13 December 2011

ဒေါ်အောင်ဆနးစုကြည်နှင့် အနုပညာရှင်များ တွေ့ဆုံမှု အပေါ် ဝေဖန်စာများမပြုသင့် ဟု


ထွန်းအိန္ဒြာဗိုက ဒီဇင်ဘာ ၃ရက်နေ့မှာ ရုပ်ရှင်အနုပညာရှင်များနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ပါ တယ်။ အဲဒီနေ့မှာ ရုပ်ရှင်အနုပညာရှင်များ အတော်အသင့် စုံညီစွာလာရောက် တွေ့ဆုံ ခဲ့ကြပြီး ၂ဝ၁၅ဗိုလ်ချုပ်ရာ ပြည့်အမီ ဗိုလ်ချုပ် အောင်ဆန်းရဲ့အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူးမယ့် အကြောင်းဆွေးနွေးဖြစ်ခဲ့ကြပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူးဖို့နဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက ”ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိက မခြွင်းမချန် မကွယ်မဝှက်ဘဲနဲ့ ထွက်သင့်တဲ့ ဇာတ်ကားကြီးတစ်ကားပဲ။ ဒီ အတွက်လည်း ဘယ်နေရာက ပံ့ပိုးရ၊ ပံ့ပိုးရ ကူညီသွားမှာပါ။ ဗိုလ်ချုပ်ဇာတ်ကားရိုက်တာ ဖြစ်တဲ့အတွက် အမျိုးသမီး သရုပ်ဆောင် မလို ဘူး။ သရုပ်ဆောင်ကို ရည်ရွယ်ပြီး ပြော တာ မဟုတ်ဘူး။ ရန်ပုံငွေ ရှာဖွေ ရေးသော်လည်း ကောင်း၊အခြား အမေစုခိုင်းမယ့် ဘယ်နေရာပဲ ဖြစ်ဖြစ်၊ ဒီဇာတ်ကားကြီးထွက်ရှိရေး အတွက် ဘယ်နေရာကပဲ ခိုင်းခိုင်း တာဝန်ကျေအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်မယ်ဆိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြရှိတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကို နောင်လာ နောက်သားကလေး လေးတွေကို သိရှိစေချင်တယ်။ အာဇာနည် နေ့ဆိုတာတောင်မှ ကြီးကျယ်ခမ်းနားမှုက တဖြည်းဖြည်းလျော့လာတယ်။နောက်ကလေး တွေဆို သိပ်တောင်မသိတော့ဘူး။ အာဇာ နည်နေ့ပြီးသွားတာ ဘာနေ့ပြီးသွားမှန်းတောင် သူတို့မသိတာဖြစ်လာတော့ ဒါလေး တွေက ပြန်ဖော်ထုတ်ဖို့ လိုကိုလိုအပ်တဲ့ အတွက် ဝိုင်းကူသင့်ပါတယ်”လို့ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘဝအကြောင်း ရိုက်ကူး မယ့် ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာနိုင်ငံ သာမက၊ ကမ္ဘာမှာပါပြသမယ့် ဇာတ်ကား ဖြစ်တဲ့အတွက် World wide လူတွေရိုက် မှ ပိုပြီးအဆင့်မီတယ်လို့ ပြောတဲ့ ထွန်းအိန္ဒြာဗိုက ”ဒီဇာတ်ကားက World wide သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် World wide က လူတွေ ဦးဆောင်ကြမှပဲ အဆင့်မီဖို့ပိုပြီး အခွင့်အရေးရှိပါတယ်။ အစ်မတို့ မြန်မာတွေ ကို အထင်သေးပြီး ပြောတာ မဟုတ်ပါဘူး။ မြန်မာတွေလည်း စိတ်ဓာတ်တွေရော၊သတ္တိ တွေရော အများကြီးရှိကြပါတယ်။ အတွေ့ အကြုံအားဖြင့် World wide အတွေ့အကြုံ ကတော့ ဈေးကွက်ဝင် World wide ဖြစ်နေပြီးသား လူတွေဆီကအကူအညီတွေလို လိမ့်မယ်၊၊ အဲဒါကြောင့်အမေစုက နိုင်ငံခြားက ပညာရှင် တွေကို ပံ့ပိုးပေးဖို့ တာဝန်ယူထားတာ လည်းဖြစ်ပါတယ်”လို့  ပြောပါတယ်၊၊ ထွန်းအိန္ဒြာ ဗိုက သူမလေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်ထဲ မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဆိုပြီး မြန်မာနိုင်ငံကို စရောက်လာ တဲ့အချိန် ကစပြီး ဒီနေ့အချိန်ထိ လေးစားရင်ခုန် နေသူပါ။ ဂီတ အနုပညာရှင်များနဲ့အတူ ဇာတိ သွေး၊ ဇာတိမာန်တက်ကြွစေမယ့် သီချင်းစီးရီးခွေ စီစဉ်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက် နေ့ မှာ အခွေရန်ပုံ ငွေပွဲမှာလည်း ထွန်းအိန္ဒြာဗိုက ပါဝင်သီဆိုမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ ခုလို တွေ့ဆုံကြရတဲ့အတွက် တအားဝမ်းသာ ပြီး အဲဒီ အပေါ် ပြစ်တင်ဝေဖန်မှုမျိုး မလုပ်သင့်ပါဘူးလို့ ဆိုပါတယ်။ ”အနုပညာသမားအားလုံးက အမေစုကို ရှေးကတည်းက လူတိုင်းလေးစားပြီးသားပဲ။ တွေ့ခွင့်ရတာ၊ မရတာတစ်ပိုင်းပေါ့။ တွေ့ခွင့်ရ မှတွေ့တယ်။ တွေ့ခွင့် မရခင်ကမတွေ့ဘူး ဆိုပြီး ကဲ့ရဲ့ပြစ်တင်မှုတွေကို မပြော သင့်ဘူးလို့ပဲ မြင်ပါတယ်။ အင်တာနက်တွေ ပေါ်မှာ ပြောနေ တာ တွေ့လို့ပါအမေစုကို အနုပညာလောက က ဂီတရော၊ရုပ်ရှင်ရော၊သဘင်ရော တစ်ပြည်လုံးက လေးစား ချစ်ခင်မြတ်နိုးကြ တာကတော့ လုံးဝငြင်းပယ်လို့မရတဲ့ အချက်ပါ” လို့ အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစု ကြည်တွေ့ဆုံမှုအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးပြောခဲ့ပါတယ်။

ရင်းမြစ်...ပေါ်ပြူလာစာပေအနုပညာဂျာနယ်