25 May 2010

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု နောက်ဆက်တွဲသတင်း.၊၊၂၅ ရက်နေ့ နံနက် ၁ နာရီထိ မီးငြိမ်းသတ်နေရဆဲ

Updated - ည ၇ နာရီ ၄၀မိနစ်: ထပ်မံရရှိသောသတင်းများအရ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ်များဖြင့် မလုံလောက်သောကြောင့် ပဲခူးတိုင်းအတွင်းရှိ မီးသတ်ယာဉ်များပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။ ယခုလက်ရှိတွင် မီးသတ်ယာဉ်စုစုပေါင်း ၆၅ စီး ဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။ skyhall ရှိ စားသောက်ဆိုင် အပါအ၀င် ဆေးပစ္စည်းနှင့် အခြားပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ စတိုခန်းများကိုလည်း မီးလောင်ကျွမ်းနေကြောင်း သိရသည်။


updated -၂၅ရက်နေ့ နံနက် ၁ နာရီ: ယခုအချိန်ထိ မီးငြိမ်းသတ်နေရဆဲဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် စတုတ္ထထပ်နှင့် ခေါင်မိုး (skyhall) မှလွဲပြီး တစ်ခြားသို့ ကူးဆက်မှုမရှိသေးကြောင်းနှင့် လက်ရှိအနေအထားအရ အခြားနေရာများကို မကူးဆက်ရအောင် ထိန်းသိမ်းနေရကြောင်းသိရသည်။ စတုတ္ထထပ်ရှိ မီလောင်ကျွမ်းမှုကို ငြိမ်းသတ်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ၏ အချို့နေရာများတွင် အက်ကွဲမှုများဖြစ်ပေါ်နေသည်။



(နောက်ဆုံးအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်)ဟုnews-eleven. ဂျာနယ်တွင် ဖော်ပြ

ပါရှိပါသည်.