





7 JULY ပေးဆပ်မှုများ
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ယင်းနေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထူးခြားစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာမြေပြင်သို့ မရောက်လာမီ၊ မကြာမီရောက်လာတော့မည့် မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေး (ကိုယ်ဝန် ဆောင်မိခင်) တို့၏ ကျန်းမာရေး၊ ကမ္ဘာမြေပြင်သို့ လျောရှူစွာ ရောက်ရှိလာနိုင်ရေးတို့အတွက် ဒေါက်တာ ဒေါ်ဝင်းဝင်းအောင်မှ အထူးကြပ်မတ် နွေးထွေးစွာ စစ်ဆေးကုသ ပေးနေသလို . . . ကမ္ဘာ မြေပြင်သို့ ရောက်ရှိလာသော မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေးအတွက် ကလေးဆရာဝန် ဒေါ်မေစုဟန်မှ နွေးထွေးပျူငှါစွာ ကုသပေးလျှက် ရှိပါသည်။
ထို့ပြင် အမြင်မကြည်လင်သော မျက်စိ ဝေဒနာရှင်များကိုလည်း ဒေါက်တာ ဒေါ်ရီရီအောင်မှ ကြင်နာစွာဖြင့် စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ ရေတိမ်ရှိသော မျက်စိဝေဒနာရှင်အား ဆေးသွင်းပေးခြင်းနှင့် တိမ်ရှိပါက ခွဲစိတ်မည့် ရက်နေ့ကို ချိန်းဆိုတာ အမြင်အာရုံ ပြန်လည်ရရှိရေး အတွက် အပူတပြင်း ခွဲစိတ်ကုသပေးလျှက် ရှိပါသည်။
ထို့ကြောင့် … ယနေ့ ၇.၇.၂၀၁၀ ရက်နေ့သည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အတိတ်ဘ၀မှ မည်သို့သောနည်းလမ်းဖြင့် လူ့လောက ကြီးမှ ထွက်ခွာသွားရ ပြီးသည့်နောက် တဖန် လူ့ဘုံဘ၀သို့ ပြန်လည်၍ အကြွေးဆပ်မည့် မျိုးဆက်သစ် ကလေးငယ်များကို ရှင်သန်ထမြောက်လာစေရန် ပြုလုပ်ပေးသည့် နေ့တစ်နေ့ (သို့မဟုတ်) ကမ္ဘာမြေပြင်သို့ ရောက်ရှိနေပြီး ကျန်းမာသန်စွမ်းစွာ ဘ၀ကို ရင်ဆိုင်နိုင်ရန် ပြုလုပ်ပျိုးထောင် ပေးသောနေ့ (သို့မဟုတ်) အမြင်အာရုံများ မှုန်မှိုင်းေ၀၀ါးနေမှုတို့ကို ကြည်လင်ပြတ်သားစွာ အလင်းဓါတ် အာရုံကို ချပေးသည့်နေ့ … အဖိုးမဖြတ်နိုင်သော ကုသိုလ်မှုများကို ပေးဆပ်ခဲ့သည့် ထူးခြားသည့် ၇.၇.၂၀၁၀ ရက်နေ့ ဖြစ်တော့သည်။
ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူးတင် ရှိပါသည်.။