05 February 2011

သြော် သမ္မတတဲ့....

ဘာတွေ ထူးခြားနေလဲတော့ မသိ ကြည့်ကြပါဦး.... တံဆိပ်တွေက အတုတွေလားမသိတဲ့.. ဘေးကပြူးတူးပြဲတဲနဲ့ ကြည့်နေတာ.... ဒါမှမဟုတ် ကြည့်ရတာ စစ်ဝတ်စုံမှာ ရုပ်သေးရုပ်တွေလို ... ကြိုးတွေ ပါနေလို့လားပဲ.. ကြိုးဆွဲရာကရတော့မယ်လေ...။ အချင်းချင်းတောင် မယုံသင်္ကာဖြစ်နေတဲ့ပုံလေ...
သမ္မတ မဖြစ်ခင်ကတည်းက လျှာထွက်နေပြီ.. ပြောင်စပ်စပ်နဲ့.....
တိုက်ပုံ အကျီင်္အနက်၊ ချိတ်ထမီနဲ့ ခေါင်းပေါင်းကို ညာကိုချပါလို့.. အရက်ခွက်ကလည်းပါသေး..
ဆိုင်းဆရာလိုလို ရုပ်သေးဆရာလိုလို ... ဘာတဲ့ ရွှေမန်းကြပ်ပြေး.. ဆိုလားပဲ

AP ကပုံတွေပါ... ရိုက်လဲရိုက်တတ်ပါပေတယ်..

လောလောဆယ် သတင်းမတင်နိုင်သေးလို့ အတို့အထိလေးပဲ တင်လိုက်ပါတယ်...။

04 February 2011

သန်းရွှေရဲ့  အထူးလက်ဆောင် ပန်းပေးမှုနဲ့  သိန်းစိန်တစ်ယောက် သမတ (သန်းရွှေရဲ့  မျောက် တစ်ကောင်) ဖြစ်သွားပါပြီ။



















ဒီနေ့  ကျင်းပတဲ့ နအဖလွှတ်တော်ထဲမှာ ထုံးစံအတိုင်း ကြိုတင်သတ်မှတ်ထားပေးမှုအရ သန်းရွှေရဲ့  အထူးလက်ဆောင် ပန်းပေးမှုနဲ့  သိန်းစိန်တစ်ယောက် သမတ (သန်းရွှေရဲ့  မျောက် တစ်ကောင်) ဖြစ်သွားပါပြီ။ ပလ္လင်ပေါ်က မျောက်ကလေး ဖြစ်သွားပါပြီ။















သိန်းစိန်က မဲအရေအတွက် (၄၀၈) မဲနဲ့  ရတယ်လို့  ဆိုပြီး၊ သူ့ နောက်က တင်အောင်မြင့်ဦးက နောက်ဆုံးကတော့ စိုင်းမောက်ခမ်းက ပါတဲ့။ စိုင်းမောက်ခမ်းကတော့ မကောင်းတတ်လို့  နအဖက တိုင်းရင်သားတွေထဲက ဒုတိယ သမတ ပေးထားတာကို အဟုတ်ကြီး အောင်းမေ့နေပါတယ်။

















သိန်းစိန်နဲ့  တင်အောင်မြင့်ဦးကြားမှာ ညှပ်နေရတဲ့ ပဲကြီးလှော်ကြားက ဆားပုပ်လေးတစ်ပွင့်ဘဲ ဖြစ်နေမလား၊ဆိုတာတင်မကဖူး၊ သန်းရွှေတို့ ရဲ့  ဖြုတ်ထုတ်သတ်ထဲမှာ ဒုတိယ သမတ သက်တမ်းလေးကနေ မနှေးအမြန် အဖြုတ်ခံရမလားဆိုတာ စောင့်ကြည့်ရမျာပါ။










သိန်းစိန် သမတ - တိုင်းပြည်ကြီး ဂျောက်ထဲကြ။

03 February 2011

သုံးယောက်ပေါင်းတော့ လောင်းကျော်ဆိုတဲ့ စကား မှန် မမှန်တော့ မသိဖူး၊ ဒုတိယ သမတ သုံးယောက် ဒီနေ့  ပေါင်းလိုက်တာတော့ မြန်မာပြည်ကြီး အသက်အန္တရာယ် ပိုဆိုးပြီ။
























ဒီနေ့  နအဖလွှတ်တော်မှာ ဒုတိယ သမတများအဖြစ် မဲခွဲရွေးချယ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ မဲခွဲတဲ့အခါ သိန်းစိန်က (၂၇၆) မဲ၊ စောသိန်းမောင်က (၃၈) မဲ ရရှိကြပြီး သိန်းစိန်က ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။

အမျိုးသားလွှတ်တော်မှာ စိုင်းမောက်ခမ်းက (၁၄၀) မဲ၊ ဒေါက်တာအေးမောင်က (၂၇) မဲ ရရှိကြပြီး ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။

တင်အောင်မြင့်ဦးကတော့ နအဖ တပ်မတော်သား အစုအဖွဲ့ ကနေ ဖြစ်တာမို့  ပြိုင်ဘက်မရှိဘဲ ဒုတိယသမတအဖြစ် ရရှိပြီးသား ဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဒုတိယ သမတတွေကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မနက်ဖြန် နအဖ ဒုတိယ သမတ (၃) ဦးထဲကနေ တစ်ဦးကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

နအဖတွေ နဂိုကတည်းက အကွက်ချထားပြီး ဖြစ်တဲ့အတိုင်း အကွက်ဆင်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံဥပဒေကြီးကို အမှီပြုရုံမက နအဖစစ်တပ်က အထူးစီမံင်္ရေးချယ်ထားတဲ့ အနိမ့်ဆုံးအဆင့် ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ပါဝင်တဲ့ (၂၅%) ရယ်၊ ကျန်တဲ့ (၇၅%) ထဲမှာလည်း မဲလိမ်ရယူထားပြီး တစ်ဘက်သတ်အနိုင်ကျင့်နေရာယူထားတဲ့ ကြံ့ ဖွတ်ပါတီရယ် ဒီအပြင် နအဖအလိုတော်ရိ ကပ်ဖားယက်ဖားတွေရယ် ရှိနေကြတဲ့ ဒီနအဖလွှတ်တော်ကြီးထဲမှာ မဲခွဲရွေးတယ်ဆိုတဲ့ ဟန်ပြလုပ်ဆောင်ချက်ကတော့ ပေါ်တင်ညာတာကြီးမှန်း အထူးပြောနေစရာ မလိုပါဖူး။ သမတတွေ ဒုတိယသမတတွေဟာ နအဖ ဗိုလ်ချူပ်ကြီးတွေ (ယူနီဖောင်းချွတ်ပြတွေ)၊ နအဖတွေ ပါဝင်ဦးစီးထားတဲ့ ကြံ့ ဖွတ်တွေ၊ နအဖ အလိုတော်ရိတွေထဲကဘဲ ဖြစ်မယ်ဆိုတာ အံ့သြနေစရာ မလိုပါဖူး။

နအဖသန်းရွှေတို့ ရဲ့  လုပ်ရပ်တွေက နားလှည့်ပါးရိုက် မဟုတ်ပါဖူး၊ ရဟန်းရှင်လူ ပြည်သူလူထုရဲ့  ခေါင်းပေါ်ကို တက်ပြီး ချီးတက်ပါ စော်ကားပြနေတာဘဲ ဖြစ်ပါတော့တယ်။

သင်တို့ ဘယ်လို ယူဆနေကြလဲ?

သင်တို့ ဘယ်လို ယူဆနေကြလဲ?

အခုတလော ဖတ်ရ-ကြားရတာ အများကြီးထဲက ခေါင်းထဲမှာလာပြီး စွဲစွဲမြဲမြဲ ဖြစ်နေတဲ့ မေးခွန်းကတော့ လူငယ်တွေ အတော်ကို လှုပ်ရှားမှုမှာ (လူမှုရေး-ပညာရေး-ကျန်းမာရေးစတဲ့ အရေးပေါင်း များစွာထဲမှာ) ပါဝင်ပြီး တက်တက်ကြွကြွ ဦးဆောင်တာဝန်ယူ လုပ်ကိုင်လာတာက နိုင်ငံနဲလူမျိုးအနာဂတ်အတွက် အတော်ကို သင့်တော် ကောင်းမွန်တဲ့ အရာဖြစ်နေတယ်။ ဒီအတွက် ယခုခောတ် လူငယ်မျိုးဆက်တွေဟာ ဘာကြောင့် အရင်ကထက် တာဝန်ယူတတ်ပြီး တာဝန်ကိုထမ်းဆောင် တတ်လာတာလဲဆိုတာကို ဆက်တိုက်လိုလို မေးနေမိတယ်။

ခတ်ညံညံမဟုတ်တာတော့ သေချာနေပြီ ၂၀၀၇ခုနှစ် စက်တင်ဘာအရေးအခင်းကို ကောင်းကောင်းမြင်တွေ့ သိရှိခဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် ဖိနှိပ်မှု-မတရားမှုတွေကို ကြောက်ရွံနောက်ဆုတ် အရှုံးမပေးဘဲ၊ ရဲရဲဝံ၀ံ ၀ိရိယ-ဇွဲ-လုံလအပြည့်နဲ အနာဂတ်အတွက် ကြိုးပမ်းပြင်စဉ် နေကြတယ်။ တော်ယုံနဲ ပြန်လည်တည်ဆောက်လို့ ဖြစ်နိုင် ရနိုင်တဲ့ စိတ်ဓါတ် မဟုတ်ပါဘူး၊ ဘာကြောင့် အချိန်တိုအတွင်း ဒီလောက်မြန်မြန် တုန့်ပြန်ပြီး အဖြေရှာ ဖောက်ထွက် လေ့ကျင့် တည်ဆောက် နိုင်တာလဲ။

မြန်မာနိုင်ငံတွင်း-ပြင် နေထိုင်ကြတဲ့ လူငယ်အများစု မျိုးဆက်တွေမှာ အခြေခံကျကျ ယုံကြည်ထားတာ ရှိလိုဆိုတာကို သေချာတွေးကြည်ရင် မြင်နိုင်ပါတယ်။ ယုံကြည်ချက်ခိုင်မာနေတာကြောင့် ဟန့်တားနှောက်ယှက် ခြိမ်းခြောက်လိုက်လို့ နောက်ဆုတ်ရမှာလား၊ ဘယ်အရာက ရန်သူလဲ၊ ရန်သူတည်ဆောက်ပေးချင်တဲ့ စိတ်ဓါတ်က ဘာလဲဆိုတာ ကောင်းကောင်း မြင်နိုင်၊ နားလည်နိုင်လို့ စစ်အာဏာရှင်ဖိနှိပ်သူတွေ လိုလားတဲ့ လမ်းကြောင်းကို မရောက်ဘဲ ဖောက်ထွက်ပြီး တက်ကြွစွာ လှုပ်ရှားနေတာကို မြင်ရတာဖြစ်တယ်။

သူတိုကိုယ်ကို သူတို့ ဒီလောက် တန်ဖိုးကြီးကြီးရှိနေတဲ့ စိတ်ဓါတ်-ယုံကြည်ချက်တွေပိုင်ဆိုင် ရှင်သန်နေတဲ့ မျိုးဆက်တွေပါလားဆိုတာ မြင်ချင်မှမြင်လိမ့်မယ်။ ဒါပေမယ့် ဘေးကကြည့်ပြီး သိချင်လို့ ဆန်းစစ်တဲ့ လူတွေ အနေနဲကတော့ တောအုပ်တစ်ခုလုံးကို မြင်နိုင်တာပေါ့သြော် ယနေ့ခောတ်မျိုးဆက်တွေ ပိုင်ဆိုင်နေတဲ့ ယုံကြည်ချက်နဲ တစိုက်မတ်မတ် ဟန်ချက်ညီညီ တဆင့်ဆီ လှမ်းနိုင်မယ်ဆိုရင် မကြာမှီ တိုင်းရင်းသား မိဘပြည်သူတွေ ပါဝင်တည်ဆောက်လိုတဲ့ နိုင်ငံဖြစ်မှာ သေချာပြီ။

အချို့က လက်မခံလို့ ငြင်းဖို့ရှိနိုင်တယ်၊ သိချင်လို့ မေးဖို့ရှိနိုင်တယ်၊ အပစ်တင်ချင်လို့ ပြောဖို့ရှိနိုင်တယ်၊ အမျိုးမျိုးပေါ်လာနိုင်တာတွေကို ကြိုဆိုပြီးဘာကြောင့် မြန်မာနိုင်ငံမှာ အရှိန်အဟုန်းနဲ ပြောင်းလဲမှု ဖြစ်မှာလဲ ဆိုတာသေချာအောင် ဆက်ပြီးပြောလိုက်ချင်တယ်။

စစ်အာဏာရှင်ဖိနှိပ်သူတွေ နိုင်ငံအပေါ် အမြတ်ထုတ်တာ မြင်သာထင်သာ ဖြစ်နေပြီ၊ ရပ်ကွက်တွင်းမှာတင် စိတ်ဓါတ်ပျက်သွားတဲ့ မျိုးဆက်တွေကို လက်မခံလိုတဲ့ လူငယ်တွေ များသထက်များလာပြီ၊ တပ်မတော်သားတွေနဲ မိသားစုတွေ ဘ၀ဟာ ငတ်တလှည့်ပြတ်တလှည် ရပ်တည်နေရတာကို ငြီးငွေ့နေပြီ၊ တစ်ခုခုများပြောင်းလဲမလားလို့ မျှော်လင့်ပြီး စောင့်နေတဲ့  ၂၀၀၈ခုနှစ် မတရား စစ်ဖွဲစည်းပုံနဲ ၂၀၁၀ခုနှစ် တဘက်သတ် ရွေးချယ်ပွဲ၊ မလွတ်လပ်တဲ့ (စစ်) လွှတ်တော်လဲ ခေါ်ပြီးပြီ၊ နိုင်ငံသားတွေ ဘ၀ကဘာမှ ထူးထူးခြားခြား မပြောင်းလဲဘူး ဖြစ်နေတယ်ဆိုတာ နေ့စဉ် ခံစားရတာ အတော်ဆိုးလာပြီ၊ ငြိမ်ခံနေလို့ မတွန်းလှန် မဆန့်ကျင်တက်ဘူးလို့ ထင်နေရင် မှားသွားမယ်ဆိုတာကို လမ်းတွေ၊ ရပ်ကွက်တွေမှာ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပြီ၊ တိုင်းပြည်နဲလူမျိုးအကျိုးအတွက် နိုင်ငံသားတွေကို လွတ်လပ်စွာ ပါဝင်ခွင့်ပေးပြီး တည်ဆောက်ဦးဆောင်မယ့် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲအတူ တိုင်းရင်းသားခေါင်းဆောင်တွေလဲ ရှိနေပြီ၊ စနစ်ဆိုးနဲလူဆိုးက ဘာလဲဆိုတာ ကောင်းကောင်းသိနေတဲ့ အချိန်ကာလဖြစ်သွားပြီ၊ သီးခံစောင့်ဆိုင်းခြင်း ကာလကျော်လွန်သွားပြီ၊ အားလုံးပူးပေါင်းပြီး လုပ်မှဖြစ်မယ်ဆိုတာထက် ဟန်ချက်ညီညီ ရည်ရွယ်ချက်-ရည်မှန်းချက် ပြည့်ဝအောင် ဆောင်ရွက်လို့ ရတယ်ဆိုတာကို ပိုမိုနားလည်နေကြပြီ၊ သီးခံဖြေးရှင်းရမှာနဲ တွန်းလှန်တိုက်ခိုက်ရမှာကို ကောင်းကောင်းလေ့ကျင့်ထားပြီးပြီဒါကြောင့် ရိုက်ခတ်လာနိုင်တဲ့ လှိုင်းတပိုးကို စောင့်မနေဘဲ - ကြည့်ပြီး အားပေးယုံ မဟုတ်ဘဲ...

သင်နဲကျွှန်ုပ်တို့ ဘယ်နေရာက ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်မယ့်လို့ တွက်ဆခန့်မှန်းထားလဲဆိုတာ အဖြေထုတ်ပြီး လက်တွေ့အလုပ်နဲ သက်သေပြ ပါဝင်ကြဖို့ သံဓိဌါန်ချပြီး မှန်မှန်တက်မယ့် အရှိန်ရခြေလှမ်းများမှ အောင်ပွဲလမ်းကြောင်းဆီသို့ ဆက်လက်လှမ်းကြပါစို့။          ။

မြစ်ခံ

02 February 2011

မနေ့က ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်တဲ့ တံခါးပိတ် လွှတ်တော်ဖွင့်ပွဲ အခမ်းအနား (ရုပ်သံ)

မနေ့က ကြပ်ပြေးမှာ ပြုလုပ်တဲ့ တွင်းပိတ် ဖွတ်တော် ဖွင့်ပွဲအခမ်းအနား ရုပ်သံ...

ပြည်သူ့လွှတ်တော်ဥက္ကဌက သူရရွှေမန်း၊ ပြည်သူ့လွှတ်တော် သဘာပတိက ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ဥက္ကဌက ခင်အောင်မြင့်၊ ဒုဥက္ကဌက ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် သဘာပတိက ဦးခက်ထိန်နန်၊ ပြည်ထောင်စုလွှတ်တော် နာယက ခင်အောင်မြင့်၊ ဒုတိယ သမ္မတလောင်းက ဗိုလ်သိန်းစိန်နဲ့ ဦးစောသိန်းအောင် (လှိုင်းဘွဲ့မဲဆန္ဒနယ်) လွှတ်တော် ထဲကို မြန်မာ့အသံက သတင်းရိုက်သူတွေတောင် မ၀င်ရဟု သိရှိရပါကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးမှ ပေးပို့လာပါတယ်...။

31 January 2011

နအဖတို့ ယနေ့ စတင်လိုက်သော သံတိုင်များ အစောင့်များကြားက လွှတ်တော်ပွဲ။














ယတြာခြေထားတဲ့အတိုင်းဘဲ နအဖလွှတ်တော်ကို မနက် (၈) နာရီ (၅၅) မိနစ်တိတိမှာ ဖွင့်လှစ်လိုက်ပါတယ်။ နအဖလွှတ်တော် လာတက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံတော်ဧည့်ဂေဟာနေရာကနေ စီစဉ်ထားတဲ့ ဘတ်စ်ကားများနဲ့  ခေါ်ဆောင်သွားပါတယ်။ သတ်မှတ်ခိုင်းစေထားတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်များဟာ အမျိုးသားများက တိုက်ပုံအင်္ကျီအဖြူရောင်များ အမျိုးသမီးများက လက်ရှည် ရင်ဖုံးအင်္ကျီများ ၀တ်ဆင်ကြရပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များကတော့ သက်ဆိုင်ရာတိုင်းရင်းသားရိုးရာဝတ်စုံကို ၀တ်ဆင်ကြရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များလည်းဘဲ အိတ်များ ဖုန်းများ ကင်မရာများ ကွန်ပျူတာများ အသံသွင်းစက်များအပါအ၀င် မည်သည့် အီလက်ထရောနစ်ပစ္စည်းကိုမှ သယ်ဆောင်ခွင့် မပြုပါဖူး။

















လွှတ်တော်ကိုယ်စားလှယ်များကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားများအပါအ၀င် ကားများအားလုံးကို မိုင်းရှာဖွေတဲ့ စက်တွေနဲ့  ကားပေါ်ကားအောက် ရှာပါတယ်။ ထို့ အတူ ပါလီမန်အဆောက်အဦးခန်းမအတွင်း မ၀င်ခင်မှာလည်း ခန္ဓာကိုယ်ပေါ် ရှာဖွေ စစ်ဆေးပါတယ်။


















နေပြည်တော်ကို ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားသတင်းထောက် (၁၈) ဦးအပါအ၀င် ပြည်တွင်းပြည်ပသတင်းထောက်များ၊ သံတမန်များ၊ သွားရောက်ကြည့်ရှူသူ အရပ်သားပြည်သူများကိုတော့ ၀င်ရောက်ခွင့် မပြုဘဲ ပိတ်ပင်တားဆီးထားပါတယ်။

သမိုင်းဝင် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးအား တပ်ချုပ်ကြီးမှ ရွှေသင်္ကန်းကပ်လှူရန် စီစဉ်နေခြင်း..

သပ်ပယ် ကြည်ညိုဖွယ် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး

စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးဟာ ခေတ်အဆက်ဆက်မှ စ၍ယခုထက်တိုင် ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ မြန်မာပြည်မှာ တွေ့ရခဲတဲ့ ပုထိုးစေတီတော်ကြီး ဖြစ်ပါတယ်..။ အဆိုပါ ခေတ်အဆက်ဆက်မှ စ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ စေတီတော်ကြီးအား ပြီးခဲ့တဲ့ ဒီဇင်ဘာလက တပ်ချူပ်ကြီး သွားရောက် ပူဇော်ပြီးချိန်မှစ၍ ယခုအခါ အဆိုပါ ခေတ်အဆက်ဆက်မှ ကပ်လှူပူဇော်ထားတဲ့ ထုံးသင်္ကန်းအစား ရွှေသင်္ကန်းကပ်ရန် စီစဉ်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရှိရပါတယ်..။ မည်သည့်အတွက်ကြောင့် ထိုသို့စီစဉ်သည်ကို မသိရှိရသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်မှု နောက်ကွယ်၌ ဗေဒင်၊ ယတြာ အခါပေးများ ပါရှိနေတာကတော့ မြေကြီး လက်ခတ် မလွှဲပါဘူး။ ယခုအခါ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုးမှ ဘုရားပုရ၀ုဏ်အတွင်း ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်း လာရောက် ရိုက်ယူသူများထံမှ နာမည်၊ လိပ်စာ၊ မှတ်ပုံတင် နံပါတ်များအား မှတ်တမ်းတင် ကူးယူထားရန် အမိန့်ထုတ်ထားကြောင်း သိရှိရပါတယ်..။ 

သမိုင်းကို ထိန်းသိမ်း ကောင်းရမှန်းမသိ တန်ဘိုးထားရကောင်းမှန်း မသိပဲ ယတြာနဲ့လဲဖို့ ဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့  မြန်မာပြည်ရဲ့  စစ်အာဏာရှင်တွေပါပဲ... ။

သတင်း... ဒီမိုဝေယံ

ယခုအခါမှာတော့ ရွှေသင်္ကန်းကပ်ရန် စီစဉ်နေပါပြီ..
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားသမိုင်း

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

 ပုံသဏ္ဌာန်

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။

စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓ၀င် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။

(၃၀)ရက်နေ့က ကြပ်ပြေး နေပြည်တော်ကို ရောက်ရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များမှ ငါးမရရေချိုး မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ကြပ်ပြေးမှ ဓာတ်ပုံအချို့..

ရွှေတိဂုံနဲ့ ပုံစံတူ နေပြည်တော်မှ ဥပ္ပါတသန္တိစေတီတော်
 ဥပ္ပါတသန္တိစေတီတော် အတွင်းပိုင်း မြင်ကွင်းတစ်ခု
လွှတ်တော်ရှေ့ မြင်ကွင်း.. ဒီနေ့ ၈နာရီ၅၅မိနစ်မှာ ယတြာချေ ခေါင်းညိတ်ပွဲကြီး စတင်နေပါပြီ..
လွှတ်တော်ရှေ့က ထုံးစံအတိုင်း လုံခြုံရေးရဲများ...
ကြပ်ပြေးနေပြည်တော် ပန်းခြံနှင့် အလုပ်သမများ

ကြပ်ပြေးမှ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ တည်းခိုခန်းအတွက် ပစ္စည်းများ သယ်ဆောင်လာတဲ့ အလုပ်သမများ
ကြပ်ပြေးကို လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ အဖွဲ့ချုပ်ဝတ်စုံနဲ့ လွှတ်တော်တက်မယ်ဆိုတဲ့ NDF ပါတီက အရွေးခံကိုယ်စားလှယ် ဦးစိုးဝင်းနှင့် လက်ထောက်တစ်ဦး ..သြော်... ကြံဖွတ်က တစ်ရာ နှစ်ရာ.. အတိုက်အခံက တစ်ယောက်တည်း ဆိုသလိုပေါ့..
ဓာတ်ပုံများ Getty Image နဲ့ Reuters

မြန်မာနိုင်ငံမှာ အနှစ်(၂၀)ကျော် အတွင်း ပထမဦးဆုံး ကျင်းပမယ့် လွှတ်တော်အတွက် ကြပ်ပြေး ခေါ် နေပြည်တော်သို့ လွှတ်တော် ကိုယ်စားလှယ် ၁၀၀၀ဦးခန့်ဟာ တစ်နေ့အသုံးစားရိတ် မြန်မာငွေ ကျပ်တစ်သောင်း ရယူလျှက် ကမ္ဘာမှာ မရှိဘူး မကြားဘူးတဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ တံခါးပိတ် အလုံလွှတ်တော် တက်ရောက်ရန် ကြပ်ပြေးနေပြည်တော်မှာ ရောက်ရှိနေပါတယ်..။ ကင်မရာ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်စာတမ်းများ ယူဆောင်ခွင့်မရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့တူတဲ့ အဆိုပါ ကြံ့ဖွတ်များ လွှမ်းမိုးရာ လွှတ်တော်သို့ ယနေ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်..။ တိုင်းပြည်အတွက် အလွန်အရေးပါပါတယ် ဆိုတဲ့ အာဏာရှင်တွေရဲ့ အဆိုပါ လွှတ်တော်သတင်းအား သက်ဦးဆံပိုင် မင်းတြားကြီး အမိန့်နဲ့ မည်သည့် သတင်းမီဒီယာကိုမျှ တက်ရောက် သတင်းယူခွင့်အား ခွင့်ပြုခြင်း မရှိသေးပါဘူး..။ ပြီးခဲ့တဲ့ အစောပိုင်းက ရရှိတဲ့ သတင်းများအရ သတင်းမီဒီယာများအား သတ်မှတ်ထားသော မှန်လုံခန်းအတွင်းမှ သတင်းယူခွင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဏာရှင်ကြီး၏ အလိုကျ မီဒီယာများအား တက်ရောက်ခွင့်အား တားဆီးပိတ်ပင်ခဲ့ပါတယ်..။ သို့ပါသော်လည်း ပြည်တွင်း သတင်းထောက်များနဲ့ နိုင်ငံခြား သတင်းထောက်အချို့မှ ခွင့်ပေးလို ခွင့်ပေးငြား မင်းတြားကြီး စိတ်ပြောင်းလို စိတ်ပြောင်းငြား ဇွဲမလျှော့ပဲ ၂၉ရက်နေ့ကတည်းက ကြပ်ပြေးသို့ ရောက်ရှိနေပါတယ်...။ လောလောဆယ် နိုင်ငံခြား သတင်းထောက်များမှ ငါးမရ ရေချိုးပြန်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြပ်ပြေးမှာ ရိုက်ယူထားတဲ့ လတ်တလော သတင်းဓာတ်ပုံများအား တင်ပြလိုက်ရပါတယ်..။

ဝါရင့် သတင်းစာ ဆရာကြီး လူထုစိန်ဝင်းရဲ့ DVB နဲ့ အင်တာဗျူးမှာ ပါတဲ့မှတ်ချက်လေးကတော့


စစ်ကိုင်းမြို့ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ဒါးပြတိုက်သလို ငွေများစွာ အတင်းအကြပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန် ...

စစ်ကိုင်းမြို့ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ဒါးပြတိုက်သလို ငွေများစွာအား အတင်းအကြပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန်

ငွေအမြဲတမ်း မဟားဒယား အကြောင်းမျိုးစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏အမည်မှာ
၁ ။ ဒေါ်ခိုင်ခိုင်လတ်
၂ ။ ဒေါ်အေးငြိမ်းအိ

ကျွန်တော်၏ ကိုယ်တွေ့
ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ယောက်ရယ် ညီမလေး၁ ယောက်ရယ် ရှိပါတယ်…။

ယ္ခုဖြစ်ရပ်မှာ ပုံစံ(၁၇) လုပ်ခဲ့သောကျွန်တော်၏ ကိုယ်တွေ့ အမှန်တစ်ကယ် ဖြစ်ရပ်ဖြစ်ပါသည် …ပုဂ္ဂိုလ်ရေး လုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ်…။

ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ(၁ရ)လုပ်သောအခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ၀င်ငွေခွန်ဆောင်ပြီးသားသူများအတွက် ကျပ် ၁သောင်း ပတ်ဝန်းကျင် လောက်သာ ချမှတ်ပေးပါရန်နှင့် ၄င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်းညှစ်မှု့ဖြင့် လိုအပ်သလို အရေးယူပေးပါရန် နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။

ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအား သည်းခံပေးပါရန်..အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင် နှင့် နယ်ခံဖြစ်သောကျွန်တော်၏ မိဘများမှာ နောက်လာမယ့် ကိစ္စများ တွင် ဒုက္ခရောက်မည် စိုးသောကြောင့်ဖြစ်ပါသည်… L ….။

ဖြစ်စဉ်…။ ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်… ကျွန်တော်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့ တက်ရောက်၍ မိဘများကိုအလုပ်အကြွေး ပြုချင်သောကြောင့် ကိုယ်ဒူးကိုချွန်ကာ သင်တန်းတွေကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစား လခရသော ရေနံ ကုမ္ပဏီတစ်ခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့် ရခဲ့ပါတယ်ခင်ဗျား…။

ကျွန်တော်၏ မိဘအပေါ်သိတက်မှု့နှင့် ကြိုးစားမှု့ကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စေလွှတ်မှု့အခွင့်လမ်း တစ်ခု ပေါ်ပေါက်လာခဲ့ရပါတယ်…။

အဲဒီမှာ စတွေ့တာပါပဲခင်ဗျာ…. သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ(၁၇) ကစစ်ကိုင်းကို ပြန်လုပ်ရတော့တာပါပဲ….။

ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမများလည်း ရှေ့ကနဦးကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက်(၂)နှစ်အတွင်း ကျွန်တော်မြင်တွေ့ ကြားသိနေရပါတယ်… ဒီလို ရန်ကုန်မြို့တော်ကြီး မှာတောင်.. ပုံစံ( ၁ရ ) လုပ်ကြတဲ့အခါတိုင်းမှာ ရုံးက လစာထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေအခွန်ထမ်းဆောင်ပြီးကြောင်းထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀၀ ) ပဲတောင်းခံပါသတဲ့.. ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။

ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့ အတွက်ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ ။

ဇာတ်လမ်းက အဲဒီ အခွန်ရုံးကိုရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ပါ။ ဘာတွေ လိုအပ်ပါသေးလည်း အရင်မေးပါတယ်… ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ လိုပါတယ်ဆိုလို့  ကျွန်တော်မှာ တောင်နဲ့မြောက် တကယ်ကို အပြေးလွှား သွားခဲ့ရပါတယ်…။

ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ်…။ ကိုယ်လိုတာရလို့ သဘောကောင်းတယ်လို့ ပြောတာ မထင်စေချင်ပါဘူး…ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ..။ ထောက်ခံစာလုပ်ပြီးလို့ အကို ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့..ရပါတယ။် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀၀ ပဲတောင်းပါတယ်ခင်ဗျာ..။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန် ထည့်ပေးခဲ့ပါတယ်.။

အားလုံး စုံလို့ အခွန်ရုံးပြန်ရောက်လာခဲ့ပါတယ်…။ ဒုဦးစီးမှုး အဲဒီဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့ အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက်ငယ်မယ့် ပုံရတယ။် သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ…. မျက်နာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ..။

သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုးသဗျာ ..။ အဲဒီ အမျိုးသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါတယ်…။ သူ့ဆီက ပိုက်စံလာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက်ပြောလိုက်နဲ့ဗျာ…။

ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄သောင်းပေးရပါမယ်တဲ့ဗျာ…။ ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ်လုပ် ငါးထောင်ပဲ ……။ ကျွန်တော်လည်းမခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက်မပေးနိုင်ဘူးပေါ့…။ နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်…။

အဲဒါဆို သန်းခေါင်စာရင်းလေးပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကိုသူ့ကိုပေးလိုက်ပါတယ်…။ စာရွက်ကြည့်ပြီး အော် ….ဦး--- ရဲ့သားကိုးတဲ့…. …။ စတင်ပြီး အပြစ်ရှာပါတော့တယ်…။ မင်းအဖေက စားသောက်ဆိုင် ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့…..။ ကျွန်တော် တော်တော် အံ့သြ သွားတာပါ..။ တကယ်လည်း အဲဒါကိုမသိပါဘူး….။ 

မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီးဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှု့နဲ့ ၁ နှစ်ကို ၁၂၀၀၀၀ (တစ်သိန်း နှစ်သောင်း) ကို ၆လ ၁ခါ ၆သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန်မဆောင်ပဲ ရှောင်ပြေးနေတာတဲ့…။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁၇ ) လုပ်ပေးမတဲ့ဗျာ… အကြီးဆုံးဦးစီးမှုးကိုလည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ရအောင်ပြောပေးမတဲ့ဗျာ…။

ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ…။ ကျွန်တော်ကလည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ။ ဘာမှမဆိုင်တာ မဟုတ်ဘူးလား မေးတော့ .. အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက် ခက်နေအောင် ဘာတွေပြောမှန်း မသိပါဘူးဗျာ…။ ဒါနဲ့ပဲကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကိုအခွန်ဆောင်ဖို့တွက် ဖုန်းနဲ့လှမ်းမေးတော့…

အဖေ………….ဟင် မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂လပဲရှိသေးတယ်တဲ့…

ကျွန်တော်….ဟာ ဒါဆို အကိုကြီးကိုမေးဦးမှပဲ…။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်း ပြောပြလိုက်တော့…။ အကိုကြီး……..တောက် xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ် ပြောတယ် ဟုတ်လား အေး..ငါခုပဲလာခဲ့မယ် ..အဲဒီမှာစောင့်နေ…။

အကိုကြီး စာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်…အဲဒီ ခိုင်ခိုင်လတ် အခန်းထဲဝင်သွားပါတယ်…။ အကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂လပဲရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်းဆိုတော့…. ဝေ့လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေလွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကိုတောင်းတာ မဟုတ်ပါဘူး..။ ကြိုတင်ခွန်ဆောင်ဖို့တောင်းတာပါ ဆိုပြီး လေသံတွေလျှော့သွားပါတယ်..(စောနက လေသံထက် အနည်းငယ်ပေါ့) ။

ကြိုတင်ခွန်က ဘာလို့ဆောင်ရတာတာလည်းမေးတော့ …စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန်ပါတယ်…။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကိုခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်းမေးမြန်းကြပါတယ်…။ ဘယ်သူမှ မဆောင်ရသေးပါဘူးတဲ့…ကဲ နည်းမျိုးစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်…။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့…အဲဒီမိန်းမ မျက်နှာက စိတ်ပျက်လက်ပျက်နဲ့ အရှက်မရှိစွာနဲ့ …ဒါက ဒီလို အလွယ်ပြောလိုက်တာပါ…အမှန်က နိုင်ငံခြားသွားတဲ့လူတိုင်း ကြိုတင်ခွန်ဆောင်ရတာတဲ့… ။ မဆောင်ရင် လုံးဝကို ပုံစံ(၁၇) မပေးနိုင်ပါဘူး လို့ပေါ်တင်ကိုပြောပါတယ်ဗျာ…။ သွားတာက ကျွန်တော်ပါ..ခုက အဖေပိုင်ဆိုင်တာကို အခွန်လည်းဆောင်ပြီးပါပြီ….မဆိုင်တာတွေကို အတင်းထပ်ခါထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ် တောင်းနေတာပါဗျာ ကဲ။

ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ ကို အပေါ်ကတောင်းတဲ့အတိုင်း မတောင်းချင်လို့… ဒါကိုမင်းတို့က ဖြစ်ပျက်နေတယ်လည်းဆိုရော..ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ ဆောင်မယ် ..ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ.. ခုလက်ရှိဆောင်တာရော ထိုးပေးပါလို့ပြောတော့… အို….အဲဒါတော့ ဘယ်ဖြစ်မလည်းတဲ့… ဘောက်ချာ လက်ခံတောင်းတော့ အတော် ကြောက်ကန်စွာငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ….။ အလုပ်သွားလုပ်တာလည်း မဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်းတက်ခိုင်းလို့ သွားတက်ရမှာပါဗျာ နိုင်ငံခြားလည်းမရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ…။ မိဘ တွေကဆို နိုင်ငံခြား သွားရလို့ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ..။

ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးအားကို ရှင်ကြီးကျားထက်ဆိုးနေတဲ့ အဖြစ်နဲ့ တိုးနေတာပေါ့ဗျာ…။ ဘယ်တက်နိုင်မလည်း သူတို့ပေးမှ သွားရမယ့်အဖြစ်ကိုဗျာ အဲဒါနဲ့ အကိုလည်း ၆သောင်းဆောင်…. ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး ..ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ…။ ကုမ္ပဏီ ကနိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ… ကယ်ကြပါဦး အရပ်ကတို့ရေ….ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျ…ရန်ကုန်သူ ရန်ကုန်သား တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး….ဟူးးးးးး…။

အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့်.. ဤလို ဝန်ထမ်းများအား အမြန်ဆုးံ ဆုံးမအရေးယူနိုင်သောသူ ပေါ်ပေါက်လာပါစေ….။ ဤစာရသောသူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမ များအား သနားသောအားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်….လေးစွားစွာ ဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား….။

ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား …။

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။ (ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်တဲ့ ကြားဖူးတဲ့ သီချင်းလေးပါ..)

30 January 2011

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို့ ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို့ ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

(တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို့ ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ (pdf file) အား ဒေါင်းလုပ်လုပ်လိုပါက - http://www.multiupload.com/8O3JFHG6UX)

ဒီဇင်ဘာလ (၁၇) ရက်နေ့ က တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ်ခရိုင်ကောင်စီရုံးရှေ့ မှာ မိမိကိုယ်ကို မီးရှို့ သတ်သေရာမှ စပြီး တူနီးရှားနိုင်ငံတင်သာမက အာရပ်နိုင်ငံများဖြစ်ကြတဲ့ အီဂျစ်နိုင်ငံတို့ အထိပါ လူထုတော်လှန်မှုကြီးတွေ ကူစက်ပြန့် ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေးကြရတဲ့ အဖြစ်တွေ ရှေ့ ဆင့်နောက်ဆင့် ဆက်တိုက်ပေါ်ပေါက်လာပါတော့တယ်။

အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်းပညာရေးသင်ကြားနေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရးအဆင်မပြေဖြစ်နေတဲ့ သူ့ ရဲ့  မိသားစုဝင် (၈) ဦးအား စောင့်ရှောက်ကျွေးမွေးနိုင်ရန်အတွက် သစ်သီဝလံတွေ လှည့်လည်ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန်လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူဖြစ်ပါတယ်။ သူရဲ့  ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေးတစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီးဝလံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုးရရှိလာတဲ့ သစ်သီးဝလံများကို လမ်းတွေမှာ လှည့်လည်ရောင်းချပေးနေတာ ဖြစ်ပါတယ်။



















အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင်ရပ်တည်နိုင်ရေး စားဝတ်နေရေးအခက်အခဲတွေ အဆင်ပြေသက်သာစေဖို့ အတွက် နေ့ စဉ်နဲ့  အမျှ ရုန်းကန်လှုပ်ရှားနေကြရသလို မိုဟာမက်တို့ လို လမ်းမများပေါ်မှာ လှည့်လည်ဈေးရောင်းချကြသူများကိုလည်း မကြာခဏဆိုသလို ဖမ်းဆီးကာ မတရားအနိုင်ကျင့်ကြလေ့ရှိပါတယ်။

မိသားစုကြီးတစ်စုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့  ရိုးသားစွာ ကြိုးစားဆောင်ရွက်နေတဲ့ မိုဟာမက်အနေနဲ့  ဒီလို သစ်သီးဝလံလှည့်လည်ရောင်းချရတဲ့အလုပ်မှအပ အခြားရွေးချယ်စရာလမ်းမရှိတဲ့ သူ့ ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့  မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုဘဲ သစ်သီးဝလံတွေရောင်းချဖို့ အတွက် တွန်းလှည်းလေးတွန်းကာ လမ်းမပေါ်ထွက်ကာ လှည့်လည်ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင်လက်အောက်မှာ ဗိုလ်ကျစိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ ကို ဖမ်းဆီးပါတော့တယ်။ သူရဲ့  သစ်သီဝလံတွေတင်ထားတဲ့ တွန်းလှည်းလေးကို သိမ်းပိုက်လိုက်ရုံမက မိုဟာမက်မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင်ဖြစ်ပြီး ခရိုင်ကောင်စီရုံးကို ချက်ချင်းသွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင်ကြီးစိုးနေပြီး ဥပဒေထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက်လို သာမန်ဆင်းရဲနွမ်းပါးလှသူတစ်ဦးရဲ့  တိုင်ကြားမှုကို မည်သူတစ်ဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူပေးတာ မရှိပါဖူး။ ဒီထက်ပိုဆိုးတာကတော့ ရဲက မတရားပါးရိုက်အနိုင်ကျင့်ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်းကနေ အတင်းမောင်းထုတ်ခြင်းကို ထပ်မံခံရပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့  မခံမရပ်စိတ်ဟာ အမြင့်မားဆုံးရောက်ရှိပြီး သူ့ မှာပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ်ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင်ကောင်စီရုံးရှေ့ မှာဘဲ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြပါတော့တယ်။ ခန္ဓကိုယ်မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင်ဒဏ်ရာနဲ့  ဆေးရုံပေါ်မှာ ဇန်န၀ါရီလ (၄) ရက်နေ့ မှာ ကွယ်လွန်သွားပါတော့တယ်။
























မိုဟာမက်ရဲ့  မတရားမှုကို ခေါင်းငုံ့ မခံ တွန်းလှန်ဆန္ဒပြမှုအဖြစ်အပျက်ကို မျက်မြင်တွေ့ ရှိကြသူများ အထူးသဖြင့် လူငယ်များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယိုမှတ်တမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့  ရိုက်ကူးပြီး တူနီးရှားတစ်နိုင်ငံလုံးသာမက အခြားသော အာရပ်နိုင်ငံများအပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံး သိရှိမြင်တွေ့ ကြစေဖို့  အင်တာနက်စာမျက်နှာများပေါ်ကနေတစ်ဆင့် ဖြန့် ခဲ့ကြပါတယ်။

အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့  တကယ်တော်ဆန္ဒပြမှုကို လေးစားဂုဏ်ပြုကြတဲ့အနေနဲ့  မိုဟာမက်အတွက် အောင်းမေ့လွမ်းဆွတ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရင်းနဲ့  အဲ့ဒီနေ့ ညက စလို့  ပြည်သူလူထုတော်လှန်အုံကြွမှုကြီးကို စတင်ပါတော့တယ်။

မိုဟာမက်ရဲ့  ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တစ်ကိုယ်တော်ဆန္ဒပြမှုနဲ့  အာဏာရှင်တွေ မတရားကြီးစိုးအုပ်ချူပ်မှုရဲ့ အောက်မှာ ပြည်သူပြည်သားတွေ ခံစားနေကြရတဲ့ ခါးသီးလှတဲ့ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွပေါက်ကွဲကြပြီး တစ်နိုင်ငံလုံး လူထုဆန္ဒပြမှုများ အရှိန်အဟုန်အပြည့်နဲ့  ပေါ်ပေါက်လာပါတော့တယ်။
















တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့  လူထုဆန္ဒပြပွဲနွေကို လက်နက်အားကိုးနဲ့  နှိမ်နင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုဟာမက်ရဲ့  မီးရှိုးဆန္ဒပြမှုဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ်အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း (၂၃) နှစ်ကျော်ကြာ ဖိနှိပ်အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီးဖြစ်သူ တူနီးရှားနိုင်ငံ သမတဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ထွက်ပြေးသွားရပါတော့တယ်။

တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့  ရဲဝန့် သော ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထုတော်လှန်ရေးဆင်နွဲမှုတို့ ကို စံနမူနာပြုကြတဲ့ အာဏာရှင်ဆန့် ကျင်တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေမှာပါ ပြန့် နှံ့ သွားပါတော့တယ်။

တူနီးရှားနိုင်ငံရဲ့  ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်ရုံသာမက ပြည်သူတွေရဲ့  သစ္စာကိ စောင့်သိထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ဆန္ဒကို အပြည့်အ၀လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ ထားတဲ့ တူနီးရှားနိုင်ငံရဲ့  စစ်တပ်တပ်မတော်ကြီးက တူနီးရှားပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပြသ ပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင်သမတ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးထွက်သွားရပြီး ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့  အောင်ပွဲဘဲ ဖြစ်ပါတယ်။

နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျသွားရခြင်းရဲ့  အဓိကအချက်တွေကို ကြည့်ရင်တော့ -

(၁) သာမန်ပြည်သူတစ်ယောက်ဖြစ်သူ မိုဟာမက်ရဲ့  မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့ မခံဘဲ ရသည့်နည်းလမ်းဖြင့် ဆန့် ကျင်တော်လှန်ဆန္ဒပြခြင်း၊

(၂) မိုဟာမက်တို့ လို တစ်ဦးတစ်ယောက်အနေနှင့်ပင် ဖြစ်စေ ရဲရဲဝန့် ဝန့် နဲ့  မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀ အားပေးထောက်ခံပြရုံသာမက၊ အာဏာရှင်တွေရဲ့  ထင်ရာစိုင်း ရိုင်းပြစော်ကားမှုတွေကို ပြည်သူပြည်သားတစ်ဦးအနေနဲ့  မိမိတို့ မှာလည်း ဆန့် ကျင်တော်လှန်ရမယ့် တာဝန်ဝတ္တရားရှိတယ်လို့  ခံယူပြီး ပြည်သူပြည်သားတစ်ဦးချင်းစီက အသီးသီး စုပေါင်းလက်တွဲကြပြီး လူထုတော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊

(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့ တန်းထားတဲ့ ပြည်သူတပ်မတော်အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ့ အတူ လက်တွဲကာ ပြည်သူလူထုတော်လှန်မှုကြီးတွင် ပြည်သူရှေ့ မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင်ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ်တပ်မတော်ကြီးရဲ့  လေးစားထိုက်ဖွယ်လုပ်ရပ်များကြောင့် - တူနီးရှားနိုင်ငံတစ်နိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။
ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ ရှူကာ ပြည်သူတွေရှေ့ က မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့ တူနီးရှားနိုင်ငံ ပြည်သူတပ်မတော်ပီသခဲ့တဲ့ စစ်ဦးစီချူပ် ဗိုလ်ချူပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့် ခွန်းကတော့ -

“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။

“ပြည်သူလူထုရဲ့  အာဏာရှင်တော်လှန်ရေးဟာ ငါတို့  တပ်မတော်ရဲ့  တော်လှန်ရေးဘဲ ဖြစ်တယ်၊ ငါတို့ တပ်မတော်ဟာ အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးကြမယ်” ဖြစ်ပါကြောင်း။

The Voice ဂျာနယ်. 7-8

The Voice 7-8

အမေရိကန် (DV LOTTERY)နှင့် ပတ်သက်၍ မြန်မာလူမျိုးများ အလိမ်မခံရစေရန်အတွက် ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေငြာချက်...r

ဒီမိုဝေယံ

ကွန်ကရစ်လမ်းများ ပေါ်ပေါက်လာခြင်းကြောင့် တာယာအရောင်း ၂ဝ ရာခိုင်နှုန်းကျော်တက်..

ကွန်ကရစ်လမ်းများ ပေါ်ပေါက်လာခြင်းကြောင့် ကားတာယာသစ်ဈေးကွက်တွင် ယမန်နှစ်များထက် အ ရောင်းအဝယ် ၂ဝ ရာခိုင်နှုန်း ကျော်ပိုမိုတက်လာကြောင်း တာယာအရောင်းဆိုင်များမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်း၌ ကွန်ကရစ်လမ်းများ ပေါ်ပေါက်လာသကဲ့သို့ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမသစ်ကြီး ပေါ်တွင်ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းများ များပြားလာခြင်းကြောင့် ကားတာယာဈေးကွက်တွင် အိမ်စီးကားတာယာသေးနှင့် အဝေးပြေးကားသုံး တာယာအကြီးအရောင်း အဝယ်ပိုမို ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။ ”အမြန်လမ်းပေါ်တက်တဲ့ အဝေးပြေးကားတွေက တာယာလဲဖို့ကို မနှာမြောတော့ဘူး၊ တာယာရဲ့ သက်တမ်းကို အဓိကထားပြီး မေးဝယ်လာကြတယ်၊ နောက်ပစ္စည်းကောင်းကိုမေးပြီး အကောင်းဆုံးကိုမှ သုံးကြတော့တယ်၊ အိမ်စီးကားနဲ့ အမြန်လမ်းပေါ် တက်မယ့် သူတွေကလည်း လေးဘီးစလုံးကိုလဲတဲ့အပြင် ဘီးအပိုတွေပါထည့်ပြီး ယူသွားကြတယ်၊ တာယာပြဿာနာနဲ့ ကားမတော်တဆမှုတွေ အရမ်းဖြစ်လာပြီး နောက်ပိုင်း အရည်အသွေးကို အဓိက ထား ဝယ်လာကြတယ်” ဟု Lucky man Co,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံသို့ ဂျပန်၊ အင်ဒိုနီး ရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ကားတာယာများအဓိက ဝင်ရောက်ပြီး ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံထုတ် တာယာများကို ပိုမိုကြိုက်နှစ်သက် ဝယ်ယူကြသည်။ ဂျပန်နိုင်ငံထုတ် တာယာအသစ်များမှာ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးပြီး သက်တမ်းလွန်တာယာများသာ ဝင်ရောက်မှုရှိကာ အမြန်လမ်းသစ်ပေါ်တွင် မောင်းနှင်မည့်ကား များ၌ သုံးစွဲမှု မရှိကြောင်း သိရသည်။ ”တာယာသက်တမ်းကုန်လို့ အသစ်လဲလိုက်ရတဲ့ တန်ဖိုးကိုနှမြောလိုက်လို့ မတော်တဆမှုဖြစ်လာရင် ဆုံးရှုံးမယ့်တန်ဖိုးနဲ့ လူ့အသက်တွေက ပိုပြီး တန်ဖိုးကြီးပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ အမြန်လမ်းမကြီးပေါ်မှာ မောင်းမယ့်ကားတွေကို တာယာလေးဘီးလုံး တစ်ခါတည်းလဲပေးပြီး စက်ပစ္စည်းတွေကိုပါ စိတ်ချရအောင်တစ်ပါတည်း စစ်ဆေးပြီးမှ သွားပါတယ်” ဟု CRANE ကားအငှားဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကွန်ကရစ်လမ်းများမှာ တာယာပွန်းမှုပိုမိုမြန်ဆန်ပြီး ကတ္တရာလမ်း ပေါ်တွင်ပြေးဆွဲသော တာယာပွန်းနှုန်းထက် ၂ဝ ရာခိုင်နှုန်းပိုမိုပျက် စီးလွယ်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်ပြီးနောက် ရန်ကုန်-မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူသို့ သွားသောကားများအားလုံး အမြန်လမ်းသစ်ပေါ်မှ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဝေယံမိုးမြင့်
Source ပေါ်ပြူလာ ဂျာနယ်...

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း ၁မှ၎) (ကိုမောင်မောင်ဝမ်း)

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ အာရုဏ်ဦး ရောင်နီအောက်က မြင်ကွင်း.. 
(ဓာတ်ပုံ ဒီမိုဝေယံ)