၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့တွင် ပန်းတစ်ပွင့်ဟု အမည်တွင်သော နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးသည် မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကို အဓိက၀င်ရောက်ခဲ့ပြီး လူဦးရေ ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့ကာ အိမ်ထောင်စုပေါင်း သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
မုန်တိုင်းမတိုက်ခတ်မီက တည်ရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခြေအနေများစွာသည် မုန်တိုင်းတိုက်ပြီးနောက် ပျက်စီးမှုပမာဏ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသာမက မိသားစုဝင်များဆုံးရှုံးခဲ့ခြင်း၊ လုပ်ငန်းများပြိုလဲခဲ့ခြင်း၊ နှစ်ကာလရှည်ကြာစွာ နေထိုင်ရာပတ်ဝန်းကျင်ရပ်ရွာများ မျက်စိရှေ့မှောက် တွင် ပျက်စီးခဲ့ခြင်းစသည်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများစွာ လည်းရရှိစေခဲ့သည်။
သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားဖြစ်ပေါ်ပြီးတိုင်း ရာသီဥတု ပြောင်းလဲမှု အနည်းနှင့်အများရှိတတ်မြဲဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တွေ့ကြုံ ခံစားနေရပြီဖြစ်သည်။ ထိုသို့ ပြောင်းလဲမှုဒဏ်ကို နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင်လည်း ရင်ဆိုင်နေရပြီး အပူရှိန်သိသိသာသာ မြင့်တက်မှုကြောင့် ရေသုံးစွဲမှုမြင့်မားလာသကဲ့သို့ ရေတွင်းရေကန်များခန်းခြောက်ခြင်း၊ ရေအရင်းအမြစ်နည်းပါးခြင်း၊ ရေကြောများပြောင်းလဲသွားခြင်း စသည်တို့ကြောင့်မိုးအ၀င် နောက်ကျမှု ကြာရှည်လာသည်နှင့် အမျ ပိုမိုပြင်းထန်ခံစားရလျက် ရှိနေသည်ကို တွေ့ရသည်။
''အဖွဲ့အစည်းတွေက နာဂစ်နောက်ပိုင်း တူးပေးထားတဲ့ ကန်အများစု ကလည်း လက်ရှိအချိန်မှာ ခန်းခြောက် ကုန်ပါပြီ။ နဂိုရှိခဲ့တဲ့ ကန်တွေက ရေကလည်း ရေငန်ဝင်သွားတဲ့အတွက် လှယ်ထုတ်ပြီး မိုးရေစုဆောင်းနေရတုန်း အခြေအနေမှာရလိုက်သုံးလိုက် ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ရေမရှိတော့ပါဘူး။ လက်ယက်တွင်းကလည်း နေရာတိုင်း အိမ်တိုင်း တူးလို့ ရတာမဟုတ်ဘူး။ ရတဲ့အိမ်ကနေမရတဲ့ အိမ်ကမျသုံးရတာပါ''ဟု ပျဉ်ထောင်တွင်းကျေးရွာမှ ဒေသခံတစ်ဦးက ရှင်းပြခဲ့သည်။
''အဖွဲ့အစည်းတွေက နာဂစ်နောက်ပိုင်း တူးပေးထားတဲ့ ကန်အများစု ကလည်း လက်ရှိအချိန်မှာ ခန်းခြောက် ကုန်ပါပြီ။ နဂိုရှိခဲ့တဲ့ ကန်တွေက ရေကလည်း ရေငန်ဝင်သွားတဲ့အတွက် လှယ်ထုတ်ပြီး မိုးရေစုဆောင်းနေရတုန်း အခြေအနေမှာရလိုက်သုံးလိုက် ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ရေမရှိတော့ပါဘူး။ လက်ယက်တွင်းကလည်း နေရာတိုင်း အိမ်တိုင်း တူးလို့ ရတာမဟုတ်ဘူး။ ရတဲ့အိမ်ကနေမရတဲ့ အိမ်ကမျသုံးရတာပါ''ဟု ပျဉ်ထောင်တွင်းကျေးရွာမှ ဒေသခံတစ်ဦးက ရှင်းပြခဲ့သည်။
ရေအခက်အခဲမှာ ကျေးရွာများတွင်သာမကဘဲ မြို့ပေါ်ရပ်ကွက် နေသူများပါ ရင်ဆိုင်နေရခြင်းဖြစ် သည်။ အချို့မြို့များတွင် ရေစည် ခုနစ်စည်ပါ ရေကားတစ်စီးလျင် ကျပ် ၂၅၀၀၊ ရေတစ်စည်ပါ လက်တွန်းလှည်းတစ်စီးလျင် ကျပ် ၂၅၀ ၀န်းကျင်ခန့်ပေးကာ ၀ယ်ယူသုံးစွဲရ လျက်ရှိပြီး အချို့ရွာများတွင် ရာဝင်အိုးခြောက်လုံးဆံ့ ရေကားတစ်စီး လျင် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ၀န်းကျင်အထိ ပေးကာသုံးစွဲရလျက်ရှိကြောင်း သိရသည်။ ထို့ပြင်ရေ၀ယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ရပ်ကွက်နှင့် ကျေးရွာနေသူများအနေဖြင့် သောက်သုံးရေရရှိရန်အတွက် ရေလက်ကျန် ရှိရာကန်များ၊ တွင်းများမှအချိန်ယူ သယ်ယူသုံးစွဲရခြင်းများ ရှိနေပြီး ရရှိသည့် ရေအရည်အသွေးမှာလည်း တစ်ည မှ တစ်ရက်ခွဲဝန်းကျင်ထားရှိပြီးမှ အနည်ကျကာ သောက်သုံးနိုင်သည့် အခြေအနေမျိုးတွင်ရှိကြောင်း၊ ယခု ကဲ့သို့ အပူချိန်ပြင်းသည့်နွေရာသီတွင် ရေလိုအပ်မှုပမာဏ မြင့်မားနေခြင်းကြောင့် ဒေသအချို့တွင် ရေပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဒေသအချို့တွင် ရှိနေသည့် ရေလက်ကျန်မှာ နောက် ထပ် ၁၀ ရက်မှ ၁၅ ရက်ဝန်းကျင် သာ လုံလောက်မှုရှိနိုင်ကြောင်းနှင့် ထိုအတောအတွင်း မိုးရွာသွန်းမှု မရှိခဲ့ပါက ပြင်းထန်ဆိုးရွားသည့် ရေရှားပါးမှုဒဏ်ကို ခံစားရဖွယ်ရှိနေကြောင်း နာဂစ်ဒဏ်သင့်ဒေသခံအချို့ ထံမှသိရသည်။weeklyeleven မှ ဖတ်ပြီးပြန်လည်မျှဝေလိုက်ပါသည်.။