
စနစ်တကျ ကောက်ခံကြရန် လိုအပ်နေပြီ လမ်းတံတားများနှင့် ပတ်သက်၍ နိုင်ငံတော်က ပုဂ္ဂလိကများသို့ ကန်ထရိုက်များ ချပေးခဲ့သည်။ ထိုသို့ချပေးသည့် လေလံကို တန်အောင်တောင်းကြတော့သည်ကို တွေ့ တွေ့နေရသည်။ မန္တလေးမြို့၌ ရန်ကုန်အသင်းနှင့်ရတနာပုံအသင်းတို့ ဘောလုံးယှဉ်ပြိုင်ပွဲတွင် ရန်ကုန် မြို့မှ လိုက်ပါသတင်းယူကြသည့်မီဒီယာများသည် (၂၃၊ ၄၊ ၂ဝ၁ဝ)ရက်က အင်းဝ မင်း နေပြည်တော်ဟောင်းကို သွားရောက်လေ့လာရန် ထွက်ခဲ့ကြသည်။
တံတားဦးထဲအဝင် တွင် ဒုဋ္ဌဝတီချောင်းကူးတံတားကို ဖြတ်သန်းခအဖြစ် တဲငယ်ထိုး မောင်းတံတားဖြင့် ကောက်ခံနေပေသည်။ တံတားအသုံးပြုခ(တံတားဖြတ်သန်းခ)ကို ငွေကျပ်(၆ဝဝဝ)ပေးရ မည်။ မြို့ဝင်ကြေး (၅ဝဝ)ကျပ်ပေးရမည်ဟု ကောက်ခံလာခဲ့သည်။ စစ်ကိုင်းတံတားဖြတ်ခက (၄ဝဝ)ကျပ်ဖြစ်ပြီး ချောင်းကူးတံတားဖြတ်ခမှာ (၆ဝဝဝ)ကျပ်ဖြစ်နေပေသည်။ ဘယ်က ကောက်တာလဲ၊ ဘာလဲမေးတော့ လေလံဆွဲထားသည်ဟုသာ ဝန်ထမ်းများက ဆိုကြသည်။ ဘယ်ကုမ္ပဏီကမှန်းမသိ၊ ဘာမှန်းမသိဘဲ တံတားကို မောင်းတံတားရုံနှင့်မပေးနိုင် ဆိုကြ တော့ ဒါဆိုမောင်းတံမဖွင့်ပေးဘူးဟု ပြန်ပြောသည်။
တံတားကြေးကောက်ခံမှုသည် ဘာ ဆိုင်းဘုတ်မှမရှိဘဲ ကောက်နေမှုကလည်း တော် တော်ဆိုးသည်။ ဘယ်ကား ဘယ်လောက် ဆိုပြီး သတ်မှတ်နှုန်းထားမရှိဘဲ ကောက်ချင်သလို ကောက် နေကြသည်မှာ တော်တော်ကို လွန်လွန်းပေသည်။ အင်းဝနေပြည်တော်ကို သွားရန်သည်တစ်လမ်းပဲရှိသည်ကို လူပါးဝသည့် ပုံစံမျိုးနှင့် ဖြစ်နေချေတော့သည်။
သက်ဆိုင်ရာမှ တံတားလေလံဆွဲထားသူအား သေသေ ချာချာ ကြပ်မတ်ပေးစေချင်သည်။ သို့မဟုတ်ပါက အင်းဝသို့ မည်သူမျှမသွားဘဲ နေတော့မည် ဖြစ်နေပေသည်။ တံတားဦးမှအထွက် တစ်နေရာတွင် လမ်း အသုံးပြုခကောက်ခံပုံမှာ (၄ဝဝဝ)ကျပ် ဖြစ်နေသည်။ (၄ဝဝဝ)ကျပ်ကို လေလံဆွဲသူက ဘယ်လိုပုံစံနှင့် ကောက်ခံသလဲဆိုရင် သူတို့လမ်းခင်းတာက (၄)မိုင် နှင့်(၆)ဖာလုံရှိ၍ (၄ဝဝဝ)ကျပ်နှင့်ကောက်သည်ဟု ဆိုလာ လေသောအခါ....။
ရင်းမြစ်..လျှပ်တပြက်ဂျာနယ်