25 September 2009

ကြယ်တွေကြွေနေတဲ့တိုင်းပြည်ကိုရေးတဲ့မခင်ငြိမ်းသစ်ရဲ့ သူ့အတွေ့အကြုံနဲ့ ထောင်တွင်းခံစားချက်။


မခင်ငြိမ်းသစ်(ခေါ်)မမိုးကလျာဦး

၈၈မျိုးဆက်ကျောင်းသူတဦးလဲဖြစ်တဲ့(ကြယ်တွေကြွေနေတဲ့တိုင်းပြည်)ကိုရေးတဲ့ မခင်ငြိမ်းသစ် ရဲ့သူ့
အတွေ့အကြုံနဲ့ ထောင်တွင်းခံစားချက်များကို စကားလက်ဆုံလေးလုပ်ထားပြီး ပြန်လည်တင်ပြ
ပေးထားတာပါ။

မြတ်လေးငုံ။
အမကိုကျမ(မြတ်လေးငုံ)က သိချင်တဲ့ အမအကြောင်းလေးတွေကိုမေးချင်လို့ အမပြောပြပေးနော်။

မခင်ငြိမ်းသစ်။
ပြောပြပေးပါမယ်။ညီမသိချင်တာကိုမေးလေ။

မြတ်လေးငုံ။
အမ၈၈အရေးခင်းတုံးက တက္ကသိုလ်ကျောင်းသူတယောက်ဆိုတော့ဘယ်မှတက်ခဲ့တယ်ဆိုတာကိုပြောပြ
ပေးပါနော်။ ၈၈အရေးအခင်းဖြစ်တော့အမအနေနဲ့ဘယ်လိုခံစားခဲ့ရပါသလဲ။

မခင်ငြိမ်းသစ်။
၈၈တုံးက အမကဒုတိယနှစ်(သင်္ချာ)ကျောင်းသူတယောက်ပါ။အမကတော့မ.ဆ.လကိုမကြိုက်ဘူး၊
လက်မခံဘူး၊ အမတို့တိုင်းပြည်L.D.C လို့ခေါ်တဲ့ ကမ္ဘာအဆင်းရဲဆုံးစာရင်းဝင် ရတာကိုမကျေနပ်ဘူး၊
အမတို့တိုင်းပြည်မှာ မြေကြီးတွေရှိရဲ့သားနဲ့၊ရေပိုင်နက်တွေရှိရဲ့သားနဲ့အစိုးရရဲ့စီမံခန့်ခွဲမှုညံဖျင်းလို့သာဖြစ်
ရတာကိုး၊ဒါကြောင့်အမတို့ကတော်လှန်ခဲ့ရတာ၊အမတို့တိုက်နေတာလူမဟုတ်ဘူး၊မူကိုတိုက်နေခဲ့ကြတာ၊
ဒါကြောင့်၈၈မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူတယ်။

မြတ်လေးငုံ။
အမအနေနဲ့၈၈အရေးခင်းတုံးက ဘယ်အဖွဲစည်း မှာပါဝင်ပါတ်သက် ခဲ့တာလဲသိပါရစေ။

မခင်ငြိမ်းသစ်။
အမကမတ်လ(၁၆)ရက်နေ့ဗ.က.သအဖွဲ့ကိုဝင်တယ်၊နောက်ဇွန်လထဲမှာကျောင်းထဲမှာထပ်ပြီး
ကိုမောင်မောင်ကျော် ဦးဆောင်တဲ့B.Y.L.Fကိုဝင်ပြီးမြေအောက်လှုပ်ရှားမှုတွေကိုလုပ်ခဲ့ပါတယ်၊
တက္ကသိုလ်တွေပိတ်သွားတော့အ.ထ.ကကျောင်းသားတွေစည်းရုံးပြီးဝါဒဖြန့်ချီရေးကိုဆက်လုပ်တယ်။
ဗ.က.သမှာဝါဒဖြန့်ချီရေးတာဝန်ယူခဲ့တယ်။B.Y.L.F မှာဗဟိုကော်မတီဝင်ဖြစ်ခဲ့တယ်။

မြတ်လေးငုံ။
၈၈နောက်ပိုင်းအမအနေနဲ့ဘာတွေဆက်လုပ်ခဲ့လဲ။

မခင်ငြိမ်းသစ်။
စစ်အာဏသိမ်းပြီးကထဲက၊ အမမှာခံယူချက်တခုရှိလာတယ်၊ အဲဒါကအာဏရှင်စနစ်ကိုမကြိုက်ဘူး၊
ဒီတော့အာဏရှင်စနစ်အပြီးချုပ်ငြိမ်းတဲ့အထိကိုအမနိုင်တဲ့ဝန်ကိုထမ်းပြီးဆက်တိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့်လုပ်တတ်သလောက် အာဏရှင်ဆန့်ကျင်ရေးကို လုပ်ခဲ့တယ်။

မြတ်လေးငုံ။
ပြည်တွင်းမှာ(၁၉၉၃)မတိုင်ခင်ထိနိုင်ငံရေးအကျဉ်းသားတွေကိုကူညီစောင့်ရှောက်မှုတွေပံပိုးကူညီမှုတွေ
လုပ်ခဲ့တယ် ဆိုတာကြားခဲ့ဘူးတယ်၊ အမအနေနဲ့ ဘယ်လိုကူညီမှု တွေပေးခဲ့ပါသလဲ။

မခင်ငြိမ်းသစ်။
အမတို့တွေစုပြီး သင်္ကြန်တိုင်းမှာ ဈေးပွဲတော်တွေလုပ်ပြီး ရန်ပုံငွေတွေရှာတယ်။ နိုင်ငံရေး
အကျဉ်းသားတွေကိုနိုင်သလောက် ထောက်ပံတယ်၊ ငါးလွှတ်ပွဲတွေလုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်
နဲ့တကွ အကျဉ်းသားတွေလွှတ်ဖို့ဆုတောင်းပွဲတွေလုပ်တယ်၊များသောအားဖြင့်တက္ကသိုလ်ရိပ်သာ
လမ်းကကံဖျားကျောင်းမှာ လုပ်ခဲ့တာများတယ်။မအေးအေးမိုး၊မရီရီထွန်း၊အမ၊ကိုသားကြီး၊ကိုတိတ်၊
ကိုဌေးအောင်၊ကိုမိုးမြတ်သူ၊ကိုမောင်မောင်ဦး၊နောက်ပြည်တွင်းထဲမှာရှိသေးတယ်၊နံမည်တွေမပြောတော့
ဘူးနော်၊ရဲဘော်တချို့ကိုတော့၊ကျောင်းသားတွေဘဲစုပြီးလုပ်ခဲ့ကြတာပါ။

မြတ်လေးငုံ။
အမနိုင်ငံရေးအကျဉ်းသားတဦးဖြစ်တော့ဘာအမှုနဲ့ထောင်ကျခဲ့တာလဲ၊အမှုတွဲတွေကို
ပြောပြနော်၊နောက်အမိန့်ချတော့ ဘယ်နှစ်ကျခဲ့လဲပြောပြပေးပါ။

မခင်ငြိမ်းသစ်။
ဝန်ကြီးချူပ်ဟောင်းဦးနုရဲ့ဈာပနကိုလိုက်ပို့ပေးတာနဲ့ထောင်ချခံခဲ့ရတာပါ။တကယ်တော့
ထောက်လှမ်းရေးကစောင့် နေတာကြာပါပြီး အမတို့လုပ်နေတာကများနေတော့ ထင်ရှားတာ
ကတော့ ၁၉၉၁ဒီဇင်ဘာ၁၀ရက်နေ့ကအန်တီနိုဗယ်ဆုရလို့ ဂုဏ်ပြုပွဲမှာ အမကတရားဟောခဲ့တယ်။
နောက် ၁၉၉၃ခုနှစ်မတ်လ၁၆ရက်နေ့မှာအမ တတိယနှစ်တက်နေတဲ့အချိန် အမတို့ကျောင်းသူတွေကို
ကျောင်းထုတ်ခံရတော့မလို့ ပါမောက္ခကောင်းလို့ထောက်လှန်းရေးကမှတ်ထား ခံလိုက်ရတယ်၊ ကျောင်းသူတွေရဲ့အိမ်တွေကိုခေါ်ပြီးလက်မှတ်ထိုးခိုင်းတာ၊အမကိုစုပြီးတော့ထောင်ချခဲ့တာပါ။အဲဒီတုံးက
သတ်သတ်မဲ့ကိုအကွက်ဆင်ခဲ့တာပါ။အမှုတွဲတွေအားလုံးကိုလိုက်ဖမ်းတယ်လေ၊တကယ်တော့ဈာပန
ကိုလိုက်ပို့ယုံနဲ့ထောင်ကျခံခဲ့ရတာပါ။ (၁၉၉၅)ဧပြီလမှာအမိန့်ချခဲ့တာပါ။ အမှုတွဲတွေကတော့-
၁။ကိုအောင်ဇေယျ။
၂။ကိုညွှန်မြိုင်(ခေါ်)ကိုထိုက်။
၃။ကိုတင်သန်းဦး။
၎။ကိုမောင်မောင်ဦး။
၅။ကိုမိုးမြတ်သူ။
၆။ကိုမိုးမောင်မောင်။
၇။မချိုနွယ်ဦး။
၈။မအေးအေးမိုး။
၉။မမိုးကလျာဦး....တို့ပါ။အမိန့်ချတော့(ရ)နှစ်ချခဲ့တာပါ။

မြတ်လေးငုံ။
ထောင်ပြောင်းခံခဲ့ရဘူးလားအမ၊ဘယ်ထောင်တွေပြောင်းခံခဲရလဲပြောပြပါ။

မခင်ငြိမ်းသစ်။
ပထမထားတာကတော့အင်းစိန်မှာနေရတယ်။နောက်သာယာဝတီထောင်ကိုပြောင်းခဲ့ရတယ်။
၁၉၉ရစက်တင်ဘာ၁၅ရက်နေ့မှာပြောင်းရွေခံရတာပါ။အမျိုးသမီးတွေက၁၁ယောက်ပါတယ်။
နောက်နိုင်ငံတော်လွှတ်ငြိမ်းနဲ့ ၂ ယောက်လွှတ်တယ်။ တယောက်က ထောင်ပြောင်းသွားတယ်။
ပေါင်းကျန်တာ(၈)ယောက်ပေါ့၊

မြတ်လေးငုံ။
ထောင်ထဲမှာနေစဉ်စိတ်ခံစားမှုလေးပြောပြနော်။

မခင်ငြိမ်းသစ်။
သာယာဝတီထောင်ကတော့အမတို့နေတုံးကသိပ်မကြပ်ဘူး၊အင်းစိန်ကတော့တော်တော်လေး
ကိုခံစားရတယ်။ဘာမဆိုအချိန်နဲ့လုပ်ရတယ်၊လုပ်ရတဲ့အချိန်ကလဲ၁၀မိနစ်လောက်ပါဘဲ၊တော်တော
်လေးကိုခံစားရတာပါပြောနေရင်းနဲ့ရင်ထဲမှာစို့လာလို့ ပြောမထွက်ဘူး။

မြတ်လေးငုံ။
ထောင်ထဲမှာအမျိုးသမီးတွေကိုဆေးကုသခွင့်ကောင်းကောင်းပေးရဲ့လား။

မခင်ငြိမ်းသစ်။
သိပ်ကိုညံဖျင်းပါတယ်။ အမမှာအမျိုးသမီးရောဂါ ဖြစ်တယ်လေ၊ ဆရာဝန်မရှိလို့မကုဘဲထားခဲ့ရတယ်၊
၁နှစ်ကျော် လောက်ထားလိုက်ရတယ်၊I C R C လာမှ OG ကိုခေါ်ပေးတာပါ။အဲကျမှ ကုခဲ့ ရပါတယ်။
ထောင် ထဲမှာနေ တုန်းက ပြင်းပြင်းထန် ထန် ခံစား ရ တဲ့အချိန် က နေ မကောင်း တဲ့ အချိန်လေ ။
အမ ၁၉၉၈ တနှစ် လုံးဘဲ ရာသီသွေး တွေ ဆင်း နေ တာ။ ဆရာဝန်ကလဲ အမကို သွေးတိတ်ဆေး
ဘဲ ပေးတယ်။ အဲဒါလဲရပ်မသွားဘူး။ စိတ် ညစ်တာပေါ့နော်၊ ကင်ဆာဖြစ်မှာလဲ စိုးရိမ်တယ်။ မီးမီး
က အမ ကို တော်တော်ကူညီတယ်။အ၀တ်တွေ ကူလျော် ပေးတယ်။ လူက စိတ် ဓါတ်ကျလာတယ်။
မီးမီး က တော်တယ် အမ ကို စိတ်ပြေအောင် အမြဲ ပြော ပေး တယ်။ အဲ ဒီ အချိန် ကတော့
စိတ်ဓါတ်အကျ ဆုံးဘဲ။နောက်တော့ပြန်ကောင်းသွားပါတယ်။

မြတ်လေးငုံ။
ထောင်ထဲက မေ့လို့မရတဲ့ စိတ်ခံစားချက်လေးတော့ပြောပြနော်။

မခင်ငြိမ်းသစ်။
အဖေ ဆုံးတော့အမ က ထောင်ထဲမှာ၊တကယ့်ကိုထိခိုက်ခံစားရတာပေါ့။ဘာနဲမှအစားထိုးလို.
မရဘူးလေ။ဒါပေမဲ့ ဖြေပါတယ်၊ကိုယ်လို ခံစားရ တဲ့ လူတွေအများ ကြီး ဘဲ မဟုတ်လား။
အာဏာရှင်စနစ် ရဲ့ဘေးထွက် ဆိုးကျိုးတွေ ပေါလေ။အာဏာရှင်စနစ် ကျဆုံးမှဘဲ ဒီလို
အဖြစ်တွေက လွတ်ကျရမှာလေ။

နောက်တခုကတော့ညီမတွေလို နေခဲ့ကြရတဲ့ညီညွတ်မှု-

သာယာဝတီထောင်ကိုပြောင်းလိုက်တော့အိမ်တွေကအလာကျဲသွားကြတာပေါ့လေ၊ရီနဲ.နီလာကတော့
၂ပတ်တခါလာတယ်။အမနဲ့အေးမိုးကတလတကြိမ်လာတယ်။သီ၊မီးမီး၊လေးမွန်တို.ကအဆင်ပြေသလို
လာကြတယ်။ဒီတော့မျှတစားရတာပေါ့။တခါတလေကြနဲနဲလေးအလျှင်မှီအောင်ကြိုးစားကြရတယ်။
ဒါကြောင့် ပိုအဆင်ပြေအောင် အမ က အပင်စိုက်တယ်။ အဲဒါကို ထောင်ပိုင်က မစိုက်ရဘူး ဆြို့ပီး
ပြောရော၊ အမ တို.က စိတ်တိုကြတာ ပေါ့။ ဒါနဲ. မီးမီး က အမ ဘာလုပ်ချင်လဲ မေး တော့ အမ က
ဒီ အပင် ကိုအ မြစ် ပါအောင်နှုတ်ပြီးတော့ကြွပ်ကြွပ်အိပ် နဲထဲ့ပြီးစိုက်လိုက်တယ်။ အပင် က လဲ အသီး
တွေစ သီး နေ ပြီ။ ထောင်ပိုင်တန်းစီ ရင် အပင် ကို ပါ ထဲ့ စီ တယ်၊ နေ့ တိုင်း ရေ လောင်း တယ်၊ ပေါင်း
သင်တယ်၊ အသီး တွေ ရင်. မှည်.လာ တဲ. အထိပေါ့လေ။ ပုံစံ စီ တာ က မီးမီး အလုပ်လေ။သူက
စိတ်ရှည်တယ်။တချက်မှမညည်းညူဖူး။ထောင်မှူးကပြောတယ်တဲ့ထူးဆန်းတယ်တဲ့ထောင်ပိုင်လှည့်
ရင်ဒီအပင်မရှိဘူးထောင်ပိုင်ပြန်ရင်ပြန်ပေါက်နေတယ်တဲ.။အဲဒီအချိန်ကစပြီးအမတို.ကိုအပင်မစိုက်ရ
ဘူးလို.မပြောတောဘူး။အမတို့တွေညီညွတ်ခဲ့တာကိုမမေ့ခဲ့ပါဘူး။
ရီဆိုတာ(ရီရီထွန်း)ပါ။နီလာဆိုတာ(နီလာသိန်း)၊သီဆိုတာ(သီသီအောင်)၊
မီးမီးကတော့(သင်းသင်းအေး)ပေါ့။လေးမွန်ဆိုတာက(လေးလေးမွန်)၊
အေးမိုးဆိုတာက(အေးအေးမိုး)သိပ်ချစ်ကြပြီး ညီမတွေလိုပါဘဲနေခဲ့ကြတာ။

မြတ်လေးငုံ။
ထောင်ထဲမှာအမနှစ်ပြည့်နေခဲ့ရတာလားအမ။

မခင်ငြိမ်းသစ်။
ဟုတ်ပါတယ်။နှစ်ပြည့်ပါဘဲ ၂၀၀၁ ဧပြီလ၆ရက်နေ့မှာပြန်လွှတ်ခဲ့ပါတယ်။သာယာဝတီထောင်ကနေ့လွှတ်
တာပါ။

မြတ်လေးငုံ။
ထောင်ထဲကနေပြန်လွှတ်လာတော့ အမ ဘာတွေလုပ်ခဲ့သေးလဲ၊အမဖြတ်သန်းမှုလေးကိုပြောပြပေးပါ။

မခင်းငြိမ်းသစ်။
၂၀၀၁ သြဂုတ်လမှာBeauty မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်လုပ်ခဲ့တယ်။ ကိုမော်လင်းကျေးဇူးတွေပါဘဲ၊
မဂ္ဂဇင်းအတွေ့အကြုံတွေရခဲ့တာပါ။နောက်အမကိုယ်ဝမ်းစာအတွက်ကျူရှင်သင်ပေးတယ်လိုက်ပြီးတော့
၂၀၀၁နိုဝင်ဘာလမှာ ကိုစိုးထိုက်နဲ့အိမ်ထောင်ကျတယ်၊ကိုစိုးထိုက်ကလဲနိုင်ငံရေးအကျဉ်းသားပါဘဲ။

မြတ်လေးငုံ။
အမနဲ့အင်းစိန်မှာလဲတူတူသာယာဝတီထောင်မှာလဲတူတူနေခဲ့ရတဲ့ နီလာသိန်း၊မီးမီး(ခေါ်)သင်းသင်းအေး
တို့တွေခုထောင်ပြန်ကျနေတော့အမ ဘယ်လိုသူတို့ကိုမြင်လဲ။

မခင်ငြိမ်းသစ်။
နီလာသိန်းနဲ့မီးမီးတို့ကိုတကယ်လေးစားတယ်၊သူတို့ပထမတခါကလဲထောင်သမိုင်းသိပ်ကောင်းတယ်လေ၊
မဟုတ်ရင် မခံတတ်ကြဘူး၊ ထောင်ထဲမှာလဲ အနေမှန်တယ်။သူတို့ကိုအားလဲကျတယ်၊အမသူတို့လောက်
မစွန့်လွှတ်နိုင်သေးဘူး၊ဒါကြောင့်ဒီဘက်ထွက်လာတာပေါ့၊သူတို့က(၆၅)နှစ်လဲမမှုဘူး၊သေနတ်ကိုင်ထားတဲ့
လူတွေကအမျိုးသမီး၂ယောက်ကိုထောင်ဒဏ်(၆၅)နှစ်ထောင်ထဲထည့်ထားတယ်ဆိုတော့စဉ်းစားကြည့်တော့
ဘယ်လောက်ကြောက်နေလဲဆိုတာ တကယ်သေချာစဉ်းစားရင်(၆၅)နှစ်ဆိုတာစဉ်းစားရင်းနဲ့သေသွားနိုင်
တယ်။သူတို့ကိုလှိုက်လှိုက်လဲလဲ ကိုလေးစားတာပါ၊ ယုံကြည်ပြီးချစ်ခင် လေးစားပါတယ်။

မြတ်လေးငုံ။
အမ စက်တင်ဘာ အရေးခင်းကိုမှီခဲ့မှာပေါ့ ။ကိုယ့်တိုင်တွေ့ကြုံမှုလေးတွေပြောပြပေးပါ။

မခင်ငြိမ်းသစ်။
၂၀၀၇ စက်တင်ဘာလ ၂၇ ရက် နေ.ကတော့ ဘ၀ မှာ နအဖ ကို အစက်ဆုပ် ဆုံး ဘဲ။ နှိုင်းပြဘို.တောင် မရှိ တော့ပါဘူး။ ဘုန်းကြီးတွေ ကျောင်း သား တွေ ကိုလဲတကယ် ချီး ကျူးပါတယ်။ စစ် အာဏာ ရှင် တွေ အပေါ် မှာ တော့ ကမ္ဘာ မကြေပါဘဲ။ တနေ. ကြရင် အပြည် ပြည် ဆိုင် ရာ စစ် ခုံရုံး မှာတရား စွဲ ကို စွဲ ရ မှာ။
ပြည်တွင်းက ရဲဘော်ရဲဘက် တွေကို တကယ် လေးစားပါတယ်။ ၆၅ နှုစ် ပေးဆပ်တယ် ဆို တာတော်
ရုံတန်ရုံ စွန်. လွှတ်တာမှ မဟုတ်တာ။ ကိုယ်တောင်မှ ၆၅ နှစ်မပြော နဲ့ထောင် ထဲမှာ ၁၀ နှစ်နေဘို.
မလွယ်ဘူး။

မြတ်လေးငုံ။
အမရေ ကြယ်တွေကြွေနေတဲ့တိုင်းပြည်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အမရေးခဲ့တဲ့ ဆောင်းပါးလေးအကြောင်း
ဆွေးနွေးချင်တယ်။

မခင်ငြိမ်းသစ်။
ရတယ်၊ပြောကြတာပေါ့။




မြတ်လေးငုံ။
ဒီဆောင်းပါးလေးကိုအမဘယ်လို့ ရေးဖြစ်တာလဲ နောက် အမဆန္ဒနဲ့ ရေးမယ်ဆိုပြီး ရေးခဲ့တာလား
ပြောပြပေးပါ။

ခင်ငြိမ်းသစ်။
အမ သေချာပြောပြပါမယ်။ အမဒီအကြောင်းကိုသိတဲ့ အချိန်မှာ ပြည်တွင်းမှာပါ၊မီဒီယာကိုပြောဖို့လုံးဝ မလွယ်သေးဘူး၊အဲဒီအချိန်ကနော်။ ပထမအချက်က-
စစ်အာဏရှင်စနစ်ရှိနေသမျှအပြစ်မဲ့လူတွေအပေါ်မှာရက်ရက် စက်စက် နှိပ်ကွပ်နေမှာဘ၊ဲ
အဲဒါလူနဲ့မဆိုင်ဘူးမူနဲ့ဆိုင်တယ်လို့အမထင်တယ်။အာဏရှင်ကဘောင်းဘီချွတ်ပြီးပုဆိုးလဲလိုက်ရင်လဲ
ရက်စက်မှာဘဲ အမက မူကိုတိုက် နေတာ ဒီမူဟာမကောင်းဘူးဆိုတာကိုပြနေတာပါ၊

နှစ်ချက်ကတော့-
သူတို့နှစ်ယောက်စလုံးက တကယ်တော်တဲ့လူတွေ ၊တကယ်လဲ ကောင်းမွန်တဲ့စံပြလူငယ်တွေ၊ သူတို့ကိုတိုင်းပြည်က ဆုံးရှုံးလိုက်ရတယ်၊ဘယ်သူမှ မသိလိုက်ဘူး၊ တိတ်တိတ်လေးဘဲ
ပြောက်ဆုံးသွားတယ်။ဒါမဖြစ်သင့်ဘူး၊ ဒီရာဇဝတ်မှုကိုအာဏရှင်တွေကျူးလွန်နေတယ်ဆိုတာကို
ကမ္ဘာကသိစေချင်တယ်။ မြန်မာတွေသိစေချင်တယ်။ ဒါကြောင့်ရေးသင့် လို့ရေးလိုက်တာပါ။
စစ်ဖိနပ်အောက်က လျို့ဝှက်ချက်ကြောင့် နဲနဲ ပါးပါး လွှဲတာရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့အဖြစ်
အပျက်တွေကတကယ်အမှန်တွေဘဲ။ ဒေါက်တာမင်းသိန်းကိစ္စကို ABSDF နဲ့ သုဝဏ္က ကလူတွေသိခဲ့
ဲ့ကြတယ်၊ဒေါက်တာစောလွင်ကိစ္စကလဲ သုဝဏ္ကကလူတွေ သိကြပါတယ်။အမကစစ်အာဏရှင်စနစ်ကို
တိုက်နေတာပါ၊အမ မကြိုက်တာဗိုလ်ချူပ်ဘယ်သူဘယ်ဟာဆိုတာမဟုတ်ဘူး၊ခုလက်ရှိအုပ်ချူပ်နေတဲ့ စစ်အာဏရှင်အားလုံးကိုဘဲ၊နောက်တခုကတော့အမဒေါက်တာမင်းသိန်းရဲ့ဈာပနကို ဒေါက်တာစောလွင်နဲ့တူတူလိုက်ပို့ခဲ့တယ်။ဒေါက်တာစောလွင်က အမ ကိုမီဒီယာတွေမှာတင်
ပေးဖို့မှာခဲ့တာပါ။ ဖေဖေ က ကျူရှင်သင်တာလေ။ဒေါက်တာစောလွင်က အမ အဖေရဲ့တပည့်ပါ။

မြတ်လေးငုံ။
ကျေးဇူးတင်ပါတယ် အမခင်ငြိမ်းသစ်၊ ကျမတို့ကိုဒီအကြောင်း တွေကိုပြောပြပေးလို့ပါ၊
နောက်အမရေဆောင်းပါးကောင်းကောင်းလေးတွေ အမဆီမှာရှိတယ် ဆိုတာ ညီမသိတယ်နော်
ဆက်ရေးပါအမကိုယ်နိုင်တဲ့ဘက်ကနေ ပြီးပြန်မျှဝေပေးတဲ့ အမရဲ့စိတ်ကူးကို သဘောကျတာတော့
အမှန်ပါဘဲဘာဖြစ်လို့လဲဆိုတော့ ဒါတွေက သမိုင်းတွေပါ ဘယ်လိုမှ ဖျောက်လို့ရမှမဟုတ်လို့ပါ။

မခင်ငြိမ်းသစ်။
ညီမနဲ့ကလွန်ခဲ့တဲ့(၁၆)နှစ်လောက်ကသူငယ်ချင်းရဲ့အမျိုးသမီးဆိုပြီးသိခဲ့ရပေမဲ့အမနဲ့ ညီမက
ရဲဘော်ရဲဘက်တွေပါဘဲ။ ဒါကြောင့် ညီမ ခုရေးနေတာတွေကိုလဲ ဆက်လုပ်ပါလို့အမက အားပေးမယ်။
အမလဲ ဆက်လုပ်သွားပါမယ်။ညီမလုပ်နေတာလဲ စစ်အာဏရှင်စနစ်ဆိုးကြောင့်ဖြစ်ခဲ့ရတဲ့ လူငယ်တွေ အကြောင်းတွေဘဲ၊ နောက် ဒါတွေကအမှန်တွေလေ၊ ကိုယ်တွေ့ လူငယ်တွေရဲ့ သမိုင်းတွေပါ။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

24 September 2009

၈၈ မျိုးဆက်ကျောင်းသားကိုမျိုးရန်နောင်သိန်း နဲ့တွေ့ဆုံမေးမြန်းချက်။


အစိုးရက အကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ သံတွဲထောင်က ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း လည်း ပါဝင်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ကိုမျိုးရန်နောင်သိန်း ဟာ အာရုံကြောထိခိုက်တဲ့ဝေဒနာကို ခံစားနေရပြီး လမ်းမလျှောက်နိုင် ဖြစ်နေပါတယ်။

သူဟာ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅ဝ၅-ခ နဲ့
ပြစ်ဒဏ် ၂ နှစ်ကျကာ လွတ်ဖို့ ၃ လ အလိုမှာ ပြန်လွတ်လာတာပါ။ ၁၉ ရက်နေ့မှာ သံတွဲထောင်ကနေ ပြန်လွတ်တာဖြစ်ပြီး ဒီနေ့ ၂၁ ရက်နေ့မှာ အိမ် ပြန်ရောက်တယ်လို့ ကိုမျိုးရန်နောင်သိန်း က ပြောပါတယ်။

“ကျနော်တို့ကို ၁၈ ရက်နေ့ နေ့ခင်းပိုင်းလောက်မှာ လွတ်ကြောင်း လာပြောပြီး အိမ်ပြန်ဖို့ ပိုက်ဆံတထောင်
စီ လာပေးတယ်။ ညနေစောင်းတဲ့အထိ သူတို့ မလွှတ်ဘူး။ သူတို့ ခဝတ လား၊ ဘာလား မသိဘူး စောင့်နေရလို့တဲ့။ သတင်း ဖက်စ် ဝင်မလာလို့တဲ့။ ၁၈ ရက်နေ့မှာ ညအိပ်လိုက်ရတယ်။ ၁၉ ရက်နေ့
မနက်မှာ လွှတ်ပေးပါတယ်။”

အဖမ်းခံရတုန်းက အခြေအနေကို ရှင်းပြပေးပါလား။

“အဖမ်းခံရတဲ့နေ့က လှည်းတန်းထိပ်မှာ ကျနော် ဆိုင်တဆိုင်ကို ဝင်တယ်။ အိမ်က လှည်းတန်းမှာမို့
အမေ့ဆီကို ဖုန်းလှမ်းဆက်တာ။ ဖုန်းဆက်ပြီး ပြန်အထွက်မှာ လူ ၂ ယောက်က ကျနော့်လက်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။ ဗလကြီးကြီး စွပ်ကျယ်နဲ့။ ဆေးမင်ကြောင်တွေ တကိုယ်လုံး ထိုးထားတယ်။
တကယ့် လူဆိုးသူခိုးလို ပုံစံမျိုး။ လူမှားပြီး ကိုင်တယ်ထင်လို့ ကျနော် လှည့်ကြည့်တယ်။
လှည့်ကြည့်တော့ တယောက်က နောက်ကနေ အတင်း တွန်းထိုးပြီး တက္ကစီတစီးထဲကို ထည့်တယ်။ သူတို့ပုံစံတွေက လူဆိုးသူခိုးတွေနဲ့တူတော့ ကျနော် အော်တာပေါ့။ လူမှားပြီးဖမ်းတာ၊ ပြန်ပေးဆွဲတာလို့ ထင်တယ်လေ။ အော်တော့ သူတို့ ကျနော့်ပါးစပ်ကို ပိတ်တယ်။ လည်ပင်းညှစ်တယ်။ နှစ်ယောက်က ထိုးထည့်တယ်။ တယောက်က အပေါ်က တက်ထိုင်တယ်။ ပြီးတော့ ခေါင်းကို အဝတ်နဲ့အုပ်ပြီး ကားမောင်းထွက်လာပါတယ်။ အဲဒါက ၂ဝဝ၇ ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းလောက်ပါ။”

သူတို့က ဘယ်ကို ခေါ်သွားတာလဲ။

“ခေါင်းကို အုပ်ထားတော့ ဘယ်လဲဆိုတာ သေသေချာချာ မသိရဘူး။”

ရောက်သွားတော့ ဘာတွေ ဆက်ဖြစ်လဲ။

“ရောက်သွားတော့ ခေါင်းစည်းထားတာပဲ။ ကျနော့်ကို ဝိုင်း ကန်ကျောက်ကြတယ်။ ထိုးတယ်။ ခွေးတကောင်လို ကုန်းခိုင်းပြီး အပေါ်က တက်ခွထားတယ်။ အဲလို စ မိတ်ဆက်တာပဲ။”

သူတို့တွေက ဘာမှ မပြောဘူးလား။

“မင်း စိုးထွန်း ကို သိလား၊ နီလာသိန်း ဘယ်မှာနေလဲလို့ ကျနော့်ကို မေးတယ်။ နောက် ဘောင်းဘောင်း (ခေါ်) ကိုဇော်မင်း ဘယ်မှာ ရှိလဲပေါ့။ ကိုဌေးကြွယ် ဘယ်မှာ ရှိလဲ ဆိုတာမျိုးတွေ မေးတယ်။”

ဆိုတော့ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်ပြီး ထောင်ကျတာလဲ။

“ကျနော့်ကို ဘာနဲ့ စွဲလဲဆိုတော့ ဘောင်းဘောင်း ကို လက်ခံထားမှု။ ပြီးတော့ စိုးထွန်း ကို ကျနော် မမှန် သတင်းပေးတယ်ပေါ့။ နောက် ဒီဗွီဘီက ကိုဝင်းဇော်ကို ကျနော် မမှန်သတင်းပေးတယ်ပေါ့။ အဲဒါတွေနဲ့ စွဲချက်တင်ပြီး( ၅ဝ၅-ခ) နဲ့ ချလိုက်တာ။”

စစ်ကြောရေးကာလမှာ အာဏာပိုင်တွေက ဘယ်လို စစ်ဆေးမေးမြန်းတာတွေ ရှိလဲ။

“စစ်ကြောရေး အဓိက က ကျနော့်ကို ခေါ်သွားတဲ့နေရာပေါ့။ လူဆိုးတွေလို့ ထင်တဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အဖွဲ့ပေါ့။ နောက်ပိုင်းမှာ သူတို့က စအဖ လို့ ပြန်သိရတယ်။ စောစောပိုင်းကတော့ ကျနော် မသိဘူး။ နောက်ပိုင်း ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့နဲ့ ပတ်သက်ပြီး ကျနော့်ကို မေးတယ်။ ကိုစိုးထွန်းက ကျနော့်ရဲ့ ပထမ အမှုတွဲ။ ၉၆ လှုပ်ရှားမှုမှာ ကျနော်နဲ့ ကိုစိုးထွန်း ဦးဆောင်ပြီး လှုပ်ရှားခဲ့ကြတာကိုး။ ကိုစိုးထွန်းအကြောင်းကို အရဆကသအိးက မေးတယ်။ မေးတော့ ဒါဟာ နိုင်ငံရေးအရ စစ်ကြောရေးပဲ ဆိုတာ ကျနော် သိသွားပြီ။ ညှင်းပမ်းနှိပ်စက်တာကတော့ ကမ်းကုန်အောင်ပဲ။ ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားတယ်၊ ဝိုင်းကန်ကြတယ်။ ဝိုင်းထိုးတယ်။ ရေစိုနေတဲ့ အခန်းထဲမှာ ပစ်ထားတယ်။ အခန်းထဲမှာ ပိတ်ထားတော့ နေ့လား၊ ညလားဆိုတာ မသိရဘူး။”

ထောင်ကျပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေက ဘယ်လို ရှိပါသလဲ။

“ကျနော့်ကို သီးသန့်အကျဉ်းထောင်ကို ပို့လိုက်ပြီး တိုက်ခန်းထဲမှာ ထားတယ်။ ထားတော့ ကျနော့် ခြေထောက်တဘက် တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ကျနော့်မှာ ၁၉၉၁ တုန်းက အာရုံကြောနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတယ်။ အကြောတွေ လှုပ်ရှားလို့ မရတာကို ကျနော် သတင်းပို့တယ်။ သတင်းပို့တာကို သူတို့က ထိထိရောက်ရောက် အရေးမယူဘူး။ ထောင်ဆရာဝန်က လာကြည့်တယ်။ ထောင်ဆရာဝန်က ရိုးရိုး ဆရာဝန်ပဲလေ။ အာရုံကြောအထူးကုနဲ့ ကုသခွင့်တောင်းတယ်။ အဲဒါကို လုံးဝ ဂရုမစိုက်ဘူး။ နောက် ခြေထောက် ၂ ဖက်စလုံး ဖြစ်လာတယ်။ နောက်ဆုံး မတ်တပ်ရပ်လို့ မရတော့ဘဲ ခြေထောက်တွေက လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။ အဲဒါကို ကျနော့်အမေက ညွှန်ချုပ်ဆီ စာအထပ်ထပ် တင်ရတယ်။ ပြင်ပ မီဒီယာတွေကလည်း ဝိုင်းအော်ကြတယ်လေ။ အဲဒီတော့မှ ကျနော့်ကို အာရုံကြောအထူးကုနဲ့ ကုသပေးပါတယ်။ ဒီတော့မှ လက်တွေပါ ဖြစ်နေပြီတဲ့။ အထူးကု ဆရာဝန်ဆိုတော့ စမ်းကြည့်တော့ သိတာပေါ့။”

သံတွဲမှာ ဘယ်လောက်ကြာနေရလဲ။

“နိုဝင်ဘာမှာ ကျနော့်ကို သံတွဲပို့တယ်။ အမိန့်ချပြီးတော့ ပို့တာပါပဲ။ တကယ်တော့ ကျနော့်ကို အမိန့်ချပြီးတဲ့ အချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်နဲ့ ရက်ချိန်း ရှိသေးတယ်။ အဲဒါ ဆက်မကုပေးဘဲ သံတွဲကို ပို့လိုက်တာ။ သံတွဲထောင်က အရမ်းဝေးပြီး အရမ်းအေးတဲ့နေရာလေ။ ကျနော့် ရောဂါအတွက် လိုအပ်လို့ထင်ပါတယ် သူတို့ ပို့လိုက်ပါတယ်။”

သံတွဲမှာရော ဘယ်လိုမျိုး နေရလဲ။

“သံတွဲမှာက ရောက်ရောက်ချင်း ကျနော့်ကိုတော့ ခြေကျင်းမခတ်ဘူးပေါ့။ ပို့တဲ့အခါမှာ လက်ထိပ်တွေ ခတ်ထားတယ်။ အားလုံး ၄ ယောက်ပို့တယ်။ ကျနော်၊ ကိုဇော်မင်းဇင်၊ ကိုမောင်လတ်၊ ကိုမောင်သန်း ရယ်ပေါ့။ ကျန်တဲ့သူတွေကတော့ ခြေကျင်းပါတယ်။ ကျနော်က လမ်းလည်း မလျှောက်နိုင်တော့ သူတို့က ပွေ့ခေါ်သွားတာပေါ့။ ကားပေါ်မှာတုန်းက အပေါ့တောင် အောက်ဆင်းမသွားရဘူး။ လမ်းက တညကျော်ကျော်မောင်းရတာ။ အရမ်း ဒုက္ခရောက်ပါတယ်။”

လွတ်လာတော့ ခံဝန်လက်မှတ်တွေ ထိုးပေးခဲ့ရလား။

“ဟုတ်ကဲ့ ကျနော်တို့ ၄ဝ၁ နဲ့ လွှတ်တာပါ။ ခံဝန်တော့ မဟုတ်ဘူး။ ပြစ်မှုကြွေးကျန်ပေါ့။”

ကိုမျိုးရန်နောင်သိန်း လွတ်လာတဲ့အပေါ်မှာ ဘယ်လိုခံစားချက်မျိုး ဖြစ်မိလဲ။

“ကျနော်က လွတ်ဖို့ နီးနေပြီ။ လွှတ်ပေးတော့လည်း ထွက်လာရတာပေါ့။ စိတ်ထဲမှာတော့ ဘယ်လိုမှ မနေဘူး။ အားလုံးကို လွှတ်ပေးရမှာလေ။ ကျနော်တို့ အကျဉ်းထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်းသား ၁ဝ ယောက် ရှိတယ်။ ၂ ယောက်ပဲ လွတ်လာတယ်။ ကျန်တဲ့သူတွေကျတော့ မလွှတ်ပေးဘူး။ သူတို့ အခု အမျိုးသားသင့်မြတ်ရေးတို့ဘာတို့ ပြောနေကြတယ်ဗျာ။ တကယ်ရိုးသားတယ်၊ မှန်ကန်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရမှာလေ။ ထောင်ထဲမှာ အလင်္ကာတီးဝိုင်းက ဂီတသမား ကိုဝင်းမော်ဆိုတာ ကျန်ခဲ့တယ်။ သူဆို ကျန်းမာရေး အရမ်းဆိုးတယ်။ သူ့မှာ ရင်ကျပ်ရောဂါရှိတယ်။ ညဘက်ဆို အသက်ရှူ အရမ်းကျပ်ပြီး သတိလစ်လုနီးပါးကို ဖြစ်တယ်။ သံတွဲထောင်က ကျန်းမာရေးစောင့်ရှောက်မှု အရမ်းညံ့တယ်။ ဆေးမှူး မရှိဘူး၊ ဆရာဝန် မရှိဘူး။”

ထောင်က ထွက်လာပြီးတော့ ကိုမျိုးရန်နောင်သိန်းရဲ့ လက်ရှိကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။

“ကျနော် အခု လမ်းမလျှောက်နိုင်ဘူး။ နှစ်ယောက်တွဲပြီး တရွတ်ဆွဲ လမ်းလျှောက်လို့ ရပါတယ်။ မတ်တပ် မရပ်နိုင်ဘူးပေါ့။”

ပြန်လွတ်လာပြီဆိုတော့ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။

“ကျနော် ထောင်ကလွတ်တာ ဒုတိယအကြိမ်ပေါ့။ ဤသက် ၂၂ နှစ်က စပြီး ထောင်ထဲရောက်တယ်လေ။
၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တာ အဲဒီကိစ္စနဲ့ ပုဒ်မ ၅-ည နဲ့ ထောင်ချခဲ့တယ်။
၂ဝဝ၃ မှာ ထောင်က လွတ်တယ်။ ၂ဝဝ၅ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ လွတ်လာတဲ့အခါ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့နဲ့ တွဲပြီး လှုပ်ရှားတယ်။ နောက်တခါ ဖမ်းပြီးတော့ ထောင်ချတယ်။ ဒီမိုကရေစီ မရမချင်း တိုက်ပွဲက အမြဲရှိနေမှာပဲလေ။ ကျနော်တို့ ဘဝတွေလည်း တော်တော်များများ ပေးဆပ်ပြီးသွားပြီလေ။ ဆက်သွားရမှာပဲ။ အစောပိုင်းကတော့ ကျောင်းသားပေါ့ဗျာ။ နားလည်လို့မှ မဟုတ်ဘဲ။ စစ်အစိုးရက မမှန်ဘူး။ မြန်မာပြည်မှာ စစ်အစိုးရ အုပ်စိုးနေတာ မှားတယ်။ အဲဒီအတွက်ကို တော်လှန်ခဲ့တယ်၊ ဆန္ဒပြခဲ့တယ်။ ဒါကို သူတို့က ရက်ရက်စက်စက် ဖမ်းဆီးတယ်၊ ထောင်ချခဲ့တယ်။ ထောင်ကျတဲ့အခါမှာ သူတို့ရဲ့ မတရားမှုတွေကို ပိုသိလာတော့ ယုံကြည်ချက်က ပို ခိုင်မာလာတယ်။ ပိုပြင်းထန်လာတယ်။ ဒီတော့ ကျနော်တို့မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျနော်တို့ ဆက်လုပ်ရမှာပေါ့။ လောလောဆယ်မှာ ဗမာပြည်အနေအထားကို ကျနော်တို့ မသိရသေးဘူး။ ခဏတော့ ကြည့်ဦးမယ်။ ဆက်လုပ်မှာတော့ သေချာတယ်။ ဘာ ဆက်လုပ်မယ်တော့ မပြောတတ်သေးဘူး။”

ရင်းမြစ်။ ဒီမိုကရက်တစ် မြန်မာ့အသံမှပြန်လည်တင်ပြထားပါတယ်။
-------------------------------------------------------------
ကိုမျိုးရန်နောင်သိန်း ဆိုသူသည် ခေတ်ပညာတတ်တယောက်ဖြစ်ပြီး၊ ဘာသာစကား(၆)မျိုး လောက်ကိုသင်ပြ
ပေးနေသော ဆရာတယောက်ဖြစ်ပါသည်။ သူပထမတကြိမ်ထောင် ကျခဲ့သော ထောင်မှာသရက်ထောင်မှ
ပြန်လည်လွှတ်မြောက်လာပြီး ခုဒုတိယတကြီမ်ကတော့ သံတွဲထောင်မှ ပြန်လည်လွှတ်မြောက်
လာတာဖြစ်ပါတယ်။

ရန်နောင်ရဲ့စစ်ကြောရေး အတွေ့အကြုံကို ပြန်လည်တင်ပြ ပေးထားချင်းသာဖြစ်ပါသည်။ မောင်လေး
ရန်နောင် တယောက် သူ၏ ဖြစ်ချင်သောဆန္ဒများကို အမှန်ဆုံးဖြစ်ရပါစေလို့.........။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

23 September 2009

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ဖြစ်ရပ်များ*ဆိုတဲ့
ခေါင်းစဉ်လေးနဲ့အတူ ကျမ တို့နိုင်ငံမှာစစ်အာဏာရှင်တွေက N.L.D. ပါတီဝင်တွေအပေါ်မှာ
ညှင်းပန်းနှိပ်စက်ပုံတွေ ကျမ လက်လှမ်းမှီသလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။ N.L.D(လူငယ်)နောက်တဦးအနေနဲ့ကိုတိုးလွင်နဲ့စကားလက်ဆုံမေးမြန်းထားခဲ့တာတွေ
ကိုပြန်လည်ဖော်ပြပေးပါမယ်။

ကိုတိုးလွင်နဲ့အရင်မိတ်ဆက်ပေးပါမယ်ရှင်။

မြတ်လေးငုံ။
ကိုတိုးလွင်N.LDပါတီကိုဘယ်အချိန်ကစတင်ဝင်ရောက်ခဲ့ပါသလဲရှင်။

ကိုတိုးလွင်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ NLD ပါတီ စတင်တည်ထောင်ချိန်က စပြီး လူငယ်တစ်ယောက်အနေနဲ့
အဖွဲ့ ၀င်ခဲ့ပါတယ်။

မြတ်လေးငုံ။
NLD ပါတီမှာ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်မျိုးကို ယူခဲ့ရပါသလဲ။ နောက်ပိုင်း ဘာတာဝန်တွေကို ထပ်ပြီး ထမ်းဆောင်ခဲ့ရပါသလဲရှင်။

ကိုတိုးလွင်။
၁၉၈၉နှစ်ဆန်းပိုင်းမှာဘဲဧရာဝတီတိုင်းငပုတောမြို့နယ်ရဲ့လူငယ်တာဝန်ခံအဖြစ်တာဝန်ပေး
အပ်ခြင်းခံခဲ့ရပါတယ်။မြို့နယ်စည်းရုံးရေးကော်မတီအဖွဲ့ဝင် တာဝန်ပါပူးတွဲယူခဲ့ပါတယ်။
၁၉၉၆ခုနှစ်မှာဧရာဝတီတိုင်းလူငယ်တာဝန်ခံ၊ငပုတောမြို့နယ်စည်းရုံးရေးကော်မတီအတွင်းရေးမှူး
တာဝန်တွေကိုထမ်းဆောင်ခဲ့ရပါတယ်။၁၉၉၈ခုနှစ်နှစ်ကုန်ပိုင်းဧရာဝတီတိုင်းလူငယ်လုပ်ငန်းအဖွဲ့
ကပြန်လည်ဖွဲ့စည်းတော့လည်းတိုင်းတာဝန်ခံအဖြစ်ထပ်အရွေးခံခဲ့ရပါတယ်။အဲဒီအချိန်မှာဘဲ
ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီ ဋ္ဌာနချုပ် လူငယ်ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံးခြုံရေးတာဝန်များ၊ အမျိုးသားဒီမိုကရေစီ ဋ္ဌာနချုပ် နဲ့
အခမ်းအနားပွဲ လုံခြုံရေးတာဝန်များနှင့်ဗဟိုလူငယ်ပြန်လည်ဖွဲ့စည်းရေးအဖွဲ့ဝင်တာဝန်ကိုထမ်း
ဆောင်ရင်းတိုင်းနှင့်ပြည်နယ်တော်တော်များများမှာမြို့နယ်လူငယ်လုပ်ငန်းအဖွဲ့များကို သွားရောက်
ဖွဲ့စည်းပေးခဲ့ရပါတယ်။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာနှစ်အကြာကြီးတာဝန်တွေယူလာခဲ့တော့ဖမ်းဆီး
ထိန်းသိမ်းခံရတာတို့၊ ထောင်ကျခဲ့တာတို့ ရှိပါသလား ရှင်။

ကိုတိုးလွင်။
ကျွန်တော်အနေနဲ့ ၁၉၈၉၊ ၁၉၉၁၊ ၁၉၉၅ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ လတွေနဲချီပြီး ထိန်းသိမ်းခံခဲ့
ရပါတယ်။ ၁၉၉၆နိုဝင်ဘာလမှာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးကြည်မောင်ဦးတင်ဦးတို့ရဲ့ကားတွေ
ကိုရန်ကုန်မြို့စက်မှု(၁)ရှေ့လမ်းနီလေးလမ်းမပေါ်မှာဘဲ ကြံခိုင်ရေးအဖွဲ့ဝင်တွေက အကြမ်းဖက်
်တိုက်ခိုက်ခဲ့ပါတယ်၊ ဒီဥပဒေမဲ့ လုပ်ရပ်ကို အရေးယူဆောင်ရွက်ပေးဖို့ကျွန်တော်တို့ဧရာဝတီတိုင်း
လူငယ်တွေကစစ်အာဏရှင် (ဦးသန်းရွှေ)ဆီကိုစာရေးအကြောင်းကြားခဲ့ပါတယ်။စာထဲမှာပါတဲ့
ဥပဒေမဲ့စကားလုံးကိုအကြောင်းပြုပြီးပုဒ်မ(၅၀၅ခ)နဲ့တိုင်းလူငယ်တာဝန်ခံဖြစ်တဲ့ ကျွန်တော်နဲ့
၂ဦးကိုထောင်ဒဏ်(၂)နှစ်ပုသိမ်အကျဉ်းထောင်မှာအပြစ်ပေး ခံရပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နိုင်ငံလုံးစည်းရုံးရေးခရီးစဉ်တွေမှာသူမရဲ့
အနီးကပ် လုံခြုံရေးတာဝန်ကို ယူပေးရင်းနဲ့ ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးမှာ အာဏာပိုင်အဖွဲ့
အစည်းတွေ၊ ကြံဖွတ်စွမ်းအားရှင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကျွန်တော်တို့အဖွဲ့ဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေခံခဲ့ရပါတယ်။ ကျွန်တော် အပါအ၀င်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူတဲ့ လူငယ်(၁၇)ဦး ကို စစ်ကိုင်းတိုင်းခန္တီးအကျဉ်းထောင်မှာ ပုဒ်မ ၅ (ည) နဲ့အရေးယူခဲ့ပါတယ်။ (၆)လ ကျော်ထိန်းသိမ်းပြီးမှကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင် တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မြတ်လေးငုံ။
ထောင်ထဲကစိတ်ခံစားချက်လေးနဲ့ ထောင်ထဲမှာနေစဉ်အတွင်း မမေ့နိုင်ခဲ့တဲ့ အတွေ့အကြုံ
အချို့ကို ပြောပြပေးပါလား။

ကိုတိုးလွင်။
၁၉၉၆ ခုနှစ် ပထမအကြိမ် ထောင်ကျတုန်းက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
အဖွဲ့ဝင်တွေရယ်၁၉၉၆ဒီဇင်ဘာကျောင်းသားအရေးအခင်းကြောင့်ထောင်ကျလာတဲ့ကျောင်းသား
တွေရယ်ဟာပုသိမ်အကျဉ်းထောင်ထဲမှာ ညီညီညွတ်ညွတ်နဲ့ အတူတကွ အခက်အခဲပေါင်းစုံကို
ဖြတ်ကျော်ခဲ့တာတွေ၊အဖွဲ့အစည်းအစွဲမရှိကျဘဲပျော်ပျော်ရွှင်ရွှင်နေခဲ့တာတွေကိုအရမ်းသတိရမိတယ်။
ယခုလက်ရှိဖြစ်နေသလိုမင်းကအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ မင်းက ၈၈ စတဲ့ အဖွဲ့အစည်း အစွဲတွေလုံးဝမရှိကျပါဘူး။

၁၉၉၁ခုနှစ်ဘိုကလေးအရေးအခင်း(မုန်တိုင်းစစ်ဆင်ရေး)မှာဖမ်းဆီးထိန်းသိမ်းခံရတုန်းကလည်း
ကိုယ့်မျက်စိရှေမှာ ကရင်တိုင်းရင်းသားတွေ ရက်ရက်စက်စက် နှိပ်စက်ခံနေရတာတွေ၊ လူမဆန်တဲ့
အပြုအမူတွေကို မြင်ခဲ့တွေ့ကြုံခဲ့ရတာတွေဟာဘ၀မှာဘယ်လိုမှမေ့လို့မရနိုင်တဲ့အဖြစ်တွေပါဘဲ။
ပြည်တွင်းနိုင်ငံရေးကို(၁၉)နှစ်နီးပါးလုပ်လာခဲ့တဲ့အချိန်မှာစစ်ထောက်လှမ်းရေးတွေရဲ့စစ်ကျောရေး
စခန်းတွေကိုအကြိမ်များစွာရောက်ဘူးခဲ့ပါတယ်။ဒါပေမဲ့၂၀၀၃ခုနှစ်မေလဒီပဲယင်းအရေးအခင်းကြောင့်
ရောက်သွားခဲ့ရတဲ့ခန္တီးအကျဉ်းထောင်စစ်ကျောရေးစခန်းကတော့ဘ၀မှာအဆိုးဝါးဆုံးခံစားလိုက်
ရတဲ့အခြေအနေဆိုးတစ်ခုပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို တာဝန်ယူပေးခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေက
ဆန္ဒပြကျတဲ့ပြည်သူလူထုတွေကို(လူထုအယောင်ဆောင်ကြံဖွတ်စွမ်းအားရှင်တွေ)စတင်
အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ၎င်း ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ခဲ့ရတယ်ဆိုပြီးခန္တီးအကျဉ်းထောင်
ထဲမှာ (၁၄) ရက်လုံးလုံး နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး အတင်းအဓမ္မဥပဒေမဲ့ ၀န်ခံချက်လက်မှတ်တွေကို ယူခဲ့ကျပါတယ်။နှိပ်စက်တာကိုမခံနိုင်တော့တဲ့လူငယ်အများစုကတော့ဝန်ခံလက်မှတ်တွေထိုးပေးခဲ့
ပေမယ့်လည်းကျွန်တော်အပါအ၀င်လူငယ်ခေါင်းဆောင်အချို့ကတော့ လုံးဝမထိုးပေးလို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုတွေကို (၁၄) ရက်လုံးလုံး ခံစားခဲ့ရတာပါ။ ကျွန်တော်အနေနဲ့ ပိုဆိုးတာကတော့ ဒီပဲယင်းအရေးအခင်းမှာ ခေါင်းနဲ့ ကိုယ်ခန္ဒာကို ပြင်းထန်စွာ အရိုက်အနှက်ခံထားရတဲ့ ကြီးမားတဲ့
ဒဏ်ရာတွေရထားတဲ့အချိန်ဖြစ်နေပါတယ်။ဒါပေမဲ့စစ်ထောက်လှမ်းရေးတွေဟာကျွန်တော့
ခေါင်းဒဏ်ရာအပြင်းအထန်ရထားတာကိုသိနေလျှက်နဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုကျွန်တော်အပေါ်
ဆက်လုပ်နေတာပါဘဲ။ဒေါ်အောင်ဆန်းစုကြည်ရဲ့အဲဒီခရီးစဉ်တောက်လျှောက်မှာဒေါ်အောင်ဆန်းစုကြည်
်နဲမြို့နယ်ခေါင်းဆောင်တွေ၊တိုင်းအဆင့်ခေါင်းဆောင်တွေ၊တိုင်းရင်းသားခေါင်းဆောင်တွေတွေ့
ဆုံအစည်းအဝေးလုပ်ကျတိုင်းကျွန်တော်ကဒေါ်အောင်ဆန်းစုကြည်ဘေးမှာအမြဲရှိနေတာကို
ထောင်လှမ်းရေးတွေကသိခဲ့တယ်လေ။ဒီအချက်ကလည်းဘဲသူတို့တွေကျွန်တော်အပေါ်ပိုစစ်ဆေးခွင့်
တွေပိုနှိပ်စက်ညှင်းပန်းခွင့်တွေရသွားခဲ့တာပါဘဲ။ထမင်းစားချိန်ခဏလေးကလွဲပြီးကျန်အချိန်တွေမှာ
(၁၄)ရက်လုံးလုံးလက်နောက်ပြန်လက်ထိပ်ခတ်ထားတာခံခဲ့ရတယ်၊၀မ်းသွားပြီးချိန်တွေမှာလည်း
သန့်ရှင်းရေးဘယ်လိုမှလုပ်လို့မရခဲ့ပါဘူး။ညဘက်တွေမှာပါအိပ်ချိန်တွေမရှိသလောက်ကို
ထောက်လှမ်းရေးတွေဟာတစ်ယောက်ပြီးတစ်ယောက်cellထဲဝင်ပြီးလက်စွမ်းတွေပြတာကိုလည်း အတော်ခံစားခဲ့ရတာပါ။

မြတ်လေးငုံ။
ဒီပဲယင်းခရီးစဉ် ကိုတိုးလွင်တောက်လျှောက်ပါခဲ့စဉ်က အတွေအကြုံလေးများရှိခဲ့မယ်ဆိုရင်ပြောပြ
ပေးစေချင်ပါတယ်ရှင်။

ကိုတိုးလွင်။
ဟုတ်ကဲ့ပါ၊ဒီပဲယင်းခရီးစဉ် ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း
နိုင်ငံတော်လုပ်ကြံမှုအဖြစ်ဆိုးကြီးနဲ့ကျောင်းသားပြည်သူတွေသေဆုံးခဲ့ရတဲ့ဒီအရေးအခင်းအကြောင်း
အရာတွေဟာ ကမ္ဘာသမိုင်းစာမျက်နှာတွေပေါ်နဲ့စာနယ်ဇင်းမျက်နှာစာတွေမှာအပြည့်နေရာ
ယူထားခဲ့တာတွေကြောင့်လူတွေတော်တော်များများသိထားပြီးဖြစ်နေပါတယ်။ဒါပေမဲ့
ကျွန်တော်ပြောချင်တာတစ်ခုကတော့ဒီပဲယင်းအရေးအခင်းမှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ကိုအသေလုပ်ကြံသတ်ဖြတ်ခဲ့တာပါဘဲ။ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ထောက်လှမ်းရေး
တွေကကယ်ထုတ်သွားခဲ့တာပါနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလုံးဝမသတ်ရဲဘူးဆိုတဲ့သတင်းစကားတွေ
ဟာတကယ်တော့သတင်းအမှားတွေတာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ရဲ့မျက်မြင်ကိုယ်တွေ့အတွေ့
အကြုံအရခိုင်ခိုင်မာမာပြောလို့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်အသက်မသေဘဲလွတ်မြောက်ခဲ့
တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတ်လို့မရတဲ့ကံတရားနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်
်တွေရဲ့အသေခံ သစ္စာတရား ကြောင့်ပါဘဲလို့ ကျွန်တော်ပြောချင်ပါတယ်။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ်လုံခြုံရေးယူခဲ့စဉ်ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအရပြတ်သား
တဲ့ဦးဆောင်မှုတွေအပေါ် ကိုတိုးလွင်အမြင်ကိုသိပရစေရှင်။

ကိုတိုးလွင်။
ကျွန်တော် အချက်(၃)ချက်လောက်ကိုဘဲ အတိုချုပ်ပြောချင်ပါတယ်။ ပထမအချက်က ၁၉၉၅ နိုဝင်ဘာ
လထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်းရင်းသားလွှတ်တော်ကိုယ်စား
လှယ်တွေခေါင်းဆောင်တွေကိုအမျိုးသားညီလာခံရဲ့လုပ်ငန်းစဉ်တွေ၊ဆွေးနွေးချက်တွေဟာဒီမိုကရေစီရဲ့
လုပ်ထုံးလုပ်နည်းတွေနဲ့မညီတာကိုစနစ်တကျရှင်းလင်းပြနိုင်ခဲ့တယ်။အားလုံးသောခေါင်းဆောင်တွေရဲ့
ထောက်ခံမှုကိုအရယူနိုင်ခဲ့ပြီး အခက်အခဲတွေကြားကဘဲ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုကိုပေးနိုင်ခဲံပြီဲ့း အမျိုးသားညီလာခံကနေထွက်ခွာလာနိုင်ခဲ့ပါတယ်။ဒုတိယအချက်က၁၉၉၈ခုနှစ်စက်တင်ဘာလမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးနီးပါးရဲ့ထောက်ခံမှုကိုအရယူနိုင်ခဲ့တယ်၊အမျိုးသားပြန်လည်
သင့်မြတ်ရေးရဲ့စုစည်းမှုအင်အားအခြေခံအုတ်မြစ်တစ်ခုကိုပထမဆုံးပြန်ချပေးနိုင်ခဲ့တဲ့သမိုင်းဝင်
CRPPကိုရဲဝင့်စွာဖွဲ့စည်းနိုင်ခဲ့တဲ့ပြတ်သားတဲ့နိုင်ငံရေးဦးဆောင်မှုကိုပေးခဲ့တယ်။တတိယအချက်က
(၂၀၀၂)၊(၂၀၀၃)ခုနှစ်ဒေါ်အောင်ဆန်းစုကြည်ဟာလူထုထောက်ခံမှုတွေ၊တိုင်းရင်းသားလူမျိုးစု
တွေရဲ့ထောက်ခံမှုတွေမရှိတော့ဘူးဆိုတဲ့နအဖရဲ့လိမ်ညှာလှည့်ဖြားမှုနဲ့ယုတ်မာမှုတွေအပေါ်လူထုဟာ
အကြောက်တရားနဲ့တွေဝေမှုတွေမဖြစ်လာအောင်တစ်နိုင်ငံလုံးလူထုစည်းရုံးရေးခရီးစဉ်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုကိုထောင်သောင်းများစွာ
သော ပြည်သူလူထုထောက်ခံမှုနဲ့အတူ ပြနိုင်ခဲ့ပါတယ်။

မြတ်လေးငုံ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ ရဲ့ ပြည်တွင်းမှာလုပ်ခဲ့ရသောခက်ခဲသည်အတွေ့အကြုံ
လေးတွေကိုပြောပြပေးပါလားရှင်။

ကိုတိုးလွင်။
၂၆.၄.၉၁ မှာထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပဒေ အရ နိုင်ငံရေးပါတီတွေဟာ အဖွဲ့ဝင်အင်အားတွေကို
ထပ်မံတိုးချဲ့ခွင့်မရှိတော့ပါဘူး။ ဒီမတရားတဲ့ ဥပဒေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဆန့်
ကျင်ရဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အဆင့်ဆင့်သောစည်းရုံးရေးကော်မတီတွေ၊ အမျိုးသမီးအဖွဲ့တွေကိုဒီဥပဒေကိုဖောက်ဖျက်ပြီးဖွဲ့စည်းပေးတာဟာပြဿနာနည်းခဲ့ပေမဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တွေကိုပြန်လည်ဖွဲ့စည်းရာမှာတော့အခက်အခဲတွေ
အရင်းအနှီးတွေဟာကြီးခဲ့ပါတယ်။လူငယ်ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေဟာ ထောင်အကျခံ၊ ဘ၀အပျက်ခံပြီးလူငယ်အဖွဲ့တွေပေါ်ပေါက်လာအောင်အနစ်နာခံဆောင်ရွက်ပြနိုင်ခဲ့ပါတယ်။
ဒီနေ့ဒီမြို့နယ်မှာဒီလူငယ်တွေကိုဖွဲ့ပေးပြီးရင်နောက်တစ်နေ့အဲဒီလူငယ်တွေအားလုံးဟာ
အင်းစိန်ထောင်ထဲရောက်သွားတယ်။နောက်နေ့နောက်မြို့နယ်နောက်လူငယ်တွေဟာလည်းဘဲ ဒီလမ်းကိုလိုက်ကြရပါတယ်။ဒီလိုအခက်အခဲပြဿနာတွေကြီးပေမဲ့လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
်လူငယ်အဖွဲ့ဝင်တွေဟာပြည်သူလူထုအတွက်ရပ်တည်ဆောင်ရွက်လုပ်ပေးနိုင်ခဲ့တာတွေကတော့ အများကြီးပါဘဲ။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့မြန်မာပြည်ရဲ့ပြင်ပကိုရောက်လာခဲ့ပြီးနောက်ပိုင်းဘယ်လိုနိုင်ငံရေးတာဝန်တွေကို
ယူခဲ့ပါသလဲရှင်။

ကိုတိုးလွင်။
၂၀၀၇ ခုနှစ် သြဂုတ်လမှာစတင်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွှတ်မြောက်နယ်မြေ)ကိုဝင်
ရောက်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်ဖေဖော်ဝါရီလမှာဗဟိုစည်းရုံးရေးဋ္ဌာနတာဝန်ခံနဲ့ဗဟိုကော်မတီဝင်
တာဝန်တို့ကိုတာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့ ကျမ ကိုဘာများပြောချင်ပါသေးလဲရှင်။

ကိုတိုးလွင်။
ခုလို အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်တဦးအနေနဲ့ ထောင်တွင်းအတွေ့အကြုံတွေက
ိုပြန်ဝေမျှပေးပြီးစစ်အာဏရှင်ကနည်းမျိုးစုံသုံးပြီးနှိပ်စက်ခံခဲ့ရတဲ့လူတွေကိုကိုယ်တိုင်လက်လံမေးမြန်းပေး
ပြီးဒီအစီစဉ်လေးကိုတင်ပြပေးတဲ့စိတ်ကူးလေးကိုတော့တော်တော်လေးကိုလေးစားမိပါတယ်ခင်ဗျာ။

ကျမမြတ်လေးငုံအားစိတ်ရှည်စွာဖြေကြားပေးတဲ့ကိုတိုးလွင်ကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

22 September 2009

ရန်ကုန်တိုင်း မြို့နယ်ရဲမှူးတွေ ထိန်းသိမ်းခံထားရ။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရန်ကုန်တိုင်းက မြို့နယ်ရဲမှူးတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပြီး မြို့နယ်ရဲမှူးတွေနဲ့ နားလည်းမှုယူကာ ဖွင့်ထားတဲ့ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းက မြို့နယ်ရဲမှုးတချို့ကို စ သုံးလုံးက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ နီးစပ်တဲ့ ရန်ကုန်က လာတဲ့ သတင်းများအရ ကြားသိရပေမယ့် သိခြား အတိပြုချက်တော့ မရရှိပါဘူး။ မြို့နယ်ရဲမှူးတွေကို လာဘ်စားမှု၊ အကျင့်ဖောက်ဖျက်မှုတွေကြောင့် အသစ်ပြောင်းလာတဲ့ တိုင်းရဲမှူးက ဒီလိုလုပ်ဆောင်ရတာ ဖြစ်နိုင်တယ်လို ခန့်မှန်း ပြောဆိုနေကြပါတယ်။ မြို့နယ်ရဲမှူးတချို့ကို ခေါ်ယူ စစ်ဆေးနေချိန်မှာ အရင်က သူတို့နဲ့ ဖက်စပ်ပြီး ဖွင့်ထားတဲ့ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း ဒီရက်ပိုင်းအတွင်းမှာ ပိတ်ထားရတယ်လို့ သိရပါတယ်။
Type your summary here.

အရင်က ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေကို မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ရဲမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တရားမဝင် လုပ်ကိုင်ခွင့် ပြုထားတာပါ။ ရန်ကုန်တိုင်းက ရဲမှူးတချို့ကို စ သုံးလုံးက ခေါ်ယူ မေးမြန်းတာတွေနဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ရန်ကုန်မှာရှိတဲ့ မြို့နယ်မှူးတွေ တော်တော်များများ ထိန်းထားတယ်လို့ ပြောတယ်။ လာဘ်စားမှုလို့ ပြောတာပဲ။ အဆွဲခံထားရတာ ၁ ရက် ၂ ရက်လောက် ရှိပြီပေါ့။ အခု အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကာရာအိုကေတွေ၊ ဗြူတီဆလွန်းတွေ တော်တော်များများ ပိတ်ထားရတယ်တဲ့။” ဒီလပိုင်းမှာ ရန်ကုန်တိုင်း ရဲမှူးဟောင်း ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်မွှေးမွှေးကို အလှပြင်ဆိုင် အမည်ခံပြီး အနှိပ်ခန်းတွေ ဖွင့်ထားတာနဲ့ ပတ်သတ်ပြီး ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရက်ပိုင်းအတွင်းမှာ ရဲမှူးကြီးဝင်းနိုင်ရဲ့ဇနီး ဒေါ်မွှေးမွှေး ဖမ်းဆီးချုပ်နှောင်ထားရာက လွှတ်မြောက်သွားတာ ရဲချုပ်ခင်ရီနဲ့ ဆက်နွယ်မှု ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်း ပြောဆိုပါတယ်။

ရဲမှူးကြီးဝင်းနိုင်က အပြစ်ပေးခံရမှာ စိုးရိမ်လို့ နေပြည်တော်အသွား လမ်းမှာ ထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ နောက်တဦးက ပြောပါတယ်။ “ကိုဝင်းနိုင်ကို နေပြည်တော်နေ ခေါ်ထားတော့ မောင်ဦးက ငါကိုယ်တိုင် တွေ့မယ်လည်း ဆိုရော ရူးလ်အရဆိုရင် လွှတ်ပေးရမယ် ဆိုပြီးတော့ နေပြည်တော်ကနေ ကားနဲ့ ဒိုးသွားလိုက်တာ မလာတော့ဘူး။” ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီဟာ နိုင်ငံတော်အကြီးအကဲတွေကို နောက်ကွယ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတတ်တာ သိထားတဲ့ ရဲမှူးကြီး ဝင်းနိုင်က ဖော်ထုတ်မှာကို စိုးရိမ်တဲ့အတွက် ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ရင်းမြစ်။။ဒီမိုကတစ် မြန်မာ့အသံ မှပြန်လည်တင်ပြထားပါသည်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့် အဖွဲ့ချုပ် တောင်းဆို


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီအီးစီ များ



ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်


Type your summary here.


နိုင်ငံအကျဉ်းသား လွှတ်ပေးစာရင်း ၁၁၉ ဦးထဲမပါသေးတဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တွေ့ခွင့်ပေးဖို့ အန်အယ်လ်ဒီ
က နအဖ ဥက္ကဋ္ဌကို စာရေး တောင်းဆိုလိုက်ပါတယ်။ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေနေအရ ပါတီရဲ့မူဝါဒ ရှေ့လုပ်ငန်းစဉ်တွေကို ပါတီ ဗဟိုခေါင်းဆောင်တွေအားလုံး မျက်နှာစုံညီ တွေဆုံဆွေးနွေးဖို့လိုနေတဲ့ အတွက် တောင်းဆိုရတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလ ၁၆ ရက် နေ့မှာ စာရေးတင်ပြထားတာဖြစ်ပေမယ့် နအဖ ဘက်က အခုချိန်အထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နိုင်ငံရေးအရ အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက် အနာဂတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တွေ ချမှတ်နိုင်ဖို့၊ တွေ့ဆုံခွင့်ပေးဖို့ အကြောင်းပြချက်နဲ့ ၁၆ ရက်နေ့ ရက်စွဲနဲ့ စာပို့ခဲ့ပါတယ်။ ဒါကို ပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအခြေအနေ၊ ပါတီအခြေအနေပေါ်မှာ မူတည်ပြီး စီအီးစီ အဖွဲ့က တောင်းဆိုတာပါ။ အားလုံး အကျုံးဝင်မှာပါ။ စာထဲမှာ ရွေးကောက်ပွဲ ကိစ္စကို လုံးဝ မန်းရှင်း လုပ်မထားပါဘူး။ အခုချိန်အထိ အကြောင်းပြန်ချက် မရသေးပါဘူး။”

အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့ မနေ့ နေ့လည်ပိုင်းမှာ တွေ့ခွင့်ရတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆေးစစ်ခွင့်ရပါတယ်။ ၅ နာရီခွဲမှာ ကျနော်နဲ့ ဒေါက်တာတင်မျိုးဝင်းတွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် နည်းနည်း ကျနေတယ်လို့ ပြောပါတယ်။ ” ဒါဟာ မေလ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ခေါ်သွားတဲ့ နေ့ကတည်းက ပထမဆုံးအကြိမ် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်တွေ့ခွင့် ရတာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။ဒီမိုကတစ်မြန်မာ့အသံ မှ စာသားကို ပြန်လည် တင်ပြလိုက်ပါတယ်ရှင်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

ရန်ကုန်လေဆိပ်တွင် အဖမ်းခံရသူ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ ။


ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံရေးသမား ဦးကျော်ဇောလွင် (ခေါ်) ဦးညီညီအောင်ကို အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း သိရသည်။ဦးညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အဝင်၌ အဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ၁၇ ရက်နေ့က အင်းစိန်ထောင်သို့ပို့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက မိသားစုထံ ထုတ်ဖော် ပြောကြားလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံ မြန်မာသံရုံးမှတဆင့် ဗီဇာရယူပြီး ဘန်ကောက်မှ စက်တင်ဘာ ၃ ရက်နေ့ညနေပိုင်း လေယာဉ် TG/305 ဖြင့် ထွက်ခွာသွားစဉ် ရန်ကုန်အဝင်၌ စစ်အစိုးရက ထိန်းသိမ်းထားခဲ့ပြီး ၁၉ ရက်နေ့ကမှ အမေရိကန် သံရုံးအရာရှိနှင့် တွေ့ခွင့်ပေးကြောင်း သိရသည်။အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ယနေ့ အင်းစိန်ထောင်သို့ သွားရောက်ခဲ့ရာ ဦးညီညီအောင်နှင့် လူချင်း တွေ့ခွင့်မရဘဲ အမေရိကန်သံရုံး အကူအညီဖြင့် အစားအသောက်များကိုသာ ပေးခဲ့ရကြောင်း သိရသည်။

ဦးညီညီအောင်ကို အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ - ၅ (ည) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရားရုံးထုတ်မည်ဟု အမေရိကန် သံရုံးက မိသားစုထံသို့ အကြောင်း ကြားကြောင်း ဒေါ်ခင်ခင်ဆွေကဆက်ပြောသည်။

“သူ့ကို အောက်တိုဘာ ၁ ရက်နေ့ လှိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ ပြောပါတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။


javascript:void(0)
ရန်ကုန်ရှိ အမေရိကန် သံရုံးက ရှေ့နေငှားရမ်းရန် ကူညီမည်ဖြစ်ရာ ဦးညီညီအောင်၏ သဘောထားအရ သူ၏ အမှုလိုက် ရှေ့နေအဖြစ် ရှေ့နေ ဦးကြည်ဝင်းကို ငှားရမ်းလိုကြောင်း သိရသည်။ဖမ်းဆီး၊ ထိန်းသိမ်းခံရစဉ် အတောအတွင်း နှိပ်စက် ညှင်းပန်းမှုခံခဲ့ရသေးကြောင်း ဦးညီညီအောင်၏ အကိုတော်စပ်သူ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးကိုကိုအောင်က ပြောသည်။

ဦးကိုကိုအောင်က “သူ အထဲမှာ အနှိပ်စက်ခံရတယ်၊ ၇ ရက် ထမင်းမကျွေးဘူး၊ ၁၀ ရက် ဝန်းကျင်လောက် နှိပ်စက်ခံရတယ်၊ မျက်နှာက အစ တကိုယ်လုံး ရိုက်နှက်ခံရတယ်လို့ ကောင်စစ်ဝန်ကတဆင့် ကျနော်တို့ကို ပြောပြတယ်” ဟု ပြောသည်။ဆက်လက်ပြီး ၎င်းက အနှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးအတွက် ဆေးကုသခွင့် တောင်းထား သော်လည်း ယခုထက်ထိ မရသေးသဖြင့် မိသားစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။

မြန်မာပြည်ထဲ ပြန်သွားရခြင်း အကြောင်းအရင်းကို ဦးညီညီအောင် ကိုယ်တိုင်သာ သိနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းအဖမ်းအဆီးခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ၁၇ ရက်ကြာ မည်သည့် သတင်းမျှ ထုတ်ဖော်ခဲ့ခြင်းမရှိကြောင်း ဦးကိုကိုအောင်က ဆက်ပြောသည်။ဦးညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သူ၏ မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက်သက်အောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။နှလုံးရောဂါရှိသော မသက်သက်အောင်သည် မြင်းခြံထောင်တွင် ယခုအခါ မျက်လုံးဝေဒနာနှင့် အကျောကပ်ခြင်း ဝေဒနာကိုပါ ခံစားနေရကြောင်း ဒေါ်ခင်ခင်ဆွေကပြောသည်။

ဦးညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက်အမေရိကန်ပြည်ထောင်စုတွင်သွားရောက်ခိုလှုံခွင့်ယူပြီးအမေရိကန်နိုင်ငံသား အဖြစ်ခံယူခဲ့သည်။

ရင်းမြစ်။ ။ဧရာဝတီ မှပြန်လည်ဖော်ပြထားပါသည်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

21 September 2009

ငြိမ်းချမ်းရေးနေ့မဲဆောက်မြို့လမ်းလျှောက်ဆန္ဒပြပွဲလေးပါ။








မဲဆောက်မြို့လမ်းလျှောက်ဆန္ဒပြပွဲလေးပါ။
(Peace March for the World September 21, 2009) ငြိမ်းချမ်းရေးနေ့
သံဃာတော်များဦးဆောာင်သည့် မြန်မာပြည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများသည် သတ်မှတ်ထားသောစုရပ်ဖြစ်သည့်မဲဆောက်မြို့အဝင်ချက်ပွိင့်မှယနေ့နံနက်၉နာရီခွဲမှစတင်ထွက်ခွာလာပြီဖြစ်
ပါသည်။ဂျာမနီနိုင်ငံမှ ဦးသောဘာဂနှင့် သံဃာဥသျှောင် ထိုင်းနိုင်ငံ အတွင်းရေးမှူး အရှင်ဣဿရိယ တို့မှ ဦးဆောင်ပြီး သံဃာတော် ၁၅ပါးခန့်နှင့် မဲဆောက်ဒေသရှိ အဖွဲ့အစည်း အသီးမှ စိတ်ပါဝင်စားသူများ၊ ငြိမ်းချမ်းရေး လမ်းလျှောက်မှုကို စိတ်ပါဝင်စားသူ နိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံသားများ စုစုပေါင်း လူတရာကျော်ခန့်သည် ဘာသာပေါင်းစုံ ဆုတောင်းဝတ်ပြုပွဲကို ပြုလုပ်ပြီးနောက် ယခုအခါ စတင်လမ်းလျှောက်နေကြပြီဖြစ်ပါသည်။



ပါဝင်ပူပေါင်းကြသောနိုင်ငံခြားသားများတွင် အနောက်နိုင်ငံသားများ သာမကပဲ ဒေသခံ ထိုင်းနိုင်ငံသားများ၊ ဂျပန်နိုင်ငံသားများ ၊ ကိုရီးယားနိုင်ငံသားပါ ပါဝင်ကြပါသည်။နေ့လည်စာစားရန်အတွက် သတ်မှတ်စုရပ်ဖြစ်သော မဲဆောက်ပန်းခြံတွင် ခေတ္တရပ်နား၍ နေ့လည်စာ စားကြမည် ဖြစ်သည်။

ထိုနောက်မဲဆောက်မြို့တွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတဆင့် ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားတွင် ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ပါသည်။


ကျမအားဒီဓာတ်ပုံများကိုပေးပို့သောသုံးရောင်ခြယ်ကျောင်းသားကိုပါကြီးအားအထူးကျေးဇူးတင်ရှိပါသည်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*
Type the rest of your post here.

လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်


မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၇၀၀၀ကျော်ထဲမှာ လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင် တယ်လို့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှုးချုပ်က ပြောခဲ့ပေမဲ့ အခုအချိန်အထိတော့ နိုင်ငံရေးအကျဉ်းသား ၁၃၀ လောက် ပဲ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု လွတ်တဲ့အထဲမှာ အရင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ ဖမ်းဆီးထောင်ချခံရသူတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။

အခု လွတ်တဲ့အထဲမှာ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင်မယ်လို့ အကျဉ်းဦးစီး ညွန်ချုပ်က ပြောခဲ့လို ဟိုလူပါနိုးနိုး ဒီလူ ပါနိုးနိုးနဲ့ သတင်းတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုရတဲ့အထဲမှာတော့ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းအဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၁၅ဦးပဲ ရှိပါသေး တယ်။ အချို့ နယ်ထောင်တွေက လွှတ်ကြတော့ လွတ်တယ်လို့သာ သတင်းကြားတယ်၊ သက်ဆိုင်ရာ မိသားစုအိမ်တွေဆီကို ရောက်မလာကြသေးပါဘူး။ သက်ဆိုင်ရာကလည်း ဒီလူ ဒီလူ လွတ်တယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားတာမျိုး လည်း မရှိပါဘူး။ မိသားစုဝင်တွေကပဲ ထောင်တွေဆီ လှမ်းဆက်သွယ်တာတို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ် သတင်းမေးနေကြပါတယ်။ အခု လွတ်မြောက်လာတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ အေအေပီပီ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ကိုတိတ်နိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။


ရင်းမြစ်။ ။VOA မှပြန်လည်တင်ပြပေးထားပါတယ်ရှင်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ ၄ဝ၁ လက်မှတ်ထိုးရတဲ့အပေါ် မကျေနပ်




၁၉ စက်တင်ဘာ ၂ဝဝ၉ - လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နှောင်ကြိုးမဲ့ လွှတ်ပေးတာမဟုတ်ဖူးလို့ ပြောဆို ကြပါတယ်။ နောက်နောင် ပြစ်မှု တစုံတရာ ကျူးလွန်ရင်၊ အခုလွှတ်ပေးရာမှာ ကြွင်းကျန်ရစ်တဲ့ အပြစ်ဒဏ်ကို ကျခံရမဲ့ ၄ဝ၁ ပုဒ်မကို လက်မှတ်ထိုးခဲ့ရတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မနေ့ည ၇ နာရီလောက်မှာ သရက်ထောင်က လွတ်မြောက်လာတဲ့ ကိုခိုင်ကောင်းစံက “ထောင်က ထွက်ပေမယ့် ၄ဝ၁ ထိုးရတဲ့အတွက် နှောင်ကြိုးနဲ့ လွှတ်တယ် လို့ပဲ မြင်ပါတယ်။ မှန်ကန်တဲ့ သဘောထားတစ်ခု မဟုတ်ဘူးပေါ့၊ ယုံကြည်ချက် ကြောင့် နိုင်ငံရေးလုပ်ဆောင်လို့ ကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်။ အမှန်ဆိုရင် ထောင် ဥပဒေအရ လျှော့ရက် ပေးရဖို့ ရှိပေမယ့် စစ်ထောက်လှမ်းက နေပြီးတော့မှ ၁/၉၉ ရဲ့ညွှန်ကြားမှုကြောင့် လျှော့ရက်တွေကို ပိတ်ထားတယ်။ ဒီအပေါ်မှာ ပျော်ရွှင်မှု ဘာမှ မခံစားရပါဘူး။” ကိုခိုင်ကောင်းစံဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။ သူ့ကို စစ်အစိုးရ မတရားအသင်းပုဒ်မ၊ လဝက ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁ဝ နှစ် ချထားတာပါ။ လွတ်ရက်စေ့ဖို့ တနှစ်ကျော်အလိုမှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။


လွတ်ရက်စေ့ဖို့ ၅ ရက်အလိုမှာ ပြန်လွှတ်လာသူကတော့ ကလေးထောင်က ဦးမိုက်ကယ်ဝင်းကျော် ဖြစ်ပါတယ်။ သူဟာ ကလေးမြို့သားဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှုတွေကြောင့် ဒုတိယအကြိမ် ထောင်ကျခဲ့တာပါ။ လွတ်ဖို့ ၅ ရက်အလိုမှာ လွှတ်ပေး လိုက်တာကြောင့် ၄ဝ၁ ပုဒ်မကို လက်မှတ်မထိုးခဲ့ဘူးလို့ အခုလို ပြောပါတယ်။ “သူတို့ချထားတဲ့ ဥပဒေနဲ့ဆိုရင် ၂ နှစ် ပြည့်ဖို့ ၅ ရက်အလိုမှာ သူတို့က လွှတ်ပေးလိုက်တာလေ။ မလွှတ်ပေးချင်နေ လွှတ်ပေးချင်ပေး ၄ဝ၁ တော့ မထိုးဘူး။” ကော့သောင်းထောင်က လွတ်လာတဲ့ ကိုထွန်းမင်းအောင်ကတော့ နောက် ၁ လဆို လွတ်ရက်စေ့ပြီလို့ သိရပါတယ်။ သူက အခုလို လွတ်လာတဲ့အပေါ် ထူးထူး ခြားခြား မခံစာရဘူးလို့ အခုလိုပြောပါတယ်။ “ထောင်ထဲမှာ ၂ဝဝ၇ ကနေ ၂ဝဝ၉ ခုနှစ်အထိ ၃ နှစ်အတွင်း နေခဲ့တာ ကြောင့် လွှတ်လာတဲ့ အပေါ်မှာတော့ အထွေအထူးတော့ မခံစားရပါဘူး။ ဒီလိုမျိုး ၉ လပိုင်း ၁၁ ပိုင်းဆိုရင် လွှတ်ပေးလေ့ရှိပါတယ်။ အမြဲတမ်း လုပ်ရိုးလုပ်စဉ်တစ်ခုလို့ပဲ ပြောရမှာပေါ့။” လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တိုင်းပြည်လွတ်မြောက် တဲ့အထိ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်အုံးမယ်လို့လဲ ပြောကြ ပါတယ်။

“မပြီးပြတ်သေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လက်ပြီးတော့ တိုက် ပွဲဝင်ရအုံးမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှု ရှိပါတယ်ခင်ဗျ၊” မနေ့က အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား တွေထဲ နိုင်ငံရေးအကျဉ်းသားတရာကျော်ပါတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက အတည်ပြုပြောဆို လိုက်ပါတယ်။ နအဖ အစိုးရက အကျဉ်းသားတွေလွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား တွေကိုပါ လွှတ်ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲဆိုတဲ့ အမေးကိုတော့ အေအေပီပီ အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။ “လွတ်လာတဲ့ အကျဉ်းသားတွေကိုတော့ ကြိုဆိုပါတယ်။ ကျန်တဲ့သူ တွေကိုလည်း ကြိုဆိုဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းဖေးမ စောင့်လျှောက်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ တကယ် စစ်မှန်တဲ့ အမျိုးသား ညီညွတ်ရေးအတွက် ရည်ရွယ်တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးတင်ဦး၊ မင်းကိုနိုင် တို့ကို လွှတ်ပေးရ ပါမယ်။ အရောင်ပြ လွှတ်နေတာမျိုး ဆိုရင်တော့ စစ်မှန်တဲ့ တွေဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ် သွားနိုင်တယ်လို့ ပြောလို့ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦတင်ဦး၊ ဦးခွန်ထွန်းဦးတို့ကို မလွှတ်ပေးရင်တော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးမှာမို့ လို့Tension တွေ၊ နိုင်ငံတကာဖိအားတွေ လျှော့သွားအောင် အရောင်ပြလွှတ်ပေး တာလို့ပဲ သက်မှတ်လို့ရတယ်။” စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသလို ဆက်လက်ဖမ်း ဆီးမှုတွေကိုလည်း ရပ်တန့်ဖို့လိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေတယ် ဆိုပြီး တစ်ဖက်ကပြောနေ သလို ဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးနေတဲ့ အထဲမှာလည်း စိုးရိမ်စရာ ကောင်းတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို မတရား တဲ့ ဖောက်ခွဲမှုတွေနဲ့ တပ်ဆင်ပြီးတော့ ထောင်အပြစ်ဒဏ်အကြီးကြီးတွေ ချမှာတို့၊ မတရားသဖြင့် နှိပ်စက်မှာတို့ ဒါကိုတော့ အတော်ကလေး စိုးရိမ်ပါတယ်။ နိုင်ငံ တကာအနေနဲ့လည်း လွှတ်ပေးနေတာတွေကိုပဲ မမြင်ပဲနဲ့ ဖမ်းဆီးနေတာကိုလည်း သတိထားပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့အတွက် ပိုပြီးတော့ ဖိအားပေးဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။” နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဖြစ်ပါတယ်။


ရင်းမြစ်။ ။ဒီမိုကရက်တစ်မြန်မာ့အသံမှာစာသားကိုပြန်လည်ဖော်ပြလိုက်ပါသည်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*


Type the rest of your post here.

20 September 2009

ဘယ် ပန်းချီ ရေးလို့ မမှီ


မစန္ဒာမင်း
ဒီနေ့ အေအေပီပီ ကနေထောင်တွေထဲကလွှတ်မြောက်လာတဲ့စာရင်းတွေကိုဖတ်လိုက်ပြီး
ပျော်ရွှင်ဝမ်းမြောက်မှုတစ်ခုရလိုက်ပါတယ်။အေအေပီပီရဲ့အကျဉ်းသားလွှတ်မြောက်စာရင်းရဲ့ (၇၆)မြောက်ကမစန္ဒာမင်း(ခေါ်)ရွှီးဆိုတဲ့နံမည်ကိုတွေ့တော့ဝမ်းသာခဲ့ရပါတယ်။
သူမိသားစုနဲ့ထပ်တူထပ်မျှပျော်ရွှင်မိပါတယ်။

မစန္ဒာမင်းကခုတစ်ခါနဲ့ဆိုရင်၂ကြိမ်မြောက် ထောင်ကျခဲ့တာပါ။ပထမတခါကတော့၈၉ခုနှစ်
တုံးကအာဇာနည်နေ့မှာသူကိုဖမ်းပြီးထောင်ချခဲ့တာ(၃)နှစ်နေခဲ့ရပါတယ်။ နောက်တခေါ်က်ကတော့၂၀၀ရခုနှစ်မှာဘဲသူပြန်ပြီးထောင်ကျခဲပါတယ်။


သူကသုံးရောင်ခြယ်ကျောင်းသားများထဲကအဖွဲဝင်တစ်ဦးပါ။၈၈ကသုံးရောင်ခြယ်ကျောင်းသား
တွေရဲ့လှုပ်ရှားမှုတိုင်းမှာတက်တက်ကြွကြွသူပါဝင်ပါတ်သက်ခဲ့ပါတယ်။သူမှာသားလေး
တယောက်ရှိတယ်။သူ့အမေပြန်လွှတ်လာလို့သူဘယ်လောက်ပျော်ရှာမလဲစဉ်းစားကြည့်လို့ရမှာပါ။
မစည်းကားအပ်တဲ့နေရာတွေမှာလူတွေကစည်းကားနေကြပါတယ်တရားရုံးတေ၊ွ
အကျဉ်းထောင်တေ၊ွဆေးရုံတွေ၊ဒီနေ့ဆိုရင်ထောင်ဆိုတာရှိတဲ့မြို့တိုင်းမှာလူတွေစည်းကားနေတာ
ကိုကြည့်ပြီးစိတ်မကောင်းပါဘူး။ကျမတို့သာပြည်တွင်းမှာဆိုလဲကျမတို့မိသားစုတွေမျှော်
နေကြရမှာပါဒီအချိန်ဆိုရင်တွေးပြီးစိတ်မကောင်းဘူး။လွှတ်တဲ့လူတွေကပျော်၊မိသားစုတွေနဲ့တွေ့လို့
ပျော်တဲ့လူတွေပျော်နေကြပြီးပေါ့..။ကျန်ခဲ့တဲ့လူတွေကတော့...။

နောက် ကျမသူငယ်ချင်း၂ယောက်ရှိပါသေးတယ်။တယောက်ကမီးမီး(ခေါ်)သင်းသင်းအေး
သူရဲ့သားနဲ့သမီးဆိုရင်လူပျိုအပျိုတွေဖြစ်နေပါပြီး။သူ့တို့ရဲ့သားသမီးတွေလဲသူ့တိုမိဘကို
မျှော်နေရှာမှာဘဲလို့တွေးနေမိတယ်။သူလဲသူ့သားသမီးတွေကိုပူပန်နေရှာမှာဘဲ
ထောင်ထဲကနေပြီးမိခင်တယောက်ဆိုတော့သူ့သတိရနေရှာမှာဘဲ။သူပထမတခါ ထောင်ကျထဲကခလေးတွေကတော့သူ့အမေကိုမျှော်နေတတ်ပါပြီး။သူတို့လေးတွေကို ကိုယ်ချင်းစာနိုင်ပါတယ်။အော်သူတို့မိသားစုလေးအမြန်ဆုံးပြန်ဆုံတွေ့ စေချင်ပါတယ်။ ငါလဲဘဲနင့်ကိုမျှော်နေပါတယ်သူငယ်ချင်း..........။နင့်ကိုအားပေးလျှက်ပါနော်...။

နောက်တယောက်ကတော့နီမာ(နီလာသိန်း)သူဆိုရင်သူ့ရဲ့သမီးလေးကိုလသားနဲ့ခွဲပြီးထား
ခဲ့ရတာပါ။သိပ်ကိုခံစားရရှာမှာဘဲ။မိခင်ဖြစ်မှမိခင်စိတ်ဆိုတာပိုနားလည်နိုင်ပါတယ်။
ဒါကြောင့်ကျမကတော့ကျမသားလေးနဲ့တူတူရှိနေချိန်မှာမိခင်ဖြစ်ပြီးကိုယ့်သားသမီးတွေနဲ့
ခွဲနေရတဲ့မိခင်တိုင်းကိုစာနာနားလည်နိုင်ပါတယ်။ဘာအတွက်ကြောင့်ဘဲဖြစ်ဖြစ် မိခင်
တိုင်းဟာသားသမီးတွေအတွက်ပေးဆပ်ချင်ကြတာပါဘဲ။သူဆိုရင်သမီးငယ်လေးနိုတောင်
မပြတ်သေးပါဘူး။ထောင်ထဲရောက်သွားတာပါ၊ဘယ်လောက်တောင်စိတ်ခံစား
နေရမလဲ၊သူလဲသူသမီးလေးနဲ့ဆော့ကစားချင်ရှာမှာဘဲ၊ပုံပြောပြချင်ရှာမှာဘဲ
သူ့သမီးလေးကို၊အော်ဘဝတွေတော်တော်ခံစားရတယ်။လုပ်ရက်ကြတယ်။
ပေးဆပ်လိုက်ရတာတွေကတော်တော်ကြီးပါပေတယ်။ပြောပြဘို့
စကားလုံးတောင်တော်တော်ရှားပါးပါတယ်။ရက်စက်ပုံတွေကိုပါ။

ကျမသူငယ်ချင်းနီမာ(နီလာသိန်း)ကိုယ်စားသူ့သမီးမွေးနေ့မှာဒီကဗျာလေးကိုမွေးနေ့လက်ဆောင်
အဖြစ်ပေးခဲ့ပါတယ်။သမီးငယ်လေး(၂)မြောက်မွေးနေ့တုံးကပေါ့။

“ဧပရယ်လ်ရဲ့နေ့တရက်” (12.4.2009)
-----------------------------------------
ဧပရယ်လ်ရဲ့နွေရက်တရက်မှာ.....

ကဗျာတပုဒ်ကိုမှတ်မှတ်ရရစပ်ခဲဖူးတဲ့မေမေ....

ကောင်းကင်မှာတဖွဲဖွဲကျနေတဲ့မိုးစက်တွေ....

ရင်ထဲက ကဗျာတွေ...

တပုဒ်ပြီးတပုဒ်ကြွေကျခဲသလိုပေါ့လေ...

ရာသီရဲ့အလှည်အပြောင်းကြောင့်...

ကံကြမာရဲ့လှည်ကွက်မှာ..

တိုမိသားစုတွေတကွဲတပြား...

သမီးလေးရဲ့ညှိငယ်နေတဲ့မျက်နှာ..

သမီးလေးရဲ့ပျော်ရွှင်နေတဲ့မျက်နှာ...

မေမေရဲ့ညှိငယ်နေတဲ့မျက်နှာ....

မေမေရဲ့ပျော်ရွှင်နေတဲ့မျက်နှာ..

ဖေဖေရဲ့ညှိငယ်နေတဲ့မျက်နှာ...

ဖေဖေရဲ့ပျော်ရွှင်နေတဲ့မျက်နှာ..

ဧပရယ်လ်ရဲ့နေ့တရက်မှာ...

သာယာတဲ့အိမ်လေးထဲမှာ..

တို့မိသားစုလေး...

ပြန်ဆုံကြပါစို့...။


အမှတ်တရ....(မြတ်လေးငုံ)။နင်တို့မိသားစုလေးလဲအမြန်ဆုံးပြန်တွေ့ရပါစေသူငယ်ချင်း...။
နင့်ကိုအမြဲအားပေးနေမှာပါသူငယ်ချင်း......။

ဝေးကွာပြီးနေကြရတဲ့သားသမီးနဲ့ မိဘတိုင်း အမြန်ဆုံးပြန်လည်ဆုံတွေ့ကြရပါစေ။
ကျမတို့ခေါင်းဆောင်အပါအဝင်မိဘတိုင်းကိုစာနာနားလည်မှုတွေနဲ့အတူဒီစာလေးကိုရေးလိုက်ပါတယ်။
တက္ကသိုလ်အေးမောင်ဆိုခဲ့တဲ့(ဘယ်ပန်းချီရေးလို့မမှီဆိုတဲ့သီချင်း)လေးအတိုင်းပါဘဲရှင်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*