04 May 2010

နေ့အပူချိန် ပိုမိုမြင့်မားလာမှုကြောင့် ပဲခူးခရိုင်အတွင်းရှိ သောက်သုံးရေကန်ခန်းခြောက်မှုများ ယမန်နှစ်များကထက် ပိုမိုမြန်ဆန်လာ

ပဲခူးခရိုင်အတွင်းရှိ အချို့မြို့နယ်များ၏ ကျေးလက်ဒေသများတွင် သောက်သုံးရေကန်ခန်းခြောက်မှု စံနှုန်းများမြင့်မားလာမှုကြောင့် သောက်သုံးရေအတွက်ခက်ခဲမှုများ ကြုံတွေ့လာရကြောင်း သိရသည်။

နေ့အပူချိန် ပိုမိုမြင့်မားလာမှုကြောင့် သောက်သုံးရေကန် ခန်းခြောက်မှုများ ယမန်နှစ်များကထက် ပိုမိုမြန်ဆန်လာခဲ့ကြောင်း သိရသည်။ အချို့ကျေးလက်ဒေသများတွင် ခန်းခြောက်သွားသောရေကန်များ အတွင်း၌ ရေတွင်းများထပ်မံတူးဖော်ကာ သောက်သုံးရေရရှိရေးအတွက် ဖန်တီးလာရကြောင်း သိရသည်။ ခမ်းခြောက်ခြင်းမရှိသေးသည့် ရေကန်များမှာလည်း ရေနည်းနေပြီဖြစ်၍ ရေ၏အရည်အသွေးစံနှုန်းမှာ လျော့ကျလာခဲ့ကြောင်း သိရသည်။





ပဲခူးခရိုင်သနပ္ပင်မြို့နယ်၊ က၀နှင့်ဝေါမြို့နယ်များရှိ ကျေးလက်များတွင် ပိုမိုကြုံလာရကြောင်း သိရသည်။အဆိုပါဒေသများတွင် သောက်သုံးရေအတွက် ရေကန်များမှ ရေကိုသာအဓိက မှီခိုနေရကြောင်း သိရသည်။ အဆိုပါဒေသများ၌ မေလလယ်ထိ မိုးတစ်ကြိမ်မှ ရွာသွန်းခြင်းမရှိပါက အရည်အသွေးကောင်းသည့် သောက်သုံးရေရနိုင်ရေး ခက်ခဲနိုင်ကြောင်း သိရသည်။

"ရွာမှာရှိတဲ့ အချို့ကန်တွေက ရေလုံးဝခန်းကုန်ပြီ၊ ရေလက်ကျန်ရှိသေးတဲ့ ကန်တွေကရေကိုပဲ တစ်ရွာလုံးသုံးရတယ်။ ရေလက်ကျန်က အတော်နည်းသွားပြီး ရေသိပ်မကောင်းတော့ဘူး။ ကန်တွေခန်းတာ အရင်နှစ်ထက်မြန်တယ်။ ရွာတွေ အ၀ီစိတွင်းတူးလည်း ရေငန်ပဲထွက်တယ်"ဟု က၀မြို့နယ်ဒေသခံက ဆိုသည်။ ဤသတင်းအားweeklyeleven.မှဖတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်။