25 May 2010

ရန်ကုန်တွင် မနေ့ ည(၁၁)နာရီခွဲအချိန် မိုးရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဖြိုဖျက်လက်စအဆောက်အအုံတစ်ခုပြိုကျ



မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်မှုကြောင့် မေလ ၂၄ ရက်နေ့ ည ၁၁း၃၀ နာရီဝန်းကျင်၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၃ လမ်းအတွင်းရှိ ဖြိုဖျက်လက်စနှစ်ထပ်တိုက် အဆောက်အအုံတစ်ခုပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြိုကျမှုကြောင့် လွင့်စင်လာသည့် အုတ်ခဲအပိုင်းအစများသည် အဆိုပါအဆောက်အအုံရှေ့တွင်ရပ်ထားသည့် ဆူဇူကီးကားနှင့် ဒိုင်နာကားနှစ်စီးကို သွားရောက်ထိမှန်ရာ ၎င်းကားများပျက်စီးမှုအချို့ရှိခဲ့ကြောင်း၊ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သတင်းရရှိသည်ဟုnews-eleven.ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။