26 May 2010

အဆင့်မီရုပ်ရှင်ရုံနှစ်ရုံပါဝင်မည့် မော်တင်စင်တာ ဇူလိုင်လဆန်းတွင်ဖွင့်မည် (ကဲကြည့်လိုက်ကြပါမကြာမှီဝါယာရှော့မီးဆိုပြီရှို့ကြပါအုံးမယ်)


ရန်ကုန်မြို့တွင် ပထမဆုံး အဆင့်မီရုပ်ရှင်ရုံနှစ်ရုံပါဝင်မည့် Junction Centre Maw Tin အား ယခုဇူလိုင်လဆန်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျန်းရှင်းစင်တာမော်တင်တွင် ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများအပြင် အဆင့်မီရုပ်ရှင်ရုံနှစ်ရုံပါဝင်မည်ဖြစ်ကြောင်း ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှသိရသည်။

"ဒီစင်တာကို ဇွန်လနောက်ဆုံးပတ် သို့မဟုတ် ဇူလိုင်ပထမပတ်မှာဖွင့်ဖြစ်မှာပါ။ ဆိုင်ခန်းတွေလဲ ရာနှုန်းပြည့်ငှားပြီးနေပါပြီ။ အထပ်တိုင်းမှာ ကားပါကင်ပါမယ်။ လုံခြုံရေး အတွက် ၀င်ပေါက်တိုင်းမှာ စီစီတီဗွီကင်မရာတွေ တပ်ထားပါမယ်။ ရုပ်ရှင်ရုံနှစ်ရုံကိုလဲ ရုပ်ရှင်ကားမတူအောင် ပြသမယ်။

ဥရောပရုပ်ရှင်ကားရော၊ အာရှရုပ်ရှင်ကား တွေပါမယ်။မြန်မာကားဆိုရင်လဲ ကားသစ် တွေပဲ ပြသသွားမယ်။ ရုပ်ရှင်ရုံရဲ့အပြင် အဆင်၊ အသံစနစ်တွေကအစ နိုင်ငံတကာ အဆင့်မီဖြစ်အောင် ပြင်ဆင်ထားတယ်။ အဆင့်မီရုံဖြစ်တဲ့အတွက် လက်မှတ်ခနှုန်း ထားတွေကို နောက်ဆုံးတန်း ကျပ် ၂၀၀၀၊ အလယ်တန်း ကျပ် ၁၅၀၀နဲ့ ရှေ့တန်း ကျပ် ၁၀၀၀ သတ်မှတ်ထားတယ်။ လက်မှတ် ရောင်းတဲ့စနစ်က ကွန်ပျူတာနဲ့ ပရင့်ထုတ် ပြီး ရောင်းပေးသွားမှာမို့ မှောင်ခိုတွေဘာ တွေ မရှိတော့ပါဘူး"ဟု Sr.Manager မစီစီ ထွေးက ပြောသည်။

ဈေးဝယ်စင်တာသည် လေးထပ် အဆောက်အအုံဖြစ်ပြီး နိုင်ငံတကာအဆင့် မီ အ၀တ်အထည်အမျိုးအစားများ၊ အလှ ကုန်နှင့် ရေမွှေးများ၊ လူငယ်ဝတ်ဖက်ရှင်ဒီ ဇိုင်းများ၊ စူပါမားကတ်၊ စားသောက်ဆိုင် များ၊ စိတ်လှုပ်ရှားဖွယ်ပျော်ရွှင်စရာကစား ကွင်းများ အစုံအလင်ပါဝင်မည်ဖြစ်သည်။

ဂျန်းရှင်းစင်တာမော်တင်အား ဖောက်သည်များ၊ ဧည့်သည်များအား ထူး ခြားကောင်းမွန်သော ဈေးဝယ်အတွေ့ အကြုံနှင့် စိတ်ကျေနပ်မှုဖြစ်ပေါ်စေရန်ရည် ရွယ်၍ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဈေး ၀ယ်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ အလွှာချင်းစီအလိုက် ဆိုင်ခန်းငှားရမ်းသူများ အား စီမံနေရာချထားသည်ဟု သိရသည်။ ရုပ်ရှင်ရုံတစ်ရုံတွင် ထိုင်ခုံ၂၀၀ပါဝင်ပြီး ထိုင် ခုံပေါင်း ၄၀၀ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

စင်တာတွင် ၂၂၀၀စတုရန်းပေ အကျယ်အ၀န်းရှိ ပရိုမိုးရှင်းဧရိယာပါဝင် ပြီး ပရိုမိုးရှင်းနေရာတွင် ဈေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဖက်ရှင်ရှိုးများ၊ ကုန် ပစ္စည်းအရောင်းမြှင့်တင်ပွဲများကို ရာသီ အလိုက် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျန်းရှင်းစင်တာမော်တင်ရှိ ကုန် ပစ္စည်းဆိုင်များနှင့် ဖက်ရှင်ဆိုင်များအား နေ့စဉ်နံနက်၉နာရီမှ ည၉နာရီအထိ ပိတ် ရက်မရှိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စား သောက်ဆိုင်များအား ည၁၀နာရီအထိနှင့် ရုပ်ရှင်ရုံများကို တစ်နေ့လျှင်ငါးကြိမ်ဖြင့် ည ၁၂နာရီအထိ ပြသသွားမည်ဖြစ်သည်။



သတင်း( YGM )