23 May 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့် (၈၇) နှစ်၏ဈာပနာဓာတ်ပုံ မှတ်တမ်း








ဦးစိုးမြင့် ခေါ် သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စီအာပီပီအဖွဲ့ဝင်၊ တောင်သူလယ်သမားရေးရာကော်မတီ တာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။

ဦးစိုးမြင့်သည် ၁၉၂၃ ခု သြဂုတ်လ (၁၆) ရက်တွင် မွေးဖွားပြီး ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးကြွယ်၊ သားသမီးများ ဖြစ်ကြသော ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်ချိုချိုမြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်သင်းသင်းမြင့်နှင့် မြေး (၁၁) ယောက်တို့ ကျန်ရစ်သည်။

ရွှေနန္ဒ အားကျေးဇူးတင်ပါသည်.။