07 May 2011

စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ..


စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ

အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမ ပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံး ပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ပေးဆပ်မှုမှတ်တမ်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ (အခမဲ့) ထမ်းဆောင်ပေးဆပ်နေကြသည့် ၀န်ထမ်းများအား တွေ့ဆုံအစည်းအဝေးပွဲကို ၂.၅.၂၀၁၁ (တနင်္လာ) နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပွဲ၌ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်က ၀န်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအချို့နှင့် ဒေါ်ဧရာမောင်မောင်ကလည်း ၀န်ထမ်းများအတွက် ငွေစုငွေကြေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။ တွဲဖက်အတွင်းရေးမှူး ဦးတင်မောင်အေးမှလည်း ၂၀၁၁ ခုနှစ် သင်္ကြန်ရက်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနား ပြင်ဆင်ရာတွင် ရက်ပိုဆင်း၍ တာဝန်မရွေး အင်တိုက်အားတိုက် လုပ်အား ပေးခဲ့ကြသော ၀န်ထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းပြော ကြားခဲ့ပြီးနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုလက်ဆောင်မွန်များအား - 

တာချီလိတ်က နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးနဲ့ အဖွဲ့ရဲ့ လာဘ်စားမှု (တိုင်ကြားစာ)

 ထိုင်း၊ မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးနှင့် အဖွဲ့မှ လာဘ်ငွေရယူ၍ ဂိမ်းဆိုင်းများအား ဖွင့်လှစ်ခွင့် ပေးထားတဲ့ အကြောင်း ပေးပို့လာတာကို တင်ပြလိုက်ပါတယ်..

ကျွန်တော်တို့ တာချီလိတ်မြို့မှာ တပိုင်တနိုင် အိမ်ဆိုင်လေးများတွင်  ဖွင့်လှစ်ထားသော ဂိမ်းစက်များကို ဒနအဖွဲ့နှင့် နယ်ထိန်းအဖွဲ့များက ယာယီပိတ်ထားပေးရန် လိုက်လံ ပြောဆိုနေသော်လည်း... ခြံဝန်းကျယ်ကြီးများတွင် ဖွင့်လှစ်ထားသော ဂိမ်းဆိုင်ကြီးများမှာ ပုံမှန်အတိုင်း ဂိမ်းကစားသူ ယာဘရှူသူများဖြင့် လူစည်ကား လျှက်ရှိနေပါတယ်..။

အဆိုပါ အိမ်ဆိုင်လေးများတွင် ဖွင့်လှစ်ထားသော ဂိမ်းဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောဆိုရာမှာတော့ ..
ကျွန်တော့်ဆိုင်ကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ခဏပိတ်ထားလို့ လာပြောတယ်..။ စက်တွေ အများကြီး ထောင်ထားတဲ့ ခြံဝန်းကျယ်ကြီးတွေမှာ ဖွင့်ထားတဲ့ သူတွေကျတော့ ပုံမှန်အတိုင်းပဲ ဖွင့်ခွင့် ရနေတယ်ဗျာ... ဟုဆိုင်ခန်းငယ်ကလေးဖြင့် ဂိမ်းဆိုင် ထောင်ထားသူ ပိုင်ရှင်တစ်ဦးက မကျေမနပ် ပြောဆိုပါတယ်..။ 

ဆိုင်ခန်းလေးဖြင့်ဖွင့်ပါက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးအား စက်တစ်လုံး ၃၀၀ ဘတ်ပေးရပြီး ခြံဝန်းအတွင်း ဆိုင်ကြီးအဖြစ် လုပ်ကိုင်ပါက တစ်လ ဘတ်သုံးသောင်းနှင့် သူ့အတွက် အစုထည့် ပေးရကြောင်း ပြောပြသည်။ တာချီလိတ်မြို့တွင် ဂိမ်းစက် အလုံးပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ ခြံဝန်းကြီးများတွင် ဂိမ်းစက် အမျိုးအစားပေါင်း များစွာဖြင့် ဖွင့်လှစ်ထားသော နေရာပေါင်း ၁၅နေရာခန့်ရှိပြီး ၂၄နာရီ လောင်းကစား ပြုလုပ်နိုင်ပြီး မူးယစ်ဆေး ယာဘလည်း ရှုနိုင်ပါတယ်..။

တာချီလိတ်သား...

တာချီလိတ် ဂိမ်းဆိုင်မှိုလိုပေါက် လူငယ်များ အကျင့်စာရိတ္တပျက် ရပ်မိရပ်ဖများစိုးရိမ် သျှမ်းသံတော်ဆင့် သတင်း ပြန်ဖတ်ချင်ရင်.. Click

06 May 2011

လိမ်နေတာတွေ ရပ်ပါတော့..။



ဤဓာတ်ပုံ အား Facebook မှ ရပါသည်.။

ပြည်သူတွေ ရဲ့ အသံအား ရုပ်ပြအဖြစ် သုံးသပ်ခံစား...

တောက်တဲ့ ဈေးကြီးတဲ့ မြန်မာပြည်


ကားလမ်းတွေ ပြုပြင်နေတာ ဒီလမ်းကိုပြောနေတာလားမသိ..



ဒီစကား ကတော့ မိုက်တယ်ဗျို့..

ပြည်သူတွေ ရဲ့ ရင်တွင်းစကား

လူပြက် တွေ ရဲ့ ရင်ဖွင့်သံ


ဒါကတော့ မြန်မာအဆိုတော်မလေးတွေ



ဖုန်းတွေကတော့ ထွက်နေတာဘဲ ဒါပေမယ့် .....


ပြည်တွင်းဖြစ်မပါတဲ့ Discount....

ကန်ထရိုက် တွေ ရိုက်စားလုပ်ပြီး ဆောက်နေကြတဲ့ မြန်မာပြည်ကတိုက်တွေ




ကာတွန်းများ အား weeklyeleven ဂျာနယ်မှ ပြန်လည် ဖော်ပြ ထားပါသည်.။

05 May 2011

လော်ဘီတို့ တော်ပြီဗျို့

များမကြာမီ သတင်းပတ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ငါးမင်းဆွေဆိုလား-ဖားမင်းဆွေဆိုလား။ ပေါကြောင်ကြာင်လူတယောက်က စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ရမ်းရမ်းကားကားလာ ရောက်ပြောဆိုသွားတယ်လို့ သိရတယ်။ သူဟာ အမေရိကန်လူပေါ ယက်ထောပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကိုလာပြီး အကြောင်းမဲ့လာနှောက်ယှက်တဲ့ ဒုတိယမြောက် လူပေါတယောက်လို့ ပြောရမယ်ထင်ပါတယ်။ နာမည်က ငါးမင်းဆွေဆိုပေမဲ့ စစ်အစိုးရကို ဖားတဲ့ ဖားဆောင်းပါးတွေ ရေးနေသူမို့ ပြည်သူလူထုကတော့ သူ့ကို ဖားမင်းဆွေလို့ ခေါ်ကြတယ်။ ငါးမင်းဆွေ-ဖားမင်းဆွေဆိုပြီး နာမည်က နှစ်မျိုးရနေတော့ ဖားတပိုင်း ငါးတပိုင်းမင်းဆွေလို့ ခေါ်ရင်ပိုပြီး အဆင်ပြေမယ် ထင်တယ်။

သူက အမေရိကန်တို့ အီးယူတို့က စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ဒေါ်အောင်ဆန်းစုကြည်ကဘဲ လုပ်နေသလိုလို။ ဒီကိစ္စကို မလုပ်ဘို့ လာရောက်ပြောဆိုခဲ့တာပါ။ သူမှ မဟုတ်ပါဘူးလေ။ စစ်အစိုးရ လက်ပါးစေတော်တော်များများက ဒီလိုဘဲ စွပ်စွဲပြောဆိုနေကြတာပါ။ ပြီးတော့ ပြည်သူတွေ စီးပွားရေးကြပ်တည်းနေတာတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့လဲ ပြောကြပြန်တယ်။ ဒါဟာ တော်တော် အဓိပ္ပါယ်မဲ့တဲ့ ပြောဆိုမှုပါ။ တကယ်တော့ မြန်မာပြည်သူတွေ စီးပွားရေးအရ လိုတာထက်ပိုပြီး ရုန်းကန်နေရတာဟာ အခုမှ မဟုတ်ပါဘူး။

စစ်တပ်က အာဏာစယူခဲ့တဲ့ ၁၉၆၂ ခုနှစ် ကတဲကပါ။ အဲဒီအချိန်ကတဲက ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ အကြီးစားလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း။ အလယ်အလတ်နဲ့ အသေးစားလုပ်ငန်းတွေလည်း တားဖြစ်ချုပ်ကိုင်ခံခဲ့ကြရနဲ့။ တိုင်းပြည်ထဲမှာ ဆန်ရှား၊ ဆီရှား၊ ဆားရှား၊ ဆေးရှား ဘာမဆိုအကုန်ရှား ဖြစ်ကုန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ ကုန်ပစ္စည်းမှန်သမျှ မှောင်ခိုခေတ်။ အဲဒီခေတ်က အမျိုးသမီးကြီးတယောက် မန္တလေးမြို့ကနေ ဇာတိအညာမြို့ကလေးတမြို့ကိုအပြန် မိဘဆွေမျိုးတွေကို ကန်တော့ဘို့၊ လက်ဆောင်ပေးဘို့ ကျားဝတ်ပုဆိုး ငါးထည်သယ်လာတာ လမ်းမှာ ဆိုရှယ်လစ်စီးပွားရေးပုဒ်မနဲ့ အရေးယူအဖမ်းခံ အချုပ်ကျခဲ့ဘူးပါတယ်။ စာရေးဆရာနိုင်ဝင်းဆွေရဲ့ (မသိန်းရှင်ဆီပို့ပေးပါ) ဆိုတဲ့ နာမည်ကြီး ဘ၀သရုပ်ဖေါ်ဝတ္ထုထဲက ညှိညှိရဲ့ ထန်းလျက်မှောင်ခိုသည်ဘ၀ဟာ စိတ်ကူးယဉ် မဟုတ်ပါဘူး။ လက်တွေ့ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေပါဘဲ။ ကွယ်လွန်သူ စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မရေမရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ ပြည်သူတွေရင်ဆိုင်ခံစားခဲ့ရတာ ဆရာနိုင်ဝင်းဆွေ ၀တ္ထုထဲကထက်ဆိုးတဲ့ ဘ၀တွေတောင်ရှိခဲ့သေးတယ်ဆိုတာ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်ကို မှီလိုက်သူတိုင်း သိကြပါတယ်။

အဲဒီအချိန်က ဘာစီးပွားရေးပိတ်ဆို့မှုမှ မရှိခဲ့ပါဘူး။ စစ်ဗိုလ်တွေ အာဏာယူပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို အမှန်တကယ် နားမလည်ဘဲ လေဖမ်းဝရမ်းချီ -သူများဆိုရှယ်လစ်ဆိုလို့ ဆိုရှယ်လစ်ပြီး တောင်လုပ်မြောက်လုပ် အရူးအီးအီးပမ်းလုပ်ခဲ့ကြတဲ့ဒဏ် ပြည်သူလူထုခံခဲ့ကြရတာပါ။

ဒီလိုအခြေအနေဆိုးကြီးနဲ့ ၂၆ နှစ် ဖြတ်သန်းလာခဲ့ရတဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အုံကြွတော်လှန်ခဲ့ကြတယ်။ ဒါကြောင့် စစ်တပ်အစိုးရတွေဟာ ၁၉၈၈ ခုနောက်ပိုင်းနှစ်တွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်လုပ်ဆောင်ပေးခဲ့ရတယ်။ ဒါပေမဲ့လည်း စစ်အစိုးရတွေလုပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ အလွှမ်းသင့်စီးပွားရေးသမားတွေသာ လက်ဝါးကြီးအုပ်စနစ်မို့ ပြည်သူလူထုကတော့ သူတို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရှိလာလို့ မဆလခေတ်လောက် ကုန်ပစ္စည်းမရှားတာ တခုကလွဲရင် တခြားတခြား ဘ၀ပြဿနာတွေကတော့ ပိုမိုကောင်းမွန်လာတာမရှိဘဲ တိုးပြီးရင်ဆိုင်နေရဆဲပါ။

တကယ်တော့ မြန်မာပြည်လို သယံဇာတပေါကြွယ်ဝပြီး လူဦးရေလည်း သိပ်ကြီးမများလှတဲ့ တိုင်းပြည်တခုမှာ စားဘို့၊ ၀တ်ဘို့၊ နေဘို့ ဆိုတာလောက်ကတော့ ဘယ်သူဘဲ အစိုးရလုပ်လုပ် အထိုက်အလျောက်တော့ နေနိုင်၊ စားနိုင်၊ ၀တ်နိုင်ကြတာချည်းပါဘဲ။ မြန်မာပြည်မှာ နေထိုင်နေသူအားလုံး အစိုးရဖိနှိပ်မှု တစုံတရာသာ မရှိဘူးဆိုရင် နေရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ စားရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ ၀တ်ရေးလည်း အထိုက်အလျောက် ရနိုင်ကြပါတယ်။ မြန်မာပြည်ကပြည်သူတွေဟာ လူတဦးခြင်း မိသားစုတခုခြင်း ရင်ဆိုင်ဖြေရှင်းရမဲ့ ပြဿနာလောက်ကို ဖြေရှင်းနိုင်ကြပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးတယောက် အလုပ်အကိုင်ကောင်းကောင်းတခုရှိရင်တောင် မြန်မာပြည်အနေအထားက အထိုက်အလျောက်နေလို့ရတဲ့ ကာလတွေရှိခဲ့ဘူးပါတယ်။

စစ်အစိုးရလက်အောက်မှာ ပြည်သူလူထု ရင်ဆိုင်ခံစားနေရတာက စစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ လောဘဇောတိုက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ (ဘ၀ မလုံခြုံမှု ပြဿနာ)လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

ဘယ်တိုင်းပြည်က ပြည်သူဘဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ ဘ၀လုံခြုံဘို့

(၁) လူတဦးခြင်း (သို့) မိသားစုတခုခြင်းက ကြိုးစားရုန်းကန်ဖြေရှင်း ဆောင်ရွက်ရတဲ့ အပိုင်း

(၂) အုပ်ချုပ်သူအစိုးရက ပြည်သူလူထုအတွက် ဦးဆောင်ကြိုးစားဖြေရှင်းပေးရတဲ့ အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။

မြန်မာပြည်သူတွေဟာ နံပတ်တစ် လူတဦးခြင်း၊ မိသားစုတခုခြင်း ဖြေရှင်းဆောင်ရွက်ရမဲ့ အပိုင်းတွေကို အရင်ကရော အခုရော လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကိုယ့်ဝန်းကို သူခိုးသူဝှက်မ၀င်အောင် လုံခြုံအောင် ကာရံဘို့၊ ခြံခတ်ဘို့၊ သံဆူးကြိုးကာဘို့၊ သံပန်းတပ်ဆင်ဘို့ကို ကိုယ်အတိုင်းအတာနဲ့ကိုယ် လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တတိုင်းတပြည်လုံး တရားဥပဒေစိုးမိုးဘို့ဆိုတာကိုတော့ အစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

အိမ်တအိမ်မှာ၊ မိသားစုတခုမှာ အချိန်အတိုင်းအတာတခုနဲ့ လျှပ်စစ်မီးရရှိနိုင်ဘို့ သင့်တော်တဲ့ မီးစက်၊ အင်ဗာတာ၊ အသေးစားဘက်ထရီမီးချောင်း၊ မီးတိုင်ဆိုတာမျိုးရရှိဘို့ လူတိုင်းအိမ်တိုင်း မိသားစုတိုင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ၂၄ နာရီ မီးလင်းဘို့ ဆိုတာကတော့ အစိုးရကလုပ်မှသာ ရနိုင်ပါမယ်။ တိုင်းသူပြည်သားတယောက် နှာစေးချောင်းဆိုးဖြစ်တာ တုတ်ကွေးဖြစ်မျိုး အသေးစား ကျန်းမာရေးပြဿနာမျိုးကို လူတဦးခြင်း မိသားစုတခုခြင်းက ဖြေရှင်းလို့ ရပေမဲ့ကင်ဆာလို အေအိုင်ဒီအက်(စ်)လို၊ ဒါမှမဟုတ် ခွဲစိတ်ကုသရမဲ့ ရောဂါမျိုး အကြီးစားကျန်းမာရေးပြဿနာများအတွက်တော့ အုပ်ချုပ်သူအစိုးရတရပ်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး အစီအစဉ်တွေရှိမှသာ အဆင်ပြေနိုင်မှာပါ။

မိသားစုတခုက ကလေးတယောက် စာရေးတတ်ဖတ်တတ်ဘို့ လောကဓါတ်စာသင်ကျောင်းကို ပို့ရင်ပို့။ မပို့နိုင်ရင်တောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုပို့ပြီး စာတတ်အောင်လုပ်လို့ရပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့် ပညာရေးစနစ် ကောင်းမွန်ဘို့ကတော့ အစိုးရရဲ့တာဝန်ပါ။

စစ်အစိုးရဟာ အစိုးရဆိုတဲ့ အုပ်ချုပ်သူတို့ ထမ်းဆောင်အပ်တဲ့ အထက်ကပြောခဲ့တဲ့ကိစ္စမျိုးတွေကို တာဝန်ခံ လုပ်ကိုင်ဘို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီတာဝန်တွေကို မလုပ်နိုင်တာလား၊ မလုပ်ချင်တာလား၊ လုပ်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မပြည့်မီတာလားဆိုရင်တော့ အချက်သုံးချက်လုံးဘဲ ဖြစ်နိုင်ပါတယ်။

ပြည်သူလူထု လက်တွေ့ဘ၀မှာ ကြုံတွေ့ခံစာနေရတာက နိုင်ငံတနိုင်ငံမှာ လျှပ်စစ်မီး (၂၄) နာရီလင်းအောင် အစိုးရက လုပ်သင့်တယ်။ မလုပ်တော့ လူဦးချင်း မိသားစုတခုခြင်းက ကိုယ့်မိသားစုကလေး မီးလင်းနိုင်ဘို့ မီးစက်ဝယ်ဘို့ ရုန်းကန်ရတယ်။ အင်ဗာတာလို မီးအားမြှင့်စက်လို ပစ္စည်းတွေဝယ်ဘို့ အနိမ့်ဆုံးအဆင့် တရုတ်မီးတိုင်ကလေးဝယ်ဘို့ ကြံစည်ရတယ်။

မိမိရဲ့မိသားစု အဆင့်အတန်းအလိုက် သိန်းနဲ့ချီတဲ့ ငွေကို အပိုသုံးရှာဖွေနေကြရတယ်။ ဆင်းရဲသားမိသားစုတွေ ကျေးလက်တွေမှာ ဘက်ထရီမီးကလေးထွန်းနိုင်ဘို့ စားသောက်ရေးထဲကဖဲ့ပြီး ကုန်ကျရတယ်။

ကျန်းမာရေးဘက်မှာ ဆိုရင်ကော။ သာမာန်အားဖြင့် တပြည်လုံးအတိုင်းအတာနဲ့ ကလေးမီးဖွားဘို့၊ အရေးပေါ်ခွဲစိတ်ကုသဘို့၊ အေအိုင်ဒီအက်စ်လို ကပ်ရောဂါဘေးတွေအတွက် အစိုးရရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအစီအစဉ်တွေ ပျက်ယွင်းနေတဲ့အခါ မိသားစုတခုမှာ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမျိုး ကြုံလိုက်တာနဲ့ တသက်လုံး စုဆောင်းလာသမျှ ငွေကို ထုတ်ပြီး သုံးစွဲရတော့တယ်။

မိသားစုတခုမှာ လူတယောက် မကျန်းမာပြီဆိုရင် ကျန်မိသားစုဝင်တွေက တသက်လုံး စုဆောင်းလာတဲ့ ရွှေပြောင် ငွေပြောင်နဲ့ လူမွဲစာရင်းဝင်သွားတယ်။ နောက်ထပ် မိသားစုဝင်တယောက် မကျန်းမာရင် ကုသစရာ ငွေမရှိတော့တဲ့အထိ ဖြစ်နေကြရတယ်။

နောက်တခု ပညာရေး ဘယ်ကစပြီး ဘယ်လိုပျက်စီးအောင်လုပ်ပြစ်မှန်းမသိတဲ့ ပညာရေးစနစ်အောက်မှာ ပြည်သူလူထုဟာ မိမိတို့ရဲ့သားသမီးကလေးတွေ ပညာတတ်ဘို့ ကျူရှင်စရိတ် ဂိုက်ငှားစရိတ်တွေအတွက် လုံးပမ်းနေကြရတယ်။

ပြည်တွင်းတက္ကသိုလ်တွေက အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ဘို့ သင်နည်း အထောက် အကူပစ္စည်းတွေ မပြည့်စုံဘူး။ မတတ်ဘူး။ ဒီတော့ ကိုယ့်သားသမီးသူများနည်းတူ လူတလုံး သူတလုံးဖြစ်ဘို့ နိုင်ငံရပ်ခြားသွားပြီး ပညာသင်ဘို့ အားထုတ်ကြရတယ်။ ဒီလိုနဲ့ ပြည်သူတွေမှာ မပင်ပန်းသင့်ဘဲ ပင်ပန်းနေကြရတာ လက်တွေ့ပါဘဲ။

ပြီးတော့ စစ်အစိုးရဟာ သူကိုယ်တိုင်က ပြည်သူ့လိုအပ်ချက်တွေကို ရောင်းသူ ကုန်သည်လုပ်နေတယ်။ ကုန်သည်မှ မတရားအမြတ်ကြီးစား ကုန်သည်။ ကုန်ပစ္စည်းတွေကို ရှားပါးအောင် လုပ်ထားတယ်။ ပြီးတော့ သစ္စာခံမှုအပေါ် မူတည်ပြီး ပါမစ်ချစနစ်နဲ့ မတရားရောင်းကုန် ဖြစ်စေတယ်။ ဂျပန်နိုင်ငံ ကားသချိုင်းတွေက ကားအစုတ် တသိန်းတန်ကို မြန်မာပြည်မှာ ပါမစ်ဈေးသိန်းရာကျော်ဖြစ်ပြီး လူထုကို ပြန်ရောင်းစားတယ်။ မြန်မာပြည်မှာ သိန်း ၃၀၀-၄၀၀ လောက်ဖြစ်နေတဲ့ ဂျပန်ကားတွေဟာ ဂျပန်မှာ ကုမ္ပဏီထုတ်အသစ်စက်စက်မှ ဒေါ်လာ ၃၀၀၀-၄၀၀၀ ၀န်းကျင်ဘဲ ရှိတယ်။

မြန်မာပြည်မှာသာ ဖက်စပ်ထုတ်ရင် ဒေါ်လာ ၂၅၀၀-၃၀၀၀ လောက်နဲ့ ထုတ်လုပ်နိုင်လောက်တယ်။ ဒီလိုသာ ထုတ်လုပ်နိုင်ရင် ကားအသစ်တစီးမှ သိန်း ၃၀ ၀န်းကျင်ဘဲကျမယ်။ ကားတစီးတန်ဘိုးက မူလတန်ဘိုးထက် ဆယ်ဆလောက်မြှင့်နေတာ စစ်ဗိုလ်တွေ မတရားလုပ်စားနေတာ မဟုတ်ဘူးလား။

မြန်မာပြည်မှာ ဖက်စပ်လာလုပ်တဲ့ ဂျပန်စူဇူကီးကုမ္ပဏီရဲ့ အစီရင်ခံစာတခုမှာ သူတို့ကုမ္ပဏီအနေနဲ့ နှစ်စဉ်ကားစီးရေတိုးပြီး ထုတ်လုပ်ချင်တယ်။ ဒီအကြောင်းကို မြန်မာစစ်အာဏာပိုင်တွေကို ဘယ်လိုပင်တင်ပြသော်လဲ အဘယ်အကြောင်းကြောင့် တိုးပြီးထုတ်လုပ်ခွင့် မပြုသည်ကို စဉ်းစား၍ မရနိုင်အောင်ဖြစ်ရသည်လို့ ဖတ်ခဲ့ရဘူးပါတယ်။ အဲဒါ ဘာမှမဟုတ်ပါ။ ဂျပန်ကုမ္ပဏီက ကားတွေထုတ်ပြီး ထုတ်လုပ်မှုစရိတ် +အမြတ် တန်ဘိုးလောက်နဲ့သာ ပြည်သူတွေကို ရောင်းချလိုက်ရင် သူတို့ ပါမစ်နဲ့လုပ်စား၊ ရိုက်စား ဈေးကွက်ပျက်မှာစိုးလို့ပါဘဲ။

ပြီးတော့ လူထုအတွက် လိုအပ်တဲ့ဆက်သွယ်ရေးကိရိယာ တယ်လီဖုံးတမျိုးနဲ့တင် လူထုအပေါ်က ခေါင်းပုံဖြတ်စားသွားတာ ငွေတွေ မနဲပါ။ ထောင်ဂဏန်း သောင်းဂဏန်းလောက်နဲ့ ပေါပေါများများချပေးရင် ရနိုင်ပါလျက် ရှားကုန်လုပ်။ သစ္စာခံမှုနဲ့ ပါမစ်ထုတ် ရောင်းစားတာကို ပြည်သူတွေက လက်ကိုင်ဖုံးတလုံးကို တန်ဘိုး (၄၅ သိန်း) လောက်အထိ ပေးပြီး ၀ယ်သုံးခဲ့ကြရတယ်။ အခုထိ ၅ သိန်းတန်ဖုံး ၆ သိန်းတန်ဖုံးစသဖြင့် တိုင်းသူပြည်သားတွေကို နင်တို့ ဘယ်လောက်ပေးနိုင်သေးသလဲ။ ပေးနိုင်သလောက်ပေးပြီး ၀ယ်လိုက်ကြဦး။ ရှိတဲ့ငွေလေး ထုတ်၊ တယ်လီဖုံးတွေ ၀ယ်သုံးကြဦးနဲ့ လုပ်စားနေတာ။ နောင်ကျရင် တသောင်းတန်ဖုံးအထိ လာမယ်။ တောရောမြို့ပါမကျန် မိသားစုတိုင်းဆီက ရှိသမျှငွေတွေ ခြစ်ချုပ်ယူသွားတယ်လို့ဘဲ ပြောရမှာပါဘဲ။ ဈေးကွက် စီးပွားရေးက စစ်အသိုင်းအ၀န်း ဈေးကွက်ဖြစ်နေတာလေ။

နောက်တခုက အခွန်အကောက်။ နေရာအနှံ့မှာ ကြီးလေးတဲ့ အခွန်အကောက်တွေနဲ့ ပြည်သူတွေမှာ ၀န်ပိနေတယ်။ အခွန်အကောက်သက်သာခွင့် ရသင့်တဲ့ ပြင်ပပညာရေး ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ အသေးစားလုပ်ငန်းရှင်တွေအပေါ်မှာတော့ အခွန်တွေ တိုးကောက်တယ်။

တိုင်းသူပြည်သား လူငယ်ကလေးတွေ မင်္ဂလာဦးဇနီးမောင်နှံရဲ့ မင်္ဂလာပွဲ ကြွေးမွေးဧည့်ခံစရိတ် ၅ သိန်းကျရင် အခွန်က ၅ သောင်း ဆောင်ပေးရပေမဲ့ တရားမ၀င်လုပ်ငန်း ဘောလုံးဒိုင်တွေ၊ ချဲဒိုင်တွေ၊ နှစ်လုံးဒိုင်တွေဆီက သိန်းကုဋေနဲ့ ချီတဲ့ နေ့စဉ်လည်ပတ်ငွေတွေကတော့ တရားဝင်အခွန်အဖြစ်က ကင်းလွတ်နေပြီး တရားမ၀င်ဆက်ကြေးတွေအဖြစ် အာဏာပိုင်စစ်ဗိုလ်ကတော်တွေရဲ့ ချိတ်ထမီဘိုးနဲ့ စိန်ဘိုးဖြစ်သွားတယ်။

နောက်ပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ ရောင်းချထားတဲ့ ငွေတွေကို အလကား အရေမရအဖတ်မရ ကြပ်ပြေးမှာ မလိုအပ်သေးတဲ့ အဆောက်အဦးတွေဆောက်၊ မြို့သစ်တည်၊ မြေအောက်လှိုဏ်ဂူတွေကို ဒေါ်လာဘီလျံနဲ့ချီ အကုန်ခံတူးလားတူးရဲ့။ အနုမြူဗုံးလုပ်ဘို့ ကြံလိုကြံ၊ ဘာတွေလဲ မသိဘူး။ လုပ်သမျှ လူထုအတွက် လုံးဝမပါ။ မရောင်ဆီလူး အလုပ်တွေနဲ့ တိုင်းပြည်ငွေတွေ ကုန်ခမ်းနေတာလေ။

အခုဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေ ထွက်ငွေ ဘဏ္ဍာရေးစာရင်းရှင်းတမ်း မကြေငြာတာ ဘယ်လောက်ကြပြီလဲ။ Accountability and transparency ပျက်နေတာ ဘယ်မျှကြာပြီလဲ။ တိုင်းပြည်ဝင်ငွေ ဘယ်က ဘယ်လောက်ဝင်ပြီး ဘယ်မှာ ဘယ်လောက်သုံးသလဲ။ ဘယ်လိုသုံးခဲ့သလဲ ဘဂျက်ရှင်းတမ်း မကြေငြာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ။

အမှန်စင်စစ် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေက စစ်တပ်ကဗိုလ်တွေ တိုင်းရင်းသားဒေသတွေမှာ ရွာတွေဝင်တော့ ရွာသားတွေက စစ်တပ်လာပြီဆိုတာနဲ့ ထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာထဲကို စစ်တပ်ရောက်တော့ ရိက္ခာမပါတဲ့စစ်တပ်ဟာ ရွာသူရွာသားတွေရဲ့ စပါးကျည်ထဲက စပါးဆွဲ၊ ပြောင်းဆွဲ၊ လူးဆွဲ၊ ကြက်တွေ့တော့ ကြက်ဆွဲ သတ်စား၊ ၀က်တွေ့တော့ ၀က်ဆွဲ သတ်စား၊ နွားတွေ့တေ့ နွားဆွဲ သတ်စားရာကနေ ရာထူးတက်ပြီး အာဏာဖင်ထိုင်ခုံတွေနဲ့ မြို့ပြရောက်လာတော့ ကားဆွဲ၊ တိုက်ဆွဲ၊ ခြံဆွဲ တိုင်းပြည်ဘဏ္ဍာလည်း ကိုင်ခွင့်ရရော။

ပြည်သူ့ဘဏ္ဍာ သူတို့ဘဏ္ဍာ ဥစ္စာမှတ်ပြီး သူတို့ငွေစားရင်းထဲ ဆွဲသွင်းလိုက်ကြတာကစတဲ့ အဓမ္မဇာတ်လမ်းတွေကြောင့်သာ မတော်မတရား မကြားကောင်း မနာသာတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေရတာပါ။

ပြောရတာ အတော်ခက်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေ တယောက်နဲ့တယောက် မေးထိုးပြီးသူက အိမ်ရပြီ။ ငါလဲ အိမ်ရမှ။ သူက မော်တော်ကား ဘယ်လောက်တန် ဘယ်နှစ်စီးရပြီ။ ငါက ဘယ်နှစ်စီးဘဲ ရသေးတယ်။ ရှာလိုက်ဦးမှ။

ပြည်သူ့ဘဏ္ဍာထဲက နှိုက်လိုက်ဦးမှ။ မိုက်ကြေး ခွဲလိုက်ဦးမှ။ သူ့သားကတော့ ဘာကုမ္ပဏီ ထောင်ပြီးပြီ။ ငါ့သားက ဘာကုမ္ပဏီ ထောင်လိုက်မှ။ အမယ်လေး…..လေး။ အိမ်အလုံး ၁၀၀ နဲ့လည်း မကျေနပ်။ အလုံး ၂၀၀ လည်း မကျေနပ်။ ရှန်ဟိုင်းအထိ အိမ်တက်ဝယ်ကြ။ ကိုယ့်သားကိုယ့်သမီး ကိုယ့်မြေးအတွက်တင် မကဘူး။ ဗိုလ်ချုပ်အဘကြီးတွေရဲ့ ကီးပင်း (keeping) မော်ဒယ် စမောလေးအတွက်ပါ။

တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်းမှာ အိမ်နဲ့ခြံ ၀ယ်ပေးဦးမှ လုပ်နေကြတာလေ။ ဒါတင်မက ပြည်သူ့ငွေ ကဲ့ထုတ်ပြီး ကိုယ့်ဘဏ်စာရင်းထဲ မြန်မာငွေနဲ့ မြန်မာဘဏ်ထဲငွေစုတာ ခေတ်မစားတော့။ နိုင်ငံခြားဘဏ်မှာ ဒေါ်လာနဲ့ထား။ စပွန်ဆာ အဘဗိုလ်ချုပ်ကြီးတွေကောင်းလို့ မော်ဒယ်သမီးတွေတောင် ဒေါ်လာသိန်းဂဏန်းနဲ့ ရှော့ပင်း (shopping) ထွက်နေနိုင်ကြတယ်။ ဒါပေမဲ့ စစ်အစိုးရလုပ်တဲ့ စီးပွားရေး စီမံကိန်းတွေထဲမှာ သာမန်ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာများလုပ်ခဲ့ပါသလဲ။

သာမန်ပြည်သူထဲက အမှန်တကယ် တက္ကစီမောင်းစားသူ လူတယောက် တက္ကစီတစီးပိုင်ခွင့်ရဘို့ လုပ်ပေးခဲ့ဘူးပါသလား။ ဆိုက္ကားနင်းစားရသူ သာမန်လူတယောက် ဆိုက္ကားပိုင်ဆိုင်ဘို့ စီမံကိန်းချခဲ့ဘူးပါသလား။ ငွေကျပ် ၁၀၀ ချေးတိုင်း ၁၀ ကျပ်က ၅၀ ကျပ် အတိုးနှုန်းလောက်ပေးပြီး ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားတွေအတွက် အသေးစားချေးငွေ အစီအစဉ်မျိုး လုပ်ပေးခဲ့ဘူးပါသလား။

စစ်တပ်သစ္စာခံ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေသာ ပါရမီတက္ကစီ စီးရေအများကြီးပိုင်တဲ့ တက္ကစီအုံနာ အကြီးစားကြီးတွေ ဖြစ်သွားတယ်။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏ်ီကသာ မော်တော်ကားလိုင်းထောင်စားတဲ့အထိ လုပ်နေကြတယ်။ အခု နောက်ပိုင်း ပြည်သူတွေကြားမှာ ပြောဆိုနေကြတာက ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့သားမက်လို့ သတ်မတ်ထားတဲ့ ကိုတေဇက ကွန်းယာဆိုင်ထောင်ပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ဆိုက္ကားထောင်တော့မယ်တဲ့။

ဒီလိုနဲ့ ပြည်သူအများစုက လုပ်စားစရာ အကွက်အကွင်းမရှိသလောက်ဖြစ်ပြီး ဒုက္ခရောက်နေကြရတာပါ။
ဒါကို စစ်ဗိုလ်တွေအကြိုက် အောင်သွယ်လား။ လော်ဘီလား။ လောဘစ်လား။ အနောက်နိုင်ငံတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တားဆီးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ အထိနာပါတယ်လို့ အမေရိကန်လွှတ်တော်သွားပြီး ရွေနားတော်သွင်းသူက သွင်း၊ ပြည်တွင်းဂျာနယ်တွေမှာ အေးချင်းရေးသူက ရေး၊ အနောက်တိုင်းရဲ့ ဒဏ်ခတ်မှုတွေ လျော့ကျစေဘို့ စစ်ဗိုလ်ချုပ်တွေဘက်က ပြည်သူ့အပေါ် ရက်စက်မှုတွေကို တရစ်လောက်လျှော့ချဘို့တော့ တလုံးတပါးမှ ပါးစပ်မဟကြဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြောဆိုနေတာကတော့ တဖက်သတ်ဆန်လွန်းပါတယ်။ ငါ့စကားနွားရနိုင်လွန်းလှပါတယ်။

ကိုလော်ဘီတို့ကို မေးကြည့်ချင်တာက ဘယ်စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်တာလဲ။

General sanction ဆိုတဲ့ အထွေထွေစီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကိုလား။ target sanction ဆိုတဲ့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့် စီးပွားရေးသမားတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကိုလား။

General sanction ဆိုတဲ့ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ရင် ပြည်သူတွေပိုကောင်းလာမလား။
ဟင့်အင်း မထင်မိပေါင်၊ ဝေးပါသေး။ အခုလဲ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ စီးပွားရေးဆက်ဆံမှု မလုပ်ကြဘူးဆိုပေမဲ့ အာစီယံတို့ တရုတ်တို့ အိန္ဒိယတို့လို နိုင်ငံတွေက စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတာပါဘဲ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဂရုမစိုက်ဘဲ လောဘဇောတိုက်နေတဲ့ အစိုးရအချင်းချင်း ကုန်သွယ်နေတဲ့ စီးပွားရေးကို လိင်တူဆက်ဆံရေး ကုန်သွယ်မှုလို့ နာမည်ပေးရင် ကောင်းမယ်ထင်တယ်။ တကယ်တော့ ဒီနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှု တန်ဘိုးနဲ့တင် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်ရင် ရနိုင်ပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲဆိုရင် ဥပမာ- မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်းတွေက နှစ်စဉ် ဒေါ်လာငွေ သန်း ၄၀၀ လောက် အမြတ်အစွန်းရနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်အားစိုက်ထုတ် လုပ်ကိုင်နေကြရတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေရဲ့လုပ်အားခကတော့ ဘ၀၀မ်းစာဖူလုံအောင် မရရှိကြပါဘူး။ ဘာလို့လဲဆိုတာ့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိနိုင်ဘို့ ဗိုလ်ချုပ်တွေကို တရားဝင်ရော တရားမ၀င်ရော (over table – under table) ပေးနေရာတာတွေကြောင့် အောက်ခြေက အလုပ်သမားလူတန်းစားဆီ (လုံးဝ လုံးဝ) မရောက်နိုင်တော့ လို့ပါဘဲ။

ပြောတာတွေလဲ သိပ်ကိုများသွားပြီ။ ဒီထက်မက ပြောချင်ပါသေးတယ်။ ပြောချင်တာမှ လက်တွေ့အခြေအနေမှန်တွေကို တကမ္ဘာလုံးကိုသိအောင် ခြေလျင်ပတ်ပြီး ပြောချင်တယ်။ စစ်အစိုးရနဲ့ ပုလင်းတူဘူးဆို နိုင်ငံခြားအစိုးရတွေရဲ့ရုံးတွေရှေ့ ငုတ်တုတ်ထိုင်ပြီး ပြောချင်တယ်။

နောက်ဆုံးအနေနဲ့ လိုရင်းအနှစ်ချုပ် ပြောချင်တာကတော့ စစ်အစိုးရဘက်က ပြည်သူအပေါ် ရက်စက်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားတာမျိုး အထွေထွေတားမြစ်ထားမှု (sanction) တွေ တခုမှမလျှော့ပေးသေးဘဲနဲ့တော့ အနောက်တိုင်းရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု sanction တွေလည်း လျှော့ပေးစရာ မလိုသေးဘူး။

ပြည်သူ့မျက်နှာတကယ် ငဲ့ကြည့်တယ်ဆိုရင် ဆက်လက်ထားရှိနေသင့်သေးတယ်။ စီးပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဘို့ ပြောဆိုနေကြတဲ့ ကြားပွဲစား အောင်သွယ်တော် ကိုလော်ဘီတွေရဲ့အသံတွေ ကြားရ၊ ဆောင်းပါးတွေဖတ်ရတာလည်း ပြည်သူလူထုက နားကလောတယ်။ မျက်စိ နောက်တယ်။ တော်လောက်ကြပါပြီ ဆိုတာပါဘဲ။

မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုလျက် နိုင်ငံသားအားလုံးကို လေးစားသော

မမခင်

စည်ပင်သာယာနယ်နိမိတ်ပြင်ပ အဝေးပြေးလမ်း နယ်နိမိတ်အတွင်း ပုဂ္ဂလိက ကြော်ငြာ ဆိုင်းဘုတ်ခွန်နှုန်းထား အဆ ၂၀၀ကျော် တိုးမြှင့်

မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်များ ပြင်ပရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် အဝေးပြေးလမ်း ဧရိယာ နယ်နိမိတ်အတွင်း ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ် စိုက်ထူခ နှုန်းထားများကို ယခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့် ကောက်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆောက်လုပ်ရေးပိုင် လမ်းနယ်နိမိတ်များအတွင်း စိုက်ထူထားသော ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူပါက ယခင်တစ်လအတွက် တစ်စတုရန်းပေ ကျပ် ၂၅၀မှ တစ်လ တစ်စတုရန်းပေ ကျပ် ၅၀၀၀သို့ နှုန်းထားအသစ်ဖြင့် တိုးမြှင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ “ကြော်ငြာဘုတ် အခွန်တွေ ဒီနှစ်မှာ အားလုံးပြောင်းသွားတယ်။

ပဲခူးဆို အရင်က ကျပ် ၇၀၀ကနေ အခု ကျပ် ၅၅၀၀ ဖြစ်သွားတယ်လို့ ပြောတယ်။ တခြားမြို့နယ်တွေမှာ အရင်နှုန်းထက် ကျပ် ၅၀၀လောက် ကွာသွားတယ်။ စည်ပင်ကြော်ငြာဘုတ်ခတွေ အားလုံးနီးပါး ပြောင်းတယ်”ဟု မြန်မာတစ်ပြည်လုံးတွင် ဘေဘုတ်ကြော်ငြာများကို လက်ခံ ဆောင်ရွက်ပေးသော ကြော်ငြာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အဆပေါင်းများစွာ မြင့်မားသွားသော အခွန်နှုန်းထားများကြောင့် စားသုံးသူများအပေါ်၌သာ ရိုက်ခတ်လာနိုင်ကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးအပေါ်တွင်များစွာ ဂယက် ရိုက်ခတ်နိုင်ကြောင်း အခွန်ပညာရှင် ဦးဟန်ထွန်း(အခွန်)က ထောက်ပြပြောသည်။

အဆိုပါ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၎င်းလမ်းနယ်နိမိတ် အတွင်း ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းအတွက် ကြော်ငြာဆိုင်းဘုတ်ခွန် နှုန်းထားအသစ်ကို ယခုနှစ် ဘဏ္ဍာနှစ်စတွင် တစ်ကြိမ်တည်းအပြီး ကောက်ခံရန် မတ် ၂၁ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ် ကြီး/ငယ်များကို (၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ်မှစ၍ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခ တစ်လ တစ်စတုရန်းပေလျှင် ကျပ် ၅၀၀၀နှုန်းဖြင့် လည်းကောင်း၊ နှစ်ဖက်လှ စိုက်ထူလျှင် နှစ်ဆနှုန်းဖြင့် လည်းကောင်း ဘဏ္ဍာနှစ်စတွင် တစ်ကြိမ်တည်း အပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ နှစ်လယ်ပိုင်း ထပ်မံတိုးလာသော ကြော်ငြာများအတွက် တစ်လနှုန်းထားအား ကျန်လ အရေအတွက်ဖြင့် တစ်ကြိမ်တည်း ပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။

ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည် နှုန်းများမှာ ယခင်ဘဏ္ဍာနှစ်ထက် မြင့်တက်လာကြောင်း၊ နေပြည်တော် စည်ပင်သာယာရေး ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ်ကျပ် ၁၂၀၀၀၊ မန္တလေး စည်ပင်သာယာရေးပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ်ယခင် ကျပ် ၃၅၀၀မှ ကျပ် ၅၀၀၀၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ် ၂၀၀၉ခုနှစ် ဇွန်လတွင် ကျပ် ၃၅၀၀ယူခဲ့ပြီး ဇူလိုင်လမှစ၍ ကျပ် ၅၂၅၀ တိုးမြှင့်ခဲ့ကြောင်း အချို့နယ်မြို့များတွင်လည်း ယခင်နှစ် နှုန်းထက် ကျပ် ၂၀၀မှ ၇၀၀ အကြား နှုန်းထားမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်း( မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ရန်ကုန်-မန်း ရထားပေါ်မှ ဖုန်းခေါ်နိုင်ပြီ၊ အွန်လိုင်းမှ လက်မှတ်ရောင်းနိုင်ရန် ဆောင်ရွက် ဆိုပါလား

အိန္ဒိယနိုင်ငံ၏ ချေးငွေအစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်း တစ်လျှောက်၌ ဖိုင်ဘာဆက်သွယ်ရေးစနစ် ဆက်ကြောင်း တည်ဆောက်မှုမှာ ယခုအခါတွင် ပြီးစီးသွားပြီဖြစ်၍ ရထားပေါ်မှ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း ၇မှ သိရသည်။

ထိုသို့ ဖိုင်ဘာဆက်ကြောင်း Fiber Optic Cable များ တပ်ဆင်ရာတွင် အိန္ဒိယနိုင်ငံမှ အိုင်တီနှင့် မီးရထားလမ်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို Fiber Optic Cable တပ်ဆင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်-မန္တလေး မီးရထားလမ်းရှိ ဘူတာစဉ်တစ်လျှောက် တယ်လီဖုန်းပြောဆို ဆက်သွယ်နိုင်ရေးနှင့် ရထားအချက်ပြမီးများ သုံးစွဲနိုင်ရေးအတွက်ဖြစ်ပြီး အွန်လိုင်းမှ ရထားလက်မှတ် ရောင်းချခြင်းနှင့် ဘူတာများ၌ ရထားဝင်ထွက်မှု အချိန်များအား ထိန်းချုပ်နိုင်ခြင်းများကိုပါ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒါပေမဲ့ အခု ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်မှာ ရထားပေါ်ကနေ ဘူတာတွေအားလုံးကို ဖုန်းပြောနိုင်ပြီ။

ဒုတိယအဆင့်အနေနဲ့က ရထားသွားလာမှု မြန်ဆန်ရေးအတွက် လက်မှတ်ကို အွန်လိုင်းက ရောင်းတာတို့၊ ရထားဝင်ချိန်ထွက်ချိန်နဲ့ ဘယ်နေရာ ရောက်နေသလဲဆိုတာ သိရှိနိုင်တဲ့စနစ် လုပ်သွားမယ်။

တတိယအဆင့် အနေနဲ့ကတော့ ဘူတာတွေနဲ့ ရထားတွေမှာ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ အင်တာနက် သုံးစွဲနိုင်အောင်အထိ လုပ်သွားဖို့ ရှိပါတယ်။ အခုလောလောဆယ်ကတော့ ပထမအဆင့်လောက်ပဲ ပြီးသေးတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

03 May 2011

“ဖားရှာစား ငါးရှာစား” ဆိုပြီး စော်ကားပြောဆိုခဲ့တဲ့သူက အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင်ဖြစ်နေလေရဲ့ ။

နအဖသန်းရွှေရဲ့  ရုပ်ပြ သိန်းစိန်က သမတအကြံပေးအဖွဲ့ ဆိုပြီး ဖွဲ့ လိုက်တဲ့ထဲမှာ ပါနေသူတွေက လူကြမ်းတွေဖြစ်နေလို့  သမတလူကြမ်းအဖွဲ့ လို့  အမည်တပ်ရမှာပါ။

ဒီ သမတလူကြမ်းအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့  နအဖသန်းရွှေတို့ အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ ရဲ့  ၀ါဒဖြန့် ချီရေးခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Start Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေအမျိုးမျိုးနဲ့  သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။

























ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။

သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့  နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့ က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်တို့ ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့  ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့  လှိုင်အောင်ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့  ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့  ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့  နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ ရဲ့  နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရန်းကောင်းဖို့ အတွက် အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်းအလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ ကို ပြောဆိုရေးသားထားတာကတော့ အလွန့် ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့  ပေးပို့ လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့  ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။
























ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင်အမည်ခံ လူယုတ်မာ ကိုကိုလှိုင်ရဲ့  ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ (ဆောင်းပါးပုံပေါ် mouse click နှိပ်၍ အကျယ်ချဲ့ ဖတ်ရှူနိုင်ပါတယ်)။































ဆောင်းပါးရှင် လှိုင်အောင် က “ လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေးဒုက္ခသည်တွေဟာ " နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" .... ဒါ့ အပြင် .... "ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့ ၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ်နားဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့ တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး အဲ့ဒီက ငါးတွေ ဖားတွေကို ပေးစားအောင်ကို ဒေါသထွက်ကြရတယ်ဆိုတာ အများပြည်သူတွေ ခံစားကြရပါတယ်။

ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင်ကတော့ အာဏာရူး သန်းရွှေတို့ ရဲ့  လက်ပါးစေအကြီးစား ယခု သိန်းစိန်ရဲ့  သမတလူကြမ်းအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်မယ့် ကိုကိုအောင်ဘဲ ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့  ဒီ လူယုတ်မာ ကိုကိုလှိုင်ကို ငါးစား ဖားစာကျွေးဖို့  ဆောင်ရွက်ကြဖို့ ဘဲ လိုပါတော့တယ်။

(နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၃ နှစ်ပြည့်မြောက် ၀မ်းနည်းဖွယ်အချိန်ကာလမှာ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဘ၀ရှင်သန်မှုခက်ခဲကြခဲ့ရတဲ့ မြန်မာပြည်သူပြည်သားများအတွက် အထူးကြေကွဲဝမ်းနည်းရမှုနဲ့ အတူ၊ တာဝန်မဲ့ယုတ်မာလွန်းခဲ့တဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးများရဲ့  လူသားမဆန်သည့် လုပ်ရပ်များနဲ့ အတူ အများပြည်သူကို စော်ကားခဲ့တဲ့ ကိုကိုလှိုင်ကိုလည်းကောင်း သန်းရွှေ သိန်းစိန်တို့ ကိုလည်းကောင်း နာဂစ်ကျိန်စာသင့်ကြပါစေသား)။

02 May 2011

ဘာဖြစ်သလဲ နာဂစ် နှင့် နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း’ မှတ်တမ်းတင် ရုပ်ရှင်ကား

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ မွန်းတည့်အချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့နယ်ခွဲကို စတင် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း အား ပျော့ပျက်ပြယ် ၀င်ရောက်သွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့သည်မှာ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။



ဘာဖြစ်သလဲ နာဂစ်

တစ်ချို့ ကဗျာတွေက စကားလုံးတွေရဲ့ အလှကို ဖတ်ပြီး ခံစားရသလို၊ အသံအနေအထား၊ အဖြတ်အတောက် လေးတွေနဲ့ ရွတ်ဆိုတဲ့ အခါမှာ၊ နောက်ထပ် အသံကပေးတဲ့ အရသာသစ်တစ်ခု ထပ်ထွက် လာပါတယ်။ ကောင်းကင်(နိုင်ငံပြုအနုပညာမဂ္ဂဇင်း)က ရည်မွန်ရဲ့ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ” ကဗျာ အပိုင်း (၁) နဲ့ (၂) ကို ဗွီအိုအေ-မြန်မာပိုင်း(VOA-Burmese)ရဲ့ “အနုပညာမိုးကောင်းကင်” အစီအစဉ်မှာ ကိုကျော်အောင်လွင်က ခံစား ရွတ်ဆိုထားချက်ကို တစ်မျိုး ပြန်ခံစားနိုင်ဘို့ တင်ဆက်ပေးလိုက်ပါတယ်။


ဘာဖြစ်သလဲ နာဂစ်

ဆန်တွေ ရဟတ်ယဉ်စီးတယ်။

4.W.D စီးတာ

ဌားခ သိန်းခုနစ်ဆယ်

ဘိုကလေးက

အင်းလျားလမ်းထက် ဈေးကြီးတယ်။



ဘာဖြစ်သလဲ နာဂစ်

ဟော်လံဘီယာတွေ

လခစားတယ်။

ကမ်းရိုးတန်းဖုန်း

နှစ်ဆယ့်သုံးသိန်းပေါက်တယ်။



ဘာဖြစ်သလဲ နာဂစ်

ဆားချက်တဲ့ ကန်ထဲ

ရေငန်ဝင်တယ်။

လူတစ်ထောင် အလုပ်ရဖို့

လူတစ်သိန်း ရင်းရတယ်။



နဂါးဖြစ်ဖြစ်

ပန်းဖြစ်ဖြစ်



ဘာဖြစ်လဲ နာဂစ်

ဘာမှ မဖြစ်ဘူး

ဘာမှမလုပ်သေးလို့။



ဇာဂနာ

(၂၀၀၈)

(ကောင်းကင် အင်တာနက်မဂ္ဂဇင်းက ကူးယူပါတယ်)။

နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကား







ရွှေဇင် - ဒီဗွီဘီ

ကင်မရာမင်းတွေ ရိုက်ကူးထားတဲ့ ( Orphans of Burma Cyclone) နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း’ မှတ်တမ်းတင် ရုပ်ရှင်ကားကို Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။ ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကိုအဓိကရိုက်ကူးခဲ့တဲ့ ဒီဗွီဘီ တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ ဆုရရှိကြောင်း ကြေညာသွားတာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ဒီသတင်းထောက်တွေရဲ့ နာမည် အပြည့်အစုံကို မဖော်ပြနိုင်ဘဲ တီနဲ့ဇက် လို့သာ သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။ Rory Peck ဆု ဆုဟာ ကမ္ဘာ့ နိုင်ငံအသီးသီးက အန္တရာယ်တွေကြား၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ စွန့်စွန့်စားစား သတင်းရိုက်ကူး တင်ပြသူတွေကို ရွေးချယ်ပေးတဲ့အတွက် သတင်းသမားတွေကြားမှာ ဂုဏ်သိက္ခာကြီးတဲ့ ဆုတခု ဖြစ်ပါတယ်။

ဒီဆုဟာ ရုရှားနိုင်ငံ ပါလီမန်မှာ သတင်းယူရင်း ပစ်သတ်ခံခဲ့ရတဲ့ ဗြိတိသျှ သတင်းထောက် ပက် ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ချီးမြှင့်တဲ့ ဆုတခု ဖြစ်ပါတယ်။ ဒီနှစ်အတွက် သတင်းမှတ်တမ်းကား ဆုအဖြစ် နိုင်ငံတကာ သတင်းကား ၃ ကား နောက်ဆုံး ဆန်ခါတင်အဆင့် ရောက်ရှိလာခဲ့တာပါ၊ အဲဒီ ၃ ကားက အာဖဂန်နစ္စတန် စစ်ပွဲတွေကြားက လူတွေရဲ့နေ့စဉ် ဘဝအကြောင်းရိုက်ကူးထားတဲ့ကား၊ အာဖရိကတိုက် ကွန်ဂိုနိုင်ငံက စစ်ဒဏ်ကြောင့် မိတကွဲ၊ ဖတကွဲဖြစ်ပြီး ပတ်ဝန်းကျင်က မေ့လျော့ခံနေရတဲ့ ကလေးငယ်တွေ အကြောင်းနဲ့ မြန်မာနိုင်ငံက နာဂစ်မိဘမဲ့ ကလေးတွေအကြောင်း ရိုက်ကူးထားတဲ့ သတင်းမှတ်တမ်းကားတွေ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကား ၃ ကားစလုံးဟာ တင်ပြပုံရော ရိုက်ချက်တွေပါ အထူး ကောင်းမွန်တယ်လို့ အကဲဖြတ်တွေက မှတ်ချက်ပြုကြပါတယ်။

မြန်မာကလေးတွေအကြောင်း ရိုက်ထားတဲ့ ဒီကားရဲ့ ထူးခြားချက်က အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာရယ်၊ ရိုက်ချက်တွေဟာ ဒီလိုအခက်အခဲမျိုးကြားက ပီပြင်တယ်၊ အနုပညာမြောက်တယ်၊ ရိုက်တဲ့သူတွေနဲ့ ကလေးတွေကြားက ဆက်ဆံရေးကြောင့် ကလေးတွေဟာ ဒုက္ခသည်သက်သက်ထက် ကြည့်ရသူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ ဇာတ်ကောင်တွေ ဖြစ်လာကြတယ်ဆိုတဲ့ အချက်တွေကြောင့် နာဂစ်မှတ်တမ်းကားကို ရွေးချယ်ရတာလို့ ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ပါတယ်။ ဒီ ကင်မရာမင်းတွေရဲ့ကိုယ်စား ဆုတက်ရောက်ယူခဲ့တဲ့ ဒီဗွီဘီက ကိုနန္ဒ က ဒီဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူရပေမယ့် ဆုရှင် ၂ ယောက်ထဲက ကင်မရာမင်း ၁ ယောက်ဟာ အခု အဖမ်းခံထားရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ ဒီဆုရတာကို ကာယကံရှင်တွေသိအောင် အကြောင်းကြားပေးမယ် ဆိုတဲ့ အကြောင်းတွေ ပြောကြားသွားပါတယ်။

နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း’ မှတ်တမ်းတင် ရုပ်ရှင်ကား အား ပြန်လည် ကြည့်ရှုနိုင်အောင် ကိုဒေါင်းမာန်ဟုန် မှ ပြန်လည် မျှဝေ ထားပါသည်.။

စံချိန်တင် မိုးပေါ်ထောင်တက်ပြီ လောင်စာဆီဈေးများ

စွမ်းအင် ဝန်ကြီးဌာနက ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သော စက်သုံးဆီ အရောင်းဆိုင်များတွင် ဓါတ်ဆီ ရောင်းချသော ပုံစံ ပြောင်းလဲလိုက်မှုကြောင့် ရန်ကုန်မြို့တော် အခြေစိုက် ပြင်ပစက်သုံးဆီ အရောင်းအဝယ် ဈေးကွက်တွင် ဓါတ်ဆီ တစ်ဂါလန် ၅၅၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည် မြင့်တက်သွားခဲ့ကြောင်း ပြင်ပစက်သုံးဆီ အရောင်းအဝယ် လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

မော်တော်ယာဉ် တစ်စီးလျှင် တစ်ရက် ဓါတ်ဆီ လေးဂါလန်မှ ခြောက်ဂါလန်အထိ ပုံမှန် ရောင်းချပေးနေရာမှ ဧပြီလ ၂၄ရက်နေ့မှ စတင်ပြီး ယာဉ်တစ်စီးလျှင် တစ်ရက် ဓါတ်ဆီ နှစ်ဂါလန်သာ ရောင်းချပေးသောကြောင့် ပြင်ပစက်သုံးဆီ ဈေးကွက်တွင် ဓါတ်ဆီဈေး မြင့်တက်ခဲ့ကြောင်း ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ ပြင်ပ စက်သုံးဆီ ရောင်းဝယ် သူများက ပြောကြားသည်။

စက်သုံးဆီ အရောင်းဆိုင်အများစု တည်ရှိရာ ရန်ကုန်မြို့တော် တွင်ပင် ဓါတ်ဆီပြင်ပ ဈေးနှုန်းများ မြင့်တက်နေသည့် အတွက် နယ်ဒေသများတွင်လည်း ပြင်ပဓါတ်ဆီ ဈေးနှုန်းများ လိုက်လံမြင့်တက် လာနိုင်ကြောင်း စက်သုံးဆီ ဝယ်ရောင်း ပြုလုပ်သူများက ဆိုသည်။

တာမွေမြို့နယ် အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် အရောင်းဆိုင် ဝန်ထမ်းတစ်ဦးကမူ စက်သုံးဆီ အရောင်းဆိုင်များသည် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ဓါတ်ဆီခွဲတမ်း ပုံမှန်ရရှိပြီး အများပြည်သူသို့ ဓါတ်ဆီရောင်းချမှု ပုံစံ ပြောင်းလဲခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းပြကြောင်းThe Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

01 May 2011

အလုပ်သမားအခွင့်အရေးတွေအတွက် အလုပ်သမားတွေကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ကြလို့  အလုပ်သမားနေ့  (မေဒေးနေ့ May Day) ဆိုတာ ဖြစ်လာတယ်။































မေလ (၁) ရက်နေ့ ဟာ ကမ္ဘာ့အလုပ်သမားထုကြီးတစ်ရပ်လုံးအား ဂုဏ်ပြုတဲ့နေ့  (မေဒေး May Day) မေလ (၁) ရက်နေ့  - အလုပ်သမားနေ့  ဖြစ်ပါတယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ ကို အထူးဂုဏ်ပြုသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်က အလုပ်သမားများဟာလည်း ခေတ်အဆက်ဆက်မှာ မိမိတို့  အလုပ်သမားထုတစ်ရပ်လုံးအတွက် ရပိုင်ခွင့်တွေကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိကြပါတယ်။ ယနေ့ ခေတ် မြန်မာအလုပ်သမားတွေရဲ့ ဘ၀အခြေအနေတွေကို ကြည့်မယ်ဆိုရင် – ယနေ့  မြန်မာပြည်က အလုပ်သမားဝန်ထမ်းတွေဘ၀ကတော့ လခစားဝန်ထမ်းဆိုတာထက်ကို နအဖရဲ့  ဖိနှိပ်ချုပ်ချယ်ခြင်း အမျိုးမျိုးကို ခံနေရပြီး မတရားခိုင်းစေမှုမှန်သမျှကို ခါးဆီးခံနေကြရတဲ့ အစေခံသာသာ အောက်ခြေနင်းပြားဘ၀ကို ရောက်နေကြရပါတယ်။ မလုံမလောက်လစာလေး ပေးကမ်းထားပြီး ၀န်ထမ်းအခွင့်အရေးမှန်သမျှကို ပိတ်ပင်တားဆီးခံထားရပါတယ်။

မြန်မာအလုပ်သမားတွေရဲ့  အရည်အချင်း၊ အလုပ်အကိုင်သက်တမ်း၊ အတွေ့ အကြုံနဲ့ ကိုက်ညီသင့်တော်တဲ့ ယနေ့  ကမ္ဘာ့ခေတ် စားဝတ်နေရေးအဆင့်အတန်းနဲ့ အညီ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ မရရှိကြပါဖူး။ အလုပ်ခွင်တွင်း ထိခိုက်ဒဏ်ရာရခဲ့ရင် ၀န်ထမ်းရပိုင်ခွင့် ဖြစ်တဲ့ လျော်ကြေးငွေ ဆေးကုသခွင့်တွေကို မရရှိကြပါဖူး။

နအဖလက်အောက်မှာ လုပ်ငန်းခွင်တွင်း ကျန်းမာရေးနဲ့  ကိုက်ညီသော အလုပ်နေရာဒေသ စီမံထားရှိမှု၊ အလုပ်ခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးပို့ ချမှုတွေ ဘေးအန္တရာယ် ကာကွယ်ရေး သတိပေးချက်တွေ ပစ္စည်းကိရိယာတွေ၊ ရှေးဦးပြုစုကုသမှုရရှိရေး စီစဉ်ထားမှုတွေ မရှိပါဖူး။ ထို့ ပြင် မတော်တစ်ဆ ဘေးဒုက္ခရောက်နိုင်တဲ့ မီးလောင်မှု အစရှိတဲ့ ဘေးအန္တရာယ်တွေအတွက်လည်း ပြင်ဆင်ထားမှု မရှိပါဖူး။

လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားဝန်ထမ်းတွေရဲ့  ကာယအိနြေ္ဒထိပါးစော်ကားခံရမှု မဖြစ်အောင် အကာအကွယ်ပေးစောင့်ရှောက်ရေး စည်းမျည်းစည်းကမ်းတွေ၊ အရေးယူဆောင်ရွက်မှုတွေ မရှိပါဖူး။ ထို့ အပြင် နအဖ ဌာနဆိုင်ရာ ၀န်ကြီးများ အထက်တန်းအရာရှိကြီးများ စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးများရဲ့  အခွင့်အရေးယူစော်ကားမှုကြောင့် ဘ၀ပျက်ကြရတဲ့ အမျိုးသမီးဝန်ထမ်းတွေဘ၀ဟာလည်း လူသိရှင်ကြားမသိလိုက်ရဘဲ သက်ဆိုင်ရာကို တိုင်တောလို့  ဘာမှ မထူးတဲ့အခြေအနေတွေနဲ့  ရင်နင့်ဖွယ် တိမ်မြုပ်ပျောက်ကွယ်နေကြရပါတယ်။

မတရားအလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်နှင့်မဆိုင်သော ခိုင်းစေမှုများ ခံရခြင်း၊ အလုပ်ရှင်၏ မတရားဖိနှိပ်ချူပ်ချယ်ခံရခြင်း အစရှိတဲ့ လုပ်ငန်းခွင်တွင်း အနိုင်ကျင့် စော်ကားမှုတွေကို အလုပ်သမားတွေဘက်ကနေ ခုခံကာကွယ်ပေးတဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးတွေ မရှိပါဖူး။

ဒီလို အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ ပျောက်ဆုံးနေရတဲ့အပြင် အလုပ်နဲ့ မဆိုင်သော နအဖတွေရဲ့  နိုင်ငံရေးဝါဒဖြန့် ချီရေးကိစ္စတွေမှာ ပေါ်တာဆွဲခံရသလို အကြပ်ကိုင်ခြိမ်းခြောက်ခံရကာ စေခိုင်းခံရမှုက မကြာခဏလို ဖြစ်ပေါ်နေပါတယ်။

နအဖတွေ ဌာနဆိုင်ရာအရာရှိကြီးတွေ အထက်အရာရှိတွေနဲ့  အဆင်မပြေရင် ရာထူးတိုးမြင့်ပေးခြင်း၊ လစာတိုးမြင့်ပေးခြင်းတို့  ပိတ်ပင်ခံထားရတဲ့အပြင် ငြိုငြင်မုန်းတီးမှုခံရကာ ဝေးလံခက်ခဲသော အလုပ်နေရာဒေသများကို ပြောင်းရွှေ့ ခံရပါသေးတယ်။

ဒီလို ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေ နဖူးကချွေး ခြေမရောက်တဲ့အထိ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှားလို့  ရလာတဲ့ အကျိုးအမြတ်တွေကိုတော့ အာဏာရှင်လူတန်းစား နအဖတွေနဲ့  စီးပွားရေးလုပ်ငန်းရှင် ကိုယ်ကျိုးသမားတွေက မြိုးမြိုးမြက်မြက် ခံစားကြပါတယ်။

အောက်ခြေလူတန်းစား ပြည်သူ့ ဝန်ထမ်းတွေမှာတော့ မ၀ရေစာလေး စားရပြီး တစ်နေ့ လုပ်မှတစ်နေ့ စားရတယ့် အခြေအနေဆိုးတွေကို နေ့ စဉ်ရင်ဆိုင်နေကြရပါတယ်။ မိသားစုစားဝတ်နေရေးအတွက် မိမိတို့ လစာနဲ့  မလုံလောက်လို့  အပိုဝင်ငွေကို မတရားသောနည်းများနဲ့ ရှာကြရတာဟာလည်း စာရိတ္တပိုင်းဆိုင်ရာတွေ ထိပါးပြီး ဥပဒေရဲ့  အရေးယူမှုခံရပြန်ရင်လည်း ခံပြီးရင်းခံကြရတဲ့ ဘ၀ဒုက္ခဆိုးတွေနဲ့  ရင်ဆိုင်ရပါတယ်။

ဒီလို အာဏာရှင်တွေလက်အောက်က အလုပ်သမားတွေကို ဖိနှိပ်ချူပ်ချယ် ဂုတ်သွေးစုတ်ကြတဲ့ လုပ်ရပ်တွေဟာ ကိုလိုနီနယ်ချဲ့ ခေတ်ကတည်းက စခဲ့တယ်ဆိုပေမယ့် ယခု နအဖအာဏာရှင်လက်အောက်မှာတော့ အမျိုးမျိုးသောနည်းများနဲ့  ဖိနှိပ်ချူပ်ချယ် အဓမ္မခိုင်းစေမှုတွေကတော့ အတိုင်းထက်အလွန် ဆိုးရွားလွန်းလှပါတယ်။

ခေတ်အဆက်ဆက်တိုင်းမှာ မြန်မာအလုပ်သမားတွေ အာဏာရှင်ဖိနှိပ်ချူပ်ချယ်သူတွေကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ လေးစားထိုက်ဖွယ် လှုပ်ရှားမှုတွေ ရှိခဲ့ကြပါတယ်။ ကုန်ဈေးနှုန်းမြင့်မားမှုတွေ ၊ လူနေမှုအဆင့်အတန်း နိမ့်ပါးမှုတွေ၊ လစာနှုန်း နည်းပါးမှုတွေ၊ အလုပ်သမားတွေရဲ့  အခွင့်အရေးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂများ မရှိမှုတွေကြောင့် အလုပ်သမားထုကြီးဟာ ရဲဝန့် စွာ တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။

၁၉၃၈ ခုနှစ်မှာ ချောက်မြို့  ရေနံမြေအလုပ်သမားသပိတ်၊ ၁၉၇၄ ခုနှစ် မေလ ဆင်မလိုက်သဘောင်္ကျွန်းတိုက်ပွဲ၊ ၁၉၇၄ မီးရထားအလုပ်သမားသပိတ်တွေ သမိုင်းတွင်လောက်အောင် ပြောင်မြောက်စွာ ပေါ်ထွန်းခဲ့ပါတယ်။ လစာနည်းပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အလုပ်သမားသပိတ်ဖွဲ့ စည်းခွင့် မရှိမှု၊ အလုပ်သမားသက်သာချောင်ချိရေးရှားပါးမှုတို့ အတွက် နေ၀င်း ဦးဆောင်ခဲ့တဲ့ အာဏာရှင်မဆလအစိုးရလက်ထက်မှာလည်း အလုပ်သမားတွေ ဆန္ဒပြကြပြီး မိမိတို့ အခွင့်အရေးအတွက် မိမိတို့ ကိုယ်တိုင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၈၈ုနှစ်မှာလည်း ၀န်ထမ်းပေါင်းစုံသပိတ်ကြီးကို အင်တိုက်အားတိုက် ဆင်နွဲခဲ့ကြပါတယ်။၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရဲ့  ၀န်ထမ်းဦးရေမြောက်များစွာ ပါဝင်ခဲ့လို့  အာဏာရှင်တွေရဲ့  စက်ယန္တရားတွေ ရပ်ဆိုင်းကုန်ခဲ့ရပါတယ်။ မဆလအာဏာရှင်ဟာ အလုပ်သမားဝန်ထမ်းတွေ နည်းမျိုးစုံနဲ့  ခြိမ်းခြောက်ပါတယ်။ သပိတ်အတွင်းပါဝင်လှုပ်ရှားရင် အလုပ်ကနေထုတ်ပစ်မယ်လို့  ပြောဆိုခြိမ်းခြောက်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီးက ပိုမိုဆိုးရွားစွာနဲ့  ၀န်ကြီးရုံးမှာ အလုပ်သမားတွေကို ခေါ်ပြီး ကျောင်းသားတွေဆန္ဒပြနေတာမှာ မပါဝင်ဖို့ ၊ ပါဝင်ခဲ့ရင် အလုပ်ကနေချက်ချင်းထုတ်ပြစ်မယ်လို့  ပြောဆိုရုံသာမက ဆောက်လုပ်ရေးဝန်ကြီးက ၀တ်ထားတဲ့တိုက်ပုံအင်္ကျီချိုင်းအောက်က သေနတ်အတိုကို မြင်အောင်ဟပြပြီး ၀န်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ မည်သို့ သော ခြိမ်းခြောက်မှုကိုမဆို ကြောက်ရွံ့ နောက်တွန့် သွားခြင်းမရှိဘဲ အလုပ်ပြုတ်ပလေ့စေ ငတ်ပြတ်သေပလေ့စေ မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ကျပ်တည်းလှတဲ့ စားဝတ်နေရေးခက်အခဲအောက်မှာ နေရတာထက် သေရတာကမြတ်သေး၊ ခေါင်းငုံ့ ခံနေရတာထက် တုန့် ပြန်တိုက်ပွဲဝင်တာက မြင့်မြတ်သေးဆိုသော စိတ်ဓါတ်များဖြင့် အလုပ်သမားသပိတ်များကို ရဲရဲဝန့် ဝန့်  စတင်အကောင်အထည်ဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာလည်း ပဲခူးမြို့  ချည်မျှင်နှင့်အထည်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေအတွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ ထို့ အတူ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာလည်း နမ္မတူမိုင်းက အလုပ်သမား ၈၀၀၀ ကျော်ဟာ လုပ်ခလစာတိုးမြင့်ပေးရေးနှင့် လုပ်ငန်းခွင် အလုပ်အခြေအနေကောင်းမွန်ရေးတို့ အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ယခင် အာဏာရှင်တို့ ထုံးစံအတိုင်း အောက်ခြေလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားလူတန်းစားကို နအဖအာဏာရှင်တွေဟာ ဖိနှိပ်ချူပ်ချယ်ရုံတင်သာမက နအဖရဲ့ ကျေးကျွန် အခိုင်းအစေသဖွယ် အတင်းအဓမ္မ ခိုင်းစေလျက်ရှိပါတယ်။ နအဖတို့ ရဲ့  ကြီးစိုးနေထိုင်ရာ နေပြည်တော်ကိုလည်း ၀န်ကြီးဌာနတွေ ပြောင်းရွှေ့ ပြီး ပြည်သူ့ ဝန်ထမ်းတွေကို ထောင်တွင်း အကျယ်ချူပ်သဖွယ် မိသားစုနဲ့ ဝေးရာဒေသများကနေ အတင်းအဓမ္မပြောင်းရွှေ့ လုပ်ကိုင်ထားပြီး ခိုင်းစေထားလျက်ရှိပါတယ်။ နအဖ ဌာနဆိုင်ရာဝန်ကြီးများဟာလည်း မိမိတို့  ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သောကိစ္စရပ်များမှာပါ ဌာနဆိုင်ရာဝန်ထမ်းတွေကို ခိုင်းစေတာတွေ့ ရပါတယ်။ အလုပ်ခန့် ထားရေးနဲ့ ဌာနဆိုင်ရာ ရာထူးနေရာတွေမှာ ဆွေမျိုးသားချင်းများကို ခန့် အပ်ထားခြင်းများ ပြုလုပ်ကြပြီး သာမန်ပြည်သူတွေအတွက်တော့ အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်ရစေပါတယ်။

နအဖတွေဟာ သူတို့ အလိုကျ လုပ်ခိုင်းရဖို့ အတွက်နဲ့  ဆန့် ကျင်ရေးလှုပ်ရှားမှုတွေလုပ်မှာ စိုးတဲ့အခါမှာတော့ လစာအနည်းငယ်တိုးမြင့်ပေးခြင်းနဲ့ ချွေးသိပ်ဖြေသိမ့်ပေးလေ့ရှိပါတယ်။ အမှန်တကယ် အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေကိုတော့ ကန့် သတ်ပိတ်ပင်ထားပြီး အလုပ်သမားတွေရဲ့  ဘ၀အခက်အခဲတွေကို လစ်လျူရှူပြီး ဒီလိုကြပ်တည်းခက်ခဲတဲ့အခြေအနေတွေနဲ့  ရင်ဆိုင်ကြုံတွေ့ နေရအောင် ဖန်တီးပေးထားပါတယ်။

နအဖခေတ် ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေဘ၀ဟာ ရှေးခေတ် ကျွန်ပိုင်ရှင်ခေတ်က ကျေးကျွန်တွေ ပဒေသရာဇ်စနစ်က အစေခံတွေ ဘ၀နီးပါးဖြစ်နေကြရတာ ရင်နာစရာကောင်းလှပါတယ်။

ဒီအတွက် အလုပ်သမားထုအနေနဲ့  မိမိတို့  ရသင့်ရထိုက်တဲ့အခွင့်အရေး၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုကြရပါလိမ့်မယ်။ တောင်းဆိုလို့  မရရင်၊ ရရှိဖို့ အတွက် တိုက်ယူကြရပါတယ်။ မိမိရသင့်တဲ့ အခွင့်အရေးကို မိမိကိုယ်တိုင်မှ တိုက်မယူရင် အခွင့်အရေးဆုံးရှုံးမှုနဲ့  ဘ၀နိမ့် ကျ လုံးပါးပါးမှုကို မိမိဘဲ ခံစားရမှာ ဖြစ်ပါတယ်။

မေလ (၁) ရက်နေ့ မှာ ကျရောက်တဲ့ မေဒေးနေ့  (နိုင်ငံတကာအလုပ်သမားများနေ့ ) ကစပြီး အခြားသော ကမ္ဘာ့အလုပ်သမားများ အလုပ်သမားအခွင့်အရေး အပြည့်အ၀ခံစားနေကြတဲ့နည်းတူ မြန်မာပြည်မှ ပြည်သူ့ ဝန်ထမ်းများဟာလည်း ဖိနှိပ်ချူပ်ချယ်မှုတွေကို တွန်းလှန်တော်လှန်ပြီး ရသင့်ရထိုက်သော မိမိတို့  အလုပ်သမားအခွင့်အရေးများ ရရှိကြဖို့  မိမိတို့ ကိုယ်တိုင် တိုက်ပွဲဝင်နိုင်ကြပါစေလို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

(ဖိနှိပ်ချူပ်ချယ်မှုမှန်သမျှကို တွန်းလှန်ဆန့် ကျင်ပြီး အလုပ်သမားအခွင့်အရေးများရရှိရေးအတွက် ရဲရဲဝန့် ဝန့်  တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်မှ မြန်မာအလုပ်သမားထုကြီးအား အထူးဂုဏ်ပြုအပ်ပါတယ်)။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ကြသော မြန်မာအလုပ်သမားထုအပေါင်းအား အလုပ်သမားနေ့  အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါသည်။




























၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ကြသော မြန်မာအလုပ်သမားထုအပေါင်းအား May Day နေ့ (မေလ ၁ ရက်) အလုပ်သမားနေ့  အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါသည်။

၁၉၃၈ ခုနှစ် (၁၃၀၀ ရာပြည့်နှစ်) ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးမှစ၍ ၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း၊ ၁၉၈၈ ခုနှစ် အထွေထွေအလုပ်သမားသပိတ်ကြီး အစရှိသည့် မြန်မာပြည် အလုပ်သမားထုကြီး၏ အာဏာရှင်ဆန့် ကျင်ရေး တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများကို သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်ရေးအတွက် လက်ရှိ သန်းရွှေ သိန်းစိန် အာဏာရူးတို့ ၏ မတရားဖိနှိပ်ချူပ်ချယ်မှုများကို အလုပ်သမားထုကြီတစ်ရပ်လုံးမှ ဆန့် ကျင်တော်လှန်ကြပါစို့ )။

အလုပ်သမားနေ့ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ ချူပ် (Trades Union Congress) ဖွဲ့ စည်းတည်ထောင်။

NLD Forms Trades Union Congress