27 May 2010

မဆင်မခြင် ယာဉ်မောင်းကြောင့် ပျက်စီး ဆုံးရှုံးရပြန်


မန္တလေးမှ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်၍ မောင်းနှင်လာသည့် ယာဉ်အမှတ် (၈စ/ ၃၄၂၈) (၆)ဘီးတပ်ယာဉ်သည် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝယ်နှင့် မော်လူးကြား တံတား အမှတ် (၄-၁၅၃) (၁၅၃-၅)နှင့် (၁၅၃-၄)ကြား၌ ကွင်းလမ်း ပေးထားသော်လည်း ကွင်းလမ်းမှမသွားပဲ တံတားပေါ်မှ ဖြတ်သန်း မောင်းနှင်ရာ ကားဒရိုင်ဘာ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် (၂၇၊၄၊၂ဝ၁ဝ) ရက်နေ့ နံနက် (၇)နာရီ (၄၅)အချိန် တံတားပေါ်မှ အောက်သို့ ကားနောက်မီးဆွဲကာ ပက်လက်လှန် တိမ်းမှောက်သွားကြောင်း၊ ယာဉ်မောင်းမှာ မျိုးမင်းအေး (ဘ) ဦးခင်မောင်ဝင်း၊ မှတ်ပုံတင်အမှတ် (၅/ရဘန(နိုင်) ၁၁၅ဝ၃၇) အသက် (၃၄)နှစ် ခုနှစ်ဖြစ်ပြီး ကားစပါယ်ယာမှာ မောင်ထိုက်(ဘ) ဦးခင်မောင်ဝင်း ဖြစ်ကြောင်း ကားတိမ်းမှောက်ရာတွင် နှစ်ဦး စလုံးထိခိုက်မှု လုံးဝမရှိဘဲ ကားပေါ်ပါလာသည့် မော်လူးဈေးသည်များ၏ TV (၇)လုံး၊ အောက်စက် (၆)လုံးခန့်နှင့် အခြား အသုံးအဆောင်များ ပျက်စီးသွားကြောင်း အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မော်လူးရဲစခန်းမှ ပ/၃၆ (၂ဝ၁ဝ)ဥပဒေ ပုဒ်မ (၂၉၇)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်ဟု လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။