02 May 2010

၂၉ရက် ညသန်းခေါင်ကျော် အချိန်တွင်စစ်တွေတွင် ငလျင်လှုပ် ထိခိုက်ပျက်စီးမူ တစုံတရာ မရှိ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်ကျော် အချိန်၌ အတော်အသင့် ပြင်းအားရှိသော ငလျင် တခု လှုပ်ခတ်သွားခဲ့သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမူနှင့် အပျက်အစီး မရှိကြောင်း သိရသည်။ ငလျင်သည် ဧပြီလ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ကျော် အချိန် ၁၂ နာရီ ၃၃ မိနစ် တွင် အင်အား ၅.၁ ရက်ချက်စကေးဖြင့် လှုပ်ခတ်ခဲ့ပြီး စုစုပေါင်း ၁၃ စက္ကန့် ကြာမြှင့်သည်။


ငလျင်သည် စစ်တွေမြို့မှ မိုင် ၆၀ အကွာ ရှိသော ပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောသည်။ ငလျင် လူပ်မူကို မြို့သူမြို့သား တချို့သိရှိလိုက်သော်လည်း တချို့မှာ မသိရှိလိုက်ကြောင်း စစ်တွေမြို့ခံ အမျိုးသားတဦးက ယခုကဲ့သို့ ပြောသည်။ “လူတွေ အိပ်နေချိန်မှာ ငလျင် လှုပ်တော့ တချို့ကလည်း သိလိုက်တာပေါ့နော်။


တချို့ကလည်း အိပ်နေတော့ မသိလိုက်ဘူး။ ငလျင် ငလျင်ဆိုပြီး တချို့က ထအော်သလို တချို့ကလည်း ကြောက်ပြီး အိမ်ပေါ်က ဆင်းပြေးတဲ့ အတွက် ရုတ်ရုတ်ကလေး ဖြစ်သွားတာပေါ့နော်” ဟုပြောသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် အင်အား အတော်အသင့် ပြင်းထန်သော ငလျင် တခု လူပ်ခတ်ခဲ့သဖြင့် မာန်အောင်ကျွန်းနှင့် ရဲကျွန်းတစ်ဝိုက်တွင် တည်ရှိသော ရွှံ့မီးတောင် ၉ လုံး ပေါက်ကွဲ ခဲ့သည်။ဤသတင်းအား နိရဉ္စရာ လွတ်လပ်သောသတင်းဌာန မှာဖော်ပြထားပါသည်.။