28 May 2010

မြန်မာပြည်တွင်ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အချို့တွင် ဒီဂျစ်တယ် ဆီပန့်သုံး ကွန်ပျူတာစနစ်ဖြင့် ရောင်းချမည်(ဤစနစ်ဘယ်လောက်ခံမည်နည်း)

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်အချို့တွင် လက်ရှိသုံးစွဲလျက်ရှိသည့် ဆီပန့်များအစား ဒီဂျစ်တယ်ပန့်များကို အစားထိုး တပ်ဆင်ပြီး ဆီရောင်းချမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုပန့်များကို တင်သွင်းရောင်းချပေးသည့် International Marine Services Co Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဟိန်းက မေလ ၂၁ ရက်တွင် ပြောကြားသည်။

အဆိုပါ ဒီဂျစ်တယ်ဆီပန့်များ သည် သတ်မှတ်ပေးထားသော စက်သုံးဆီရောင်း ဈေးအတိုင်း ဝယ်ယူသူထည့်လိုသည့် ဆီပမာဏကို တိကျစွာထည့်ပေးနိုင်သည့် ပန့်များဖြစ်ကာ လက်ရှိတွင် ထိုပန့်များကို ကုမ္ပဏီသုံးခုမှ လုပ်ကိုင်ဆောင်ရွက်မည့် စက်သုံးဆီဆိုင်ပေါင်း ၂၀ တွင် ပြောင်းလဲတပ်ဆင်ရန် သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ၄င်းကဆိုသည်။ “ဒီဂျစ်တယ် ပန့်တွေကိုတော့ ကုမ္ပဏီ တော်တော်များများက စိတ်ဝင်စားကြတယ်။ သုံးစွဲမယ့် ကုမ္ပဏီတွေကလည်း လက်ရှိပန့်တွေ နေရာမှာ ဒီပန့်တွေကို အမြန်ဆုံးပြောင်းလဲ တပ်ဆင်သွားဖို့ ရှိပါတယ် ”ဟု ၄င်းကပြောသည်။