08 May 2010

ရာသီဥတုဒဏ်ကြောင့် ပဲခူးမြို့သူမြို့သားများ ရေရှားပါမှုအတွက် ရေအလှူပေးနေရ




ယခုနှစ်နွေရာသီမှာ ယခင်နှစ်များနဲ့ မတူပဲ အပူချိန်ပြင်းထန်မှုကြောင့် ပဲခူးတိုင်းမှာ ရေတွင်း ရေကန်များတွင် ရေများခန်းကာ သောက် သုံးရေ ရှားပါးနေရကြောင်း ပဲခူး ဒေသခံများက ပြောပြတယ်။ ဒီလိုအခြေအနေမျိုးဟာ ၂၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး ရေရှားပါးမှု ဒဏ်ကို ပဲခူးတိုင်းအတွင်းက ရွာပေါင်း ၃၀ နီးပါး ခံစားနေရတယ်လို့ သိရပါတယ်။

အခု ရေရှားပါးမှုဒဏ်ကို ခံစားနေရတဲ့ ပဲခူးတိုင်းအတွင်းက ရွာတွေကတော့ ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန် ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများ အပါအ၀င် ရွာပေါင်း ၃၀ ခန့် ဖြစ်တယ်ဆိုတာ သိရါပတယ်။

အခုလို ကျေးရွာတွေမှာ ရေရှားပါးမှု အခြေအနေကြေင့် ပဲခူးမြို့ရှိ အလှူရှင်များက တနေ့ ရေကားဘောက်ဆာနဲ့ တနေ့အစီး ၂၀၊ ၃၀ လောက်ပို့ပေးနေရပါတယ်။

နေ့သစ်