11 December 2011

(နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့ခြင်းနှစ် ၂၀ ပြည့်ဂုဏ်ပြုပွဲအခမ်းအနားတွင်ဘဘဦးဝင်းတင် ၏ အမှာစကား



ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရရှိတာ နှစ် ၂ဝ ပြည့် ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် နို ဘယ်လ်ဆုရရှိခြင်းဟာ အလိုအလျောက် သူ့သဘောနဲ့သူပေးခဲ့ခြင်း မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစု ကြည်ဟာ ပြည်တွင်းမှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုကိုရရှိ ပြီးတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင် ကြီးဆီကို ချီတက်ခဲ့ရာမှာ ဦးဆောင်မှုပေးနိုင်ခဲ့ခြင်းကြောင့် ဒီလိုဆုပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကဏ္ဍ ဘယ်လောက်ကြီးမားလဲ၊ ပြည်သူလူထုရဲ့ ခေါင်း ဆောင်မှု ဘယ်လောက်ကြီးမားလဲ ဆိုတာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံအနောက်ဘက်မုခ်မှာကျင်းပတဲ့ လူထုအစည်းအဝေးပွဲကြီး ကနေသက်သေပြခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုကိုအကြောင်းပြုပြီးတော့ကမ္ဘာ့ အဖွဲ့အစည်းဖြစ် တဲ့နိုဘယ်လ်ဆုရွေးချယ်ခြင်းအဖွဲ့ကချီးမြှင့်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ပြည်သူလူထုရဲ့ထောက်ခံမှုကို ကမ္ဘာ့ပြည်သူလူထုက
ထောက်ခံပြီး ၁၉၉၁ ခုနှစ်မှာကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခြင်းခံရတယ်လို့ပြောလို့ရပါ တယ်။

အဲဒီတော့ဒီအင်အားနှစ်ရပ်ဖြစ်တဲ့ပြည်တွင်းထောက်ခံမှု အား၊ ပြည်ပထောက်ခံမှု အားတွေနဲ့ဒေါ်အောင်ဆန်း
စုကြည် ဟာဒီကနေ့တိုင်ပဲ ငြိမ်းချမ်းရေး အတွက်ဆက်လက်ချီတက်နေတယ် လို့ပြော ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဒီလိုဆက်လက်ချီတက်နေတဲ့ခရီးမှာကျောင်း သားတွေ၊ ပြည်သူလူထုတွေ ဘယ်လောက်ပါဝင်ခဲ့သလဲဆိုတာဒီကနေ့ ထိပဲဖြစ်ပါတယ်။ ဒီကနေ့ဒေါ်အောင်ဆန်းစုကြည်ဟာဒီမိုကရေစီအရေး အတွက်ဆက်လက်ချီတက်ဆဲဖြစ်ပါတယ်။

ဒီခရီးမှာပြည်သူလူထုတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေအားလုံးတစ်ခဲနက်ပါဝင်ခဲ့ကြပါတယ်။ မိမိရဲ့ဆန္ဒသဘောအတွက်မိမိတို့ရဲ့လုပ်ငန်းသဘောထားဆန္ဒအလျောက် ဒီမိုကရေစီပန်းတိုင်၊ လူ့အခွင့် အရေးပန်းတိုင်၊ ငြိမ်းချမ်းရေးပန်းတိုင် ကို လုပ်နေတဲ့လူအများစုရှိတယ်လို့လဲပြောချင်ပါတယ်။ ဘာနဲ့တူလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေးပန်းတိုင်ကိုချီတက်နေတဲ့ လှေကြီးကိုပဲ့ကိုင်ပြီးလှော်
ခတ်နေတဲ့အချိန်မှာလူပေါင်းများစွာ၊ ပြည်သူပေါင်းများစွာ၊ ကျောင်းသားပေါင်းများစွာကပါဝင် လှော်ခတ်နေကြသ
လိုပဲအခြားသောပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူပါဝင်လှော်ခတ်ခြင်းမပြုဘဲ မိမိတို့ဆန္ဒ အလျောက်မိမိတို့ ကြိုးပမ်းနေ တဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။

အဲဒီတော့ဘာနဲ့တူလဲဆိုတော့ လှေကြီးပေါ်ကနေဘေးမှာဆင်းပြီးတော့ရေကူးလိုက်တဲ့ပုဂ္ဂိုလ် များလိုဖြစ်နေ ပါတယ်။ အဲဒီတော့ဒီနေ့တောင်းပန်ချင်တာ၊ မေတ္တာရပ်ခံ ချင်တာ၊ တိုက်တွန်းချင်တာဘာလဲဆိုပြီး ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ဟာ စောစောကပြောခဲ့တဲ့အတိုင်းပဲ ဒီလုပ်ငန်းကြီးဖြစ် တဲ့လှေကြီးကို လှော်ခတ်ဆဲဖြစ်ပါတယ်။

ဒီလိုအချိန်မှာလည်းပြည်သူလူထု၊ကျောင်း သားလူငယ်ထု၊ ရဟန်းသံဃာတွေကအားလုံးပါဝင်ကူညီပြီးလှော် ခတ်နေကြပါတယ်။ ဒီအချိန်မှာဘေးကလူတွေကမိမိတို့ရဲ့သဘော ထားဆန္ဒဆုံးဖြတ်ချက် အတိုင်းရေကူးပြီး သွားနေ တဲ့ပုဂ္ဂိုလ်များကိုလည်း လှေပေါ်ကိုတက်ကြပါ၊ လှေပေါ်ကိုတက်ပြီးတစ်စု တစ်လုံး တည်းငြိမ်း ချမ်းရေး ပန်း တိုင်ရောက်အောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင် မှု အောက် ကနေလှော်ခတ်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။