03 May 2010

ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား.....

Photobucket
Sat Ma Shi
ယုံလား ???
ခေတ်မှီစက်မှုနိုင်ငံဖြစ်မှ ဖွံဖြိုးဆဲနိုင်ငံအဆင့်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်နိုင်မှာဖြစ်သည်တဲ့ မှတ်သားလောက်တဲ့ စကားတွေကို နိုင်ငံတော် အကြီးအကဲဆိုသူက လမ်းညွှန်မိန့်ကြားသွားပါတယ်။ ယခုလောလောဆယ်မှာတော့ ရန်ကုန်မြို့မှာ မီးလုံးဝနီးပါး ပြတ်တောက်နေပြီး လာချင်တဲ့ အချိန်မှလာကြောင်း သိရှိ ကြားသိရပါတယ်။ နွေမှာပူတဲ့ ဒုက္ခနဲ့ ညမှာမီးမလာလို့ အိပ်မရတဲ့ ဒုက္ခ မီးမလာလို့ ရေမရတဲ့ ဒုက္ခတွေ ခါးဆီးခံနေရတာကတော့ ပြည်သူတွေပါ။

အမှောင်ထဲက အနာဂတ်ရဲ့ ကလေးငယ်များရဲ့ဘဝ
မီးအခြေအနေ တော်တော်ဆိုးကြောင်း နေ့မှာ အရမ်းပူသလို ညမှာလည်း မီးမလာလို့ အိပ်မရကြောင်း စက်မှုဇုံတွေမှာ မီးပြတ်တာ ပိုဆိုးကြောင်း လာတဲ့အချိန်မှ လာတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ယခုအချိန်မှာ မီးပြတ်တယ်ဆိုတာ လူတွေမပြောကြတော့ပဲ ရိုးနေပြီဖြစ်လို့ မီးလာတယ်လို့ပဲ ပြောဆိုနေကြရပါပြီ။ စက်မှုနိုင်ငံကို ဖယောင်းတိုင်နဲ့ ထူထောင်ပါတော့မယ်။ အခြေခံအကျဆုံး ဖြစ်တဲ့ ရေမီးတောင် မှန်မှန်မပေးနိုင်ခဲ့ပါ။ အနှစ်(၂၀)ကျော်လုံးလုံး မီးမပြတ် ရနေတာကတော့ သတင်းစာထဲမှာပဲ။ နောက်အသူရကာယ်မြို့ ကြပ်ပြေးမှာပါ။ အသူရကာယ်ဘုံဆိုတာ နေ့စံညခံပါ နေ့မှာစံထားရတုန်း စံထားကြပါ။ ခံရမယ့် အလှည့်ရောက်ရင်တော့ ..

Photobucket
မီးသတ်ယာဉ် မရောက်ခင် ရရာပစ္စည်းတဲ့
မြန်မာပြည်သူ ပြည်သားတွေ ကတော့ကမ္ဘာ့ အံ့ဖွယ်စာရင်းဝင်တွေ ဖြစ်ပါတော့မယ်။ ကိုယ့်လမ်းကိုယ်ခင်း၊ ကိုယ့်မီးကိုယ်သွယ်၊ ကိုယ့်လုံခြုံရေး ကိုယ့်ဘာသူယူနေရတဲ့ ပြည်သူအစိုးရ တစ်ပိုင်းဖြစ်နေပါပြီ။ စားဝတ်နေရေးအပြင် နိုင်ငံအရေးတွေပါ လုပ်ဆောင်နေရတာပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရဆိုတာ မရှိတော့ပါဘူး .. လက်နက်ကိုင်အုပ်စုသာ ရှိပါတော့တယ်။ လမ်းပျက်ရင်လည်း ကိုယ်ထူကိုယ်ထ၊ မှုခင်းမှုတွေ များလာရင်လည်း ကိုယ်တိုင်ကာကွယ်ဖို့ အခုလည်း မီးမလောင်ခင်မှာလည်း ပြည်သူ့တို့၏တာဝန်၊ မီးလောင်နေစဉ်မှာလည်း ပြည်သူတို့၏ တာဝန်တဲ့ဗျာ... မီးလောင်ပြီးရင် ဘယ်သူ့တာဝန်ဆိုတာ မဆိုတာထက် သိမ်းမယ့် အလုပ်ကတော့ အာဏာရှင်တွေနဲ့ လက်ဝေခံ တေဇတို့ရဲ့ တာဝန်ပါ။ တာဝန်မဲ့ပြီးဘာမှ မလုပ်ပေးနိုင်ပဲ အစိုးရလို့ နာမည်ခံထားပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ ဘဏ္ဍာငွေတွေကျတော့ ပြည်သူတို့၏ တာဝန်မဟုတ်ပါ..။ ခိုးဘို့ ဝှက်ဘို့ သူတို့တာဝန်ပါတဲ့... ပြည်သူတွေလည်း သူတို့တာဝန်မယူခိုင်းခင် တာဝန်ယူပြီး ပြည်သူ့အစိုးရဖွဲ့ဘို့ အချိန်ရောက်ရှိလာပါတော့မယ်။

စက်မရှိနိုင်ငံမှ မီးသတ်ကားများ