31 August 2010

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ငြိမ်းချမ်းမှု အတွက် အတူပျံသန်းကြသူများ...။





ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း

“ငါနေထိုင်ရာဘ၀မှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘ၀ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”

အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“ မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတစ်နေ့မှာ သန်းပေါင်းများစွာ ထဲကတစ်ယောက် ဖြစ်ဦးမှာ ”

အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံယုံကြည်ကြ သလို အနုပညာလောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တစ်ထောင့်တစ်နေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူအတွက် လူမှုရေးလုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာစေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော် တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များ ရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။

ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူးတင်ရှိပါသည်.။