ရန်ကုန်မြို့တော်နေ ပြည်သူများအတွက် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်စရာ မလိုကြောင်း၊ အဆိုပါကော်မတီ၏ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ “မိုးမကျခင် အချိန်အတွက် ရန်ကုန်မြို့မှာ ရေလုံလောက်မှု ရှိပါတယ်။
နောက်ထပ် နှစ်လစာရှိတယ်” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ၃၃ မြို့နယ်ရှိ လူဦးရေ ငါးသန်းအတွက် တစ်ဦးလျှင် တစ်နေ့အတွက် ဂါလန် ၃၀ နှင့်ဆိုပါက လိုအပ်သော ရေဂါလန်မှာ သန်း ၁၅၀ ဖြစ်ကြောင်း၊ နေ့စဉ် ပေးဝေနေမှုမှာ ဂါလန် သန်း ၁၆၀ ဖြစ်ကြောင်း သိရသည်။ ပေးဝေနေသော ရေများမှာ ဂျိုးဖြူကန်မှ ဂါလန် ၂၇ သန်း၊ ဖူးကြီးကန်မှ ဂါလန် ၅၄ သန်း၊ လှော်ကားကန်မှ ဂါလန် ၁၄ သန်း၊ အ၀ီစိတွင်းမှ ဂါလန် ၁၆ သန်း၊ ငမိုးရိပ်အထယုမှ ဂါလန် ၄၅ သန်း၊ ဒဂုံတောင် ၁၀၇ ရေပေးဝေရေးမှ ရေဂါလန် တစ်သန်း၊ ဒဂုံတောင် ၅၇ ရပ်ကွက် ရေပေးဝေရေးစခန်း ဂါလန် တစ်သန်း၊ ထန်းတစ်ပင် သဲဖြူရေသုံးကန်မှ ဂါလန်တစ်သန်း၊ စမ်းချောင်း နာနတ်တော စိမ့်ပြာရေစုတွင်းကျယ်မှ ဂါလန် တစ်သန်း စုစုပေါင်း ရေဂါလန်သန်း ၁၆၀ ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် မီးစက် ၅၁ လုံးဖြင့် ဒီဇယ်၊ အင်ဂျင်မောင်း၍ ပိုက်လိုင်းများအား ရေအားဖြည့်စနစ်ဖြင့် ရေပေးဝေမှုများလည်း ပြုလုပ်နေကာ ယခုဘဏ္ဍာနှစ် အပါအ၀င် အ၀ီစီတွင်း ပေါင်း ၄၉၆ တွင်း တူးပေးပြီး ဖြစ်ကြောင်း ၊ ၄င်းအပြင် ရေဂလန် ၃၂၀၀ ဆံ့ ရေဘောက်ဆာကား အစီး ၂၀၊ ရေလှောင်သံကန် လေးစီး၊ မီးသတ်ယာဉ် နှစ်စီးတို့ဖြင့် ရေးပေးဝေမှုများ ပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း ရေတွင်းတူးစက် ၁၀ ခု ထပ်မံတပ်ဆင်နေကြောင်း၊ ရန်ကုန်တွင် ရေလုံလောက်မှု ရှိကြောင်း ၄င်းကသတင်းပေး ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါ သည်။
မရှက်တတ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှလူကြီးများ ကြည့်တတ်ရင်ရှက်ပြီးသေဘို့
ကောင်းပါတယ်ရှင် ..မြန်မာပြည်သူတွေ ရဲ့ရေပြသနာတွေပါ...