31 August 2010

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိကာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်နေပြီဖြစ်ကြောင်း သိရ


ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီ အချိန်မှစတင်၍ ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၉၁၀)စင်တီမီတာကို ကျော်လွန်ရောက်ရှိနေပြီး ညနေ(၃း၀၀)နာရီ အချိန်ခန့်မှစတင်၍ ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့်(၁)ပေခန့် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီမှ စတင်၍ နောက်(၂၄)နာရီအတွင်း မြစ်၏စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လည်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့် (၁)ပေခန့် ကျော်လွန်နေသဖြင့် အဝေးပြေးကားကြီးများ၊ ကုန်တင်ကားကြီးများနှင့် ပဲခူးမြို့ခံများအနေဖြင့် ခက်ခဲစွာသွားလာနေရကြောင်း eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။