မဟာ
 ဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စ ခန်းဖွင့်ခဲ့သည့် ဟုန်ရှင်းအအေး ခန်းစက်ရုံမှ
 အလုပ်သမားခေါင်း ဆောင်လေး ဦး ကို ကျောက်တံ တားရဲစခန်းမှ 
ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့် 
ဥပဒေပုဒ်မ ၁၈ဖြင့်အ မှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ 
သပိတ်စခန်းဦး ဆောင်ဖွင့်သူလေးဦးကို စက်တင် ဘာ ၂၈ရက်တွင် အမှုဖွင့်ခဲ့ခြင်း 
ဖြစ်ကြောင်း ကျောက်တံတားမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက 
ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။
 ယင်းက ''သူတို့လေးဦးကို လဲ အခြားလူတွေလိုပဲ ဥပဒေအရ အမှုဖွင့်ရတာပါ။ ဥပဒေကို အား လုံးလိုက်နာလေးစားဖို့လိုတယ်ဆိုတာ သိစေချင်လို့ပါ''ဟု ပြော သည်။
ဟုန်ရှင်းစက်ရုံမှ အလုပ်သ မားခေါင်းဆောင် ဦးမင်းမင်းက ''ကျွန်တော် 
တို့တော့ ဘာမှ မသိရ သေးပါဘူး။ ရဲစခန်းက ခေါ်ယူစစ် ဆေး တာလဲမရှိသေး ပါဘူး။ သ 
ပိတ်စခန်းဖွင့်တာနဲ့ပတ်သက်ပြီး တော့ လာပြီးဖြေရှင်းပေးတဲ့ လူ 
ကြီးတွေအကုန်လုံးက ဘာမှမဖြစ် စေရပါဘူး။ တရားလဲမစွဲပါဘူးလို့ 
ကျွန်တော်တို့အလုပ်သမားတွေ အားလုံးရှေ့မှာ ပြောထားခဲ့ပါ တယ်''ဟု ပြောသည်။
အလုပ်သမားများအနေ ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ် သက်၍ 
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ 
ဝန်ကြီးတို့ကိုသာ အ ကူအညီတောင်းခံသွားရန်ရှိ ကြောင်း၊ အလုပ်သမားများအ 
နေဖြင့် အမှုဖွင့်တရားစွဲဆိုပါက လည်း အကူအညီတောင်းခံသွား ခြင်းမှအပ 
မည်သည့်တုံ့ပြန်ချက် မှ ပြန်လည်လုပ်ဆောင်သွားမည် မဟုတ်ကြောင်း 
အမှုဖွင့်ခံရခြင်း နှင့်ပတ်သက်၍ပြောသည်။
လွှတ်တော် ကိုယ်စားလှယ် 
ဒေါ်စန္ဒာမင်းက ''ကျွန်မကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝအ 
ကြောင်းကြားလာခြင်းမရှိတဲ့အ တွက် ကျွန်မအနေနဲ့ ကတော့အ တည် မပြုသေးပါဘူး။ 
အလုပ်သ မားတွေအနေနဲ့ကတော့ သူတို့ ကျူးလွန်ထားတာ ဖြစ်တဲ့အတွက် 
သူတို့ကိုခေါ်ရင် သွားရမှာပါပဲ။ ကျွန်မကို အကူအညီတောင်းလာ ရင်တော့ 
ဥပဒေလမ်းကြောင်းအ တိုင်း အကူအညီပေးသွားမှာပါ'' ဟုပြောသည်။
အဆိုပါဟုန်ရှင်းစက်ရုံမှ အလုပ်သမားများသည်လည်း စက်တင်ဘာ ၂၂ရက်မှ စတင်ကာ 
မဟာဗန္ဓုလပန်းခြံရှေ့တွင် နှစ်ရက် တာ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ပြီး 
အလုပ်သမားများအရေး ကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှဝန်ကြီး 
ဦးစိုးမင်း၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးစော
 နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းနှင့် တာဝန်ရှိ သူများ 
လာရောက်ညှိနှိုင်းပေးမှု ဖြင့် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်ပြီး 
ယခုတွင် ခွင့်ပြုမိန့်မ တင်ဘဲ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ခြင်းကြောင့် 
ကျောက်တံ တားမြို့နယ်ရဲစခန်းမှ အမှုဖွင့် ထားခြင်းဖြစ်ကြောင်း သိရသည်။