09 July 2010

မြန်မာပြည်တွင်းညဘက်မောင်း အငှား ယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်များ အပြင် အသတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားလာ

ညဘက်မောင်းသည့် အငှားယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်များနှင့် အကြောင်းအမျိုးမျိုး ကြောင့် အသတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားလာကြောင်း သိရှိရသည်။


တက္ကစီယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်အများစုမှာ ငွေနှင့် မိမိကိုယ်တွင် ၀တ်ဆင်ထားသော ရွှေထည်ပစ္စည်းများ ဖြစ်ပြီး လုယက်ခံရ သည့် ဖြစ်စဉ်အချို့ကိုလည်း သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အသတ်ခံရသည့်ဖြစ်စဉ်များမှာ ကားငှားစီးသည့်ခရီးသည်မှ ညပိုင်းတွင် လူပြတ်လပ်သည့် နေရာအရောက်၌ အများဆုံးဖြစ်ပွားကြောင်း သိရသည်။


ဇွန်လ ၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ဝန်းကျင်တွင် ဒဂုံတောင်မြို့ နယ်၊ ၂၆ ရပ်ကွက် အမှတ် ၂လမ်းမ ကြီး၊ တံတားဖြူကားမှတ်တိုင် အနီး စေတနာဝါးဓနိ အရောင်းဆိုင်ရှေ့၌ ညဘက်အငှားယာဉ်မောင်း ဦးလှဝင်း အား အရိုးအသွား နှစ်ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓား နှစ်ချောင်း၊ အရှည်သုံးပေခန့် ၊ လုံးပတ်သုံးမတ်ရှိ သံတုတ်တစ်ချောင်းတို့ဖြင့် ၀ိုင်းဝန်း ခုတ်ရိုက်သတ်ခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တရားခံ လေးဦးအား အခင်းဖြစ်ပြီး နှစ်ရက်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ဒဂုံတောင်ရဲစခန်းက (ပ) ၇၀၃၊ ၁၀ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ညဘက် ကားဆွဲရတာ မနက်ပိုင်း ကားမောင်းရတာထက် မမျှော်လင့်တဲ့ အန္တရာယ်တွေ ပိုဖြစ်နိုင်တယ်။ ဒီလိုအန္တရာယ်တွေ ဖြစ်မလာဖို့ ညပိုင်း ကားမောင်းပြီဆိုရင် ကျွန်တော်ရဲ့ အမျိုးသမီးကို အဖော်ခေါ်သွားတယ်။ တကယ်လို့ မအားရင် ကျွန်တော့် ညီကို ခေါ်ပြီး မောင်းပါတယ်။ လူပြတ်လပ်တဲ့နေရာတွေကို ငှားပြီဆိုရင် သူ့ရဲ့အနေအထားကို ကြည့်ပြီးတော့ လိုက်ပါတယ်..


အလားတူ ဇွန်လ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ဧရာဝဏ်လမ်းနှင့် သပြေရိပ် လမ်းထောင့်တွင် အငှားယာဉ်မောင်း ကိုတင်လှိုင်အား စီးနင်းလိုက်ပါလာသူ နှစ်ဦးကဓားဖြင့် ထိုးသတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တရားခံနှစ်ဦးကိုလည်း ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


တရားခံအား စစ်ဆေးရာတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် တရားခံဖြစ်သူ . . .က ငွေလိုနေ၍ လုရန်ပြောသဖြင့် . . .၊ . . . . နှင့် . . . တို့သုံးဦးသည် ဈေးကားဖြင့် မင်္ဂလာဈေးသို့ ကားစီးလာကြောင်း၊ မင်္ဂလာဈေးမှတွေ့ရာ ကားတစ်စီးကိုလှမ်းတားရာ အဆိုပါ ကားမှာရပ်ပေးသဖြင့် သာကေတ စက်မှုဇုန်သို့ ကျပ် ၂၅၀၀ဖြင့်လိုက်ခဲ့ကြောင်း၊ လမ်းတွင်ကားသမားမှ ဆေးလိပ်တစ်ယောက် တစ်လိပ် တိုက်သဖြင့် . . . . က ဆင်း၍ မီးညှိပြီး ကားသမား၏နောက်၌ နေရာယူကာ ကားမှာ ဆက်မောင်းလာပြီး ကားမှာ သပြေလမ်းအတွင်း မှ ၀င်ရောက်ပြီး အမှောင်ထဲသို့ ရောက်သောအခါ ကားသမားက ကားကို ရပ်လိုက်သဖြင့် . . . .က ကားသမားအား နောက်မှဓားဖြင့် ထိုးလိုက်ကြောင်း ကားသမားမှမလုပ်ပါနဲ့ဟု ပြောစဉ် ၄င်းမှ ကားပေါ်မှဆင်းကာ ကားရှေ့တံခါးနားသို့ ကပ်သွားပြီး ကားသမားမှ တံခါးဖွင့် ဆင်းပြေးသည့်အချိန်၌ . . . .က ၄င်းအား ဓားနှင့်ထိုးလိုက်ပြီ ဖြစ်ကြောင်း၊ မင်းလည်းထိုးဟုပြောသဖြင့် ၄င်းမှနောက်ကျောအား တစ်ချက်ထိုးလိုက်ကြောင်း၊ ကားသမားထွက်ပြေးသွား၍ . . . . မှနောက်မှလိုက်ဆွဲကာ ဓားဖြင့် ထိုးကြောင်း၊ ထိုအချိန်တွင် လူသုံးယောက် လမ်းကြားထဲမှ ထွက်လာ၍ . . . .က ကားမီးပိတ်၍ ထွက်ပြေးခဲ့ပြီး ရွှေဧည့်သည်ဂိတ်မှ တစ်ဆင့် တိုးချဲ့လမ်းအတိုင်း ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။ ညဘက်မောင်း တက္ကစီယာဉ် မောင်းတစ်ဦးဖြစ်သူ ကိုစိုးမိုးကလည်း ''ညဘက် ကားဆွဲရတာ မနက်ပိုင်း ကားမောင်းရတာထက် မမျှော်လင့်တဲ့ အန္တရာယ်တွေ ပိုဖြစ်နိုင်တယ်။ ဒီလိုအန္တရာယ်တွေ ဖြစ်မလာဖို့ ညပိုင်း ကားမောင်းပြီဆိုရင် ကျွန်တော်ရဲ့ အမျိုးသမီးကို အဖော်ခေါ်သွားတယ်။ တကယ်လို့ မအားရင် ကျွန်တော့် ညီကို ခေါ်ပြီး မောင်းပါတယ်။ လူပြတ်လပ်တဲ့နေရာတွေကို ငှားပြီဆိုရင် သူ့ရဲ့အနေအထားကို ကြည့်ပြီးတော့ လိုက်ပါတယ်''news-eleven တွင်ဖော်ပြပါရှိပါသည်.။