15 December 2011

ဗိုလ်ချုပ်အောင်ဆန်းနှင့်တူသူ ရွေးချယ်ပွဲပြုလုပ်မည်


ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထု ပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်းအား ရိုက် ကူးရာတွင် အဓိကဇာတ်ကောင်ဖြစ် သည့် ဗိုလ်ချုပ်အောင်ဆန်းနေရာ တွင် သရုပ်ဆောင်မည့်သူအား လက်ရှိရုပ်ရှင်သရုပ်ဆောင်များထဲမှ မည်သူ့ ကိုမှ ရွေးချယ် မည် မဟုတ်ဘဲ ဗိုလ်ချုပ်နှင့် ရုပ်ရည်၊ ဟန်ပန်၊ စကားပြောသည့် လေယူလေသိမ်း၊ အကျင့်စာရိတ္တ စသည့် အချက်များ နှင့် တူညီသူလူငယ်များအား ရွေး ချယ်ပွဲပြုလုပ်၍ ရိုက်ကူးသွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကား ရိုက်ကူးရန် ဦးဆောင်စီစဉ်သူ တစ် ဦးဖြစ်သည့် ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာက ပြောသည်။"ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ် အောင်ဆန်းနဲ့တူတယ်လို့ ထင်တဲ့ သူတိုင်းလာအရွေးခံနိုင်တယ်။ အစီ အစဉ်အသေးစိတ်ကိုတော့ ၂၀၁၂ ခု ဇန်နဝါရီ ၅ ရက်နေ့လောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြော ဖို့ စီစဉ်ထားပါတယ်။ လူရွေးရင် လည်း အဓိကဇာတ်ကောင်တစ်နေ ရာကို သုံးယောက်လောက်ရွေးရ မယ်။ အဲဒါမှ ရိုက်လက်စ တစ ယောက်က နေမကောင်းတာတို့ ဘာတို့ဖြစ်ရင် အစားထိုးလို့ရမှာ။ ရွေးပြီးတာနဲ့ သူတို့ကို ပြန်မလွှတ် တော့ဘူး။ ၆ လလောက် စခန်း သွင်းပြီး သင်ပေးတော့မှာ။ ဇာတ် လမ်းထဲမှာ အဓိကဇာတ်ကောင် အားလုံးနီးပါးကို အသစ်တွေနဲ့ပဲ ရိုက်မှာပါ။ ဂဠုန်ဦးစောနေရာမှာ လည်းအသစ်ပဲ သုံးမှာပါ။ ဇာတ် ကားနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ အားမနာဘူး။ ဇာတ်ကားနဲ့လိုက်မှ ပဲ ပါဝင်သရုပ်ဆောင်စေမှာပါ။ လက်ရှိလုပ်နေတဲ့ သရုပ်ဆောင် တွေထဲကတော့ မဖြစ်နိုင်ပါဘူး" ဟု ဦးဇာဂနာက ပြောသည်။

၎င်းဇာတ်ကား ရိုက်ကူးရာ တွင် ပါဝင်မည့် တိုက်ပွဲခန်းများ၊ ရွာများ၊ စစ်တန်းလျားများ စသည့် အခန်းများအတွက် ဆက်တင် ဆောက်လုပ် ရိုက်ကူးရမည် ဖြစ် သည့်အတွက် နေရာအတော်ကျယ် သော မြေအကျယ်အဝန်း လိုအပ် ကြောင်း၊ ထိုအကြောင်းအချက် အား စက်မှုဝန်ကြီးဋ္ဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းအား တင်ပြအကူအညီတောင်းခဲ့ကြောင်း၊ အထက်ပါပြည်ထောင်စုဝန်ကြီး၏ ကူညီမှုဖြင့် ပဲခူးတိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဥာဏ်ဝင်းက ၄င်း၏ တိုင်းဒေသကြီးအတွင်းရှိ မြေဧက ၂၀ဝ ကျော်ကို အသုံးပြုခွင့်ပေးထား ပြီဖြစ်ကြောင်း ၄င်းကပြောသည်။ " ပေးထားတာက ဘယ်နေရာ မှန်း မသိသေးဘူး။ သွားကြည့်ရဦး မယ်။ မကြည့်ရသေးဘူး။ ကားဝင် လို့ရလား၊ မရလားဆိုတာလည်း မသိသေးဘူး။ ဒီကားကို ပြသချိန် အနည်းဆုံး ၃နာရီစာလောက် ရိုက် ဖို့ မှန်းထားတယ်။ အဓိကကတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဝင်ဖို့ စတင်ကြိုးစားတဲ့ အချိန်ကနေ ကွယ်လွန်တဲ့အချိန်ထိကို ပြသမှာ ပါ။ ငယ်ဘဝနဲ့ ကွယ်လွန်ပြီးတဲ့ အချိန်ကိုတော့ သိပ်အသားမပေး တော့ဘူး"ဟု ဦးသူရကပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ် သက်သည့် လူရွေးချယ်မှုအား ဇန်န ဝါရီ ၅ ရက်နောက်ပိုင်းမှ စတင်ရွေး ချယ်မည်ဖြစ်ကာ သင်္ကြန်ကာလ အပြီးတွင် သရုပ်ဆောင်သစ်များ အား စခန်းသွင်း လေ့ကျင့်ပေးသွား မည် ဖြစ်သည်။

၎င်းဇာတ်ကားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရိုက်ကူးရန် လျာထားသတ်မှတ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ် အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေး နေ့တွင် ရုံတင်ပြသသွားမည်ဖြစ် ကာ နိုင်ငံတကာတွင်လည်း ပြသ မည်ဖြစ်သည်။ အဆိုပါဇာတ်ကား၏ ဇာတ် ညွှန်းကို ပြည်တွင်းရှိ ဒါရိုက်တာ များ၊ စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာအစရှိသည့်သူများမှ ရေးသား မည်ဖြစ်ပြီး စက်မှုနှင့် ဒါရိုက်တာမှာ ပြည်ပပညာရှင်များက လာရောက် ရိုက်ကူးမည်ဖြစ်သည်။

သတင်းရင်းမြစ်....Venus News Journal