11 December 2011

ရွှေပြည်သာ မြို့နယ်မှ ပိုးသတ်ဆေး စက်ရုံမှ ထွက်သော အနံ့ဆိုးဒဏ် ခံနေရ


ရွှေပြည်သာ မြို့နယ်၊ လှော်ကား ကျေးရွာ အုပ်စု၊ တောရွာ ကလေး ကျေးရွာ ရတနာ ပန်းကုံး လမ်းအနီးရှိ ဓာတု ပိုးသတ်ဆေး စက်ရုံမှ အနံ့ဆိုးများ အလွန်အမင်း ထွက်​နေကြောင်း ကိုယ်တွေ့ ခံစားနေရသူ များနှင့် သွားရောက် လေ့လာသူများထံမှ သိရသည်။ တောရွာကလေးကျေးရွာသည် အိမ်ခြေ ရာကျော်ရှိပြီး ဓာတုပိုးသတ် ဆေးအလုပ်ရုံနှင့် အနီးကပ်ဆုံးတွင် တည်ရှိသောရတနာပန်းကုံးလမ်းရှိ အိမ်ခြေ ၄၅ လုံးတွင် နေထိုင်သည့် ဒေသခံများက ၄င်းအနံ့များမှာ အလွန်ဆိုးရွားစွာ ဒုက္ခပေးနေကြောင်း ပြောသည်။

အဆိုပါ ဓာတုပိုးသတ်ဆေး အလုပ်ရုံ သည် တောရွာကလေးရွာသို့ ယခုနှစ် မိုးတွင်းကာလတွင် စတင် ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းအလုပ် ရုံသည် လှိုင်သာယာမှပြည်သူများ ၏ ကန့်ကွက်မှုကြောင့်ပြောင်းရွှေ့ လာရခြင်းဖြစ်ပြီး တောရွာကလေး ရွာသို့ရောက်ရှိချိန်တွင် မိုးတွင်းဖြစ် နေသဖြင့် ဆိုးဆိုးရွားရွား အနံ့မရဘဲ ယခုခြောက်သွေ့ချိန်ရောက်မှသာ ပိုးသတ်ဆေးနံ့ကိုအပြင်းအထန်ခံ စားနေရခြင်းဖြစ်ကြောင်း ဒေသခံတို့ က ပြောသည်။

ထို့အပြင် ရတနာ ပန်းကုံးလမ်းမှ ပြည်သူများအားကိုး အားထားပြုနေရသော သောက်ရေ ကန်ကြီးနှစ်ကန်သည် ၄င်းပိုးသတ် ဆေးအလုပ်ရုံနှင့် ပေ ၁၀ဝ နှင့် ၂၀ဝ ကြားသာ ဝေးကွာကြောင်း လည်း ၄င်းတို့ထံမှသိရသည်။ ပိုးသတ်ဆေးအနံ့များကို ပြင်း ပြင်းထန်ထန်ခံစားလာရသည်မှာ ၂ လခန့်ကြာမြင့်လာပြီဖြစ်ပြီး ရတနာ ပန်းကုံးလမ်းရှိ ကလေးများမှာ ဝမ်း လျှောခြင်း၊ အော့အန်ခြင်း၊ အဆုတ် ရောဂါဖြစ်ခြင်းများလည်း တိုက်တိုက် ဆိုင်ဆိုင်ဖြစ်ပေါ်နေပြီး ရောဂါအခံ ရှိသော လူကြီးများမှာ ရောဂါပိုမို ပြင်းထန်စွာ ခံစားနေရသည့်အပြင် ကျန်းမာရေးကောင်းသူများပင်လျှင် မူးဝေအော့အန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ရင်ကျပ်ခြင်း၊ ညဘက် အိပ်မရခြင်းတို့နှင့် ရင်ဆိုင်နေကြရ ကြောင်း ကိုယ်တွေ့ခံစားနေရသူများ ၏ ပြောပြချက်အရ သိရသည်။

ထိုကဲ့သို့ဖြစ်ပေါ်နေသော ပိုး သတ်ဆေးအနံ့များနှင့် ပတ်သက်၍ ရတနာပန်းကုံးလမ်းနေ ဒေါ်တင်မြ က အဲဒီအနံ့ကြောင့် ကလေး လူကြီးအန်တယ်၊ ရင်ကြပ်တယ်။ အဆုတ်ရောဂါအခံရှိတဲ့လူတွေဆိုရင် ပိုဆိုးတယ်။ ဒါကြောင့် ဘယ်လိုလုပ်ရ မလဲဆိုပြီး အကြံတောင်းတော့ ဘယ်မှတောင်းလို့မရဘူး။ ကျွန်မတို့ က အရှုံးနဲ့နေရတဲ့ဘဝမျိုးဖြစ်နေ တယ်။ ကျွန်မတို့က အမေတွေဆို တော့ သားသမီးတွေဖြစ်နေတာကို မခံ စားနိုင်တော့လို့ မိန်းမတွေချည်း အုပ်စုလိုက်တိုင်ဖို့သွားကြတယ်။ သက်ဆိုင်ရာက စာရေးတိုင်ပါဆိုလို့ စာရေးတိုင်ထားတာ ၄ ကြိမ်ရှိသွား ပါပြီဟု ဆိုသည်။

ရတနာပန်းကုံးလမ်းရှိ နေအိမ် များသည် ပိုးသတ်ဆေးအလုပ်ရုံနှင့် နီးနေသည်သာမက လေအောက် ဘက်တွင် ကျရောက်နေသောကြောင့် လေတိုက်ပါက အနံ့ပြင်းထန်လွန်းပြီး ညဘက်ပိုင်းတွင် တစ်ညလုံးနီးပါး အနံ့ပြင်းထန်စွာရနေတတ်ကာ အိပ် မရတော့သည်အထိ ရင်ဆိုင်နေကြ ရကြောင်း ကိုယ်တိုင်ခံစားနေရသူ များက ပြောသည်။ ကျွန်မက နဂိုကတည်းက နှလုံးရောဂါရှိတယ်။ သွေးတိုးရှိ တယ်။ အစာအိမ်လည်းရှိတော့ အဲဒီ ဆေးနံ့ရလာရင် လုံးဝမနေနိုင်ဘူး။

ရောဂါက ခါတိုင်းထက်ပိုဆိုးလာ တယ်။ အမြဲတမ်းခေါင်းတွေမူး၊ သွေး တွေတိုးနေလို့ မနေ့ကတင် ဆေးခန်း သွားရသေးတယ်။ ကျွန်မက လက် ရှိကိုယ်ဝန်နဲ့လည်း ဖြစ်နေတော့ အနံ့အသက်နဲ့ဝေးတဲ့နေရာကို ရှောင် နေရတယ်။ ဒါပေမဲ့ တကယ်ဆေး အနံ့ရတဲ့အခါ ဘယ်မှာသွားနေရမှန်း ကိုမသိပါဘူး။ လေတိုက်လာရင်အနံ့ ကမတရားစူးရှတာ။ ခြင်ထောင်ထဲ ဝင်နေလို့လည်းမရဘူး။ စားလက်စ အစားအသောက်တွေကိုလည်းဆက် မစားနိုင်တော့ဘဲ ပစ်ထားရတယ် ဟု ရောဂါဝေဒနာခံစားနေရသူ မနန်း အောင်က ပြောသည်။

အဆိုပါဓာတုပိုးသတ်ဆေး အ လုပ်ရုံသည် တရားမဝင်သေးသဖြင့် အထက်မှလူကြီးများ လာစစ်သည့် အခါတွင် လက်စလက်နဖျောက် ထားသည်ဟုယူဆရကြောင်း ရွာ သားအချို့က ပြောသည်။ ဒီရွာက လူ ၂၀ လက်မှတ် ထိုးရင် သူတို့တရားဝင်လုပ်ကိုင်ခွင့် ရမယ်တဲ့။ ကျွန်မတို့ကတော့အသေ ခံပြီး မထိုးပေးနိုင်ဘူး။ ဒါသူတို့စီး ပွားကိုဖျက်ဆီးတာမဟုတ်ပါဘူး။

အခု မြောက်လေတိုက်လာတော့ အနံ့က ပိုပြင်းလာတယ်။ ကျွန်မတို့အတွက် ရှောင်ပြေးစရာမြေမရှိပါဘူး။ ဒါကြောင့် တစ်ခါမှ ဖျားတာ၊ နာတာမဖြစ်ဖူးတဲ့ ကျွန်မတောင် ဆေးနံ့တွေကြောင့် မူးလဲတဲ့အထိဖြစ်ပြီး အခု ထမင်း မစားနိုင်တာ ၄ ရက်လောက် ရှိပြီ။ ခေါင်းကလည်းအမြဲကိုက်နေတယ် ဟု မအေးအေးနှင်းကပြောသည်။

ယင်းအလုပ်ရုံသည် ခြံတံခါး များကို အလုံပိတ်ထားသောကြောင့် အထဲသို့ဝင်ခွင့်မရသဖြင့် အထဲတွင် မည်ကဲ့သို့လုပ်နေသည်ကို သိခွင့်မရ သော်လည်း အနံ့များက အချိန်မရွေး နံနေကြောင်း၊ ပြင်းထန်လာလိုက် ဖြည်းညင်းသွားလိုက်နှင့် နံနေတတ် ကြောင်းဦးအောင်ဝင်းကပြောသည်။ ၄င်းအလုပ်ရုံအနီးရှိ ရတနာပန်း ကုံးစာသင်တိုက်မှဆရာတော်ကလည်း အနံ့ကတော့နံပါတယ်။ သံဃာ တွေရဲ့ကျန်းမာရေးကတော့ တစ်စုံ တစ်ရာမဖြစ်သေးပါဘူး။ ကြာလာရင် တော့မပြောတတ်ဘူးလေ။

ဉီးဇင်း မေတ္တာရပ်ခံချင်တာက ဦးဇင်းတို့က နံရင်နံတယ်ပြောတာ။ တခြားသူကို တော့ ဒုက္ခမရောက်စေချင်ဘူးဟု မိန့်ကြားသည်။ ထို့နောက်ရင်ကျပ်ရောဂါကြောင့် ဆေးရုံတွင်အောက်ဆီဂျင်ရှူရခြင်း၊ ရင်ကျပ်ရောဂါသည်များသုံးသည့် အောက်ဆီဂျင် ရှူဆေးဘူးငယ်များ အကူအညီဖြင့် နေရသူဒေါ်စိုးစိုးမြတ် ဦးက ကျွန်မဆိုရင် မကျပ်တာငါး နှစ်ရှိပါပြီ။ အခုမှ ပြန်ကျပ်တာ ၂ လနီးပါးရှိသွားပြီ။ ကျွန်မကလေးက လည်း တီဘီဆေးသောက်ထားရ တာဘယ်လောက်မှမကြာသေးဘူး။

ကျွန်မတို့က ခြင်ဆေးနံ့တို့၊ အမွှေး တိုင်နံ့တို့တောင်ခံလို့ရတာ မဟုတ် ဘူး။ အဲဒီ ပိုးသတ်ဆေးနံ့တွေ နံ လာတဲ့ခါ အသက်ရှူအရမ်းကျပ်ပြီး အသားတွေပြာနှမ်းတဲ့အထိ ဖြစ်ပါ တယ်။ အခု သမီးလေးဆိုရင် တစ် လ ၂ ခါဆေးရုံးသွားပြနေရတယ် ဟု ရင်ဖွင့်ပြောကြားသည်။ ထို့အပြင် တောရွာကလေး ကျေးရွာ၊ ရာအိမ်မှူးဦးသိန်းလွင်က လည်း မိမိတို့ကျေးရွာသူ၊ ကျေးရွာ သားများ ယခုကဲ့သို့ ကျန်းမာရေး ထိခိုက်မှုများကိုဝိုင်းဝန်းကူညီ ဆောင် ရွက်ပေးစေချင်ကြောင်း၊ ယင်းကိစ္စ ကို ခရိုင်အဆင့်အထိတင်ထားပြီး စည်ပင်မှလာရောက် စစ်ဆေးမှုရှိခဲ့ သော်လည်းဘာအကြောင်းမှ မထူး သေးကြောင်း ပြောသည်။

စည်ပင်လာစစ်တုန်းကလည်း ကျွန်တော်တို့ ရွာသားတွေအလုပ်ရုံ ထဲကို လိုက်ခွင့်မရခဲ့ဘူး။ အနံ့ ကတော့ ဒီနေ့အထိနံနေတာပဲဟု ၄င်းက ဆက်လက် ပြောသည်။ အထက်ပါ ကိစ္စများနှင့် ပတ်သက် ၍ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ သော အောင်ပင်လယ်လူမှုဝန်းကျင် မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်က သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်နေသူတစ်ယောက်အနေ နဲ့ ဒီနေ့ပြဿနာမျိုးကို ကိုယ်တိုင် ကိုယ်ကျ ကျေးရွာကလူတွေနဲ့ တွေ့ လိုက်ရတဲ့ အချိန်မှာ ဒီပိုးသတ်ဆေး နံ့ကို ရှူနေရတဲ့အကြောင်းကို သူတို့ ရင်တွင်းကခံစားချက်တွေကို ကြား လိုက်ရတော့ စိတ်မကောင်း ဖြစ်မိ တာအမှန်ပဲ။ ကျွန်မလည်း လက် တွေ့ရှူရှိုက် လိုက်ရတဲ့အချိန်မှာ သူ တို့ပြောသလို မိုးလင်းမိုးချုပ် ပြေး စရာမြေမရှိတဲ့ဘဝတွေဖြစ်နေရတာ ကိုလည်း စိတ်မကောင်းဘူး။

ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လုပ်နိုင်တဲ့ဘက်က လုပ်ဖို့ဆုံးဖြတ် ချက်ချခဲ့ပါတယ်ဟု ဆိုသည်။ ထို့အပြင် မြသားလွင်ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းကလည်း တိုင်းပြည်တွင် စီးပွားရေးရင်းနှီးမြှုပ် နှံမှုများဝင်လာမည့် အခြေအနေ များ တွေ့ရသဖြင့် နောက်နောင်တွင် ယခု ပြဿနာမျိုးများ အများကြီးဖြစ် လာနိုင်သောကြောင့် ပြည်သူလူထု အနေဖြင့် အသိနှင့်နိုးကြားမှုရှိရန် လိုအပ်ကြောင်း ပြောသည်။

ဆက်လက်၍ ပိုးသတ်ဆေး အနံ့ကိုယ်တိုင် ခံစားရမှုနှင့် ပတ်သက် ၍လည်း ဦးကြည်ဝင်းက ရွာထဲ ဝင်သွားတာနဲ့ စက်ရုံဘယ်မှာရှိလဲ မသိသေးဘူး။ ဆရာ့ အဆုတ်ကတော့ သိနေပြီ။ နားထင်ကြောနှစ်ခု တင်းပြီး လိုက်လာတယ်။ ရင်ကျပ် တတ်တတ်ဖြစ်လာတယ်။ စကား တွေပြောနေရင်း ပြန်ကြ ရအောင်လို့ ပြောချင်နေတာ။ ပြောရမှာရှက်လို့ အောင့်ခံနေတာ။

နောက်ဆုံးဘယ် လိုမှမခံစားနိုင်တော့ဘူးဟု ပြော သည်။ အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း၊ တာဝန်ခံအယ်ဒီတာ ဦးမြင့်ဆန်းကလည်း အဆိုပါပိုးသတ် ဆေးဘူးပတ်ပေါ်တွင် ထိုင်းနိုင်ငံ ကုမ္ပဏီ နာမည်ပါကြောင်း၊ အကယ်၍ တစ်ခုခုဖြစ်လာပါက ကုရမည့် ဆေးကိုလည်း ညွန်ထားသောကြောင့် ဓာတုဗေဒပညာရှင်၊ ဆေးပညာရှင် များအနေဖြင့် ၄င်းပိုးသတ်ဆေး၏ အာနိသင်ထိရောက်မှု အတိုင်း အတာ၊ လူကိုဒုက္ခပေးနိုင်သော အတိုင်းအတာကိုလေ့လာပြီး လူထု ကို အသိပညာပေးသင့်ကြောင်း အကြံ ပြုပြောသည်။

ထို့အပြင် ပြင်ပလေ့လာသူ တစ်ဦးအနေဖြင့် သွားရောက်ခဲ့သော ဦးသန်းထွန်းက ဒါကတော့ စီးပွား ရေးလုပ်ငန်းရှင်တွေရဲ့ လူလည်ကျမှု ပေါ့။ မသိနားမလည်တဲ့ရွာသားတွေ အပေါ်မှာ ဒီရွာသားတွေကတော့ ဒါမျိုးတွေမသိလောက်ပါဘူးဆိုပြီး လူလည်ကျတာ။ ကျေးရွာထဲမှာ ဒီလိုအန္တရာယ်ရှိတဲ့စက်ရုံတည်တယ် ဆိုကတည်းက အမှားပဲလေ။ ခွင့်ပြု တဲ့သူကမှားသလို လာတည်တဲ့သူ ကလည်း မှားတာပဲ။ ဒါဟာ မသိ နားမလည်တဲ့ ရွာသားတွေအပေါ် အနိုင်ကျင့်မှုတစ်ခုပဲ ဟု ဝေဖန် ပြောကြား သည်။

ကိုယ်တိုင် တွေ့ရှိသူများ၏ ပြောပြချက်များနှင့် ပိုးသတ်ဆေးဘူး အပတ်ပေါ်တွင် ရေးထားချက်များ အရ ယင်း ဓာတုပိုးသတ်ဆေးကို ထိုင်းနိုင်ငံ မှထုတ်လုပ်ကာ ရူပဒဂုံ ရောင်းဝယ် ရေးကုမ္ပဏီလီမိတက်မှ တစ်ဦးတည်း တင်သွင်းဖြန့်ဖြူးသော ထိသေ စားသေ၊ မြေပေါ်မြေ အောက် ပိုးသတ်ဆေး ဖြစ်ကြောင်း သိရသည်။

သတင်း...Popular News