24 May 2010

ဆင်ခြေဖုန်းရပ်ကွက်များ၌အချိန်ပိုင်းမီးရရှိမှုကြောင့်ရပ်ကွက်အချို့ဘက်ထရီငှားရမ်းမှု၊တစ်နိုင်တစ်ပိုင်မီးပေးမှုနှင့်ဘက်ထရီ ခြောက်အသုံးပြုနေကြ

အချိန်ပိုင်း မီးရရှိမှုကြောင့် ရပ်ကွက်အချို့၌ ဘက်ထရီငှားရမ်းမှု၊ တစ်နိုင်တစ်ပိုင် မီးပေးမှုနှင့် ဘက်ထ ရီခြောက် အသုံးပြုမှုသည် ယခင်ကထက် ပိုမိုတွင်ကျယ်လာကြောင်း သိရှိရပါသည်။


ဆင်ခြေဖုန်း ရပ်ကွက်များ၌ ယခင်က လျှပ်စစ်မီးရရှိမှုပုံစံသည် ညနေပိုင်းအချိန်၌ မီးနှစ်ရက်လာပြီး တစ်ရက်ပျက်သည့် ပုံစံဖြင့် မီးရရှိခဲ့သည်။



မီးစက်အသုံးပြုကာ တစ်နိုင်တစ်ပိုင် မီးပေးဝေရာတွင် ယခင်ကထက် မီးသုံးစွဲလိုသူ ပိုမိုများလာခြင်းကြောင့် လိုက်လံတပ်ဆင်ပေးရသည့် အိမ်အသစ်များ တိုးလာကြောင်း သိရသည်။




''မီးစက်နဲ့မီးပေးတာက တစ်ညကို မီးချောင်းတစ်ချောင်းစာ ကျပ် ၂၀၀ ပေးရပါတယ်။ တီဗီကြည့်ရင် လည်း တီဗွီအတွက်ကျပ် ၂၀၀ ပေး ရပါတယ်။ မီးကိုတော့ ညနေ ၆နာ ရီခွဲကနေ ည ၁၁ နာရီအထိ ပေးပါ တယ်။ ကျွန်မတို့ဘက်ကတော့ အရင်မီးမှန်ကတည်းက ပုံမှန်ယူ ထားကြတာပါ။ မီးမှန်တဲ့အချိန်မှာ မလိုချင်လို့ ဖြုတ်ထားချင်ရင်လည်းရတော့ မီးစက်မီးယူရတာ အဆင်ပြေ ပါတယ်။ အခု တခြားရပ်ကွက်တွေ ကလည်း မီးသွယ်ချင်လို့ လာပြောကြတယ်။ မီးသွယ်တဲ့လူတွေက လမ်းထဲမှာ မီးယူတဲ့သူများရင် မှောင်တဲ့နေရာတွေမှာလည်း လမ်းမီးကို အလကားသွယ်ပေးတယ်။ ပျမ်းမျှ မီးဖိုးကုန်ကျငွေက အစိုးရမီတာ ထိန်းသိမ်းခကကျပ် ၁၀၀၀၊ မီတာခ က ကျပ် ၂၀၀၀၊ မီးစက်မီးကတစ်လ ကို ကျပ် ၆၀၀၀ စုစုပေါင်း တစ်လ ကို လျှပ်စစ်မီးဖိုးအတွက် ကုန်ကျငွေ ကျပ် ၉၀၀၀ ၀န်းကျင်ရှိပါတယ်။ ဒါကချက်ပြုတ်တဲ့အတွက် မီးသွေးဖိုး ကုန်ကျငွေ မပါသေးပါဘူး''ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ မီးစက်မီးယူသူ အိမ်ရှင်မတစ်ဦးက ရှင်းပြပါသည်။




ကိုယ်ပိုင်ဘက်ထရီအိုးများ အားသွင်းရာတွင် ဘက်ထရီအိုး အကြီးအသေးပေါ် မူတည်၍ ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ဈေးနှုန်း ရှိပြီးဆိုင်မှ ငှားရမ်းသုံးစွဲမည်ဆိုပါက တစ်ညလျှင်ကျပ် ၃၀၀ ပေးရကြောင်း သိရသည်။




ယခုနောက်ပိုင်း၌ ပုံသဏ္ဌာန် မျိုးစုံဖြင့် ဘက်ထရီခြောက်များလည်း ဈေးကွက်အတွင်း ၀င်ရောက်လျက် ရှိပြီး ၀ယ်လိုအား များလျက်ရှိကြောင်း သိရသည်။ ဘက်ထရီခြောက်များကို တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက် ပြီး အမျိုးအစားပေါ် မူတည်၍ တစ်ခုလျှင် အနည်းဆုံးကျပ် ၂၅၀၀ နှင့် အထက်ရှိကြောင်း သိရသည်ဟု.news-eleven.ဂျာနယ်တွင်ဖော်ပြပါရှိသည်.။