25 August 2012
သမ္မတကြီး မလာမှီ တစ်ည အလို
ရန်ကုန်တိုင်းခရမ်းမြို့နယ်ကို မနက်ဖြန်ဆိုရင် သမ္မတကြီးလာပါမည်။ထို့ကြောင့် လမ်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ဆေးသုတ်၊ လမ်းခင်း ပြုလုပ်ကြရပါသည်။ တစ်သက်လုံးမပြုပြင် မတည်ဆောက်
ခဲ့သော လမ်းများကို ညတွင်းချင်း(တစ်ညထည်းနှင့်) အပြီး လမ်းခင်းဖာထေးနေကြသည်မှာ အတော် အံသြဖို့ကောင်းလှပါသည်။ သမ္မတကြီး ပြောကြားထားသော စကား(ပွင့်လင်းမြင်သာမူ) ကို အတည်ပြုပေးနေပုံမှာ အင်မ တန်မှ့ပင် ချီးကျူးစရာပါ။
သမ္မတကြီးမလာခင်ည လမ်းများကို (သဲနှင့် ရွံ့ ) ခင်း၊ မရှိတဲ့ ပလတ်ဖောင်း ထုံးသုတ်၊ ချိုင့်ကြီးလျင်
ကားနှင့်ကာကွယ်ထားပါသည်။
လမ်းဘေးဈေးသည် ဆိုင်ခန်းများ ၁၂၀ ခန့်ကြိုဖျက်ထားသည်။ သမ္မတကြီးပြန်လျင် ၀ါးဝယ်၊ အမိုး
ဝယ်နှင့် မရှိလို့ဈေးရောင်းစားပါတယ် သမ္မတကြီးလာမှ့ ဆိုင်အဟောင်းဖျက် အသစ်ထပ်ဆောက်
ရပါမည်။
မြို့အင်္ဂါရပ် ရှိရမည်အချိန်သည်  သမ္မတကြီး လာချိန် လို့ယူဆရမလိုဖြစ်နေပါသည်။ ယခုလို လိမ်လည်
လှည့်စားနေသော အောက်ခြေ ၀န်ထမ်းများကို ကောင်းမွန်စွာ သတိပေးသင့်နေပါပြီ။ လူကြီးလာမှ့
အလုပ်လုပ်၊ လူကြီးမျက်နှာကြည့်၊ လူကြီးကို လိမ်၊ ပြည်သူကို မကြည့် ဒူးခေါင်း လောက်မြုပ်နေတဲ့
လမ်းကို မပြ၊ခေတ် အဆက်ဆက်လိမ်ခဲ့ကြသည်မှာ တော်သင့်ပါပြီဗျာ။
သမ္မတကြီးလာလျင် ကားစောင့်မှာစိုးလို့ သဲခင်းထားပါသည်။( ဖြည်းဖြည်းမောင်းနော် ကားဆရာ )
ကားထွန်းနေရအုံးမယ်။ ထို့ကြောင့် သမ္မတကြီး ပြန်လျင် ခရမ်းမြို့တော့ ဗွတ်ထပါပြီဗျာ။
အကြံပြုလိုသည်မှာ လမ်းဆင်းလျေက်ပြီး ပြည်သူကို လိုက်ကြည့်စေချင်ပါသည်။ 
ခရမ်းသား အားကျေးဇူးအထူးတင်ရှိပါသည်.။
သီရီမင်္ဂလာဈေးဟောင်းဘေး ရေမြောင်းပိတ်ဆို့မှု မြင်ကွင်းများ
 ရေမြောင်း အပေါ်ယံလောင်းထားသော ကွန်ကရစ်များကို Asia World လုပ်သားများက ဖယ်ရှားနေစဉ်
 ယနေ့ ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် သီရီမင်္ဂလာဈေးဟောင်းဘေး Asia World ဆိပ်ကမ်းအတွင်း ရေမြောင်းပိတ်ဆို့မှုကြောင့် ယင်းပတ်ဝန်ကျင်ရှိ ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော် မြင်ကွင်းများ။
 ယနေ့ ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် သီရီမင်္ဂလာဈေးဟောင်းဘေး Asia World ဆိပ်ကမ်းအတွင်း ရေမြောင်းပိတ်ဆို့မှုကြောင့် ယင်းပတ်ဝန်ကျင်ရှိ ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော် မြင်ကွင်းများ။
ယနေ့ ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် သီရီမင်္ဂလာဈေးဟောင်းဘေး Asia World ဆိပ်ကမ်းအတွင်း ရေမြောင်းပိတ်ဆို့မှုကြောင့် ယင်းပတ်ဝန်ကျင်ရှိ ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော် မြင်ကွင်းများ။
ဓာတ်ပုံ... THE VOICE
24 August 2012
နိုင်ငံတော်သမ္မတ၏သ၀ဏ်လွှာ(သို့မဟုတ်)သမိုင်းတရားခံလောင်း၏စာ
http://www.facebook.com/media/set/?set=a.357565097659879.87109.350460311703691&type=1
ရဲချုပ် ယောက်ဖ အရေးယူပေးစေလို (ပေးစာ)
ရဲတပ်ရင်းများ ကွပ်ကဲရေး (၃) မန္တလေး မှ ရဲမှူးကြီး ခင်မောင်ဝင်းက ကျွန်တော်တို့ ရဲတပ်ရင်း (၄) မှ မြေများကို ၄င်း၏ကိုယ်ကျိုးစီးပွါးအတွက် ရောင်းစားနေပါသည်။ ရဲမှူးကြီး ခင်မောင်ဝင်းက သူ့ကိုယ်သူ ရဲချုပ်၏ယောက်ဖ ဟု ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် အမြဲ ပြောလေ့ ရှိပါသည်။ ထိုသို့ပြောရုံနှင့် အားမရဘဲ ရဲချုပ်ကို တိုင်လိုက်မယ် ဟု ဆိုကာ ကျွန်တော်တို့ကို အမြဲ ခြိမ်းခြောက်လျက်ရှိပါသည်။ လက်အောက်ငယ်သားများကိုလည်း လူမဆန်စွာ ဆဲဆို အုပ်ချုပ် လျက်ရှိပါသည်။
 (၁၀) တန်းပင် မအောင်သော ရဲချုပ်၏ ယောက်ဖက တပ်ရင်းမှူးများ၏ အကြီးအကဲလုပ်ကာ ငါတကော-ကော လျက်ရှိပါသည်။ ကျွန်တော်တို့သည် တပ်တွင်း အကြမ်းဖက်မှု သာမကတပ်ရင်း(၄)မှ မြေများ ကို ၄င်း၏ အကျိုးစီးပွါး အတွက်ပါ ရောင်းချစားသော တပ်တွင်း အမြတ်ထုတ်မှု များကိုပါ တစ်ပြိုင်နက် ခံစားနေရပါသည်။
အဆိုပါမြေများသည် တပ်ရင်း(၄)၏ အနောက်ဘက် ကြက်ခြံဘေးမှ မြေများဖြစ်ပါသည်။ ထိုမြေများကို တူးယူရာတွင် အရိပ်ရသော သစ်ပင်ကြီးများကိုပါ ခုတ်လှဲပစ်လျက် ရှိပါသည်။ ထိုမြေများကို အားကစားကွင်းဆောက်လုပ်သောနေရာမှ ဒါရိုက်တာကို ရောင်းစားနေခြင်းဖြစ်ပါသည်။
တပ်ရင်း(၄)သို့ မြေကားကြီးများ နေ့စဉ် ဥဒဟိုသွားလာ မြေသယ်လျက်ရှိပါသည်။ တပ်ရင်းမှူးကိုလည်း ရဲမှူးကြီး ခင်မောင်ဝင်းက သူ့ကိုယ်သူ ရဲချုပ်ယောက်ဖဟူသော အရှိန်ဖြင့် ပါးစပ်ပိတ် ခေါင်းငြိမ့် လုပ်ခိုင်း နေပါသဖြင့် တပ်ရင်းမှူးလည်း သိသိကြီးနှင့် ငြိမ်ခံနေရပါသည်။
ကျွန်တော်တို့ လက်အောက်ငယ်သားများ ငတ်ပြတ်နေချိန်တွင် ရဲချုပ်ယောက်ဖ ဦးခင်မောင်ဝင်းက တပ်ပိုင်မြေများကို သူ့ကိုယ်ကျိုး အတွက်ရောင်းစားနေပါသည်။
သို့ပါ၍ နိုင်ငံတော်သမ္မတကြီး နှင့် ပြည်ထဲရေးဝန်ကြီးတို့မှ ကျွန်တော်တို့ ငယ်သားများအပေါ် စာနာသော အားဖြင့် ရဲမှူးကြီး ခင်မောင်လွင်၏ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု များကို အချိန်မီ ရပ်တန့်ပေးပါရန် လေးလေးစားစွာဖြင့် တောင်းဆိုလိုက်ရပါသည်။
(စာကြွင်း။  ။ ငယ်သားများကိုလည်း ရဲချုပ် ယောက်ဖက တိရစ္ဆာန်တွေလို သဘောထားပြီး နှိပ်စက်နေပါတယ်။ မြေတွေကို လည်း ကိုယ်ကျိုးအတွက် တကယ် ရောင်းစားနေတာပါ။ အားကစားကွင်းနေရာနဲ့ တပ်ရင်း(၄)ရွှေစာရံ နေရာကို သွားကြည့်ရင် သိနိုင်ပါတယ်။)
တိုင်းပြည်ချစ်တဲ့ ရဲတပ်ဖွဲ့ဝင်များ
ရင်းမြစ်.... Narinjara 
နေ့စဉ်ကြုံတွေ့နေရသော အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား/သူ များ၏ ဒုက္ခကို ကူညီကြပါ
 အနောက်ပိုင်းတက္ကသိုလ်၏ လက်တလော အခြေအနေမှာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှနေ ၍ တက္ကသိုလ်၏စည်းကမ်းများ ကိုသွေဖီပြီး ကျောင်းသားများ၏ အခွင့်အရေကိုထိခိုက်နစ်နာစေ သော ဖိနှိပ်ချုပ်ချယ်မှုများ တဖြည်း ဖြည်းလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ 
““ကျောင်းသား/သူအကုန် လုံး ကျောင်းသားကတ်ဆွဲ၊မဆွဲရင် ကဒ်သိမ်းမယ်””ဟုလည်း ပါပါ တယ်။ကျောင်းသားကတ်ဆွဲခြင်း၊ မဆွဲခြင်းက အဓိကလား၊ကျောင်း သား ကျောင်းလာတတ်တာက အဓိကလား၊ဘယ်ဟာက အဓိက လည်း မသိတော့ပါ။ကျောင်းသား ကတ်ဆိုတာကို ကျောင်းသားမှတ် ပုံတင်ဒက်ပြား၊ကျောင်းသားစိစစ် ရေးကဒ်ပြားဟုပဲ ကျွန်တော်နား လည်မိတယ်။ကျန်တာတွေတော့ မသိ။ကျောင်းသား/သူတွ ကျောင်း လာရင် ကျောင်းသားကဒ်ပါရင် ပြီးရောပေါ့မဟုတ်လား။သူတို့ ပြောတဲ့ ကျောင်းသားတွေရဲ့ လုံ ခြုံရေး၊ပြင်ပမှ အဖျက်အမှောင့် သမားများကျောင်းထဲမ၀င်နိုင်ရေး ဆိုတာမှာ ကျွန်တော်တို့ ကျောင်း သားတွေကို စစ်ဆေးတဲ့အခါ ကျောင်းသားကတ်ပါရင်ပြီးရော ပေါ့။””ဟုကျောင်းသားတစ်ဦးက ပြောသည်။
 ကျောင်းသား/သူများက လည်း ကျောင်းထဲသို့ ကျောင်း သားကဒ်ပြပြီးမှ ၀င်ကြောင်း၊ ကျောင်းသား ကတ်တွက် ကြိုးမပါ လျှင်လည်း ထိုကဒ်ကိုသိမ်းပြီး ကျောင်းသားရေးရာ တွင် ကြိုသွား ၀ယ်ခိုင်း၊ပြီးမှ သက်ဆိုင်ရာဌာန တွင် ကတ်ပြန်ပေးကြောင်း၊ထိုကြိုး များမှာ လည်း အပြင်တွင်(၅၀၊၁၀၀) ကျပ်သာပေးပြီး၊ကျောင်းတွင် ၂၀၀ ကျပ်နှင့်ဝယ်ရကြောင်း၊ထိုကဲ့သို့ ကျောင်းသားကတ်(သို့)ကျောင်း သားစိစစ်ရေးကဒ်ပြားကို အချိန် ပြည့်ဆွဲလျှင်တော့ တစ်နိုင်ငံလုံးမှ နိုင်ငံသူ/သားတွေအားလုံး နိုင်ငံ သာစိစစ်ရေးကတ်ပြား(သို့)မှတ်ပုံ တင်ကို  လူတိုင်းမဖြစ်မနေ အချိန် ပြည့်ဆွဲရမလို့ ဖြစ်နေကြောင်း ကျောင်းသူ တစ်ဦးကပြောသည်။
 နောက်တစ်ခုမှာ ယခုနောက် ပိုင်းတွင် ကားအစီးရေများ တ ဖြည်းဖြည်းနည်းပါး လာပြီး ကျောင်းသား/သူများ ကားကြပ်ခြင်း၊ ကျောင်းတက်၊ကျောင်းဆင်း နောက်ကျခြင်းတို့ကို လည်းနေ့စဉ် ကြုံတွေ့နေ ရကြောင်း၊ကျောင်း သား/သူများအား ကျောင်းထဲ ၀င်ပြီးရင်(၁း၃၀)မှပြန်ထွက် ခိုင်း တာတို့ ရှိလာကြောင်း၊အပြင်သို့ ထွက်ချင်ရင်လည်း လက်မှတ်ထိုး ပြီးမှထွက်ခွင့်ပေးကြောင်း ထိုကဲ့ သို့ လုပ်ဆောင်ချက်များသည် ကျောင်းသား/သူများအပေါ် အလွန်တရာဖိနှိပ်ချုပ်ချယ်မှုဟု ယူဆမိကြောင်း ထိုစည်းကမ်းကြီး ကို ချမှတ်သော တက္ကသိုလ်အုပ် ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများ သည် အာဏာရှင်ဆန်တာလား၊ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးတာလား၊အာဏာရှင် အစိုးရကိုဘဲ သဘောကျနေတာ လားမသိရကြောင်း ယခုနိုင်ငံတော် အစိုးရ၏ ဒီမိုကရေစီ အပြောင်း အလဲကို လက်မခံတာလား သမ္မ တကြီးနှင့်အကြီးအကဲတို့၏ပွင့် လင်းမြင်သာမှုကို ဥပေက္ခာပြု ထားတာလား မသိတော့ပါကြောင်း အနောက်ပိုင်း တက္ကသိုလ်မှာ ကျောင်းသား/သူအရေအတွက် နှင့် လိုင်းကား၊ဖယ်ရီ အစီးရေ မလုံလောက်၍ ကျောင်းသွား၊ ကျောင်းပြန်ကားအမြဲကျပ်ကာ လမ်းများကလည်း မကောင်း၊ယာဉ် မောင်းကလည်းမဆင်မခြင် မောင်း သည့်အတွက် ကျောင်းသား/သူ များဣနြေ္ဒ သိက္ခာနှင့်အသက်အန္တ ရာယ်အတွက်အလွန်စိုးရိမ်ရ ကြောင်း ကားစပယ်ယာ ဟောက် ခြင်းကို လည်းခံရပြီး ကျောင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၃)လိုင်း သာရှိသည့်အတွက် ထိုအခက် အခဲများ ခံစားနေရကြောင်း သို့ ဖြစ်ပါသောကြောင့် တာဝန်ရှိဌာန ဆိုင်ရာမှ အကြီးအကဲများ အနေ ဖြင့် ကျောင်းသား/သူများ ၏ အ ခက်အခဲများကို ကူညီဖြေရှင်းပေး ကြပါရန် ကျောင်းသား/သူများ က ဆန္ဒရှိနေကြောင်းသိရသည်။ 
အနောက်ပိုင်းတက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့်တကွ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့သည် ကျောင်း သား/သူတို့၏ အခက်အခဲများ များကို ကူညီဖြေရှင်းခြင်းမရှိဘဲ ကျောင်းသား/သူများ၏အပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ကျောင်းသား /သူများ၏အခွင့်အရေးကို ချိုး ဖောက်မှုများအား တစ်နေ့ထက် တစ်နေ့ ပို၍သာ လုပ်ဆောင်လျက် ရှိကြောင်း ကျောင်းသား/သူများ ၏ ခံစားနေရသော ခံစားချက် များကို သဘောထားကြီးစွာဖြင့် ဆောင်ရွက်သင့်ပြီး အနောက်ပိုင်း တက္ကသိုလ်ရှိ အုပ်ချုပ်ရေး အဖွဲ့ သည် ကျောင်းသား/သူတို့အပေါ် မည်ကဲ့သို့ အမြင်၊သဘောထား များရှိ၍ ကျွန်တော်တို့ ကျောင်း သား/သူတို့၏ အခက်အခဲကို အဘယ့်ကြောင့် ဆောင်ရွက်မပေး ခြင်းကို စဉ်းစား၍ မရတော့ပါ ကြောင်း ကျောင်းသား မောင်လင်း အောင်ထံမှ သိရသည်။ 
 ရေးသားသူ...မင်းမောင် (မြန်မာစာ)
ကွန်ပျုတာတက္ကသိုလ်မှ မောင်ကျောင်းသား မယ်ကျောင်းသူတို့ရေ... ဖတ်ကြည့်ကြပါဦး ။
၁၂-၈-၁၂ နေ့ ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီးဦးအေးမြင့် ပြောကြားချက်
( အဆင့် မမီသည့် ပုံမှန် ကွန်ပျုတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ရောထွေး သွားနိုင် သည့်အတွက် )
ကဲ ... ကွန်ပျုတာတက္ကသိုလ်မှ မောင်ကျောင်းသား မယ်ကျောင်းသူတို့ရေ... ဖတ်ကြည့်ကြပါဦး ။
http://www.facebook.com/photo.php?fbid=326796380749270&set=a.316338335128408.68245.100002567311091&type=1&theater 
23 August 2012
ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BE ဘွဲ့ အတွက် ခြောက်နှစ် သတ်မှတ်
ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BEဘွဲ့အတွက် စာသင်နှစ်ခြောက်နှစ် သတ်မှတ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် BE ဘွဲ့အတွက် နည်းပညာ တက္ကသိုလ်နှင့် ကောလိပ် များတွင် ရိုးရိုးနည်းပညာ တက္ကသိုလ် BE ဘွဲ့အတွက် ခုနစ်နှစ် သတ်မှတ်ကာ အဆင့်မြင့်နည်း ပညာ ခြောက်နှစ် သတ်မှတ် လိုက်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ 
“ကျွန်တော်တို့ လုပ်ကိုင်တဲ့ စနစ်အရ ဆိုရင် Technician နဲ့ BE ကိုခွဲထုတ်လိုက်တာပေါ့နော်။ အဲဒီ တော့ AGTI ကသုံးနှစ်ဖြစ်သွားတယ်။ AGTI အောင်တဲ့ သူတွေက တက္ကသိုလ်နှစ်မျိုးရှိနိုင်တယ်။ တစ် မျိုးက BE ဘွဲ့ပေးတဲ့တက္ကသိုလ်နဲ့ နောက်တစ်မျိုးက BT (Bechalar Techonlogy ) ဘွဲ့ကိုပေးမယ့် တက္ကသိုလ်ပေါ့နော်။ AGTI သုံးနှစ်အောင်မြင်တဲ့အခါထူးချွန်လို့တော် တယ်ဆိုရင် BE တက်ခွင့်ပေးသွား မှာပါ” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်ကပြောသည်။ 
ရိုးရိုးနည်းပညာ တက္ကသိုလ်များအနေဖြင့် AGTI သင်တန်း သုံးနှစ်အောင်မြင်၍ BE ဘွဲ့အဆင့် မီသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ BE ဘွဲ့အပ်နှင်း မည့်သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၌ Technician ပုံစံမှအင်ဂျင်နီယာပုံစံဘက်သို့ အသွင်ပြောင်း နိုင်ရန်အတွက် Orientation တစ်နှစ် သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး ယင်း သင်တန်းအောင်မြင်ပါက စတုတ္ထနှစ် BE သင်တန်းကို အဆင့်မြင့်နည်းပညာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းအတိုင်း မိမိတို့တက် ရောက်လျက်ရှိသည့် နည်းပညာတက္ကသိုလ်၌ ဆက်လက်တက်ရောက် ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး AGTI အောင်မြင်ပြီး BE ဘွဲ့ရရှိရန်အတွက် အဆင့်မီသည့် ကျောင်းသားကျောင်းသူများအနေဖြင့် BE ဘွဲ့ရရှိရန်အတွက် ခုနစ်နှစ်သင်ကြားရမည်ဖြစ်ကြောင်းလည်း သိရသည်။
 “အဆင့်မြင့်နည်းပညာ တက္ကသိုလ်ကတော့ တိုက်ရိုက် ၆ နှစ်တက်ရမှာပါ။ သူကျတော့ BE ဘွဲ့တိုက် ရိုက်ပေးအပ်မှာပါ။ ရည်ရွယ်ချက်ကတော့ လက်တွေ့ပိုင်းတွေ ဓာတ်ခွဲမှုလုပ်ငန်းတွေကို အဆင့်အတန်းမီမီ၊ အဆင့်တန်း မြင့်မြင့်သင်ကြားနိုင်အောင် ရည်ရွယ်တယ်။ နောက်တစ်ခုက စက်ရုံအလုပ်ရုံတွေ ပြည်ပက လက်တွေ့လုပ်ငန်းတွေကိုနည်းပညာတက္ကသိုလ်တွေနဲ့ပေါင်းကူးပေးချင်တဲ့သဘောပါ”ဟုအဆိုပါညွှန်ကြား
 ရေးမှူးချုပ်ကဆက်လက်ပြောကြားသည်။ 
 အဆင့်မြင့် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်းအမှတ် အနိမ့်ဆုံး ၄၅၀ ရရှိမည်ဖြစ်ပြီး ရိုးရိုးနည်းပညာ တက္ကသိုလ်ဝင်ခွင့်အတွက်ကိုတော့ မှုအနိမ့်ဆုံးအမှတ် ၃၆၀ သတ်မှတ်ထားကြောင်းလည်းသိရသည်။ 
သတင်း... Venus News Journal
22 August 2012
ဒီလို ဘဝ တွေကို ဘဝသစ်အရင် လုပ်ပေးရမှာ သမ္မတကြီး ရှင့်....
ကျူချောင်သင်္ချိုင်းဝင်းအတွင်း မြေပုံမို့မို့နှင့် ရေညှိတက်မည်းညစ် နေသော အုတ်ဂူများကို ကွေ့ကာ ရှောင် ကာ လျှောက်ရသည်။  တာလမ်းပေါ် အဝေးမှပင် လှမ်းမြင်ခဲ့ရသော်လည်း ယခု လက် တစ်ကမ်းမျက်စိရှေ့တွင်တော့ ပလတ် စတစ်အိတ်များ၊ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းအစုတ်အပြတ်များ စွာဖြင့် အမှိုက်ပင်လယ်ကြီးတစ်ခု။ ထောင်း ခနဲ လွင့်တက်လာသော အနံ့ဆိုးများ ကြောင့် အသက်ကိုခိုးရှူရင်း ပတ်ဝန်း ကျင်ကို ကြည့်မိသည်။
ယခင်က ဤနေရာ တစ်ဝိုက် တွင် စိုက်ခင်းများ၊ လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၏အသံ၊ ဆော့ ကစားနေသော ကလေးငယ်များ ရှိခဲ့ဖူးသော်လည်း ယခုတော့ ဗလာ နတ္ထိဟင်းလင်းပြင်။''အဒေါ်ကြီးတို့ တစ်သက်လုံး နေရရေးကို ကျွန်တော်ကြံတာ။ ငွေ ငါးသောင်းကို မမြင်ပါနဲ့လို့ ပြောခဲ့ တယ်။
 ကျွန်မတို့လည်း တကယ် နေရတော့မယ် ထင်ပြီး လက်မှတ် ထိုးခဲ့တာပါ'' ဟု ပြောရင်းမှ စီးကျ လာသော မျက်ရည်များကို သူမက ကပျာကယာ သုတ်လိုက်သည်။ဓမ္မကာရီ ဘုန်းကြီးကျောင်းဝင်း မြေလွတ်တစ်ခုပေါ်မှ ၁ဝပေ ပတ် လည် တဲအိမ် ငယ်ပေါ်တွင် ခပ်ရို့ရို့ ထိုင်ကာ ပြောပြနေသော အသက် ၅၃ နှစ်ရှိ ဒေါ်ခင်မာကြူ၏ မျက်နှာမှာ သင်္ချိုင်းနှင့်အမှိုက်ပုံဘေး အနံ့အသက် ဆိုးများအောက် နှစ်ပေါင်းများစွာ နေလာခဲ့သည့် ဒဏ်ကြောင့်ပင်လား မသိ။ အနည်းငယ် ဖောယောင်ကာ ခပ်အမ်းအမ်း ဖြစ်နေသည်။''သင်္ချိုင်းမှူး အုန်းချစ် တောင်း ခဲ့တာပါ။ အခု ဖျက်လည်းဖျက်ရော သူ့ကို ဘယ်နားရှာရမှန်းတောင် မသိဘူး။ ပုန်းနေတယ်''ဟု သူမက တစ်သက်တာနေထိုင်နိုင်ရေးအတွက် ဟု ယုံကြည်ကိုးစားကာ ပေးခဲ့သော ငွေငါးသောင်းနှင့် အချည်းနှီးဖြစ်ခဲ့ သောဘဝအတွက်သြဂုတ်လ ၁၇ရက် ညနေတွင် တွေ့ဆုံခဲ့စဉ်က ယူကျုံး မရစွာ ပြောသည်။
၂ဝ၁၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အချို့ရှိ စည်ပင်သာယာပိုင် မြေ များပေါ် နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေသော ကျူးကျော်အိမ်များ အား ဖျက်ဆီးဖယ်ရှားခဲ့ပြီးနောက် လူဦးရေ ထောင်နှင့်ချီ၍ အိမ်ခြေမဲ့ ဖြစ်ခဲ့ပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကလေးငယ်များ အတွက်ပါ အကာအကွယ်နှင့် မျှော် လင့်ချက်မဲ့သော ကံကြမ္မာတစ်ခု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ရွှေပြည်သာမြို့နယ်၊ သံဒင်ချောင်း အနီး၊ မြေတိုင်း ၃၅ ရပ်ကွက်၊ ကျူချောင်သုသာန်ဘေး၊ မြေကွက် အမှတ် (၁ဝ၅၃) ချောင်းကောပလပ် မြေပေါ်မှ တဲအိမ် ၂၂ လုံးနှင့် စိုက် ခင်းများအား ဇူလိုင်လ ၁၈ ရက်တွင် စည်ပင်သာယာဌာနမှ လာရောက် ၍ ဖျက်ဆီးဖယ်ရှားခဲ့သည်။ ယင်း အတွက်ကြောင့် မိသားစု ၂၃ စု၊ ကလေးငယ်ပေါင်း ၄ဝ ကျော် အပါ အဝင် လူဦးရေ ၉ဝ ကျော်တို့ အိမ် ခြေမဲ့ ဖြစ်ခဲ့ရသည်။
ယင်းနေရာတွင် နေထိုင်သူများအား ငွေကြေးကောက် ခံခြင်းနှင့် ပတ်သက်၍မူ ၄င်းက ''၂ဝ၁ဝ တုန်း ကပါ။ ဘယ်သူမှမနှောင့်ယှက်အောင် အခွန်ဆောင်ရမယ်လို့ သင်္ချိုင်းမှူးက ပြောတယ်။ ဒါကို အိမ်ကမိန်းမတွေက ဖြတ်ပိုင်းရရင် တစ်သက်လုံးနေရမယ်ထင်ပြီး ယောက်ျားတွေမသိအောင် ခိုးပြီး သွားပေးကြတယ်။ ပြန်ပြီး ကျလာတော့ သင်္ချိုင်းမြေငှားခ ဆိုပြီး ကျလာတယ်''ဟုပြန်ပြောင်းပြောသည်။
ထိုကဲ့သို့ သချိုင်းမြေအဖြစ် သတ်မှတ်ခြင်းကို ၄င်းတို့အနေဖြင့် သိရှိခြင်းမရှိဘဲ နိုင်ငံတော်မြေ၊ ချောင်းကောပလပ်မြေဟုသာ သက် ဆိုင်ရာကပြောခဲ့ကြောင်း သိရသည်။''၂ဝဝ၁ တုန်းက တစ်ယောက် ဆုံးလို့ ဒီမှာမြှုပ်မယ်ဆိုတုန်းက တောင် သင်္ချိုင်းမြေ မဟုတ်ဘူး။ မမြှုပ်နဲ့၊ သင်္ချိုင်းမှာပဲမြှုပ်၊ တိုင်ရင် အရေးယူခံရလိမ့် မယ်လို့ ပြောခဲ့ တာ တွေရှိတယ်''ဟုဦးလှမြင့်ကပြောသည်။လတ်တလောတွင်မူ အဆိုပါ နေရာမှ ကျူးကျော်အိမ်များ အားလုံး ဖျက်သိမ်းခဲ့ပြီးဖြစ်ကာ ခရစ်ယာန် သုသာန်နှင့် အစ္စလမ်သုသာန်များ ချထားသည့်အတွက် ဖယ်ရှားပေး ရခြင်းဖြစ်ကြောင်း ၄င်းတို့ကဆိုပါသည်။စားဝတ်နေရေးအတွက် မှီခိုနေ ရသော စိုက်ခင်းနှင့် မွေးမြူရေးခြံ များလည်း မရှိတော့။ ယောက်ျား သားများက ကြုံရာကျပန်း လုပ်ကိုင် နိုင်ရန် ကြိုးစားနေ ရသည်။ အချို့ မိန်းကလေးငယ်များကတော့ စက်ရုံ အလုပ်ရုံနှင့် နီးစပ်ရာ။ ''သားနှစ်ယောက်က ဘုရင့် နောင်ပွဲရုံမှာ ကျပန်းသွား လုပ်နေရတယ်။ သမီးနှစ်ယောက်ကိုတော့ စက်ရုံမှာ ဝင်ခိုင်းထားရတယ်လေ။  ကျွန်မကတော့ကျန်းမာရေး မကောင်းတော့ အိမ်မှာပါပဲ''ဟုဒေါ်ခင်မာကြူက လက်ရှိဘဝအခက်အခဲကိုပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေ ဖြင့်မူ သုသာန်မြေဧရိယာအတွင်းမှ ဖျက်သိမ်းပြောင်းရွှေ့ရေးအတွက် ၂ဝ၁၂မတ်လ ၁ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်တွင် ဒုတိယအကြိမ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တတိယ အကြိမ် နှိုးဆော် အကြောင်းကြားခဲ့ပြီး ဇူလိုင် လ ၁၈ ရက်တွင် ဖယ်ရှားခြင်း မပြုသဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၁၁)၊ နည်းဥပဒေ (၄၇) (၄၈) တို့အရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်း ထားသော ရှင်းလင်းဖယ်ရှားရေး အဖွဲ့ဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဌာနပေးပို့စာအရ သိရသည်။အဆိုပါ အခြေအနေကြောင့် ရွှေ့ပြောင်းခံ မိသားစုများ ကလေး ငယ်များမှာ ပညာသင်ကြားမှုများ ရပ်ဆိုင်းထားခဲ့ရပြီး အချို့မှာ ကျောင်း စရိတ်နှင့် အထွေထွေပြဿနာများ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
ယင်းအတွက်ကြောင့် သက် ဆိုင်ရာနှင့် အစိုးရအဖွဲ့ထံ အသနား ခံစာ တင်ခဲ့သော်လည်း အကြောင်း မထူးသဖြင့် ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်သွားရန် အဆင်သင့်ဖြစ် နေကြကြောင်း ¤င်းတို့ကဆိုကြသည်။ရွှေပြည်သာမြို့နယ်၊ ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးမောင်မောင်ဝင်းက စည်ပင်နှင့် စကားပြော၍ ညှိနှိုင်းပေးမည် ဖြစ် ကြောင်း ဆိုသည်။''ကျွန်တော့် မှာတော့ မြေမရှိလို့ နေစရာမပေးနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။ အလားတူပင်ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မှ ထားဝယ်ချောင်တွင်လည်း ဇွန်လ ၂၅ ရက်တွင် ကျူးကျော် အိမ်များ ဖျက်ဆီးဖယ်ရှားခံခဲ့ရပြီး မိသားစု ၁၃ စု၊ ကျောင်းနေ အရွယ် ကလေး ၁၆ ဦးအပါအဝင် လူဦးရေ ၆၂ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။၎င်းတို့အနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများ တွင် ခွင့်တောင်း၍ နေနေကြရပြီး စားဝတ်နေရေး ပြဿ နာများကြုံတွေ့နေရကြောင်းရွှေ့ပြောင်းခံ မိသားစုများက ပြော သည်။''ဒုက္ခသည်စခန်းဆိုတာ နယ်တွေမှာမှ ရှိတာမဟုတ်ပါဘူး။
ရန်ကုန် မှာလည်းရှိပါတယ်''ဟု ထားဝယ်ချောင်မှ လယ်သမားဟောင်းတစ်ဦးဖြစ်သော အသက်၅၃နှစ်ရှိ ဦးဝင်းချိုကပြောသည်။သူ့အတွက်တော့ ဤအဖြစ်က ဒုတိယ အကြိမ်ကြုံခဲ့ရသော ကြမ္မာဖြစ် သည် ယခု ဒဂုံ ၂၇ ရပ်ကွက်နေရာများမှာ ယခင်က လယ်ကွက်များ ဖြစ်ပြီး ၄င်းအနေဖြင့် လယ်ပိုင်အဖြစ် ထိုနေရာ၌ လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် သိမ်းဆည်းခံခဲ့ရကြောင်း ဦးဝင်းချိုက ပြောသည်။ ထားဝယ် ချောင် ပလပ်မြေတွင် ၄င်းတို့ မိသားစုအခြေချခဲ့သည်က ၁၉၉ဝ ပြည့်နှစ်။ ၂၂ နှစ်ကြာပြီးနောက် လက်ရှိတွင် ကျူးကျော်အဖြစ် အဖျက်ဆီးခံအိမ်နှင့် ခိုကိုးရာမဲ့ဘဝ။''အခုဆိုရင် ကျွန်တော်တို့က ဒုက္ခသည်စခန်းလို ဖြစ်နေတယ်။ ကျွန်တော်တို့ မြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လှူထားလို့ ဒီထားဝယ်ချောင် အမှိုက် ပုံတန်းလျားမှာ နေ နေရတာပါ။ ငမိုးရိပ်ရေတက်လာရင် ကျွန်တော်တို့ မအိပ်ရဘူး။ ရေတစ်ဝက်လောက် တက်တော့ရေကျမှပြန်အိပ်နိုင်တယ်'' ဟု သူက စိတ်ပျက်နေဟန်ဖြင့် ပြောသည်။
ထိုကဲ့သို့ နေရာအစားပြန်စီစဉ် ပေးမှု မရှိဘဲ ကျူးကျော်များအား ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားဟောင်းများ အဖွဲ့မှ ကိုမြအေးက ''ဒါတွေက ကျွန်တော်တို့ နိုင်ငံသားတွေ။ ဒါတွေကို လက်လွတ်စပယ်လုပ်တဲ့ ဟာမျိုး သဘောမတူပါဘူး။ ထိုက် တန်တဲ့နေရာ ပြန်ပေးရမယ်။ အခု ဆင်းရဲမွဲတေမှု ပပျောက်ရေးလေဗျာ။ ဒါက ဆင်းရဲမွဲတေမှုပဲ။ နေစရာ လေးတော့ စီစဉ်ပေးရမယ်။ မိုးတွင်း ပိုဆိုးတယ်။ ဒီလိုဖျက်ချင်သလို ဖျက်၊ သွားချင်သလိုသွားဆိုတာတော့ လုံးဝ သဘောမတူဘူးဗျာ''ဟုပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော် အိမ် ၉၄ လုံးအား မြေသယ်ယာဉ် များဖြင့် ဖျက်ဆီးခဲ့စဉ်ကလည်း နေထိုင်သူများ အကူအညီတောင်းခံမှု အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ မေတ္တာရပ်ခံစာပေးပို့ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။အဆိုပါနေရာသည် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် လေဆိပ်စီမံကိန်း မြေနေရာအတွင်း တည်ရှိပြီး ဧပြီလမှစ၍ အမြန်ဆုံး ပြောင်းရွှေ့ပေးရန် သုံးကြိမ်တိုင်တိုင် အကြောင်းကြားသော်လည်း မလိုက်နာ၍ ဖယ်ရှားရခြင်းဖြစ် ကြောင်း ယင်း ဌာနတာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။
ယင်းကဲ့သို့ ပြဿနာကို ဒဂုံ မြို့သစ်တောင်ပိုင်းရှိ သိမ်ချောင်း သုသာန် ဟောင်းအနီး မြေဧရိယာ အတွင်း နေထိုင်သူ မိသားစု ၄၄ စု လည်း ရင်ဆိုင်ရဖွယ် ရှိပြီး စည် ပင်မြေတွင် ဝန်ထမ်းမဟုတ်ဘဲ နေ ထိုင်ပါက ကျူးကျော်အဖြစ် သတ် မှတ်၍ ရှင်းလင်းဖယ်ရှားသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ အရာရှိ တစ်ဦးက ဆိုသည်။၎င်းဧရိယာ၏ရာအိမ်မှူး ဦးသိန်း ဆွေက မိသားစု ၄၄ စုလုံး စည်ပင် ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်း ဆောင်ရန် ကြိုးစားနေပြီး မိသားစု တစ်စုမှာမူ နေအိမ်ကိုဖျက်သိမ်း၍ ပြောင်းရွှေ့သွားကြောင်း ဆိုသည်။
ထိုမျှနှင့် မပြီးသေး။ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်ဘေးရှိ ပုဏ္ဏားစု ဘုရား ကျောင်းဝင်း ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြား နေရာရှိ ကျူး ကျော်များလည်း ယခုတော့ ကျရာ နေရာ ပျဉ်ခင်းကာ တာလပတ်ဖြင့် ရွက်ဖျင်ထိုး၍ မိုးထဲလေထဲ ခိုကိုး ရာမဲ့နေခဲ့ပြီဖြစ်သည်။ထိုနေရာမှ မိသားစု ၁၇ စု၊ ကျောင်းသား ၁၅ ယောက် အပါ အဝင် လူဦးရေ ၈၅ဦးမှာအဆိုပါ ဖယ် ရှားခံ နေရာအနီးအနားတွင်ခိုကပ် နေကြပြီး အချို့မှာ ဘုန်းကြီးကျောင်း များတွင် ကပ်ရပ်နေနေကြသည်။၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် နံနက် ၈ နာရီခန့်တွင် မီးရ ထားဝန်ထမ်းများမှ လာရောက်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်အကြောင်း မကြားသည့်အပြင် ဖယ်ရှားခံရမည် ဟု မထင်ကြသည့်အတွက် မည်သို့မျှ ပြင်ဆင်ချိန် မရခဲ့ကြောင်း ရွှေ့ပြောင်းခံ မိသားစုအချို့က ဆိုသည်။နေထိုင်သူ အများစုမှာ မီးရ ထားဝန်ထမ်းဟောင်းများ အများစု ဖြစ်ပြီး မြေနေရာ ငှားခမပေးရ၍ ၄င်း တို့ဘာသာ အိမ်ဆောက်၍ နေခဲ့ ကြခြင်းဖြစ်သည်။ 
ထိုအထဲမှ အငြိမ်း စား ဝန်ထမ်းအချို့ အခြေချ နေထိုင် ခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီး ယခုအချိန် မှသာ နီးစပ်ရာ နေရာများ ၌ တာလပတ်ကာ ဝါးအိမ်များထိုး၍ နေနေရခြင်း ဖြစ်သည်။ ၄င်းနေရာ၌ နေထိုင်ခဲ့သည်မှာ ၄၅ နှစ်ရှိပြီဖြစ်ပြီး မိသားစု ငါးဦး ရှိသူ အသက် ၅ဝ ဝန်းကျင်ရှိ ဒေါ် သန်းသန်းဝင်းက ''အဖေက ဝန်ထမ်း၊ သူဆုံးသွားတော့ မြေကွက်ရရဲ့သားနဲ့ နှစ်လလိုတယ်ဆိုပြီး မပေးတော့ဘူး။ အစကအမှန်ပဲ ထင်လို့ နောက်မှ သူတို့ ရောင်း စားကြမှန်းသိတာ။ မြေကွက် မရလို့ရတဲ့နေရာလေးမှာ အိမ်ဆောက် နေရတာ။ ဒါကို ကိုယ်ချင်းစာစိတ် မရှိဘဲလုပ်တာ။ မြေကြီးဆိုတာ ဘယ်သူမှ အပိုင်ယူထားလို့ရတာ မဟုတ်ဘူး။သေရင်ထားခဲ့ရမှာပဲ'' ဟု သူမကလေသံပြတ်ပြတ်ဖြင့် ဆိုသည်။ဖျက်သိမ်းခံရသည့် နေ့နှင့် ပတ်သက်၍မူ ''အဲဒီနေ့ကဆို ဖျက် ပေးနေတယ်ဆိုတာတောင် မရဘူး။ အတင်းခြေတွေနဲ့ ကန်၊ သံတုတ် တွေနဲ့ ရိုက်ပြီးဖျက် သွားတာ။ အားလုံး ပျက်စီးသွားတယ်'' ဟုဒေါ်သန်းသန်း ဝင်းက ပြန်ပြောင်းပြောသည်။
အခြေချနေထိုင်မှု အနှစ် ၂ဝ သက်တမ်း ရှိပြီဖြစ်သော ဒေါ်သီကလည်း ''မဖျက်ခင် ကြိုမပြောဘူး။ ဒီအတိုင်းလာပြီး အိမ်ကို တွန်းလှဲ သွားတာ။ အဲဒီလိုလုပ်တော့ လူတွေ မိုးထဲ၊ ရေထဲနေရတယ်။ အရမ်းအေး လို့ တာလပတ်ခြုံနေရတာပါ။ ယောက်ျားက အအေးမိပြီး ဆုံးတယ် ပြောရမယ်။ သူက အဓိက ရှာကျွေး နေတာပါ။ အခု သူလည်း မရှိ၊ နေစရာလည်း မရှိတော့ပါဘူး'' ဟု ငိုသံတစ်ဝက်ဖြင့် ပြောသည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်း ကြောင်းသည် ယခုမှ ခြေချရန်ပင် ဖြစ်သည်။ သို့သော် သက်ဝင်နေ သေးသည့် တည်ဆဲဥပဒေများက တော့ လည်ပတ်တုန်းပင် ဖြစ်သည်။ စည်ပင်သာယာကော်မတီ၏ ဥပဒေ များအရ ကျူးကျော်များမှာ တရား မဝင်ဟုဆိုသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိ၊ နေရာချထားပေးနိုင်မှုမရှိဘဲ နှစ်ပေါင်းများစွာ မတို့ မထိထားခဲ့ပြီးမှ လတ်တလော ဆောင်ရွက်ခြင်းများ ကြောင့် ဘဝပေါင်းများစွာ အခြေပျက် ခဲ့ခြင်း ဖြစ်သည်။
မိသားစုများ၏ ဘဝ၊ စီးပွားရေး နှင့်ကျန်းမာရေးသည်သာမကကျောင်း စာသင်ခန်းမှ လမ်းပေါ်ရောက်လာ နိုင်သည့် ကလေးများ၏ အနာဂတ် သည်လည်း မိုးထဲရေထဲ အကာအကွယ်မဲ့ ဖြစ်နေနိုင်ပေ သည်။''အစဉ်အလာအားဖြင့်၁၉၅၈ ကာလ အိမ်စောင့်အစိုးရတက်လာ ပြီး ကျူးကျော်ဖြေရှင်းတဲ့ ပုံစံမျိုးတွေ။ ကျူးကျော်ဆိုတာ နေစရာမရှိလို့ မှီခိုကုတ်ကတ်ပြီး နေရတဲ့လူတွေ များတယ်။ ဆင်းရဲသားတွေများတယ်။ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ လူတွေ များတယ်။ ခွဲခြားဆက်ဆံပြီး ပြောတာမဟုတ်ဘူး။ သူတို့ကို ကယ် မယ်ဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ နေရာစီစဉ်ပေးရမယ်။ အခု လက်ရှိ မြေတွေအားလုံးကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဝါဒက ရှိနေတာကို။ အဲဒီတော့ ဖယ်ချင်ဖယ်၊ သွားချင်သွား ဆိုတော့ ဒီနေရာကနေ ပျောက်ပြီး တခြားနေရာတွေမှာ ပြန်ပေါ်လာ မယ်'' ဟု ၈၈ အဖွဲ့မှ ကိုမြအေးက သုံးသပ်သည်။
မည်သို့ပင်ဖြစ်စေ တာမွေ၊ ဒဂုံ မြို့သစ် ထားဝယ်ချောင်၊ ကြည်စု သုသာန်၊ ရွှေပြည်သာကျူချောင် သုသာန်များမှ အိမ်များ၊ မိသားစု များနှင့် ၄င်းတို့၏ ဘဝများစွာမှာ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ပြီး အိမ်ခြေမဲ့ ကံကြမ္မာသည်လည်း သာ၍ဆိုးဖို့ရန် မည်သူတွန်း ပို့သည် ဟု လက်ညှိုးထိုးယိုးစွပ်စရာ ပေါ် လာဦးမည်ဟု မသိနိုင်တော့ပါ။
သတင်း...  Popular Myanmar News Journal
မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား
 မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။
 “ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကိုလျှောက် လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်” ဟုတရုတ်သတင်းစာဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့အာဘော် တွင် ရေးသားထားသည်။ ”မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ သည် အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ ကြည်ပါသည်။သို့သော်ထိုအဖူးအညွန့်ကလေးက တရုတ်နိုင်ငံ၏ စည်ပင်နေသောပြုပြင်ပြောင်းလဲမှုအပင်နှင့် အမြင်ခြားနားနေရုံမျှနှင့် ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့သံသယ၀င်ပါက နုံလွန်း အလွန်းရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။ အဆိုပါသတင်းစာအာဘော်တွင် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှုများစွာဖြင့် အောင်မြင်စွာအစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ အဖူးအညှောင့်ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးကြောင်း ဝေဖန်ရေး သားထား သည်။
 “မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်အဆင့်သာဖြစ်သည်။တကယ်တမ်းဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ ထင်ရှားအပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။ တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့် အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူ များ စွာပေးခဲ့သည့် တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။
သတင်း...  Yangon Media Group
ရခိုင်စုံစမ်းကော်မရှင်နှင့် နယ်စပ်ဝန်ကြီးတွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများ ဝင်ခွင့်မရ
သြဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပခဲ့သည့် ရခိုင်ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးတို့၏ တွေ့ဆုံပွဲသို့ ပုံနှိပ်သတင်းမီဒီယာသမားများမှ သတင်းသွားယူရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက် ရောက်သတင်းယူခွင့် မပေးခဲ့ကြောင်း ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။
“ကျွန်တော်သတင်းသွားယူတယ်။ သတင်းထောက်တစ်ယောက် ဖုန်းဆက်မေးတော့ ဝန်ကြီးက ဖိတ်တယ်ဆိုတာ ပာုတ်တယ်။ ဒါပေမယ့် ခုဝင်ခွင့် မပေးတာက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဝင်ခွင့်မပေးတာလို့ ပြောတယ်”ပာု ၎င်းက ပြောကြားသည်။
ယခုကဲ့သို့ သတင်းမီဒီယာသမားများအား တက်ရောက်သတင်းယူခွင့်မပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ဒု-သမ္မတ ရာထူး လက်လွတ်ဆုံးရှုံးခဲ့ရမှုများအပေါ် အခြေခံနိုင်ကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောကြားသည်။
သို့သော် ယင်းတွေ့ဆုံပွဲသို့ ဦးကျော်ဆန်းပိုင် ပြည်တွင်း နိုင်ငံပိုင်မီဒီယာများဖြစ်သည့် MRTV (မြန်မာ့ရုပ်မြင်သံ ကြား)၊ မြဝတီနှင့် Sky Net ရုပ်သံလိုင်းများမှ သတင်းထောက်များကိုသာ ဝင်ရောက်သတင်းယူခွင့်ပေးခဲ့ကြောင်း သိရ သည်။
သတင်း...yangonchronicle
21 August 2012
ဆေးကုသခွင့် လိုင်စင်(ဆမ) မရှိတဲ့အတွက် ဆေးကုသခွင့် မရ တဲ့ ချစ်သုဝေ..
 ရင်းမြစ်...http://www.facebook.com/photo.php?fbid=371748846225592&
ချစ်သုဝေ ဖေ့စ်ဘုတ်
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေး
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တရားစီရင်ရေးမှာ တာဝန် မကျေပြွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး
ပြည်သူက ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေရေးရာကျွမ်းကျင်သူတွေ အပါအဝင် ကိုယ်စားလှယ် ၁၉ ဦး က ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစည်းအဝေး အပြီးမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့
ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ညနေပိုင်းမှာ လည်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
  သတင်း.... RFA
20 August 2012
အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်းလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက
ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟုယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။
လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါ
ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။
ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာတွင် ဖော်ပြသည်။
အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင် မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီးအခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်းနိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထူးခြားအံ့သြဖွယ်ဆံတော်ရှင်ကျိုက်ထီးရိုး နှင့် ပုံတူကျောက်တုံးတော်ကြီး
နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါအချိန်တို အတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလ
ာရောက်သူများဖြင့် စည်ကားလျက် ရှိနေကြောင်းကြား သိ ရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆို ပါကျောက် တုံးကြီး ရှိရာ ဒေသ သို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း
များပြုလုပ် ပြီးနောက် အဆို ပါ ရွှေပြည်သာရွာ သို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာ ခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ
့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ ရသည်။
အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီ သို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ
နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။
ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည်
အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည် လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။
ရင်းမြစ်....http://www.facebook.com/photo.php?fbid=3344927822724&set=a.1058680507970.2009187.1254606956&type=1
မြန်မာပြည် တွင် မဟုတ်မမှန် လုပ်ကြံ နေကြသော ဒီလို လုပ်ဇတ်ကို ကြံဖန်ပြီးရေးသားထားသော 
လူများရှိပါသည်.။ ထိုသတင်း မှာ လုံးဝ မဟုတ်မမှန်ကြောင်း ထို့လင့်တွင် သွားကြည့်နိုင်ပါသည်.။
http://www.hoax-slayer.com/floating-rock.shtml
http://www.youtube.com/watch?v=ZItqAdaYPQM&feature=related 
ရခိုင်ပြည်နယ်ဖြစ်ရပ်များအတွက် နိုင်ငံတော်သမ္မတကအနုပညာရှင် ဇာဂနာနှင့်(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ ပါဝင်သော သီးခြားလွတ်လပ်သောစုံစမ်းရေး ကော်မရှင်ကိုဖွဲ့ စည်းလိုက်ပြီ
၂၀၁၂ ခုနှစ်၊ မေလနှင့် ဇွန် လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်များ ပဋိပက္ခ များနှင့် စပ်လျဉ်း၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြား လွတ်လပ်သောစုံစမ်းရေးကော်မ ရှင်ဖွဲ့စည်းသည့် အမိန့်ကြော်ငြာ စာအမှတ် (၅၈/၂၀၁၂)ကို နိုင်ငံ တော်သမ္မတရုံးမှ သြဂုတ်လ (၁၇) ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
ယင်းစုံစမ်းရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ်သမိုင်းပညာရှင်ညွှန် ချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့် Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်၊ ဂျပ်ဆင်ဘုရား ကျောင်းမှ သိက္ခာတော် ရဆရာ တော် ဦးကျော်ညွန့်၊ မြန်မာဘက် (ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာ တော်ရဆရာတော်ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင်ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာမောင်ဝံသ၊ အနု ပညာရှင် ဇာဂနာ၊SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနု၊NDFဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဒေါက်တာအေးမောင်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှဦးအေးသာ အောင်၊ (၈၈) မျိုးဆက်ကျောင်း သားများအဖွဲ့မှ ဦးကိုကိုကြီး UMFCCI မှ ဒေါက်တာရင်ရင်နွယ်၊ နိုင်ငံ တကာဥပဒေ ကျွမ်းကျင်သူ ဒေါက်တာဆလိုင်းမူးကျုံးလျန်၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟိုဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီးများစွမ်းဆောင်ရှင်အသင်း မှ ဒေါ်ဝါ၀ါထွန်း၊ ငြိမ်းဖောင်ဒေး ရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် မှ ဟာဂျီဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင် စီဌာနချုပ်မှ ဟာဂျီဦးတင်မောင် သန်း၊ မြန်မာမူဆလင် အမျိုးသား ရေးရာအဖွဲ့ချုပ်မှ ဟာဂျီဦးလှဝင်း၊ မြန်မာမူဆလင်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ဦးကျော်ခင်၊ မြန်မာမူဆလင်လူငယ်များ၊ (ဘာသာ ရေး) အဖွဲ့ချုပ်မှ ဟာဂျီဦးမြင့်ထွန်း နှင့် ဦးလှဝင်း၊ သနန္တရဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာ လှထွန်းတို့ကအဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ြ့ပည်နယ်အစိုးရတို့အနေဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ လုံခြုံ ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ် ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ကာ စုံစမ်းစစ်ဆေးမှုများကို လွတ်လွတ်လပ်လပ်ဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ် (၁၇) ရက်နေ့ အရောက် တိုက်ရိုက် အစီရင်ခံတင် ပြရမည်နိုဝင်ဘာလဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း... HOT NEWS
ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဘဏ္ဍာငွေသုံးစွဲမှုအား လွှတ်တော်သို့တင်ပြရေး အဆိုတင်သွင်း
၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး နဝမနေ့တွင် တွံ့တေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာက မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်များမှုများတွင် ဘဏ္ဍာငွေသုံးစွဲမှု သုံးငွေရငွေများကို ဗပိာုအဖွဲ့အစည်း၊ ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများအားလုံး လုပ်ငန်းတစ်ခုချင်းအလိုက် ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြရေးအဆိုကို တင်သွင်းခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ်လ ၁၇ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့ကြရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
“လက်ရှိမှာ ဝန်ကြီးဌာနတွေက လုပ်ဆောင်နေတဲ့လုပ်ငန်းတွေ၊ သူတို့သုံးစွဲနေတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်အနေနနဲ့ကော ပြည်သူတွေ အနေနဲ့ကော သိကိုသိသင့်ပါတယ်။ ဒါမှလည်း အပြန်အလှန်ထိန်းကျောင်းမှု ဖြစ်လာနိုင်မှာပေါ့။ တကယ်ကို ပွင့်လင်းမြင်သာမှုရှိတဲ့ အပြောင်းအလဲတွေကို ဒီကိစ္စကို လွှတ်တော်ကို တင်ပြသင့်ပါတယ်။ အရင် လွှတ်တော်ကိုယ်စားတယ်တစ်ဦး တင်သွင်းတဲ့ နိုင်ငံတော်သမ္မတ ခန့်အပ်ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှု ပြသရေး အဆိုတုန်းကတော့ ပယ်ချ ခံခဲ့ရတယ်။ ခု ဘယ်လိုလာဦးမယ်တော့ မသိသေးဘူး”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ၂၀၁၂ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်စတုတ္တပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် ဇူလိုင်(၁၄)ရက်နေ့တွင် တင်သွင်းခဲ့သော ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတမှ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားကို ထုတ်ဖော်ကြေညာ မှတ်တင်ထားရန် အဆို အား ကန့်ကွက်မဲများသည့်အတွက် ပယ်ချခံခဲ့ရကြောင်း သိရသည်။
သတင်း.... yangonchronicle
ဒီလို ရန်ကုန်မြို့ မှာ ရေကြီးနေလျှင် ကလေးငယ်များအား အထူးသတိထားသင့်ပါတယ်..
ရွှေပြည်သာမြို့နယ် ဇီးကုန်းတောင်ပိုင်းရပ်ကွက်တွင် အိမ်များ ရေနစ်မြုပ်နေသည်ကို သြဂုတ် ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်
Photo:
 class=
ရွှေပြည်သာမြို့နယ် ဇီးကုန်းတောင်ပိုင်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရောက် ရေဘေးဒုက္ခသည်များကို တွေ့ရစဉ်။ အဆိုပါရပ်ကွက်တွင် အိမ်ခြေ ၈၀၀ ကျော်ရေလွှမ်းမိုးနေပြီး၊ အိမ်ရေမြုပ်ပြီးကယ်ဆယ်ရေးစခန်းသို့ရောက်ရှိသူ ၅၀၀ ၀န်းကျင်ရှိသည်။
Photo: ရွှေပြည်သာမြို့နယ် ဇီးကုန်းတောင်ပိုင်းရပ်ကွက်တွင် အိမ်များ ရေနစ်မြုပ်နေသည်ကို သြဂုတ် ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်
 class=
Photo: ရွှေပြည်သာမြို့နယ်တွင် ရေ၀င်နေသည်ကို သြဂုတ် ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်
ဓာတ်ပုံ - ထွန်းခိုင်
ဓာတ်ပုံ.... 7Day News Journal
ကျမတို့ အခုရောက်နေတဲ့ မြို့လေး ရဲ့ ပထမဦးဆုံးအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပွဲ အမှတ်တရ
ဒီနေ့ စုပေါင်း ဝါဆိုသင်္ကန်း ကပ်ကြပါတယ်။ဘုရားအနေကဇာလည်း တင်ကြတယ်ပေါ့။ ကျနော်နေတဲ့ ဟယ်မီတန် မြို့တင်မကပဲ အောက္ကလန် မြို့မှာနေတဲ့  မြန်မာတွေလည်း ရောက်လာကြပါတယ်။ ကားနဲ့ တနာရီခွဲမောင်းရတဲ့ ခရီးမို့ သိပ်တော့ မဝေးလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မိုးလင်းကတည်းက ဟလို..ဟလို ဆိုပြီး ဖုန်းနဲ့ ပွဲပြုလုပ်မယ့် နေရာကို မြေပုံအားကိုးပြီး လမ်းညွှန်ရတာလည်း အမောပါပဲ။
နယူးဇီလန် နိုင်ငံရောက် မြန်မာ ရဟန်းတော်များ
ဖြစ်ပုံများကလည်း မြေပုံထဲက အတိုင်း သူများကို သာ လမ်းညွှန်လိုက်ပြီး ကျနော် ကိုယ်တိုင်သွားတဲ့ အခါ ဝင်ပေါက်မှားလို့  မြင်သာမြင်ရပြီး ကားဖြတ်မောင်းလို့ မရတော့ အထဲရောက်နှင့်ပြီးတဲ့ မိတ်ဆွေကို လှမ်းခေါ်ပြီး အကူအညီတောင်းရပါတယ်။
တရားနာ ပရိတ်သတ်
ကျနော်တို့ မြန်မာ နိုင်ငံ သားတွေ ကတော့ ဘယ်မြေ ဘယ်ရေ ကိုပဲရောက်ရောက် ကိုယ့်ရဲ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု့ ၊အစားအသောက်၊ဝတ်စားဆင်ယင်မှု့ နဲ့ စာပေ အစရှိတဲ့ အရာတွေ ကို သွားလေရာ ယူသွားကြတယ်။ ကမ္ဘာပေါ်က ဘယ်လူမျိုး မဆို ဒီလိုပါပဲ။ အဲဒီလိုမှ မဟုတ်ယင်
ကိုယ့်ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု့ ဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်သွား မှာ ဖြစ်ပြီး သူများယဉ်ကျေးမှု့ ကလည်း ကိုယ့်ဆီ လုံးလုံးလျားလျား မရောက်ပဲ ကန့်လန့်ယ ဉ်ကျေးမှု့ ဖြစ်သွားမှာပါပဲ။
စားစရာ တွေထားတဲ့ နေရာက လုံခြုံရေးများ
ဒီနေ့တော့ ကျနော်တို့ ပြည်ပရောက် မြန်မာ နိုင်ငံသူ ၊နိုင်ငံ သားတွေ ရဲ့ ဘုရား အနေကဇာတင်ပွဲ နဲ့ ဝါဆိုသင်္ကန်း ကပ်လှုပွဲ  ကိုရောက်ခဲ့ပါတယ်။ကျနော်ရောက် တဲ့အချိန်မှာ အခမ်းအနားကျင်းပမယ့် western Community မှာ ကားတွေ ပြည့်ကြပ်နေပါပြီ၊ကျနော့် ဘေးက ကိုဖြိုးက တို့ ဗမာတွေ ဓန အင်အားလည်း မနည်းပါဘူး လို့နောက်နေသေးတယ်။ ဒီနိုင်ငံမှာ ရနိုင်သလောက် ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အခွင့်အလမ်းရတဲ့ အချိန်၊နေရာလေး မှာပဲ မိမိယဉ်ကျေးမှု့ မပျောက်ပျက် ရအောင် ကြိုးစား လုပ်ကြရတဲ့ ကျနော်တို့ လူမျိုး တွေကို ချီးမွမ်းမိပါတယ်။
စကားစမြည် ပြောကြသည်
ခန်းမထဲကို ရောက်ရောက်ချင်းပဲ အန်ကယ် ဦးစံထွန်း ရဲ့တိုက်တွန်းချက်နဲ့ (ကိုယ်ကလည်း ဝါသနာပါပါ ဆိုတော့ ) ဓါတ်ပုံလေးတွေ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ တချို့ ဓါတ်ပုံတွေ ကတော့ ကိုဖြိုး ရဲ့ ရိုက်ချက် လို့ကင်ပွန်းတပ် ရမှာဖြစ်ပါတယ်။
ဓါတုစေတီ၊ ဓမ္မစေတီ၊ဥဒ္ဒိဿစေတီ နဲ့ ပရိဘောဂ စေတီ ဆိုပြီး စေတီ ၄ မျိုးရှိတယ်လို့ ငယ်ငယ်က ကြားးဖူး ပါတယ်။ ကျနော် တို့ ဗုဒ္ဓဘာသာ ဝင် မြန်မာတွေ က နိုင်ငံရပ်ခြားမှာ ရောက်တော့ ကိုယ်ကိုး ကွယ်တဲ့ ဘုရားဆင်း တုတော်တွေ ကိုကြံဖန်ပြီး သယ်လာခဲ့တာ ရှိသလို၊ ထိုင်းနိုင်ငံ နဲ့ မြန်မာ နိုင်ငံ ဆီကို မှာယူပြီး အိမ်မှာ ထားကြတာလည်း ရှိပါတယ်။
ဓါတ်ပုံပဲ ဖြစ်ဖြစ်၊ သစ်သား နဲ့ပဲလုပ်ထားလုပ်ထား ၊ကျောက်ဆစ် နဲ့ ထုထု ဥဒ္ဒိဿ ရည်မှတ်၍ ကိုးကွယ်ယင်လည်း ကိုးကွယ်ရာ စေတီထိုက်တယ် လို့ ဆိုပေမယ့်လည်း ဒီလို သံဃာပရိသတ်၊ လူပရိတ်သတ်နဲ့  အနေကဇာတိ သံသာရံ .. အစချီပြီး သံဃာ့ပရိတ်သတ် က ရွတ်ဆိုမှ ကိုးကွယ်ရာ ဆင်းတု ၊စေတီမြောက်ပါတယ်။ လူထုပရိတ်သတ် နဲ့ ဒါဟာ ကိုးကွယ်ရာ ပစ္စည်း အဖြစ်ဝိုင်းဝန်း သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဆွမ်းကပ်လှုနေစဉ်
ဝါဆိုသင်္ကန်းခူးတာ…. အာ..မှားသွားတယ်၊ငယ်ငယ်က ဝါဆို သင်္ကန်း ကပ်လှုတဲ့ ပွဲတော် ပြီးယင် လပြည့်ကျော် ၁ ရက်နေ့ ဆို ဝါဆိုပန်းခူးထွက်ကြတာ နဲ့ ရောသွားတယ်။ ဝါဆိုပန်း ခူးကြရတာ က ပျော်စရာ ပါ။ အဲဒိအချိန်က အဓိပ္ပါယ် ကို သေသေချာချာ မသိပေမယ့် ရပ်ကွက်ထဲက လူငယ်၊လူရွယ်တွေ၊ မိန်းကလေး၊ယောင်္ကျားလေး အတူတူ သွားကြရတာ ဆိုတော့ ပျော်တာပဲ သိတာပေါ့။ တချို့လည်း ဇာတ်လမ်းလေးတွေ ဖြစ်ကြပေါ့။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ တော့ ကျောင်းကြီးပေါ်မှာ ကျနော့် ခါးစောင်းလောက်ရှိတဲ့ စဉ့်ကွက်ဖေါ် ပန်းအိုးကြီးတွေမှာ ပန်းမျိုးစုံ နဲ့ ဝေဆာ၊လှပ နေပါတော့တယ်။ ဝါဆိုပန်းခူးရတာ ပျော်စရာနော် …. လို့ ဒီစာကိုရေးနေယင် အမေညိုကို လှမ်းပြီး စကားစတော့..။ ပျော်လား မပျော်လားတော့ မသိပါဘူး ဟယ်…. တို့ဖက်လူတွေကတော့ စစ်တောင်းမြစ်ဘေး မှာ သွားမူးနေတာပဲ…. တဲ့။
ဒါနမြောက်အောင် ကိုယ်ထိလက်ရောက် လှုဒါန်းရပါတယ်
ဝါဆိုသင်္ကန်း ကပ်လှုတဲ့ အဓိပ္ပါယ် ကတော့ ဝါတွင်း ၃ လ လုံးလုံး အရပ်တပါးကို ခရီးမထွက်ရပဲ တရားကျင့်ကြံ ကြရ ပြီး ဝါဆို မယ့် သံဃာတော်တွေဟာ ဝါကျွတ်တဲ့ အခါ ဝတ်ထားတဲ့ သင်္ကန်းတွေ ဟောင်းနွမ်းလောက် ပြီးမို့ ဝါတွင်းမှာ အသုံးပြုဖို့ ဒကာ၊ ဒကာမတွေ က လှုဒါန်းတဲ့ အထိမ်းအမှတ်ပွဲပါ။ ဗုဒ္ဓခေတ်က စတင်ပြီး ဝိနည်း ဥပဒေပြဌာန်း ခဲ့တယ်လို့ သိရပါတယ်။
ဒီခန်းမက အသင့်အတင့် ကျယ် ဝန်းပါတယ်
နယူးဇီလန် နိုင်ငံ သား ကီဝီ တယောက်က ကျနော့် ကို ဒီပွဲတော်နဲ့ ပါတ်သက်ပြီး မေးလာတဲ့ အတွက် ရှင်းပြလိုက်ပါသေးတယ်။ တို့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့အရ ဒီပွဲတော်ကို ကျင်းပရတာက ဖြစ်တယ်။ သံဃာတော်တော်က အရပ်ထဲမှာ ဆွမ်းလှည့်လည် ခံရတယ်။ ဒီလိုပွဲတော်တွေ၊ မွေးနေ့၊အလှု အစရှိတဲ့ ကိစ္စရပ်တွေမှာတော့ ကျောင်းကို ဆွမ်းပို့လို့ရတယ်၊ တအိမ်စီက တမျိုးစီ ချက်ပြီး အမွန်အမြတ် အဖြစ်ကပ်လှု တာဖြစ်လို့ ကောင်းမွန်တယ်၊ ဟင်း အမယ်စုံတယ်၊ အစားအသောက် စတိုင်လ်ကတော့ အိန္ဒိယ၊ထိုင်း၊တရုပ် စတဲ့ လူမျိုးတွေနဲ့ ခပ်ဆင်ဆင်မို့ အေရှန် ဆိုင်တွေမှာ ဟင်းခတ်အမွှေးအကြိုင်နဲ့ လိုအပ်တာတွေ ဝယ်လို့ ရတယ်၊စသဖြင့် စုံလို့ပေါ့။
ဟင်းခွက်စုံလင်
သူကပြောသေးတယ် ဒီဘုန်းကြီးတွေက အောက္ကလန်မြို့ကနေ လာရတယ် ဆိုတော့ မင်းတို့ မြို့မှာ မြန်မာ ဘုန်းကြီးကျောင်းမရှိဘူးပေါ့ မင်္ဂလာဆောင်နဲ့ နာရေးတွေ ရှိယင် ဘယ်လိုလုပ်ကြမလဲ လို့လည်း မေးသေးတယ်။ အခုလိုပဲ အောက္ကလန်မြို့နေပင့်ရမှာပေါ့၊ဒါပေမယ့် အခု ဒီမှာ မြန်မာ ဦးရေ များလာပြီ ဆိုတော့ မကြာခင် ဘုန်းကြီးကျောင်းလည်း ရှိလာနိုင်ပါတယ်..လို့ပဲ ပြန်ဖြေလိုက်ရတယ်။ သူ့လို အင်္ဂလိပ်တယောက်က  မြန်မာစာပေနဲ့ ယဉ်ကျေးမှု့က အရေးကြီးတယ် လို့ ပြောလို့ ကျနော် ပြုံးမိသေးတယ်။
အခမ်းအနားတက်ရောက်လာတဲ့ နယူးဇီလန်နိုင်ငံသား လူဖြူများ
သူတင်လားတော့ မဟုတ်ပါဘူး နယူးဇီလန်သားတွေက ယဉ်ကျေးမှု့ အစုံကို လက်ခံကြရပါ တယ်။ သူတို့ အဆိုအရ မော်အိုရီ တွေက ဒီနယ်မြေကို အရင်ရောက်တယ် ၊ပြီးတော့ ငါတို့ ဖခီယာ လို့ သူတို့ခေါ်ကြတဲ့ လူဖြူတွေ ရောက်တယ်၊ နောက်တော့ မင်းတို့လို လူတွေရောက်လာတယ်။ တို့အားလုံးဟာ အတူတူပါပဲ။ လို့လည်းပြောသေးတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေက ကြမ်းပြင်ပေါ် ဆင်းထိုင်ပြီး တရားနာကြတော့ သူတို့လည်း ကျန်းမာရေးအရ ကြမ်းပေါ်မထိုင်နိုင်တဲ့ သူကလွဲလို့ အတူတူလိုက် ထိုင်ကြတယ်။ တရားပေး တဲ့ ဆရာတော်က သူ့တရားကို အင်္ဂလိပ်လိုလည်း မိတ်ဆက်သဘောမျိုး သူတို့နားလည်အောင်ပြောပေးပါတယ်။
လွှတ်တော် အမတ်ကလည်း စိတ်ဝင်တစား
ငါက နားတော့မလည်ဘူး ဒါပေမယ့် ကွန်မြူနတီ ကို လေးစားတဲ့ အနေနဲ့ လိုက်နာပေးတယ်… လို့ အခြေချရောက်ရှိလာတဲ့ မြန်မာမိသားစုတွေကို ကူညီနေတဲ့ စေတနာရှင် တဦးကလည်း ပြောပါတယ်။ ကျနော်က ကင်မရာ တလုံးနဲ့ မတ်တပ်..မတ်တပ် လုပ်နေတာ ကိုတွေ့ထားတော့ သူက …မင်းက တရားမနာဘူးလား… ဒီလိုအခမ်းအနားမျိုးကို မနှစ်မြို့လို့လား ဆိုပြီး လုပ်နေသေးတယ်။ ကျနော်က ဓါတ်ပုံရိုက်နေရတဲ့ အတွက် အလုပ်များနေတယ်ကွ၊ ပြီးတော့ ရိုသေကိုင်းရှိုင်းမှု့ကို ပြင်ပ သဏ္ဍန် တခုထဲနဲ့ ကြည့်ပြီး ပြောလို့ မရဘူး၊ဒါဟာ ဗုဒ္ဓအဆုံးအမ ပဲလို့ ပြန်ရှင်းပြရသေးတယ်။
ရေစက်ခွက်တွေလည်း မနေနိုင်
ကျနော်တို့ ငှါးထားတဲ့ ခန်းမက ကျယ်တယ် ဆိုပေမယ့် လည်း မြန်မာ ပြည်က ဘုန်းကြီးကျောင်းဝင်း လိုတော့ မဟုတ်ပါဘူး။ ဒီကြားထဲမှာ ကလေးတွေကလည်း သူတို့ တဘာသာ တကမ္ဘာတည်ဆောက်ပြီး ကစားကြပါတယ်။
ဘုန်းကြီးတွေ စားပြီးမှ မင်းတို့စားရတာမဟုတ်လား.. ပြီးတော့ ဘုန်းကြီး ဝတ်ယင် တသက်လုံး မထွက်ရတော့ ဘူးမဟုတ်လား …လို့ စောစောက မေးတဲ့ ကိုနယူးဇီလန်သားက မေးနေသေးတယ်။ ကျနော်က .. အေးဟုတ်တယ် အရင်တုန်းကတော့ ဒီလိုပဲ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲ ကျင့်သုံးဖို့ ဘုန်းကြီးတွေကလည်း ခွင့်ပြုပေးရတယ်၊ပြီးတော့ ခဏတာ ကုသိုလ် ယူချင်ယင်လည်း တခဏတာ ဘုန်းကြီးဝတ်လို့ရတယ် တို့ဘာသာမှာ လူ့အခွင့်အရေးနဲ့ ဖရီးဒမ်း ရှိတယ်.. လို့ပြောလိုက်မှ သူငြိမ်သွားတော့တယ်။
ဗွီဒီယိုရိုက်ကူးရေး
ပွဲပြီးတော့ အစ္စလမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ကိုမာလစ်က သန့်ရှင်းရေးတွေ ဝိုင်းကူလုပ်ပေးတယ်။ ကျနော်က ဟေ့လူ ခင်ဗျား ဥပုသ် ဘယ်တော့ ထွက်မလဲ လာစားမှာနော် လို့ဆိုတော့ စောစောက ဆရာတော်ကိုတောင် လျှောက်ပြီးပြီ ဒီပွဲနဲ့ ရောလုပ်လိုက်ပြီလို့ သူကပြန်နောက်နေပါသေးတယ်။
ဒီပွဲလေးမတိုင်ခင်က ပွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးကြ၊တိုင်ပင်ကြ၊လုပ်ဆောင်ကြနဲ့ မောခဲ့ သမျှ အခုလိုဖြစ်မြောက်လာတော့ စုစည်းလုပ်ဆောင်မှု ရဲ့ အောင်မြင်တဲ့ ရလဒ်ပါပဲ ဆိုတာ တရားပေး ဆရာတော်က ဖြည့်စွက်ပြောကြားယင်း သြဝါဒပေးပါသေးတယ်။
အလုပ်တွေပြီးမှစားရရှာတဲ့ ဘဏ္ဍာရေးမှုး
ဝါးဒီး…
ဒီပွဲလေးအကြောင်း ရေးယင်းနဲ့ စိတ်ထဲဝင် လာတာ ကတာ့ နောက်မကြာခင် နှစ်အနည်းငယ် အတွင်းမှာ ကြီးပြင်းလာကြတော့မယ့် ကျနော်တို့ရဲ့ မြန်မာ ကလေးငယ်တွေ ရဲ့အနာဂါတ်ပါပဲ။ ချမ်းမြေ့ကျောင်း ဆရာတော်က တရားရှု့မှတ်နည်း ရက်တို တရားစခန်း လုပ်မယ် ဆိုပြီး ဖိတ်ခေါ်နေသလို အန်ကယ် ဦးကျော်ဌေးကလည်း အပါတ်စဉ် သို့ မဟုတ် လစဉ် ယဉ်ကျေးမှု သင်တန်းပေးဖို့ ဆရာတော်ကို လျှောက်ထားနေသံတွေ လည်း ကြားနေရပါတယ်။
သူတို့လည်း အကြိတ်အနယ်ဆွေးနွေးနေကြတယ်
ကျနော်တို့ ပြည်ပရောက်နေတဲ့ မျိုးဆက်သစ်တွေမှာ မဆန်းတော့ တဲ့ အခက်အခဲကတော့ မျိုးဆက်ဟောင်း နဲ့ အသစ်ကွာဟ မှု ပြဿနာပါ။ လူကြီးတွေက အင်္ဂလိပ်ဘာသာစကား မှာ အားနည်းလို့ တုန့်နှေးနေတဲ့ အချိန်မှာ လူငယ်တွေက တရှိန်ထိုးပြေးနေတဲ့ အချိန်ဖြစ်နေတာရယ်။ ကလေးတွေက မိဘတွေ ကို မှီခိုမှု့ ကင်းကင်းနေတတ်အောင် လေ့ကျင့်ပေးထားတဲ့ စနစ်ရှိနေတာရယ်က မိဘ က ပြောရဆိုရ ခက်ခဲလာတာတွေ လူကြီး မိဘ ရဲ့ဆိုဆုံးမမှု့ကို မသိကျိုးကျွံပြုလာတာတွေ မကြာခဏ ကြားနေရပါတယ်။ အထူးသဖြင့် တော့ အမေရိက လိုနိုင်ငံမှာ အရေအတွက်ပိုများပြီး ပြည်ပရောက် မြန်မာတွေ ကြားမှာ ဖြစ်နေတာတွေပါ။
တရားနာပရိတ်သတ်
အောက္ကလန်မြို့ က ကျနော့်မိတ်ဆွေ တယောက်အိမ်ကို သွားလည်တော့ သူ့ကလေးတွေ က အသက် ၁၆ နှစ် ၁၈ နှစ်အရွယ်တွေ၊ဧည့်သည်လာတာကို တီဗွီဂိမ်းမ် နဲ့ ကွန်ပြူတာရှေ့မှာ အထိုင်မပျက်၊ မိဘက လိုအပ်လို့ တခုခုပြောယင် မြန်မာစကား နားမလည် တလည်နဲ့ နားထောင်ပြီး အင်္ဂလိပ်လိုပဲ ပြန်ပြော၊ကြည့်ရတာ အလယ်မှာ ခွကျနေတဲ့ ယဉ်ကျေးမှု့ ကိုသွားတွေ့နေရတယ်။ အင်္ဂလိပ်လူမျိုးတွေမှာ တောင် အိမ်ကိုဧည့်သည်လာယင် ထထိုင်ပြီး နှုတ်ဆက်တဲ့ သူရှိသလို အနည်းဆုံး  ဟလို… လို့ အသိအမှတ်ပြုပြီး ကိုယ်လွတ်လပ်သလို နေကြတာတွေ့ဖူးပါတယ်။
 သမီးရှင် လည်း ကလေးထိမ်းယင်း ပျော်နေတယ်
ကျနော်တို့ မြန်မာ ပြည်မှာတော့ အိမ်ကို ဧည့်သည်လာယင် လူငယ်တွေ က မတ်တပ်ရပ် ဆီးကြို၊နေရာပေး၊ရေ၊ရေနွေးကြမ်းအိုး၊မုန့်ပဲ သွားရေစာချပြီး အနားမှာ ဘာလုပ်ပေးရဦးမလဲ ဆိုပြီး စောင့်ဆိုင်းပြီး ဘာမှ မလိုတော့ဘူး ဆိုမှ၊ မိဘက ခွင့်ပြုလို့ သွားဆော့လေ လို့ ပြောတော့မှ တာဝန်ပြီးပါတယ်။
တခါက ကျနော့် မိတ်ဆွေ တယောက်ဆီကို ဖုန်းဆက်ပါတယ်။ သမီးဖြစ်သူက ဖုန်းကိုင်ပါတယ်။ ကျနော်က ဟလို.. ကို…… ရှိလား… လို့ဆိုတော့။ ဟိုဖက်က ..  “အဲ..Sorry… Aphay ?… he’s going out”  လို့ ပြန်ပြောပါတယ်။စဉ်းစားကြည့်ပေါ့။ အင်္ဂလိပ် ဘာသာစကား ကိုပြောတတ် တာကောင်းပါ တယ်။ မြန်မာလို မပြောတတ်တော့တာကတော့ ခက်သွားပြီလို့ပဲ ပြောရမလိုပင်။
ကိုလမ်ဘီယာ၊ကွန်ဂို၊အီရန်၊အီရတ်၊ စပိန်၊တရုပ်၊ ကမ္ဘောဒီယား၊  စသဖြင့် ဒီနိုင်ငံမှာ ရွေ့ပြောင်းတွေ အများကြီးရှိပါတယ်။ သူတို့ ယဉ်ကျေးမှု့၊ဘာသာစကား၊ အစားအသောက် နဲ့ ဓလေ့ထုံးတမ်းတွေ ကျင့်သုံးကြတာတွေ့ရပါတယ်။သူတို့ ဒီနိုင်ငံကိုရောက်နေတာ ကျနော်တို့ထက်ပိုကြာပါပြီ။ အထက်က ကျနော်ဖေါ်ပြခဲ့တဲ့ ကီဝီ မိတ်ဆွေပြောတော့ ကျနော် ပြုံးပြီး ခေါင်းပဲငြိမ့်နိုင်ခဲ့ပါတယ်။သူပြောတာက မင်းတို့ မြန်မာ့ယဉ်ကျေးမှု့နဲ့ စာပေ က အရေးကြီးတယ်။ ဒီနိုင်ငံမှာ မင်းတို့ ဒါတွေထိမ်းသိမ်း ဖို့ အခွင့်အလမ်းလည်း ရှိပါတယ်… တဲ့။ကလေးတွေက နောင်တချိန်မှာ လူကြီးတွေ ဖြစ်လာပြီး ကျနော်တို့တုန်းက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အရာတွေကို သူတို့လက်ထက်ကျမှ စပြီးလုပ်ရတော့မယ်ဆိုယင် ကျနော်တို့ မျိုးဆက်ကို သူတို့ မျိုးဆက်က ဘယ်လိုများ မှတ်ချက်ချ မှာပါလိမ့် ဆိုပြီး…. အဖြေရှာယင်းစိတ်မောနေမိပါတော့တယ်။
အိုးဝေမျိုးhttp://www.owaymyo.net/?p=895