31 July 2010

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့် စက္ကူများအပေါ် မှီခိုနေရ

ပုံနှိပ်နှင့် စာအုပ်လုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ပြည်ပမှတင်သွင်းသည့် နိုင်ငံခြား စက္ကူများအပေါ် အများဆုံး မှီခိုနေရကြောင်း သိရသည်။ ပြည်တွင်း၌ ငွေကြေးအရင်းအနှီးနှင့် နည်းပညာ အားနည်းမှုကြောင့် အဆင့်မြင့် ပုံနှိပ်လုပ်ငန်းသုံး စက္ကူချောများကို ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပုံနှိပ်လုပ်ငန်းသုံး အရည်အသွေးမီ စက္ကူအများဆုံးကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်း နေရသည်။ လုပ်ငန်းရှင်များသည် အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ စက္ကူများကို ပုံမှန်ကုန်သွယ် လမ်းကြောင်းမှ တင်သွင်းသကဲ့သို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်သွင်းသည်။ အရည်အသွေးအားဖြင့် အင်ဒိုနီးရှားမှ တင်သွင်းသည့် စက္ကူများသည် ပြည်တွင်းဈေးကွက်၌ လူကြိုက်အများဆုံး ဖြစ်ကြောင်း၊ ပုံနှိပ်လုပ်ငန်းရှင်အများစုမှာ ကိုယ်တိုင်တင်သွင်းသည်ထက် သွင်းကုန် လုပ်ငန်းရှင်များထံမှ တစ်ဆင့် ဝယ်ယူကြကြောင်း သိရသည်။ ယင်းသို့ နိုင်ငံခြားမှ တင်သွင်းရာတွင် လုပ်ငန်းရှင်များသည် မိမိတို့ ထုတ်လုပ်သည့် ဈေးကွက်နှင့် အခြေအနေအရ စက္ကူသစ်များကို တင်သွင်းခြင်းရှိသကဲ့သို့ တစ်ခါသုံးပြန်လည် သန့်စင်သည့် စက္ကူများကိုလည်း တင်သွင်းသည်။ ရန်ကုန် စက်မှုဇုန်များတွင် တစ်ပတ်ရစ် သန့်စင်သည့် စက္ကူထုတ်စက်ရုံ အရေအတွက်မှာ ၁၀ ဂဏန်း အောက်သာရှိသဖြင့် ဈေးကွက် လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်သေးကြောင်းမြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်သူ့အနုပညာရှင် ကိုကျော်သူ၏ မြန်မာပြည်သူများအား ပေးဆပ်မှု




တစ်ချက်ခုတ် သုံးချက်ပြတ် ကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်းဆွမ်းကပ်ရန် ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့သို့ သွားခဲ့ရာ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ပြည်မြို့ ရွှေပေါက်ပင် ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ကြီးအား ဦးတိုက်ကာ ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ အများပြည်သူ လှူဒါန်းထားသော အများပြည်သူအတွက် အုတ်ရေကန်နှင့် အ၀ီစိရေတွင်း အခြေအနေ ကို ကြည့်ရှုကြပြီး ၃၀.၇.၂၀၁၀ (သောကြာ) နေ့ နံနက်တွင် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဆွမ်းလောင်းလှူမည့် အစီအစဉ်ကို ဆရာတော်ကြီး၏ တပည့်များနှင့် တိုင်ပင်ဆွေးနွေးကြသည်။

နေ့လည် (၃း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး တို့အဖွဲ့နှင့် တွေ့ဆုံကြစဉ် အောင်လံမြို့နယ် မကွေးတိုင်း ငပျင်းကျေးရွာရှိ ကိုထွန်းမင်းနိုင် (၃၂) နှစ်သည် ပဲတီစိမ်းခြွေနေစဉ် ခြွေလှည့်စက်အတွင်းသို့ ညာဘက် ခြေထောက် ထိခိုက်မိသည့် အတွက် ဒူးခေါင်းအောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ် ပေါင်ရင်းမှထပ်မံ၍ ဖြတ်တောက် ရမည် ဖြစ်သည့်အတွက် ကိုထွန်းမင်းနိုင်၏ ခွဲစိတ်ကုသမှုအတွက် သွေးလိုအပ်နေကြောင်း သိရှိရသည်။ လိုအပ်သော သွေးအမျိုးအစားမှာ B (ဘီ) သွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည့် အတွက် ဥက္ကဌ ဦးကျော်သူမှ လှူဒါန်းမည်ဟု ပြောဆိုကာ ပြည်မြို့ ဆေးရုံကြီးသို့ သွားရောက်ကာ လူနာအား အားပေး စကားပြောကြား၍ လိုအပ်သော သွေးအား လှူဒါန်းခဲ့သည်။

ယင်းနေ့ ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ည (၇း၀၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော် ဘုရားကြီး ၏ ဆရာရင်းဖြစ်သော ဘ၀နတ်ထံပျံလွန် သွားတော်မူပြီးဖြစ်သော ကမ္ဘာ့ရွှေရင်အေး ဆရာတော် (ရွှေဗျိုင်းနားဆရာတော်ကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် ပူဇော်ပွဲ အခမ်းအနားကို သံဃာတော် များ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် ရတနာမာန်အောင်ကျောင်းတွင် ကျင်းပရာသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် သွားရောက်ပူဇော်ကန်တော့ ခဲ့ပါသည်။

၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၊ ယက်ကန်းစဉ်တောင် ဆရာတော်ဘုရားကြီး၊ တစ်သုံးလုံး ဆရာတော် ဘုရားကြီး တို့၏ ရုပ်ထုတော်များ ထားရှိရာ အဆောင်အတွင်းသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားနှင့် အတူ သွားရောက်၍ သင်္ကန်းများ ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ တယ်လီဖုန်းဆက်သွယ်ကာ O (အို) သွေးအမျိုးအစား တစ်လုံး လိုအပ် ကြောင်း ပြောကြားသည့်အတွက် ဦးသန်းစိန်မှ သွားရောက်ပြီး လှူဒါန်းခဲ့သည်။ လူနာ၏ အမည်မှာ ဦးလေးကြည် (၆၆) နှစ် ၀က်တောရွာ၊ ပေါက်ခေါင်းမြို့နယ်မှ ဖြစ်ပြီး အစာအိမ် သွေးကြောပေါက်၍ ခွဲစိတ်ရမည့် လူနာဖြစ်သည်။ ဦးသန်းစိန်နှင့်အတူ ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ ကိုဇော်လတ်အောင် သည်လည်း ကိုဘိုစန်း (၃၃) နှစ် ကိုင်းစုရွာ၊ ရွှေပန်းတောအခြေစိုက်၊ အောင်လံမြို့သည် ၀မ်းဗိုက်တွင် ဓါးထိုးခံရ၍ ခွဲစိတ်ကုသရန် သွေးလိုအပ်ပါ၍ သွားရောက်လှူဒါန်းခဲ့သည်။

၃၀.၇.၂၀၁၀ (သောကြာ) နေ့နံနက်တွင် ဗုဒ္ဓဆင်းတုများအား ရေချမ်းသပ္ပါယ်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဗုဒ္ဓစွယ်တော်အား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်း ချ အမျှဝေခြင်းများ ပြုလုပ်ကာ ရန်ကုန်မြို့သို့ နေ့လည် (၁၂း၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့သည်။

ထို့ကြောင့် မိမိတို့ ခရီးစဉ်ရည်ရွယ်ချက်သည် ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်း ဆွမ်းကပ်ရန် ဖြစ်သော်လည်း ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၅) နှစ် ပူဇော်ပွဲနှင့် ကြုံကြိုက်ခြင်း၊ အရေးပေါ် ခွဲစိတ်ကုသရန် သွေးလိုအပ်သော လူနာများအား တိုက်ရိုက် သွေးလှူဒါန်းခွင့် ရရှိခဲ့ခြင်း တို့ကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဒါနကုသိုလ် ခရီးစဉ်ဟု သတ်မှတ်နိုင်ပါတော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
.........................................................................................................................................................................

မြန်မာပြည်ရှိ ရုပ်ရှင်သရုပ်ဆောင်များသည်
ပြည်သူကျွေးသော ထမင်းကိုစားသောက်နေပြီး ပြည်သူတွေကိုလဲ ကိုယ်နိုင်တဲ့ ဘက်က နေပြီးပြန်လည် ကူညီနိုင်သောလုပ်ငန်းများကို လုပ်ဆောင် သင့်တယ်ဆိုတာကိုတော့မမေ့သင့် မမေ့အပ်ပါဘူး.


မြန်မာပြည် ရှိပြည်သူများက မေတ္တာ တရားများနှင့် အားပေး နေပြီ ပြည်သူများက လေးစားလျက် ရှိအောင်ပြည်သူ တွေအတွက် ပြန်လည် ပေးဆပ်မှုများကို အနုပညာရှင် ဖြစ်တဲ့ ဘဘဦးသုခ တို့လို ကိုကျော်သူ ကို နမူနာယူသင့်ပါတယ်. မြန်မာပြည်သူ့တွေ အတွက် ပြန်လည် ပေးဆပ်မှုတွေ လုပ်သင့်ပါတယ်.။

မြန်မာပြည်သူတွေကျွေးတဲ့ ထမင်းနဲ့ စားသောက်နေကြပြီ မြန်မာပြည်သူတွေအတွက် တကယ် အတုယူနိုင်တဲ့ဇာတ်ကားများကိုသရုပ်ဆောင်သောလုပ်ငန်းများ သာပြုလုပ်သင့်ပါတယ်.။မြန်မာအမျိုးသမီး သရုပ်ဆောင်များ မလုံတလုံ အဝတ်အစားများ၊ မပေါ်တပေါ် အဝတ်အစားများ ကိုလဲမဝတ်သင့်ပါဘူး.။ဆယ်ကျော်သက်မြန်မာမလေးများ၏အတုယူစရာ အဝတ်အစားများ သာဝတ်သင့် ပါသည်.။

ကျမတို့ လူငယ်အရွယ်တုံးက ခေတ်စား ခဲ့သော စိုးမြတ်သူဇာရဲ့စတိုင်၊ စိုးမြတ်သူဇာလို ဆံပင် အရှည် များကို
ကျမတို့ လူငယ်တွေ လိုက်ထား ကြပါတယ်.၊နောက်စိုးမြတ်သူဇာလို မြန်မာအကျီင်္လေးတွေ လိုက်ဝတ်ခဲ့ ကြပါတယ် ထမီတိုတို လေးတွေ နဲ့ရှပ်အကျီင်္တွေဝတ်ကြတဲ့ ခေတ်တခေတ် တောင်ဖြစ်ခဲ့ပါတယ်.။ မဟေမာရဲ့ စတိုင်ဆိုလဲ မဟေမာရဲ့ အကျီင်္လေးတွေကို လိုက်ချုပ်ကြ လိုက်ဝတ်ကြတာပါ။

အခုတော့မြန်မာကားကြည့်လိုက်ရင် ထမီတောင် မဝတ်ကြတော့သလို ဖော်ပြ ချွတ်ပြ နေတာ တွေဟာ တကယ်အမြင် မတော်တာတွေပါ ၊ကိုယ်ရဲ့ အနုပညာ တော်တာ ဖော်စရာမလိုသလို ချွတ်စရာလဲ တကယ်မလိုပါဘူး။သူ့ခေတ်နဲ့ သူ့စတိုင်တွေ ပြောင်းလဲလာခဲ့တာ လက်ခံပါတယ်.၊ခေတ်မှီတာနဲ့ခေတ်ဆန်တာ မတူသလိုဖော်ပြ ချွတ်ပြတာလဲ ခေတ်မှီတာ မဟုတ်သလို ခေတ်ဆန်တာလဲမဟုတ်ပါဘူး။ ကိုယ်ရဲ့ ဝတ်စား ဆင်ယင်မှုဟာ ကိုယ့်ရဲ့ ပင်ကိုယ် စိတ်ဓာတ်ကို ပြသနေတာ တစ်ခုပါဘဲ၊ဆွဲဆောင်မှုရှိ အောင်ပြုလုပ်နေမယ်ဆိုရင်တော့ ဖြင့်အမှားကြီးမှားနေတာသာဖြစ်ပါလိမ့်မယ်။ဒါပေမယ့် ကိုယ့်အနုပညာကို မြတ်နိုး တယ် တန်းဘိုးထားတတ်တဲ့ အနုပညာသည် တယောက်က ဒီလိုနေပြ လုပ်ပြနေမှ ကိုယ့်အနုပညာ အောင်မြင်လာမှာ မဟုတ်သလို ကိုယ့်ကိုသဘောကျ ပြီး မြန်မာအမျိုးသမီးလေးတွေ လိုက်အတုခိုးပြီးဝတ်ကြ မှာကိုလဲအထူးသတိ ပြုသင့်ပါတယ်.။

ပြည်သူကျွေးသော ထမင်းကိုစားသောက်နေပြီး ပြည်သူတွေကိုလဲ ကိုယ်နိုင်တဲ့ ဘက်က နေပြီးပြန်လည် ကူညီနိုင်သောလုပ်ငန်းများကို လုပ်ဆောင် သင့်တယ်ဆိုတာကိုတော့မမေ့သင့် မမေ့အပ်ပါဘူး.။ ပြည်သူအကျိုးပြု ဇာတ်လမ်းတွေ ရိုက်တယ် ဆိုတာလဲ အမှန်တကယ် ဇာတ်လမ်းတွေသာ ရိုက်သင့် သရုပ်ဆောင်သင့်ပါတယ်.။

ကော်လံဖားပြီး အကယ်ဒမီ ရွှေစင်ရုပ်ဆု ကိုမရမှာ ကြောက်ပြီး သမိုင်းတရားခံတွေ မလုပ်သင့်ပါဘူး ။ ကိုယ့်ရဲ့ အနုပညာကို ကိုယ်တကယ် တန်းဘိုးထား ရင်တော့ ကော်လံဖားတဲ့ ဇာတ်ကားများကိုမဖြစ်မနေ သရုပ်ဆောင် ရမယ် ဆိုရင်တောင် ပြည်သူတွေ ရဲ့ မျက်နှာကို အမှန်တကယ် ကြည့်ပြီး ပြည်သူ့ အနုပညာရှင် ဖြစ်ဘို့ကို သာ အမှန်တကယ်လုပ်သင့်ပါကြောင်း ကျမ အမြင်တခု အနေနဲ့ ဖော်ပြလိုက်ပါတယ်.။

မြတ်လေးငုံ

စစ်အာဏာရှင်လူသတ်သမားဦးသန်းရွှေ ရဲ့ ခရီးစဉ် အိန္ဒိယ မြန်မာ ဆက်ဆံရေး ဆွေးနွေးခန်းနှင့်မြန်မာပြည်သတင်းများ









နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ အမြဲတမ်းမိတ်ဆွေနဲ့ အမြဲတမ်း ရန်သူဆိုတာမရှိဘဲ အမြဲတမ်း အကျိုးစီးပွားသာရှိတယ်ဆိုတဲ့ စကားကို မြန်မာ-အိန္ဒိယဆက်ဆံရေးက သက်သေပြနေပါတယ်။ ဗိုလ်ချုပ်မှုးကြီးရဲ့  ဒုတိယမြောက်ခရီးစဉ်ကြောင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို တဆင့်တိုးမြှင့်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ့သယံဇာတကို ပြိုင်ဆိုင်ထုတ်ယူတဲ့နေရာမှာ ထိုင်းက ပထမ၊ တရုတ်က ဒုတိယ၊ အိန္ဒိယက တတိယ လိုက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း ဒီပုံစံအတိုင်း ဖြစ်ပါတယ်။ ကျောက်ဖြူရွှေလီ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ဧရာဝတီရေအား လျှပ်စစ်တွေပြီးစီးသွားရင် တရုတ်ဟာ ပထမနေရာကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ တတ်နိုင်သလောက် အမီလိုက်နိုင်အောင် ကြိုးပမ်းနေပုံရပါတယ်။

ဗမာအစိုးရကလည်း တရုတ်က ချည်းတဖက်သတ် လွှမ်းမိုးမှာကို စိုးရိမ်လာပုံရပါတယ်။ မြန်မာ့ဓါတ်ငွေ့ စီမံကိန်းမှာ ဒေါ်လာသန်းတထောင်ကျော် ရင်းနှီမြုပ်နှံဖို့ ဒီနှစ်အစောပိုင်းမှာ အိန္ဒိယက ကြေညာပါတယ်။ အိန္ဒိယ အစိုးရပိုင်ကုမ္မဏီ (၂) ခု အစုရှယ်ယာ ပါဝင်တဲ့ ရွှေဓါတ်ငွေ့တွင်းက အိန္ဒိယကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်ယူနိုင်ရေးအတွက် အင်္ဂလိပ်ကုမ္မဏီက လေ့လာထားပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စမှာ အိန္ဒိယဘက်က စိတ်ပျက်နေတာ အတော်ကြာပါပြီ။ ချင်းတွင်မြစ် ထမံသီ၊ ကလေးဝ နဲ့ ဟုမ္မလင်း ရေအားလျှပ်စစ်တွေ တည်ဆောက်ဖို့လည်း အိန္ဒိယက စိတ်ဝင်စားနေပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သံဃာဦးဆောင်တဲ့ ဆန္ဒပြပွဲ ရန်ကုန်မှာ ဖြစ်ပွားတုန်း အိန္ဒိယ ရေနံဝန်ကြီး ပျဉ်းမနားကိုသွားပြီး ဒေါ်လာသန်းတရာကျော် ကုန်ကျမယ့် ကလတန် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ သဘောတူချက် ရယူနိုင်ခဲ့ပါတယ်။ စစ်တွေမှာ ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်းတည်ဆောက်ပြီး ကလတန် မြစ်ကြောင်းက အိန္ဒိယ အရှေ့ မြောက်ဒေသကို ဆက်သွယ်ရေးနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေးကို အိန္ဒိယက တာဝန်ယူလုပ်ကိုင်ပေးဖို့ သဘောတူပါတယ်။ မြန်မာပြည်မှာ ထရပ်ကား စက်ရုံတည်ဆောက်ဖို့ အိန္ဒိယအစိုးရက ငွေရင်းစိုက်ထုတ်ပြီး တတာကုမ္မဏီ က တာဝန်ယူ အကောင်အထည်ဖော်ဖို့လည်း သဘောတူထားကြပါတယ်။

ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်ယူရေးမှာ လုပ်ကွက်အနည်းငယ် ကျန်နေပါသေးတယ်။ ဒီလုပ်ငန်းဟာ ငွေရင်း အကြီးအကျယ် စိုက်ထုတ်ရတာမို့ ဗမာစစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့  အကူအညီမပါဘဲ အကောင်အထည် မဖော်နိုင်ပါဘူး။ ဗမာစစ်အစိုးရဟာ ရေနံပီပါပေါင်း (၄) သောင်း နေ့စဉ်တင်သွင်း နေရပါတယ်။ ဒါကို ကြက်ဆူဆီနဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အကောင်အထည်ပေါ်ဖို့ အလားအလာ မရှိတော့ပါဘူး။ တနင်္လာရီကမ်းလွန်က သဘာဝဓါတ်ငွေ့ ထိုင်းနိုင်ငံကို စတင်တင်ပို့ချိန်ကစပြီး ဗမာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ကို မှီခိုလာရပါတယ်။ အိန္ဒိယနဲ့ တရုတ်ကလည်း သဘာဝဓါတ်ငွေ့ လိုချင်တာမို့ သဘာဝဓါတ်ငွေ့ က ဝင်ငွေမရနိုင်တော့တဲ့ အခြေအနေရောက်လာမှသာ ဗမာစစ်အစိုးရဟာ ပြည်ပက ဖိအားပေးတာမို့ ဂရုစိုက်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

အိန္ဒိယ အရှေ့ မြောက်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်ကို နှိမ်နှင်းရာမှာ ဗမာစစ်အစိုးရ အကူအညီ လိုအပ်တာဟာလည်း လက်တွဲရတဲ့အကြောင်းရင်း တခုဖြစ်ပါတယ်။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ က ၂၀၀၄ အိန္ဒိယခရီးမှာ ဂတိပြုခဲ့ပေမယ့် မထိရောက်တဲ့အတွက် ဒီနှစ် ဇန်နဝါရီနှောင်းပိုင်းမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရပါတယ်။ အခုတော့ မဏိပူရ်၊ အာသံ နဲ့ နာဂ ဒေသက တိုင်းရင်းသားသူပုန်တွေကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာမှာ မြန်မာပြည်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်း သိရပါတယ်။ အခုဆိုရင် (၃) လတကြိမ် အိန္ဒိယ-မြန်မာ ထိပ်တန်းစစ်ဗိုလ်တွေ အစည်းအဝေး ထိုင်ကြောင်းသိရပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ဝန်လေးနေတဲ့ ပါကစ္စတန်နဲ့ ဆက်ဆံနိုင်တဲ့ အိန္ဒိယအစိုးရဟာ ဗမာစစ်အစိုးရနဲ့ ချစ်ကြည်ရေးလုပ်တာ မဆန်းပါဘူးလို့လည်း သုံးသပ်ကြပါတယ်။

အိန္ဒိယ အိုင်တီလုပ်ငန်း Information Technology ကဏ္ဍရဲ့  ဝင်ငွေ (၆၅) ရာခိုင်နှုန်းဟာ နိုင်ငံခြားက လာတာပါ။ ဒီအထဲမှာ (၅၀) ရာခိုင်နှုန်းဟာ အိုင်တီဝန်ဆောင်လုပ်ငန်းက တိုက်ရိုက်ရရှိတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကလည်း ဒေါ်လာသန်း (၅၀) ကျော် အကုန်ခံပြီး ရတနာပုံဆိုက်ဘာမြို့ တော် တည်ဆောက်ထားတာမို့ အိန္ဒိယနဲ့ တရုတ် အကူအညီ လိုအပ်နေပါတယ်။ ရတနာပုံ ပထမအဆင့်ကို ၂၀၀၇ ဒီဇင်ဘာမှာ ဖွင့်လှစ်ခဲ့တာမို့ သက်တမ်း (၂) နှစ်ကျော် သွားပါပြီ။ ပြည်တွင်း ဆက်သွယ်ရေးအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့ကို ကုန်းလိုင်းနဲ့ ဆက်သွယ်ပြီး အရှေ့ တောင်အာရှ၊ အရှေ့ အလယ်ပိုင်းဒေသနဲ့ အနောက်ဥရောပကို ရေအောက်လိုင်းနဲ့၊ ဂြိုလ်တုတို့နဲ့ ဆက်သွယ်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနဲ့ ပူးတွဲဆောင်ရွက်မှုတွေ များလာလေလေ တရုတ်ကို မှီခိုမှု နည်းပါးလာလေလေပဲလိုပ ပြောကြပေမယ့် တရုတ်-မြန်မာ စီးပွားရေးထက် အဆပေါင်းများစွာ ကြီးမားတာမို့ တရုတ်ကို တန်ပြန်နိုင်ပါ့မလား ဆိုတာကို စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ တရုတ်ဦးရေ တိုးပွားလာသလို အိန္ဒိယပြည်သားဦးရေလည်း တိုးပွားလာနိုင်ပါတယ်။ အိန္ဒိယလူဦးရေဟာ သန်းပေါင်း (၁၁၀၀) ကျော်နေပြီး နောက်အနှစ် (၃၀) လောက်ဆိုရင် တရုတ်ထက်များလာလိမ့်မယ်လိုပ ခန့်မှန်းကြပါတယ်။

ရင်းမြစ်...VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ ပူးပေါင်းဆောင်ရွက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံနေရမှုတွေ၊ လယ်မြေသိမ်းပိုက်မှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ မနေ့က အိုင်အယ်လ်အို ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး ဒီကနေ့မှာတော့ ပဲခူးမြို့နဲ့ အနီးဝန်းကျင်က အဲန်အယ်လ်ဒီ မိသားစုဝင်တွေနဲ့ သွားရောက် တွေ့ဆုံတဲ့အချိန်မှာ အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပဲခူးတိုင်းဟာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကို အလုပ်သမား၊ လယ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ကလေး စစ်သား စုဆောင်းမှုတွေအတွက် တိုင်ကြားတဲ့နေရာမှာ အရေအတွက် အများဆုံးဒေသ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအ၀င် ခေါင်းဆောင်တချို့ ပဲခူးမြို့ကိုသွားပြီး ပဲခူးတိုင်းအတွင်းက အဲန်အယ်လ်ဒီ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး အဖွဲ့ချုပ်အနေနဲ့ အဲဒီ အခွင့်အရေး ချိုးဖောက် ခံနေရမှုတွေကို အိုအယ်လ်အို နဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သူ့အိမ်မှာ လက်ခံကျင်းပခဲ့တဲ့ ပဲခူးမြို့ အဲန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမြတ်လှက NLD မိသားစု တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“အဲန်အယ်လ်ဒီက လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်ပေါ့။ အဲဒီမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ့်အကြောင်းတွေ ပါတယ်ဗျ။ အကုန်လုံးပဲ။ နယ်တွေကလဲ သူတို့ တွေ့ဆုံနေကြရတဲ့ဟာတွေ အကုန်လုံးပဲ တင်ပြကြတယ်။ တင်ပြတဲ့အခါကျတော့ သူတို့ကလဲ ကိုဉာဏ်ဝင်းတို့ကလဲ အကုန်လုံး ရှင်းပြတယ်။ သူတို့ အိုင်အယ်လ်အိုနဲ့ တွေ့တယ်တဲ့။ အိုင်အယ်လ်အိုနဲ့ စတိဖ် မာရှယ်လ် (Steve Marshall) တို့နဲ့ တွေ့တယ်တဲ့။ အိုင်အယ်လ်အိုနဲ့ လက်တွဲပြီးတော့ လုပ်မယ်ပေါ့။ သို့သော်လည်း ဘယ်လုပ်ငန်းတွေ ဆိုတာတော့ အတိအကျ သူတို့ မဖော်ပြသေးဘူး။ တွဲလုပ်မယ်လို့တော့ သူတို့ ပြောပြတယ်။”

အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ခေါင်းဆောင်တချို့ဟာ မနေ့ကပဲ အိုင်အယ်လ်အို ဌာနေ ကိုယ်စားလှယ် စတိဖ် မာရှယ်လ် နဲ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။ အဲဒီလို တွေ့ဆုံပြီးနောက်ပိုင်းမှာ အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့အကြောင်း အဲန်အယ်လ်ဒီက ပြောလာတာ ဖြစ်ပါတယ်။

အဲန်အယ်လ်ဒီ ဗဟိုက ခေါင်းဆောင်တချို့ အခုလို သူတို့ဒေသကိုလာရောက် စကားပြောတဲ့အတွက် သူအပါအ၀င် ဒေသခံတွေက သဘောကျတဲ့အကြောင်းလည်း ဦးမြတ်လှက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ သိပ်သဘောကျတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က သူတို့လူကြီးတွေ ဆင်းပြီးတော့ ဒီလို အောက်ခြေ လူထုနဲ့ ဒူးတိုက်ဆွေးနွေးတာတို့ပေါ့ဗျာ။ အောက်ကနေ တင်ပြ၊ အပေါ်ကနေလဲ အပြန်အလှန် ဆက်သွယ်ရေးကို ကျနော်က သိပ်သဘောကျတယ်။ သဘောကျတာ အခုမှပဲ အနှစ် ၂၀ ကျော်မှပဲ ဒီပြဿနာတွေ အကောင်အထည် ပေါ်လာတော့တယ်ပေါ့။ ကျနော်တို့ ဒီကလူတွေကတော့ သိပ်သဘောကျကြတယ်ပေါ့။”

ဒီ အဲန်အယ်လ်ဒီ မိသားစု တွေ့ဆုံပွဲကို တက်လာကြတဲ့ ဒေသအသီးသီးက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေကလည်း သူတို့ ရင်ဆိုင် ကြုံတွေ့ကြရတဲ့ အကြောင်းအရာမျိုးစုံကို ပြန်လည် တင်ပြ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

“တင်ပြတာကတော့ အစုံပဲပေါ့ဗျာ။ တမြို့နယ်ဆိုရင် ၂ ယောက်၊ ၃ ယောက်။ အဲဒီိလို ပြောကြတာပဲ။ သူတို့ တွေ့ကြုံရတဲ့ အခက်အခဲတွေပေါ့။ အဲန်အယ်လ်ဒီဟာ မပြောင်းလဲဘူးပေါ့။ စည်းလုံးလျက် ရှိတယ်ပေါ့။ အခု အဖွဲ့ချုပ်ကနေ လူကြီးတွေ ချမှတ်ပေးတဲ့ လုပ်ငန်းတွေကိုလဲ ဆက်လက် ဆောင်ရွက်ကြမယ်ပေါ့။ အဲဒါတွေ အပြန်အလှန် ဆွေးနွေးကြတာပဲ။ ဒေသခံလူတွေကတော့ဗျာ ပြဿနာ အမျိုးမျိုး လာကြတာပေါ့။ တချို့ကတော့ အမှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လာကြတယ်ဗျ။ တချို့ကကျတော့လဲ သူတို့လယ်တွေကိစ္စ၊ မျိုးစုံပဲ လာကြတာတော့။ နောက်တခုက ကျနော်တို့ကလဲ ကြားထဲမှာ အဲဒီ သူတို့လုပ်ငန်းတွေကို လုပ်ပေးတယ်။ ကျနော်တို့ ဒီမှာ ကလေးတွေကို စာသင်တဲ့လုပ်ငန်းတွေလဲ လုပ်ပေးတယ်ပေါ့ဗျာ။ အမျိုးမျိုးပေါ့။ လူမှုရေး လုပ်ငန်းတွေ များပါတယ်။”

ပဲခူး မဲဆန္ဒနယ်မြေ အမှတ် (၂) က အဲန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမြတ်လှ ပြောပြခဲ့တာပါ။

ဒီ အဲန်အယ်လ်ဒီ မိသားစုတွေ့ဆုံပွဲမှာ အလုပ်သမား၊ လယ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုကိစ္စတွေ၊ ကလေးစစ်သား စုဆောင်းခံရမှု ကိစ္စတွေ၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု ကိစ္စတွေအပြင် ရွေးကောက်ပွဲကျင်းပခဲ့ရင် လူထုအနေနဲ့ မဲမပေးလိုက မပေးဘဲနေဖို့ အခွင့်အရေး ရှိတယ်လို့ ဒေါ်ဆောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေး ပြောဆိုဖြစ်ခဲ့တဲ့အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေကလည်း ပြောပြကြပါတယ်။

သတင်းရင်းမြစ်..VOA

30 July 2010

မြန်မာပြည်အင်းစိန် အကျဉ်းထောင်ရှိ အကျင့်ပျက် ၀န်ထမ်း တွေရဲ့ လုပ်ရပ်




ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူး တင်ရှိပါသည်.။

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ခရီးသည်နှင့် ကုန်စည်ဈေးနှုန်းထားပြောင်း

မန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိကလွှဲပြောင်းပြီးသည့်နောက်ပိုင်း ပြည်တွင်းခရီးစဉ် ခရီးသည်လက်မှတ်ခဈေးနှုန်းနှင့် ကုန်စည်ပို့ဆောင်သည့် နှုန်းထားများ ပြောင်းလဲသတ်မှတ်ထားသည်ဟု သိရသည်။

ယခင်နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန်- မြိတ် ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၈၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၈၀၀၀ ဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၄၉၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၆၀၀၀ ဖြစ်သည်။ ပြောင်းလဲသတ်မှတ်လိုက်သော နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန် - မြိတ် ကျပ် ၁၈၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၂၆၀၀၀၊ ရန်ကုန် - စစ်တွေ ကျပ် ၂၆၀၀၀ ဖြစ်ပြီး၊ ကုန်စည်ပို့ခဈေးနှုန်းများမှာ ကုန်တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၁၅၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၁၈၀၀၀ ၊ ရန်ကုန် - စစ်တွေ ကျပ် ၁၈၈၀၀ ဖြစ်ကြောင်း 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ခရီးသည်နှင့် ကုန်စည်ဈေးနှုန်းထားပြောင်း

မန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိကလွှဲပြောင်းပြီးသည့်နောက်ပိုင်း ပြည်တွင်းခရီးစဉ် ခရီးသည်လက်မှတ်ခဈေးနှုန်းနှင့် ကုန်စည်ပို့ဆောင်သည့် နှုန်းထားများ ပြောင်းလဲသတ်မှတ်ထားသည်ဟု သိရသည်။ ယခင်နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန်- မြိတ် ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၈၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၈၀၀၀ ဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၄၉၀၀ ခန့်၊ ရန်ကုန် - ကော့သောင်း ကျပ် ၅၀၀၀ ခန့်၊ ရန်ကုန် - စစ်တွေ ကျပ် ၆၀၀၀ ဖြစ်သည်။ ပြောင်းလဲသတ်မှတ်လိုက်သော နှုန်းထားများမှာ ခရီးသည်တစ်ဦးလျှင် ရန်ကုန် - မြိတ် ကျပ် ၁၈၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၂၆၀၀၀၊ ရန်ကုန် - စစ်တွေ ကျပ် ၂၆၀၀၀ ဖြစ်ပြီး၊ ကုန်စည်ပို့ခဈေးနှုန်းများမှာ ကုန်တစ်တန်လျှင် ရန်ကုန် - မြိတ် ကျပ် ၁၅၀၀၀၊ ရန်ကုန် - ကော့သောင်း ကျပ် ၁၈၀၀၀ ၊ ရန်ကုန် - စစ်တွေ ကျပ် ၁၈၈၀၀ ဖြစ်ကြောင်း 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဧရာဝတီတိုင်း အမာမြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပြိုလဲပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့

ဧရာဝတီတိုင်း အမာမြို့နယ်၌ ဇူလိုင် ၂၅ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲ ပျက်စီးမှုနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ လူတစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း အမာမြို့နယ် ဒေါ်ငြိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာ၌ ဇူလိုင် ၂၅ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်မှ ၂နာရီ ၅၅မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) တို့မှ လူနေအိမ်အချို့ ပြိုလဲပျက်စီးပြီး လူနေအိမ်အချို့ အမိုးလန်ပျက်စီးကာ အမျိုးသမီးတစ်ဦး သေဆုံး၍ အမျိုးသား၊ အမျိုး သမီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း၊ တာဝန်ရှိသူများက လေဘေးသင့်ဒုက္ခသည်များအား ခါးပြတ်ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းနှင့်ဘုန်းကြီးကျောင်းတို့၌ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ရသည့်သတင်းအား
ဇူလိုင်လ ၂၉ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထား ပါသည်။

မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကိုဘာသာပြန်ဆိုရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာဟိန်းလတ်းအားဆက်သွယ်မေးမြန်းချက်


နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန်မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပြီး မကြာခင် ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာ ပြန်ဆို ရေးသား ထုတ်ဝေ ခဲ့သည့် စာရေး ဆရာ ဟိန်းလတ်အား ဧရာဝတီ သတင်းထောက် ဝေမိုးက ယင်း စာအုပ် ပြန်လည် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း ထားပါသည်။

စာရေး ဆရာ ဟိန်းလတ်သည် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့(ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ် အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ယခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။

၁၉၆၅ ခုနှစ်မှ စ၍ ဝတ္ထု ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုအထိ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၅၁ အုပ် ရေးသားပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၀၂ တွင် လီကွမ်ယု အတ္ထုပ္ပတ္တိ ဖြစ်သည့် တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်နှင့် အမျိုးသားစာပေဆု(ဘာသာပြန်)ရရှိခဲ့သည်။

စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပေါ်ပြူလာ ဂျာနယ်တွင်လည်း စာတည်း ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် မေလမှ စ၍ ပေါ်ပြူလာဂျာနယ် အပါအဝင် တခြား ဂျာနယ်များကို ထုတ်ဝေနေသည့် Asian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူလာသူ ဖြစ်သည်။


မေး။ ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် အကြောင်း ရေးတဲ့စာအုပ် ပြန်သိမ်းခံရတယ်ဆိုတာ ဟုတ်ပါလားဆရာ၊ ဘယ်လိုဖြစ်တာပါလဲ။

ဖြေ။ ။ ဟုတ်ပါတယ် ၊ ကျနော်က အင်္ဂလိပ်စာပဲ တတ်တော့ အမေရိကန်က ထုတ်တဲ့ သူ့အကြောင်းရေးတဲ့ စာအုပ် နှစ်အုပ်ကို ကိုးကားတယ်၊ အမှန်ကတော့ ကျနော်က အားလုံးပေါင်းပြီးရေးတာ၊ အဲ့သည် ကိုးကားတဲ့ စာအုပ်နှစ်အုပ်ကို မြောက်ကိုရီးယား ဘက်က အချက်အလက်တွေမှားတယ် ဆိုပြီး သူတို့က မကြိုက်တာပါ။

မေး။ ။ ဘာစာအုပ်တွေလဲဆရာ ၊ အမေရိကန် ဂျာနယ်တွေ မဂ္ဂဇင်းထဲမှာ ပါတာတွေလား၊ စာရေးဆရာ ဘာတေးလ် လင့်တ်နာ ရဲ့ စာအုပ်တွေလား။

ဖြေ။ ။ မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်လောက်က နောက်ဆုံးထုတ်တဲ့ လုံးချင်းစာအုပ်ကြီး နှစ်အုပ်ပါ၊ အဲ့သည်စာအုပ် နှစ်အုပ်မှာ ပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ ကျနော်လည်း ရှားပါးတဲ့ အချက်တွေဆိုပြီးတော့ ဘာသာပြန်တယ်၊ မြောက် ကိုရီးယား သံရုံးက ထုတ်တဲ့ စာအုပ်တွေလည်း ပါတယ်၊ ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန်ထည့်တာပေါ့၊ အဲ့သည်တော့ မြောက်ကိုရီးယားက အဲ့သည်မှာပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။

မေး။ ။ ဆရာ စတင်ထုတ်ဝေစဉ်က ခွင့်ပြုချက်နဲ့ ထုတ်တာပဲ မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ်၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်တာပါ။

မေး။ ။ မြောက်ကိုရီးယား သံရုံးက ဘယ်လိုသိသွားလို့ ဆရာ့ကို တိုက်ရိုက်ကန့်ကွက်တာလဲ။

ဖြေ။ ။ စာအုပ်ထွက်ပြီး ၂ လလောက်အကြာမှာ သိသွားတာ၊ သူတို့ သံရုံးမှာ ဗမာစာတတ်တဲ့ သူတွေက ဒါတွေမှားတယ် ဆိုပြီး ချွန်ပေးလိုက်တာ၊ ကျနော်ကြားတာက ကျနော့်ရဲ့ ဗမာလိုရေးထားတဲ့ စာအုပ်က တချို့အချက်တွေကို အင်္ဂလိပ်လို ဘာသာ ပြန်ခိုင်းတယ်၊ ဥပမာ- မြောက်ကိုရီးယား စစ်တပ်ဖွဲ့စည်းပုံ ဇယားကို အသေအချာကြည့်ပြီး မှားတယ်ပြောတယ်၊ ဒါတွေဟာ သူတို့ဟာ မဟုတ်ဘူးလို့ပြောတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ဇယားတွေကိုထောက်ပြတော့ အဲ့ဒါပဲ ထင်တယ်၊
ဖွဲစည်းပုံမှာ ဗိုလ်ချုပ်ကြီးက ဘယ်နှစ်ယောက် ဆိုတဲ့ အမေရိကန်စာအုပ်တွေထဲပါတဲ့ ဇယားပါ၊ သူတို့ မြောက်ကိုရီးယား သံရုံးက ထုတ်တဲ့စာအုပ်တွေမှာတော့ ဒီလိုလျှို့ဝှက်ချက် ပါတာမျိုးတွေ ဘယ်ပါမလဲ၊ စာရေးတဲ့ သူဆိုတာ ဘယ် အမှား အမှန်သိမလဲ၊ ဇယားထဲ ပါတာတွေ ရေးရတာပဲ၊ စာဖတ်ပရိသတ်ကလည်း ဒါမျိုးတွေမှ ကြိုက်တာ၊ ကျန်တာကတော့ အကောင်းချည်းပဲ၊ မကောင်းတဲ့ အချက်တွေကို ရှောင်ပြီးမှ ရေးတာ၊ ကိုးကား စာအုပ်ကိုမေးတော့ ဒီစာအုပ်တွေပဲဆိုတော့ အဲ့ဒါ နယူးယောက်က ထုတ်တဲ့ စာအုပ်တွေ၊ မကောင်းတာတွေ စာဖတ်ပရိသတ်လက်ထဲ မရောက်တာကောင်းတယ်၊ ဖြန့်ပြီးလည်း ကျန်တဲ့ဟာ ပြန်ပေး ပါဆိုတော့ ကျနော်လည်း စကားနည်း ရန်စဲ ပြန်ပေးလိုက်တယ်၊ မပေးရင် ဘာလုပ်မလဲတော့ မသိဘူး၊ ပေးလိုက်တော့ ပြီးသွားတာ ပေါ့၊ ကျနော် ကတော့ ဆုံးရှုံးတာပေါ့။

မေး။ ။ ဆရာ့ကို ကန့်ကွက်တာ စာပေစိစစ်ရေးကလား သံရုံးကလား၊ ခေါ်ပြီး ပြောတာလား၊ ဖုန်းတို့ စာတို့နဲ့ သတိပေးတာလား၊ မထုတ်ခင်က သံရုံးက အချက်အလက်ယူသေးလား။

ဖြေ။ ။ သံရုံးက ခေါ်ပြောတာပါ၊ သူတို့ဆီက လိုအပ်တဲ့စာအုပ်ကိုတော့ ယူပါတယ်။ ပြုစုတဲ့ အခါကျ တော့ လက်ဝဲရော လက်ယာရော ၀ါဒအကုန်လုံး ယူရတယ်၊ ဒါဟာ ကျနော်တို့ရဲ့လုပ်နည်းပဲ၊ ဒါပေမယ့် သူတို့ စာအုပ်တခုတည်း နဲ့ မရဘူး၊ သူတို့ စာအုပ်တွေက အရမ်းလေးတယ်၊ အချက်အလက်တွေချည်း ဖွား/သေ စာရင်းလို ရေးတာ၊ ဒါကြောင့် ကျနော်တို့က စာအုပ်ရေးလို့ မရဘူး။ ကျနော် အတ္ထုပ္ပတ္တိ စာအုပ် ရေးလာတာ ၂၅ အုပ်လောက်ရှိပြီ၊ တိန့်ရှောင်ဖိန် တို့ ၊ အီရန် သမ္မတ အာမာဒီနီဂျက် တို့ ရေးတာပဲ၊ ဘယ်မှာ တရုတ်လိုတို့ ၊ အီရန်လိုတို့ ဘယ်ရှာရေးမလဲ၊ ထွက်တဲ့စာအုပ် ဘာသာပြန်တာပဲ၊ ဒါက ကျနော့် အခွင့်အရေး လေ၊ တရုတ်ကတော့ ရှင်းတယ်၊ ဒါမျိုးရေးရင် အားလည်းမပေးဘူး၊ ကန့်လည်းမကန့်ကွက်ဘူး။

မေး။ ။ ကျနော်တို့ သိရတာ လိုက်သိမ်းတယ်၊ ဖျက်ဆီးတယ်လို့ သိရတယ်၊ ဆိုင်တွေပေါ် ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းတယ်၊ ဆရာ့ရှေ့မှာ မီးရှို့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်ပါသလား။

ဖြေ။ ။ ကျနော်ကို လက်ကျန်စာအုပ်တွေ တောင်းတာနဲ့ အကုန်ပေးလိုက်ပြီ၊ ဆိုင်ပေါ်ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းရင် သူတို့ ပိုက်ဆံပေးနေရမှာ စိုးတဲ့အတွက် လိုက်သိမ်းမယ်မထင်ဘူး၊ သူတို့က ပိုက်ဆံအကုန်မခံချင်ဘူးလေ၊ တချို့ဆိုင်တွေက အပြတ် ၀ယ်ထားတာလေ၊ ဘယ်အသိမ်းခံမှာလဲ၊ မီးရှို့တယ်ဆိုတာ မဟုတ်ပါဘူး၊ သူတို့ကို စာအုပ်လက်ကျန် ၃၃၀ လောက် အကုန်ပေး လိုက်တာ၊ မီးရှို့တယ်ဆိုတာ ကောလာဟလ ပါ။

မေး။ ။ စာပေစိစစ်ရေး အဖွဲ့ကရော နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှာစိုးလို့ ဆရာ့ကို ပြောပါသလား။

ဖြေ။ ။ မပြောပါဘူး၊ ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြုပြီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။

မေး။ ။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အကြောင်းရေးတုန်းက သူတို့ကိုဝေဖန်ထားတာတွေ ပါတယ်လို့ သိရတယ်၊ အခု မြောက်ကိုရီးယား ခေါင်းဆောင်အကြောင်းမှာရော ပါလား။

ဖြေ။ ။ တိန့်ရှောင်ဖိန် အကြောင်းတုန်းက ငယ်ငယ်တုန်းက ကောင်းတယ်၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ ဒုက္ခရောက်တယ်၊ လေးဦး ဂိုဏ်းက နှိကွပ်၊ နောက်ပိုင်း ပြန်ပြောင်းသွားတယ်၊ အကောင်းအဆိုး အကုန်ရေးတယ်၊ ဒီစာအုပ်မှာတော့ မကောင်းတာမပါဘူး၊ ဒါပေမယ့် သူတို့မူဝါဒ သူတို့နိုင်ငံက တရားဝင်ထုတ်တဲ့စာအုပ် မဟုတ်ရင်ဘယ်ဟာကိုမှ ခွင့်မပြုဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ သူတို့ခေါင်းဆောင်ကို ကောင်းပါတယ်လို့ ချီးမွမ်းဦး သူတို့ထုတ်တာ မဟုတ်ရင် မကြိုက်ဘူး။

မေး။ ။ ဒီစာအုပ်မှာ ကင်ဂျုံအီးလ် က ဟင်းကောင်းကောင်း ကြိုက်တယ်လို့ ပါတယ်နော်။

ဖြေ။ ။ ဟုတ်တယ် ၊ ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်၊ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက်စားတယ် ဆိုတာ လောက်ပါတာပါ၊ ဒီထက်ဆက်ရေးရင် အများကြီးပဲ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက် တွေထားပြီး ကောင်းကောင်းစားတယ်၊ လူရှေ့ သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲ့သည့် စာအုပ်တွေမှာရေးထားတယ်၊ ကျနော်ဘာသာပြန်တာက ညင်တောင်ညင်သာသေးတယ်၊ တကယ်ရေးမယ်ဆိုရင်တော့ မကောင်းတာအများကြီးဘဲ။

မေး။ ။ စာဖတ်ပရိသတ်ကရော အဲ့သည်စာအုပ်ကို ကြိုက်လား။

ဖြေ။ ။ စာဖတ်ပရိသတ်ကတော့ မလှုပ်ဘူးဗျ၊ မကုန်တာသာကြည့်ပေတော့၊ ကြိုက်လို့ ကုန်သွားရင် သူတို့သိမ်းစရာမရှိဘူးပေါ့၊
စာဖတ်ပရိသတ်က ဘာမှစိတ်မ၀င်စားပါဘူး၊ ကျနော်ထုတ်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အမေရိကန် သမ္မတ အိုဘားမား တုန်းကသာ ပြိုက်ခနဲ ကုန်သွားတာ၊ ၅ ခါလောက်ရိုက်ရတယ်၊ အီရန် သမ္မတ အကြောင်းလည်း မြန်မာပြည်မှာလည်း ဘယ်သူမှ မရေးသေးလို့
ခက်ခက်ခဲခဲ ကျနော်ရေးတယ်၊ ဒါပေမယ့် မကုန်ဘူး၊ ဒီစာအုပ်လည်း စီးပွားရေးတွက် စွန့်စားရေးတာပဲ မကုန်ဘူး၊ အမှန်အတိုင်း ပြောရင် ကောင်းလိုက်တာလို့ ဘယ်သူမှမပြောဘူး၊ လေသံတောင် မဟဘူး။

မေး။ ။ အခုလို အဖြစ်အပျက်ကို ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျနော် အတ္ထုပ္ပတ္တိ ရေးတဲ့မူက မြန်မာပြည်သူလူထုက ကမ္ဘာ့ခေါင်းဆောင်တွေ ကြည့်ပြီး သံဝေဂ ယူနိုင်တယ်၊ ကောင်းတာ တွေကိုယူ မကောင်းတာတွေကို ပယ်မယ်၊ ဒီပုဂ္ဂိုလ်ကြီးတွေဟာ သူ့နိုင်ငံနဲ့ သူ့မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ လူငယ်တွေအနေနဲ့ အတုယူနိုင်အောင် ရေးတာ၊ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ အကြောင်းရေးဆိုလည်း ရေးမှာပဲ၊ သူ့မှာလည်း မကောင်းတာတွေရှိသလို အတုယူစရာ တွေရှိတယ်လေ၊ ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့၊ နိုင်ငံတကာအမြင်၊ သမိုင်း သုံးသပ်ချက်တွေကို သိရမှာပေါ့၊ ပိုက်ဆံအတွက်ဆိုရင်တော့ ကျနော်ဘယ်ရေးမလဲ၊ ဒီလိုစာအုပ်မျိုးတွေကို ဗဟုသုတရစေ ချင်လို့ ပါ၊ ဒီလို စာအုပ်မျိုးတွေ အုပ်ရေ ၁၀၀၀ ကုန်ဖို့ အင်မတန် ခက်တယ်။

ရင်းမြစ်..ဧရာဝတီ

ဗိုလ်ကြီးဝင်းထိန်နှင့် အင်တာဗျူး (ရုပ်သံမြင်ကွင်း)

29 July 2010

နအဖ စစ်အာဏာရှင် လူသတ်သမားများ၏ ပထွေး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun မြန်မာနိုင်ငံကို ဒီနေ့ က စပြီး ရောက်ရှိ

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun ဟာ မြန်မာနိုင်ငံကို ဒီနေ့ က စပြီး ရောက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံကနေ ပြန်လာမယ့် နအဖနိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းကို နေပြည်တော်မှာ သွားရောက်တွေ့ ဆုံမှာ ဖြစ်ပါတယ်။



၁၉၈၃ ခုနှစ်က မြန်မာပြည်မြေပေါ်မှာ လာရောက်ပြီး မြန်မာပြည်သူတစ်ရပ်လုံး လေးစားဦးညွှတ်ကြတဲ့ အာဇာနည်ဗိမာန်ကို ဗုံးခွဲဖျက်ဆီးခဲ့တာကို နိုင်ငံတစ်ခုအနေနဲ့  လူမျိုးတစ်ရပ်အနေနဲ့  တရားဝင် တောင်းပန်ခြင်းမပြုသေးတဲ့အပြင် ယခုလည်း မြောက်ကိုရီးယားတွေက မြန်မာလူမျိုးအပေါ် ထပ်မံစော်ကားလိုက်ပါတယ်။

မြောက်ကိုရီးယားအရေး လေ့လာသူ Bradley K. Martin ရေးသားတဲ့ Under the Loving Care of the Fatherly Leader: North Korea and the Kim Dynasty စာအုပ်ကို မြန်မာစာရေးဆရာ ဟိန်းလတ်ကနေ “ကင်မ်ဂျုံအီ (သို့မဟုတ်) မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး” အမည်တပ်ထားတဲ့ မြန်မာဘာသာပြန်စာအုပ်ရေးသားခဲ့တာကို ရန်ကုန်မှာ ရှိတဲ့ မြောက်ကိုရီးယားသံရုံးက မြောက်ကောင်တွေက အတင်းအဓမ္မ ပြန်လည်သိမ်းခိုင်းပြီး စာအုပ်ပေါင်း ၅၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးပစ်လိုက်ပါတယ်။




ဒီစာအုပ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအီရဲ့  ဘ၀အကြောင်းကို လေ့လာပြုစုရေးသားထားတာဖြစ်ပြီး သူတို့  မြောက်ခေါင်းဆောင်ကြီးကို အနောက်နိုင်ငံတွေက ဝေဖန်ထားတာတွေ သူတို့  မြောက်တွေရဲ့  ၀ါဒဖြန့် ချီမှုလုပ်ရပ်တွေကို ထည့်သွင်းရေးသားထားတာကြောင့် မြောက်ကောင်တွေ မခံမရပ်နိုင်ဖြစ်ပြီး မူရင်းအင်္ဂလိပ်စာအုပ်ကိုတင်မက ဘာသာပြန်တဲ့ မြန်မာစာရေးဆရာကို ပြဿနာလုပ်တာ မြန်မာစာရေးဆရာရဲ့ ဘာသာပြန်စာအုပ်ကို မီးရှို့ ဖျက်ဆီးတယ်ဆိုတာ မြန်မာလူမျိုးတစ်မျိုးလုံးနဲ့  မြန်မာနိုင်ငံကို မြန်မာမြေပေါ်မှာ နောက်ထပ်တစ်ကြိမ် စော်ကားပြုမူလိုက်ခြင်းဘဲ ဖြစ်ပါတယ်။



ဒီလို မြန်မာလူမျိုးတွေအပေါ်မှာ မြန်မာနိုင်ငံအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားရိုင်းပြတဲ့ မြောက်ကောင်တွေကို အိမ်တိုင်ယာရောက် ဖိတ်ခေါ်ပြီး သွားကြီးတဖြီးဖြီးနဲ့  ကြိုဆိုလက်ခံတွေ့ ဆုံမယ့်သူတွေကတော့ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  နအဖနိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းတို့  တစ်တွေဘဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့  ကိုယ်ရဲ့  တိုင်းပြည်နဲ့  လူမျိုးကို တစ်ကြိမ်မက ထပ်မံစော်ကားနေတဲ့ မြောက်ကောင်တွေနဲ့  နအဖအမျိုးသားသစ္စာဖောက်တွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြရင်တော့ မြန်မာလူမျိုးဆိုတာ တိုင်းတစ်ပါးမြေပေါ်မှာ အစော်ကားခံနေကြရတာထက် ပိုဆိုးတဲ့ ကိုယ့်မြန်မာမြေပေါ်မှာတင် အစော်ကားခံနေရတဲ့ လူမျိုးတွေ ဖြစ်နေပါပြီ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

လူသတ်သမားစစ်အာဏာရှင်ဦးသန်းရွှေတို့ရဲ့ ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း ဓာတ်ပုံများက ပြောသောရင်တွင်းစကားများ



လူသတ်သမား စစ်အာဏာရှင် ဦးသန်းရွှေ တယောက် ဘုရားသွားကျောင်းတက်တာတောင်စစ်ဝတ်စုံကိုမချွတ်တာခုတော့အိန္ဒိယသွားတာ ချွတ်သွားပုံထောက်ရင်ဖြင့် ကလိန်ကျဘို့ပြင်နေတာသိသာထင်ရှာနေတာပါ၊အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ် (Pratibha Patil)၊ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ၊တို့ကိုပုံစံတမျိုးနဲ့မရိုးရအောင်သွေးဆောင်တော့မယ် သူလိုချင်တာရဘို့ကတော့ရှက်ကြောနဲ့ချက်ကြောကိုမှားဖျက်မိတဲ့လူသတ်သမားစစ်အာဏာရှင်
ဦးသန်းရွှေတယောက်



လူသတ်သမားစစ်အာဏာရှင်ဦးသန်းရွှေနှင့် အကြံပေးဒေါ်မကြိုင်ကြိုင်တို့ရဲ့ လိုချင်တာတွေလဲရ အကြွေးလဲ ဆပ်ဘို့ရွေးဆိုင်းပေးလိုက်တော့ ပြုံပျော်မဆုံး ဖြစ်နေတဲ့ မျက်နှာတွေ မြန်မာပြည်သူတွေကတော့အိန္ဒိယဆီကယူထားတဲ့ ပိုက်ဆံတွေ နဲ့ အတိုးတွေကိုဆပ်ရတော့မယ်




လူသတ်သမား စစ်အာဏာရှင်ဦးသန်းရွှေတယောက် ကုန်သွယ်ရေးဆိုင်ရာ စာချုပ် ၅ ခုထက် မနည်းကိုလည်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးဘို့ ဘယ်လိုတွေ ယုံအောင်ပြောရမလဲ ဆိုတာ တွေးတောနေပုံ တစ်ခုပေါ့




အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို သွားရောက် ဂါရဝပြုခဲ့ရပြီးငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ရုပ်တုကိုလဲပေးအပ်လိုက်ပုံကတော့လူသတ်သမားစစ်အာဏာရှင်ဦးသန်းရွှေကို အိန္ဒိယကနားလည်ပါးရိုက်လိုက်ပုံတစ်ခု



လူသတ်သမားစစ်အာဏာရှင်ဦးသန်းရွှေဟာအိန္ဒိယက EXIM ဘဏ်ကနေ မြန်မာကို ချေးထားတဲ့ ချေးငွေ ဒေါ်လာ သန်း ၆၀ ကို ဆက်ပြီး သက်တမ်းတိုး ချေးနိုင်ဘို့ဘယ်လို ကလိန်ကျရင်ကောင်းမလဲစဉ်းစားတွေးတောနေသောမျက်နှာ





လူသတ်သမားစစ်အာဏာရှင်ခေါင်းဆောင်ဦးသန်းရွှေတို့ဇနီးမောင်နှံအားအိန္ဒိယခရီးစဉ်မှာ ဗေဒင် ယတြာ ဟူးရားဆရာ တို့၏ ညွှန်ကြားချက် အရ ဒီလိုတွေ လုပ်ခိုင်းလိုက်လို့ မြန်မာပြည်သူတွေကို မတရားသတ်ထားတဲ့ သွေးစွန်း
သောလက်န်ီကြီးများနဲ့တက်ညီလက်ညီဆုတောင်းနေကြပုံ



လူသတ်သမားစစ်အာဏာရှင်ဦးသန်းရွှေ ကိုတော့ အကြံပေးအရာရှိ ဒေါ်မကြိုင်ကြိုင် က သူတို့ပေးတာကိုယူလိုက်
ဘာမှ ပြန်မတုံပြန်နဲ့ နော်လို့ မှားထားပုံဘဲ သူတို့လဲ ပေးချင်တာ ပေး
လူသတ်တဲ့ အလုပ်က လဲ ကျမတို့ အလုပ်

ရွေးကောက်ပွဲနေ့ရက်မကြေညာတာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ဝေဖန်


၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမယ် ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မကြေညာသေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အပေါ်မှာ တရားမျှတမှု မရှိရာ ရောက်တယ်လို့ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့နေအိမ်မှာ အမှုကိစ္စတွေအတွက် သွားတွေ့ခဲ့ကြတဲ့ အကျိုးဆောင် ရှေ့နေတွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ နေ့လယ် နေအိမ်မှာ သွားတွေ့ခဲ့ကြတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ ၂ ဦးနဲ့ အမှုကိစ္စအတွက် ပြောဆိုကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ် ပြောဆိုလိုက်တာပါ။ အထူးသဖြင့် ဒီနှစ်ထဲမှာ ကျင်းပပေးမယ်ဆိုပြီး အခုချိန်ထိ ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက်ကို အတိအကျ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အတွက် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲရဖို့ အခြေအနေ မရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ကြောင်း ဒီကနေ့ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“လက်ရှိ နိုင်ငံရေး အခြေအနေက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကြီးက အခုချိန်ထိ မကြေညာသေးတာ ရွေးကောက်ပွဲ ၀င်သူတွေအတွက် တရားမျှတမှု ရဖို့၊ ညီမျှသော ယှဉ်ပြိုင်မှုဖြစ်ဖို့ အခြေအနေ မရှိဘူး။ ဘာဖြစ်လို့ ဒီလို ကြန့်ကြာနေရလဲဆိုတာနဲ့ ပတ်သက်ပြီး သူ စဉ်းစားနေတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ အချိန်နည်းနေတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားလို့ မရဘူးလို့ ပြောပါတယ်။”

တခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကိစ္စတွေမှာလည်း အာဏာပိုင်တွေဆီက ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရတဲ့အတွက် နိုင်ငံရေးပါတီတွေ အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုပြောတာက ဒီရွေးကောက်ပွဲ စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင် အဖွဲ့အစည်းကသော်လည်းကောင်း၊ ကော်မရှင်ကသော်လည်းကောင်း ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရသေးတဲ့ အကြောင်း၊ ဒါတွေ ရှင်းရှင်းလင်းလင်း မရှိဘဲနဲ့ အခုမှ ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်မယ့် သူတွေအတွက် အများကြီး အခက်အခဲတွေ ဖြစ်နေမှာပဲလို့ အဲဒီလိုပြောပါတယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေရဲ့ အခြေအနေကို သူနားထောင်တာ အသံတွေက အရှိန်အဟုန် ကျနေတယ်လို့ သူ အဲဒီလို နားလည်တယ် ဆိုတာကို ပြောပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့ပေမဲ့ NLD ပါတီ မရှိတော့ဘူး ဆိုတာကို လုံးဝ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့လည်း ဆိုပါတယ်။

“NLD ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ NLD ပါတီ မရှိတော့ဘူးဆိုတာ သူ လုံးဝ လက်မခံဘူး ဆိုတဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ NLD ဟာ နဂိုကတည်းက ရှိပြီးသားပါတီ၊ အခုလို မေလ ၆ ရက်နေ့မှာ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း၊ လက်မခံနိုင်တာကိုလည်း ပြောနေတာသက်သက် မဟုတ်ဘူး၊ တရားဥပဒေ လမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောပါတယ်။”

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီလောက်ထိ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စအတွက် အထူးအယူခံ လျှောက်ထားမှု လျှောက်လဲချက် ပေးဖို့အပြင် အိမ်ပြင်ဆင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ နောက်ဆုံးအဆင့် အယူခံပေါ့၊ လုပ်ထုံးလုပ်နည်းအရ အဆင့် ၂ ဆင့်ရှိတယ်။ ပထမတဆင့်က အထူးအယူခံ ၀င်ခွင့်ပြုဖို့ လျှောက်ထားခြင်းပေါ့။ နောက်တခုကတော့ အထူးအယူခံပေါ့။ ပထမအဆင့်ဖြစ်တဲ့ အထူးအယူခံဝင်ဖို့ ခွင့်ပြုတယ်၊ မပြုတယ် အတွက်ကို သီးခြား လျှောက်လဲချက် ပေးရပါမယ်။ အဲဒီ သီးခြားလျှောက်လဲချက် ပေးဖို့ ရက်ချိန်း စောင့်မျှော်နေတာ အခုထိ မရသေးပါဘူး။ အဲဒါအတွက် ပြင်ဆင်တဲ့လုပ်ငန်းကို ထပ်ပြီးတော့ ဆွေးနွေးတာပါ။

“နေအိမ်ပြင်ဆင်ရေး ကိစ္စအတွက် ဒီလအကုန်ထိပဲ အချိန်ရနိုင်မယ်ဆိုပြီး အာဏာပိုင်တွေက ပြောထားတာ ရှိတယ်။ အဲတော့ ဒီလအကုန်မှာ အရေးကြီးတဲ့ အကြမ်းထည် ပြုပြင်မှုတွေ အားလုံး ပြီးနိုင်တယ်။ အချောသတ်တွေက မပြီးနိုင်သေးဘူး။ အဲဒါကြောင့် ဘယ်လောက် အချိန်အတိုင်းအတာ ထပ်လိုမယ်၊ အခြေအနေ အသေးစိတ် ပြုစုပြီးတော့ တင်ပြဖို့ စာကြမ်းပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပါတယ်။”

ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်..VOA

အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသောစီးကရက်၊အရက်၊ဘီယာနှင့်ရေသန့် ဘူးများကိုရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်ဇူလိုင်လဆန်းပိုင်းမှစတင်၍ လိုက်လံသိမ်းဆည်

သတ်မှတ်ထားသည့် ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ အခွန်တံ ဆိပ်ကပ်နှိပ်ထားခြင်းမရှိသော စီးကရက်၊ အရက်၊ ဘီယာနှင့်ရေသန့် ဘူးများကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ လိုက်လံ သိမ်းဆည်းနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ် ဧပြီလ မှ ဇွန်လအထိ သုံးလ အတွင်း အခွန်တံဆိပ်မပါသော ပစ္စည်း များကို ရောင်းချခြင်းမပြုရန် ပညာပေးဆောင်ရွက်ခဲ့ပြီး ဇူလိုင် လမှစ၍ ရန်ကုန် နှင့် မန္တလေး မြို့တို့ရှိ စတိုး ဆိုင်ကြီးများ၊ ဈေးများရှိ လက်ကားအရောင်းဆိုင်ကြီး များနှင့် စူပါမားကက်များ တွင် လိုက်လံ သိမ်းဆည်းခြင်းဖြစ်သည်။

"သိမ်းဆည်းတဲ့ ပစ္စည်းတွေထဲမှာ ပြည်တွင်းဖြစ် စီးကရက်အများစုက တော့ အခွန်တံဆိပ်ပါတာများပါတယ်။ နိုင်ငံ ခြားက တရားမ၀င်ရောက်လာတဲ့ စီးကရက်တွေကိုတော့ အနိမ့်ဆုံး ငါးရာခိုင်နှုန်း သတ် မှတ်ပြီး အခွန်ပေး ဆောင်စေမှာပါ။ အရက်နဲ့ ဘီယာတွေ ကိုတော့ ကုန်စည်အမျိုးအစားပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်မှာပါ။ ပြည် တွင်းထုတ် ရေသန့်တွေမှာ အခွန်ပါပြီး ဖြစ်လို့ ရေသန့်သိမ်းဆည်းရမှုက မရှိ သလောက်ပါပဲ"ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ထိုင်း နှင့် တရုတ်နယ်စပ်တို့မှ တင်သွင်း လာသည့် အခွန်တံဆိပ်ခေါင်း မပါ သော စီးကရက်၊ အရက်၊ ဘီယာနှင့် ရေသန့်ဘူးများကို ဇူလိုင်လ ၁၀ ရက် နေ့က မန္တလေးဈေးချိုရှိ ဆိုင်ကြီးများ တွင် လိုက်လံသိမ်းဆည်းခဲ့သည်။

"လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အခွန်တံဆိပ်ခေါင်းမပါတဲ့ပစ္စည်းတွေကို မရောင်းဖို့ သတိပေးခဲ့ပါတယ်။ ဒီနှစ် ၂၀၁၀ မှာတော့ ဖေဖော်ဝါရီ၊ မတ်လလောက်မှာ သတိပေးနှိုးဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ဇူလိုင်လမှာတော့ ရောင်းနေတဲ့ဆိုင်တွေက အဲဒီပစ္စည်းတွေ ကိုသိမ်းပါတယ်။ သတိပေးပြီးသား ဖြစ်လို့ ဆိုင်ရှင်တွေလည်း အသိမ်းခံရပါတယ်"ဟု မန္တလေးအဆင့်မြင့် ဈေးချိုတော်မှစားသောက် ကုန်လက်လီ လက် ကားဆိုင်ရှင်တစ်ဦးက ပြောသည်။

သိမ်းဆည်းသောပစ္စည်းများအနက် မန္တလေးဈေးကွက်၌ စီးကရက်မှာနယ်စပ်မှဝင်ရောက်မှု အများဆုံးဖြစ်ပြီးအခွန်တံဆိပ်ခေါင်းမပါ သောတံဆိပ် အများအပြားရှိကြောင်း၊ ဈေးကွက်တွင် ၂၅ ရာခိုင်နှုန်းဝင်ရောက်မှုရှိပြီး အရောင်း ရ တွင်ကျယ်ကြောင်းသိရသည်။

"အခုသိမ်းဆည်းနေတဲ့ အခွန် တံဆိပ်ခေါင်းမပါတဲ့ပစ္စည်းတွေထဲမှာ စီးကရက်က အများဆုံးပါ။ အရက်၊ ဘီယာတွေက နည်းပြီး ရေ သန့်တွေက တော့ မန္တလေးဈေးကွက်မှာမရှိ သလောက်ပါပဲ။ ဘီယာ၊အရက်နဲ့ ရေသန့်ကပြည်တွင်းထုတ်တွေကိုအသုံး များပါတယ်။ နယ်စပ်တွေမှာသာ ပြည် တွင်းရေသန့်ထက် ဈေးသက်သာပြီး ပစ္စည်းပေါလို့ ပြည်ပကအခွန်တံဆိပ်ခေါင်းမပါတဲ့ရေသန့်တွေကို သုံး ကြပါ တယ်"ဟု စီးကရက်၊ အရက်နှင့် ဘီယာ များကိုအဓိကရောင်းချသည့်လက်ကား ဆိုင်ရှင်ကြီးတစ်ဦးက ဆိုသည်။

ပြည်တွင်းဖြစ် အရက်၊ ဘီယာနှင့် နိုင်ငံခြားဖြစ်အရက်၊ ဘီယာများကိုသိမ်းဆည်းရာ၌ သိမ်းဆည်းထားသည့် ပြည်တွင်းဖြစ် အရက်၊ ဘီယာများကို သတ်မှတ် ထားသည့် အခွန်အခ ပေး ဆောင်ပြီးပါက ပြန်လည် ရောင်းချ ခွင့်ပြု မည်ဖြစ်သည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာများကိုမူ အကောက်ခွန်မဲ့ပစ္စည်းအဖြစ် သတ်မှတ်၍ ပြည်တွင်းအခွန်ဌာနမှ အကောက်ခွန်ဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ကာ အကောက် ခွန်ဌာန နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်း ပြည်တွင်းအခွန်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

အခွန်တံဆိပ်ခေါင်းမပါသော ကုန် ပစ္စည်းများကို သိမ်းဆည်းသဖြင့် ပြည် တွင်းစီးကရက်တချို့ ရောင်းအား နှင့် ဈေးနှုန်း ရာခိုင်နှုန်း အနည်းငယ် မြင့် တက်လာကြောင်းသိရသည်။

"အခွန်တံဆိပ်ခေါင်းမပါတဲ့ စီးကရက် တွေကိုသိမ်းတော့ ပြည်တွင်း စီးကရက် တံဆိပ် တချို့ ရောင်းအားနဲ့ ဈေးနှုန်မြင့် တက်လာပါ တယ်။ ကမ္ဘာ့ဖလား ဘော လုံးပွဲကာလက ပြည်တွင်း စီးကရက်တံဆိပ်သစ်တချို့က ရောင်းအား မြှင့်တင်ရေးအရမ်းလုပ်ထားတော့ ရောင်းအားတက်ခဲ့ပါတယ်။ အခုလည်း မူလကရှိတဲ့ တံဆိပ်ဟောင်းတွေထက် အသစ်ထိုး ဖောက်လာတဲ့ တံဆိပ်တွေ ပိုရောင်းရနေ တယ်။ ဈေးနှုန်းကလည်း ၁၀ ဘူးပါတစ်တောင့်ကို ကျပ် ၂၀၀၊ ၃၀၀ လောက်တက်လာပါတယ်" ဟု ဆိုင်ရှင်တစ်ဦးက ပြောဆိုခဲ့သည့်အကြောင်းအား မြန်မာတိုင်း(မ်)ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

သင်္ဘောသားအချို့ကို လိမ်လည်သင်္ဘောတင်ပေးခဲ့သည့်အမှုတစ်ခု ဖြစ်ပွား

ပြည်တွင်းရှိ သင်္ဘော အေးဂျင့်တစ်ခုမှ သင်္ဘောသားမှတ်ပုံတင် တရားဝင်ရရှိထားသော သင်္ဘောသားငါးဦး အား လိမ်လည်လှည့်ဖြားပြီးသင်္ဘောတင်ပေး ခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း (MOSA)မှ သိရသည်။

အဆိုပါသင်္ဘောအေးဂျင့်၏ လိမ် လည်မှုကြောင့် ယင်းသင်္ဘောသားငါးဦးမှာ တစ်ဦးလျှင် ငွေကျပ်၁၅သိန်းနီးပါးခန့် ဆုံးရှုံး ခဲ့ပြီး ရသင့်ရထိုက်သည့်လစာငွေများလည်း အပြည့်အ၀မရရှိသေးကြောင်း MOSA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီသင်္ဘောက ပိပိရိရိနဲ့ကို အကွက် ဆင်ပြီး လိမ်လည်သွားတာပါ။ သင်္ဘောသား တွေကလဲ သင်္ဘောပေါ်ရောက်မှ အလိမ်ခံ ရမှန်း သိတယ်။ အဲဒီသင်္ဘောသားငါးဦးရဲ့ ကုန်ကျခဲ့တဲ့ဝန်ဆောင်ခတွေနဲ့ ရမယ့်လစာ တွေကို ကျွန်တော်တို့ MOSA က အတတ် နိုင်ဆုံး ပြန်လည်ရရှိအောင်ဆောင်ရွက်နေ ပါတယ်။ တချို့တစ်ဝက်လဲ ပြန်လည်ရရှိနေ ပါပြီ''ဟု ယင်းက ထပ်မံပြောသည်။

''တကယ်တော့ သင်္ဘောသားက စုစုပေါင်း ၁၃ဦး၊ တရားဝင်စီဒီစီရရှိထားတဲ့ သင်္ဘောသားက ငါးဦး၊ သင်္ဘောသား ၁၃ဦး ထဲကရှစ်ဦးကို အဲဒီအေးဂျင့်က ပထမအသုတ် အနေနဲ့ ဒီနှစ်ဖေဖော်ဝါရီ၂၀မှာ စလွှတ်လိုက် တယ်။ သင်္ဘောသားရှစ်ဦးက သင်္ဘောပေါ် ရောက်မှ လိမ်မှန်းသိလို့ ရန်ကုန်ကအေးဂျင့် ကို ဖုန်းဆက်ပြီးပြောတာတောင် အေးဂျင့် က နောက်ထပ်ငါးဦးကို မတ် ၁၈ရက်က ထပ်လွှတ်လိုက်တယ်''ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် သင်္ဘောသားတစ်ဦးကပြောသည်။

''အဲဒီအေးဂျင့်ကလဲ ကျွန်တော်တို့ ရှစ်ဦးကို ပထမအသုတ်အနေနဲ့ အာဖရိက က MTDUKE သင်္ဘောကို လွှတ်လိုက် တယ်။ အေးဂျင့်ပြောတော့ ဆီတင်သင်္ဘော မှာ အလုပ်လုပ်ရမယ်၊ အာဖရိကမှာ သင်္ဘော ပြောင်းပြီး ဆက်သွားရမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရောက်သွားတဲ့သင်္ဘော က ဆီတင်သင်္ဘောဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းကို သင်္ဘောဖျက်ဖို့သွား ရမယ့် သင်္ဘောဖြစ်နေတယ်။ သင်္ဘောပေါ် မှာ ကျွန်တော်တို့မြန်မာလူမျိုးနဲ့ ဂရိနိုင်ငံသား တွေပဲပါတယ်''ဟု ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး က ပြောသည်။

''မေ၂၄ရက်မှာ ကျွန်တော်တို့ကိုပို့ ပေးမယ့် သင်္ဘောအေးဂျင့်ရဲ့ မန်နေဂျင်းက သင်္ဘောသား ၁၃ဦးကို မင်းတို့လစာငွေတွေ မရောက်သေးဘူး။ ဒါပေမဲ့ မင်းတို့ကုန်ကျ ခဲ့တဲ့ ၀န်ဆောင်ခကိုတော့ အဆင်ပြေသလို တစ်ဦးချင်းစီကို တချို့တစ်ဝက်ပေးသွားမယ် လို့ ပြောတယ်။ ဒါပေမဲ့ မင်းတို့လစာငွေတွေ ကတော့ ငါတာဝန်မယူနိုင်ဘူးလို့ အဲဒီမန် နေဂျင်း ဒါရိုက်တာကပြောတယ်။ လစာငွေ မပြောနဲ့ဦး ကျွန်တော့်တို့အနေနဲ့ ကုန်ကျခဲ့တဲ့ ၀န်ဆောင်ခတောင် တချို့တစ်ဝက်ပဲ ပြန်ရ သေးတယ်''ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ထပ်မံပြောသည်။

ယင်းသင်္ဘောအေးဂျင့်သည် စီဒီစီ တရားဝင်ရရှိထားသော သင်္ဘောသားငါးဦး နှင့် အခြားသင်္ဘောသားရှစ်ဦးကို လှည့်ဖြား အကွက်ဆင်ပြီး ဆီတင်တန်ကာဖျက်သင်္ဘော ကို တင်ပေးခဲ့သောကြောင့် ယင်းသင်္ဘော သား ၁၃ဦးမှာ ဖျက်သင်္ဘောပေါ်တွင် သုံးလ ကြာ ဒုက္ခမျိုးစုံခံစားခဲ့ရပြီး မေ ၂၃ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်း... YMG

28 July 2010

နအဖစစ်အာဏာရှင်လူသတ်သမားဦးသန်းရွှေ ၏အိန္ဒိယ ခရီးအား ရုပ်သံမြင်ကွင်းနှင့်သတင်း

နအဖအာဏာရှင်လူသတ်သမားဦးသန်းရွှေနဲ့ ဒေါ်မ ကြိုင်ကြိုင်ခမြာ မကောင်းဆိုးရွားကောင်ကို ပရိတ်ရေထိသလို နာနာဘာဝကို လက်ဝါးကပ်တိုင်နဲ့  ကပ်လိုက်သလို ဖြစ်သွားတာမို့  ဒီလက်ဆောင်ကို လက်နဲ့ ယူပြီး လက်ခံလိုက်မိတဲ့အချိန်မှာ မူလရုပ်အသွင်တွေ ပေါ်ထွက်လာကာ ယုတ်မာကောက်ကျစ်ရိုင်းစိုင်းသောမျက်နှာအသွင်အပြင် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။



အိန္ဒိယနိုင်ငံရဲ့  ခေါင်းဆောင်ကြီး အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့  ထင်ရှားကျော်ကြားတဲ့ “"Seven Social Sins" လူ့ လောကအတွက် အကျိုးမရစေသော ပြစ်မှု ၇ ရပ် - ဆိုတဲ့ စာသား (၇) ခုက အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။










မြန်မာပြည်သူ့တွေရဲ့မေတ္တာကိုအပြည့်အဝခံယူနေရသောနအဖစစ်အာဏာရှင် ဦးသန်းရွှေ၏ အိန္ဒိယခရီးစဉ်တတိယနေ့ မြင်ကွင်း













ပေးပို့ ပေးသော ဆရာတော် ဦးထာဝရ အားကျေးဇူး တင်ပါသည်။

27 July 2010

ချင်းတွင်းမြစ်ကို အမှီသဟဲပြု၍ ဝမ်းစာရှာကြရသူတို့၏ ဘဝရုပ်ပုံလွှာ


ဒီလို မိုးလရာသီမှာ ဆိုရင် ချင်းတွင်းဟာ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း ဖြစ်လာခဲ့ပြီ။ လှိုင်းတွေထန်၊ လေတွေထန်၊ ရေတွေကပါ အဆမတန် ဒေါသကြီးနဲ့ ရမ်းကားပြင်းထန်လို့။ ချင်းတွင်းရဲ့ သဘောသကာယ ကောင်းမွန်ချိုမြတဲ့ အခွင့်အရေးကို အမိအရ အသုံးချပြီးတော့ ဝမ်းစာမဟုတ်တဲ့ မီးလျံနာလုပ်ဖို့ စိတ်ကူးရကြသူတွေ ကတော့ ဒီဇင်ဘာလ ရောက်ရင်ပဲ ချင်းတွင်း ရင်ခွင်ကို အတင်းအဓမ္မ ဖြဲခွဲလို့ သားစဉ်မြေးဆက် လက်မထောင်နိုင်မည့် အလုပ်ကြီး အကိုင်ကြီးတွေကို စွန့်လွှတ်စွန့်စား ရွက်လွှင့်ခဲ့ကြတယ်။

အဲဒီလို ဆောင်းလရာသီ ရောက်ရင် အပြင်းအထန် ဒေါသမာန်တွေ ဆောင့်တက်လေ့ရှိတဲ့ ချင်းတွင်းဟာ လူကြမ်းလေး မဟုတ်တော့ပေဘူး။ ယောဂီလိုတောမှီတဲ့ ခန္တီစရိုက်ကို အလိုက်အထိုက် ပွေ့ ပိုက်ရင်းနဲ့ မာန်မရှိတော့ဘူး။ ဒေါသဆိုတာ မသိတော့ပေဘူးလေ။ ဒီလိုအချိန်အခါ ရောက်လာတော့မှပဲ လောဘဇောတွေ ပိတ်ဆည်း လက်ကိုင်ပြုနေကြတဲ့ ဖြတ်လမ်းလိုက်ကြတဲ့ သူတွေက ချင်းတွင်းရဲ့ အသည်းကလီဇာတွေကို မညှာမတာ ထုတ်ယူကြရင်း လက်မထောင်ပြဖို့ ကြိုးစားကြတယ်လေ။

ချင်းတွင်းမြစ်ပြင်ပေါ်က သယံဇာတတွေကို ကလေးဝမြို့နယ်ထဲက မစိန်မှော်ကနေ လက်တစ်ဆုံး နှိုက်ထုတ်ခဲ့ကြပြီးပြီ။ မြစ်ပြင်ပေါ်မှာ မော်တော်တွေ ခေါင်းချင်းဆိုင်လို့ တစ်ဖုံရနိုင်သမျှ တူးဆွဖွေရှာခဲ့ကြတာ နှစ်တွေတောင်မှ အိုမင်းရင့်ရော်ခဲ့ရပေါ့။ ချင်းတွင်း ရေကို သောက်မျိုရင်းနဲ့ပဲ တစ်ခြုံကွယ်တစ်မယ် မေ့ခဲ့ကြတဲ့ ရွှေလောပန်း ဝိသမကောင်တွေက အခုဆိုရင် ချင်းတွင်းရဲ့ အလှည့်အပြောင်းကို ကျီဆယ်သလို ကလူဤသို့ မြူ၏သို့နှယ် အရှက်ကျောပြတ်သလို မျက်နှာများခဲ့ကြပြန်ပြီ။

မစိန်မှော်မှာ အခြေအနေ မဟန်တော့တဲ့နောက် ရွှေမာယာသည်ပီပီ အခုတော့လည်း တံငါမှော်တဲ့။ ဖြစ်သွားရတာ ကို ပြောချင်တာပါ။ အဲ့ဒီ တံငါမှော်ဆို တာက ဖောင်းပြင်မြို့နယ်ထဲမှာ ရှိတာကလား။ ကလေးဝမြို့နယ်ရဲ့ အောက်ဘက်ကျောမှာလေ။ ရိုက်ချက်တွေ ပြောင်းပြန်စီးဆင်းခဲ့ခြင်းနဲ့ အတူ အရောင်ပြောင်းလဲ တတ်ကြတဲ့ ရွှေလောပန်းတွေ . . .ရွှေကျင်သားတွေကလည်း မစိန်မှော်ကို ပစ်ခွာရင်း တံငါမှော်ကိုပဲ တစွဲစွဲတသဲသဲနဲ့ အပြောင်းအလဲ မြန်တတ်ကြ ပလေတယ်။

မင်းကင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ ဖောင်းပြင်မြို့၊ ဟုမ္မလင်းမြို့နဲ့ခန္တီးမြို့ တွေဟာ ရွှေမှာ အထင်ကရမြို့တွေ မဟုတ်လား။ ခန္တီးဆိုရင် ရွှေတစ်ခုတည်း မဟုတ်ဘူး။ ကျောက်စိမ်းပါထွက်တာ။ ဖားကန့်ဘက်က ကျောက်စိမ်းဆိုတာနဲ့ နင်လားငါလားပဲ။ ဒါတွေက ချင်းတွင်းရဲ့ တစ်စိတ်တစ်ဒေသအလှတွေပဲပေါ့။ ချင်းတွင်းကပေးတဲ့ မက်မော လောက်စရာ အရည်အသွေးတွေဟာ ဘဝတစ်ခုသာမကဘူး။ ဘဝတွေသောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီးတော့ ကျိကျိတက် အရောင်ထွက်သူတွေ ဖြစ်သွားကြရပြီးပြီ။ ဒါတွေဟာ ပုံပြင် မဟုတ်ဘူး။

လက်တွေ့ သာဓကတွေလေ။ အဲသလို ပြောင်မြောက်တဲ့ဘဝအရည်အသွေး တွေပိုင်ဆိုင်သွားနှင့် ကြတဲ့လူတွေကို နှလုံးမူပြီး တော့အခုဆိုရင် ချင်းတွင်းရဲ့မျက်နှာသာ ပေးမှု တွေမျှော်လင့်နေကြသူတွေ အဆမတန်ပဲပေါ့။ မုံရွာကို ဖြတ်သန်းပြီးတော့မှ ချင်းတွင်းဆီကို ခိုမှီနေကြတာအရေအတွက်မနည်းမနော ရှိခဲ့ ပြီ။ ချင်းတွင်းကိုချစ်သလိုလို တွယ်ငင်ရစ်ပတ် သလိုလိုနဲ့ မူနွဲ့ဟန်ပိုနေကြပြီလေ။

ဒီလိုဒီလို လူတွေကို အကြောင်းရင်းခံပြုပြီးတော့ ချင်းတွင်းမြစ်ကမ်းက ရွာကလေးတွေဟာ ရိုးသားစွာပဲ တစ်ဝမ်းတစ်ခါးအတွက် ဝမ်းရေးကိုဖွေရှာ ဖြည့်တင်းနေကြရပြီ။ ဒါဟာသမ္မာအာဇီဝစစ်စစ်ပေပဲလေ။ မြစ်ဆိပ်ကိုသင်္ဘောနဲ့ အမြန် မော်တော်တွေ၊ သင်္ဘောငယ်လေးတွေ၊ ရှပ်ပြေး မော်တော်တွေ ဆိုက်ကပ်လာကြတဲ့ အချိန် ဈေးသည်တွေဟာ အပြေးအလွှား ရောင်းကြ၊ ချကြနဲ့ ဘဝဟာ လှုပ်လှုပ်ရှားရှားပါပဲ။ သက်စွန့်ဆံဖျား ရောင်းချ စားသောက်ကြရတဲ့ ခြေလှမ်းတွေထဲမှာ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြုရင်းနဲ့ အသက်တွေကို မြစ်ရေထဲ ဝကွပ်အပ်နှံရင်း ရှင်သန်မှုတွေကို ပုံအောပြီး လောင်းကြေးထပ်ခဲ့ကြရသလိုလေ။ ဈေးသည်တွေ ပလူပျံနေတဲ့အထဲ ကိုယ့်ဈေးဗန်းထဲက လက်လွှတ်နိုင်ဖို့ရာ အချိန် တိုတိုကာလမှာပဲ အဲဒီသင်္ဘောတွေ၊ မော်တော်တွေ ဆိပ်ကမ်းက ဆုတ်ခွာသွားခဲ့ရင်တော့ ရောင်းလက်စတန်းလန်းနဲ့ပဲ နက်ရှိုင်းကျယ်ပြောတဲ့မြစ်ရေထဲကနေ ကမ်းဆီသို့ အသက်ကိုလုပြီး ကူးခပ်ကြရတဲ့ ဘဝတွေ နဲ့ လူတွေရဲ့ ကူးခတ်ရမှုတွေ။

အိမ်မှာစောင့် မျှော်နေကြတဲ့ဘဝဖော်တွေ မအိုမီ၊ မနာမီ၊ မသေမီ ဝမ်းရေးစိုပြည်နိုင်ဖို့ ကံကြမ္မာနဲ့ အလဲအထပ်လုပ်ပြီးတော့မှ ဟော့ဒီဈေးသည်ဆိုတဲ့ ဝေါဟာရကို ခုံခုံမင်မင် ထွေးပိုက်ခဲ့ ရတာပဲဟာ။ အလျှင်အမြန်ကူးခပ်ပြီးပြေးလွှားနိုင်ပါမှ နောက်တစ်နေ့ဆိုတာ မျှော်လင့်နိုင်မှာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငါတို့ဟာ မာယာ မကြွယ်ပရိယာယ်ထည်လဲမသုံးတဲ့ အညာမြေက အရိုးအစင်းတွေဖြစ်တယ်ဆိုတာ ချင်းတွင်းမြစ်ကြီးအသိဆုံးပဲပေါ့။

ယဉ်ယဉ်သိန်း(နဘား)

အသွားမတော်တစ်လှမ်းကြောင့် အသက်ပေးခဲ့ရတဲ့ သူနာပြုဆရာမ


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း လမ်းမပေါ်တွင် ဇူလိုင် (၁၆) ရက်နေ့က အသက်(၃ဝ)အရွယ် အမျိုးသမီးတစ်ဦး ပေါ့ဆစွာ လမ်းဖြတ်ကူးမှုကြောင့် ယာဉ်တိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဇူလိုင် (၁၆)ရက်နေ့ နံနက် (၉းဝ၅)အချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်-အင်းစိန် လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ကျော်သူရနိုင် မောင်းနှင်လာသည့် တက္ကစီ အငှားယာဉ်သည် လှည်းတန်းမှတ်တိုင် ''ဂျီရော်ဒါနို'' ဆိုင်ရှေ့ အရောက်တွင် အနောက်မှ အရှေ့သို့ လမ်းဖြတ်ကူးလာသူ မစန်းစန်းဝေ (၃ဝ)နှစ်အား ဝင်ရောက် တိုက်မိကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

''အခင်းဖြစ်ချိန်က ယာဉ်ကြောရှုပ်ထွေးနေချိန်ပါ။ အဲဒီအမျိုးသမီးက (၂၄၃) အထူးယာဉ်ကြီးရှေ့ကနေဖြတ်ကူးတာပါ။ အသံကြားလိုက်ရတော့ အထူးယာဉ်က တိုက်တယ်ထင်တာ။ သွားကြည့်တော့ ဘေးကတက္ကစီအထွက်မှာ ဝင်တိုက်မိတဲ့ ပုံစံပဲ။ လဲကျသွားတဲ့အနေအထားက ပက်လက်ပုံစံဆိုတော့နောက်စေ့နဲ့ ကတ္တရာ လမ်းနဲ့ရိုက်မိသွားတယ်ထင်တယ်။ ပွဲချင်းပြီးပါပဲ။ ကားသမားကလည်း ထွက် မပြေးပါဘူး''ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကပြောကြားသည်။ သေဆုံးသူ မစန်းစန်းဝေသည် အနောက်ပိုင်းတက္ကသိုလ်တွင်နေထိုင်သူ ဖြစ်သည်ဟုသိရသည်။ အခင်းဖြစ်ရပ်ကြောင့်ယာဉ်မောင်းကျော်သူရနိုင် (၄ဝ)နှစ် (ဘ)ဦးကိုကိုနိုင်ကိုယာဉ်မှုစစ်ရဲစခန်းမှ (ပ) ၃၈၂/၂ဝ၁ဝ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း
်လျှပ်တပြက် ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

သခင်ကိုယ်တော်မှိုင်းမွေးနေ့နဲ့ ဗိုလ်ကြီးဝင်းထိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိခြင်း မှတ်တမ်းဓါတ်ပုံ

သခင်ကိုယ်တော်မှိုင်း အမှတ်တရ နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၀ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် ကျင်းပခဲ့ရာ စာပေနဲ့ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ စုံညီစွာ တက်ရောက်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းမွေးနေ့နဲ့ ဗိုလ်ကြီးဝင်းထိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိခြင်း မှတ်တမ်းဓါတ်ပုံ





ထောင်ဒဏ် အနှစ် ၂၀ ကျော် ကျခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းထိန်စာ ၂၀၁၀ ဇူလိုင် တတိယပတ်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ရောက်ရှိပြီး ပါတီတာဝန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာ ထောင်ဒဏ် ၁၉ နှစ် ကျခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ကြိုဆိုခဲ့ကြပါတယ်။


















ရင်းမြစ်..Burmatoday

နအဖစစ်အာဏာရှင်ခေါင်းဆောင်ဦးသန်းရွှေနှင့်ဒေါ်ကြိုင်ကြိုင်တို့၏ အိန္ဒိယခရီးစဉ်အား မြန်မာပြည်သူလူထုများက ဆန္ဒကိုထုတ်ဖော်ပြသနေပုံရုပ်သံမြင်ကွင်း







26 July 2010

မြန်မာပြည်ကနအဖစစ်အာဏာရှင်ခေါင်းဆောင်၏ခရီးစဉ်မှာ ဗေဒင် ယတြာ ဟူးရားဆရာတို့၏ညွှန်ကြားချက်အရဒီလိုတွေဝတ်ရမယ်ဆိုလို့ နတ်ကတော်အသွင်တမျိုးဖြစ်နေကြတဲ့လင်မယား


သံဃာတော်တွေကိုသတ်သမားကျောင်းသားပြည်သူတွေကိုသတ်သမားကဂါယာဒေသရှိ မဟာဗောဓိ ပင်ကိုလက်အုပ်ချီရှင်ခိုးအုံးမယ်တဲ့

ဒီခရီးစဉ်မှာမူးမင်းမတရားကြီး သန်းရွှေနဲ့အတူ လိုက်ပါလာကြတဲ့ သူခိုးအကြီးပိုင်းထဲက ဦးသူရရွှေမန်းနဲ့ ကြင်ယာတော်၊ အတွင်းမှာရေးပြီးမူးတဲ့ အတွင်းရေးမှူး(၁) ၈လုံး သီဟသူရတင်အောင်မြင့်ဦး။ စစ်ရေးချုပ် သူရမြင့်အောင်၊ ငလိမ်ဝန်ကြီး ကျော်ဆန်း။ နိုင်ငံတကာပတ်ညာတဲ့ ဦးဥာဏ်ဝင်း၊ ဘုန်ကြီးသတ်တဲ့ သာသနာရေးဝံကြီးသူရမြင့်မောင်။စီမံကိန်းတွေရေးပေးပြီးစားနေတဲ့စိုးသာ၊ကုန်ရင်းသွယ်တဲ့ဝံကြီးတင်နိုင်သိန်း၊ ဆရာဝန်တွေပေါ်ခေါင်းပုံဖြတ်တဲ့ဒေါက်တိုကျော်မြင့်၊ဒုဝံကြီးရမ်းကုပိုင်စိုး၊နို့ဆီခွက်နဲ့ဆက်သွယ်ရတဲ့ဆက်သွယ်
ရေးဝံကြီးသိန်းဇော်တို့ရဲ့ပွဲတက်ဇနီးများတပြုံတခေါင်းပါလာကြပါတယ်။အိမ်စောင့်တွက်နာမည်အေးသလော
က်လူမအေးတဲ့ချိုချိုဗိုလ်မောင်အေးကိုအရက်ချက်စက်ရုံသော့အပ်ခဲ့ကြောင်းခိုင်လုံတဲ့သတင်းအရသိရပါတယ်။

သေခါနီးမှာ ရှောင်ရှားလို့ မရစကောင်းတဲ့ မရဏာသန္နဇော ကောင်းအောင် နေ့လားညလား ချိန်မရွေး ကြွေကြသွားနိုင်တဲ့ သန်းရွှေတို့ အုပ်စုဟာ ကုသိုလ်မှုတွေကို လာလုနေကြပါတယ်။ ယတြာအနေနဲ့ မဟာဗောဓိ ပညောင်ပင်ခြေရင်းမှာ ညောင်ပင်ငယ်တပင်လည်း စိုက်မယ်လို့ ကြားသိရပါသေးတယ်။ ရှေးဟောင်း သုတေသနနဲ့ စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ အသစ်စားထိုးတာတွေကို ဥပဒေအရ တားမြစ်ထားတာ ကြာပါပြီ။ ဒါကို အိန္ဒိယအစိုးရက ဗမာပြည်က သဘာဝဓာတ်ငွေ့လိုချင်တာနဲ့ ဥပဒေကို ချိုးဖောက်ပြီး လက်ခံနေတာကိုလည်း မဟာဗောဓိခြေရင်းမှာ သန်းရွှေပေးထားတဲ့ ကြေးဆင်းတုကို မြင်ရင် သိနိုင်ပါတယ်။

လုံးခြုံရေးတာဝန်ယူထားတဲ့အိန္ဒိယသက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်းသန်းရွှေအတွက်တာဝန်ယူပေးနေရတာကို စိတ်ပျက်ညဉ်းညူနေကြကြောင်းသိရပါတယ်။တဆက်တည်းမှာနယူးဒေလီကိုသွားပြီးသက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီးအိုင်တီမြို့တော်ဖြစ်တဲ့ဟိုဒရာဘတ်မြို့ကိုသွားရောက်လေ့လာမည်ဖြစ်ကြောင်းမကောင်းသတင်းကို စိတ်နာနာဖြင့် ရေးသားလိုက်ရပါတယ်။

သတင်း...ကိုဝဏ္ဍ

မြန်မာပြည်သူတွေကိုမြောက်များစွာသတ်ဖြတ်ခဲ့သောလူသတ်သမားကြီးနအဖစစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေ၏ နောက်ဆုံးနေဝင်ချိန်


မြန်မာပြည်သူ့တွေရဲ့မေတ္တာကိုအပြည့်အဝခံယူနေရသောနအဖစစ်အာဏာရှင် ဦးသန်းရွှေ၏ အိန္ဒိယခရီးစဉ်ဒုတိယနေ့ မြင်ကွင်း















ပေးပို့ ပေးသော ဆရာတော် ဦးထာဝရ အားကျေးဇူး တင်ပါသည်။