော်ငြာအတွက် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ် ဓာတ်ပုံ-မန္တလေး ဂေဇက်

ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားဘောလုံး
ပြိုင်ပွဲ အတွက် မြန်မာ နိုင်ငံမှ ဘီယာ၊၀ီစကီ၊ ဒရိုင်းဂျင် စသည့် အဖျော်ယမကာ ကုမ္ပဏီ ကြီး များ သည် စတင်
၍ ဈေးကွက် မြှင့် တင် ရေး လုပ်နေ ပြီ ဖြစ်သည်။

ယမန် နှစ် မှ စ၍ အများပြည် သူ နှင့် သက်ဆိုင်သည့် နေရာ များ နှင့် မီဒီယာ များ တွင် အရက်ကြော်ငြာများ
ခွင့် မပြု ကြောင်း ကြေငြာ ခဲ့သော် လည်း ထင်ရှား သော အရက် ကုမ္ပဏီ ကြီးများ က ဖျော်ဖြေပွဲ များ ၊ပရိုးမိုး
ရှင်း ပွဲ များ ဖြင့် ဈေး ကွက် ထိုးဖောက်မှု ပြုခဲ့သည်။

ရန်ကုန်မြို့ တရုတ် တန်း ၁၉ လမ်းရှိ စားသောက် ဆိုင်ပိုင်ရှင် တစ်ဦးက “ကမ္ဘာ့ ဖလားပွဲ အတွက် ဂရန်း ရွိုင်ယလ်
ရော မြန်မာ ဘီယာ ပါ ပရိုမိုးရှင်း တွေ လုပ်ကြတယ်။ ကမ္ဘာ့ ဖလား တံဆိပ် ပါတဲ့ ဂရန်း ရွိုင်ယလ်
ထုတ် ပစ္စည်း တွေ လာချပေး သွားတယ်။ည တိုင်း ကောင် မလေးတွေ နဲ့  ပရိုမိုးရှင်း လာလုပ်ပေးမယ်ပြော
တယ် “ဟု Freedom News Group သို့ ပြောသည်။

ရေကျော် ရှိ ဘီယာ ဆိုင် များ တွင် အထိုင်များ သည့် ဘောလုံးဆောင်း ပါးရှင် တစ်ဦးက ကောင်မလေး
တွေ နဲ့ ညတိုင်း ပရိုမိုးရှင်း ရှိ တယ် ။ဟိုတယ် တွေ က လည်း ကမ္ဘာ့ ဖလား ပွဲ ချိန်ရောက် ရင် သီရေတာ
စတိုင် နဲ့  ဒေါ်လာပေး ရင် ၀င်ကြည့် လို့ ရ အောင် လုပ် မယ် ဟု ဆို သည်။

ကမ္ဘာ့ ဖလား ပွဲကျင်းပချိန် တွင် မြန်မာ နိုင်ငံ ဉ် ဘောလုံး လောင်းကစား မှု မှ အကြီး အကျယ် ဖြစ်ထွန်းပြီး
ယခင် စစ်ထောက် လှမ်း ရေး လက်ထက် က ထောက်လှမ်းရေး တပ်မှုး များ နှင့် ရင်း နှီးသူများ သည် ဘော
လုံးလောင်း ကစား ဒိုင် အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုကြသည်။

တောင်ဥက္ကလာ ရှိ ကမ္ဘာ့ ဖလားပွဲ တိုက် ရိုက် အစီအစဉ် အား ဂြိုလ် တု စလောင်း ဖြင့် အခမဲ့ ပြသမည့် သူ
တစ်ဦး က ကျွန်တော် က ပြလည်း ပြမယ် ဒိုင်လည်း ကိုင် မယ် အမြင့် ဆုံး ဆယ်ဘုံး(ဆယ်သိန်း) အထိပဲ ကျွန်
တော့် ဒိုင်ချုပ် က မင်္ဂလာ ဒုံလေတပ် ထဲ က သူ့ ကို လှမ်းတင် ပေးရမှာ ဟု ပြောသည်။

အာဂျင်းတီးနား အားပေးသူ လူငယ် တစ်ဦးက ဒိုင်တွေ က ဒီနှစ်မှာ တော့ ပေါ်တင် နီးပါးပဲ ရင်းနှီးရင် ဖုန်းနဲ့ 
လှမ်းတင် လို့ ရတယ် ပွဲတွေ အတွက် ကြေး တွေ တော့ ထွက်နေပြီ ဘယ် ကိုယ်ကြိုက် တဲ့ အသင်းထက်
ကြေး တွေ ကြည့်ပြီး ဆုံးဖြတ်ရမယ် ဟု ပြောသည်။

မြန်မာ နိုင်ငံတွင် ဘောလုံး လောင်းကစား ဒိုင် ကိုင်ခြင်းမှာ စီးပွားဖြစ် အမြတ် အစွန်း များ သော လုပ်ငန်း ဖြစ်
ပြီး ထိုလုပ်ငန်း ဖြင့် စုမိဆောင်းမိ ရှိ လာ ပါက ထို သူများ သည် တစ်ခြား လုပ်ငန်း တစ်ခု ကို ပြောင်း လုပ်ကြ
သည် ဟု နိုင်ငံတကာ ဘောလုံး အားကစား သုတေသီ တစ်ဦး က Freedom News Group သို့ ပြောသည်။

မြန်မာ နိုင်ငံ ၏ အဖျော်ယမကာ ဈေးကွက် ဉ် ဂရန်းရွိုင်ယလ် ၀ီစကီ နှင့် မြန်မာ ဘီယာ တို့ မှာ လူကြိုက်များသည်။

၂၀၁၀ ကမ္ဘာ့ ဖလား အတွက် ရွေးချယ်ခြင်းခံရသည့် ဆိုမာလီ အဆိုတော် ကနန်း နှင့် စပန်းနစ်ရှ် ပေါပ်စတား ဒေးဗစ် ဘစ်ဘဲလ် ရဲ့ Waving Flag (MTV karaoke Version)language Somalian ,English,Spanish (ထိုသီချင်းသည် ကမ္ဘာ့ ဖလားပွဲ ၏ အဖွင့် သီချင်းအဖြစ် သီဆိုမည် ဖြစ်သည်)



သတင်းရင်းမြစ်...freedomnewsgroup

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေလှူဒါန်းမှုကုသိုလ် ရေရပြီ သို့သော်...







ရေရပြီ သို့သော် . . .

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေအလှူရှင်တို့၏ ပံ့ပိုးမှုတို့ကြောင့် ရေတိုလုပ်ငန်းဖြစ်သော သောက်သုံးရေ လှူဒါန်းမှုအပြင် ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိတူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်းတို့ကိုလည်း ပဲခူးတိုင်း၊ က၀မြို့နယ်၊ ခနီးကျေးရွာတွင် တူးဖော်ပေးခဲ့ရာ ထွက်ရှိလာသော ရေချိုကို ရန်ကုန်သို့ သယ်ယူပြီး စံချိန် စံညွှန်းပြည့်မီမှု စမ်းသပ်စစ်ဆေးလျှက် ရှိနေပါကြောင်း . . .

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

မင်္ဂလာဈေး ၏ ဈေးသူဈေးသားများ ရဲ့ အခက်အခဲ ရင်ဖွင့်သံ (ရုပ်သံ)

မြဝတီမြို့မှာ ဆရာတော်ကြီးတွေရဲ့ တရားပွဲကျင်းပဘို့တောင် ငွေတွေပေးနေရပါတယ်..

ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားရေးအတွက် ကရင်ပြည်နယ် မြ၀တီမြို့မှာ နိုင်ငံကျော် ဓမ္မကတိက ဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီး တရားပွဲတွေ ကျင်းပတဲ့အခါ ခွင့်ပြုချက်ရရှိဖို့ သာသနာရေးဝန်ကြီးဌာန လက်အောက်ခံ သာသနာထွန်းကားပြန့်ပွားရေးအဖွဲ့ကို ကျပ် (၅) သောင်း၊ မြို့နယ်သံဃာ့နာယကကို ကျပ်(၅) သောင်း ပေးရပါတယ်။ ဒါ့အပြင် အလှူခံခွင့်ရရှိဖို့ လက်မှတ်ထိုးပေးခအဖြစ်လည်း ကျပ် (၂) သောင်း သီးခြား ပေးရပါသေးတယ်။

ပြီးခဲ့တဲ့ မေ (၃၀) ရက်နဲ့ (၃၁) ရက်နေ့တွေက မြ၀တီမှာ ကျင်းပခဲ့တဲ့ တရားပွဲမှာလည်း အလားတူ ငွေပေးခဲ့ရပါတယ်။ သူတို့တောင်းခံတဲ့အတိုင်း မပေးနိုင်ရင် တရားပွဲကျင်းပခွင့်ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်တားမြစ်ကြပါတယ်။

အခုလို မြ၀တီခရိုင်အတွင်းမှာ တရားပွဲကိုမီပြီး ငွေတောင်းခံနေတာကို ဒေသခံတာဝန်ရှိသူတွေနဲ့ အထက်လူကြီးတွေက သိကြပေမယ့် အရေးယူအပြစ်ပေးတာမရှိဘဲ ဝေစားမျှစားလုပ်နေကြပါတယ်။ ဒီလို ဖြစ်ပျက်နေတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် အရေးယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

မြဝတီမြို့ခံ သာသနာဝန်းထမ်းတဦး

01 June 2010

ဧရာဝတီတံတား(မကွေး) ဖြတ်သန်းခများ မသိနားမလည်သူ အများပြည်သူများမှာ နှစ်ဆပေးနေရ


ဧရာဝတီတံတား (မကွေး) ဖြတ်သန်းခ ငွေ(၂ဝဝ)ကျပ် တောင်းပါတယ်။ ယခင်က (၁ဝဝ)ကျပ်သာ ပေးရပါတယ်။ အပြန်ခရီး တံတားဖြတ်သန်းခ ကိုလည်း ငွေ(၂ဝဝ)ကျပ်ပဲ ပေးခဲ့ရပါတယ်။ မင်းဘူးမြို့မှ မကွေးမြို့ ဈေးကြီးသို့ ဆိုင်ကယ်နဲ့ ဈေးရောင်း၊ ဈေးဝယ် လာသူများကလည်း တံတားကြေး နှစ်ဆပေးနေရလို့ ကုန်စိမ်းဈေးများ တက်လာကြောင်း ပြောကြားသံများကို ကြားသိခဲ့ရပါတယ်။

ဂျာနယ်များတွင်လည်း လမ်း၊ တံတားကြေး များကို ကန်ထရိုက် စနစ်ဖြင့် ကုမ္ပဏီများအား ပေးလိုက်ရာ ယခင်ကြေးများထက် စည်းကမ်းမဲ့စွာ ပို၍ ကောက်ခံ တောင်းယူနေကြကြောင်း သတင်းများကို ဖတ်ရပါတယ်။ ဧရာဝတီတံတား(မကွေး)ကိုလည်း ကောင်းမွန် ဆောက်လုပ်ရေး ကုမ္ပဏီက တစ်ခုက လေလံ ဆွဲလိုက်ကြောင်း သိရပါတယ်။

စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ ကားလေး၊ ကားလတ်၊ ကားကြီးများကို တရားဝင်ကောက်ခံရန် သတ်မှတ်ထားသော ဈေးနှုန်းများ စာရင်းအား မိတ္တူတစ်စောင် ပေးပါရန် တောင်းခဲ့ပါတယ်။ လုံးဝ မပေးပါ။ တံတားတိုး ဂိတ်တွင်လည်း သတ်မှတ်ဈေးနှုန်းများကို အများပြည်သူ မြင်သာအောင် ရေးသား ပြသထားခြင်းကိုလည်း ယနေ့ အချိန်ထိ မရှိသေးပါ။

ပြည်သူတဦး

မြန်မာ့အလင်းသတင်းစာတွင်တရားမဝင် ဗီဒီယိုခွေများ ငှားရမ်း ပြသဖြန့်ချိ ရောင်းချသူများအား ထိရောက်စွာ အရေုးယူမည်ဟုဖော်ပြပါရှိ

ပြန်ကြားရေးဝန်ကြီးဌာန ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ ရန်ကုန်တိုင်းမှ ဆင်ဆာမဲ့ မြန်မာဇာတ်လမ်း၊ မြန်မာကာရာအိုကေ၊ လုပ်ငန်းရှင်များက ထုတ်လုပ်သော အငြိမ့်၊ လက်ဝှေ့၊ တရားခွေတို့ကို ဗွီစီဒီ၊ ဒီဗွီဒီ ၊ ခိုးကူးခွေများကို ငှားရမ်း၊ ပြသ၊ ဖြန့်ချိ၊ ရောင်းချ (လမ်းဘေး ဈေးသည်များ အပါအဝင်) သူများအား ဇွန် ၁ ရက်မှ စတင်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ရှင်းလင်း ပွဲကို မေ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။ အစီအစဉ်အရ ဗီဒီယို စိစစ်ကြီးကြပ်ရေး အတွင်းရေးမှူး ဦးသိန်းနိုင်က သတ်မှတ်ထားသော စည်ကမ်းချက်များကို တိကျလိုက်နာကြရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ကျနော်ဆွဲဖွင့်မိသောတံခါးများ နဲ့ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း အင်တာဗျူးသိကောင်းစရာလေးပါ



ပေးပို့ ပေးသော ကိုနစ်နေမန်း အာကျေးဇူးတင်ရှိပါသည်.။

မြန်မာနိုင်ငံမှာရှိတဲ့ ကဗျာဆရာတွေ ပန်းချီဆွဲတဲ့ ရေအလှူ ရန်ပုံငွေပွဲ


ဗီဒီယို ရုပ်ရှင် မင်းသား မင်းသမီးတွေက သီချင်းဆိုသူဆို၊ အငြိမ့်ကသူက၊ လူရွှင်တော် လုပ်သူက လုပ်သလို ဇာတ်မင်း သား အချို့ကလည်း သီချင်းဆို၊ ကဗျာရေး တာမျိုးတွေရှိပါတယ်။ အခု ထူးထူးခြားခြား ပွဲတစ်ပွဲကို ကျင်းပခဲ့တာမြင်ရတာပါ။ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ သောက်ရေသုံးရေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရလို့ ပုဂ္ဂလိက လှူဒါန်းသူတွေ အပါအဝင် ရေကုသိုလ်အဖြစ် ရေအလှူပေးကြတဲ့ သတင်းတွေကြားရ၊ မြင်ရ၊ ဖတ်ရမှာပါ။ ဒီလို ဘက်ပေါင်းစုံကနေ ရေကုသိုလ် အဖြစ် ရေလှူဒါန်းကြတာကို မြန်မာနိုင်ငံမှာရှိတဲ့ ကဗျာဆရာ များကလည်း တစ်ထောင့် တစ်နေရာက ပါဝင်လာကြပါတယ်။

31 May 2010

အညာဒေသရှိ ကျေးရွာများတွင် မီးသတ်ကားများကို ကိုယ့်အားကိုယ်ကိုး ၀ယ်ယူ


အညာဒေသရှိ ကျေးရွာများတွင် ဂါလန်တစ်ထောင်ဆန့် မီးသတ်ကားများ ကိုကိုယ့်အားကိုယ်ကိုး ၀ယ်ယူထားရှိလာကြောင်း သတင်းရရှိသည်။

"စိုင်ပြင်ကြီးကျေးရွာမှ ကျေးရွာလူထုက ၆၈ သိန်း၊ တ.ယ.က က သန်း ၃၀ ပါဝင်ပြီး Good Brothers ထုတ် ဂါလန်တစ်ထောင်ဆံ့ မီးသတ်ယာဉ်ငယ်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ၀ယ်ယူလာပါတယ်။ လယ်တီ မေတ္တာလူမှုကူညီရေးအသင်းက ဦးစီးပြီး အလှူခံပြီး ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ထံမှ လှူဒါန်းနိုင်ခဲ့ပါတယ်။ စိုင်ပြင်ကျေးရွာက စုပေါင်းလှူဒါန်းခဲ့တဲ့ မီးသတ်ကားနဲ့ ပါဆိုရင် နှစ်စီးရှိပါတယ်"ဟု စိုင်ပြင်ကြီးရွာ လယ်တီမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးဇော်လွင်က ပြောသည်။

"ဘုတလင်နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်နယ်က ကျေးရွာတွေက မုံရွာ-ရေဦး လမ်းမပေါ်မှာရှိ တဲ့ စိုင်ပြင်ကြီးရွာမှာ ကုန်စည်ဖလှယ်တဲ့နေရာလို ဖြစ်နေပါတယ်။ ဧပြီလတုန်းက ဖယောင်းတိုင်မီးနဲ့ ဓာတ်ဆီထည့်ရာကနေ အမျိုးသမီးနှစ်ဦး မီး လောင်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ စိုင်ပြင်ကြီး ကျေးရွာအနီးက ရဲထွက်ရွာမှာ နွားစာစဉ်းရင်း ဆေးလိပ်သောက်ရာကနေ မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်။ ကျေးရွာ အနေနဲ့ မေလ ၁၀ ရက်နေ့မှာ မီးသတ်ကားဝယ်ခဲ့တော့ ပတ်ဝန်းကျင် တွေကလည်း ၀မ်းသာရပါတယ်"ဟု ဒီပဲယင်းမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အမေရိကန် ) ဌာနခွဲ ဒုတိယအကြိမ်မြောက် ညီလာခံ မှ သဘောထားထုတ်ပြန်ကြေငြာချက်နှင့် သတင်းထုတ်ပြန်ချက်

Nld Election

MRTV 3 New Studio Complex မြေနှင့် အဆောက်အအုံအား ရွှေတောင် ကုမ္ပဏီက ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ၀ယ်ယူ

ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက် ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ဖြင့် အပြီးအပြတ် ရောင်းချလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်သည် MRTV 3 New Studio Complex အဆောက် အအုံနှင့်မြေနေရာအား ငွေကျပ်သန်း ၁၃ç၀၀၀.၀၀၀ ဖြင့်အပြီးအပြတ်ဝယ် ယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းအတွက် Down payment ကျပ်သန်း ၂ç၀၀၀.၀၀ကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ပေးသွင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရွှေတောင် ကုမ္ပဏီအနေဖြင့် ငွေကျပ် သန်း ၄ç၅၀၀ ကို နှစ်နှစ်အတွင်း ပေးသွင်း ခွင့်ရမည်ဖြစ်ကာ ငွေကျန် ကျပ်သန်း ၆ç၅၀၀ ကို သုံးနှစ်အတွင်း ခြောက်ရစ်ခွဲ၍ ပေးသွင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။


MRTV-3 New Studio Complex အဆောက်အအုံနှင့် မြေနေရာ အား ရွှေတောင်ကုမ္ပဏီအနေဖြင့် ငွေအပြီးသတ်ပေးချေပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနက စနစ်တကျ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။


ယင်းအဆောက်အအုံနှင့်မြေကို အပြီးအပြတ် အမည်ပေါက်ဝယ်ယူထားသူ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင် (အုပ်ချုပ်မှုဒါရိုက်တာ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်) အား မြေဂရမ် ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက်အအုံကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးအား ငွေကျပ် ၉၂၀.၇၁၀ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


ရန်ကုန်မြို့တွင် နိုင်ငံပိုင် ၀န်ကြီးဌာန အဆောက်အအုံများအား ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများသို့ အပြီးအပြတ် ရောင်းချရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် အဆောက်အအုံပေါင်း ၂၀ ကျော်ရှိပြီး ယင်းတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနစုပေါင်း ရုံးများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံး များ၊ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန(သိမ်ဖြူ)ရုံး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန(ဗိုလ်မြတ်ထွန်းလမ်း နှင့် ကုန်သည်လမ်းထောင့်)၊ ပို့ဆောင်ရေးဝန်ကြီးဌာန (သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့်)၊စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးရုံး (ပြည်လမ်း)၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့(အနော်ရထာလမ်းနှင့် လသာလမ်းထောင့်)၊ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီးရုံး (ဗိုလ်ချုပ်လမ်း) စသည့် အဆောက်အအုံ များ ပါဝင်သည်ဟု သိရှိရသည် ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။


နအဖ နေပြည်တော်က အပြန် နေပြည်တော်လမ်းမမှာ မိသားစုစီးလာသော ကား မှောက်ခဲ့ပြီး ဦးအောင်သိန်းလင်း၏ မြေး မောင်ဆက်နိုင်လင်း(ခေါ်)ဖိုးတီလုံးသေဆုံး

နအဖ နေပြည်တော်က အပြန် နေပြည်တော်လမ်းမမှာ မိသားစုစီးလာသော ကား မှောက်ခဲ့ပြီး ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးသွားပါတယ်။



ဦးအောင်သိန်းလင်းရဲ့  သမက်နဲ့  သမီးမှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ရောက်ရှိနေကြောင်း သတင်းသိရှိရပါတယ်။

နာရေးကူညီမှုအသင်း၏ အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း







အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း

ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များအတွက် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။ ပန်းချီပညာရပ်သည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့စေတယ်။ ပန်းချီပညာရပ်သည် အခြားသော ဆေးပညာ၊ စက်မှုပညာ … စသဖြင့် ပညာရပ်များစွာ တို့တွင်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် တိုင်းပြည်တပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ် တစ်ခုပင်ဖြစ်တော့သည်။

ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စ၊ ဒုက္ခသည် (နာဂစ်၊ မီးဘေး၊ ရေဘေး)များအား ဖေးမကူညီ ပံ့ပိုးပေးခြင်းကိစ္စ၊ မျိုးဆက်သစ် လူငယ်လေးများအား အင်္ဂလိပ်စာ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှုအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ပြီး သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားသည့်အပြင် မျိုးဆက်သစ် လူငယ်/လူရွယ်လေးများ အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုဆိုလျှင် တိုင်းပြည်တပြည် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေး၊ လူငယ်/ လူရွယ်လေးတို့အား ပန်းချီရေးဆွဲခြင်း ပညာရပ်ကို အခြေခံမှ အဆင့်ဆင့် ရေဆေးပန်းချီ၊ Outdoor ထွက်မြောက် ရေးဆွဲနိုင်သည်အထိ မျိုးဆက်သစ်ကလေးများ သင်ယူ/ရေးဆွဲနိုင်စွမ်း အတိုင်းအတာ အထိ တတ်မြောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာ မောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများမှ ၀ိုင်းဝန်း ပံ့ပိုးကူညီ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။

ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။

ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။

ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။

ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

connectionကောင်းကောင်းမကောင်းကောင်း..ပြည်သူလူထုအတွက်

အင်တိုက်အားတိုက်ပေးဆပ်နေပါတယ်ခင်ဗျား...။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

နာရေးကူညီမှုအသင်း၏အဝီစီတွင်းများတူးဖော်ပေးခြင်းနှင့်ပညာဒါနထောက်ပံ့ခြင်း..






ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခရောက်နေသော ရွာများသို့ သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပတောင်းမြို့နယ် (တဖက်ကမ်း)၊ ပုတီးကုန်းအနီး ကျူတောရွာ၊ မန်ကျည်းပင်စုရွာများနှင့် ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ရေလုံလောက်မှု မရှိသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန်အတွက် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း မိတ္ထီလာမြို့ အသွားလမ်းပေါ်ရှိ ရေဒုက္ခသည် ရွာသို့ ရေသွယ်တန်းရန် ရေပိုက် ပေအရှည် (၂၄၀၀) အတွက် အလှူငွေ (၇၂၀၀၀၀/-) သိန်းအား လှူဒါန်းခဲ့ပါသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ဆရာတော်မှ ဦးစီးကာ အများပြည်သူ ကိုးကွယ်ပူဇော်ရန် တည်ထားမည့် စေတီတော်တွင် ဌပနာထားရှိရန် ဗုဒ္ဓရုပ်ပွားတော် (၃) ဆူအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့မှ မိမိတို့ နေအိမ်တွင် ကိုးကွယ် ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။


ပညာဒါန ထောက်ပံ့ခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား၊ သမီးများ ယခုနှစ် ၂၀၁၀ - ၂၀၁၁ ခုနှစ် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း (၅) ကြိမ်မြောက် အခမ်းအနားကို ၂၂.၅.၂၀၁၀ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားတွင် မူလတန်းကျောင်းသား/သူ (၁၂) ဦးအတွက် ပညာသင်စရိတ် (၅၀၀၀/-) ကျပ်စီ လှူဒါန်းခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား (၂၃) ဦးအတွက် (၈၀၀၀/-) ကျပ် စုစုပေါင်း (၂၄၄၀၀၀/-) ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထိုနည်းတူစွာ (သာသန-ပရ ထိုနှစ်ဝကို မျှတစွမ်းဆောင် တို့မယ်-မောင်) ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော မေတ္တာတံခွန်အသင်းမှလည်း ပညာဒါန ထောက်ပံ့ခြင်း အခမ်းအနားကို ၃၀.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၂) ၀ိုင်း၊ အောင်စန္ဒာသိဒ္ဓိကျောင်းတိုက် တွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား/သမီး (၃၅) ဦး၊ ရက်ကွက်တွင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦး၊ အနာကြီးရောဂါသည် မိသားစုဝင် ကျောင်းသူ/သားများ (၃၁) ဦးတို့ကိုလည်း ပညာသင်စရိတ်များ လှူဒါန်းခဲ့ပါသည်။ ယင်းသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း သား၊သမီး ကျောင်းသား/သူများ အတွက် တစ်ဦးလျှင် (၅၀၀၀/-) ကျပ်ဖြင့် စုစုပေါင်း (၁၇၅၀၀၀/-) ကျပ်ကို မေတ္တာတံခွန်အသင်းမှ လှူဒါန်းခဲ့ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.