
ဒီနေ့ညနေ ၄နာရီလောက်က ဗဟိုတရားရုံးချုပ်က ညွန်ကြားရေးမှုးက ဖုန်းဆက်ခေါ်လို့ သွားတွေ့ပါတယ်။ ပြီးခဲတဲ့ဧပြီလ ၂၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးတင်ခဲ့တဲ့ အမှု ၂မှုကို လက်မခံဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ဘာကြောင့်လို့လဲ ဆိုတော့ ဒါတွေဟာ ဥပဒေကြောင်းအရ ပယ်ဖျက်ပြီးလို့ လက်မခံနိုင်ဘူး ပယ်ပါတယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ရပ်တည်မှုနဲ ပတ်သတ်ပြီးတော့ ပြည်သူ့ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၁(ခ)အရ အဲ့ဒီရလာဒ်တွေကို ပယ်ဖျက်ပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေပုဒ်မ (၂၅)အရ သတ်မှတ်ရက် ရက်ပေါင်း(၆၀)အတွင်း ထပ်မံမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် အဲဒါတွေကို ညွှန်ပြပြီးတော့ ကန့်ကွက်တာပါ။ သူတို့ ဖုန်းဆက်ခေါ်လို့ အန်ကယ်တို့ သွားတွေ့တာပါဟု ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တွေက အမှု၂ခုကို လက်မှတ်ထိုးပြီး တင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင် ပြန်လည်မတင်ရန် အများသဘောတူ ဆုံးဖြတ်ချက်ချထားပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေအရ မနက်ဖြန်မှာ ရက်ပေါင်း ၆၀ပြည့်ပါမယ်။
သတင်း... ဒီမိုဝေယံ..