05 May 2010

မြန်မာပြည်က (မထသ)လိုင်းကားတွေရဲ့ယာဉ်နောက်လိုက်(စပယ်ယာ)များကို ယာဉ်စီးခ ပိုငွေပြန်မအမ်းပါကယာဉ်နောက်လိုက်များ ကားလိုက်ခွင့် ရာသက်ပန်ပိတ်ပင်မည် ..

ခရီးသည်တင်ယာဉ်နောက်လိုက်များအနေဖြင့် ယာဉ်စီးခအပိုငွေ ပြန်မအမ်းပါက ကားလိုက်ခွင့် ရာသက်ပန်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ(ဗဟို)ရုံးချုပ်မှ သိရသည်။ ခရီးသည်နှင့် ခရီးသည်တင်ယာဉ်နောက်လိုက်များ မကြာခဏဖြစ်ပွားနေသော ကားခအကြွေမအမ်းခြင်းနှင့်ပတ်သက်၍ ယခင်နှစ်များကတည်းက သက်ဆိုင်ရာဘဏ် များတွင် အကြွေများလဲလှယ်ပေးပြီး ယာဉ်အလိုက် ငွေအကြွေများအား ခွဲတမ်းဖြင့်ချထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရီးသည်နှင့် (မထသ)ယာဉ် လိုင်း၏ ယာဉ်နောက်လိုက်စပယ်ယာများ အကြား အကြွေမရှိသဖြင့် အပိုပြန်အမ်း ငွေအမ်းခြင်းများကို မကြာခဏဖြစ်လေ့ရှိ ကြောင်း၊ အချို့သော စပယ်ယာများမှာ အကြွေရှိသော်လည်း အကြွေမရှိခြင်းကို အကြောင်းပြကာ ကိုယ်ကျိုးအတွက်မအမ်း သည့်အကြောင်းများရှိနေကြောင်း၊ ထို့ အတွက်ကြောင့် မထသမှ သက်ဆိုင်ရာ ဘဏ်များတွင် အပတ်စဉ်ပုံမှန်အကြွေများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် အကြွေ များကို ခွဲတန်းချထားပေးထားကြောင်း၊ ယင်းသို့ ပြန်အမ်းငွေရှိလျက်သားနှင့်မအမ်း လျှင် တွေ့ရှိပါက ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


''ဟိုးယခင်နှစ်တွေကတည်းက သူတို့ ယာဉ်လိုင်းတွေအတွက် အပတ်စဉ် ပုံမှန်အကြွေတွေကို သက်ဆိုင်ရာ ဘဏ် တွေမှာ ကျွန်တော်တို့ကလဲလှယ်ပြီး ယာဉ် လိုင်းအလိုက် အကြွေတွေကို ၅၀၊ ၁၀၀၊ ၂၀၀အထိခွဲတမ်းချပြီး လဲပေးထားပါတယ်။ အချို့စပယ်ယာတွေကျတော့ တကယ်မရှိ လို့ မအမ်းတာဖြစ်နိုင်ပါတယ်။ အချို့ စပယ်ယာတွေက ရှိရှိနဲ့ အကြွေရှားတာကို အကြောင်းပြပြီး မအမ်းကြဘူးဆိုတာလဲ ကျွန်တော်တို့သိပါတယ်။ အဲဒီအတွက် သူတို့ကို သတိပေးထားပါတယ်။ ကျွန်တော် တို့အနေနဲ့ ယာဉ်လိုင်းတွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စပယ်ယာတွေနဲ့တွေ့ဆုံ တဲ့အချိန်တွေမှာလဲ ပြောပြထားပါတယ်။ ကျွန်တော်တို့ လှည့်ကင်းတွေနဲ့ တွေ့လို့ ဒီလိုအဖြစ်အပျက်မျိုး ကြုံတွေ့ရင် ထိထိ ရောက်ရောက် အရေးယူသွားပါမယ်။ လို အပ်လျှင် ရာသက်ပန် ကားလိုက်ခွင့်ပိတ် မှာပါ''ဟု ရန်ကုန်တိုင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


လိုင်းကားစီး၍ လိုရာခရီးသွား နေရသော ခရီးသည်များအနေဖြင့် အကြွေ မရှိသောကြောင့် ထိုပြဿနာနှင့် နေ့စဉ် နီးပါး ရင်ဆိုင်နေရကြောင်း၊ အေ<ကများကို တတ်နိုင်သမျှ ဆောင်ထားကြောင်း၊ အပြော အဆိုကြမ်းတမ်းသော စပယ်ယာအချို့နှင့် တွေ့ပါက ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်ရကြောင်း၊ အေ<ကရှိလျက် ပြန်မအမ်း သော ပြဿနာများကို မကြာခဏရင်ဆိုင် နေရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။


''ကျွန်မက ယုဇနပလာဇာမှာ အလုပ်လုပ်ပါတယ်။ တာမွေကနေ ယုဇန ပလာဇာကို နေ့စဉ်လိုင်းကားစီးပြီးသွားရ တယ်။ အဲဒီလို လိုင်းကာစီးတဲ့အခါ မကြာ ခဏပြဿနာတက်လေ့ရှိတယ်။ ကားခက ကျပ် ၅၀ပါ၊ တစ်ခါတလေကျရင် ကိုယ့်မှာ ကျပ် ၅၀အကြွေရှိရင် ပေးလိုက်တာပဲ။ အကြွေမရှိတဲ့ နေ့ကတော့ ကျပ် ၁၀၀တန် တို့၊ ၂၀၀တန်တို့ ပေးမိတာပေါ့နော်။ အဲဒီ လိုကျရင် တချို့စပယ်ယာတွေက အကြွေ ပြန်အမ်းငွေတောင်းရင် စိတ်တိုကြတယ်။ အချို့စပယ်ယာတွေကျတော့လဲ ရှိရင် ပြန် အမ်းပါတယ်။ အချို့ကျတော့လဲ ရှိရှိကြီးနဲ့ မအမ်းဘူး။ တစ်ခါတလေ အတန်ကြီးပေး လိုက်ရင် အကြွေမရှိရင် မအမ်းဘူးနော် ဆိုပြီး ပြောသေးတယ်။ ကိုယ်က ကျပ် ၅၀၊ ၁၀၀ပြန်လိုချင်လို့ ပြောတာမဟုတ်ပါဘူး။


အချို့စပယ်ယာတွေက တော်တော်ရိုင်းလို့ ပါ''ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ယခင်နှစ်တွေကတည်းက ယခု အချိန်ထိ မထသ(ဗဟို)မှ အပတ်စဉ်ငွေ ကြေးများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် ခွဲတမ်းချပေးထားကြောင်း၊ ယာဉ်လိုင်းများ မှ ယာဉ်မောင်းနှင့် စပယ်ယာတို့အား တွေ့ ဆုံချိန်များတွင် ခရီးသည်တွေအတွက် အဓိကထားပြီး ၀န်ဆောင်မှုပေးရန်မှာထား ကြောင်း၊ မော်တော်ယာဉ်လိုင်းများ ပြေး ဆွဲနေသော လမ်းကြောင်းများ၌လည်း မထသ (လှည့်ကင်း)များချထားကြောင်း၊ ယာဉ် မောင်းများကိုလည်း ယာဉ်ကြောမပိတ်ဆို့ စေရန်နှင့် စည်းကမ်းတကျ မောင်းရန်၊ အန္တရာယ်ကင်းရှင်းရေးအတွက် မှာကြား ထားကြောင်း ယာဉ်မောင်းများကို စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးရေးများ လုပ်ပေးပြီး အောင် မှသာလျှင် ယာဉ်မောင်းခွင့်ပြုကြောင်း သိရ သည်။

သတင်း...YMG