27 May 2010

ယနေ့ ထုတ်ကြေးမုံ သတင်းစာတွင်မေလ ၂၄ ရက်နေ့ က ရန်ကုန် မြို့ မင်္ဂလာ ဈေး မီးလောင် မှု တွင်အဓိက တာဝန်ရှိသည့်ဆိုင်ရှင်သုံးဦးကိုဖမ်းဆီးအမှုဖွင့်ခဲ့သည်ဟုပါရှိ

မေလ ၂၄ ရက်နေ့ က ရန်ကုန် မြို့ မင်္ဂလာ ဈေး မီးလောင် မှု တွင် အဓိက တာဝန် ရှိသည့် ဆိုင်ရှင် သုံးဦး
ကို
မင်္ဂလာ တောင်ညွှန့် ရဲ စခန်း မှ ဖမ်းဆီး၍ အမှု ဖွင့် အရေးယူထားသည် ဟု ယနေ့ ထုတ်ကြေးမုံ သတင်းစာတွင်ဖော်ပြထားသည်။


မေလ ၂၃ ရက်နေ့ ညက ဈေးပိတ်ချိန် တွင် ရေနွေး အိုး တည်ထားသည့် မီးပလပ် ကြိုးကို မဖြုတ်ပဲ

ထားရှိပြီးနောက်တစ်နေ့ ဈေးဖွင့် ချိန်တွင် ဈေးတာဝန်ခံ ရုံးက လျှပ်စစ်မီး များ ပြန်လည် ဖွင့်လှစ်ရာမှ

ရေနွေး အိုးလောင်ကျွမ်းပြီး အနီးရှိ အထည် များ ကို ကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်

ဟု ဖော်ပြထားသည်။



ထိုသူသုံးဦးမှာစ(၈၀/၈၁)ဆိုင်ရှင်များဖြစ်ကြသောဦးတင်အောင်.မသီတာရွှေ(ခေါ်)မသီတာနှင့်

မခင်မာ အေးတို့ဖြစ်ပါသည်.။မင်္ဂလာတောင်ညွှန့်ရဲစခန်းမှမီးပေါ့ဆမှုဖြင့်အမှုဖွင့်အရေးယူ

ထားပါသည်ဟုဖော်ပြထားပြီးစစ်အာဏာပိုင်များ၏ပေါ့ဆမှုကြောင့်အဆမတန်မီးလောင်ကျွမ်းခဲ့

တာကိုတော့ ပြောပြခဲ့ခြင်းမရှိပါဘူး.။




မင်္ဂလာဈေးမီးလောင်မှုမှာ မီးညွန့်အား ထိန်းသိမ်းနိုင်ရန်အတွက်အချိန် နာရီ ၂၀ ၀န်းကျင်

ကြာမြင့် ခဲ့သည့်အတွက် အဆိုပါကြာမြင့်ခဲ့ သည့်အချိန်မှာ မြန်မာတစ်နိုင်ငံလုံးတွင်

မီးလောင်ကျွမ်းမှု ဖြစ်စဉ်များအနက် အချိန်အကြာဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း

ကိုလည်းမဖော်ပြခဲ့ပါ..။