05 July 2010

ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် နေအပြည့်ကြတ်မှု ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ


ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှု ဖြစ်စဉ်လာမည့် ဇူလိုင်လ ၁၂ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်များထံမှ သိရှိရသည်။


နေအပြည့်ကြတ်မှု ဖြစ်စဉ်သည် တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကီရီဘာရီကျွန်းအနီး၌ ဇူလိုင်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညဥ့်သန်းခေါင် အနီး ည ၁၁ နာရီ ၃၈ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၆၁ ဒီဂရီ ၃ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၁ ဒီဂရီ ၃၉ မိနစ်၌ စတင်ဖြစ်ပေါ်မည် ဖြစ်ကြောင်းသိရသည်။


အဆိုပါနေကြတ်မှုဖြစ်စဉ် ကိုကောင်းစွာမြင်တွေ့နိုင်သည့်ဖမ်း လယ်အချိန်မှာလည်း ဇူလိုင်လ ၁၂ ရက်နေ့၏ နံနက် ၂ နာရီ ၃ မိနစ်၌ အနောက်လောင်ဂျီတွဒ် ၁၂၁ ဒီဂရီ ၄၀ မိနစ် နှင့် တောင်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၄ မိနစ်၌ ဒူးစီးကျွန်းမြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၆ နာရီ ၂၆ မိနစ်၌ ချီလီ နိုင်ငံ ဆန်တီယားဂိုးမြို့အနီးတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။


ယင်းဖြစ်စဉ်ကို တောင်အမေရိကနိုင်ငံများ၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့မှသာ မြင့်တွေ့ခွင့်ရနိုင်ပြီး အခြားနိုင်ငံများမှ မမြင်တွေ့နိုင်ကြောင်း သိရသည်။


နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ယခုဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ယခုနှစ်၏ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း news-eleven တွင်ဖော်ပြထားပါသည်။