25 May 2010

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊ ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိကြောင်းသိရ



မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအားငြိမ်းသတ်နေဆဲကာလတွင်ညနေ၆နာရီ၁၅၀န်းကျင်၌မီးထပ်မံ
လောင်ကျွမ်း
နေကြောင်းသိရှိသည်။မီးလောင်ကျွမ်းမှုနှင့်အတူမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။



မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ်ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေးစတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံလောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိ skyhall မှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက်လောင်ကျွမ်းနေကြောင်းသိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhall သို့ လှေကားထောင်မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။

(နောက်ဆုံးအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်) ဟုnews-eleven တွင် ဖော်ပြပေးထားပါသည်.။