10 September 2011

တရုတ်-မြန်မာမီးရထားလမ်း စီမံကိန်းအတွက်လျော်ကြေးများပေးမည်ဟု အစိုးရ ကတိပြု

(Monster and Critics မှ သတင်းကို Y C မှ ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်ဒေသအထိ ဖောက်လုပ်မည့် ကီလိုမီတာ ၈၀၀ ရှည်လျားသော မီးရထား လမ်းတစ်လျှောက်ရှိ မြေပိုင်ရှင်များအား မြန်မာအစိုးရကလျှော်ကြေးပေးသွားမည်ဟု ကတိပြု ပြောဆိုလိုက်ကြောင်း သတင်းပေးပို့ချက်များအရ သိရ သည်။

မြန်မာ့မီးရထားဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အဆိုပါ စီမံကိန်းကြောင့် နိုင်ငံသားများ လိမ်ညာ လှည့်ဖြားခြင်းမခံရအောင် လုပ်ဆောင်သွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားပါကြောင်း ပြောကြားလိုက်သည်။ ယင်းမီးရထားလမ်းသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ တရုတ်နိုင်ငံ နယ်စပ်ဒေသမူဆယ်မြို့အထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဂျာနယ်က ရေးသား ဖော်ပြထားသည်။

‘ဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ အသေးစိတ်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင် နေပါတယ်။ အဲဒီလိုစေ့စပ်တဲ့ နေရာမှာ ရထားလမ်းဖောက်တဲ့အခါ အသုံးပြုရမယ့်မြေယာတွေအတွက် လျော်ကြေး ပေးဖို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေကို အကာ အကွယ် ပေးဖို့ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒုက္ခရောက်မှာမဟုတ်ပါဘူး” ဟု ဝန်ကြီးက ဆို သည်။

အဆိုပါ မီးရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထိုသို့သော မြန်မာပြည်တွင်း ဧရာမစီမံကိန်းကြီးများလုပ်ကိုင်ရာ၌ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရခြင်းအပါအဝင် အခြား သော မတရားမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း ၎င်းတို့က အတိတ်ကာလမှ ဖြစ်ရပ်များကို ဥပမာပေးကာ ထောက်ပြပြောဆိုကြသည်။

“တကယ်လို့ မြေယာတွေဟာ ပုဂ္ဂလိကပိုင်ဖြစ်တယ်ဆိုရင် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး တန်ဖိုး သတ်မှတ်မှာ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီ အနေနဲ့ တန်ဖိုးအတိုင်းမြေပိုင်ရှင်ကို လျော်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် တရုတ်နိုင်ငံပိုင် မီးရထားအင်ဂျင်နီယာ ကော်ပိုရေးရှင်းတို့အကြား ကန်ထရိုက် ချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ရာ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ဦးအောင်မင်း သည် ဧပြီလ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့သော မြန်မာအစိုးရ ကက်ဘိနက်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူ-မူဆယ်ရထားလမ်း စီမံကိန်းပြီးဆုံးရန် ငါးနှစ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း၊ စီမံကိန်းကို တည်ဆောက်ရေး၊ လုပ်ကိုင် လည်ပတ်ရေးနှင့် လွှဲပြောင်းပေးရေးကန်ထရိုက်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီစီမံကိန်းအတွက် ဒေါ်လာ ၂၀ ဘီလီယံလောက်ကုန်ကျမှာပါ။ စီမံကိန်းပြီးသွားရင် ကျွန်တော်တို့အနေနဲ့ တရုတ်ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့်ပေးရမှာပါ” ဟု ဝန်ကြီးက ဆိုသည်။ ယင်းရထားလမ်းသည် တစ်လမ်းသွား ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ခန့်မောင်းနှင်နိုင်မည့် လျှပ်စစ်ရထားများခုတ်မောင်းနိုင်မည်ဖြစ်ကာ ခရီးသည်များ အပါအဝင် ကုန်တန်ချိန် ၄၀၀၀ ခန့်တင်ဆောင်နိုင်မည်ဟု ဆိုသည်။ ရထားလမ်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်လိုင်း၏ လမ်းကြောင်းအတိုင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စွမ်းအင်ပိုက်လိုင်းနှစ်ခုမှာလည်း တရုတ် နိုင်ငံပိုင် ကုမ္ပဏီတစ်ခုက တာဝန်ယူဖောက်လုပ်ခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရထားလမ်းနှင့် စွမ်းအင်ပိုက်လိုင်းစီမံကိန်း နှစ်ခုစလုံးသည် တရုတ်ပြည်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်စက လျှော့ချနိုင်ရန် ဒီဇိုင်းဆွဲထား ခြင်းဖြစ်သည်။ “ဒီရထားလမ်းဖောက်လုပ်ပြီးစီးသွားခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာကို ကုန်ပစ္စည်းတွေ သယ်ယူတင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

မြန်မာအစိုးရသည် တောင်ဘက် တနင်္သာရီတိုင်း ထားဝယ်မှ ထိုင်းနိုင်ငံ ကချနာဘူရီသို့ မီးရထားလမ်း သွယ်တန်းဖောက်လုပ်ရန်လည်း စဉ်းစား လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် Intal-Thai Development ကော်ပိုရေးရှင်းက အဆိုပါထားဝယ်အနီး ရေနံဆိပ်ကမ်း တည်ဆောက်ရေးနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြန်မာအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

နိုင်ငံတော်သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်မှုကို ပြည်သူအများ မျှော်လင့်နေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတကြီးထံ မေတ္တာရပ်ခံခဲ့သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား အမြန်ဆုံး ထုတ်ပြန်ပေးရန်ကို ပြည်သူအများက မျှော်လင့်နေကြကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွင် အရေးအကြီးဆုံးအချက် ဖြစ်သည့်အတွက် ယင်းအမိန့်ကို အမြန်ဆုံးထုတ်ပြန်ပါက မြန်မာ့ နိုင်ငံရေး၏ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည်ဟု ယူဆရမည် ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ပြည်ပရောက် မြန်မာနိုင်ငံသားများကို အရေးယူခြင်းမရှိဘဲ မိခင်နိုင်ငံသို့ ပြန်လာစေရေးစသည့် ကိစ္စရပ်များ ပါဝင်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် အစိုးရသစ်၏ နိုင်ငံတကာတွင် တရားဝင်မှု အခြေအနေကို လက်ခံစေနိုင်မည့် အရေးကြီးသော အချက်များ ဖြစ်ကြောင်း ယင်းကဆိုသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြင်တာဒီကိစ္စရပ်တွေပဲ၊ တိုင်းရင်းသား လူမျိုးစုကိစ္စတွေကိုတောင် ဒီလောက်မမြင်ဘူး”ဟု ယင်းက ဆက်လက်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များအရ လွှတ်တော်၏ တင်ပြချက်ကို သမ္မတအနေဖြင့် စဉ်းစားရမည်ဖြစ်ပြီး အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် ဆက်လက်ထုတ်ပြန်ပေးရေအဆိုသည် လူကြိုက်များသည့် အဆိုဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် အပြုသဘော ဆောင်ကာ စဉ်းစားမည်ဟု မှတ်ယူထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပြသည်။

“ကျွန်တော်တို့အမြင်ရတော့ ဒီအဆိုအောင်မယ်”ဟု ယင်းက ဆိုသည်။

ယင်းအဆိုအောင်မြင်ပါက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ခြင်း ရှိ/မရှိကို မည်သူကတာဝန်ခံမည်ဟု ထင်သနည်းဆိုသည့် မေးခွန်းကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း ပြည်တွင်း နိုင်ငံရေးပါတီများကို မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို မစ္စတာကွင်တားနားက ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် ပြည်တွင်းရှိ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံချိန် တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ၊ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးကို လုပ်ဆောင်နေသော်လည်း ဝန်ကြီးဌာနပေါင်းစုံဖြင့် ပူးပေါင်းလုပ်ဆောင်နေရသည့် အတွက် အချိန်ကာလတစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိနေပြီး ယင်းအကျဉ်းသားများသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးကို ဆောင်ကြည်းနိုင်ရန် မျှော်မှန်းချက်ဖြင့် လုပ်ဆောင်ခဲ့သူများ ဖြစ်သဖြင့် ယင်းတို့ လွတ်မြောက်လာခြင်းသည် နိုင်ငံတော် တည်ဆောက်ရေးတွင် အားတစ်ခုအသွင်ဆောင်နိုင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာ ကွဲကွာနေသော မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းနိုင်ရန်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်ပေးမည့် နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အစိုးရသစ်တက်ပြီးနောက်တွင် အကျဉ်းသားများအတွက် တစ်နှစ်လျော့ခြင်းအပြင် သေဒဏ်ချမှတ် ခံထားရသူများ ကို တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲသည့် အမိန့်အား မေလတွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းအမိန့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားပေါင်း ၁၄၆၁၅၀ ကျော်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၅၀ မပြည့်ကြောင်း သိရှိရသည်။

သတင်း... YC(KS)

နိုင်ငံရေး​အကျဉ်းသားမိ​သားစုများအ​ကျိုှးှဆော​င်ကွန်ယက် ကြေငြာချက်​ [ 9.9.2011 ]

Copy of Political Situation
ပေးပို့ပေးသော အားဘီ အားကျေးဇူးပါ.။

09 September 2011

မြန်မာနိုင်ငံရှိ ကစားစရာသာသာ လက်နက်များ

(8 September 2011 ရက်စွဲပါ Asia Times Online မှ Bertil Lintner ၏ Toys for the boys in Myanmar ကိုY C မှ ဘာသာပြန်သည်)

Google earth တွင် သီးခြား အညိုနုရောင် အကွက်များကို တွေ့နိုင်သည်။ ယင်း အကွက်များသည် မြန်မာနိုင်ငံ၏ တောထဲမှ ထိုးထွက်နေ သော အဆောက်အဦကြီးများကို ပြသနေခြင်း ဖြစ်သည်။ မန္တလေးမြို့၏ အရှေ့ဖက် တောင်ပေါ်များတွင်လည်း အစက်အပြောက်အချို့ တွေ့ရသည်။

အများစုမှာ လူဦးရေ ထူထပ်သောနေရာများတွင် ရှိပြီး လုံခြုံရေး အကြောင်းပြချက်အတွက် ဖြစ်သည်။ သို့သော် ခေတ်သစ် ဒီဂျစ်တယ် ကမ္ဘာတွင် မြန်မာနိုင်ငံတွင်ပင် စစ်တပ်နှင့်ပတ်သက်သော တပ်ဆင်မှုအသစ်များ အတွက် နေရာကို လျှို့ဝှက်မထားနိုင်ပေ။

မြန်မာနိုင်ငံတွင် ၁၉၈၈ တွင် အစိုးရကို ဖယ်ရှားနိုင်ခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုများ အပြီးတွင် ယင်း၏ စစ်တပ်နှင့် စစ်ပစ္စည်းများကို ကြီးမားစွာ တိုးချဲ့ခဲ့သည်။ သို့သော် တိုးချဲ့မှုမှာ စနစ်ကျနမှု မရှိပေ။ စစ်သား ပီသသော တိုက်ခိုက်ရေးအင်အားစုကြီးကို တည်ဆောက်ရမည့်အစား စစ်အစိုးရက ယင်း၏ရှင်သန်မှုအတွက် ယင်းအပေါ် သစ္စာရှိသော အရာရှိအုပ်စုများကို မွေးထုတ်ရန်ကိုသာ အလေးပေးခဲ့သည်။

မြန်မာစစ်တပ်မှ မကြာမီက ထွက်ပြေးလာသူများက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၁၉၈၈ ပြီးကတည်းက တိုက်ခိုက်ရေးတပ်ရင်းများနှင့် အခြေချတပ်များ များစွာတိုးလာခဲ့သည်ဟု ဆိုသည်။ သို့သော် အများစုမှာ စစ်တပ်အတွင်းသို့ ဇွတ်အတင်းဝင်ခိုင်းထားခြင်း ဖြစ်ပြီး လစာနည်းပါးစွာသာ ပေးထားပြီး ဆိုးရွားသော စိတ်ဓာတ် မြှင့်တင်ရေးအခြေအနေတွင် ရှိသည်ဟု ပြောကြသည်။

မြန်မာစစ်တပ်အတွင်းမှ လာသော သတင်းများ၏ အဆိုအရ မြန်မာစစ်တပ် အင်အားမှာ တစ်ခါတစ်ရံ အနောက်နိုင်ငံ ဝေဖန်သူများကပါ ဖော်ပြ ကြသည်မှာ သုံးသိန်းမှ လေးသိန်းကြားတွင် ရှိသည်ဟု ဆိုသကဲ့သို့ မဟုတ်ပဲ ဖောင်းပွထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ အချို့သတင်းများက ဆိုသည်မှာ တကယ့်အရေအတွက်မှာ အဆိုပါ အရေအတွက်၏ တစ်ဝက်ထက် နည်းသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုအစိုးရသည် လွန်ခဲ့သောနှစ် ၂၀ ကတည်းက တိုင်းရင်းသား သူပုန်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရာရှိများရော စစ်သားများပါ စစ်ပွဲ အတွေ့အကြုံများ နည်းပါးခဲ့သည်။

၁၉၈၈ အရေးအခင်း မတိုင်မှီနှင့် တိုင်းရင်းသား သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရယူမီက မြန်မာစစ်တပ်သည် လက်နက် အင်အား ချို့တဲ့သော်လည်း ကြမ်းတမ်းစွာ စွမ်းရည်ရှိသော ခြေလျင်တပ် အင်အားစု ရှိသည်ဟု နာမည်ကြီးသည်။ စစ်သားများသည် နှစ်စဉ် စစ်ဆင်ရေး များကို ခက်ခဲသော နယ်မြေများတွင် ခက်ခဲသော စစ်ပွဲများ ပြုလုပ်ခဲ့ရခြင်းကြောင့် ခေတ်သစ်အာရှတွင် စစ်ပွဲ စွမ်းရည်ပြည့်ဝသော စစ်တပ်ဖြစ်ခဲ့သည်။

"အခုတော့ စစ်သားတွေ ဘာမှ မလုပ်တော့ဘူး။ သူတို့မှာ ယူနီဖောင်း အသစ်တွေ၊ ပိုကောင်းတဲ့ လက်နက်တွေ ရှိပါတယ်။ အရာရှိတွေ မှာလည်း ဟိုးအရင်က အိပ်မက်တောင် မမက်ဖူးတဲ့ ငွေတွေ သုံးနိုင်တယ်။ ကားတွေ၊ ဂေါက်ကလပ်တွေ၊ မိန်းမတွေ အကုန်ရှိတယ်။ စစ်သားပီသတဲ့ စိတ်ကလွဲလို့ အကုန်ရှိပါတယ်" ဟု အမည် မဖော်လိုသူ စိတ်ပျက်လက်ပျက် ဖြစ်နေသူ မြန်မာ စစ်တပ် အရာရှိဟောင်း တစ်ဦးက ပြောသည်။ တစ်ချိန် တည်းမှာပင် သာမန် ရိုးရိုး စစ်သားလေးများ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ပါ ဝင်စားမှုမှာလည်း နိမ့်ကျနေသည်ဟု ဆိုကြပြီး၊ စစ်တပ်မှ ထွက်ပြေး သော နှုန်းမှာလည်း မြင့်တက်လျက် ရှိသည်။

အကျိုးဆက်အားဖြင့် မကြာသေးမီက ကချင်များနှင့်လည်းကောင်း၊ ရှမ်းသူပုန်များနှင့် တိုက်ပွဲများတွင် သေဘေး တွေ့ခဲ့ရသည်။ လနှင့်ချီ၍ တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ရှမ်းပြည် တပ်မတော် (SSA) ၏ အဓိက စခန်းတစ်ခုကိုပင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ထို့အတူ တရုတ်နယ်စပ် အနီးရှိ KIA အခြေစိုက် စခန်းအား သိမ်းပိုက်ရန် ကြိုးစားစဉ် စစ်တပ်တွင် သွေးထွက်သံယို များခဲ့သည်။

စစ်ပွဲအတွေ့အကြုံ နည်းပါးမှုကို ဖြည့်ဆည်းရန်နှင့် အရာရှိများ လက်နက်သစ်များနှင့် စိတ်ဓာတ် မြှင့်တက်စေရန် အတွက် အစိုးရသည် ၁၉၈၉ ခုနှစ် ကတည်းက ကြီးမားသော ပစ္စည်း ဝယ်ယူမှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၀ နှစ်များ တစ်လျှောက်လုံး မြန်မာ စစ်တပ်သည် စစ်တပ် အသုံးအဆောင် ပစ္စည်းများကို တရုတ်ထံမှ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံဖိုး ခန့်ဝယ်ယူခဲ့သည်။ လေယာဉ်ပစ် လက်နက်များ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ တိုက်လေ ယာဉ်များ၊ ရေတပ်သင်္ဘောများ၊ သံချပ်ကာ ကားများ၊ ထရပ်ကားများ၊ ခဲယမ်းမီးကျောက်များ၊ ဒုံးကျည် လောင်ချာများ ဝယ်ယူခဲ့သည်။ ထို့အပြင် လက်နက် အချို့နှင့် စစ်တပ်အမာထည် (Military hardware) များကို ရုရှား၊ စင်္ကာပူ၊ ယူကရိန်း၊ မြောက်ကိုးရီးယား စစ်တပ်များအပြင် ပါကစ္စတန်၊ ပေါ်တူဂီနှင့် ယခင် ယူဂိုဆလားဗီးယား တို့ထံမှလည်း တစ်ချိန်က ဝယ်ယူခဲ့ဖူးသည်။

ပြည်တွင်းဖြစ် ကာကွယ်ရေး (Homegrown defence)

မကြာသေးမီ နှစ်များအတွင်း တိုင်းပြည်တစ်ဝှမ်း သစ်တောများ ရှင်းပြီး ပြည်တွင်းဖြစ် ကာကွယ်ရေး ပစ္စည်း စက်ရုံများ လျင်မြန်စွာ တိုးချဲ့ခဲ့ သည်။ ၁၉၈၈ မတိုင်မီက ထိုကဲ့သို့သော စက်ရုံမျိုး ဒါဇင်ဝက်ထက် မပိုခဲ့ပေ။

ယနေ့အချိန်အခါတွင် ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၀ ကျော် ရှိနေပြီ ဖြစ်ရာ ထိုအထဲတွင် Missile ကဲ့သို့သော လက်နက်သစ်အတွက် သုတေ သနပြု အဆောက်အဦများ မပါဝင်ပေ။ မြန်မာစစ်တပ်သည် နျူကလီယာ သုတေသနပြု လုပ်ငန်းများ ပြုလုပ်နေခြင်းအတွက် လည်း နာမည်ကြီးသည်။ မြန်မာနိုင်ငံမှ ယမန်နှစ်က ထွက်ပြေးလာသူ အချက်ပေး ဝီစီမှုတ်သူ စစ်တပ် အရာရှိဟောင်း စိုင်းဝင်းသိန်းကမူ ထိုပရောဂျက်များသည် အသုံးပြုနိုင်သော နျူကလီယာ လက်နက် မထုတ်နိုင်သေးဟု ဆိုသည်။

"ဂျာမနီလုပ် စက်တွေ စင်္ကာပူက ရောက်လာတော့ ကျွန်တော့ တပ်မှူးကို မေးတယ်။ ဒီစက်တွေ ဘယ်သူ ကိုင်မှာလဲ ဆိုတော့ သူက မင်းကိုင်ရ မှာ လို့ ပြောတယ်။ ကျွန်တော်က စက်ရုံတွေမှာ မလုပ်ဖူးဘူး။ ကျွန်တော် ရုရှားမှာ ပညာသင်လာပါတယ်။ ဒီတော့ ကျွန်တော် သိတာကတော့ လုပ်မယ့် ရည်ရွယ်ချက်နဲ့ ဒီစက်တွေ မကိုက်ညီဘူး ဆိုတာတော့ သိတယ်။ ဒီ နျူကလီယာ အစီအစဉ်က မဖြစ်နိုင်တဲ့ လက်တွေ့မကျတဲ့ အိပ်မက်ပါပဲ"ဟု စိုင်းသိန်းဝင်းက Asia Times Online နှင့် မကြာသေးမီက အင်တာဗျူးတွင် ပြောခဲ့သည်။

ကပခ ဟု ခေါ်သော ကာကွယ်ရေး ပစ္စည်း စက်ရုံများသည် ယခင်က ရန်ကုန်အနီးတွင် လည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ပြည် အနီးနှင့် မကွေး အနီးတွင်သာ ရှိသည်။ မြန်မာ စစ်တပ်နှင့် ပတ်သက်သော သြစတြေးလျ ပညာရှင် Andrew Selth ၏ အဆိုအရ ၁၉၈၈ မတိုင်မီက အဆိုပါ စက်ရုံများသည် အော်တိုမက်တစ် ရိုင်ဖယ်၊ မရှင်းဂန်းအပေါ့စား၊ မော်တာအသေး၊ ဗုံး၊ မိုင်းနှင့် ခဲယမ်းများသာ ထုတ်လုပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၅၀ ခုနှစ်များ ကတည်းက ကာကွယ်ရေး ပစ္စည်း စက်ရုံများ ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည်။ ထိုစဉ်က စက်ရုံအသေးလေးမှ ကျည်ဆံများနှင့် အီတလီ 9mm TZ 45 ဆပ်မရှင်းဂန်းနှင့် ပုံစံတူ "နေဝင်း စတင်းဂန်း"ကို ထုတ်လုပ်ခဲ့သည်။

Selth က မြန်မာ့ လက်နက်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဂရပ်ရေးဆွဲခဲ့ရာ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ၁၉၉၇ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ လက်နက် ထုတ်လုပ်ရေးသည် ၁၉၅၇ တွင် အဓိက မြင့်တက်လာခဲ့ပြီး အနောက် ဂျာမနီ နိုင်ငံပိုင် ကုမ္ပဏီဖြစ်သော Fritz Werner GmbH သည် ရန်ကုန်တွင် Gewehr 3 (G3) အော်တိုမက်တစ် ရိုင်ဖယ် ထုတ်လုပ်ရန် သဘောတူခဲ့သည်။ အဆိုပါ ထုတ်လုပ်မှုအတွက် ငွေကို အနောက် ဂျာမနီ အစိုးရက ထောက်ပံ့ခဲ့သည်။

အနောက်ဂျာမနီ၏ ထောက်ပံ့ကူညီမှုများသည် ၁၉၈၈ နောက်ပိုင်းတွင် ရပ်သွားပုံရသည်။ ၁၉၈၈ အရေးအခင်းတွင် စစ်တပ်မှ သွေးထွက်သံယို နှိပ်ကွက်မှုများအပေါ် နိုင်ငံတကာမှ ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ သို့သော် အဆိုပါ အနောက်ဂျာမနီကုမ္ပဏီအတွက် ဌာနတွင်း စာရင်းစစ်၏ ၁၉၉၀ မတ်လ ၃၁ အစီရင်ခံစာတွင် စတော့လယ်ဂျာတွင် နိုင်ငံခြားမှ တင်သွင်းထားသော ကုန်ကြမ်းများ တွေ့ရှိရပြီး မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းသို့ တိုက်ရိုက်ပေးပို့ထားသည်ဟု ဆိုသည်။ ဦးလှထွန်း အုပ်စုမှ Fritz Werner ၏ စာရင်းကိုင်များ၏ အစီရင်ခံစာတွင် အကြီးစား စက်မှုလုပ်ငန်း စက်ရုံများ ရှိရာ ရန်ကုန် ပြည်တစ်ဖက်ကမ်း ဆင်တဲနှင့် ညောင်ခြေထောက် မင်းလှအနီး မလွန်တို့ကို ဖော်ပြထားရာ ထိုနေရာများသည် ထိုစဉ်က အရေးကြီးသော ကာကွယ်ရေး ပစ္စည်းစက်ရုံများ ရှိသည်။

Fritz Werners သည် မြန်မာနိုင်ငံတွင် လှုပ်ရှားနေဆဲ ဖြစ်သည်။ သို့သော် စိုင်းသိန်းဝင်းနှင့် အခြား သူများ၏ အဆိုအရ ယင်းသည် စစ်သုံး ပစ္စည်းများ ထုတ်လုပ်မှုတွင် ပါဝင်နေဆဲ ဆိုသည်ကို သံသယ ရှိသည်ဟု ဆိုသည်။ Fritz Werners သည် ၁၉၈၄ တွင် မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းနှင့် ဖက်စပ် ပြုလုပ်သော ပထမဆုံး နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်များ ထုတ်ခဲ့သည်။

ယခင် ထုတ်လုပ်သော G2, G3, G4 များနေရာတွင် မြန်မာ့ ရာသီဥတုနှင့် ကိုက်ညီသော ပိုမို ပေါ့ပါးသည့် ခြေလျင်သုံး လက်နက်များ အစားထိုး ထုတ်လုပ်ခဲ့သည်။ Myanmar Army အတိုကောက် MA1, MA2, MA3, MA4 နှင့် 5 တို့ကို တရုတ်ဒီဇိုင်းနှင့် ဆိုဗီယက်၏ Kalashnikov နှင့် Makarov ပစ္စတို ဒီဇိုင်းကို အခြေခံ ထုတ်လုပ်ထားသည်။ MA စီးရီးအသစ်ကို ရန်ကုန်ရှိ ကပစ ၁ တွင် ထုတ်လုပ်သည်။ မလွန်ရှိ ကပစ(၂)တွင် မော်တာများ၊ အမြောက်ပစ္စည်းများ ထုတ်ပြီး စင်္ကာပူက ဆောက်ပေးသော စမ်းသပ် ပစ်ခတ်သည့် နေရာ ရှိသည်။

လည်ပင်းဖက် ညီအစ်ကိုများ

ဒုံးကျည် (missile) သုတေသနနှင့် ထုတ်လုပ်မှုကို မလွန်အနီးရှိ ကုန်းကြီးရွာရှိ အသစ်ဆောက်ထားသော ကပစ (၁၀)တွင် ထုတ်လုပ်သည်။ ထိုနေရာတွင် မြောက်ကိုးရီးယား ပညာရှင်များ၊ တရုတ်များ၊ ရုရှားများလည်း တွေ့ရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား ဒီဇိုင်း Scud-type-Hwasong 6 ဒုံးကျည်ထုတ်လုပ်ရန် စိတ်ဝင်စားသည်ဟု ဆိုသည်။ သို့သော် မေးရမည့်မေးခွန်းမှာ မြန်မာနိုင်ငံသည် အသုံးပြုနိုင်သည် missile ထုတ်လုပ်နိုင်ရန် နီးကပ်နေပြီလော ဟူသော မေးခွန်း ဖြစ်သည်။ မြောက်ကိုးရီးယား သင်္ဘောများသည် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင် လာသည် ဟုဆိုကာ မြန်မာ ဆိပ်ကမ်းများသို့ မကြာခဏ လာရောက်ခဲ့ရာ၊ အဆိုပါ ပစ္စည်းများသည် ကာကွယ်ရေး ပစ္စည်းစက်ရုံများတွင် လမ်းဆုံးသည်။

ဆင်တဲရှိ ကပစ ၃မှ ထုတ်လုပ်သော မော်တာ အဟောင်းနဲ့ အမြောက်ဆံ ထုတ်လုပ်သော စက်ရုံထက် စက်ရုံသစ် ကပစ ၁၂ ကပိုမို ကောင်းမွန်စွာ ထုတ်လုပ်နိုင်သည်။ ကပစ ၁၂ သည် မကွေးတိုင်း သရက်မြို့၏ စခန်းကြီး ကျေးရွာ တောင်ဖက်တွင် ဧက ၁၆၀၀၀ ရှိပြီး 60 mm, 81 mm, 105 mm နှင့် 120 mm မော်တံဆံများ ထုတ်လုပ်သည်။

မြန်မာ စစ်တပ်တွင်းမှ သတင်းများ အဆိုအရ ကပစ ၁၂ မှ စက်များကို ချက်ရီပဗလစ်မှ တင်သွင်းပြီး ထိုနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တပ်ဆင်ခဲ့ သည်ဟု ဆိုသည်။ အဆိုပါ စက်များမှာ ခေတ်မှီ လျှပ်စစ်ဖြင့် ထိန်းချုပ်သော စက်များ ဖြစ်၍ မြန်မာနိုင်ငံတွင် ခေတ်အမှီဆုံးဟု ယူဆရသည်။

လက်နက်ငယ်များ ထုတ်လုပ်သော စက်ရုံမှာ ပဲခူးတိုင်း တိုက်ကြီးမြို့နယ်ရှိ ကပစ ၁၁ တွင် ဖြစ်သည်။ ယင်းသည် MA စီးရီး အတွက် တောင်ကိုရီးယား၏ ဒေဝူးမှ ရရှိသည်ဟု ဆိုသည်။

ထူးဆန်းသော စက်ရုံတစ်ခုမှ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ စေတုတ္တရာတွင် ရှိသည်။ ကပစ ၂၀ ဟု အမည်တပ်ထားပြီး ဧက တစ်သိန်း ကျယ်ဝန်းပြီး Google Earth တွင် ကြည့်ရသည်မှ ရဟတ်ယာဉ် ဆင်းရန် နေရာနှင့် ရှည်လျားသော အဆောက်အဦများ တွေ့ရသည်ဟု ဆို သည်။

ယင်းတွင် ဝန်ထမ်းများ အဖြစ် စစ်သား (၄၀၀)၊ စစ်အင်ဂျင်နီယာများ၊ အရာရှိများ ဖြစ်ပြီးအများစုမှာ ရုရှားတွင် နျူကလီယာ ရူပဗေဒ သင်ကြား လာသူများဖြစ်သည်။ နျူကလီယာ သုတေသန ပြုလုပ်ခြင်းနှင့် ဆက်စပ်မည်ဟု ခန့်မှန်းရသည်။ ကပစ ၂၀ နှင့် ကပ်လျက်တွင် အဆိုပါ စက်ရုံအား မီးမှန်မှန် ပေးနိုင်ရန် ရေအားလျှပ်စစ် စက်ရုံသစ် ရှိသည်။

မကွေးတိုင်း ဆင်ပေါင်ဝဲရှိ ကပစ ၈ တွင် တင့်ကား အစိတ်အပိုင်းများ ထုတ်သည်။ ပန်တောင်းရှိ ကပစ ၉ တွင် MA သေနတ်များအတွက် ကျည်ဆံများ ထုတ်သည်။ ပြည်ရှိ ကပစ ၇ တွင် ပင်လယ်မိုင်းများနှင့် သံချပ်ကာ ကားများ ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်သည်။ ပန်းတောင်းအနီးရှိ ကပစ ၆ တွင် ခဲယမ်း မီးကျောက်များ ထုတ်ပြီး တရုတ်ပညာရှင်များက တည်ဆောက်ပေးသည်ဟု ဆိုသည်။ မကွေးတိုင်း လက်ပန်ရွာ အနီးရှိ ကပစ ၁၃ တွင် မိုင်းနှင့် အမြောက် အစိတ်အပိုင်းများ ထုတ်လုပ်သည်။

Asia Times Online မှ စိုင်းဝင်းသိန်းအား လက်နက်စက်ရုံများမှ ထုတ်လုပ်သော လက်နက်များ၏ စွမ်းဆောင်ရည်ကို မေးမြန်းခဲ့သည်။ ယင်း၏ အဆိုအရ စက်ရုံများမှာ မြန်မာနိုင်ငံ နေရာ အနှံ့တွင် ရှိနေပြီး ပူးပေါင်း ဆောင်ရွက်မှု ရရန် အလွန်ခက်ခဲကြောင်း ဆိုသည်။

"ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေကို စက်ရုံတစ်ရုံကနေ နောက်တစ်ရုံ မြန်မာပြည် ဖြတ်ပြီး ပို့နေရတယ်လေ။ စက်ရုံတစ်ခုက နောက်တစ်ခု ဘာလုပ် နေမှန်း မသိဘူး။ အဲတော့ ထွက်လာတဲ့ လက်နက်သစ် ဘာသုံးရတော့မှာလဲ" ဟု စိုင်းဝင်းသိန်းက ပြောသည်။

မြန်မာစစ်တပ်ကလည်း စစ်တိုက် အတွေ့အကြုံမရှိ၊ ကပစ စက်ရုံအမျိုးမျိုးက ထုတ်သော လက်နက်များကလည်း အရည်အသွေး မရှိပေ။

သို့သော် မြန်မာအစိုးရမှာတော့ ယင်း၏ ဦးစားပေးမှု အစီအစဉ်များကို အလျင်အမြန် ပြောင်းရန် ဆန္ဒ မရှိသည်မှာ ထင်ရှားသည်။ ကာကွယ်ရေး အသုံး စရိတ်မှာ အစိုးရ ဘတ်ဂျက်၏ ၅၀%ခန့် ရှိနေဆဲ ဖြစ်သည်။

မြန်မာဗိုလ်ချုပ်များ၏ စိတ်ထဲတွင် အစိုးရ တည်မြဲရေးသာ ဖြစ်၍ စစ်မြေပြင်တွင် အားနည်းမှုများကို လျစ်လျူရှုပြီး ယင်းတို့အား သစ္စာရှိပြီး ပံ့ပိုး နိုင်သည့် အရာရှိများကိုသာ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ဦးသန့် မြေးလာရောက်တွေ့ဆုံ

ကမ္ဘာကျော်နိုင်ငံရေးသမား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးသည် စက်တင်ဘာ ၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ကြောင်း NLD မှဦးဝင်းထိန်က ပြောသည်။

အမေရိကန်နိုင်ငံသား ဒေါက်တာသန့်မြင့်ဦးက အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုကြောင်း ခွင့်တောင်းခဲ့ပြီး နံနက် ၁ဝ နာရီခွဲတွင် စတင်ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ယခုကဲ့သို့တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒေါက်တာ သန့်မြင့်ဦးက“ကျွန်တော်ဘာမှမပြောလိုပါဘူး”ဟု ပြောဆိုခဲ့သည်။ ဒေါက်တာသန့်မြင့်ဦးနှင့် နှီးစပ်သူတစ်ဦး၏
ပြောဆိုချက်အရ ဒေါက်တာသည် နိုင်ငံရေးအရမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရလာရောက်တွေ့ ဆုံခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

"သူက ရန်ကုန်မှာ တခြားအလုပ်တခုနဲ့လာရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းတာပါ။ ဒီနေ့ပဲ လက်ခံတွေ့ဆုံ ပေးခဲ့ပါတယ်။ " ဟု ဦးအုန်းကြိုင်က ပြောသည်။ ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (Department for International Development-DFID) အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

ကင်းဘရစ်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိခဲ့သော ဒေါက်တာသန့်မြင့်ဦး အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားသော မြန်မာ့သမိုင်း ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သည့် ခြေရာပျောက်မြစ်နဒီ "The River of Lost Footsteps" စာအုပ်သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

သတင်း.. Peace Press

ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ခန်းအနီး မီးစက်ခန်းရှိ မီးအားမြှင့်စက်လောင်ကျွမ်း


မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မီးစက်ခန်း



ရန်ကုန်ဆေးရုံကြီး

ယနေ့ နေ့လည် ၃ နာရီ ခွဲအချိန့်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်အခန်းအနီးတွင် ထားရှိသော မီးစက်ခန်းမှ မီးအားမြှုင့်စက်လောင်ကျွမ်းကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ မီးစက်နှင့်သက်ဆိုက်သော ပစ္စည်းအချို့ မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း သိရသည်။

၃နာရီခွဲလောက်က ဖြစ်တာ၊ ငြိမ်းသွားပြီ မီးစက်ခန်းလည်း ပြန်ပြင်နေပြီ`ဟု ရန်ကုန်ဆေးရုံကြီးအတွင်းမီးစက် ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် ဆေးရုံတွင်းရှိ လူနာအချို့မှာ စိုးရိမ်ထိတ်လန့်ခဲ့ပြီး လျှပ်စစ်မီးများလည်း ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း..မြစ်မခ (မီဒီယာ)

08 September 2011

လူထုခေါင်းဆောင်ကပေးသော သင်ခန်းစာ


မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မူဝါဒများ လျော့ပေါ့လိုက်သည့် အကောင်းဆုံးပြယုဂ်တစ်ခုအဖြစ် ညွှန်းဆိုရမည့်အရာမှာ ဒေါ်အောင်ဆန်း စုကြည်၏ အင်တာဗျူးနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသော ဆောင်းပါးကို ပြည်တွင်း ဂျာနယ်နှစ်ခုတွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စ၏ နောက်ကွယ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းထက် ပိုမိုသော အကြောင်းအရာများ ရှိနေသည်။ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်လိုဟန်ပြခဲ့ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့် နောက်ပိုင်းတွင် လူထုခေါင်းဆောင်၏ အခန်းကဏ္ဍမှာ ပြည်သူလူထုအကြား ပို၍ ပီပြင်လာခဲ့သည်။ သို့ရာတွင် ဝန်ကြီးထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဖြစ်နိုင်သောဝန်ကြီးနှင့် မဖြစ်နိုင်သော ဝန်ကြီး ဟူ၍ ကွဲထွက်လာရာ ပြန်ကြားရေးဝန်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့သဖြင့် သူမကို လိုလားသူများထဲတွင် ဦးကျော်ဆန်း မပါဝင်ဟု မှတ်ချက်ချ၍ ရသည်။ ယခုတော့ ၎င်းဦးစီးသည့် စာပေစိ စစ်ရေးက လူထုခေါင်းဆောင်နှင့် ပတ်သက်သော စာပေများကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးကို စာပေစိစစ်ရေးမှ ပြင်ဆင်ဖြတ်တောက်ရန် ကြိုးပမ်းသဖြင့် သူမနှင့် စာပေစိစစ်ရေး ထိပ်တိုက်တိုးတော့မည်ဟု ပြည်ပမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ သက်ဆိုင်ရာဂျာနယ်မှ စာမူကို ပယ်ခြင်းမဟုတ်ကြောင်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ဆဲသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံရေး မာနကြီးလှသော လူထုခေါင်းဆောင်သည် သူမ၏ စာမူများ အပယ်ခံရပါက၊ အပြင်ခံရပါက ဖော်ပြခြင်းမပြုရန် မေတ္တာရပ် ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူမနှင့် ပြောဆိုထားသော အင်တာဗျူး၊ သူမကိုယ်တိုင်ရေးသားသော ဆောင်းပါး များကို ပြည်သူများဖတ်ရှုရပြီဖြစ်သလို ဖော်ပြခွင့်ရခဲ့သော ပြည်တွင်း ဂျာနယ်နှစ်စောင်အနေဖြင့် ပြည်ပမီဒီယာ ထက်ပို၍ သြဇာရှိကြောင်း ပြသနိုင်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။

လူထုခေါင်းဆောင်၏ အင်တာဗျူးတွင် လူငယ်ထု အကြောင်းကို အသားပေး၍ မေးမြန်းဖြေကြားထားသည်ကို တွေ့ရသည်။ ဖတ်ရသူအချို့က ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ရဲ့လားဟု သံသယပွားရလောက်အောင်ပင် စိတ်ဝင်စားလောက်ဖွယ် အကြောင်းအရာ ကြီးကြီးမားမား မတွေ့ရပါ။ လူငယ် ထုကို စာများများ ဖတ်ဖို့သာ အကြံပြုထားသည်။ မေးသည့် မေးခွန်းက နိုင်ငံရေးအား မပါ၍ဟု ယူဆရမည်ဆိုပါက မေးသူ သတင်းထောက်၏ ညံ့ဖျင်းမှု မဟုတ်ပေ။ သတင်းထောက်ဆိုသည်မှာ စာပေစိစစ်ရေးအကြောင်း နောကျေအောင်သိထား၍ ပထမဆုံး ဖော်ပြခွင့်ရမည့် လူထုခေါင်းဆောင်နှင့် အင်တာဗျူးကို အပယ်မခံနိုင်၍ ငြိစွန်းနိုင်သည့် မေးခွန်းမေးမြန်းခြင်း မပြုခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍ မေးလာလျှင် လူထုခေါင်းဆောင်သည် ဖော်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမယုံကြည်ချက်အတိုင်းသာ ဖြေကြားမည်ဖြစ်သည်။ သို့သော် ပြည်သူလူထုသည် ၎င်းတို့ချစ်သော လူထုခေါင်းဆောင်၏ အင်တာဗျူးကိုတော့ ဖတ်ခွင့်ရခဲ့ပြီဖြစ်သည်။ ဆိုခဲ့သလိုပင် အင်တာဗျူးတွင် လူထု စိတ်ဝင်စားလောက်မည့် ကိစ္စမျိုး မပါဝင်ပေ။ လူငယ်နှင့် စာဖတ်ခြင်း အကျိုးကို အသားပေးပြောထားသည်။ သင်ခန်းစာယူစရာမှာ လူငယ်တွေ အပျော်ဖတ်ဝတ္ထုများမှ ခွဲထွက်၍ အကျိုးရှိမည့်စာပေများ လေ့လာရန်နှင့် ယနေ့ခေတ် လူငယ်တို့မှာ ကံကောင်းကြောင်း၊ အထူးသဖြင့် ယခင်ခေတ်က ကျောင်းသားနှင့် ယှဉ်လိုက်လျှင် အိုင်တီပညာရပ်ကို အကျွမ်းတဝင် ရှိခြင်းမှာ အားသာချက်တစ်ခုဖြစ်ကြောင်း ဖြေကြားထားသည်မှာ လူငယ်များ သတိပြုစရာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း စကားဟုပင်ဆိုစေကာမူ ယူတတ်လျှင် ယနေ့ခေတ် လူငယ်သည် သင်ယူ စရာများစွာ ရှိနေ သည်ကို ပြဆိုနေသည်။

ဒုတိယ တစ်ကြိမ်မှာတော့ သူမ၏ ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး အပန်းဖြေနေ့ရက်များဟု ခေါင်းစဉ်တပ်ထားသည်။ သူမနှင့် သူမ၏ သားငယ် ကိုထိန်လင်းတို့ ပုဂံသို့ ဘုရားဖူးသွားရောက်သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်းသာ ဖြစ်သည်။ ဆောင်းပါးအစတွင် သူမ၏ငယ်ဘဝ ခရီး အတွေ့အကြုံများ၊ နိုင်ငံတကာခရီး အတွေ့အကြုံများကို ရေးသားထားသည်။ ပြည်သူတို့ သိချင်သော သူမဘဝ၏ တစ်စိတ်တစ်ဒေသကို မြင်တွေ့ရသည်။ ခွေးကလေး၏ နာမည်ကို ဂျပန်နာမည်ပေးထားခြင်းက သူမ၏ ဖခင်အကြောင်းနှင့် ရဲဘော်သုံးကျိပ်အကြောင်းကို လေ့လာရန် ဂျပန်နိုင်ငံသို့ သွားရောက် စာသင်ခဲ့သည့် သူမဘဝ တစ်စိတ်တစ်ပိုင်းကို တွေ့ရသည်။ ခရီးသွားဆောင်းပါးတွင် ဦးခွန်သာမြင့်နှင့် ဦးဟန်သာမြင့်တို့ ညီအကိုနှစ်ဦးအကြောင်းကို သတိတရ ရေးသည်။ ဦးခွန်သာသည် သူမ၏ အနီးကပ်လူယုံ၊ အရေးပါ သည့် လုပ်ဖော်ကိုင်ဖက်၊ သူမ၏ဖခင် ဗိုလ်ချုပ်နှင့် ထိုညီအကိုတို့၏ဖခင် ဦးသိန်းဖေမြင့်တို့သည် ငယ်စဉ်တည်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး နောက်ပိုင်းတွင် နိုင်ငံရေးအယူအဆ ကွဲပြားသွားစေကာမူ တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုများကို အပြန်အလှန် လေးစားသမှုရှိခဲ့ခြင်းက သားသမီးများ ရဲဘော်ရဲဘက်များအဖြစ် လုပ်ကိုင်လာနိုင်စေရန် လမ်းပြနိုင်ခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စသည် လွယ်ကူသော ကိစ္စမဟုတ်ဟု သူမကိုယ်တိုင် ရေးသား ထားသည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ သင်ခန်းစာ ယူဖွယ်ပင် ဖြစ်သည်။ အဖေတွေက နိုင်ငံရေး ပြိုင်ဘက်၊ သားသမီးတွေက ရဲဘော်ရဲဘက်၊ သို့သော် ဖခင်တွေက သိက္ခာရှိသူတွေပီပီ တစ်ဦးနှင့် တစ်ဦး အယူ အဆမတူစေကာမူ လေးစားသမှုရှိရှိ စံပြနေထိုင်ခဲ့ခြင်းကြသဖြင့် မတူကွဲပြားမှုများကို လက်ခံနားလည်နိုင်မှု၊ လူလူချင်း လေးစားမှုများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ခဲ့သည်မှာ အတုယူစရာကောင်းသည်။ ငါ့အဖေ၊ ငါ့ဦးလေးမရှိ၊ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ အတွက် သင်ခန်းစာပေးသည့် ဆောင်းပါး တစ်ပုဒ်ပင်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ယခုအချိန်မှာ အပြောင်းအလဲကာလ ဖြစ်သဖြင့် အရာရာကို မြေစမ်းခရမ်းပျိုးရသော အခြေအနေတွင်သာ ရှိနေသေးသည်။ ယခု လူထုခေါင်းဆောင်၏ စိတ်နေစိတ်ထားနှင့် ခံစားချက်များ၊ လူငယ်တွေကို ပြောချင်သော စကားများကို သိတန်သလောက်သိရပြီ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဒီပဲယင်းကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ ၉၀ရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ စသည်ဖြင့် လူထုခေါင်းဆောင်၏ ခံယူချက်များကို သိချင်ကြပေလိမ့်မည်။ လူထုခေါင်းဆောင်၏ စိတ်ထဲတွင် ဘာတွေရှိနေသနည်း ဆိုသည်ကိုလည်း ပို၍ သိကြပါလိမ့်ဦးမည်။ ယခု ဖော်ပြခွင့်ရသော အင်တာဗျူးနှင့် ဆောင်းပါးတွင်ပင် သင်ခန်းစာတွေ အများကြီးပေးထားခဲ့ပြီဖြစ်ရာ ယူတတ်လျှင် ရသမျှ အမြတ်ချည်းဟုသာ ဆိုရပေ လိမ့်မည်။

ဆောင်းပါး..Y C

မြန်မာနိုင်ငံတစ်ဝှမ်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း


(AlertNet မှ 6 September 2011 ရက်စွဲပါ "Gas pipe line linked to abuses across Myanmar" သတင်းကို Y C မှဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ကြီးထွားလာမှုကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံအနောက်ပိုင်းတွင် တည်ဆောက်နေသော အငြင်းပွားဖွယ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများက ပဋိပက္ခများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လှုံ့ဆော် မီးထိုး ပေးနေကြောင်း အင်္ဂါနေ့က ထုတ်ဝေသော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အသိုက်အမြုံ အခွင့်အရေးများကို ကာကွယ်ပေးမှု၊ ဆိုင်ရာဆိုင်ရာ ပြည်သူများ ကလည်း အကျိုးအမြတ်များကို မျှဝေခံစားနိုင်မှု စသည်တို့ ရှိလာသည်အထိ ပိုက်လိုင်းစီမံကိန်း နှစ်ခုကို ရပ်ဆိုင်းကာ ငွေကြေးထောက်ပံ့မှုများကိုလည်း ဆိုင်းငံ့ထားရမည်ဟု ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာပြည်ပြေးအုပ်စု "Shwe Gas Movement" ကပြောကြားလိုက်သည်။

ယင်းအမွှာ ပိုက်လိုင်းနှစ်ခုသည် ၂၀၁၃ တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားပြီး အရှေ့အလယ်ပိုင်း အာဖရိကမှ ရေနံများနှင့် ဘင်္ဂလား ပင်လယ်အော်မှ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင် ဖြည့်ဆည်းကြမည် ဖြစ်သည်။

မြန်မာအနောက်ဖက် ကမ်းရိုးတန်းကျောက်ဖြူမြို့မှ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်းများကို ကိုးရီးယားနှင့် မြန်မာ ကုမ္ပဏီများနှင့်အတူ တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

ရွှေ ကမ်းလွန်ဓာတ်ငွေ့သိုက်များသည် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ထရီလီယံနှင့် ချီ၍ ထုတ်လုပ် ထွက်ရှိမည်ဖြစ်ရာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်သို့ ရောက်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေးလှုံ့ဆော်ရန် အသုံးပြုနိုင်သည်ဟု ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာ "Sold out: Launch of China pipeline project unleashes abuse across Burma" က ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံတွင်း စွမ်းအင်မလုံလောက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရသည့် မြန်မာနိုင်ငံကို ရွှေ ဓာတ်ငွေ့ စီမံကိန်းက လာမည့်နှစ် 30 အတွင်း အခွန်ငွေဒေါ်လာ 29 ဘီလျံခန့် ရှာဖွေပေးလိမ့်မည် ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

သို့သော်လည်း ယင်းပိုက်လိုင်းများမှ ရသော ဝင်ငွေပိုက်ဆံများအနက် အနည်းငယ်မျှကိုသာ မြန်မာ ပြည်သူများ မြင်လိုက်ရဖွယ် ရှိပြီး ပိုက်ဆံ အားလုံးကို တပ်မတော်အစိုးရက လက်နက် ဝယ်ယူခြင်း ကဲ့သို့သော ယင်းတို့၏ အကျိုးစီးပွား ရည်မှန်းချက်များတွင် သုံးစွဲပစ်ရန် အလားအလာများ နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက သတိပေးပြောကြားထားကြသည်။

အလုပ်မရှိ၊ မျှော်လင့်ချက် မရှိ

အစီရင်ခံစာ၏ အဆိုအရ ရခိုင်ပြည်နယ် ကမ်းလွန်ဓာတ်ငွေ့ တာမင်နယ်နှင့် ရေနက် ဆိပ်ကမ်းတစ်ဝိုက်ရှိ ဒေသခံ 8000 ကျော်မှာ အဓိက အသက်မွေးဝမ်းကျောင်း ငါးဖမ်းလယ်လုပ် အလုပ်များ ဆုံးရှုံးလျက်ရှိပြီး စီမံကိန်း လမ်းများ အဆောက်အဦးများအတွက် လယ်မြေများ သိမ်းဆည်း ခံရကာ ငါးဖမ်းခွင့်လည်း တားမြစ်ထားသောကြောင့် ဝင်ငွေမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေကြပြီဟု သိရှိရသည်။

ထိုအတောအတွင်း ဓာတ်ငွေ့စီမံကိန်းများက ဒေသခံများအား လစာနည်း၍ ဘေးအန္တရာယ်ကြီးသော ကျဘမ်း ဆောက်လုပ်ရေး အလုပ်အကိုင် များကိုသာ ဖန်တီးပေးထားပြီး အလုပ်သမားများမှာလည်း လုပ်ခလစာနှင့် လုပ်ငန်းခွင်အနေအထားနှင့် ပတ်သက်၍ တိုင်ကြားနိုင်ခြင်းမရှိကြဟု သိရ သည်။

အမျိုးသမီးများမှာမူ သနားစရာ အကောင်းဆုံး ဖြစ်ကြောင်း၊ အလုပ်ခြင်း တူနေလျှင်ပင် လုပ်ခ ပို၍ နည်းကာ အနိုင်ကျင့် ခြိမ်းခြောက်ခံကြရ သည့် အပြင် ယောက်ျားအလုပ်သမား များစွာ ဝင်ရောက်လာမှုအပေါ် အခြေအနေအရ ပေါ်ထွက်လာသည့် လိင်မှု စီးပွားလုပ်ငန်း ကြီးထွားလာသည့် ပြဿနာကိုပါ ရင်ဆိုင်နေကြရသည် ဟု အစီရင်ခံစာက ထုတ်ဖော် တင်ပြသည်။

ထို့အပြင် တိုးချဲ့လာသော ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် သန္တာကျောက်တန်းများ၊ ကမ်းလွန် လမုတောများကို ပျက်စီးစေပြီး သစ်တော အပြောင်ရှင်းခြင်း၊ သတ္တုတူးဖော် ခြစ်ထုတ်ယူခြင်းတို့ကို ဖြစ်ပေါ်စေကာ ဒေသ၏ သဘာဝ ဘေးအန္တရာယ်ဖြစ်နိုင်မှု ပိုမိုမြင့်မား လာစေသည်ဟု အစီရင်ခံစာ က သတိပေးထားသည်။

ယခုအချိန်ထိ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုရှိနေသည့် ကြားမှပင် ဒေသခံ ရပ်ရွာအဖွဲ့အစည်းများက သူတို့၏ သဘောထားကို ထုတ်ဖော်ရန် ကြိုးစားလျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ ဧပြီလက အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြမှုနှင့် ဇွန်လတွင် ရခိုင်ပြည်နယ် ဝပ်ဆန်းရွာမှ ဒေသခံများ က ယင်းတို့၏ စိုက်ပျိုးမွေးမြူရေး အတွက် ရေသွယ်ယူသည့် ချောင်းထဲသို့ အမှိုက်များ လာပစ်သည့် ကုမ္ပဏီများကို တိုင်တန်းမှု တို့ကို အစီရင်ခံစာက ရည်ညွှန်း ဖော်ပြခြင်း ဖြစ်သည်။

ပဋိပက္ခကို သွေးထိုးလှုံ့ဆော်

ပိုက်လိုင်းများ ဖြတ်သန်းသွားမည့် နယ်မြေအချို့မှာ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်ပွားလေ့ ရှိသော နယ်မြေများဖြစ်၍ စစ်အင်အား တိုးချဲ့တပ်ဆင်မှု ကြီးထွားလာစေကာ ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် တရုတ်တို့ လာရောက်ဆောက်လုပ်နေသော ရေအားလျှပ်စစ် တမံစီမံကိန်းများ အနီးတွင် ဇွန်လအတွင်းက အစိုးရ တပ် များနှင့် KIA တပ်များ တိုက်ခိုက်ကြခြင်းမှာ အကျိုးအမြတ် ကြီးမားသည့် အပေးအယူ လုပ်ငန်းများမှ ဒေသခံအဖွဲ့အစည်းများ ဖယ်ထုတ်ခံရခြင်းကြောင့် ဖြစ်ကြောင်း အကဲခတ်လေ့လာသူ အချို့က မှတ်ချက်ပေးပြောကြားကြသည်။

တရုတ်တို့ လာရောက်တည်ဆောက်သည့် ရေလှောင်တမံစီမံကိန်းများသည် တိုင်းရင်းသားတို့၏ "ငွေတောင်တန်း" ဒေသမှ သဘာဝသယံ ဇာတ များကို ကျူးကျော်အမြတ်ထုတ်ခြင်း ဖြစ်သည်ဟု ယူဆကြသော မြန်မာ တိုင်းရင်းသား အသိုင်းအဝိုင်းအတွက် အကြီးအကျယ် အငြင်းပွားစရာ ကိစ္စ တစ်ရပ် ဖြစ်နေသည်။

ယင်းကဲ့သို့ တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် စစ်တပ်များ ပိုမိုတပ်ဖြန့်လာမှုသည် ဒေသခံ အရပ်သားများအပေါ် ပိုမိုနှိပ်စက်မှု များမှသည် အဓမ္မ ပေါ်တာဆွဲ ခိုင်းစေမှုများ၊ အဓမ္မ ရပ်ရွာရွေ့ပြောင်းခိုင်းမှုများ အထိ တိုက်ရိုက် သက်ရောက်ဖြစ်ပေါ်စေသည်ဟု လူ့အခွင့်အရေး အုပ်စုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ပြောကြားတင်ပြထားကြသည်။

07 September 2011

PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ



တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။

ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။

ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။

PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။


ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။

မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။

အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ အရှင်ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။

ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။

ဝင့်ထန်း

ရည်ညွန်း။ the Economist

ရင်းမြစ်..မောက္ခ ပညာရေးမဂ္ဂဇင်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီ ဆိုပါလား....။

မြန်မာက မြောက်ကိုရီးယားသို့ ဆန်ပို့၍ လက်နက်ဖြင့်လဲ

(Radio Australia News မှ 5 Sept 2011 ရက်စွဲပါ “Burma gave rice to N.Korea for Weapons” ကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် စစ်လက်နက်ပစ္စည်းများနှင့် လဲလှယ်ရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ လျက် ရှိသည်ဟု သိရှိရကြောင်း Wikileaks က ထုတ်လွှင့်လိုက်သည့် အမေရိကန်သံတမန် ဆက်သွယ်ရေးကေဘယ်များက ဆိုသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ရန်ကုန်မြို့ အမေရိကန် သံရုံးဆက်သွယ်မှု မှတ်တမ်းများက မြန်မာအစိုးရသည် ယင်း၏ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှတစ်ဆင့် မြောက်ကိုရီးယားသို့ ဆန်တန်ချိန် နှစ်သောင်း တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ယုံကြည်ရသော စီးပွားရေး သတင်းရပ်ကွက်၏ အဆိုအရ မြန်မာအစိုးရသည် လက်နက်နှင့်လဲလှယ်ရန် ဆန်နှင့် လယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဟု ဖော်ပြထားသော သံတမန်ဆက်ကြောင်း ကေဘယ်က ယင်းလက်နက်များမှာ သမားရိုးကျ လက်နက်များ ဖြစ်သည်ဟုလည်း ရည်ညွှန်းထားသည်။

မြန်မာအစိုးရသည် ပြုံယမ်း၏ အကူအညီဖြင့် လျှို့ဝှက်နျူကလီယာ အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်နေသည်ဟု ဝါရှင်တန်က သံသယရှိနေကြောင်းကို မနှစ်က Wikileaks မှ ထုတ်လွှင့်သော အမေရိကန် သံတမန် ဆက်သွယ်မှုမှတ်တမ်းများတွင် တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ နိုဝင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင်လည်း မြောက်ကိုရီးယားသည် အီရန်နှင့် ဆီးရီးယားအပြင် မြန်မာနိုင်ငံကိုပါ တားမြစ် နျူကလီယာနှင့် ဒုံးကျည် အစိတ်အပိုင်းကိရိယာများ ကူညီဖြည့်ဆည်းပေးနေကြောင်း ဖော်ပြခဲ့သည်။

မြန်မာအစိုးရက ယင်း၏ နျူကလီယာရည်မှန်းချက်နှင့် ပတ်သက်သည့် အစီရင်ခံစာသတင်းများကို ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြေအပေါ် အနောက်နိုင်ငံ စိုးရိမ်ပူပန်မှုများကိုလည်း ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင် မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲများအပြီး မတ်လမှစ၍ အမည်ခံအရပ်ဖက်အစိုးရက လွှဲပြောင်း အုပ်ချုပ်လျက် ရှိသော် လည်း ယူနီဖောင်းချွတ် ယခင်ဗိုလ်ချုပ်ဟောင်းများကသာ အစိုးရ အဖွဲ့ဝင် ရာထူးများကို ရယူ ထိန်းချုပ်ထားကြသည်။

ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှုး အဓမ္မသိမ်းပိုက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးသည် ရွှေဘိုမြို့ရှိ နာရေးကူညီမှုအသင်းဟု လူသိများသော ရွှေဘို လူမှုကူညီစောင့် ရှောက်ရေး လုပ်ငန်းစုကို စက်တင်ဘာလ ၄ရက်နေ့က အဓမ္မ သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၄.၉.၁၁)ရက်နေ့က ရွှေဘိုအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ရန်အောင်မန်းကားဂိတ်မှ နာရေးကူညီမှုအသင်းသို့ Super Custom ကားတစ်စီးလှူဒါန်းပွဲတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှုး ဦးလှဦးသည် မပြောမဆိုနှင့် မိုက်ကရိုဖုန်းကို ကိုင်ကာ ရွှေဘို လူမှု ကူညီစောင့်ရှောက်ရေး လုပ်ငန်းစုကို ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ကြောငြာခဲ့ကြောင်း အဝေးပြေးကားဂိတ် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

(၅.၉.၁၁)ရက်နေ့တွင် ရွေဘို လမ်းလေးခွအနီးရှိ အသင်းရုံးမှ ကားများကိုသာမက စာရွက်စာတမ်း ရုံးလုပ်ငန်းသုံး စားပွဲကုလားထိုင်များကို စည်ပင်ရုံးသို့ အတင်းအဓမ္မ ရွေ့ပြောင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့မှတ်ပုံတင်ထားဆဲဖြစ်ပြီး လိုင်စင်မကျသေးသဖြင့် လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းစု အမည်ဖြင့် ၈လအတွင်း နာရေးကူညီမှု အယောက်၅၀၀ ခန့် ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ယင်းအဖွဲ့ကို ရွှေဘိုမြို့ရှိ လူအများ လေးစား ကြည်ညိုသည့် ဆရာတော်ကြီး သုံးပါးက နာယကဆရာတော်များအဖြစ် ပါဝင်ဖွဲ့စည်းထားကာ ဒေသခံအလှူရှင် ၃၉ ဦး၏ မတည်လှူဒါန်းငွေ ၉၁သိန်းဖြင့် ဖွဲ့စည်း ထားကြောင်း အလှူရှင်များက သံဃာတော်များကိုသာ လှူဒါန်းထားခြင်းဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“အရင် တုန်းက ကားနှစ်စီးရှိတာ သိမ်းသွားပြီး တစ်စီးကို ဆေးရုံကား လုပ်လိုက်သလို တစ်စီးက စည်ပင် အရာရှိက စီးနေတယ် အဲဒါကြောင်း ဌာနဆိုင်ရာကို လူတွေကမယုံတာ’’ဟု အိန္ဒာရပ်ကွက်တွင် နေထိုင်သူကဆိုသည်။

သတင်း.. မိဖြူ

06 September 2011

ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်



ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် မြန်မာအတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြု ရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။


အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅ဝ ပြည့် အထိန်းအမှတ် ပန်းချီပြပွဲတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြုရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။




(ဝဲမှယာ).. ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မျိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Dr. V.S.Seshadri ၊ ဒေါ်အောင်ဆန်းစုကြည်၊ သံအမတ်ကြီးကတော် (ဖြူ)၊ ဒုတိယ သံအမတ် Ms. Sripriya Ranganathan (ဝါ) တို့နှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသူများ


ရန်ကုန်မြို့ အိန္ဒိယသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း ကြားသိသဖြင့် လာရောက် စောင့်ဆိုင်းနေသူများကို သံရုံး မျက်နှာစာရှေ့တွင် တွေ့ရစဉ်။

သတင်း၊ဓာတ်ပုံ- မဇ္ဈိမ

မတရားကျုးကျော်သိမ်းပိုက်ချင်နေတဲ့ အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟုဆိုသော ဦစိုးသိန်းနှင့်ဦးသန့်ဇင်တို့ကို လယ်ပိုင်ရှင်ကတရားစွဲဆို












လူ့အခွင့်ရေး စောင့်ကြည့်ကာကွယ်ရေးကွန်ယက် (H R W D N) ကိုအကူညီတောင်း၍ လယ်တောင်သူ ဒေါ်မနီ(ငွေဆောင်)က မတရား ကျုးကျော်သိမ်းပိုက်ချင်နေတဲ့ အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟုဆိုသော ဦစိုးသိန်းနှင့် ဦးသန်.ဇင်တို့ကို ပုသိမ်မြို့-မြို့နယ် တရားရုံးမှာ ၁.၉.၂၀၁၁နေ.က တရားစွဲဆိုလိုက်သည် အသေးစိတ် ကိုဒေါ်မနီ(၀၉၄၈၇၃၄၁၀၈)သို့မေးနိုင်ပါသည်။ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်း (၀၉၇၃၀၄၄၆၄၄)မှရှေ့နေခမယူဘဲ ကူညီသည်။

သတင်းအားပြန်လည်မျှဝေ ပေးပို့သော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာမိန်းကလေးများ တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေ

(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာတိုင်းရင်းသူလေး “အဘာ” တရုတ်ပြည် အနာက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ အလည်သွားရန် သူမ၏ ဇာတိဖြစ်သော မူဆယ်မှ ထွက်ခွာ ခဲ့စဉ်က အသက် ၁၂ နှစ်မျှသာ ရှိသေးသည်။ သူမ နယ်စပ်ကို ဖြတ်ကူးသွားစဉ်က နာရီပိုင်းမျှသာ အချိန်ဖြုန်းရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။သို့သော် သူမ၏ မိသားစုနှင့်ပြန်တွေ့ရန် အချိန် ၃ နှစ် ကြာသွားခဲ့သည်။ မြန်မာနိုင်ငံမှ အခြားမိန်းကလေးငယ်များ၊ အမျိုးသမီးများကဲ့သို့ပင် သူမ သည်လည်း တရုတ်နိုင်ငံသို့ သွားရန် ဖြားယောင်းခြင်းခံခဲ့ရကာ တရုတ်နိုင်ငံတွင် မိန်းကလေး (သမီး) မွေးဖွားမှု မလုံလောက်၍ မိန်းမရှာရန် ခက်ခဲ လာသည့် (အရေအတွက် တိုးပွားလာသော) တရုတ်အမျိုးသားများထဲမှ တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ရန် ရောင်းစားခံရခြင်း ဖြစ်ပေသည်။

တရုတ်နိုင်ငံသို့ ရောက်နေသော “အဘာ” မှာ သူမ၏ မိသားစုနှင့် မဆက်သွယ်နိုင်သည့်အပြင် အိမ်အပြင်သို့ပင် ထွက်ခွင့်မရဘဲ ပုံမှန်ရိုက်နှက် ခံရသည့်ဒုက္ခကို ခါးစည်း၍ ခံခဲ့ရသည်။ “အဘာ” သည်သူမကို ဝယ်ယူသော မိသားစုမှ သားဖြစ်သူနှင့် လက်ထပ်ရန်သာ ရှိတော့သည်ဟူသော အသိ ဖြင့်သာ နေထိုင်ရင်း ထိုခြံထဲတွင် ပြေးလွှားနေသော ဝက်ကလေး၊ ကြက်ကလေးများထဲမှ တစ်ကောင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

“ကျွန်မကို ယွမ်နှစ်သောင်း (မြန်မာကျပ်ငွေ သိန်း ၃ဝ ခန့်) လောက်နဲ့ ရောင်းစားခံခဲ့ရတာပါ။ ကျွန်မကို ဝယ်တဲ့ အချိန်တုန်းက လက်ထပ်ဖို့ အတွက် ကျွန်မက သိပ်ကို ငယ်လွန်းတယ်လေ။ သူတို့သားနဲ့ လက်ထပ်ရမယ်လို့ နောက်ပိုင်းကျမှ ကျွန်မကို ပြောကြတာပါ။ တစ်နည်းအားဖြင့် ကံကောင်း သွားတာပေါ့၊ တကယ်ရောင်းစားခံရတဲ့အချိန်တုန်း ကသာ အသက် ၂ နှစ်၊ ၃ နှစ် ပိုကြီးနေမယ်ဆိုရင် အခုချိန်မှာ လက်ထပ်လိုက်ရပြီပေါ့၊” ဟု အဘာ က ဆိုသည်။

ကလေးဘဝတွင် ပြန်ပေးဆွဲခံရပြီး ကျေးကျွန်သဖွယ်ရောင်းစားခံခဲ့ရသည့် အခြေအနေမှ ကံကောင်းလိမ့်မည်ဟု မည်သူမျှ စဉ်းစားမိကြမည် မဟုတ်ပါ။ သို့သော် အဘာသည် ကံကောင်းသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သူမသည် အဓမ္မလက်ထပ်ခံရခြင်းမှ လွတ်မြောက်လာရုံ သာမကဘဲ ကယ်တင်ခံရပြီး အိမ်သို့ ပြန်လာနိုင်ခဲ့ပေသည်။အလိုမတူဘဲ လက်ထပ်ပေါင်းသင်းရန် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် မြန်မာမိန်းမပျိုအများစုမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ခြင်း မရှိကြဘဲ ဆင်းရဲပင်ပန်းငြီးငွေ့စရာ ကောင်းသောဘဝများကိုသာ အကောင်းဆုံးအဖြစ် ရင်ဆိုင်ကြရပြီး အဆိုးဆုံးမှာ သေကြောင်းကြံရန် ကြိုးစား မိကြခြင်းဖြစ်သည်။

သမားရိုးကျနည်းလမ်းများဖြင့် အိမ်ထောင်ဖက် မရနိုင်သော တရုတ်ကျေးလက်ဒေသမှ လူပျိုသိုးများ (သို့) ဂွမ်ဂန်းဟုခေါ်သော ယောက်ျား များနှင့် ပေါင်းသင်းရန်အတွက် နှစ်စဉ် တရားမဝင် လူကုန်ကူးခြင်း ခံနေရသော မြန်မာ မိန်းမပျို ဘယ်နှစ်ထောင်ခန့်ရှိမလဲ ဆိုသည်ကို မည်သူမျှ မသိကြပါ။ သေချာသောအချက်မှာ အချိန်နှင့်အမျှ အရေအတွက် တိုးပွားနေခြင်းသာ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အနှစ် ၃ဝ ကြာ “ကလေးတစ်ယောက် မူဝါဒ” နှင့် တရုတ်လူမျိုးတို့၏ သားယောက်ျားလေး ဦးစားပေးသည့်ဓလေ့တို့ ပေါင်းလိုက်သည့်အခါ ဆိုးဝါးလှသော ကျား-မ ဟန်ချက်မညီမှုကို ဖန်တီး ဖြစ်ပေါ် စေခဲ့လေသည်။

ယခုအခါ တရုတ်နိုင်ငံတွင် သမီးမိန်းကလေး ၁ဝဝ မွေးတိုင်း သားယောက်ျားလေး ၁၂ဝ ခန့် မွေးဖွားနေသည်ဟု ခန့်မှန်းထားကြသည်။ Chinese Academy of Social Science ၏ အဆိုအရ သက္ကရာဇ် ၂ဝ၂ဝ အထိ တရုတ်အမျိုးသား ၂၄ သန်းခန့် မိန်းမရနိုင်ဖွယ်မရှိဟု သိရှိရသည်။“ကလေးတစ်ယောက် မူဝါဒဟာ အလွယ်တကူ စဉ်းစားကြည့်နိုင်တဲ့ သက်ရောက်မှုမျိုး ရှိနေပါတယ်။ ကျား-မ ဟန်ချက်မညီမှု ရှိလာပြီဆိုတော့ မိန်းကလေး လိုအပ်ချက် များလာတဲ့ အနေအထားကို တွေ့ရပြီပေါ့၊ တစ်ခါတလေမှာတော့ တရားဝင် အိမ်ထောင်ဖက် ပွဲစားတွေကတစ်ဆင့် ဒီလိုအပ် ချက်ကို ပြည့်မှီသွားပေမဲ့ တခြားအချိန်တွေမှာတော့ တရားမဝင် နည်းလမ်းတွေနဲ့ဖြည့်ဆည်းလာကြတာပါ” ဟု ယူနက်စကို ဘန်ကောက်ရုံးခွဲမှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် တရားမဝင်လူကုန်ကူးမှုဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးတာဝန်ခံ David Feingold က ပြောကြားသည်။ ယင်းသည် ၂ဝဝ၃ ခုနှစ် မှတ်တမ်းရုပ်ရှင် Trading Women ကို ရေးသား၊ ရိုက်ကူးသူလည်းဖြစ်သည်။

ဂေါက်သီး ကစားကာ ဘုရားရှိခိုးတတ်ကြသော နားလည်ရခက်သည့် တပ်မတော်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ တရုတ်နိုင်ငံမှ အဓမ္မထိမ်းမြားမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်နေသည်။ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတစ်ခု ဖြစ်ရုံသာမကဘဲ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် မကြာခဏ စားနပ်ရိက္ခာ မလုံလောက်မှုများက လူကုန်ကူးသူ များအတွက် မြန်မာမိန်းမပျိုလေးများအား တရုတ်နိုင်ငံသို့ သွေးဆောင်ဖြားယောင်း ခေါ်ယူရန် အလွန်တရာပင် လွယ်ကူစေသည်။ ထို့နောက်တွင် တရုတ် မယား အဖြစ် ရောင်းစားခြင်းခံရတော့သည်။

“မြန်မာဖက်ကနေ တရုတ်ပြည်ထဲကို တရားမဝင်ခေါ်ဆောင်ခြင်းခံရတဲ့ မိန်းကလေးအများစုဟာ အဓမ္မ ထိမ်းမြား ပေါင်းသင်းခံရမှုနဲ့ပဲ အဆုံး သတ် ကြရပါတယ်” ဟု Mr.Feingold က ဆိုသည်။ရောင်းစားခံရသည့် မိန်းကလေးများ၏ ဈေးနှုန်းမှာ အသက်အရွယ်နှင့် ရုပ်ရည်ပေါ်တွင် မူတည်ကာ ယွမ် ၆ဝဝဝ (ကျပ်ငွေ ၉ သိန်း) မှ ယွမ် ၄ဝဝဝဝ (ကျပ်ငွေ ၃၆ သိန်း) ထိ ဈေးပေါက်လျက် ရှိသည်။ထိုင်းနိုင်ငံအခြေစိုက် Kachin Women’s Association of Thailand (KWAT) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ရောင်းစားခံရသော မိန်းမပျို လေးများ၏ ၂၅% မှာ အသက် ၁၈ နှစ်ပင် မပြည့်ကြသေးဟု သိရှိရသည်။ “ယောက်ျားတွေက ကလေးများများ မွေးပေးနိုင်မယ့် ကျန်းမာ၊ ငယ်ရွယ်တဲ့ မိန်းကလေး တွေကို လိုချင်ကြတယ်လေ။ တကယ်တမ်းကျတော့ မိန်းမတွေကို ကလေးလုပ်တဲ့စက်လို့ပဲ သတ်မှတ်ထားကြတာပါ” ဟု ယူနန်ပြည်နယ်ရှိ (KWAT) ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ် အကြီးအကဲ Julia Marip က ပြောကြားသည်။

မြန်မာတိုင်းရင်းသူလေး ‘အဘာ’ တစ်ခါက ရောက်ခဲ့သည့် ရွှေလီသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော မိန်းကလေးများ တစ်ထောက်နားခိုရာ ယူနန် ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည်။ တရုတ်ပြည် အနောက်တောင်ပိုင်းမှ ဝါဂွမ်းခြံပိုင်ရှင်မိသားစုထံ ရောင်းစားခြင်းခံရသည့် အဘာသည် ယခုအခါ ၁၆ နှစ် ပြည့်ကာ ရှက်ပြုံးလေးနှင့် မိန်းမလှလေး ဖြစ်နေပြီဖြစ်သည်။ အဘာသည် ကျပန်းအလုပ်သမားဖခင်နှင့် အလုပ်လက်မဲ့ မိခင်တို့မှ မွေးဖွားသော ကလေး ၃ ယောက် အနက်မှ တစ်ဦးဖြစ်သည်။

ပထမအကြိမ်တွေ့စဉ်က အဘာသည် ဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်ဖြင့် သာမန်ဆယ်ကျော်သက် တစ်ယောက်ဟု ထင်မြင်ရသော်လည်း တိုးတိတ်သော လေသံဖြင့် စကားပြောလိုက်သောအချိန်တွင်မူ မည်မျှ ကြောက်မက်ဖွယ်သော ဖြစ်ရပ်များနှင့် တွေ့ကြုံခဲ့ရပုံနှင့် စိတ်အမာရွတ် နက်ရှိုင်း စွာ အမြစ်တွယ်နေပုံတို့ကို ထင်ရှားစွာ ပေါ်လွင်လာသည်။ “ကျွန်မ အခုချိန်ထိ တစ်ယောက်တည်းအပြင်မထွက်ရဲသေးဘူး၊ အထူးသဖြင့် ညနေစောင်း တွေမှာပေါ့” ဟု သူမက ဆိုသည်။

“တစ်ခါတလေမှာ ပန်းခြံတွေထဲက ဈေးတန်းမှာ ရောင်းစားခံကြရတယ်၊ လူပွဲစားတွေက မိန်းကလေးတွေကို မိတ်ကပ်ပြင်ပြီး အဝတ်အစား လှလှ ဆင်ပေးကြတယ်လေ၊ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားကောင်းကောင်းတွေ ဝတ်ရလို့ ပျော်နေတဲ့မိန်းကလေးတွေဟာ နောက်ပိုင်းမှာတော့ ဟင်းရွက်ကန်စွန်းလို ရောင်းစားခံရတော့မှာပါပဲ၊ သိပ်ကို ရက်စက် ယုတ်မာလွန်းပါတယ်” ဟု Julia Marip က ပြောသည်။သူမ၏ နေအိမ်နှင့် မိုင်ထောင်ချီဝေးသော အရပ်တွင် လူစိမ်းများက သူတို့၏ ကျေးကျွန်သဖွယ် နှိပ်စက်ခြင်းခံခဲ့ရသော အဘာ ခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကို စိတ်ကူးကြည့်လျှင်ပင် နာကျင်ပင်ပန်းလှပေသည်။

“ပထမပိုင်းမှာ တရုတ်စကားမတတ်သေးတော့ လုပ်ရမယ့် အိမ်မှုကိစ္စတွေကို နားမလည်ဘဲ အမှားတွေ လုပ်မိတာပေါ့။ ဒီတော့ အိမ်ရှင် အဘွားကြီး က ရိုက်တော့တာပါပဲ၊ စကားပြောစရာ သူငယ်ချင်းလည်း မရှိတော့ သိပ်ကို အထီးကျန်ပြီး တစ်ချိန်လုံး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်၊ ခဏခဏ လည်း ငိုမိပါတယ်၊ အစပိုင်းမှာ မငိုဖို့ ချော့ပြောကြပေမဲ့ နောက်ပိုင်းမှာတော့ ငိုပြီဆိုရင် အော်ဟစ် ငေါက်ငမ်းတော့တာပါပဲ” ဟု အဘာက နောက်ကြောင်း ပြန် ပြောပြသည်။

ပိုက်ဆံမရှိသည့်အပြင် တရုတ်ပြည်တွင်း သူမရောက်နေသော နေရာကိုပင် မသိသည့် အဘာအတွက် လွတ်မြောက်ရေး ဆိုသည်ကို စဉ်းစား မိ၍ပင် မရနိုင်ပါ။ တစ်ချိန်လုံး စောင့်ကြည့်နေကြတယ်။ တစ်ယောက်တည်း အပြင်ထွက်ခွင့်လည်း မပေးကြဘူး ဟု သူမက ဆိုသည်။တစ်ရက်တွင်မူ သူမကို အနီးကပ်စောင့်ကြည့်နေကြခြင်း၏ အကြောင်းရင်းကို အဘာ သိရှိသွားတော့သည်။ အိမ်ရှင်မိသားစု၏ အသက် ၂ဝ အရွယ် သားနှင့် လက်ထပ်ရမည်ဟု သူမကို ပြောလာကြခြင်းကြောင့်ပင် ဖြစ်သည်။ “ဘာကြောင့် အခုလို ခေါ်ထားတယ် ဆိုတာကို အရင်က မသိခဲ့ဘူး လေ။ အခုလိုပြောလာတော့ ကျွန်မက ငြင်းပေမဲ့ သူတို့က လက်ထပ်ရမယ်လို့ ဇွတ်အတင်း ပြောကြပါတယ်” ဟု အဘာက ပြောပြသည်။

“အဓမ္မထိမ်းမြားပေါင်းသင်းခံရဖို့ ရောင်းစားခံရတဲ့ မိန်းကလေး အများစုဟာ မလုပ်လို့မရတဲ့ အိမ်ထောင်ရေး အကျဉ်းထောင်ထဲမှာ ပိတ်မိ သွားကြ တော့တာပါပဲ၊ အများစုဟာ မလွတ်မြောက်နိုင်ကြဘူး။ သူတို့ကို ကျွန်မတို့လည်း ကူညီလို့ မရနိုင်ပါဘူး” ဟု Miss Marip က ဆိုသည်။မျှော်လင့်ချက်မဲ့နေသော အနေအထားနှင့် ရင်ဆိုင်ကြရသောအခါ အချို့ မိန်းကလေးများမှာ တရုတ် ကျေးလက်တွင် အလွယ်တကူ ရသော ပိုးသတ်ဆေးများကို ဘဝကို အဆုံးသတ်ရန် ရွေးချယ်လာကြသည်။

သို့ရာတွင် အဘာ ကမူ အဓမ္မထိမ်းမြားခဲ့ရခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။ သူမ လက်ထပ်ရန် သီတင်းပတ် အနည်းငယ်အလိုတွင် ထိုရပ်ကွက်သို့ နိုင်ငံသား မှတ်ပုံတင်ကတ် ပုံမှန်လာရောက် စစ်ဆေးသည့် ရဲများက သူမကို နိုင်ငံခြားသားမှန်း သိရှိသွားကာ ခေါ်ဆောင်သွားခဲ့ကြသည်။ သူမက ဖြစ်ပျက် သမျှကို ရှင်းပြသည့်အခါ ရဲများက ထိုမိသားစုထံ သွားရောက်၍ ခင်ဗျားတို့ လူကို ဝယ်လို့မရဘူး၊ သူတို့က တိရစ္ဆာန်တွေ မဟုတ်ဘူးဟု ပြောဆိုခဲ့ကြသည်ဟု သိရသည်။ "တရုတ်ရဲတွေက တရားစွဲမလားလို့ မေးကြပေမယ့် ကျွန်မက ငြင်းလိုက်ပါတယ်။ကျွန်မက ဒီကိစ္စကို မေ့ပစ်ပြီး အိမ်ကိုပဲ ပြန်ချင်တာပါ" ဟု အဘာက ဆိုသည်။

၃ နှစ်ကြာ မိသားစုဘဝကို ပျောက်ဆုံးခဲ့ရပြီးနောက်တွင် "အဘာ" တစ်ယောက် နယ်စပ်ကို တစ်ကိုယ်တည်း ဖြတ်ကူးကာ အိမ်သို့ ပြန်လာနိုင်ခဲ့ ပါပြီ။ "အဖေနဲ့အမေက ကျွန်မကို တွေ့တော့ အရမ်းတုန်လှုပ်သွားကြပါတယ်။ သူတို့က စပြီးငိုတော့ ကျွန်မလည်း ငိုတော့တာပေါ့၊ ပြန်တွေ့ရလို့ သိပ်ကို ပျော်မိပါတယ်" ဟု ပြောကြားသော "အဘာ" က သူမ၏ မိဘများက သူမကို ရှာရန်ကြိုးစားခဲ့ကြောင်း၊ တရုတ်ပြည်ထဲသို့ ရောင်းစားခဲ့ရခြင်း ဖြစ်သည်ဟု မူဆယ်ရဲအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း ရဲများက စုံစမ်းပေးရန်အတွက် ယွမ် ၆၀၀၀ (မြန်မာငွေကျပ် ၉သိန်းခန့်) တောင်းသောကြောင့် သူမ ၏ မိဘများက မတတ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။

ယင်းပုံစံသည် မြန်မာအာဏာပိုင်များက လူကုန်ကူးမှုများကို တုန့်ပြန်နေကျ ပုံစံဖြစ်သည်ဟု KWAT အဖွဲ့က ပြောကြားသည်။နယ်စပ်၏ တစ်ဖက်တွင်မူ တရုတ်ရဲများက ပင်လယ်ရပ်ခြားမှ မိန်းကလေးများ ခိုးသွင်းသော ဂိုဏ်းများထက် ပြည်တွင်း၊ဒေသတွင်း လူကုန်ကူးမှုများကို ပိုမို တိုက်ဖျက် ရန် အာရုံစိုက်လျှက်ရှိကြသည်ဟု သိရှိရသည်။

ယခင်နှစ်ကအထိ လွတ်မြောက်လာသည့် လူကုန်ကူးခံ မိန်းကလေးအနည်းစုကို တရားမဝင် လူဝင်မှုဥပဒေဖြင့် အရေးယူကာ ပြန်မပို့ခင် အချိန်အထိ ဖမ်းဆီးထားကြသည်ဟု ဆိုသည်။ယူနက်စကိုမှ David Feinqold က "အာဏာပိုင်တွေဒီလောက်လုပ်နိုင်တာကိုက အတော်လေးဟုတ်နေပါပြီ။ ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်မယ်ဆိုတာကတော့ ရယ်စရာကောင်းတဲ့ အိုင်ဒီယာပါ။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုကို ဖြစ်စေတဲ့ စီးပွားရေး၊ လူမှုရေး အခြေခံပြဿနာတွေကိုသာ ခင်ဗျားအနေနဲ့ ဖြေရှင်းပေးရမှာပါ" ဟု သုံးသပ် ပြောကြားသည်။

"အဘာ"ကဲ့သို့ပင် အားလုံးကလည်း ထိုအချက်များကို သိရှိကြသည်။ မြန်မာနိုင်ငံဖက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် "အဘာ"သည် လွန်ခဲ့သည့် ၄ လခန့်က ရွှေလီဖက်သို့ တရားမဝင်ပြန်၍ ကူးကာ အလုပ်ရှာခဲ့ရသည်။ ယခုအခါ စားသောက်ဆိုင်တွင် စားပွဲထိုးအလုပ်ရသောကြောင့် တစ်လလျှင် ယွမ် ၆၅၀ (မြန်မာကျပ်ငွေတစ်သိန်းခန့်) ဝင်ငွေရှိနေပြီဖြစ်သည်။

ဆယ်ကျော်သက်အရွယ်တွင် တရုတ်ပြည်ထဲသို့ လူကုန်ကူးခံရသည့် "အဘာ" သည် ယခုအခါ မန်ဒရင်း ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ် သောကြောင့် ဒေသခံများနှင့် ရောနှော၍ ရသွားပြီဖြစ်သည်။ သူမ၏ဘဝ သုံးနှစ်တာ ဆုံးရှုံးမှုအတွက် တရုတ်စကားကျွမ်းကျင်မှုကို လျော်ကြေးရခဲ့ခြင်းဟု ဆိုရတော့မည်။

"ကျွန်မအပေါ်လုပ်ခဲ့သမျှအတွက် ဒီမိသားစုကို မုန်းနေတုန်းပါပဲ၊ တစ်သက်လုံးတောင် မုန်းနေမိမယ်လို့ ထင်ပါတယ်" ဟု အဘာက ပြောပြ သွားခဲ့သည်။

(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း



(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း

မြန်မာ့နိုင်ငံရေးအတွက် ပထမဦးဆုံး နိုင်ငံရေးမျက်စိကို ဖွင့်လှစ်ပေးခဲ့သော အသျင်ဦးဥတ္တမ၏ (၇၂)နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အောက်ပါအစီ
အစဉ် အတိုင်းလူကြီးမင်းကိုယ်တိုင်ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

U Ottama Day 9.September.(1939),U Ottama Day, death of Nationalist Buddhist Arakanese Monk Venerable U Ottama (1879-1939), The pioneer of the Burmese independence movement, cosmopolitan revolutionary.
by kumara in Rangoon, Myanmar.

အချိန်။ ။နံနက်(၈)နာရီတိတိ
နေ့ရက်။ ။၉-၉-၂၀၁၁ (သောကြာနေ့)
နေရာ။ ။ဓည၀တီသာသနာပြုကျောင်းတိုက် ဦးထောင်ဘိုလမ်း ဗဟန်းမြို့နယ်။တွင်ကျင်းပပြု
လုပ်မည့်ဖြစ်ပါကြောင့်သိရသည်။ (ဆက်သွယ်နိုင်ရန် ဖုန်း 01.503964 / 01.200740)
အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) (ALD) ရန်ကုန်မြို့

ဆရာတော်ဦးဥတ္တမ၏ သြ၀ါဒ
တစ်ယောက်တည်း-------------ကောင်းစားချင်ကေ။
ကြိုးစာလို့-----------------အလုပ်လုပ်ကတ်။
တစ်မျိုးသားလုံးကောင်းစားစီချင်ကေ။
တစ်မျိုးသားလုံး--------အမျိုးသားနိုင်ငံရေးကို။
လုပ်ကတ်ရဖို့။
For more Information
Web:www.alodawpyei.org

ပေးပို့ ပေးသော ဒိမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာ့တပ်မတော်က လွတ်ငြိမ်းခွင့်ကို ရေရွတ်သတဲ့လား

(News Scotsman မှ 4 Sept 2011 ရက်စွဲပါ “ Burma’s bramy army cry freedom” သတင်းဆောင်းပါးကို YC မှဘာသာ ပြန်ဆိုသည်)

ကမ္ဘာက BURMA ဟုသာ အသိအမှတ်ပြုထားကြသည့် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင် နိုင်ငံမျိုးမှ ဆင်းရဲပင်ပန်းမှုများ၊ ဖိနှိပ်ချုပ်ချယ် ထား မှုများသည် ယင်းနိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများ ပုံစံသွင်းထားသည့်အတိုင်း ရှိနေသော်လည်း ဘောလုံးကွင်းများ၏ ဂိတ်ပေါက်များသို့ ရောက် သည်နှင့် ပျောက်ကွယ်သွားပါတော့သည်။

သို့မဟုတ်ပါက ပွဲကြည့်စင် လှေကားထစ်များပေါ်တွင် လုံးဝသည်းမခံနိုင်တော့၍ ကွင်းထဲသို့ မူးယစ်သောင်းကျန်းရန် အုပ်စုလိုက် ဆင်းလာ သည့် ဘောလုံးပရိတ်သတ်များ ပြောသည့်စကားကို နားထောင်ကြည့်ပါ။

“သီးသန့်အသင်း တစ်ခုခုကို အားပေးဖို့အတွက် ကျွန်တော်လာတာ မဟုတ်ပါဘူး၊ စိတ်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် အော်ဖို့ဟစ်ဖို့ လာခဲ့ တာပါ” ဟု ပြောကြားသူမှာ လက်ရှိ ကန်နေသောပွဲကို အထူးတန်း ပွဲကြည့်စဉ်ပေါ်တွင် ရပ်နေသော ၁၅ နှစ် အရွယ် ကျောင်းသား မောင်ကျော်လင်း ဖြစ် သည်။

အားကစားသည် ကမ္ဘာ့နိုင်ငံအများစုတွင် လွတ်လပ်ခွင့်ကို ဖြည့်ဆည်းပေးလျက်ရှိသော်လည်း အစိုးရ ဆန့်ကျင်သူများကို လျှို့ဝှက်ပုလိပ် (ထောက်လှမ်းရေး) က ဖမ်းကာ ထောင်ဒဏ် အနှစ် ၁၀၀ ခန့် အထိ အပြစ်ပေးနေသော မြန်မာနိုင်ငံတွင်မူ ဆင်းရဲမှုနှင့် ကြောက်ရွံ့မှု ရောနေသော ဒုက္ခ ပင်လယ်ထဲမှ ဆူညံပူညံ ပျော်ရွှင်ခွင့်ကို ဘော်လုံးပွဲများက ဖြည့်ဆည်းပေးနေသည်။ ဘော်လုံးကွင်း ပတ်ပတ်လည်ကို အဓိကရုဏ်း နှိမ်နှင်းရေးရဲများ လော်ရီကား အစီးလိုက် ဝိုင်းရံထားသော်ငြားလည်း မိနစ် ၉၀ ခန့် လွတ်လပ်ခွင့်ကို ပေးထားသည်။

ဂျူလိုင်လက မြန်မာနှင့် အိုမန် အကြား ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲကြည့်ပရိသတ်များက ခဲများ၊ ရေပုလင်းများ၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက် ခဲ့ကြခြင်းကြောင့် ပွဲတစ်ဝက်နားချိန်မတိုင်မှီမှာပင် ဂျပန်ဒိုင်လူကြီး၏ ပွဲရပ်ဆိုင်းခြင်းကို ခံလိုက်ရသည်။ ပွဲကြည့်ပရိတ်သတ်၏ ပစ်ပေါက်မှု ကြောင့် အိုမန်နည်းပြ၏ ဦးခေါင်းကို ထိမှန်ခဲ့သည်ဟုလည်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ ယခုဖြစ်ရပ်တွင် ပွဲကြည့်စဉ်ပေါ်မှ စိတ်လှုပ်ရှား ပေါက်ကွဲမှုကို မနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့သည်။ ယခုပွဲတွင် ကွင်းအတွင်း လဲကျသွားသော တိုက်စစ်မှူးကို ပွဲကြည့်ပရိတ်သတ် တစ်ဦးက “မင်းရဲ့ခြေထောက်တွေကို ချိုးပစ်လိုက်မယ်” ဟု လှမ်းအော်လိုက်သော စကားလုံးများ သည်ပင် အတော်လေး ယဉ်ကျေးသော အားပေးမှုဟု ဆိုနိုင်သည်။ အပေါစား အရက်နံ့များ နံစော်နေသည့် ပွဲကြည့်စင်သည် အင်္ကျီဗလာနှင့် ပရိသတ် များ ခပ်ရိုင်းရိုင်း ဆေးမှင်ကြောင်မျိုးစုံဖြင့် ဟန်ရေးပြနေသော ပုံစံမှသည် မကြာခဏပင် အန်ဖတ်ကန် ဖြစ်သွားလေ့ ရှိသည်။

မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်သည့်အပြင် အစစအရာရာ ဈေးကြီးလွန်းသော နိုင်ငံတစ်ခု ဖြစ်သည်။ ဆဲလ်ဖုန်း တစ်ခု Account စတင်ဖွင့်သည့် စရိတ်မှာ ပေါင်စတာလင် ၄၀၀ (မြန်မာကျပ်ငွေ ၅ သိန်း) ခန့် ရှိနေပြီး မော်တော်ကား အသစ်တစ်စီး လမ်းပေါ် လှိမ့်နိုင်ရန် အတွက် အခွန်အခနှင့် ပါမစ်များကြောင့် ပေါင်စတာလင် ၁၂၄၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ကျော်) ပိုမို ကုန်ကျ လျက်ရှိသည်။ သို့သော် ထိုနိုင်ငံတွင် ဈေးပေါသော အရာနှစ်ခု ရှိပြီး ဆန်တစ်ပြည်လျှင် ၁၀ ပဲနိနှင့် ဘော်လုံးပွဲ လက်မှတ်ကို ၄၀ ပဲနိခန့်ဖြင့် ရနိုင်ခြင်း ဖြစ်သည်။ တမင် ရည်ရွယ် သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ မြန်မာ အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ပျော်ရွှင်မှုဘဝကို ဘောလုံးဖြင့် အစားထိုးကာ သမိုင်း စာမျက်နှာ များကို ရေးထိုးလျက် ရှိပေသည်။

၂၀၀၇ ခုနှစ်က သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးကို လောလော လတ်လတ် အမှတ်ရနေခြင်းနှင့် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း အပြီး အစိုးရ၏ လူမဆန်သော ကိုင်တွယ်ပုံ အလွဲများကြောင့် ပြည်သူတို့၏ ဒေါသ ရေချိန်မြင့်လာချိန်တွင် အစိုးရအကြီးအကဲ၏ တိုက်တွန်းအားပေးမှုဖြင့် မြန်မာ နေရှင်နယ်လိဂ်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အစိုးရက ယင်း၏ ဝေမျှစားဖက် လုပ်ငန်းရှင်ကြီးများအား လိဂ်ပြိုင်ပွဲနှင့် ဘောလုံးအသင်းများကို ငွေကြေး ပံ့ပိုးနိုင်ရန် တွန်းတွန်းတိုက်တိုက် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ တတိယမြောက်ရာသီသို့ ရောက်လာပြီဖြစ်သည်။ မြန်မာလိဂ် ပြိုင်ပွဲသည် အင်္ဂလိပ် ပရီးမီးယားလိဂ်၏ ကာလရှည်ကြာ လွှမ်းမိုး ထားမှုနှင့် အတူ အောင်မြင်သော ပြည်တွင်းပွဲစဉ်တစ်ခု ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားသတင်းစာစောင်များမှာ အားလုံးထဲတွင် ရောင်းအကောင်းဆုံး ဖြစ်နေသည်။ "တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ နေ့စဉ်ဘဝမှာ ခက်ခဲမှု၊ မောပန်းမှုများ အနှံ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒါတွေကို မေ့ပျောက်ပစ်လိုက် ချင်တာပေါ့" ဟု ပြောကြားသူမှာ လူသိများ ဘောလုံးဆောင်းပါး ရေးသူ ကိုထွတ် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်ကိုကိုယ် ဘောလုံးစတားတွေလို့ စိတ်ကူးနဲ့ မြင်ယောင် ကြည့်ချင်ကြတာပေါ့။ စတားတွေရဲ့ ဘောကန် ဖိနပ်တွေကို စိတ်ကူးနဲ့ စီးကြည့်ချင်တာပေါ့ ဟု သူက ဆက်လက်ပြောကြားသည်။

ကိုတွတ်သည် ၁၉၈၈ ခုနှစ် လူထု တော်လှန်ရေးကာလက ကျောင်းသား လှုပ်ရှားသူ တစ်ဦး ဖြစ်သောကြောင့် ၁၃ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရ သူဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားအကြောင်း ကို ရေးသားခြင်းသည်သာလျှင် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်နှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ဆို သည်။ ဖြတ်တောက်၊ ပိတ်ပင် ခြင်းခံရလွန်းသည့် နိုင်ငံရေးသတင်းဆောင်းပါး ရေးသူများနှင့် မတူပဲ ဘော်လုံးဆောင်းပါးရေးသည့် သူ့အတွက် ဆင်ဆာ အနှောက် အယှက်ပေးမှု မရှိသလောက် ရှားလှသည်ဟု ကိုတွတ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ၅၅ သန်းသော ပြည်သူများအကြား အာဏာပိုင်အစိုးရအပေါ် မယုံကြည်မှု တိုးပွားလာစေခဲ့သည့် နိုင်ငံရေးအာဏာ ချုပ်ကိုင်မှု တစ်ခု ဖြစ်သည့် ၁၉၆၂ တပ်မတော် အာဏာသိမ်းပွဲ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး၏ ဆိုးကျိုး ပေါင်းစုံကို ခံစားခဲ့ရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဘောလုံးပွဲချိန်အတွင်း လုပ်ပိုင်ခွင့် အာဏာ၏သင်္ကေတဖြစ်သည့် ဒိုင်လူကြီးများ ပွဲကြည့် ပရိတ်သတ်၏ ဆဲဆိုစရာ ပစ်မှတ် ဖြစ်လာ ရခြင်းကို အံ့သြစရာ မရှိတော့ပါ။

ယေဘုယျအားဖြင့် ယဉ်ကျေးတတ်သည့် မြန်မာတို့သည် ဘောလုံးကွင်းထဲသို့ ဝင်သည့်အချိန်တွင် ယဉ်ကျေးသည့် လူ့ကျင့်ဝတ်ကို ဂိတ်ဝတွင် ထားပစ်ခဲ့ကြတော့သည်။ စီးပွားရေးလုပ်ငန်း တစ်ခုနှင့် ၃ နှစ်အရွယ် သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားသူ အသက် ၂၉ နှစ်အရွယ် ဦးမင်းအောင်သည် ဘောလုံးပွဲ ကြည့်စင်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် ရှပ်အင်္ကျီကို ချွတ်ပစ်ကာ ပရိတ်သတ်အတွင်း အမူးသမားလို တိုးဝှေ့ကာ တစ်ဖက် အသင်းကို ဆဲဆိုအော်ဟစ်လေတော့သည်။ မကြာသေးမီက ပွဲစဉ်တွင် ထိုင်ခုံကို ချိုးဖဲ့ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် ဦးမင်းအောင်က ပြီးခဲ့သော အိုမန်နှင့် ပွဲစဉ်မှ ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွင် သူလည်း ပါဝင်ခဲ့ကြောင်း၊ ဒိုင်လူကြီးက မမျှတကြောင်း၊ လူတိုင်းက ရေပုလင်းနှင့် ပစ်ပေါက်ကြသလို သူလည်း ပါဝင်ပစ်ပေါက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နောင်တရသည့် လက္ခဏာမျိုးပြသခြင်း မရှိပါ။ သူသည် ရေပုလင်းများ (သို့) လက်ထဲတွင် ရှိသည့် အရာများဖြင့် ကွင်းအတွင်းသို့ မကြာခဏ ပစ်ပေါက်လေ့ရှိသူတစ်ဦး ဖြစ်သည်။

ကမ္ဘာ့ဘောလုံး အာဏာပိုင်အဖွဲ့ FiFa က ထုတ်ပြန်သော ကြေညာချက်တွင် "အိမ်ခံ ပရိတ်သတ်များက ဘော်လုံး ကွင်းအတွင်းသို့ အရာဝတ္ထု ပစ္စည်းများဖြင့် အဆက်မပြတ် ပစ်ပေါက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယခု ကိစ္စကို ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ သို့ တင်ပြမည် ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။

ဘော်လုံးပွဲအတွင်း ဆူပူ အော်ဟစ်မှုသည် ပြိုင်ဖက် အသင်းများ၏ ပရိတ်သတ်များအကြား ရန်ပွဲများပါ ဖြစ်ပွားတတ်သော်လည်း ပရိတ်သတ် အများစုမှာ ထိုးကြိတ်နိုင်စွမ်း မရှိအောင် အမူးလွန်နေကြသဖြင့် တင်းမာမှုများ အမြဲတစေ ပျောက်သွားရခြင်း ဖြစ်သည်။

ပရိသတ်များ မလုပ်ကြရန် မဖြစ်မနေ တားမြစ်ထားသည့် ညံ့ဖျင်းသော အပြုအမူမျိုးကို ဘောလုံးသမားများကလည်း လုပ်ခဲ့ကြဘူးသည်။ ၂၀၀၄ ခုနှစ်က စင်ကာပူနှင့် ပွဲစဉ်တွင် အနီကဒ်ဖြင့် ထုတ်ပယ် ခံရသော ဘောလုံးသမား ၃ ဦးတွင် တစ်ဦးမှာ အမှားဆက်တိုက် ကျူးလွန်သူ ဖြစ်၍ အခြားတစ်ဦးမှာ ဒိုင်လူကြီးဖက်လှည့်၍ ဗွက်ကို ကန်ခဲ့သူ ဖြစ်ပြီး နောက်တစ်ဦးမှာ စင်ကာပူ ကစားသမားကို ရေပုလင်းဖြင့် ပစ်ပေါက်ပြီး ကွင်းထဲမှ မထီမဲ့မြင် ပုံစံဖြင့် လမ်းလျှောက် ထွက်သွားသူ ဖြစ်သည်။

ယင်းဖြစ်ရပ်သည် အသင်း၏ ညံ့ဖျင်းသော ခြေစွမ်းကို မူလကပင် စိတ်ပျက်နေကြသော ပရိတ်သတ် အချို့ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေ ခဲ့ သည်။ မြန်မာအသင်း အာရှဖလား ဗိုလ်စွဲကာ အိမ်နီးချင်း ပြိုင်ဖက်များကို ပုံမှန် အနိုင်ယူနိုင်ခဲ့သော ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များသည် မြန်မာ့ ဘောလုံး ၏ ရွှေရောင်ကာလများ ဖြစ်ခဲ့ဖူးသည်။

ယခုအခါ FIFA က နိုင်ငံအသင်း ၂၀၃ သင်းအနက် မြန်မာအသင်းကို အဆင့် ၁၆၈ သတ်မှတ်ထားရာ စကော့တလန်၏ နောက် အဆင့်ပေါင်း ၁၁၀ ခန့် နိမ့်ကျလျက် ရှိပေသည်။

05 September 2011

ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေအပေါ် အမြင်သဘောထားကို အင်တာဗျူး

ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေအပေါ် အမြင်သဘောထားကို အင်တာဗျူး ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင် သီတင်း ၂ ပတ်ကျော်က ဆိုင်းငံ့ခံထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ပုဂံ ခရီးသွား ဆောင်းပါးကိုလည်း ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့် ရတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်တဲ့ မက်ဆင်ဂျာ ဂျာနယ်မှာ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေအပေါ် အမြင် သဘောထားကို တွေ့ဆုံမေးမြန်းခန်း အဖြစ် စာပေစိစစ်ရေးက ဖော်ပြခွင့် ပေးလိုက်ပါတယ်။ မက်ဆင်ဂျာ ဂျာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံ မေးမြန်းခန်းကို ပထမဆုံး ဖော်ပြခွင့်ရတဲ့ ပြည်တွင်းထုတ် ဂျာနယ်လည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးကို ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်မှု ရှိမရှိ၊ ထုတ်ဝေခွင့်ပြုဖို့ အချိန်ဘယ်လောက် ယူခဲ့တယ် ဆိုတာကိုတော့ ဂျာနယ် တာဝန်ခံတွေက ထုတ်ဖော် မပြောပါဘူး။ ဂျာနယ် တာဝန်ခံ အယ်ဒီတာ တဦးကတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျနော်တို့ ဒီနေ့ ဖော်ပြထားပါတယ်။ ၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာပေါ့။ အဓိကတော့ ဒီနေ့ခေတ် လူငယ်တွေပေါ့၊ အဲဒီလူငယ်တွေအပေါ် အန်တီ့အနေနဲ့ အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ဘယ်လိုမြင်သလဲပေါ့၊ အဓိကတော့ လူငယ်အကြောင်းပေါ့။ ဆင်ဆာတင်တာတော့ အင်တာဗျူးခဲ့ကတည်းက တင်ခဲ့တာပေါ့၊ ဒီအပိုင်းတွေတော့ ကျနော်ဖြေတာထက် စာပေစိစစ်ကို မေးရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ အင်တာဗျူး ခေါင်းစဉ်က ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမြင်သလဲပေါ့၊ အဲဒီလို ပေးထားပါတယ်။”

မက်ဆင်ဂျာ ဂျာနယ်ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ သားဖြစ်သူ ဦးဇော်မင်းအေး ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တစောင် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် တင်ပြထားတဲ့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို စာပေစိစစ်ရေးက ဒီတပတ်ထုတ် ဂျာနယ်မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။ ဆောင်းပါးကို ဆင်ဆာတည်းဖြတ်တာ မရှိဘူးလို့လည်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ၊ မဖြတ်ပါဘူးခင်ဗျ။ ခပ်စောစောကတော့ အဆင်မပြေလို့ ကျနော်တို့ စောင့်ဆိုင်းနေရတာပေါ့နော်။ အခုတော့ ကျနော်တို့ တင်လိုက်တဲ့အတိုင်း ရပါတယ်။ ကျနော်တို့ အရင် ၂ ပတ်၊ ၂ ပတ်ကျော်ကျော်လောက် ဖြစ်မှာပေါ့၊ အဲဒီလောက်က တင်တယ်ဗျ။ အဲဒီမှာ နည်းနည်းလေး ခွင့်ပြုလို့ မရတာလေး အဲဒီအချိန်ကတော့ ရှိတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ ဖော်ပြလို့ မရဘူးပေါ့။ အခုတော့ ကြည့်ရတာ အနေအထားလေးတွေ နည်းနည်းပါးပါး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကို အဲဒါ ပေးတယ်ပေါ့နော်။ ပေးတော့ ကျနော်တို့ လာမယ့်အပတ် ဒီတရက် နှစ်ရက် ထွက်မယ့် ဂျာနယ်မှာ ပါပါလိမ့်မယ်။”

ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဖေမြင့်ကတော့ အခု စာပေစိစစ်ရေးက ထုတ်ဝေ ဖော်ပြခွင့် ပေးလိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“စာပေစိစစ်ရေးကတော့ အရင်တုန်းကလည်း ကျနော်တို့ တခါတရံမှာ တင်လိုက်တယ်၊ အခုလို ဆိုင်းငံ့တို့ ဘာတို့ စသဖြင့်ပေါ့ဗျာ လောလောဆယ် မပေးနိုင်သေးတဲ့ ဟာမျိုးတွေ ရှိတယ်ဗျ။ အဲဒါတွေက နည်းနည်းပါးပါး အခြေအနေ အပြောင်းအလဲ ရှိရင်တော့လည်း သူတို့ ပေးတတ်တယ်ဗျ။ သူတို့က တချို့ကိစ္စတွေပေါ့ဗျာ၊ အဲဒီအချိန် အခိုက်အတန့်မှာ သိပ် Sensitive ဖြစ်တဲ့ဟာမျိုးကို မပေးပေမဲ့ အဲဒီအနေအထားက ပြောင်းလဲသွားရင်တော့လည်း ပြန်တင်လို့ရှိရင် ရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုလည်း ဒီသဘောမျိုးထဲမှာ ကြုံရတာပေါ့။”

ပြည်တွင်း စာပေထုတ်ဝေခွင့်ကို ဆင်ဆာတည်းဖြတ်နေတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း၊ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြခွင့် ထိန်းချုပ် ကန့်သတ်ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေက ရေးသား ဖော်ပြခဲ့ကြတာကြောင့် ဂျာနယ်ထုတ်ဝေခွင့်ကို ယာယီပိတ်သိမ်းပြီး အရေးယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားတဲ့ ခရီးသွား ဆောင်းပါးတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ နိုင်ငံရေး ဆောင်းပါးနဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆောင်းပါးတွေကိုလည်း ဖော်ပြခွင့် ပြုထားတာကို တွေ့ရပါတယ်။

သတင်း...မသိင်္ဂီထိုက်..

ပြည်ပ၀ဘ်ဆိုဒ်တစ်ချို့ ပြန်လည်ကြည့်ရှုခွင့်ရလာပြီးနောက်ပိုင်း အင်တာနက်မြန်နှုန်းကျဆင်းလာ

ပြည်ပနိုင်ငံများမှ ၀ဘ်ဆိုဒ်တစ်ချို့ကြည့်ရှုရလာခဲ့ပြီးနောက်ပိုင်း အင်တာနက်မြန်နှုန်းကျဆင်းမှု ကြုံတွေ့လာရကြောင်း အများပြည်သူသုံး အင်တာနက်ဆိုင်များမှ သိရသည်။

“လိုင်း(Connection) က တော်တော်လေးသွားတယ်။မေးလ်ဖွင့်မယ်ဆိုရင်တောင် Busic HTML နဲ့မှ ဖတ်လို့အဆင်ပြေလာတယ်။Standard နဲ့ ဖွင့်ရင် ဖွင့်လို့တော့ရတယ်၊ ဖတ်ဖို့ဝင်မယ်ဆို ၀င်လို့မရတော့ဘူး”ဟု ကန့်သတ်ထားသည့် ၀ဘ်ဆိုဒ်များ ကြည့်ရှုခွင့်ရလာပြီးနောက်ပိုင်း အင်တာနက်လိုင်း အခြေအနေကို တောင်ကြီးမြို့ စုစံအများပြည်သူသုံး အင်တာနက်ဆိုင်မှ ၀န်ထမ်းများက ပြောသည်။

အင်တာနက်ဆိုင်အချို့သည် လိုင်းဆွဲအားကောင်းစေရန် ဆာဗာပရောက်စီ ခံပြီး သုံးလေ့ရှိသော်လည်း ကန့်သတ်ဝဘ်ဆိုဒ်များ ကြည့်ရှုခွင့်ရလာပြီးနောက် ဆာဗာပရောက်စီအများစုမှာ လိုင်းစွဲအား မြှင့်တင်နိုင်ခြင်း မရှိတော့ဟုလည်း သိရသည်။

“ခုဝင်ခွင့်ရတဲ့ ဆိုဒ်တွေက You Tube လို ကမ္ဘာကျော် ဆိုဒ်တွေလည်းပါတယ်။ဒီဆိုဒ်မျိုးကို ပြည်တွင်း အင်တာနက်သုံးစွဲသူတော်တော်များများကလည်း နဂိုတည်းက စိတ်ဝင်စားမှု ရှိကြတယ်။အခု ၀င်လို့ရလာတော့ အဲ့လိုဆိုဒ်မျိုးတွေမှာ ဗွီဒီယိုဖိုင်တွေ Uplote လုပ်တာတွေ၊Download ဆွဲတာတွေများလာတော့ လိုင်းဆွဲအားကလည်း ကျသွားတဲ့ သဘောပါ”ဟု အင်တာနက်လိုင်းနှေးကွေးမှုများ ကြုံရသည့် အခြေခံ အကြောင်းရင်းတစ်ရပ်ကို ပြည်တွင်းဘလော့ဂ်ဂါ တစ်ဦးက သုံးသပ်ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှ ၀န်ဆောင်မှု ပေးလျှက်ရှိသည့် MPT နှင့် ADSL လိုင်းတို့တွင် You Tube အပါအ၀င် ပြည်ပနိုင်ငံများမှ လွင့်တင်နေသောသတင်းဆိုဒ်မျိုးများအား ပြည်တွင်း အင်တာနက်သုံးစွဲသူများအနေဖြင့် သြဂုတ် နောက်ဆုံးပတ်မှ စတင်ပြီး တိုက်ရိုက် ကြည့်ရှုခွင့် ရလာခြင်းဖြစ်သည်။

“အရင်ကဆို ဧရာဝတီိတို့၊ ဒီဗီဘီတို့လို ဒီဆိုဒ်တွေကို ပရောက်စီနဲ့ ကျော်မှ ကြည့်နိုင်တာမျိုးဆိုတော့ အတော်များများကတော့ Google Reder ထဲကနေကြည့်ကြတာများတယ်။နောက် facebook လို လူမှုကွန်ယက်မှာ သူများတွေ မျှဝေ(Shear) ပေးတာကနေ တစ်ဆင့်ဖတ်ကြတယ်။ခုတော့ ကိုယ်တိုင်တိုက်ရိုက်ဝင်နိုင်ပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ဒါပေမယ့် ခုချိန်မှာတော့ လိုင်းတော်တော်ကောင်းတဲ့ အချိန်မျိုးမှာမှ ကြည့်နိုင်တဲ့ အခြေအနေပါ” ဟု အင်တာနက်ပုံမှန်သုံးစွဲသူ သတင်းသမား တစ်ဦးက ပြောသည်။

ထိုသို့ ၀ဘ်ဆိုဒ်အချို့ ပြန်လည် ကြည့်ရှုလာနိုင်သော်လည်း အဆိုပါဝဘ်ဆိုဒ်များကြည့်ရှုခွင့် နှင့် ပတ်သတ်ပြီး အင်တာနက်ဆိုင်များကို တစ်စုံတစ်ရာ ညွှန်ကြားချက်ပြောင်းလဲ ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အများပြည်သူသုံး အင်တာနက်ဆိုင် ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားပါက သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ညွှန်ကြားချက်များတစ်ပါတည်း အသိပေးထားဖြစ်ရာ ယင်းညွှန်ကြားချက်တို့တွင် နိုင်ငံရေးနှင့် သက်ဆိုင်သော ၀ဘ်ဆိုဒ်များ ကြည့်ရှုခွင့် ကန့်သတ်ချက်လည်း ပါဝင်နေသည်။

ယခုကဲ့သို့ ၀ဘ်ဆိုဒ်အချို့ ပြန်လည်ဝင်ရောက်ကြည့်ရှုလာနိုင်သော်လည်း ယင်းကို တရားဝင် ပြန်ပေးခြင်းရှိမရှိကိုမူ အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့မှ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးပဲရှိနေသည်။

သတင်း....ဥာဏ်ဥာဏ်(မြစ်မခ)

တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ်မယ့်ကျောက်ဖြူ၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းသတင်းများနဲ့ ဓာတ်ပုံ၊ရုပ်သံ။



တရုတ် ယူနန်ပြည်နယ် သတင်းဋ္ဌာနနဲ့ CCTV သတင်းဋ္ဌာနတို့က ထုတ်လွှင့်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ် မယ့် ကျောက်ဖြူ၊ ကြပ်ပြေး၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမယ့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း သတင်းဓာတ်ပုံ၊


ကျွန်တော်တို့ မြန်မာပြည်ရဲ့ ခေါင်းပိုင်းမှာ မြစ်ဆုံဆည် တည်ဆောက်ပြီး မြန်မာပြည်ကို ခေါင်းပိုင်းဖြတ်မယ်..။ အလယ်ပိုင်းကို ဖြတ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ရှိတာ အကုန်သယ်မယ်။ မြန်မာပြည်ရဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ...။ ခေါင်ကိုထိရင် အကုန်စားလို့ ရသလို မြန်မာပြည်ရဲ့ခေါင်းပိုင်း ဧရာဝတီမြစ်ဆုံကို ထိအောင် ပစ်ပြီး မြန်မာပြည်ကို တရုတ်ပြည်ရဲ့ ပြည်နယ်လို့များ သတ်မှတ်လေတော့မလားပဲ...။



ရထားလမ်း စီမံကိန်းကတော့ ၂၀၁၁ခုနှစ် ၄လပိုင်း ၂၇ရက်နေ့က ကြပ်ပြေးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ...။ စေတနာ ကောင်းနဲ့တော့ အလကား ဘယ်သူမှ မဖောက်ပေးပါ...။ လေ့လာကြည့်လေ အရေးကြီးတဲ့စီမံကိန်းတွေ အားလုံး တရုတ်နဲ့ မကင်းလေပါပဲ...။ ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုတာ မိမိကိုယ်ကိုယ် မိမိမှန်ကြည့်လက်ညှိုးထိုး၊ ခေါင်းမော့ တံထွေးထွေးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်လို့ ဆိုရလေမလားပဲ...။


ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရေးထားတဲ့ စာကတော့ ကောင်းမွန်သော စီမံကိန်းများ ကို ပြုလုပ်ဖန်တီးခြင်းဖြင့် မြန်မာနှင် တရုတ်ပြည်သူများအတွက် ချမ်းသာအကျိုးဖြစ်ပေါ်စေခြင်း တဲ့ဗျို့...။

ပြောရဲလိုက်တာဗျာ..

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ မြန်မာစစ်အာဏာရှင်များ၊ အဆင်းရဲဆုံးနိုင်ငံမှ ခေတ်ပျက်သူဋ္ဌေးများနဲ့ တရုတ်စီးပွားရေးသမားများ အတွက်ဆိုရင်တော့ မှားအံ့မထင်ပါ...


သတင်း...ဒီမိုဝေယံ။

သတင်းပေးပို့ ပေးသော ဒီမိုဝေယံ အား ကျေးဇူးတင်ရှိပါသည်.။

ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တွင် သတင်းထောက်များအား ငွေပေးလာဘ်ထိုး

မြန်မာနိုင်ငံတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တို့တွင် သတင်းတက်ရောက်ယူသည့် ပွဲတက် သတင်းသမားများအား လုပ်ငန်းရှင်အချို့က လက်ဆောင်ပေးခြင်း၊ ငွေကြေးပေး၍ လာဘ်ထိုးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ထိုသို့ ငွေပေး၍ လာဘ်ထိုးရခြင်းမှာ မိမိတို့ပွဲ သတင်းအား သတင်းသမားများမှ အကောင်းဆုံး ရေးသား ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ကုန်ပစ္စည်းမိတ်ဆက်ပွဲ၌ ကုန်ပစ္စည်းလက်ဆောင်ပေးခြင်းမှာ အရေးကြီးသည့် ကိစ္စရပ်မပာုတ်သော်လည်း ငွေကြေးများပေး၍ လာဘ်ထိုးခြင်းမှာမူ သတင်းသမားတို့၏ ကိုယ့်ကျင့်တရားကို စော်ကားခြင်းပင် ဖြစ်ကြောင်း မီဒီယာတစ်ခုမှ လက်ထောက် အယ်ဒီတာတစ်ဦးက ပြောကြားခဲ့သည်။

သတင်းသမားများအနေနှင့် နိုင်ငံအတွင်း အစိုးရဝန်ထမ်းတို့၏ လာဘ်ယူမှုများ မရှိနိုင်စေရန် မီဒီယာပေါ်မှနေ၍ သတင်းဖြန့်ချိပေးရမည်ဖြစ်ပြီး သတင်းသမားများအား လာဘ်ပေးမှုအပေါ်တွင် သာယာမနေဘဲ ဆန့်ကျင်နေရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီအချိန် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ အလိမ်ခံရပြီလောဆိုသည့် သတင်းနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ သတင်းတက်ရောက်ယူရာတွင် ပွဲတက်သတင်းသမားများအား စီးပွားရေးလုပ်ငန်းရှင်များက တစ်သောင်းခွဲ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့သော ကိစ္စရပ်မှာ မြန်မာနိုင်ငံရှိ သတင်းထောက်များ၏ ကိုယ်ကျင့်တရားကို စော်ကားခြင်းဖြစ်ပြီး နောင် အနာဂတ်နိုင်ငံတော်တွင် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းလောက၏ မှန်ကန်မှု ကွယ်ပျောက်သွားနိုင်ကြောင်း သတင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတင်း.. News Watch

အစိုးရဌာနများတွင် အားနည်းချက်များစွာ ရှိကြောင်း ထိပ်တန်းအရာရှိများဆို

စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သော ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်ကုန်သည် စက်မှု အသင်းချုပ်တို့ ပူးပေါင်းစီစဉ်သည့် ဟောပြောပွဲတွင် အစိုးရသစ်၏ ထိပ်တန်းအရာရှိများက အစိုးရ ဌာနများတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိနှစ်ဦးက ကုန်သည် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အဆိုပါ ဟောပြောပွဲကို တက်ရောက်လာသူ ၃၀၀ ခန့်အား အာဆီယံစီးပွားရေး အသိုင်းအဝိုင်း (Asean Economic Community)နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူ ဒေါ်မြတ်မြတ်စိုးက “အစိုးရဌာနတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် AEC လာရင်တော်တော်များများကို ပြောင်းလဲရပါမယ်။ ဒီပြောင်းလဲမှုကို မလုပ်နိုင်ဘူးဆိုရင်တော့ CLMV (Cambodia,Laos,Myanmar,Vietnam) လေးနိုင်ငံထဲမှာ နောက်ကျကျန်ခဲ့ပါလိမ့်မယ်”ဟု အစိုးရဌာနများတွင် အားနည်းနေသည့် ကိစ္စရပ်များကို သတိပေးပြောဆိုသွားခဲ့သည်။

ဆက်လက်၍ ယင်းတို့က သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မိန့်ခွန်းတွင် ပါရှိသည့်အတိုင်း အစိုးရဌာနပိုင်းအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေကြောင်း ဆိုသည်။

“ ကုမ္ပဏီထောင်ဖို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို Proposal လာတင်တာ၊ကော်မရှင် အဖွဲ့ဝင်တွေက အခွန်ဆောင်ဖို့ ကိစ္စတွေ၊ အလုပ်သမား လခ ပေးဖို့ကိစ္စတွေ ပြန်မေးတော့ မဖြေနိုင်တာတွေ ရှိတယ်”ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်မှုဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးက ဆိုသည်။ အစိုးရဌာနများတွင်လည်း မိမိတို့ဌာန၏ လုပ်ပိုင်ခွင့်မှုဘောင်ကို နားလည်ခြင်းမရှိဘဲ လုပ်ကိုင်နေခြင်းများ ရှိကြောင်း ဆိုသည်။

“နိုင်ငံခြားက စီးပွားရေးမြုပ်နှံဖို့လာတဲ့ အဖွဲ့ကို MIC ကနေ စက်မှု(၂)၊ စက်မှု(၂)ကနေ MIC ပြန်ပြန်လွှဲနေတာတွေ ရှိတော့ အလုပ်မတွင်တဲ့အပြင် ဝင်လာရမယ့် FDI တွေ ပြန်ထွက်သွားတာ ရှိတယ်”ဟု ထပ်လောင်းပြောဆိုသည်။

သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွနှ်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်းမှ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က တပ်မတော်အစိုးရမှ လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သတင်း..YC(KS)

ပြည်ပရောက်မြန်မာများအားဖမ်းဆီးမယ်လိုခြိမ်းခြောက်ပြောဆိုသွားသော ဦးသိန်းစိန်၏လက်ပါးစေကိုကို..။





ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ရွှေတိဂုံစေတီတော်တွင်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ ဆုတောင်းပွဲဓာတ်ပုံများ










04 September 2011

လာမည့်အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် တွင်ပါလာမည့် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး


ရန်ကုန် မြောက်ဥက္ကပမြို့နယ် (၂) ရပ်ကွက် မိန်းလမ်းမကြီးပေါ်မှာ သွားလာနေကြရတဲ့ ပြည်သူတွေဘ၀။



ယနေ့ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာဖော်ပြခွင့်ရမယ့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး။


ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်ခိုင်းသော အစိုးရ





ကား ပြပွဲလား..`???၊ လူပြပွဲ လား...???၊ ဆိုတာ ရှင်းရှင်း ပြောပါ..။ရန်ကုန်မြို့ တပ်မတော် ခန်းမ မှာ ပြုလုပ်တဲ့ ကားပြပွဲ တစ်ခုမှာ ရိုက်ထားတာပါ။