Showing posts with label ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဓာတ်ပုံသတင်း. Show all posts
22 April 2013
အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲ (ဆရာအော်ပီကျယ်နှင့် ဆရာမဂျူး)
ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်
အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲအား ယနေ့ ညနေ ၆နာရီခွဲမှ ၉နာရီ ၁၅မိနစ်အထိ ဂျပန်နိုင်ငံတိုကျိုမြို့ Ikebukuro အရပ်ရှိ Kokaido Hall၌ ကျင်းပခဲ့သည်..။ အဆိုပါစာပေ ဟောပြောပွဲသို့ ပြည်တွင်းမှ နာမည်ကြီး စာရေးဆရာများဖြစ်သည့် ဆရာအော်ပီကျယ်နှင့် ဆရာမဂျူးတို့မှ ဟောပြောကြသည်..။
 ဆရာမဂျူးမှ စာပေ၏ အခန်းကဏ္ဍ နှင့် ဆရာအော်ပီကျယ်မှ ဤခရီးနီးသလား ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့သည်..။ 
 နှစ်သစ်ကူးစာပေဟောပြောပွဲသို့ တိုကျိုမှ စာပေဝါသနာရှင် ၂၀၀ကျော်ခန့် တက်ရောက်ကြသည်...။
အသံဖိုင်.. ဓာတ်ပုံ.. ဒီမိုဝေယံ 
ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ)ရုပ်သံ 
အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် 
 ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်
ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ) အသံဖိုင်
01 September 2012
၉၂ ပါဂျောင်ရှင်းတမ်း (ABSDF မြောက်ပိုင်း) ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲ..
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာ ရှင်းလင်းပွဲအား သြဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀း၃၀)အချိန်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းတစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
 မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ကိုဘိုဘိုမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ မီဒီယာများလာရောက်
သတင်းယူနေစဉ်
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်း တစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ကျောင်းသား ရဲဘော်ဟောင်းများ
မနန်းခင်ထွေးကြည်၏မိခင်
သတင်းဓာတ်ပုံ
 ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
02 July 2012
ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များနဲ့ ယနေ့ပြည်ထောင်စု ဝန်ကြီး(၃)ဦးရဲ့ သတင်းစာရှင်းလင်းပွဲ..
အနုပညာရှင်များမှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ အလှူငွေ ကျပ် သိန်း ၉၀၀ ကျော်နှင့် အ၀တ်အထည် အထုပ် ၉၀ ကျော် ကို ဒုက္ခသည် စခန်းများ သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် မိုးဟေကို တို့မှ ဒုက္ခသည်များအား တွေ့ ဆုံအားပေးကြစဉ်။
သရုပ်ဆောင် နေတိုး၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ဒုက္ခသည်ပြည်သူများအား တရင်းတနှီး တွေ့ဆုံနှစ်သိမ့်စဉ်
သတင်း၊ ဓာတ်ပုံ Popular Myanmar News Journal
ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ၊ ကျမျက်ရည်တွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ယခုလို တင်္ဒက ကြည်နှူးတဲ့ အပြုံးမျက်နှာလေးတွေ မြင်တွေ့လိုက်ရတဲ့ အတွက် ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင်များရဲ့ ယခုလို မွန်မြတ်တဲ့ လုပ်ရပ်အား ဝမ်းမြောက် သာဓုခေါ်ဆိုအပ်ပါတယ်..။
မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်မယ် ဆိုရင်တော့ အထူး ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်...။
ယနေ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့် တွေဆုံစဉ်မှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်...။
(ထို့အတူ မှတ်ပုံတင် စစ်ဆေးသူ လဝကများအားလည်း မှတ်ပုံတင်များ စစ်ဆေးရာမှာ လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့ပါက ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါလိမ့်မယ်..) လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှလည်း ရခိုင်တိုင်းရင်းသားတွေ အကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်..။
ကျွန်တော်တို့ ယခင်ကလို စစ်ဆင်ရေးတွေ လုပ်လိုက် ဘင်္ဂလီတွေ တဖက်နိုင်ငံကို ထွက်ပြေးသွားလိုက်...။ ဒုက္ခသည်ဆိုပြီး အော်လိုက် ပြန်လက်ခံတော့ ၂ဆပြန်လက်ခံရလိုက်နဲ့ မုန့်လုံးစက္ကူကပ် မိအေးနှစ်ခါနာ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ..။ ပြတ်ပြတ်သားသားကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ့် အချိန်အခါ ရောက်နေပါပြီ။
ဒီလို တိုင်းရင်းသား ရခိုင်လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အသက်တွေ စတေးခံ ပေးဆပ်ခဲ့ရတဲ့ ယခုလို အချိန်အခါမျိုးမှာ အထက်ပါ မှန်ကန်သည့် လုပ်ရပ်အား ပြည်ပနိုင်ငံများမှ ဖိအားပေးခဲ့လာသည် ရှိသော်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် အာဏာပိုင်တွေ ဘက်က ကျွန်တော်တို့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရပ်တည် ကြမှာမလွှဲမသေပါ...။
ထို့အတွက်ကြောင့် ယခုလို ပြည်သူတွေ အမျိုးသားရေးအတွက် နိုးကြား ညီညွတ်နေကြတဲ့ အချိန်အခါမှာ အာဏာပိုင်များ အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။
ဒီမိုဝေယံ
သတင်းအပြည့်အစုံ အောက်မှာ ဖတ်ရှုပါရန်..
ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ
သတင်း၊ ဓာတ်ပုံ(Popular Myanmar News Journal)
ခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။
ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများ ရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ တွေ့ရှိပါက ရာဇသတ်ကြီး ပုဒ်မများဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။
01 July 2012
ဥရောပ ၅ နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့သူ မြို့သားများမှ သောင်းသောင်းဖြဖြကြိုဆို..
ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံများသို့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ် ငြိမ်းချမ်းရေးဆု၊ ကမ္ဘာကျော် အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ဆု အပါအဝင် ဂုဏ်ထူးဆောင် ဆုများအား သွားရောက်ရယူခဲ့ပြီး ဇွန်လ ၁၄ရက်နေ့မှ ၂၉ရက်နေ့အထိ ခရီးစဉ်အတွင်း ဥရောပ(၅)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များရဲ့ အထူးဂုဏ်ပြုကြိုဆိုမှုကို ရရှိခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက် ၁၀နာရီ ၂၀မိနစ်က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာပါတယ်..။ ၂၄နှစ်အတွင်း ပထမဦးဆုံး ဥရောပခရီးစဉ်ဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အပြန်ခရီးအား ရန်ကုန်လေဆိပ်နဲ့ လမ်းတလျှောက်မှာ သောင်းနဲ့ချီတဲ့ ပြည်သူလူထုမှ ကြိုဆိုခဲ့ကြပါတယ်..။ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အနုပညာရှင်များနဲ့ အနယ်နယ်အရပ်ရပ်မှ ထောက်ခံသူ ပြည်သူများမှလည်း ဂုဏ်ပြု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြပါတယ်..။ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ထိပ်တန်းသတင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရသော်လည်း မြန်မာအစိုးရပိုင် သတင်း၊ မီဒီယာ၊ သတင်းစာများမှာ ဖော်ပြခြင်းမပြုခဲ့ပါ။ ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ထူးခြားတိုက်ဆိုင်စွာ အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာ ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ တရားစွဲဆိုခြင်း၊ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ နေအိမ်ပိုင်ဆိုင်ခွင့် ရယူလိုမှုအား တရားရုံးမှ တဝက်စီခွဲဝေယူရန် အမိန့်ချမှတ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပအပြန်ခရီးမတိုင်မှီ တရက်အလို၌ မြန်မာအား ဘားမားဟု သုံးစွဲခြင်းအား နိုင်ငံပိုင် သတင်းစာများမှ သတိပေးခြင်းများစသည့် အဖြစ်အပျက်များ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်ခဲ့ပါတယ်..။ ဓာတ်ပုံ AP,Getty Images, Reuters
28 June 2012
၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ..
 မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု အား ဇွန်လ(၂၇)ရက်နေ့က ပဲရစ်မြို့တော်ခန်းမှာ ပဲရစ်မြို့တော်ဝန် Bertrand Delanoeမှ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်..။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆုရှင် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သားကြီးတဦးရဲ့ အမှတ်တရ လက်ဆောင်အား လက်ခံရယူပြီး နှုတ်ဆက်နေစဉ်...
ပြည်တွင်းသာမက ပြည်ပမှာပါ.. လူကြီး၊ လူငယ်၊ သက်ကြီးရွယ်အိုမကျန် လေးစားချစ်ခင်ကြတာပါ။ ဓာတ်ပုံ AP,Getty Images
06 April 2012
တရုတ်ကဆောက်လုပ်ပေးပြီး ၂၀၀၉ခုနှစ်က ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ရွှေလီရေကာတာ ၂၀၁၂မှာတော့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့ နေရပါပြီ...
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ.. (အောက်က Scribd ဖိုင်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..)
ယနေ့ ရန်ကုန်နဲ့ တခြားမြို့ကြီးများအပါအဝင် နိုင်ငံနဲ့အဝှမ်းမှာ လျှပ်စစ်မီးပြသနာ မလုံလောက်မှုနဲ့ ကြုံတွေနေကြရတာ အများသိပြီး ဖြစ်ပါတယ်..။ ရန်ကုန်မြို့နေ လူထုမှာတော့ ယခုလို ပူပြင်းတဲ့ နွေရာသီ အခါသမယမှာ တနေ့(၆)နာရီအလှည့်ကျ စံနစ်နဲ့ပေါ့..။ နှစ်ပေါင်း (၂၃)နှစ်အတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ထွက်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဆောက်လုပ်ပြီး ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မစားဝမခန်း သတင်းစာထဲမှာ ပြည်သူတွေ မြင်တွေ့ခဲ့ရတာပါ...။ 
ကိုယ့်ပြည်တွင်းမှာ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ပြည်ပထုတ်ရောင်း ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့ တပတ်က ဖတ်လိုက်ရတာလေး ရန်ကုန်မြို့အား ယခုလာမည့် လဆန်းပိုင်းမှ စတင်ကာ အုပ်စုစနစ်ဖြင့် မီးပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လတ်က ဆိုပါသည်။ လျှပ်စစ်ဓာတ်အားပေးနေသည့် တာဘိုင်များကို လည်ပတ်ရန်အတွက် လိုအပ်သည့် Gas မလုံလောက်သဖြင့် ယခုခဲ့သို့ ရန်ကုန်မြို့တော်အား အုပ်စုခွဲကာအ ချိန်ပိုင်းဖြင့် မီးပေးခြင်းဖြစ်ကြောင်း သိရသည်တဲ့... ဒါကတပိုင်းပေါ့..
နောက်တခုကတော့ ပြီးခဲ့တဲ့နှစ် မြစ်ဆုံဆည် အရေးမှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတာကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ ထုတ်ရောင်းနေရဆိုပဲ...။ ဟုတ်ပါတယ်... သူဆိုလိုတာ ဒီမိုဝေယံကို ပေးပို့လာတဲ့ သတင်းဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်..။ ရွှေလီဓာတ်အားပေး စက်ရုံက ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို ပြည်တွင်းနဲ့ ပြည်ပကို ပို့လွှတ်နေတဲ့ တနေ့တာ ဓာတ်အား ယူနစ်စာရင်းပါပဲ...။ ကိုယ့်ပြည်သူတွေကတော့ မှောင်မှောင်မဲမဲထဲမှာ စမ်းတဝါးဝါးနေ့ မီးပြတ်လို့ နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခတွေ ရောက်နေကြရတာပါ...။ (၂၃) နှစ်လုံးလုံး မီးလေးတောင် လင်းအောင် မစွမ်းဆောင်နိုင်ခဲ့လို့ တကယ့်ပြည်သူ့ပါတီနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ မဲဆန္ဒတွေမှာတော့ မြင်တဲ့အတိုင်းပေါ့..။
၂၀၀၉ မေလ(၁၆)ရက်နေ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲမှ ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်း
ဒီထက်ဆိုးတာကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ နောင်တချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် ရတက်မအေးရတဲ့ အဖြစ်တွေပါပဲ..။ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် မေလ(၁၆)ရက်နေ့က ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ လျှပ်စစ်ပါရဂူ ဦးဇော်မင်းတို့ ဖွင့်လှစ်ပေးခဲ့တဲ့ ရွှေလီ(၁)ရေအား လျှပ်စစ်စီမံကိန်းကတော့ ၂၀၁၂ခုနှစ် (၃)နှစ်တာ အရောက်မှာတော့ ရေတားတမံ အောက်ခြေတွေ ပျက်စီးလို့ ပြန်လည် ပြင်ဆင်နေရပါပြီ။ ဒီလိုရွှေလီမြစ်က  ရေကာတာတောင် (၃)နှစ်တာကာလမှာ ပျက်ဆီးမှုတွေ မြင်တွေ့လာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဆုံကို တမံဖို့ပြီး ဧရာမဆည်ကြီး ဆောက်မယ်ဆိုတဲ့ တရုတ်စီမံကိန်းတွေကို စဉ်းစားကြည့် ကြစေလိုပါတယ်..။ ဒါတရုတ်ရဲ့ နည်းပညာနဲ့ ဆောက်တဲ့ ရေကာတာစီမံကိန်း တခုထဲကို စဉ်းစားကြည့်တာပါ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်နေတာ လွန်ပါသလား...။ မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုပါတယ်...။
ဒီမိုဝေယံ..
ရွှေလီစီမံကိန်းမှ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ အချက်အလက်၊ ဓာတ်ပုံများ ထပ်မံဖော်ပြပေးပါမည်.. ပညာရှင်များ ဝင်ရောက် ထောက်ပြပေးစေလိုပါတယ်.။
ယနေ့နံနက်ပိုင်း ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံသတင်း)
ယမန်နေ့က ဖားအံမြို့သို့ နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ဆိုက်ရောက်လာရာ ကြိုဆိုသူများနှင့်အတူ၊
(၀ဲမှယာ၊ ဒေါ်နန်းစေဟွာ၊ နော်စီဖိုးရာစိန်၊ (အမည်မသိ)၊ ဗိုလ်မှူးချုပ် ဇော်မင်း)
ဧပြီလ ၄ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ဆောင်ရွက်လျှက်ရှိသည့် ကရင်အကျိုးဆောင်အဖွဲ့ ဖားအံမြို့ အမှတ်တရ ဓါတ်ပုံအရိုက်ခံစဉ်
ယနေ့နံနက်ပိုင်း ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် ဆွေးနွေးနေကြစဉ်
ဧပြီလ ၄ ရက်နေ့က ဖားအံမြို့သို့ ရောက်ရှိလာသည့် ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နော်စီဖိုးရာစိန်( ပန်းရောင် အကျီဖြင့်) နှင့် ဖလုံစဝေါ် ပါတီမှ ဒေါ်နန်းစေဟွာတို့ နှုတ်ဆက်နေသည်ကို ဖားအံမြို့ ဇွဲကပင် ဟိုတယ်၌တွေ့ရစဉ်
ဓာတ်ပုံ.....
Yangon Press International