24 May 2010

ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား



ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး တွင် ယနေ့ မနက် ၈း၂၀ အချိန် ကတည်း က စတင်မီးလောင်ကျွမ်း နေရာ တစ်နာရီ ကျော်ကြာသည် အထိ မီးညွန့် မကျိုးသေးပဲ ဆက်လက် လောင်ကျွမ်းနေဖြင့် စက်ရုံလမ်း နှင့် ကန်တော်ကလေး နှင့် ရန်ကုန် မြို့ ထဲသို့ သွားသည့် ဗညားဒလလမ်း တို့ ကို ပိတ်ထားရသည် ဟု သတင်းရရှိသည်။

မင်္ဂလာဈေးမီးလောင်မှု တွင် ထိခိုက်ဒဏ်ရာ ရမှု များ နှင့် ပစ္စည်းလုယက်မှုများ ရှိသည် ဟုဈေးများဌာန မှ တာဝန် ရှိသူ တစ်ဦးကပြောသည်။မင်္ဂလားဈေး မီးလောင်ကျွမ်းမှုကြောင့်ယုဇန ပလာဇာရှိ ဆိုင်ခန်း ပိုင်ရှင် များ အဖိုးတန် ပစ္စည်း များ ကို သယ်ဆောင်၍ အလျှင်အမြန်ဆိုင်များ ပိတ်နေသည် ။ ကားလမ်းများ ကို မအူကုန်း လမ်း ကျယ်မှတ် တိုင်မှ စတင်ပိတ်ထားပြီးပလာဇာ အနောက် လမ်းမှ တစ်ဆင့် စက်ရုံး လမ်း၊ဗိုလ်မင်း ရောင်လမ်း အတိုင်း အောင်ဆန်းကွင်းမှ တစ်ဆင့် ရန်ကုန် မြို့ ထဲ သို့ သွား ရသည်။


ယနေ့ ဈေးစဖွင့် ချိန် တွင် မီးလောက် ကျွမ်းဖြင်း ဖြစ်ပြီး အချို့ ဆိုင်များတွင် ဈေးသူဈေးသားများ မရောက် ရှိသေးသဖြင့် ဆိုင်ရှိ ပစ္စည်းများ သိမ်းဆည်း နိုင်ခြင်း မရှိ ဘဲ မီးလောင်မှု ထဲ ပါသွားသည် ဟု သတင်းရရှိသည်။ မီးလောင်နေ သည့် ဆယ်ထပ် ဈေးသစ်ကြီး ထဲ ဈေးသူဈေးသား နှင့် ဆိုင်ရှင် များ အား ရဲ နှင့် စစ်တပ်က ပေးမ၀င် သဖြင့် ဆိုင်ရှင်များ က မိမိ တို့ ၏ ဆိုင်ခန်းများထဲ မှ ပစ္စည်း များ အတွက် စိုးရိမ် နေကြသည်ဟု မင်္ဂလာ ဈေး တွင် အထည် ဆိုင်ဖွင့်ထားသည့် ကို အောင်သူ က Freedom News Group သို့ ပြောသည်။

မီးငြိမ်းသတ်ရာ သို့ လာသည့် မီးသတ်ကားများသည့် မီးညွှန့် အရှိန် ရတောက်လောက်ပြီးမိနစ် ၃၀ ခန့် ကြာမှ ရောက်လာခြင်း ဖြစ်သည် ဟု မင်္ဂလာတောင်ညွှန့် မှ ၀န်ထမ်းတစ်ဦး ကပြောသည်။

ယခု မီးလောင် သော မင်္ဂလာ ဈေးနေရာသည် မင်္ဂလာ ဈေးသစ် နေရာဖြစ်ပြီး ရန်ကုန် စည်ပင်၏ မြို့ တော် စည်ပင် ဘဏ်၊ ရန်ကုန် စည် ပင် ၏ ဈေးများ ဌာန ၏ ဌာန ခွဲ တစ်ခု ရှိသောနေရာဖြစ်ပြီး မင်္ဂလာ ခန်းမ ၊ဘိလိယက် ကစား ၀ိုင်း များ နှင့် ညကလပ် များ ရှိသည်။

ရင်းမြစ်..freedomnewsgroup