26 May 2010

မြန်မာပြည်က ဒီဂျေဘားကလပ်မယ် လေးများလည်းဒီလိုတွေ လုပ်နေကြပါပြီး

ဗဟန်းမြို့နယ် ဆရာစံရပ် ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နေသူ ကို...(၄၈)နှစ်သည် ဧပြီ ၂၇ရက် ၀၃း၀၀ နာရီတွင် ဒီဂျေဘားကလပ်မှ အမျိုးသမီး တစ်ဦးနှင့်အတူ ဗဟန်းမြို့နယ် ဆရာစံလမ်း ရှိ စိန်မိုတယ်သို့ရောက်ရှိတည်းခိုပြီးနောက် အိပ်ပျော်သွားရာမှ ၀၆း၃၀နာရီ နိုးလာစဉ် ၎င်းင်းအမျိုးသမီးအား မတွေ့ရတော့ဘဲ ၎င်းပိုင် ကျပ်ငါးသိန်းတန်စိန်လက်စွပ်တစ်ကွင်း၊ Motorola V-9 အမျိုးအစား အနက်ရောင် ဖုန်းနှင့် ငွေကျပ် ၂၇၀၀၀၀တို့ ပျောက်ဆုံးနေ ကြောင်းသိရသဖြင့် အရေးယူပေးရန် တိုင် တန်းချက်အရ ဗဟန်းရဲစခန်းမှ (ပ)၂၂၈/ ၂၀၁၀၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။

တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဧပြီ ၂၈ရက် ၀၉း၃၀ နာရီတွင် တရားလိုနှင့် စိန်မိုတယ်မှ မျက်မြင်သက် သေများကို စစ်ဆေးပြီး တရားခံပုံသဏ္ဌာန် တူ ပန်းချီရေးဆွဲခဲ့သည်။ ၎င်းင်းနောက် ဒီဂျေဘားကလပ်သို့သွားရောက်၍ တရားခံ ၏ ပုံသဏ္ဌာန်နှင့်တူသူအား စောင့်ဆိုင်း စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းခဲ့ရာမှ ၂၂း၃၀ နာရီ တွင် ပြစ်မှုကျူးလွန်သူသည် မသီတာထွန်း ဖြစ်ကြောင်း သျှင်ပါဂူဆေးခန်းအရှေ့တွင် သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းငှားနေ ထိုင်လျက်ရှိကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းနေထိုင်ရာ ဗျိုင်းရေအိုးစင်ရပ်ကွက် တာမွေမြို့နယ်နေအိမ်သို့ ၀င်ရောက်ရှာဖွေ ခဲ့ရာ မသီတာထွန်း (၂၇)နှစ် ကြို့ကုန်း အနောက်ရပ်ကွက် အင်းစိန်မြို့နယ်နေသူ အား တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။

မသီတာထွန်းအား စစ်ဆေးရာ ၎င်းသည် ဧပြီ ၂၇ရက် ၀၁း၃၀နာရီတွင် တာမွေမြို့နယ် တာမွေပလာဇာ အောက် ထပ်ရှိ ဒီဂျေဘားကလပ်တွင် ကနေစဉ် အမျိုးသားတစ်ဦးနှင့် တွေ့ခဲ့ပြီး ထိုသူက ပျော်ပါးရန် ငွေကျပ်ငါးသောင်းပေးပြီး စိန် မိုတယ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ၀၆း၀၀ နာရီတွင် ထိုသူအရက်မူး၍ အိပ်ပျော်နေ စဉ် ၎င်းက အခန်းအတွင်း စားပွဲပေါ်၌ တင်ထားသော အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့် ထိုသူ၏ လက်သူကြွယ်တွင် ၀တ်ဆင်ထားသော လက်စွပ်တစ်ကွင်းတို့ ချွတ်ယူခဲ့ကြောင်း၊ ထို့နောက် အသင့်တွေ့ ရှိသော ကားသော့ဖြင့် ယာဉ်၏ရှေ့တံခါး အားဖွင့်ကာ ကားရှေ့ခန်းရှိ အိတ်အတွင်းမှ ငွေကျပ် ၂၇၀၀၀၀ကို ခိုးယူခဲ့ပြီး အငှား ယာဉ်ဖြင့် နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ ဧပြီ ၂၈ရက် ၁၃း၀၀နာရီတွင် ရွှေဘုံသာလမ်းရှိ ကျော်နိုင်ဆိုသူထံ ခိုးယူခဲ့သော ရွှေလက် စွပ်အား ငွေကျပ် ၁၅၇၀၀၀ဖြင့် ရောင်းချ ခဲ့ကြောင်း ရရှိသောငွေများကို နိုက်ကလပ် တက်၍ သုံးစွဲခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဧပြီ ၂၉ရက် ၁၀း၃၀နာရီတွင် အမှုမှ သက် သေခံပစ္စည်းဖြစ်သော Motorola V-9 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောက်အဖြူရောင် ၁၁လုံးနှင့်အပြာရောင် ကျောက်တစ်လုံးပါ မိုးကုတ်ပုံ ရွှေလက်စွပ် တစ်ကွင်းတို့အား ပန်းဘဲတန်းမြို့နယ် ရွှေ ဘုံသာလမ်းရှိ ရွှေဆိုင်မှ ပြန်လည်သိမ်း ဆည်းရမိခဲ့သည်။ တရားခံအား ထိရောက် ဟန့်တားလောက်သည့်ပြစ်ဒဏ်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



သတင်း( YMG )