Showing posts with label အသိပေးကြေငြာခြင်း. Show all posts
Showing posts with label အသိပေးကြေငြာခြင်း. Show all posts

10 February 2011

အလင်းအိမ်မဂ္ဂဇင်း (၅)နှစ်မြောက် ဝတ္ထုတိုပြိုင်ပွဲနှင့် အွန်လိုင်းရသရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း ပြိုင်ပွဲ ..

ပေးပို့ပေးတဲ့ အကိုကြီး ကိုရဲငြိမ်းအား ကျေးဇူးတင်ပါသည်...။
အလင်းအိမ်မဂ္ဂဇင်း (၅)နှစ်မြောက် အထိမ်းအမှတ်အတွက် ဦးစီးကျင်းပမယ့် ဝတ္ထုတိုပြိုင်ပွဲ အတွက် စာမူများကို

ဆရာကြီးမောင်စွမ်းရည်၊
ဆရာကြီးဦးဝင်းဖေ
ကဗျာဆရာအောင်ဝေး
စာရေးဆရာ ထိန်လင်း
တို့မှ အကဲဖြတ်ရွေးချယ်မှာ ဖြစ်တဲ့ အတွက် ဝါသနာရှင်..၊ ကလောင်ရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်..

အဆိုပါ သတင်းနဲ့ အတူ... http://www.thebestnovel.com/ အင်တာနက် စာမျက်နှာမှ ယနေ့ရက်စွဲနဲ့ အွန်လိုင်းရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း အွန်လိုင်း ရသဝတ္ထုတို ပြိုင်ပွဲ ပြုလုပ်မှာဖြစ်ပြီး...

ဆရာကြီးဦးဝင်းဖေ
ဦးဝင်းငြိမ်း(ရွှေအမြုတေမဂ္ဂဇင်း)
ဆရာမခင်ခင်ထူး
ဆရာနေဝင်းမြင့်
ဦးမင်းဒင် 
တို့မှ အကဲဖြတ် ရွေးချယ်ကြမှာ ဖြစ်ကြောင်း ကြေငြာထားပါတယ်.. ။ ပြိုင်ပွဲစည်းကမ်းများနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက..
http://www.thebestnovel.com/ မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်..။

14 January 2010

နေကြတ်တာ အကြာဆုံး သုံးနာရီကျော်ခန့်  နေကြတ်တာကို မြန်မာနိုင်ငံမှ ကြည့်ရှုနိုင်မည့် နေရာဒေသများ။




မနက်ဖြန် ဇန်န၀ါရီလ (၁၅) ရက်နေ့ မှာ အကြာဆုံးဖြစ်တဲ့နေကြတ်မှုကို မြန်မာနိုင်ငံက မြို့ တွေမှာ တွေ့  ရမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် နေ့ လည် (၁) နာရီခန့် ကနေ ညနေ (၄) နာရီခွဲလောက်ထိ သုံးနာရီခွဲလောက် ကြာမှာ ဖြစ်ပါတယ်။နေကြတ်တာကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်မယ့် မြို့ တွေကတော့ စစ်တွေ၊ ရွှေဘို၊ မန္တလေး၊ မေမြို့ နဲ့  လားရှိုးမြို့ တွေ ဖြစ်ပါတယ်။

“နေကလည်း ကြတ်၊ ဘ၀တွေလည်း ကြပ်တော့ ကြပ်ပြေးက


တပ်ချူပ်ကြီးတော့ ဘ၀အကူး ကြတ်တော့မယ်”။


ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

13 January 2010

နေကြာပန်းနဲ့  မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုအား ထောက်ခံသောအားဖြင့် ပြည်တွင်း ပြည်ပ၌ နေကြာပန်းများ စိုက်ပျိုး၍ ဒေါ်အောင်ဆန်းစုကြည်
၏ဓါတ်ပုံများအား ချိတ်ဆွဲဖေါ်ပြပေးကြပါရန်။

နေကြာပန်းဟာ သက်တမ်းကြာမြင့်စွာ လန်းဆန်းတဲ့ပန်းဖြစ်သလို ငြိမ်ချမ်းရေးသင်္ကေတ
ပန်းတစ်
မျိုးအဖြစ်လည်း အသွင်ဆောင်ပါတယ်။ နေကြာပန်းကို နိုင်ငံတကာ နိုင်ငံအသီးသီး
မှာ အတော်
များများ စိုက်ပျိုးကြ ပါတယ်။ မြန်မာပြည်သူ များရဲ့  လူထု ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်
ကိုလည်း ကမ္ဘာတစ်ဝှမ်းက ကမ္ဘာ့ပြည်သူ တော်တော်များများက
သိကြပါတယ်။


မြန်မာပြည်သူများ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာပြည်တွင်းမှာရော ပြည်ပ
မှာရောမိမိတို့ အိမ်ခြံဝင်းများအတွင်းမှာ နေကြာပန်းများ စိုက်ပျိုးပြီး ဒေါ်အောင်ဆန်းစုကြည်
၏ ဓါတ်ပုံများ ချိတ်ဆွဲကြပေးဖို့ (သို့ ) ပြည်တွင်းမှသူများ မိမိအိမ်ခြံဝန်းအတွင်းမှာ ပြုလုပ်ရန်
အခက်အခဲရှိပါက နေကြာပန်းပွင့်များရှိရာ နေရာများမှာ ပြုလုပ်ကြဖို့  တိုက်တွန်းလိုပါတယ်။

ဒီလှုပ်ရှားမှုကို ဆောင်ရွက်အကောင်အထည်ဖေါ်ရင်းနဲ့ နအဖက အကြံအဖန်ပြုမယ့်
၂၀၁၀ ရွေးကောက်ပွဲအချိန်ကာလ ဒီနှစ်မှာ မြန်မာပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်
ပေးခဲ့တဲ့မြန်မာနိုင်ငံရဲ့  တရားဝင် လူထုအသိအမှတ်ပြုခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်
ဖြစ်တယ်ဆိုတာ မြန်မာပြည်တွင်းရော ကမ္ဘာ့ပြည်သူများကပါ မမေ့မလျော့ သိရှိစေရန်
ဆောင်ရွက်ကြပါစို့ ။

ဒီလှုပ်ရှားမှုကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအား http://sunflowerforsuu.com/ မှာ ဖေါ်ပြထားပါတယ်။














ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။